Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, July 29, 2009

မဆုတ်သာ မတိုးသာ အခြေအနေ..............

အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။

အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။

ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။

တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့်ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါတစ်ပတ်လောက် အလုပ် လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး။

ကောင်လေးကသူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။

အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကို
မတက်နိုင်တော့ဘူး။

အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။

ယောင်္ကျားကသု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန်မဖြုန်းနိုင်တော့ဘူး ။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။

တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်းစာသင်ဖို့ရှိတယ်။

ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။

အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။

အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်ရပေမည်။

ကံလေးပါးလုံဖို့  အရက်သောက်တာပါ..........

ဒါနဲ့  ..နေပါအုန်း..နေပါအုန်း. ..မင်းကဘာလို. အရက်ကိုအလွန်အကျွှံ သောက်ရတာလဲ?

သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ပါးလုံအောင်လို.ပါ...

ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက်တာ မဟုတ်ဘူးလား?..

ဘယ့်နဲ့  ချိုးဖောက်ရမှာလဲ..ဗျာ.. အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို့ သူများကိုလိမ်ဖို.မပြောနဲ့ 
ကိုယ်.ရှာအလုံးကြီးကိုပြန်မကိုက်မိအောင်လို့ မနဲ ထိန်းထားရတယ်....အေ့...။ အေ့!

မအေ့နဲ့  တချို့ ဆို အမူးလွန်းပြီး အမှန်တိုင်း ပြောမိလို့  ကျွှဲခိုးပေါ်တာရှိသေး..အေ့။ အဲ!

မအဲ့နဲ့ လေ..နေအုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ့  ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို့  ပျောက်ရတာအကြိမ်ကြိမ်...အေ့ ။

ဟင်!

မဟင်နဲ့ အုန်း..ကျန်သေးတယ်...သူတစ်ပါးအသက်သတ်ဖို.မပြောနဲ့  ကိုယ်ဘာသာကို မရပ်နိုင်လို့  ဓာတ်တိုင်ဖတ်ထားရ တာဘဲ ကြည့်တော့...အေ့..။

သြော်!

မသြော်နဲ့ မပြီးသေးဘူး။ သူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်းခြံထဲမှာ အိပ်နေတာ ကိုယ့်ဖင်ထဲကို မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။

မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရမလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံန်းမှ.....။

တစ်ချက် ရီရင် တစ်ချက်ပျော်နိင်ပါစေ...။

ပိန်ဆေးအစွမ်း....

"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်"

"တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ"

'ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

အရပ်က စကားပြောသွားတာလေ...

စိတ္တဇဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို့  ဟာစမ်းသပ်မှုတစ်ခု လုပ်ကြပါတယ်။

Video ပြစက်ရှေ့ မှာ ရှိတဲ့ ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတို့ ကို Video ပြပါတယ်။ ဘယ်သူကများ ဆေးသုတ်တာကို သိမလဲ လို့ စမ်းသပ်တာပါ။ ဘယ်သူမှမသိကြပါဘူး။

ဒါပေမယ့် လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့့် ခင်း ပြီးမှထိုင်တယ်။

ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို ပြန်လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။

"ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား?, ဘယ်လိုလုပ်သိတာလဲ"

"ဘာတွေလာပြောနေတာလဲ...ငါကအရပ်ပုလို့  ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ..."

ဗေဒင်ဆရာ၏ အစွမ်း.......

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ။ ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကိုထင်နေတယ်ပေါ့လေ?။

ဒူးရင်းသီးကြောင့် သေတာပါဗျာ.......

တရုတ်ပုံပြင်လေးတစ်ပုဒ်ပါ။သူငယ် ချင်းတို့ကြားဖူးပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။

တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည် လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ ဒါကိုသစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့  အဲ့ဒီလူနှစ်ယောက် ကသစ်ခုတ်သမားရဲ့သမီးကို-------တယ်။ ဒါနဲ့သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။

အဲ့ဒီလူနှစ်ယောက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက် တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့ အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံး ကိုယူပြီးပြန်လာပါတယ်၊

သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ဖင်ပေါက်ထဲကိုထည့်ရမယ်၊ တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မှ မရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့။

ဒါနဲ့  ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ၊ နောက်နှစ်လုံးသည်းခံလိုက် ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့် ရယ်ရတာလဲ"လို့ မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ..................

"ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့်သူငယ်ချင်းကဒူးရင်းသီး၁၀လုံးကို
သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့

တိုက်ဆိုင်ပုံက လဲ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်ဆရာမက ပေးသည်မှာ

ဆရာမ။ ။ မနီကမ္ဘာကြီး ကိုဘယ်သူ ဖန်ဆင်းခဲ့လဲ?

မနီ အိပ်အိုက်နေသဖြင့် မကြားသောကြောင့် သူမ နောက်တွင် ထိုင်နေသော ကိုဖြိုးမှ ဘော့ပင်နှင့် ထိုး၍သတိ ပေးလိုက် သည်။ ထိုအခါ

မနီ။ ။" ဘုရားသခင်" (လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲသမီး?

ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ်လို့ ကောင်းနေသည် ၊ ထို့ ကြောင့်ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။

မနီ။ ။ (လန့်သွားပြန် သဖြင့်ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"

ဆရာမ။ ။ မှန်ပါတယ်၊ ဆရာမ နောက်ဆုံးတစ်ခု မေးချင် တာ ကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာဒမ် ကို ဘာပြောခဲ့လဲ? ။

ဒီတစ်ခါ တော့ ကိုဖြိုး အိပ်ပျော်နေသော မနီကို ဘောပင်နှင့် နာနာ ထိုး၍သတိပေးလိုက်သည်။မနီမှာ အတော်နာ သွားသည်။ ထို့ကြောင့် အိပ်ယာ မှ နိုးလာသဖြင့် ရုတ်တရတ် ထလိုက် ကာ

မနီ။ ။ နောက်တစ်ခါ ငါ့ ကိုထပ် ထိုးရဲ ထိုးကြည့် ၊ နင့်ဟာကို ထက်ပိုင်းချိုးပစ်မယ်

ဆရာမခမျာ ဘုမသိဘမသိ ဖြင့် သတိလစ် သွား ရှာသည်။

မောင့်လက် မှတ်လို့ ပါဆို......

“မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”

မီးသတ်ကလား ?

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင်
စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။
ခင်ဗျားတို့မီးလာသတ်ရင်

ကျွန်တော့်စိုက်ခင်းကအပင်တွေကို နင်းမိမှာစိုးလို့ပါ”



ရှမ်းကလေး ( ပို့ ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်လျက်)

Monday, July 27, 2009

အချစ်၏ လျှို့ ဝှက်ချက် ?

အကယ်၍ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ။ သူများကသူ့ ကိုချစ်ဖို့အခွင့်အရေးပေးလိုက်ပါ....

အကယ်၍ မင်းချစ်သူကမင်းကိုထားသွားရင်စိတ်လျော့လိုက်ပါ။ တခြားတယောက်ကိုချစ်ဖို့အခွင့်အရေးရတာပေါ့။

တချို့ပစ္စည်းကိုမင်းဘယ်လောက်ကြိုက်ကြိုက်မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ

တချို့ပစ္စည်းကိုမင်းကြိုက်နေလည်းစွန့်လွှတ်ချင်စွန့်လွှတ်ရမယ်.....လူ့ဘ၀မှာအမျိုးမျိုး၇ှိတယ်

ဒါပေမဲ့သူများကကိုယ့်ကိုထိခိုက်စေနိုင်တယ်...တချို့ရေစက်ဆိုတာဆုံးရှုံးရတာပဲ...
တချို့ကျတော့ဘယ်တော့မှရလာဒ်ကောင်းမရနိုင်ဘူး။ လူတယောက်ကိုချစ်ပြီးရင်ပိုင်ဆိုင်ဖို့ဆိုတာမသေချာဘူးလေ...

ဒါပေမဲ့တယောက်ယောက်ကိုပိုင်ဆိုင်ပြီးရင်တော့ကောင်ကောင်းလေးသူ့ ကိုပြန်ချစ်ပါ..

ယောက်ကျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ် ။ မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ်ရလို့ဖြစ်တယ်တဲ့။

အကယ်၍ ရိုးသားခြင်းဟာထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲကျွန်တော်ေ၇ွးချယ်မယ်

အကယ်၍ မုသားစကားဟာထိခိုက်စေမယ်ဆိုရင်ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်လေ....

ဆိတ်ဆိတ်နေခြင်းကထိခိုက်စေမယ်ဆိုရင်ခွဲခွာခြင်းကိုေ၇ွးချယ်မယ်ပေါ့...အကယ်ေ၇ွ့ဆုံးရှုံးခြင်းကိုဒုက္ခလို့ဆိုရင်မင်းပေးဆပ်ရမှာကို ကြောက်နေသလား?

အကယ်၍စွဲလမ်းခြင်းကဒုက္ခဆိုရင်၊ မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား?

အကယ်၍ ရ၇ှိအောင်ကြိုးစားခြင်းကိုဒုက္ခဆိုရင်မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား..

အကယ်၍ ခွဲခွာခြင်းဟာဒုက္ခဆို့င်မင်းဘယ်သူကိုရင်ဖွင့်မလဲ?

ကိစ္စတော်တော်များဟာပြီးသွားမှ၇ှုင်း၇ှင်းလင်းလင်းသိရတယ်.......ကိစ္စတော်တော်များဟာဖြစ်နေချိန်မှာဒုက္ခလို့မခံစားမိဘူးလေ။

ချစ်ခြင်းနှင့်ရေစက်ဆုံခြင်း ရှိခဲ့ရင်တော့ အောက်ကအချက်လေးတွေလုပ်ပေးလိုက်ပါလေ။

၁။ သူမပျင်းနေချိန်မှာအဖော်ပြုပေးပါ
၂။ သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်ပေးပါ
၃။ ယောက်ကျားလေးကတက်ကြွစွာဦးဆောင်ပါ
၎။ မိန်းကလေးကိုချိန်းဆိုပြီးအပြင်ထွက်လည်ပါ
၅။ မိန်းကလေးမှဦးဆောင်ဆောင်၇ွက်မှုမလုပ်ပါစေနဲ့
၆။ သူမအားနေ့တိုင်းပျော်၇ွှင်နိုင်ပါစေ
၇။ ချစ်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါ
၈။ ချစ်သူဆန္ဒကိုလိုက်လျောပါ
၉။ သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါစေနဲ့
၁၀။ သူမအနိုင်ကျင့်ခံ၇ချိန်မှာချက်ချင်းသူမကိုကာကွယ်စောင့်ရှောက်ပါ
၁၁။ ချစ်သူအကြောင်းကိုကွယ်ဝှက်မထားပါနဲ့
၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့


ချစ်သူများ အားလုံးပျော်ရွင်နိုင်ကြပါစေဗျာ။

ရှမ်းကလေး ( email မှစာအားပြန်၍ တင်ပြလိုက်ပါတယ်ဗျာ)

Thursday, July 23, 2009

အလွမ်း

တစ်ယောက်ထဲငိုင်လို့  တွေးတောမိခဲ့တယ်
ငါဘာဖြစ်နေလဲ?။

အတွဲတွေ့ တိုင်းလဲ မနာလိုဖြစ်နေ
စိုးရိမ်နေတယ်လား?။

ကောင်းကင်ကြည့်တိုင်းလဲ ဆုတောင်းမိတယ်လေ
မင်းလဲကြည့်နေဖို့ ။

ဂစ်တာတီးတိုင်းလဲ နီးတဲ့သီချင်းဆို
မင်းနဲ့ ကိုယ်ဝေးတော့။

ထမင်းစားတိုင်းလဲ သတိရမိတယ်
မင်းအကြိုက်တွေရယ်။

လွမ်းတဲ့အရသာ ငါမခံနိုင်လဲ
မင်းကိုလွမ်းနေစဲ။

အချိန်လူမစောင့် ငါ့ချစ်မပျောက်ပဲ
မင်းလေးကိုစောင့်မယ် အချစ်လေးရယ်။


လေပြေ

တစ်ဖက်တတ် အသဲကွဲ

ခေါင်းငိုက်စိုက်လို့ 
မျက်ရည်တွေဝဲ
ရင်မှာနာစဲ ။

နှလုံးတစ်ခု
ကွဲကြေခံစား
မုသားမဆို။

မနာလိုဖြစ်
သူ့ ချစ်ကုန်ဆုံး
အုံဘုန်းအချစ်။

နှစ်တွေကြာလဲ
ခံစားနေစဲ
ကြိတ်ငိုနေ့ များ။

တစ်ဖက်တတ်ချစ်
ဖွင့်ဖို့ ခက်နေ
အသဲကွဲတော့
ငိုမိတယ်လေ။

သူကမသိ
ပြုံးလို့ နေစဲ
ငါ့အသဲတော့
အစိတ်စိတ်ကြွေ
ဝမ်းနည်းမိတယ်
အပြုံးအောက်ဝယ်။



လေပြေ

မှန်သောစကား

တစ်ခါကခိုးမှု ကိစ္စမှာ ခိုးရာပါပစ္စည်းနှင့်အတူ လက်ပူးလက်ကျပ်မိတဲ့ တရားခံတစ်ယောက် ရုံးရောက်လာ၏။ တရားသူကြီးမေးသော အခါတွင်....

ၵ‘က်ေနာ္မခုိးပါဘူးဗ်ာ‘

ၵ‘မင်းဘာလို့ ငြင်းတာလဲ? ခိုးရာပါပစ္စည်း ကက်ဆက်နဲ့ အတူမိထားတယ်လို့  စွဲဆိုထားပါလား?‘

‘အတူမိပေမယ့် ကျနော်မခိုးရပါဘူး‘

‘မင်းကမခိုးဘူးလို့ သာပြောနေတယ် မင်းလက်ထဲက ပစ္စည်းက ဘယ်သူ့ ပစ္စည်းလဲကွ?‘

္ဒ‘ အဲဒီအိမ်ကပစ္စည်းပါ‘

‘ဟ အဲဒီအိမ်ကပစ္စည်း မင်းလက်ထဲမှာရှိတော့ မင်းခိုးလာတာပေါ့ကွ‘

‘ယူလာတာမဟုတ်ပါဘူးဗျာ။ အသွားမှာ အဖမ်းခံရတာပါ။ အဲဒီ ကက်ဆက်က ပျက်နေလို့ လေ‘

‘အင်‘

www.flashband.net

Saturday, July 18, 2009

ဘ၀...........

ဂစ်တာလေးသီး ချစ်သီချင်းဆို
ကြယ်တွေကြွေတိုင်း လိုက်လို့ ဆုတောင်း
အချစ်အကြောင်း ရေးဖွဲ့ နေစဲ။

နေ့ တွေဆုံးလို့  ရက်တွေလဲပြောင်း
ဘ၀အကြောင်း ငါကသီဆို။

အခက်အခဲ ကြုံဆုံတိုင်းမှာ
ဘ၀စိတ်ကုန် စိတ်ခိုလှုံရာ
ရဟန်းဘ၀ပဲ ငါလိုက်တော့မယ်။


လေပြေ

ရေတွေ......

ငိုနေတာများ အရင်ကတော့
မိန်းမတွေတာ ငိုတတ်မှာပါ
ယောင်္ကျားရင့်မာ ငိုစရာလား
သွေးတာဖေါက်လို့  အစွမ်းပြမယ်
အာခေါင်ဟစ်လို့  ရေးခြစ်ခဲ့တာ

ခုချိန်လေးမှာ သူလေးပစ်လို့ 
အသစ်ကိုရှာ ထိန်းမရတဲ့
ဒီနှလုံးသား ရေတွေလျှံလို့ 


လေပြေ

Thursday, July 16, 2009

အရက်ကြောင့်လား ?

ယနေ့ လခထုတ်သဖြင့် ကျနော်သည် မိန်းမသိမ်းယူခြင်းမပြုမီ တစ်ဝိုင်းလောက်ထောင်မည်ဟု တွေးတောကာ သူငယ်ချင်းတစ်သိုက် နှင့် ချီတက်ခဲ့လေသည်။ သောက်ရင်း သောက်ရင်းနှင့် တစ်ချို့ မှာမူးလာသော်လဲ မမူးသေးသည့် ကျနော်နှင့် တစ်ချို့ အရက်တွင်း များသည် ဘီအီးထပ်၍ ဖြည့်စွက်ရန် ထပ်၍ ချီတက်ခဲ့သည်။ မူးပြီးသောသူများနှင့် မ.ယ.က (မယားကြောက်) များကတော့ ကိုယ့်ဆိုင်ရာ ဆိုင်ရာသို့  ကြွသွားလေ၏။

မိန်းမအား လခပြန်မပေးပါက ထမင်းငတ်ကာ ကိုယ့်ဝမ်းကို ကိုယ်ပြန်ကျောင်းရမည့်ကိန်းကို မြင်ရောင်သဖြင့် ကျနော်သည် လခ တစ်ချို့ ကိုသိမ်းထား၏။ သို့ သော် အရက်သောက်သည် ဆိုသည်မှာ မူးချင်လို့ သောက်သာပဲကွ၊ မမူးချင်ရင် ရေပဲသောက်နေတော့ မပေါ့ ဆိုသည့်မူကို ကိုင်သည့်အလျောက် ဘီအီးအား ရေများများရောကာ ပဲလော် ဖြင့်သာဖျော နေတော့သည်။

သို့ နှင့်ရေချိန်ကိုက်၍ လွန်သွားရာ အိမ်သို့  စစ်ကြောင်းပြောင်း၍ ချီတက်ခဲ့စဉ် အိမ်မပြန်ရောက်မီ ပဲလော်က အစွမ်းပြသဖြင့် နီးရာသို့ သာ စခန်းသွားရန် ချုံပုတ်ထဲ ကိုယ်ရောက်ဖျောက်လိုက်သည်။

သို့ သော် ကံမကောင်းစွာဖြင့် ကိစ္စမပြီးခင်တွင် လှည့်လည်နေသော ရဲသားတစ်ဦးနှင့် တွေ့ သောအခါ၊ ရဲက ‘ဟေ့လူ ဘာလုပ်နေတာ လဲဗျ?‘ ဟုမေးသောအခါ ကြောက်ကြောက်နှင့် ကျနော်က ‘အီ အီး...အိ ပါ..ပါ..နေတာပါဗျာ‘ ဟု ကြောက်ကြောက်နှင့် ၀က်သံလိုလို ဖြေမိသွား၏။

ဇွဲရှိသောရှဲကလဲ ‘ခင်ဗျားက ဘာလို့ မှောင်ရိပ်ခိုနေတာလဲဗျ?‘၊ ‘ခက်ပြီ အလေးသွားနေပါတာယ်ဆိုမှ လမ်းမ ပေါ်မှာပါရမှာလား လို့ ။ အဲ မီးအမြဲပျက်နေတဲ့ လမ်းမပေါ်မှာပါရင်လဲ မီးမပါတဲ့ကားတွေတက်ကြိတ်လို့  အီအီးနဲ့  တစ်ထေရာထဲ ဖြစ်သွားမှာပေါ့ ဗျ‘ ဟု အရှိန်နှင့် ခပ်ဆက်ဆက်ဖြေလိုက်၏။

ထိုအခါ ကျနော့်ထက်ဇွဲပိုကောင်းသော ရဲလေးက ‘ဒါဆိုရင်ခင်ဗျားမှာ ဘာသက်သေရှိလဲဗျ?‘ ရော..ခက်ပါပေ့။ သူ့ ကိုယ်သူ တရားသူကြီးများ မှတ်နေလားမသိ။ သို့ သော် ကျနော်လည်း တာဝန်နှင့်ဝတ္တရားအရ ‘သက်သေဟုတ်လား? ဒီမှာလေ ဆရာရဲ့  လတ်လတ်ဆတ်ဆတ်ရှိနေသေးတယ်၊ ပူပူနွေးနွေးလေး ပုံနေတာလေဆရာရဲ့ ။ ဒါမှမကျေနပ်သေးရင်လဲ ဟောဒီလေးမှာ ထိုးကြည့် လိုက်ပါ ဓါတ်မီးလေးနဲ့  သုတ်တောင် မသုတ်ရသေးဘူးဗျ‘။

ကျနော့်စကားကြောင့် ရဲလေးသည် စိတ်ဆိုးသွားကာ ‘ခင်ဗျားက တာဝန်ရှိပုဂ္ဂိုလ်ကို စော်ကားတယ်ပေါ့လေ။ ဒါဆိုရင်တော့ ခင်ဗျားကို ကျနော်တာဝန်အရ အရေးယူရမယ်ဗျ။ ကဲ...ခင်ဗျား 5/ည နဲ့ သွားချင်လား၊ မှောင်ရိပ်ခိုမှုနဲ့  ရုံးတင်တာ ခံချင်လား ပြောဗျာ။‘ တဲ့။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေများဗျာ တာဝန်သိတတ်လိုက်တာ။ အင်း...ဒင်းတို့ တွေ နှစ်ချုပ်အမှုများများလိုချင်လို့  ပဲဖြစ်ရမယ်လေ။ မထူးတော့ဘူးလေ ဖြစ်သမျှအကောင်းပဲမှတ်လိုက်တော့မယ်။

ဟင်း...ဟင်း...မှောင်ရိပ်ခိုတဲ့အမှုကကြီးနိုင်တယ်၊ ဒီတော့ 5/ည ဆိုရင် 5 ရက်ပဲအိပ်ရမှာ မဆိုးဘူး။ 5/ည နဲ့ ပဲသွားတော့ မယ်ဟု ရင်ဘတ်ကော့ကာ ရဲနောက်တို့  ကောက်ကောက်ပါသွားတော့၏။ သို့ နှင့် 5/ည ဖြင့်ပါလာသော်လဲ ကျနော်သည် ထောင်ထဲတွင် တစ်လ ကျော်ကျော်နေလိုက်ရပါသည်။

ထောင်တွင်း၌ မည်သို့ သော အယူအဆရှိသည်တော့မသိပါ၊ သို့ သော် ကျနော့်၏သိပ်မသန်သော ဆံပင်များကို ရိပ်ပေးလိုက်ပါသေးသည်။ ထို့ ပြင်ရိပ်သော ဓါးသည် တစ်ခေါက်သုံး မဟုတ်ပဲ၊ အလောင်းမင်းတရားလက်ထပ်ထဲက သုံးလာသော ဓါးများဖြစ်လေရာ ရောဂါများစွာ ထိုဓါးပေါ်တွင် ကျက်စား တွယ်ကပ်နေပေလိမ့်မည်။

သို့ နှင့် ထောင်မှထွက်ပြီးကျနော်သည် လိမ္မာစွာဖြင့် လခကို ပုံမှန်အပ်ပါသော်လည်း မကြာခဏ ဖျားနာလာသဖြင့် သွားရောက်စစ် ဆေးရာ ကျနော့်တွင် HIV အပေါင်းလက္ခဏာ ရှိသည်ကို ၀မ်းနည်းဖွယ်ရာတွေ့ ရှိလိုက်ပါသည်။ ကျနော်သည် ငါးပါးသီလ အားလုံးအား လုံအောင်မစောင့်နိုင်သော်လည်း သူတစ်ပါး သား၊သမီး၊ဇနီး၊မယား များဖြင့်မကျူးလွန်ပါ။

ထို့ ကြောင့် ကျနော်ရရှိသော ရောဂါသည် ထိုနေ့ က မိန်းမအားလခ အပြည့်မပေးပဲ အရက်သွားသောက်၍ရလာသော ရောဂါများဖြစ်နေသလား?................



ရှမ်းကလေး (ဖတ်ဖူးသော ဟာသစာအုပ်တစ်ခုမှ ပြန်မှတ်မိသမျှဝေမျှပေးလိုက်ပါသည်။ ရေးသူနှင့် စာအုပ်နာမည် မမှတ်မိပါ။ )

Saturday, July 11, 2009

ငရုတ်သီးထောင်း

တစ်ခါတစ်လေများဗျာ သူများနိုင်ငံရောက်တော့ သူများအစာတွေစားရင်းအီလာသာနဲ့  ကိုယ့်မြို့ ရွာက ဟင်းတွေကို ရည်မှန်းပြီး သွားရည်လည်လာတဲ့ အချိန်တွေလဲရှိပါတယ်လေ။

ငါးပိထောင်းတို့ ၊ ငါးပိရည်တို့  ဆိုရင်လဲ ငါးပိက ဘယ်မှာ ရှာရမှန်းကလဲမသိ။ ဒါကြောင့် ကျနော်လုပ်စားတတ်တဲ့ ငါးပိမပါ ရိုးရိုးလေး နဲ့  လူတိုင်းလုပ်စားနိုင်တဲ့ နည်းလေးကိုမျှလိုက်ပါတယ်ဗျာ။

လိုအပ်သည့် ပစ္စည်း

၁) ကြက်သွန်ဖြူ
၂) ငရုတ်သီး
၃) သံပရာသီး
၎) ငရုတ်ဆုံ (စက်နဲ့ လုပ်ရင်လဲ ရပါတယ်လေ)


ပထမဆုံး ကြက်သွန်ဖြူအားအရင်ထောင်းပါ (သင့်လျှော်သလောက် (စားကုန်နိုင်သလောက်ပေါ့))။ ကြက်သွန်ဖြူ ကြေမွသွားလျှင် ငရုတ်သီးထည့်ကာထောင်းပါလေ။ ငရုတ်သီးကြေသွားသောအခါ ဆား၊ ဟင်းချိုမှုန့်  ထည့်ကာ အပေါ့အငံ စိတ်ကြိုက်ထည့်ပါ။

၎င်းနောက် ပန်းကန်ထဲခပ်ထည့်ကာ သံပုရာသီး ညှစ်ထည့်လိုက်ပါက ချဉ်ချဉ် စပ်စပ်နှင့် အလွန်စားကောင်းသော ငရုတ်သီးထောင်းကို ရရှိမည်ဖြစ်သည်။


ရှမ်းကလေး

Thursday, July 9, 2009

အချစ်

ငယ်စဉ်အခါ လိုက်ရှာမိသာ
အချစ်ဆိုသာ ဘာလဲလို့ ကွာ?။

ရင်မှာဝမ်းနည်း စိတ်ဓါတ်ကျတယ်
အချစ်ကိုကွယ် မတွေ့ မှာစိုး။

လိုက်လို့ ရှာရင်း အချိန်တွေပြောင်း
နှစ်တွေဟောင်းတော့
ရောင်စုံချစ်သာ ရတဲ့ဘ၀။

မျက်နှာဖုံးစွပ် အချစ်များသာ
ငါ့နားရောက်လာ။

ငါတောင်းးချင်တယ် ငါ့အချစ်ကို
ဆေးမဆိုးဖို့ ။

ချစ်ဝင်္ကာပါ မိန်းမမာယာ
ဘယ်အရာမှာ ငါမိန်းမောလဲ
ငါ့ကိုယ်တိုင်ကို ငါကမသိ
နှောက်ကျိနေစဲ။

မိန်းမ၊ ယောင်္ကျား မာယာတွေများ
အချစ်တွေများ မရှိလေလား?
ငါ................. မမေးလိုပါ......

ကံကိုပုံလို့  ငါပြောမှာကွာ
မင်းလဲချစ်ကို ရှာနေမှာပဲ။

ဝမ်းနည်းစွာနဲ့  ကြိုးစားပေါ့လေ
တစ်နေ့ နေ့ မှာ တွေ့ မှာပါလေ
ကိုယ်ချစ်တဲ့သူ......




လေပြေ

အချစ် = ချိုမြိန်ခြင်း

သူ့ ပြန်ကြားချက် ငါရချိန်မှာ
ရင်မှာလှိုက်လဲ ငါပျော်ခဲ့တယ်။

အဖော်မဲ့တဲ့ ငါ့ကမ္ဘာလေး
ပုလဲလေးတွေ ကြွေခဲ့တယ်ပေါ့။

ရောက်ခြည်တန်းသာ အလှဆုံးပါ
ဒါပေမယ့်လေ သူ့ ကိုမမှီ
အလှဆုံးဟာ အဲဒီချိန်ပါ။

ရင်မှာလှိုက်မော ငါမသိပါ
အချစ်ကမ္ဘာ။

ပျော်စရာများ ငါ့ကိုရစ်ပတ်
ဒီတစ်သက်ရယ် မေ့မရတယ်
ဒီအချိန်လေး ငါမှတ်ထားတယ်။

ပျော်စရာများ တီးတိုးပြောကာ
အချစ်ကမ္ဘာ တည်ဆောက်ချိန်လေး
တမ်းတမိတယ်
တစ်သက်သာခိုင် ချစ်သူလေးရယ်။

ကတိလေးတွေ ပေးဝေခဲ့တာ
မေ့မရပါ ချိုမြိန်ချိန်လေး
အမြဲခိုင်မာ ယုံကြည်နေမှာ.....
မင်းကိုချစ်တဲ့ ငါ.....


လေပြေ

အချစ် = နာကျင်ခြင်း

ပန်းခြံတွင်းမှာ လက်လေးတွဲကာ
အပြုံးမပျက် ချစ်စကားဆက်။

အချိန်ကြာတော့ မင်းကတိဖျက်
promise တွေချန်ထား ခွင့်လွတ်မလား?။

ရင်မှာနာကျင် ပြန်တွေးတိုင်းလဲ
ရက်ရက်စက်စက် ပြန်သတ်ချင်တယ်
ပေးထားခဲ့တဲ့ အချိန်များရယ်။

နာကျင်ခြင်းကို အဖော်ဖက်လို့ 
ပြန်မတွေ့ အောင် အကြိမ်ကြိမ်ချွေ
ရှိခိုးမိတယ် ဘုရားမှာကွယ်။

အချစ်ဆိုတာ မယ်လိုတီလား?
ငါ့အတွက်တော့ နာကျင်ခြင်းသာ။

အတွဲတွေ့ တိုင်း ၀မ်းနည်းမိတယ်
မခံပါနဲ့  စိတ်ဆင်းရဲကို။

နာကျင်ခြင်းတွေ မရှိတော့တဲ့
အချစ်ကခဲ
အမှန်းပွားတယ် ဒီအချစ်ရယ်
ရင်မှာတစ်သက် အခဲမကျေ
အချစ်မရှိ လိုပေ.......
ဘ၀တစ်သက်သာ....



လေပြေ

အချစ်ဦး

အချစ်တွေ့ တော့ ရင်မှာစွန့် ‘အ‘
ရင်မှာဖုံးထား အုံပုန်းချစ်များ။

သူရယ်ချိန်တိုင်း ငါကလိုက်ရယ်
ဘာကြောင့်မသိ။

သူပျော်ဖို့ ရယ် ငါကလိုက်လျော
သူကမသိ ရင်မှာမချိ။

သူပြုံးချိန်တိုင်း ငါလိုက်လို့ ပြုံး
သူငိုချိန်မှာ ရင်မှာနောက်ကျိ
မဆိုင်သော်လဲ ပိုင်ချင်မိတယ်။

အချိန်ကြာတော့ ငါမခံနိုင်
ဖွင့်ပြောအောင်လဲ မစွန့် စားနိုင်
အောင်နိုင်ဖို့ သာ ကြိုးစားခဲ့ရင်း.....။

ခုတော့

အမှတ်တရ ရင်မှာသိမ်းထား
တောင့်တမိတယ် ပြန်တွေ့ ချိန်ဝယ်။

ချစ်မရှိလဲ သံယောဇာဉ်မြဲ
ရင်ထဲအမြဲ ရှိနေစဲပါ
မချစ်ရသူရာ။


လေပြေ

အချစ်နှောင်း

မှန်ထဲမျက်နှာ ဘယ်သူများလဲ?
ကိုယ့်ကိုပြန်မေး အဖြေမသိ။

ဟိုသီသွားလာ ရောင်စုံလိပ်ပြာ
ငါတစ်ကောင်မှ မပိုင်ပါလား။

အသက်ကြီးလို့  အချစ်ပေါ်လာ
ငါ့ကိုလေကွာ မင်းယုံမလား?။

မချစ်ဖူးတဲ့ ငါ့အချစ်ကို
ပုံအော်ပေးမယ် ကတိပြုလဲ
ရယ်သံများသာ ငါ့ကိုလောင်ဖွဲ့ 
ငါမသိတယ် ဤဘ၀ရယ်။

ငါ့အချစ်ကို မင်းမယုံရင်
ရင်ခွဲပါလို့  မပြောချင်ပါ
မင်းကိုချစ်တဲ့ နှလုံးလေးကို
ငါပိုင်ဆိုင်တာ ၀မ်းသာနေလို့ ။

မင်းသာခွဲရင် အချစ်ရင်ခွင်
ပျောက်ပယ်သွားရင် ငါ့ရဲ့ အချစ်
လေအလွင့်မှာ မပျောက်လိုပါ။

ဒါကြောင့်

အချိန်ဝေးကွာ မတွေ့ ရင်လဲ
အချိန်နှောင်းလဲ ရင်ထဲအမြဲ
ချစ်နေစဲပါ။



လေပြေ

အချစ်ဟောင်း

အချစ်စကား သီကုံးပေးကာ
ရင်မှာလှိုက်လဲ ၀မ်းသာမိတာ
သူပြောစကား အားလုံးယုံလို့ 
ရင်ကိုပုံကာ ပေးအပ်ခဲ့တာ။

အချိန်ကြာတော့ ရေစက်ကုန်ကာ
ငါ့ကိုကျောခိုင်း မင်းပစ်ရက်တယ်။

ဝမ်းနည်းခြင်းနဲ့  မိတ်ဆွေဖွဲ့ ကာ
ပြန်လာပါတော့ ငါအော်ခေါ်လဲ
အပြုံးမပျက် မင်းဆက်ထွက်သွား။

မင်းရဲ့ အချစ် လေအ၀င့်မှာ
ပျောက်ကွယ်သွားတော့ ခိုင်မာစွာနဲ့ 
ရင်မှာကြွေလွင့် ငါ့အချစ်ပွင့်။

ခုတော့

မျှော်လင့်ခြင်းမဲ့ ပြုံးမပျက်ပဲ
ရှေ့ သာဆက်လို့  မကြုံလိုပါ
မင်းအချစ်မျိုး
ငါ့တစ်သက်စာ။


လေပြေ

Wednesday, July 8, 2009

သစ်ပင်၊ သစ်ရွက် နဲ့  လေပြေ

သစ်ပင်

ကျွန်တော့်ကို သစ်ပင်လို့ ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို ၀ါသနာပါတယ်။ ကျွန်တော့် အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့ ကျွန်တော်ရဲ့ ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ
ဆိုင်း(Sign) အစား ၀င်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော် ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော် အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမ မှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည် ကိုယ်လုံးမရှိဘူး။ သာမန်မိန်းကလေးထဲက
တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။

ကျွန်တော် သူမကို ချစ်တယ်... တကယ့်ကိုချစ်တယ်... သူမရဲ့ ရိုးသားမှုကို ချစ်တယ်..
သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူမရဲ့ အားနည်းချက်၊ သူမရဲ့ အားငယ်မှုတွေကို ချစ်တယ်။ ကျွန်တော် အပျော်သဘောနဲ့ သူ့ကိုချစ်တယ်၊ ကျွန်တော့်အတွက် မထူးခြားတဲ့ သူမက ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့ ထင်မှာစိုးလို့ ကျွန်တော် သူမကို ဖွင့်မပြောခဲ့တာပါ။ ချစ်ခဲ့ကြပြီးရင်လည်း နောက်ဆုံး ခွဲခွာရမှာစိုးလို့၊ ချစ်ခဲ့ကြပြီးရင် ပတ်ဝန်းကျင်က လူတွေ သူမကို ထိခိုက်အောင်ပြောမှာ ကြောက်လို့၊ တစ်နေ့ သူမကို ကျွန်တော် လုံးဝပိုင်ဆိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ထားမိပြီး တစ်ခြားကောင်မလေးတွေနဲ့ တွဲချင်သေးလို့ သူမကို ကျွန်တော် ဖွင့်မပြောသေးတာလည်းပါတယ်။

ကျွန်တော် တစ်ခြားကောင်မလေးနဲ့ တွဲနေတာကိုကြည့်ပြီး သူမ ကျွန်တော်ဘေးမှာ သူငယ်ချင်းလို့ (၃)နှစ်အတူရှိ နေခဲ့တယ်။ (၃)နှစ်လုံးလုံး သူမခံစားခဲ့ရတယ်။ ခံစားနေတာတွေကို ကျွန်တော် မသိအောင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ သူမကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါးနပ်တဲ့ ဒါရိုက်တာတစ်ယောက်ပဲလေ.. တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့
ကျောင်းအဆောင်ဘေးမှာ ချိန်းတွေ့ပြီး နမ်းနေကြတာကို သူမနဲ့ ပက်ပင်းတိုးမိတယ်။ သူမက ဟန်ဆောင်ရယ်ရင်း go on ဆိုပြီး ထွက်ပြေးသွားတယ်။ နောက်တစ်နေ့မှာ သူမရဲ့ မို့မောက်နေတဲ့ မျက်လုံးဟာ ညတုန်းက ဘယ်လောက်ခံစားပြီး ငိုထားရတယ် ဆိုတာကို သက်သေပြနေပါတယ်။


ကျွန်တော်လည်း ဘာကြောင့် မျက်လုံးမို့နေတာလည်းဆိုတာကို မသိကျိုးကျွံပြုပြီး မမေးတဲ့အပြင် သူမကို လှောင်ရီနေမိတယ်။
ကျောင်းဆင်းလို့ လူတွေအားလုံးပြန်ကြတော့မှ သူမ စာသင်ခန်းထဲမှာ ခိုးငိုနေတာကို ဘောလုံးကျင့်ရင်း ပစ္စည်းတစ်ခု မေ့ကျန်လို့ ပြန်လာယူတဲ့ ကျွန်တော် စာသင်ခန်း အပြင်ဖက်မှာ သူမငိုနေတာကို တစ်နာရီနီးနီး ရပ်ကြည့်နေတယ်ဆိုတာကို သူမ မသိခဲ့ဘူး။ ကျွန်တော်ရဲ့ နံပတ်(၄)ယောက်မြောက် ကောင်မလေးက သူမကို မလိုလားမနှစ်မြို့ခဲ့ဘူး။ တစ်ခါက သူတို့နှစ်ယောက်
အကြီးအကျယ် စကားများကြတယ်။ သူမရဲ့သိမ့်မွေ့တဲ့ စရိုက်က လူတွေကို ရန်မလုပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့
ကျွန်တော့်ကောင်မလေးဖက်ကနေပြီး သူမကို ဟောက်လိုက်မိတယ်။ မျက်ရည်တွေကျရင်း သူမကျွန်တော်ကို ကြောင်ကြည့်နေတယ်။ သူမရဲ့ မျက်ရည်ကို လျစ်လျူရှုရင်း ကျွန်တော့်ကောင်းမလေးလက်ကို ဆွဲပြီး စာသင်ခန်းပြင် ဖက်ထွက်သွားလိုက်တယ်။ နောက်ရက်တွေမှာ သူမက ဘာမှမဖြစ်ခဲ့တဲ့ပုံစံနဲ့ ကျွန်တော်နဲ့ စရင်းနောက်ရင်း အရင်လိုပဲ ရှိနေခဲ့တယ်။ သူမ ဘယ်လောက် ခံစားရမယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ကျွန်တော် ပိုခံစားရတယ်ဆိုတာကို သူမ
မသိခဲ့ပါဘူး။

ကျွန်တော်(၅)ယောက်မြောက် ကောင်မလေးနဲ့ လမ်းခွဲတော့ သူမကိုခေါ်ပြီး စိတ်ပြေလက်ပျောက် ထွက်လည်ကြတယ်။ "ငါ နင့်ကို ပြောစရာရှိတယ်"ဆိုတော့.. အတော်ပဲ ငါလည်း နင့်ကို ပြောစရာရှိတယ်လို့ သူမက ဆိုတယ်။

"ငါ သူနဲ့ လမ်းခွဲလိုက်ပြီ"
"ငါ သူ့ကို အဖြေပေးလိုက်ပြီ"
"သူ"ဆိုတာ ဘယ်သူလည်းဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ အဲဒီကောင်လေး သူမကို ချစ်ခွင့်ပန်ထားတာ တော်တော်ကြာနေပါပြီ။ သန်မာဖျတ်လတ်ပြီး သွက်လက်သွက်လက် ချစ်စရာ့ ကောင်လေးတစ်ယောက်ပါ။ သူမကို အသဲအသန် ပိုးပန်းခဲ့ပါတယ်။ ကျွန်တော်ခံစားသွားရတယ်ဆိုတာ သူမ မသိအောင်ဟန်ဆောင်ရင်း၊ ကြားရတာ ၀မ်းသာကြောင်း ပြောလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ဟန်ဆောင်မှုကို ဆက်မထိန်းနိုင်တော့ဘူး။ ရင်မှာနာကျင်နေတာတွေ ရင်ဝမှာ တစ်ခုခုနဲ့ လာဖိထားသလို ခံစားရတယ်။ အသက်ရှု မ၀တော့ဘူး။ တအားအော်ဖို့ ကြိုးစားတာ အသံတွေက လည်ချောင်းဝမှာ ထစ်ဆို့နေခဲ့တယ်။

ကျွန်တော်ငိုမိတယ်...ချုံးပွဲချ ငိုမိတယ်..... သူမ ချုံးပွဲချငိုတာကို အကြိမ်ပေါင်းမနည်း ကျွန်တော် ကြည့်ခဲ့ဖူးပါတယ်။
စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့မဲ့ နောက်ဆုံးတစ်ရက်မှာ ကျွန်တော့်ဖုန်းထဲမှာ message လေး တစ်စောင်ရှိ နေတာကို သတိထားမိတယ်။ ရက်စွဲကိုကြည့်တော့ လွန်ခဲ့တဲ့(၁၀)ရက်က ကျွန်တော်ချုံးပွဲချငိုခဲ့တဲ့ ရက်လေးပါ။ ဖွင့်ကြည့်ဖို့ ကျွန်တော်မေ့နေခဲ့တာပါ...

"သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့် မပေးလို့လား"


သစ်ရွက်

ကျောင်းတုန်းက သစ်ရွက်လေးတွေ စုဆောင်းတာကို ၀ါသနာပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာ မှီခိုခဲ့တဲ့ သစ်ပင်ကို ခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပဲ။ ကျောင်းတုန်းက ကျွန်မနဲ့ အရမ်းခင်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သမီးရည်းစားလို့မဟုတ်ဘဲ တကယ့်သူငယ်ချင်းကောင်း တစ်ယောက်လို ခင်ခဲ့တယ်။ ဒါပေမဲ့ သူပထမ ရည်းစားရတော့ ကျွန်မမှာ မရှိအပ်တဲ့ သ၀န်တိုမှု၊ ရင်ထဲက နာကျင်မှုတွေ ခံစားခဲ့ရတယ်။ (၂)လလောက်နေပြီး သူတို့ပြတ်သွားတော့ ပျော်ရွှင်မှုတွေ
သူမသိအောင် ကျွန်မ ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာ သူ ဒုတိယမြောက်ရည်းစား ရသွားပြန်တယ်။

ကျွန်မသူ့ကို ချစ်တယ်...
သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်...
ဒါပေမဲ့....သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ....
နှစ်ယောက်စလုံးချစ်နေလျက်နဲ့ သူဘာလို့ မတုန်မလှုပ်လဲ....
သူရည်းစားတစ်ယောက် ပြောင်းတိုင်း ကျွန်မရင်တစ်ခါနာရတယ်...ခံစားရတယ်....
တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို တစ်ဖက်သတ် ချစ်နေမိတာလား..
ကျွန်မကို မချစ်ဘူး ဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် သဘောကောင်းနေတာလဲ...
သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်း ထက်တောင် လွန်နေပြီ...
လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်...
သူရဲ့အကြိုက်တွေ အကျင့်တွေ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ ကောင်းကောင်း နားလည်နိုင်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်စ ဖွင့်ပြောရမလား ဆိုတာကို ကျွန်မ မခန့်မှန်းတတ်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ်လေ.... သူဖွင့်ပြောလာမဲ့ရက်ကို မျှော်ရင်း ကျွန်မသူ့ ဘေးမှာပဲ ရှိနေချင်ခဲ့တယ်။ သူ့ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်။ ညည သူ့ဖုန်းသူ့ message ကို မျှော်နေရသလိုပေါ့။ သူဘယ်လောက်ပဲ အလုပ်တွေရှုပ် မအားတဲ့ကြားက ကျွန်မအတွက်တော့ အချိန်တစ်ချိန် သူချန်ထားတတ်သေးတယ်ဆိုတာ ကျွန်မသိနေတယ်လေ...

ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။ စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့လည်း ရောက်ရှိလာမဲ့ ရက်ကို ကြိုတွေးပြီး ကြည်နူးရင်း ဆက်စောင့်မျှော်နေချင်တယ်။ ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့အတူ ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲ ဖြေဖို့ နီးလာတော့ တခြားအခန်းက ကောင်လေးတစ်ယောက် ကျွန်မကို အသဲအသန်ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ နှလုံးသားရဲ့ နေရာ တစ်စိတ်တစ်ဒေသကို တဖြေးဖြေး စိုးမိုးလာခဲ့တယ်။

ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ... ကျွန်မရဲ့ နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်ခိုက်နိုင်စွမ်းတယ်...
နောက်တော့ ကျွန်မရဲ့ နှလုံးသားတစ်နေရာစာ မကတော့ပါဘူး ကျွန်မရဲ့ နာကျင်ခြင်း၊ စောင့်စားခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နှလုံးသား သစ်ရွက်လေးကို လေနဲ့အတူ ပျော်ရွှင်မဲ့နေရာကို ကောင်လေး ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ်။ သစ်ရွက်လေး သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ် နေခဲ့ပါလို့လဲ
မတားခဲ့ပါဘူး။

"သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား"


လေပြေ

ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက သူချစ်တဲ့ သစ်ပင်တစ်ပင်မှာ ခံစားချက်တွေ ဖုံးကွယ်ရင်း မှီခိုပြီးနေတယ်။ ကျွန်တော် လေလုပ်ရတော့မယ်။ သစ်ရွက်လေး ပျော်ရွှင်အောင် ကူညီစောင့်ရှောက်ပေးတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော် သူမကို စပြီး သတိထားမိတဲ့ အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်းလာပြီး တစ်လအကြာမှာပါ။
သေးငယ်တဲ့ သူမရဲ့ ကိုယ်လုံးနဲ့ ဘောလုံးကွင်းဘေးမှာ ထိုင်ရင်း မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်းလေးတစ်ယောက်ကို
စူးစိုက်ကြည့်နေတတ်တယ်။ သူမတစ်ယောက်ထဲပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သူမအဲဒီနေရာလေးမှာ ထိုင်ပြီး ငေးကြည့်နေတတ်တာ အားကစား အချိန်တိုင်းပဲ။ ကောင်လေးက တစ်ခြားကောင်မလေးတွေနဲ့ ရယ်မောနေရင်
သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့... ကောင်လေး သူမဖက် လှည့်လာပြီဆိုရင် သူမရဲ့ မျက်လုံးအိမ်မှာ အပြုံးစတွေနဲ့... သူမအဲဒီကောင်လေးကို အမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူမကို အမြဲစောင့်ကြည့်ရမဲ့အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူမကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်မှုတွေဝင်ရောက်လာတယ်။ ဘယ်လို စိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော် ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူမ အမြဲစောင့်ကြည့်နေတဲ့ ကောင်လေးလည်း
ရှိမနေလို့ ကျွန်တော် စိတ်မချတာနဲ့ သူမရဲ့ စာသင်ခန်းဖက်ကို ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့ အချိန်မှာ ကောင်လေးရဲ့ ဆူပူသံ၊ သူမရဲ့ ရှိုက်သံ ကောင်လေးရဲ့ ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ်။ နောက်ရက်တွေမှာ သူမဟာ အရင်ကလိုပဲ ဘောလုံးကွင်းဘေးမှာ ကောင်လေးကို ငေးနေပြန်တယ်။

ကျွန်တော် သူ့ဘေးကို လျောက်သွားပြီး ပြုံးပြလိုက်တယ်။ နောက် စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူမက အံသြတဲ့ပုံစံနဲ့ ကျွန်တော့်ကို ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကို ယူလိုက်တယ်။ နောက်တစ်နေ့မှာ စာရွက်ခေါက်လေးကို ကိုင်လို့ ကျွန်တော်နား သူမရောက်လာတယ်။

"သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း မပါနိုင်ဘူး"
"သစ်ရွက်ရဲ့ စိတ်ဟာ လေးနက်ခိုင်မြဲတာ မဟုတ်ဘူး ... သစ်ရွက်က သစ်ပင်ကို
မခွဲနိုင်တာပါ"
အဲဒီလို သူမနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူမတစ်ဖြည်းဖြည်း ကျွန်တော်ကို စကား ပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့ လက်ဆောင်တွေကို လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာတယ်။ သူမ ကျွန်တော့်ကို မချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ သူမ ကျွန်တော့်ကို ချစ်လာနိုင်တဲ့အထိ ကျွန်တော် ဇွဲလုံလရှိခဲ့တယ်။

သူမနဲ့ သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူမ စကားလှမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်သေးပါဘူး။
ကျွန်တော်သူမကို အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် ပိုင်ဆိုင်ချင်လာတယ်.. သူမရဲ့ အချစ်ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားလိုက်မိတယ်။ သူမ မချစ်မှန်း သိလျှက်နဲ့ သူမအဖြေပေးလာမဲ့ ရက်ကို စောင့်စားရင်း ကျွန်တော်သူ့ဘေးမှာ
ရှိနေခဲ့တယ်။

"ဘာလုပ်နေတာလဲဟင်...ကျွန်တော်ပြောတာတွေ ကြားလား.. ဘာလို့ ကျွန်တော်ကို
စကားပြန်မပြောတာလဲ.. မေးတာလဲ ဖြေအုန်းလေ"

"ကျွန်မ ခေါင်းငြိမ့်နေတယ်"
"ဟင်"
ကျွန်တော်နား ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပဲ... "ကျွန်မခေါင်းငြိမ့်နေပါတယ်" သူမ ပြန်အော်ပါတယ်...
ကျွန်တော် ဖုန်းကို ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကို ကောက်စွပ်ပြီး သူမအိမ်ဖက် ဆိုင်ကယ် အပြင်း မောင်းထွက်ခဲ့တယ်။ အိမ်ရှေ့ဘဲလ်ကို နိုက်လိုက်ပြီး သူမ ထွက်လာချိန်မှာတော့ သူမကို တင်းတင်းလေး
ဖက်ထားလိုက်မိတယ်။

"သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား"


ရှမ်းကလေး (ဤစာပို့ ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်လျက်)

Tuesday, July 7, 2009

ယုံမှား

ကောင်မလေးနဲ့  စကားပြောတိုင်း
ယုံမှားနေလား ချစ်ရဲ့ စကား။

ဖုန်းပြောတိုင်းလဲ နှုတ်ခမ်းကစူ
မင်းမူမမှန်။

message ပို့ တိုင်းလဲ ၀န်တွေကတို
မနာလိုဖြစ်။

Beer လေးသောက်တိုင်း မင်းကငြူစူ
ရင်မှာပူတယ်။

ဆေးလိပ်သောက်တိုင်း မင်းတာဝန်ယူ
စူပူပြန်ရော။

မင်းကိုချစ်လို့  ချစ်ပုံပေးလဲ
မင်းကငြူစူ ခွင့်မလွတ်ရင်
ငါသာဝမ်းနည်း
စိတ်ညစ်မိတယ် ချစ်သူလေးရယ်။

ဒါပေမယ့်

မင်းကစိတ်ကောင်း အပြစ်မဆို
အချစ်ပိုတော့ ငါ့ရဲ့ အချစ်
ချောင်းစီးတယ်ပေါ့
ချစ်တဲ့ဖူးစာ
ရင်မှာအမြဲ ချစ်နေစဲပါ
ဖူးစာရှင်ရယ်။




လေပြေ

ဖူးစာ

အိပ်ရာဝင်တိုင်း တောင်းတခဲ့တဲ့
ငါ့ဆုတစ်ခု။

တွေ့ ပါရစေ ဖူးစာလေးရယ်
နေ့ တိုင်းမျှော်ကိုး ဆုတောင်းနေစဲ
ဘယ်ချိန်တွေ့ မယ် မသိနိုင်တယ်။

နှစ်တွေပြောင်းလို့  အသက်ပြောင်းလဲ
စောင့်မျှော်နေစဲ ရေစက်လေးကို။

အချစ်မှာဝဲ အသဲတွေကွဲ
ရှာဖွေနေတာ ဖူးစာလေးပါ။

ချစ်မကွဲခင် တွေ့ မြင်ချင်တယ်
ချစ်တဲ့ဖူးစာ။

မင်းကိုယုံလို့  အသဲပုံချင်
တွေ့ တဲ့နေ့ မှာ အချစ်ပုံမှာ
ရောက်လာခဲ့ပါ ဖူးစာရှင်ရယ်။

နေ့ စဉ်ရက်စက် အသဲကွဲလို့ 
ရေစက်မဆုံ အမှိုက်ပုံမှာ
မျှော်လင့်တောင့်တ ဖူးစာဘ၀။

ကြယ်သာကြွေလို့  ဘာမှမကျန်
ခံရခက်လို့  အော်မြည်နေလဲ
နှလုံးခံစား တွေ့ ချင်မိတယ်
ဖူးစာရှင်ရယ်။





လေပြေ

Saturday, July 4, 2009

ကျနော့်သားက အတော်ဆုံး ?

သာယာသော နေ့ တစ်နေ့ ၌ လူ ၄ ယောက်သည် golf ကစားရန်ထွက်သွားကြသည်။ ပထမတစ်ယောက်က ကိစ္စရှင်းနေသဖြင့် ကျန်သုံးယောက်သည် ကစားကွင်းသို့ သွားရင်း ၄င်းတို့ ၏သားများ အကြောင်းပြောနေကြ၏။

ပထမ။ ။ ကျနော့်သားက အခုတစ်လော အိမ်ဆောက်လုပ်ရေးလုပ်ငန်းမှာ တော်တော်လေးနာမည် ရလာတယ်ဗျ။ သူက လက်သမား အဖြစ်နဲ့  စတာလေ။ အခုတော့ ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်း ရှိနေပြီ။ အရင်နှစ်ကတောင် သူ့  သူငယ်ချင်းကို အိမ်တစ်လုံး လက်ဆောင်ပေးလိုက်သေးတယ်ဗျ။

ဒုတိယ။ ။ ကျနော့်သားကလဲ တော်တော်လေးကို တော်တယ်ဗျ။ ကားရောင်းတာကနေစတာ အခုဆိုရင် ကားထုတ်လုပ်တဲ့  ကုမ္ပဏီ ကိုတောင်ဦးဆောင်နေပြီဗျာ။ သူလဲ လွန်ခဲ့တဲ့ 6 လတုန်းက သူ့ သူငယ်ချင်းကို ကားအသစ်စက်စက် နှစ်စီးပေးလိုက်သေးတယ်။

တတိယ။ ။ ကျနော့်သားက ရှယ်(လ်)ယာ နဲ့ ပတ်သတ်တဲ့ အလုပ်လုပ်နေတာလေ။ ခုတော့တော်တော်လေးကို အောင်မြင်နေပြီး လွန်ခဲ့တဲ့ အပတ်ကတောင် သူ့  သူငယ်ချင်းကို ရှယ်(လ်)ယာ အကြီးကြီး လက်ဆောင်ပေးလိုက်သေးတယ်။

၎င်းတို့ စကားပြောနေစဉ်တွင် စတုတ္ထတစ်ယောက်ပြန်လာသဖြင့် ကျန်သူများက ၄င်းတို့ က သူတို့ ၏သားများ အကြောင်းပြောနေ ကြကြောင်းနှင့် စတုတ္ထတစ်ယောက်၏ သားအကြောင်းမေးမြန်းကြ၏။

စတုတ္ထ။ ။ ကျနော် အမှန်ပြောရမယ်ဆိုရင် ကျနော့်သားကြောင့် ကျနော် တော်တော်လေးကို စိတ်မချမ်းသာပါဘူးဗျာ။ 15 နှစ်လုံး လုံး ကျနော့်သားက ဆံပင်ညှပ်နေတယ်လေ။ သိပ်မကြာခင်ကမှ သူ gay ဖြစ်ကြောင်းကျနော် စုံစမ်းလို့ သိရတာဗျ။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒီကောင်တော်တော်လေးကို တော်တယ်လို့ ပြောရမယ်ဗျ။ ဘာကြောင့်လဲဆိုတော့ သူ့ ရည်းစားသုံးယောက်က အိမ်တစ်လုံး၊ ကားအသစ်စက်စက် နှစ်စီး နဲ့  ရှယ်(လ်)ယာ ကြီးကြီးကို လက်ဆောင်ပေးထားတယ်လေ။ တဲ့



ရှမ်းကလေး (ဤဟာသအား ပို့ ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်လျက်)

Wednesday, July 1, 2009

နီးသော်လဲ ဝေး

မင်းနဲ့ ငါ တစ်အိမ်မှာနေလဲ
ငါ့ကို မင်းကနားမလည်
စိတ်ထင်တိုင်းကြဲမယ်ဆိုရင်
ပျော်စရာကမ္ဘာ ဘယ်မှာရှိမလဲ?

မင်းငါ့ကို စိတ်တွေကောက်
ငါ့စကားက မင်းကိုမရောက်ရင်
ငါစိတ်ဓါတ် ကျသွားမပေါ့။

မင်းက မချိပြုံးရင်
ငါကစိတ်ဆိုး
ငါတို့  အမုန်းပွားနေတယ်ပေါ့လေ။

ဝေးတဲ့အချိန် မင်းပူပန်ပေမယ့်
ငါနဲ့ အတူရှိချိန် မင်းစိတ်မပျယ်ရင်
ငါက သာလို့  ၀မ်းနည်းတယ်ကွာ။

မင်းနဲ့ အတူ ငါကပူပန်လို့ 
ဖျောင်းဖျစကား ပန်ကြားနေလဲ
မင်းကစိတ်ပူ သ၀န်တိုလို့ 
နားမထောင်ရင်
ငါ့ရင်ခွင်ကစကား ဘယ်သူ့ ကို ပန်ကြားရမလဲဟင်?


လေပြေ

မြန်မာဆိုတာ သိသာတယ်လေ

မြန်မာလူမျိုးမှန်းသိချင်ရင် အောက်ကအကြောင်းလေးဖတ်လိုက်ပေါ့ဗျာ။

၁) သူစားသောအစားအစာက ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးပါတယ်လေ။

၂) သူများပေးတဲ့ လက်ဆောင်က ဘူးတွေ၊ စက္ကူတွေ ၊ ပန်းတွေ ပြန်ပြန်ပြီးသုံးတတ်လေရဲ့ ။

၃) သွားကြားက ညှပ်နေတဲ့ အစားအစာလေးတွေကို ကလိ၊ ကလိ အသံမြည်အောင် လျှာနဲ့ ကလော် တတ်ပြန်ရော။

၎) လေယာဉ်ကွင်းမှာတော့ အိတ်ကြီးကြီး နှစ်လုံးကြားမှာ ရပ်နေတတ်ပြန်တယ်။

၅) ပါတီဆိုရင်လဲ နှစ်နာရီ၊ သုံးနာရီလောက် နောက်ကျပြီးလာတတ်တယ်လေ ပြီးတော့ တာကပုံမှန်လို့  ထင်ပြန်ရော။

၆) အိမ်သာထဲမှာလဲ Plastic ပုံးလေး ဆောင်တတ်သေးတယ်ဗျာ။

ရ) ကလေးတွေရဲ့  နာမည်ကိုလဲ ကာရန်ညီညီပေးထားတယ်ဗျာ မြတ်နိုး၊ မြတ်မိုး၊ မာလာ၊ သီတာ၊ တာယာ ပေါ့လေ။

၈) အဲ..... အစားအစာ မစားရနယ်မြေတွေမှာတော့ မြန်မာနိုင်ငံလုပ်မုန့် လေးတွေ ဆောင်တတ်တယ်လေ။

၉) မပြန်ခင် သူများအိမ်ရှေ့ မှာရပ်ပြီး တစ်နာရီကျော်ကျော် ရပ်ပြီးစကားပြောတတ်လေရဲ့ ။

၁၀) မိသားစုပိုင်ကားလေးကို ပစ္စည်းတင်နိုင်သလောက် သူတို့ က တင်တတ်တယ်။

၁၁) အိမ်က ပစ္စည်းမှန်သမျှကို ပလတ်စတစ် ပတ်ထားတတ်တယ်ဗျ။ ကွန်ထိုး၊ တီဗီ၊ ဆိုဖာ ကအစေပေါ့လေ။

၁၂) သင့်မိဘက သူငယ်ချင်းများပြောသည်ကို နားမထောင်ရန် သတိပေးပြီး ဆွေမျိုးများ တမျိုးထင်မည့်အရာများကို မလုပ်ခိုင်းတတ်ဘူး။

၁၄) ဘယ်သွားသွား နေရာတိုင်းမှာ ထမင်းအိုးတော့ ဆောင်တတ်တယ်လေ။

၁၅) အရေးကြီးရင်တောင်မှ အဝေးဖုန်း မခေါ်တတ်ဘူးဗျ။

၁၆) အိမ်မှာ မရှိဘူးဆိုရင်တော့ ဘယ်ချိန်ရောက်ရောက် မိဘတွေက ဖုန်းဆက်ပြီး ထမင်းစားပြီးပြီလားလို့  မေးတတ်တယ်လေ။

၁၇) မင်္ဂလာပွဲမှာ တက်ရောက်တဲ့သူ 600 ထက်နည်းရင် ၀မ်းနည်းတတ်ပြန်ရော။

၁၈) စာဖတ်သူများ ရယ်မောနေမယ်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူလဲ ဒီလိုဖြစ်နေလို့ ပေါ့ဗျာ။ ( ဟဲဟဲ)


ရှမ်းကလေး

စာမေးပွဲရဲ့  နောက်ဆုံးနေ့ လေ


Type your summary here

Type rest of the post here

ကောင်းကင်ကြီးက ပြုံးနေပါတယ်