Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, November 22, 2009

ဘန်ကောက်က ရှမ်းနှစ်သစ်ကူးပွဲတော်..

ဒီနေ့ က 22 ရက်နေ့ လေ။ ရှမ်းနှစ်သက်ကူး 2104 ခုနှစ်မြောက်ပေါ့ဗျာ။ ဒီပွဲကို ဘန်ကောက်မှာ ကြီးကျယ်စွာကျင်းပ ပါတယ်။ ကျင်းပတဲ့ နေရာကတော့ ရှမ်းဘုန်းကြီးကျောင်း ၀တ်မိုင် (၀တ်=monastery၊ ဘုန်းကြီးကျောင်းပေါ့။) (မိုင်ကတော့ = အသစ်) ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

ဘယ်လောက်ကြီးကျယ်လဲဆိုရင် လူပြည့်ကျပ်နေအောင်ပါပဲ။ အဲခက်တာက ဒီနေ့ မှာ ကျနော်က အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့  ဖြစ်တဲ့ ILO အတွက်သွားပြီး စကားပြန်လုပ်ပေးနေရတဲ့အတွက် ပွဲကိုသွားရောက်မလည်ခဲ့ရပါဘူး။

စကားမစပ်ပြောရမယ်ဆိုရင် ကိုယ်က မြန်မာစကားစစ်စစ်ဖြစ်တဲ့ စကားလုံးတွေကို ပြောနေပေမယ့်လဲ၊ ကိုယ်ပြောတဲ့ အဖွဲ့  အစည်းအကြောင်းကို သိမသိတော့ ကိုယ်လဲမသိဘူးလေ။

ဂုဏ်ယူစရာ (ထင်တာပေါ့လေ) တစ်ခုကတော့ မြန်မာအလုပ်သမားလိုလိုက ထိုင်းစကားကို ပြောတတ်သားဗျ။ (မပီတာကလွဲရင်၊ ကျနော်လဲ မပီပါဘူးလေ)။ ကျနော်တို့ နဲ့ ပြောရင်တောင် သူတို့ က ထိုင်းလိုသုတ်တာ။

အဲလိုနဲ့  အလုပ်ပြီးတဲ့အချိန်က ညနေ ၄ နာရီရှိနေပြီလေ။ ထိုင်းမှာဆိုရင် လိုင်းကားတွေက ည 12 နာရီ 59 ထိပဲပြေးတယ်လေ။ နှစ်သစ်ကူးကြိုတာက ည 12 နာရီလေ။ ကျနော်နေတဲ့ နေရာနဲ့  ဘုန်းကြီးကျောင်းက အဝေးသားဗျ။ ဒါကြောင့်မို့  မသွားလိုက်ရပါဘူး။

ဒါပေမယ့် ကိုယ့်ကိုကိုယ်အတွက် ရှမ်းဟင်းလေးတော့ချက်လိုက်ပါတယ်။

လုပ်ပုံကတော့

၁) ကြက်သွန်ဖြူ၊ ကြက်သွန်နီကို (သင့်လျော်တစ်လောက်) အခွံခွါပြီး ရေပြုတ်လိုက်ပါတယ်။
၂) 1၀ မိနစ်လောက်ကြာတဲ့အချိန်မှာ ပြုတ်ထားတဲ့ ကြက်သွန်ဖြူနဲ့  ကြက်သွန်နီကို ရောထောင်းပါတယ်။


ထောင်းနေစဉ်အတွင်းမှာ ပဲပုတ်အမှုန့် နှင့် ငရုတ်သီးအမှုန့် ကို နှစ်သက်သလို ရောထည့်လိုက်ပါတယ်။ ကြေသွားတဲ့အချိန်မှာ ဆား၊ ဟင်းချိုမှုန့်  ကိုထည့်လိုက်မယ်ဆိုရင် ပဲပုတ်ထောင်းကို ရရှိမှာဖြစ်ပါတယ်။ (ပဲပုတ်မရှိရင် တခြားဖြစ်တဲ့ ငါးပိကို အစားထိုးလို့ ရပါတယ်။ ) အဲရှမ်းဟင်းတော့ မဖြစ်သွားဘူးပေါ့လေ)

ဒါနဲ့ ပဲ ဒီနှစ်မှာတော့ ကိုယ့်ဟင်းနဲ့ ကို ကျေနပ်လိုက်ရပါတယ်။



လေးစားစွာဖြင့်



ရှမ်းကလေး

Friday, November 20, 2009

new year with crying heart

One the new year night
There are one candle
one the table
I sat on the side of it
opposite are empty.

The dishes are full of foods
no one would cerebrate with me.

In the darkness with the light of candle
no one would ever understand
the loneliness of mine.

The happiness that I want to joy
who can supply?


The life of loneliness
I will bare in mind
no cry will be
in the new year
I will cheer with my crying heart.


lay phay

နှစ်ကုန်တုန်းက..

နှစ်ကုန်တုန်းက ဈေးတန်းလေးမှာ
ပျော်ရွင်ဖွယ်ရာ သူ့ ကိုတွေ့ ခဲ့။

အပြုံးလေးနဲ့  ငါ့ကိုကြိုဆို
ပြုံးချိုစွာနဲ့  ငါ့ကိုလှိုက်လျော။

သွားခဲ့မိတယ် နေရာနှံ့ ရယ်
ရယ်မောခဲ့ပေါ့ တို့ နှစ်ယောက်ကွယ်။

ပြန်လာခဲ့တော့ မင်းနာမည်လေး
မသိခင်မှာ ပြောခဲ့မိတယ်
နှလုံးပွင့်အံ ချစ်သံစဉ်ရယ်။


မင်းရှက်ရမ်းကာ မျက်လွာချလို့ 
ဒီနေ့ မှတွေ့ တာ မယုံနိုင်ပါ။

ရေစက်မလို အချိန်ကုန်တယ်
ဖူးစာဆုံရာ ငါတို့ တွေ့ တာ
ုငြင်းဆန်နေလဲ ငါတို့ ဖြစ်မှာပဲ။


နောက်ဆုံးချိန်ခါ
ငါတို့ ဖြစ်တော့ ရေစက်ကုန်ကာ
ခွဲခွါချိန်မှာ ပြုံးချိုစွာနဲ့ ။


ကြံကြိုက်ခွဲခွာ လူ့ ဘ၀ပါ
မလွမ်းပါနဲ့  အသစ်ရှာပါ
အားပေးသူပါ။

နောက်ဆုံးချိန်တော့ အချစ်သစ်ရှာ
ငါ့ဘ၀ဟာ မဆုံးနိုင်ပါ။

နှစ်လေးကူးတိုင်း ဈေးတန်းလေးမှာ
စကားပြောကာ အချစ်ရှာရင်း.......





လေပြေ


(နှစ်သစ်ကူးချိန်မှာ ကောင်းတာလေးတွေရေးချင်ပါတယ်။ ဒါပေမယ့် ဒါတွေပဲထွက်လာတော့ မတတ်နိုင်ဘူးလေ)

နှစ်သစ်ကူးချိန်ခါ

ရှမ်းနှစ်သစ်ကူးချိန်မှာ
ပျော်ရွင်စွာနဲ့  အတွဲများလျှောက်ကာ
ရယ်ကာ ပြုံးကာဖြင့် စကားပြောကြတာ။

မမေ့နိုင်စရာ
ဤမြင်ကွင်းဟာ သက်ဆုံးတိုင် မှတ်မိမှာ။

သီချင်းများဆို ကိုယ်လှုပ်ရှားလို့ 
ရွင်မြူးနေတာ ပျော်စရာလေးတွေပါ။

အဖေါ်မဲ့သူတွေတော့
ပွဲတန်းလေးမှာ လိုက်ကာပြောလို့ 
ရေစက်တွေရှာ အဖေါ်လေးစပ်ကာ
ပြုံးနိုင်ရှာတယ်။

ရေစက်ရှားတဲ့ ငါ့ခမျာ
အပြုံးထိုင်ကြည့်ကာ လိုက်ပါရွင်မော
တောင့်တမိတယ် သူတို့ လို ကွယ်။


လေပြေ

ရှမ်းအစားအစာများ အပိုင်း (2)

ရှမ်းနှစ်သစ်ကူး နှစ် 2104 ကို ရောက်ပြီဆိုတော့လဲ ရှမ်းအစားအစာလေးတွေကို ထပ်ဆင့်မျှဝေလိုက်ပါတယ်ဗျာ။ ကိုယ်တိုင် ချက်စားလို့  ရအောင်ဆိုပြီး အရင်က အတိုင်းပဲ လုပ်နည်းလေးတွေပါ ထပ်ဆင့်ဖော်ပြထားပါတယ်ဗျာ။



ဒါလေးက ရှမ်းခေါက်ဆွဲပါ။ အဲ ရန်ကုန်က ရှမ်းခေါက်ဆွဲနဲ့ တော့ နည်းနည်းလေး ကွာပါတယ်။ ရန်ကုန်ရောက်တုန်းကပေါ့လေ သူငယ်ချင်းတွေက ကျနော့်ကို ရှမ်းဆိုပြီးတော့ ရှမ်းခေါက်ဆွဲဆိုင်ခေါ်သွားတယ်လေ။ အဲ ဆိုင်ကိုရောက်တဲ့ အချိန်မှာတော့ ရှမ်းခေါက်ဆွဲ ကိုရောင်းတဲ့ သူက တရုတ်လူမျိုးဖြစ်နေတာကိုး။ ဒါပေမယ့် သူတို့  ခေါ်တဲ့ ရှမ်းခေါက်ဆွဲကို စားလိုက်ပါတယ်။ မဆိုးပါဘူး ဒါပေမယ့် ရှမ်းခေါက်ဆွဲ အစစ်တော့မဟုတ်ဘူးပေါ့။ အဲဒီတုန်းက သွားစားတဲ့ ဆိုင်ကတော့ စာတိုက်လေး မှတ်တိုင်မှာပါ။

ထားပါတော့။ ရှမ်းခေါက်ဆွဲလုပ်နည်းကိုပြောပြရမယ်ဆိုရင်တော့....... ကိုယ်နှစ်သက်တဲ့ အသားကို တောက်တောက်စင်းပြီး ခရမ်းချဉ် သီးနဲ့  ဆီပျံချက်ပါ။ ချက်ပြီးရင်တော့ ဒယ်အိုးနဲ့  ရေနွေးတည်ပါ။ ရေနွေးဆူလာရင် ကိုယ်ချက်ထားတဲ့ အသားကို ရေနွေးတည်ထားတဲ့ အိုးထဲကိုထည့်လိုက်ပါ။ ပြီးရင်တော့ အပေါ့၊ အငံ လေးစမ်းကြည့်ပေါ့လေ။ ရပြီဆိုရင်တော့ ခေါက်ဆွဲကို ပန်းကန်ထဲထည့် ပြီးရင် ခုဏက တည်ထားတဲ့ ဟင်းရည်လေးကို အပေါ်ကထည့်လိုက်တာနဲ့  ရှမ်းခေါက်ဆွဲလေးကို ရရှိမှာဖြစ်ပါတယ်။ (သွေးခဲရှိရင်တော့ ပိုကောင်းပါတယ်။ သွေးခဲကို ဟင်းရည်အိုးထဲထည့်လိုက်ပေါ့ဗျာ။ ) အဲ ပန်းကန်ထဲထည့်ပြီးရင် အပေါ်က နံနံပင်နဲ့  ကြက်သွန်မိတ်လေး ထပ်ထည့်လိုက်ပေါ့ဗျာ။ ဒါပေမယ့် ဆီချက်လေးပါထည့်ရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။



ဒါကလဲ ရှမ်းခေါက်ဆွဲပါပဲ။ ဒါပေမယ့် နည်းနည်းလေးတော့ ကွာတယ်လေ။ (ရှမ်းခေါက်ဆွဲ တွေက အမျိုးမျိုးရှိတယ်လေ။) ဒီဟာလေးက ပိုပြီးလွယ်ကူသလိုပါပဲ။ ပထမဆုံးတော့ အရိုးကို ရေနဲ့ ပြုတ်လိုက်ပါ။ ပြီးတော့ အပေါ်ကပြောတဲ့အတိုင်းပဲ ကိုယ်နှစ်သက်ရာ အသားကို ဆီပျံချက်လိုက်ပါ။ ကျက်ပြီဆိုရင်တော့ ခေါက်ဆွဲကို ပန်းကန်ထဲထည့်၊ အရိုးပြုတ်ရေကိုထပ်ထည့်လိုက်၊ ပြီးရင်တော့ ချက်ထားတဲ့ အသားကို အပေါ်က တင်လိုက်ရင် ပုံထဲမှာ ပြထားတဲ့ ရှမ်းခေါက်ဆွဲလေးကို ရရှိမှာဖြစ်ပါတယ်ဗျာ။



ဒါကတော့ ၀က်အခေါက်ကို ပြန်ပြီး အချဉ်လုပ်ထားတာလေ။ (လုပ်နည်းတော့မသိဘူး) ထင်တာကတော့ ၀က်ခေါက် အစိမ်းကို စည့်အိုးထဲထည့် ပြီးတော့ ငရုတ်သီး၊ ကြက်သွန်ဖြူ ရောထောင်းတာကို အပေါ်ကထပ်သိပ်လိုက်ပြီး ရေနည်းနည်းထည့်လိုက် မယ်ဆိုရင်တော့ ဒီလို ပုံမျိုးရလာနိုင်ပါတယ်။ (မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လူများအသက်မွေးဝမ်းကျောင်းကို တော့ မထိခိုက်လိုပါဘူးဗျာ)။



ဒါကတော့ အသားလုံးကြော်ပါ။ လွယ်လွယ်လေးပါပဲ။ တောက်တောက်စဉ်းထားတဲ့ အသားကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး ရောထောင်ထားးတာကို အသားနဲ့  ရောမွေလိုက်ပါ။ ပြီးတော့ အလုံးဖြစ်အောင်လုပ်လိုက်ပါ။ နောက်ဆုံးအဆင့်ကတော့ ကြော်တဲ့ အမှုန့် နဲ့  ထပ်နယ်လိုက်ပေါ့။ နယ်ပြီးရင်တော့ ကြော်လိုက်ပါလေ။ ပုံထဲကအတိုင်း ရရှိပါလိမ့်မယ်။



ဒါက မှုန်ညင်းချဉ်ပါ။ လုပ်နည်းကတော့ (ဟင်း.....) မုန်ညင်းလတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေး။ ပြီးတော့ ရေစင်အောင် လှမ်းထားရပါတယ်။ အဲဒါတွေပြီးရင်တော့ အရမ်းအရမ်းကို သန့် ရှင်းတဲ့ ပုလင်း (၀ါ) ဘူး ထဲကို အလွာလိုက်ထည့်ရပါမယ်။ အဲ အလွာတိုင်းဆီမှာတော့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမှန့်  ရောထောင်းထားတာကို သုတ်ပေးရပါတယ်။ အလွာတိုင်း မှာ သုတ်ပေးရမှာဖြစ်တဲ့ အတွက် တော်တော်လေးကို စိတ်ရှည်ရပါတယ်။ ကိုးလီးယား (Kim Ji) လုပ်သလိုပါပဲ။ အဆင့်တိုင်းမှာ သန့် ရှင်း မှုကို ဂရုပြုရမှာဖြစ်ပါတယ်။ အားလုံးထည့်ပြီးရင်တော့ အပေါ်ကနေ အရက်နည်းနည်းဖျန်းပေးပါ။ မြန်မြန် ရအောင်လို့ လေ။ နည်းနည်း လေးပါပဲ။ စားပြီးမူးချင်ရင်တော့ သဘောပေါ့လေ။ (ဟဲဟဲ..........မိန်းမက အရက်သောက်ခွင့် မပြုရင် များများထည့်လိုက်ပေါ့။ အဲဒါ မှ ထမင်းစားရင်း အရက်သောက်ရင်းဖြစ်မှာလေ။ ဒါပေမယ့် အနံ့ တော့ တော်တော်လေးကို စူးမှာနော်... အကြံပေးတာ မဟုတ်ပါဘူး.. ပြောပြတာပါ။ )



ဒါက မုန်ညင်းချဉ်ပါ။ ပုံထဲက အရဆိုရင်တော့ မုန်ညင်းချဉ်ကို ပန်းကန်ထဲထည့်၊ ပြီးတော့ အပေါ်ကနေ ကြက်သွန်နီ၊ ငရုတ်သီး စိမ်းကို ပါးပါးလေးအုပ် လိုက်တာနဲ့  ရှမ်းအစားအစာလေးကို လွယ်လွယ်ရရှိနိုင်ပါပြီ။




ဒါလေးက ရေညှိပါ။ ဒီလိုမျိုးကို ရှမ်းပြည်နယ်မှာ တွေ့ နိုင်ပါတယ်။ သုပ်စားလို့ ပဲဖြစ်ဖြစ်၊ ကြော်စားလို့ ပဲ ဖြစ်ဖြစ် စားလို့ တော့ တော်တော်လေးကို ကောင်းပါတယ်ဗျာ။ (မယုံရင် စမ်းကြည့်ပေါ့။ ရှမ်းပြည်နယ်ရောက်ရင်ပေါ့နော်။ နိုင်ငံခြားမှာတော့ တော်တော် လေးရှားမှာပါ။)



ဒါက မှုန်ညင်းချဉ်ခြောက်ပါ။ မြန်မာပြည်မှာ ဆိုရင်တော့ နေရာတိုင်း၊ ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။ (လုပ်နည်းကတော့ နည်းနည်းလေးမှ ကို မသိတာ)။ စားနည်းကတော့ အဲဒီဟာလေးကို ပန်းကန်ထဲထည့်၊ ငရုတ်သီး (အစိမ်းဆိုရင် ပါးပါးလေးလီး၊ အခြောက်ဆိုရင် အပေါ် က ဖြူး) ထည့်၊ ပြီးတော့ ရေနွေးလေးထည့်လိုက်ရင် ဟင်းချို တစ်ခွက်ကို ရရှိနိုင်ပါတယ်။ ထမင်းနဲ့ ပဲ စားစား၊ အရက်နဲ့ ပဲ မြည်းမြည်းပေါ့ လေ။ ပြောပြတာပါ။ ချဉ်ချဉ်လေးနဲ့  စားလို့  အရမ်းကောင်းပါတယ်။



ဒါကတော့ ပဲပုတ်ထောင်းလို့  ထင်တာပါပဲ။ လုပ်နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံး ခရမ်းချဉ်သီး နဲ့  ကြက်သွန်ဖြူ (အခွံနွာပြီး) ကို ရေနဲ့  ပြုတ်လိုက်ပါ။ ပြီးတဲ့ အချိန်မှာ ငရုတ်သီး (အစိမ်း) ကို ဆီသတ်လိုက်ပါ။ (ငရုတ်သီး အမှုန့် ဆိုရင်တော့ လုပ်စရာ မလိုပါဘူး) ပြီးတော့ အဲဒါတွေကို အားလုံးရော ထောင်းလိုက်ပါ။ ပြီးတော့ ပဲပုတ်အမှုန့် ထည့်လိုက်ပါ။ အပေါ့၊ အငံကို ကြိုက်သလို ထည့်လိုက်ပါ။ အဲဒါဆိုရင်တော့ ပဲပုတ်ထောင်းလေးရရှိမှာဖြစ်ပါတယ်။ (ပဲပုတ်မရှိရင် ငါးပိကို ဆီတတ်ပြီးထည့်ရင်လဲ ငါးပိ ထောင်းလေးရရှိ မှာ ဖြစ်ပါတယ်ဗျာ။ )



ရှမ်းကလေး

Saturday, November 14, 2009

waiting to the end....

I am strong, no wrong can be
I am brave, one can't brake me
I drink beer, no dear near me
I am heart break, nobody date me.

crying in bathroom, alone by myself
without nice and smile, I will be die.

shed the tear and smile
no emotion will be mine.

the usual self, I left in past
haunting the tear I left in past.

how hurt will be
I will just cry
waiting the day, my tear will dry.

Lay Phay

လေပြေ

Thursday, November 12, 2009

ကင်ဆာရောဂါအတွက်....ဆေးတစ်ခွက်

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ
သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။ အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။

သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။

အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့
နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေ
ပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။ သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကိုထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။

ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေး နိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များလက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။



ရှမ်းကလေး (အီးမေးလ် မှသူငယ်ချင်းပို့ ထားသည်ကို ပြန်၍ ဖော်ပြလိုက်ပါတယ်။)

Tuesday, November 10, 2009

ခေတ်သစ်မှာပြောင်းလဲသွားသော သူငယ်တန်းဖတ်စာများ

1) ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား?

(2) "တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။"

(3) "ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ"

(4) "အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။"

(5) "ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။"

(6) "ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။"

(7) " တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။"

(8) "မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း…….."

၉) ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ။

နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်။

ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ
ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀"

၁၀) "ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။" ….ဟင့်…ဟီး..အီး

၁၁) အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း

၁၂) မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။

(သူငယ်ချင်းလုပ်ထားတဲ့ http://tailengtai.blogspot.com/ မှ ကူးယူထားပါသည်။ )

ရှမ်းကလေး

Monday, November 9, 2009

အဖြူရောင်အလံ....

ဘ၀လေးမှာ အချစ်စစ်ရှာ
တွေ့ ချိန်လေးမှာ မယုံကြည်တော့
ကြားကစကား ၀င်ရောက်နှောင့်ယှက်
အပြစ်ပုံခက်။

နောက်ဆုံးချိန်မှာ ကြားမှာလွင့်မြော
မပြောခင်မှာ မင်းကရက်စက်
အပြစ်ပုံရက်။

မသိတဲ့သူ ငါ့မှာတော့ကွာ
အပြစ်ပိုက်လို့  မျက်ရည်များသာ
ဝမ်းနည်းလို့ ကွာ ငိုခဲ့မိတယ်။


လေပြေ

တွေ့ ရှိခြင်းနှင့် ပျောက်ဆုံးခြင်း...

လူ့ ဘ၀က ဟာတာတာပါ
အလုပ်လုပ်လို့  ၀င်ငွေလေးရှာ
ဝမ်းဗိုက်ပြည့်တော့ တစ်ခြားကိုရှာ။

တစ်ကောင်ကြွက်မို့  အထီးကျန်တာ
အဖော်လေးပါ ရှာလိုက်မိတော့
အတုအယောက် ဘ၀ရတာ။

တူတာတွေ့ တော့ မသိခင်မှာ
မင်းလေးပါလား တောင်းတအောင်းမေ့
မျက်စိရှေ့ မှာ ပျောက်ကွယ်သွားလား။


လေပြေ

ဟာတာတာ မျှော်လင့်ချက်..

လမ်းတစ်လျှောက်လုံး ငိုကြွေးခြင်းသာ
ချစ်သူခွဲလို့  ဘ၀ကိုရှာ
ရံဖန်ခါမှာ လွမ်းမောတမ်းတ
ရက်တွေတိုင်းက ငိုခြင်းများသာ။

တောင့်ခံနိုင်အား မရှိချိန်မှာ
အားလုံးမေ့လို့  မင်းရင်ခွင်မှာ
တစ်ခဏတာ ခိုလုံချင်တယ်။

ဒါပေမယ့်

စိတ်ချင်းဝေတော့ ငါ့ခမျာမှာ
ခိုလုံစရာ ရင်ခွင်ဝေးလို့ 
ရေစက်ကိုသာ အပြစ်တင်ရင်း
ဟိုးအဝေးကို ............
မျှော်လင့်ခြင်းနဲ့  စောင့်မျှော်နေမယ်။


လေပြေ