Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, June 24, 2010

မိန်းကလေးများ၏ သဘော..သဘာဝ (ခံစားချက်)

၁။ မချစ်ပဲနဲ့ ချစ်တယ်လို့  မလိမ်ညာပါနဲ့ … မချစ်ရင် မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။ (ဆန်းစစ်ဖို့ လုံလောက်တဲ့
အချိန်ကိုယူသင့်ပါတယ်)

၂။ ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး အမှန်အတိုင်းချစ်သူ
မိန်းကလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှလိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့ သူမှာပိုပြီးနာကျင်စေပါတယ်။

၃။ ချစ်သူမိန်းကလေးေ၇ှ့ မှာ အရင်ရည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး...

၎။ တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  ယောက်ျားလေးတွေကထင်တတ်ကြတယ် …
အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကိုမဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။


၅။ ရှိတတ်ပါသေးတယ် … ယောကျာ်းလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကိုယ့်ချစ်သူလို့ ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်မလေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ ကိုချစ်သူ
ူ လို့  အသိပေးစေချင်ကြတယ် …



၆။ မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။ မိန်းကလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကား
မိပါစေနဲ့ ။ မိန်းကလေးတစ်ယောက်ဟာမိမိချစ်သူ ယောကျာ်းလေးအတွက် မာန်မာနတွေကို လျော်ထားတတ်
ကြတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်၇ဲ့မာနက မာနကြီးလှပါတယ်ဆိုတဲ့ ယောကျာ်းလေးတွေထက်
အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..

မိန်းကလေးက အလျှော့ပေးသလောက် ယောကျာ်းလေးကအနိုင်ကျင့်နေမယ် ဆိုရင်လည်း တစ်ချိန်ချိန်မှာ
လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်



၇။နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ ငါဒီမှာနောက် တစ်ယောက်ရနေပြီ လို့ မပြောမိဖို့ ပါပဲ။ (တစ်ချို့က သူတို့ ကိုယ်သူတို့  လိပ်ပြာလုံသလိုလိုနဲ့  ဘယ်သူက
သူကိုလိုက်နေတယ် ဘယ်ကကောင်မလေးကသူကို ဘာပြောတယ်နဲ့  သူတို့ကောင်မလေးတွေကိုပြောပြ
တတ်ပါတယ် နောက်ဆုံးတော့လည်း သူတို့ ကောင်မလေးထက် သာတော့ပါသွားကြတာပါပဲ.. တဲ့။


ရှမ်းကလေး (အီးမေးလ်က စာကိုပြန်တင်ပေးလိုက်တာပါ။ ရှောင်ရန်ဆောင်ရန်ပေါ့ဗျာ။ အားလုံးပျော်ရွှင်ပါစေဗျာ။)

Thursday, June 17, 2010

မိန်းကလေးများ၏ အရည်အချင်းနှင့် မမေ့သင့်သော အဖိုးတန်မှု

တစ်ခါတုန်းက

ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး
ဘုရားသခင်အား ........

"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"

ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"
ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်ကဆက်ပြောပြသည် ။

ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်းအားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ 
ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို
တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် " ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်" ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်း
ရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ်။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကို
လည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရ တောင်တာမှ သူမကပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း
သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့ ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ ....သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။

*ပုံပြင်အဆုံး*
ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက
ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်
ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။



ရှမ်းကလေး (အီးမေးလ်မှ စာအားပြန်တင်လိုက်တာပါ။)

မိန်းကလေးများအတွက် အလုဖော်ပြနည်း

ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ် အလှအတွက် အတိုင်းအတာ တစ်ခုထိတော့
ဂုဏ်ယူချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခြေအနေ၊ အချိန်အခါအလိုက် ကိုယ့်အလှတရားကို ဘယ်လောက်ပမာဏ ဖော်ပြကြမလဲဆိုတာ အဖြေခက်တဲ့ မေးခွန်းပါ။ ဥပမာ ညဖက်အိမ်ပြန်နောက်ကျတဲ့ မိန်းကလေးတစ်ယောက် ၀တ်ပုံစားပုံ အနေအထားဟာ ယောက်ျားသားတွေအတွက် အမြင်ကို အစွန်း တစ်ဖက်ဆီ ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်
ကိုယ့်အလှအပကို ရဲရဲပြ မလား၊ ချုပ်တည်းထားမလားဆိုတာ မိန်းကလေးတွေကိုယ်တိုင် ရွေးချယ် ဆုံး ဖြတ်သင့်တဲ့ ပြဿနာ
တစ်ခုပါ။

အရမ်းခေတ်ဆန်ပြီး အဖော် အဟိုက် များရင်လည်း ယောက်ျားတွေရဲ့ မျက်စိပသာဒဟာ လမ်းမှားဆီ ဦးတည် သွားနိုင်ပါတယ်။

အရမ်းလုံခြုံဖုံးကွယ်ထားရင်လည်း ဘယ်သူမှ စိတ်ဝင်စား မှာမဟုတ်သလို “ပြတိုက်ပို့ဖို့ကောင်းတယ်”လို့ ခပ်ရွဲ့ရွဲ့ အပြော
ခံရပါဦး မယ်။ ဒီတော့ မိန်းကလေးတွေဟာ ကိုယ့်အလှကို ဘယ်လောက် အတိုင်း အတာထိ ပြသင့်လဲ၊ အထူးသဖြင့်
ကိုယ်စိတ်ဝင် စားနေတဲ့ ယောက်ျားလေး တစ်ယောက်ကို သိမ်သိမ်မွေ့မွေ့လေး ဘယ်လို ဆွဲဆောင် မလဲဆိုတာ
အင်မတန် ပညာပါတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီ့ အတွက် ဗြိတိန်က သိပ္ပံ ပညာရှင်တွေကလည်း အဖြေရှာ ကြည့်ကြပါတယ်။

နောက်ဆုံးတော့ သူတို့က မိန်းကလေးတွေဟာ သူတို့ရဲ့ အရေပြား အားလုံးရဲ့ (၄၀) ရာခိုင်နှုန်း ကို ဖော်ပြတာ
အသင့်တော်ဆုံးလို့ မှတ်ချက် ပေးလိုက်ကြပြီ ဖြစ်ပါတယ်။ ဒီပမာဏဟာ အမြင်ရိုင်း မသွား စေသလို
အမျိုးသားတွေ ကို ဆွဲဆောင်ဖို့ အသင့်တော်ဆုံး အခြေအနေပဲလို့ ပညာရှင်တွေက ဆိုပါတယ်။

လိဒ်စ်တက္ကသိုလ်က စိတ်ပညာရှင် ကောလင်း ဟင်ဒရီက သူ့ရဲ့ လုပ်ဖော် ကိုင်ဖက် ခပ်ချောချော အမျိုးသမီး သုတေသီ
(၄)ယောက်ကို လိဒ်စ်မြို့က နိုက်ကလပ် (၄)ခုစီ လွှတ်ခဲ့ပါတယ်။ ၀တ်စား ဆင်ယင်ပုံ မတူညီတဲ့ အမျိုးသမီးလေးယောက်
ဟာ ကလပ်တွေရဲ့ ကပွဲခန်းမမှာ ရှိနေတုန်း ယောက်ျားသားတွေ ဘယ်နှကြိမ် ချဉ်းကပ်တာ ခံရသလဲ၊ ဘယ်လို နည်းမျိုး နဲ့
ချဉ်းကပ် တာလား၊ အမှန်တကယ် စိတ်ဝင် စားလို့လား၊ အပျော် သွေးတိုး စမ်းတာလား ဆိုတာကအစ လေ့လာ သုတေသန ပြုခဲ့ကြပါတယ်။

ယောက်ျားတွေရဲ့ ပြောစကားမှန်သမျှဟာ အဲဒီအမျိုးသမီးတွေရဲ့ လက်ကိုင် အိတ်ထဲ ဖွက်ထားတဲ့ အသံသွင်းစက်ထဲကို အကုန်ရောက်နေတာပါ။ ဒေါက်တာ ဟင်ဒ ရီက ချဉ်းကပ်မှု အခြေအနေ တွေဟာ ၀တ်စား ဆင်ယင်မှုရဲ့ အနေအထား
အလိုက် အပြောင်း အလဲရှိ တယ်ဆိုတာကို ခုနည်းနဲ့ သက်သေပြခဲ့ပါတယ်။ နာရီ(၇၀)ကြာတဲ့ သုတေ သန မှတ်တမ်းတွေ
ပြီးသွားတဲ့အခါ ပညာရှင်တွေက အမျိုးသားတွေဟာ သူတို့ စိတ်ဝင်စားတဲ့ မိန်းကလေးတွေကို အပြန်အလှန် စကားပြော
နေဖို့ထက် တွဲကဖို့ ဖိတ်ခေါ်ချင်စိတ်က ပိုများတယ်ဆိုတာ တွေ့လာ ရပါတယ်။

ဒီအချက်ဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အတူတွဲကရင်း မိန်းကလေးအပေါ် ပြောဆိုတဲ့ သွေးတိုးစမ်း
စကားမှာ မိန်းကလေးရဲ့ အ၀တ်အစားအလိုက် လေးစားတန်ဖိုးထားမှု ကွာ နေတယ် ဆိုတာ ပညာရှင်တွေက ဖော်ထုတ်
လာနိုင်လို့ပါပဲ။

ဒေါက်တာဟင်ဒရီရဲ့ အဆိုအရ ခန္ဓာကိုယ်ရဲ့ (၄၀)ရာခိုင်နှုန်းကို ဖော်ပြထားတဲ့ မိန်းကလေး တွေဟာ ယောက်ျားလေး
တွေရဲ့ ချဉ်းကပ်မှုကို တခြားသူတွေထက် နှစ်ဆလောက် ခံရသလို လေးလေးစားစား ဆက်ဆံခံရ တာကို လည်း
တွေ့ရပါတယ်။ ခုတိုင်းတာမှုမှာ ခေါင်း၊ ခြေဖ၀ါးနဲ့ လက်တွေကို ထည့် မတွက်ထားပါဘူး။ အမျိုးသမီးတွေဟာ
ရင်ပိုင်းရဲ့ (၅၀)ရာခိုင်နှုန်း၊ လက်မောင်းသားတွေရဲ့ (၁၀)ရာခိုင်နှုန်းနဲ့ ခြေထောက်တွေရဲ့ (၁၅)ရာခိုင်နှုန်းကို ဖော်ပြတာ အသင့်တော်ဆုံးလို့ ဆိုပါတယ်။

ဒီပမာဏဟာ ခန္ဓာကိုယ် အရေပြားရဲ့ (၄၀)ရာခိုင်နှုန်းလို့ သတ်မှတ်နိုင်မယ်လို့ ဒေါက်တာဟင်ဒရီက ပြောပြခဲ့ပါတယ်။ “(၄၀)ရာခိုင်နှုန်းထက် ပိုပြီးဖော်ထားတဲ့ မိန်းကလေးတွေဟာ နည်းနည်းလေး အနှောင့်အသွားမလွတ်တဲ့ သွေးတိုးစမ်း
စကားတွေ ပိုပြီးကြုံရပါတယ်”လို့ ဒေါက်တာဟင်ဒရီက ဆိုပါတယ်။ Behaviorဆိုတဲ့ ဂျာနယ်မှာ ဒီစမ်းသပ်မှုအကြောင်း
အသေးစိတ် ဖော်ပြထားပြီး အမျိုးသမီးတွေကို ချဉ်းကပ်တဲ့ အမျိုးသား အများစုဟာလည်း မပိန်လွန်း၊ မ၀လွန်းသူတေ
ွ ဖြစ်ကြပြီး အဲဒီလို ခန္ဓာကိုယ် အချိုးအစားရှိတဲ့ ယောက်ျားတွေက ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးယုံကြည် တတ်တဲ့
အကြောင်း ဂျာနယ်က ညွှန်းဆိုထားပါတယ်။

from:http://www.hikmah.info/index.php?option=com_content&view=article&id=1696:2009-11-20-06-52-15&catid=16:health&Itemid=67


ရှမ်းကလေး

Wednesday, June 16, 2010

မိဘကျေးဇူးသိတဲ့ သမီးမြတ်လေး

တရုတ်နိုင်ငံမှ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ကိုယ်တစ်ခြမ်းလေဖြတ်နေသည့် သူမရဲ့ ဖခင်ဖြစ်သူကို အချိန်ပြည့် ကြည့် 
ရှုစောင့် ရှောက်နိုင်ဖို့ သူမနှင့် အတူ တက္ကသိုလ်ကျောင်းကိုခေါ်သွားလေ့ ရှိပါတယ်...

အသက် ၂၂ နှစ်အရွယ်ရှိ ရွှီဒါဟွေး ဟာ ၀ူဟန်းဇီဝအင်ဂျင်နီယာတက္ကသိုလ်မှာ စက်မှုနှင့် လျှပ်စစ်အင် ဂျင်နီယာ ဘာသာရပ်တွေကို တက်ရောက်သင်ယူနေတာ ဖြစ်ပါတယ်လို့ ချန်ကျန်းနေ့ စဉ်သတင်းစာက ဖော်ပြခဲ့ ပါတယ်...

နေ့ စဉ်သူမရဲ့ ဖခင်ကိုဂရုစိုက်ပြုစုရ၊ မိသားစုစားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်လည်းလုပ်ရသည့် ကြားထဲကပင် ကျောင်းစာကိုပါလေ့ လာခဲ့ ရတာဖြစ်ပေမယ့် ထူးဆန်းအံ့ သြစရာကောင်းစွာ သူမဟာအတန်းထဲမှာ စာအတော်ဆုံးကျောင်းသူဖြစ်နေပါတယ်...

" ကျွန်မအတွက်တော့ ဘ၀ခရီးဟာ ကြမ်းတမ်းတယ်လို့ မထင်မိပါဘူး...မိသားစုမှာ တစ်ဥိးတည်းသော သားသမီးဖြစ်လို့ ကျွန်မသာ အိမ်ကနေထွက်သွားခဲ့ ယင် ဘယ်သူမှ အဖေ့ ကိုပြုစုမယ့်သူမရှိပါဘူး..."

လို့ သူမကပြောကြားခဲ့ ပါတယ်...
သူမရဲ့ ဖခင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ်ရှိ ရွှီချန်ရူ ဟာဦးနှောက်ထဲသွေးယိုပြီး ၎င်းရဲ့ ဘယ်ဘက်ကိုယ် တစ်ခြမ်းလေဖြတ်နေခဲ့ တာ ယခုနှစ်အဆန်းပိုင်းကတည်းကဖြစ်ပါတယ်...


သူမရဲ့ မိခင်ဖြစ်သူဟာလည်း ကျန်းမာရေးမကောင်းတာမို့ သူမကိုယ်သူမပင်အနိုင်နိုင် ပြန်လည်ဂရုစိုက် နေရတာမို့ မိန်းကလေးဟာ သူမရဲ့ ဖခင်ဖြစ်သူကို သူမနှင့် အတူတက္ကသိုလ်သို့ အတူခေါ်ဆောင်သွားဖို့  ဆုံးဖြတ်ခဲ့ ရတာဖြစ်ပါတယ်...

သူမရဲ့ ဖြစ်အင်ကိုစာနာ နားလည်ခဲ့ တဲ့ တက္ကသိုလ်က အခကြေးငွေပေးစရာမလိုပဲ သူမတို့ အတွက်နေစရာအဆောင်ကမ်းလှမ်း
ထောက်ပံ့ ခဲ့ ပါတယ်...

သူမဟာ နေ့ လည်ထမင်းစားနားချိန်တွေမှာ စားသောက်ခန်းမှာ အလုပ်လုပ်ပြီး နေ့ လည်ကျောင်းဆင်း ပြီးတာနဲ့ သုံးနာရီလောက် ရေသန့် ဗူးများနှင့် ဖုံးကဒ်များ ရောင်းရပါတယ်..

သူမဟာ နေ့ စဉ် နံနက် ၅ နာရီမှာအိပ်ယာကထရပြီး စားသောက်ဖို့ ဝယ်ခြမ်းရပါတယ်...ပြီးတာနဲ့ သူမရဲ့ ဖခင်နှင့် အတူ ကျောင်းကိုရောက်ဖို့ တစ်နာရီလောက်ကြာအောင်သွားရပါတယ်...

ညနေအိမ်ပြန်ရောက်တာနဲ့ သူမဟာ ချက်ပြုတ်ပြင်ဆင်ပြီးတာနှင့် ဖခင်ကို မိနစ်သုံးဆယ်လောက်ကြာ အောင် နှိပ်နယ်ပေးပြီး အိပ်ပျော်စေရပါတယ်...

ထိုအရာတွေအားလုံးပြီးမှ သူမရဲ့ ကျောင်းစာများကို ကျက်မှတ်ဖို့ အချိန်ရတော့ တာဖြစ်ပါတယ်...

မိဘကျေးဇူးသိတတ်တဲ့ မိန်းကလေးအကြောင်းဖတ်ရတာ ကြည်နူးရသလို့ သူမရဲ့ ဘ၀ကိုအရှုံးမပေးပဲ ကြိုးစားမှုကိုလည်းလေးစား
မိပါရဲ့ ....

ခေတ်ပေါ်အသုံးအဆောင် ( အ၀တ်အစား၊ မိုဘိုင်း စတာတွေ ) နှင့် အပျော်အပါးကို စိတ်ထဲမှာမထားပဲ လောကဓံကိုကြံ့ ကြံ
့ခံနိုင်တဲ့ သူမရဲ့ စိတ်ဓါတ်ကို ယနေ့ လူငယ်တွေ အတုယူနိုင်ကြပါစေ...ဘ၀မှာ အဲဒီ အသုံးအဆောင်တွေမရှိလည်း ဘာမှမဖြစ်သွားဖူးဆိုတာ သိသူအဖို့ ကတော့ စိတ်ထဲမှာ လိုချင်မှုတွေ နည်းနေမှာ အမှန်ပါပဲ...

ရှမ်းကလေး (အီးမေးလ်က စာပါ။ စာဖတ်သူများအနေနဲ့ လဲ ဘ၀ကို တိုက်ခိုက်ရာမှာ အင်အားဖြစ်စေလို၍တင်ပေးလိုက်ပါတယ်။)

ဆရာနှင့် ကျောင်းသား

၁)
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊

"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ
နေမိတာကို မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင်တော့ပါဘူး...

နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်

"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.
ဦးမှပဲ" ... သူကတော့ မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်....

ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား"
လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်

(၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က" တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက
ရေးပြီး ဆရာ့ရှေ.ကို ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။ ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး... နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက ရေးပြီး

"စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision လို.ခေါ်တဲ့ ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ"...

ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...ဒါပေမဲ့ ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကို
ပြတာကိုး... ဒီနေရာမှာ သတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က "က" လို. မြင်ရအောင် သူက "ယ"
လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ ရေးလိုက်ပြီး ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...

အချို.သော ကိစ္စရပ်တွေမှာ သူ.ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို. စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ.ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို သူနားလည် လက်ခံနိုင်လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကို ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ. ကြည့်ပြီး ဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...

(၃)
ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက
ကျောင်းသားကို ဆုံးမဖို. လက်ယပ်ခေါ်လိုက်တယ်... ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားက ရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို. တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး ထိုင်ချလိုက်ပါတယ်...အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...ဒါဟာ misunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body Language
လို.ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ် စကားပြောဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်...

အဆိုးဝါးဆုံးကတော့ အထက်ကဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion) ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို
တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား နားလည်သုံးသပ်မိတာတွေပါပဲ၊ ဘယ်ဘာသာစကားနဲ. ပဲပြောပြော ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ. ပြောတယ်ဆိုတာကို
အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင် ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်...

(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ဒီလိုပြောပါတယ်..."မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ" ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ ဆရာခိုင်းတဲ့
အတိုင်းလိုက်လုပ်ကြပါတယ်...

အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး... "အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်... ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်းနားထင်ကို လိုက်ထောက်ကြပါတယ်...ခဏနေမှ
သူတို.မှားသွားမှန်း အားလုံးက သဘောပေါက်လိုက်ကြပါတယ်... "ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"

ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်... တပြိုင်တည်းလို. ထင်ရပေမယ့်
တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို အရင်ရောက်သွားတဲ့ သဘောပါ...အမြင်အာရုံဟာ အလင်းကို အခြေခံပြီး
အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက် ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...
ဒီသဘောတရားလေးကို ကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ. သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင် ကိုယ်ပြောမယ့်စကား အရာထင်မှာပါ...

သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး မျက်နှာက ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ... အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့် မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ်ထုတ်ပစ်မယ် ဆိုတဲ့
ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...

အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ...လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင်သူ.ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်...

(၅)
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို. မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်...

"အဖြူရောင်ပါ ..."

ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို. မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက
အဖြူရောင်ပါလို. ဖြေကြပါတယ်..."အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ ကပ်ပြီး
ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသားအားလုံး ဖြေရန် စွံ.အ သွားပါတော့တယ်...

ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့ေ၀၀ါးဆန်းပြားမှုကို တွေ.မြင်နိုင်ပါတယ်.... လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့...
သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း မရှိသလို အစစ်အမှန်ဆိုတာလည်း မရှိနိုင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို
ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ
တကယ့်အရှိတရား (Being) မှာပဲ စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး
မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...

(၆)
ဆရာက မေးပါတယ်...

"အဖြူမဟုတ်ရင် ဘာလည်းကွ"

အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...တစ်ကယ်က

"အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ"

ကျနော်တို.လည်း လူ.လောကထဲက ပြသနာရပ် တော်တော်များများမှာ အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability)
များစွာကို မစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View) တွေကိုသာ ရုတ်တရက် စဉ်းစားမိတတ်ကြပါတယ်...ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ.အခြားလူ ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ
မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်...

ကိစ္စရပ်တိုင်းမှာ ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံ စဉ်းစားနည်း (The Way Of Thinking) အပေါ်
မူတည်ပြီး အဖြေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေ ကို နားလည်ထားရပါမယ်...

"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့်
ဘယ်သူ.ရဲ့ လမ်းကြောင်းက ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ...

ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး
နေနိုင်ဖို. သိမိသမျှ၊ဖတ်မိသမျှ၊ ကျင့်ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...

ကျော်စိုးလင်း


ရှမ်းကလေး (သူငယ်ချင်းစာအားပြန်၍မျှဝေလိုက်ပါတယ်ဗျာ)

အချစ်နဲ့  အိမ်ထောင်ရေး

အချစ်ဆိုတာ အစမှာချိုမြိန်တယ် ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်။ သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ် ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်။

သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်နှိုင်းယှဉ်နေမယ် သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကို သင်သိလား။

အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှ ရွေးကောက်နေတာ။

မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့ ဆိုရင် ဘယ်ပြီးတော့မလဲ။

ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင် ကျောက်ခဲက အဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။

ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..

မှားတယ်..

ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်

စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့ လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့စကားသံ

“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူက ပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါပေးတယ်၊ ခုဆိုရင်
သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”

ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်… သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာကြေငြာနေတလိုပါပဲ……

နောက်တစ်ခုပြောချင်သေးတယ်

ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး စားပြီးပြီလားမေးလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရော ဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့ မမြင်ချင်ယောက်ဆောင်တယ်။

အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာကော ဘာကြောင့်ပါလဲ….

ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။

သူတို့ကို အားမကျဘူးလား…..

လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး

လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊ တစ်ယောက်အတွက်တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။

လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။

အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင် တလောကလုံးသိအောင် ကြေငြာထားတာပါ။

အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။

နောက်ဥပမာတစ်ခုက…ချစ်သူရည်းစားချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။ ကောင်မလေးက မထင်မှတ်တဲ့ ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။

ဒါကို ကောင်လေးက “အမြဲနောက်ကျနေတ်ာပဲ ဒီလိုစောင့်နေရတာ ငါစားချင်စိတ်တောင်မရှိတော့ဘူး။”လို့ပြောတော့
ကောင်မလေး ရင်ထဲမှာ အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့ သူ့မှာအင်အားမရှိတော့ဘူး။

ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို “အလုပ်များနေလို့လား အဆင်ပြေသွားပြီလား”ဆိုပြီး မိုးစက်လေးတွေကို
သုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲကွယ်။

နားလည်ပေးပါ……….

အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…

တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။

တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။

တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။

အမှားသိပြီး ပြင်တတ်ရမယ်။ယုယရမယ်။

လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။

ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။

အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။

မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။

ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။

မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။

အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။

သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟုတ်။

သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။

အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို အချိန်မရွေး လွတ်လို့ရတာမဟုတ်………………..

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။

အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။

လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။

လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။

အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။

အကောင်းဆုံးကိုရဖို့မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။

ရှမ်းကလေး..(အီးမေးလ်ကစာအားပြန်၍တင်ပေးလိုက်ပါတယ်။)

Saturday, June 12, 2010

တိတ်တခိုးအချစ်

စတင်တွေ့ ချိန်က အမှုမဲ့စွာနဲ့ 
မင်းအလှလေးမှာ
ငါ့နှလုံးသားက ငါ့ကိုခွင့်မပန်ပဲ
မင်းကိုချစ်သွားတယ်။

မျက်လုံးချင်းဆုံတော့ နှစ်ယောက်လုံးရှက်သွား
အပြုံးများဆောင်ကာ မျက်နှာလွဲဖူးတယ်။

တံခါးအကွယ်မှာ နှစ်ယောက်သားခိုးကြည့်
ဘာမှမပြောမိပဲ ရင်ခုန်ခဲ့သေးတယ်။

ရက်တွေလွန်သွားတော့
အိမ်ဘေးကဆိုင်မှာ ကိုယ်ပြန်ချိန်လာတိုင်း
အမှုမဲ့စွာနဲ့  မင်းအမြဲရောက်တယ်။

ရှက်စိတ်တွေနဲ့ ကွာ မျက်လုံးမဆိုင်ပဲ
တံခါးအကွယ်မှာ မင်းလေးမသိအောင်
အမြဲခိုးကြည့်တယ်။

ရံဖန်ချိန်များမှာ
မင်းမရှိလေတော့ မင်းအလာစောင့်ရင်း
ကျောင်းနောက်ကျခဲ့လို့  အပြစ်ပြောခံရတယ်။

အဲဒီတုန်းကလေ
မင်းကိုချစ်ပေမယ့် ဘ၀အနာဂတ်တွက်
အောင်မြင်ချင်လွန်းလို့  အပတ်တစ်ကုတ်ကို
ကျိုးစားနေမိတော့
ခံစားချက်ကိုမြို ဘ၀ကိုရှေ့ ထား
စာကိုသာတစ်အား ကျိုးစားခဲ့မိတယ်။

ရင်ကခံစားချက် မဖော်ခဲ့မိပဲ
သူစိမ်းတွေလိုသာ ဆက်ဆံခဲ့တယ်ကွာ။

ခုချိန်မှာတော့

အခွင့်သာကြုံလို့  ပြန်သာဆုံမိရင်
ချစ်တဲ့စကားကို ရဲဝဲ့မှုတွေနဲ့ 
ရက်တွေကိုတွက်ပြီး သက်သေကိုထူကာ
ရင်ကော့ခေါင်းမော့ပြီး
မင်းကိုချစ်ကြောင်း ကိုယ်ပြန်ပြောင်းပြောမယ်။


လေပြေ

အထီးကျန်

လေးထောင့်အခန်းမှာ
ခံစားချက်မဲ့စွာ
နေ့ ရက်များဖြတ်ရင်း
အထီးကျန်စွာနဲ့ 
အဖော်မပါပဲ
ဖြတ်သန်းခဲ့မိတယ်။

နေ့ စဉ်ရက်တိုင်းမှာ
အဖော်ကမပါ
အထီးကျန်မှုကို
အဖော်တွေပြုရင်း
ဂစ်တာအိုလေးနဲ့ 
သံစဉ်မညီတဲ့
ချစ်သီချင်းများကို
တီးမိနေလေတော့
ရင်မခံနိုင်စွာ
ပိုလို့ ဆွေးမိတယ်။


လေပြေ