Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, October 24, 2010

ရှောင်ရန်ဆောင်ရန်

ယောင်္ကျားလေးများအားသတိပေးချက်

(၁၀)ချက်



၁။ အရမ်းတော်တဲ့မိန်းကလေးဆိုရင် အရမ်းမချောဘူး၊ ချောပြန်တော့လည်းမတော်ပြန်ဘူး၊ ချောလည်းချော
တော်လည်းတော်ပြန်တော့သူရဲ့အကျင့်ကသင့်ကိုစိတ်ကုန်စေတယ်။ မိန်းကလေးတွေလည်းယောက်ျားလေး
တွေလိုပါဘဲ ပြည့်စုံတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။

၂။ မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုချစ်တယ်မချစ်ဘူး ဆိုတာဘယ်သိပါ့မလဲ။ ဘယ်လိုပဲပြောပြောနတ်သမီးမဟုတ်ဘူး မိန်းကလေးကမိန်းကလေးပါပဲဘယ်လိုသိနိုင်မလဲ။

၃။ သူချွဲနွှဲ့ပြောရင် လျစ်လျှူရှူထားမယ်ဆိုရင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။

၎။ သူရဲ့နူးညံ့သိမ်မွေ့တဲ့အချက်လေးတွေကို ဖော်ထုတ်ပြီး အရေးပေးပါ။

၅။ အင်္ကျီသစ်ဝတ်ချိန်မှာ၊ သင့်လျော်သလိုမြောက်ပြောပေးပါ။ မလုံ့တလုံတွေဝတ်ရင်လည်း ဒါမ၀တ်ရဘူးဆိုပြီး
အတင်းမပြောပါနဲ့ ဒီအင်္ကျီငါ့အရှေ့မှာပဲဝတ်ရမယ်လို့ပြောရင် မိန်းကလေးတွေ နားလည်ပါတယ်။

၆။ မိန်းကလေးမှာလဲ မာနရှိတာမို့ ငါ့အလုပ်လာမရှုပ်နဲ့ဆိုပြီးမဟောက်ပါနဲ့။

၇။ သူတစ်ယောက်တည်းနေနေတဲ့အချိန်မှာ နင်ဘာဖြစ်နေတာလဲ ဆိုပြီးမမေးပါနဲ့personal space လေးထား
ပေးပါ။

၈။ သူ့မှာလဲယောက်က်ျားလေးသူငယ်ချင်းရှိပါတယ်။ မိန်းကလေးတွေဟာချစ်ခြင်းနဲ့ ခင်မင်ခြင်းကို ပိုခွဲခြား
တတ်ပါတယ်။

၉။ တစ်ယောက်တည်းအပြင်မသွားပါနဲ့ ဘယ်လောက်ပဲ ယုံကြည်ချက်ရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် စိတ်အား
ငယ်တတ်ပါတယ်။

၁၀။ သ၀န်တိုတာဟာမိန်းကလေးရဲ့သဘာဝပါ။ ဒါပေမဲ့ သ၀န်တိုတာများသွားရင်သူနာကျင်ခံစားရလိုက်မယ်။
သူ သင့်ကိုဘယ်လောက်ပဲချစ်ချစ်သင့်အနားကသူထွက်ခွါလိမ့်မည်။



ယောင်္ကျားလေးများအား ခွင့်လွတ်သင့်သောအချက် (၁၀) ချက်



၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။ကောင်လေးတွေဟာ အသဲကွဲ
နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကိုအရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး
လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့သူတစ်ညလုံးစဉ်းစားထား
တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား"သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့ကဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင်လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေ
ကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် Whitelie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့
အတွက်ပါ။

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။


ရှမ်းကလေး (အီမေးလ်ကစာအားကြိုက်နှစ်သက်လို့ ပြန်တင်ပေးတာပါ။ အိမ်ထောင်ရှိနေတဲ့သူတွေအတွက်လဲ
အသုံးဝင်မယ်လို့ ထင်ပါတယ်)

Friday, October 22, 2010

ကျနော်တို့ ရွာက သီတင်းကျွှတ်

“သြော်..ဘာလိုလိုနဲ့  သီတင်းတောင်ကျွှတ်လို့  သီတင်းကျွှတ်ပွဲကြီးတောင်ရောက်နေပါလား”...ဆိုပြီးထထခြင်းအသိ
တရားကြီးက၀င်လာပါသည်။

မနက် ၄ ရာနီမှာဆိုရင် အဘွားက ဘုရားစင်ရှေ့ မှာထိုင်ပြီးတရားစာရွှတ်နေမှာပဲ။ ကျန်တဲ့လူတွေတော့ ချက်ပြုတ်နေ
မှာပေါ့လေ။ ဘုရားစင်မှာဆွမ်းကပ် ပြီးရင်..အိမ်စောင့်နတ်၊ ခြံစောင့်နတ်တွေကို ထမင်း၊ဟင်း၊ သရေစာတွေနဲ့ ပူဇော်
အုန်းမှာပါလား။

မျက်နှာသစ်၊ ရေမိုးချိုးပြီးရင်တော့ အ၀တ်အစားသစ်တွေကိုလဲဝတ်ပြီးတာနဲ့  ဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်ပါ
တယ်။ အိမ်ရှေ့ ကိုထွက်လိုက်တာနဲ့ ပဲ၊ ကလေး၊လူငယ်၊လူကြီးမကျန်...၀တ်ကောင်းစားလှများကိုဝတ်ဆင်ကာ ပူ
ဇော်၊လှူဒါန်းရန်ပစ္စည်းများကိုယ်စီသယ်ဆောင်၍ ဘုန်းကြီးကျောင်းသို့ သွားနေသည်ကို တွေ့ ရပါတယ်။

ကျနော်လဲ..လုပ်နေကျအတိုင်းပင်...ဘုန်းကြီးကျောင်းတွင် သီလ၊ဥပုဒ်စောင့်မည့်..အဘွားများအတွက် အိပ်ရာ၊ ခြင်
ထောင်များကို သယ်ဆောင်ကာ ဘုန်းကြီးကျောင်းသို့ သွားလေ၏။ ဘုန်းကြီးကျောင်းရောက်လျှင်၊ ပထမဆုံးအနေ
ဖြင့်၊ ဘုရားဆီမီးပူဇော်ကာ ဆွမ်းကပ်သည်။ ၄င်းနောက် စေတီသို့ သွားကာ ဆီမီးပူဇော်၏။

ထိုအမှုအရာများပြီးသွားပြီဆိုရင်တော့ ဘုန်းကြီးကို သွားရောက်ကန်တော့မည်။ ကန်တော့ပြီးလျင်၊ ဘုန်းကြီးကျောင်း
၌လာရောက်ဥပုဒ်စောင့်သော ရွာတွင်းမှ သက်ကြီးရွယ်အိုများကို ပစ္စည်းပစ္စယများဖြင့် ပူဇော်လေသည်။

ဒါတွေက သီတင်းကျွှတ်တိုင်းလုပ်နေကြ။ ကန်တော့လို့ ပြီးစီးသွားရင်တော့၊ ကာလသားတွေရဲ့ ထုံးစံအတိုင်းပါပဲ၊
ဘုန်းကြီးဆီက လှူဒါန်းထားတဲ့ ပစ္စည်းတွေကိုပြန်စွန့် ပြီး စားသောက်ပါတယ်။ စားသောက်ပြီးလို့ ..ခဏနေရင်
တော့ဘုန်းကြီးတွေပို ပင့်ပြီး..တစ်ရွာလုံး၊ တရားနာပါတယ်။

တရားနာပြီးရင်တော့..အိမ်ကိုပြန်ပြီး၊ ချက်ပြုတ်ကြလေတယ်။ ကာလသားတွေကတော့ အချိန်ရှိတုန်း၊ ကာလသား
ခေါင်း၏အိမ်ကိုသွားပြီး မီးပုံးပျံတို့ ၊ မီးရှူးမီးပန်းတွေကို ကူလုပ်ရပါတယ်။ မီးပုံးပျံက အမြင့်ကြီးတက်ပြီး၊ အဝေးကို
ရောက်တယ်၊ မီးရှူးမီးပန်းတွေကလှပပြီး ကြာရှည်ခံတယ်ဆိုရင်...မျက်နှာပန်းလှပေသကိုး။

ရွာမှာကလဲ၊ ကာလသားမီးပုံးပျံ၊ ကာလသမီးများ မီးပုံးပျံ၊ ဘုန်းကြီးများ၏ မီးပုံးပျံ၊ အိမ်ထောင်ရှင်များ၏ မီးပုံးပျံဆိုပြီး
နှစ်စဉ်ပြိုင်နေရတာကလဲ အမောသားပေကလား။ ကူညီလို့ ပြီးသွားလို့  ၁၁း၃၀ ဆိုရင်တော့ ဥပုဒ်သည်များကို
ထမင်း၊ဟင်းနဲ့  သွားရောက်ပူဇော်ပါတယ်ဗျာ။

ဥပုဒ်သည်များစားပြီးတဲ့အချိန်ထိစောင့်ပြီးရင်တော့ ပြန်လည်သိမ်းဆီးပြီးအိမ်ကိုပြန်လာတယ်။ အဲချိန်ရောက်မှပဲ ကျန်
တဲ့သူတွေက ထမင်းစားကြပါတယ်။ စားပြီးရင်တော့ ဘုန်းကြီးကျောင်းကို ပြန်သွားပြီး၊ ထင်းရှူးပင်လုပ်တာတွေကို
ကူညီရပါတယ်။ (ထင်းရှူးပင်ဆိုသည်မှာ အိမ်တိုင်းမှလာရောက်ပို့ သော ထင်းရှူးများကို တိုင်ကဲ့သို့ ပြုလုပ်ခြင်းဖြစ်၏)
ထင်းရှူးတိုင်တွေကို ဘုန်းကြီးကျောင်းပတ်လည်မှာ ထူပြီးရင်တော့ မနက်နဲ့  နေ့ လည် အစီအစဉ်များကုန်ဆုံးလေပြီ။

ထို့ နောက် ကျနော်တို့ လုပ်လေ့လုပ်ထရှိသည်မှာ..နိုင်ငံတော်အာဏာကို ဖြီဆန်ပြီး ပျောက်အိုးဖောက်ခြင်းပင်ဖြစ်ပါ
သည်။ (ငယ်ငယ်တုန်းကပါ ခုတော့မလုပ်ရဲပါဘူး။ ကလေးမဟုတ် ကုလားမဟုတ်လို့  အပြောခံရလို့ ၊ ရှက်တာလဲ
ပါတာပေါ့...ကလေးဘိုလုပ်လို့ မရတော့တဲ့ အရွယ်ပါလားဗျာ)

ညနေစောင်းပြီဆိုရင်တော့....ရေမိုးချိုး၊ အ၀တ်အစားများလဲကာ..ဘုန်းကြီးကျောင်းသို့ သွားကြလေမည်။ အမှောင်
သန်းလာသည်နှင့် ထင်းရှူးပင်များကို မီးညှိပါတော့သည်။ ထိုအခါ ထင်းရှူးတိုင်၏ အလင်းရောင်သည် ကျောင်းဝင်း
တစ်ခုလုံးအား..လင်းကျင်းစေလေသည်။

ဘုန်းကြီးကျောင်းတွင်...ရွာသားအားလုံးလိုလိုပင်ရောက်နေလေတော့...စည်စည်ကားကားပင်ဖြစ်နေ၏။ ၄င်းနောက်
တွင်..မီးရှူးမီးပန်းများကိုစတင်လေသည်။ မီးရှူးမီးပန်းမှ ထွက်လာသော မီးပန်းများသည် အလွန်မြင့်သဖြင့် ဘုန်း
ကြီးကျောင်းခေါင်မိုးထက်ပင်ရောက်လေသည်။

မီးပန်းများစတင်သည်နှင့် ရှမ်းအိုးစည်များကိုတီးခတ်ပါသည်။ ရှမ်းအိုးစည်အသံများ၊ မီးရှူးမီးပန်းများနှင့် စည်စည်
ကားကားဖြစ်နေသော လူအုပ်ကြီးအားကြည့်ရသည်မှာ ပနံသင့်တယ်လှပါပေသည်။ မီးရှူးများသည် ၁၀ ကျော်ရှိ
သဖြင့် အချိန်ယူသော်လဲ ပရိတ်သတ်များမှ ရင်သပ်ရှူမောစွာဖြင့်ပင် ကြည့်ရှုလေသည်။

မီးပန်းများပြီးလျှင်..မီးပုံပျံများကို စတင်၍လွှတ်ပါသည်။ မီးပုံးပျံများလွှတ်ချိန်တွင်..တစ်ရွာတည်းမှ လွှတ်သည်မဟုတ်
သဖြင့် ကောင်းကင်တစ်ခွင်လုံးတွေ မီးပုံးပျံများဖြင့် ကြည့်ရှုရသည်မှာ အလွန်ပင်လှပလေသည်။ မီးပုံးပျံများ အလွန်
ပင်များပြားသဖြင့် သတင်းကျွှတ်ညတွင် မီးပုံးပျံနှင့် ကြယ်များကို ပင်ခွဲခြား၍ရပေမည်မဟုတ်ပါ။ ထို့ အပြင် မီးပုံးပျံ
များတွင်...ငွေ၊ ဖိနပ်၊ စာအုပ် စသည်များပါချိတ်ဆွဲထားသဖြင့်...နောက်နေ့ တွင်..မီးပုံးပျံများရှာဖွေကာ ၀င်ငွေရှာ
သောသူများပင်ရှိနေသေးသည်။

ဤသီတင်းကျွှတ်ညတွင် ဘုန်းကြီးကျောင်းများ၌ ရွာတွင်းမှလူများပင်မဟုတ်ပဲ..တခြားနေရာများမှ ဆီမီးပူဇော်သော
သူများရှိတတ်သေးသဖြင့်ပို၍စည်ကားတတ်သည်။ ဆီမီးပူဇော်သည်ဆိုမှာ..တခြားဘုန်းကြီးကျောင်းသို့ သွားကာ
ဆီမီးပူဇော်ခြင်းဖြစ်သည် (ဆီမီးတစ်ထောင်ပူဇော်ခြင်း)။ မီးပုံးပျံလွှတ်သည့်အချိန်သည်..ရွာတွင်းမှ ဆီမီးသွားရောက်
ပူဇော်သောလူများပြန်လာမှပင် လွှတ်တတ်ကြလေသည်။

မီးပုံးပျံများလွှတ်ပြီးလျှင်...ဥပုဒ်စောင့်သူများအား မနှောင့်ယှက်လိုသဖြင့်..ကိုယ်စီဆိုင်ကယ်လေးများကိုစီးကာ မြို့ 
တွင်းသို့ သွားရောက်လည်ပတ်ပါသည်။ (မြို့ လယ်သို့ ဆိုင်ကယ်ဖြင့် ၅ မိနစ်အချိန်ယူလေသည်။) မြို့ တွင်းတွင်လဲ
ဆီမီးပူဇော်သူများဖြင့်စည်ကားနေသလို...နေရာတိုင်းတွင်လဲ..မီးပုံးများထွန်းညိထားသဖြင့် ထိန်ညီးကာ..ရှုမငြီးနိုင်
အောင်လှပပါသည်။

ုထိုထိုသော..အကြောင်းများကို စဉ်းစားမိကာ..“အင်း..သူများနိုင်ငံရောက်နေတော့လဲ..သတိရလွှမ်းဆွတ်ရတာနဲ့ ပဲ
သင်းသိမ်ရောင့်ရဲနေရပါလား” ဟု တွေးမိသဖြင့်..၀မ်းနည်းမိသော်လဲ..ရွာမှလူများပျော်ရွှင်ပြီး..အူမြူးနေမည်ကို
ပြန်သတိရသဖြင့်..၀မ်းသာရပါသည်။ ထို့ နောက်..ထသည်ဆိုသော်လဲ လှဲလှောင်းကာအတိတ်မှပုံရိပ်များကို
ပြန်လည်စဉ်းစားခြင်းမှ ဖြတ်လိုက်ပြီး..ထလိုက်လေတော့သည်။


ရှမ်းကလေး (သီတင်းတော့ကျွှတ်ပြီ စာဖတ်ပရိတ်သတ်တို့ ရေ...ကိုယ်ပဲ ကျွှတ်ဖို့ ကျန်နေအုန်းမယ်နော်..)

ရယ်စရာလေးများ











Thursday, October 21, 2010

ခရီးသွားအတွေ့ အကြုံ

ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ဧည့်ခန်းမထဲမှာ မန္တလေးကိုသွား
မယ့် လေယာဉ်ကို ကျွန်တော် စောင့်နေခဲ့တယ်။ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။
ဧည့်ခန်းထဲမှာရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။

အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက်ဆက်နေ
တယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေး
ကလည်း တယ်လီဖုန်း ဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀လောက် ကြာမှ နောက်တစ်ယောက် အလှည့်
ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်းဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကိုနားမလည်နိုင်အောင် ဖြစ်နေပုံ
ရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ”လို့ ခံစားရတယ်။

သည်လိုနဲ့ မန္တလေးကို သွားမယ့် လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကို တက်ဖို့“စပီကာ”က ကြေညာပါ
တယ်။ မန္တလေးကို သွားမယ့် ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့
ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာ
ဖြစ်တယ်။ လူတွေဟာဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေကအေးအေး
ဆေးဆေးပါပဲ။ တိုးဝှေ့ တက်တဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်။

သည်လိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်နားအပေါက်ကကျွန်တော်တို့ တက်ရ
တယ်။ သည်လိုပါပဲ… လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ
တိုးဝှေ့တက်ခဲ့မှန်းကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲ ဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။
သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ် တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ် တက်ပြီးလို့ ၁၀ မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေကလက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။
အအေးလား။ ကြိုက်ရာ သုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီလိုက်ပြီး ဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့လေယာဉ်မယ်လေးတွေက တစ်တန်းပြီး
တစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ကျွန်တော့်ရဲ့ ခုံနားလည်း ရောက်ရော ကျွန်တော်က ကော်ဖီ
တစ်ခွက်ကိုလှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူး တစ်ဘူးကို လှမ်းယူလိုက်တယ်။

တကယ်တော့အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင် ယူရမှာ။ကျွန်တော်က
အတွင်းဖက်က ခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့်ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်
တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားကစကားတစ်ခွန်း ပြောတယ်။

“After you”

အဲ့ဒီစကားကို ကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်းကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ… ပြီးနောက်။

you ဆိုတာ… သင်၊ မင်း၊ နင်၊ ရှင်။

သည်တော့… “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကိုဦးစားပေး”ပါတယ်။ “မင်း အရင်လုပ်”ပါ။
ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ်စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့…။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့…။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့…။

ငါအဆင်ပြေဖို့…။

“After me”….

“After me”….

“After me”….

ငါပြီးမှ မင်း…။ ငါအရင်…။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

သည်အကြောင်းကို အိမ်ရောက်တော့ အဖေနဲ့ အမေကို ပြောပြမိတယ်။ အမေ ပြောတဲ့စကားဟာမှတ်သားလောက်
ပါတယ်။

“After you ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့
ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကိုအရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ… မင်း
အဖေဟာလည်း သူရှာလို့ရတဲ့ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။
“After you” ပေါ့ကွယ်။

မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆို
တော့တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာဦးစားပေးခြင်းသဘောအ
ပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေပါနေတယ်။ အတ္တနည်းခြင်း သဘောတွေပါဝင
်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာအများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ကလေးတွေမှာဖြစ်တတ်ကြတယ်။ “After me”
ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။
“ အသက်တွေ ကြီးလေလေတပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။

“အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After
me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာအများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်း
ပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်းမိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူ
ငယ်ချင်းဆိုရင်လည်းသူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့်လူကြီး
လူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်”

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you”သမားတွေများလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”။

ကိုယ်ကလည်း သူ့အပေါ် “After you”။

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you”

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ထူထောင်ကြရအောင်ဗျာ။



* ဦးကောမလ*

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (University of Kelaniya)
*
မကုဋာရာမ မြန်မာကျောင်း
ကိုလံဘိုမြို့
သီရိလင်္ကာနိုင်ငံ။*

Wednesday, October 13, 2010

ခရီးသွားမှတ်တမ်း= ရန်ကုန် ၅ (လေဆိပ်)

နောက်ဆုံးတော့လဲ..မြန်မာပြည်မှာနေဖို့  ကံဇာတာမပါဘူးထင့်...ထုံးစံအတိုင်းပင်အထုတ်များကိုဆွဲကာ..တက္ကစီ
ကားကိုစီးပြီးရန်ကုန်လေဆိပ်သို့ ဦးတည်လိုက်ပါသည်။

ပြင်ပကိုမထွက်ခင်..လုပ်ရမယ့်အရာများကတော့ဗျာ..D Form လုပ်ရမယ်..ဆိုင်တွေမှာလုပ်ပေးပါတယ်။ ကိုယ့်
ခရီးသွားစာအုပ်(မိတ္ထူ)၊ ထုတ်ပေးတဲ့နေ့ ၊ ကုန်ဆုံးမယ့်နေ့ ၊ မှတ်ပုံတင်နံပတ်၊ အဖ အမည် စတာတွေကိုပေးရပါ
တယ်။ပြီးတော့ လုပ်ခက ၁၅၀၀ ထင်ရဲ့ ...ဘဏ်မှာငွေပါသွင်းပေးပါတယ်။ ပြီးတော့ ၁ နာရီလောက်ဆိုရင်ရပါပြီ။

ကျန်တာကတော့ လေယာဉ်လက်မှတ်ပေါ့ဗျာ။

ကားကလေးဟာ လှိမ့်ကာလှိမ့်ကာနဲ့  လေယာဉ်ကွင်းရောက်ခါနီးလေရင်ခုန်လေပါပဲ။ ဘာများပြန်ကြုံအုန်းမလဲလို့ 
ပါ။ လေယာဉ်ကွင်းဝင်ကြေးကို ၂၀၀ ပေးရပါတယ်ဗျာ။ (ပြန်ရတဲံအကြွေကို လွယ်တဲ့နေရာမှာ သိမ်းထားဗျ)။

ကားပေါ်ကဆင်းပြီးအထုတ်တွေဆွဲထုတ်လိုက်ပြီး..ပလက်ဖောင်းပေါ်လဲရပ်လိုက်တော့..ခရီးသွားမယ့်သူတွေက
ဟိုတစ်စု၊ ဒီတစ်စုနဲ့  နေကြတော့ ကျနော်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်ဗျာ (ကြောင်ပဲကြောင်နိုင်
တယ်လို့ တော့မထင်ပါနဲ့ လေ..အရင်က ကြိုပို့ ပေးတဲ့လူရှိတာကိုး)။ လေယာဉ်ကွင်းကပဲမဖွင့်သေးတာလား?
ဒါမှမဟုတ်ဘာများဖြစ်နေကြလဲလို့ ပေါ့။

လူတွေကလဲတစ်ကယ်ဗျာ..၀င်တာလဲမဟုတ်..ပြီးတော့အပေါက်ဝမှာ စုပြီး၊ပိတ်ရပ်နေကြတယ်။ ကိုယ်လဲဖြစ်ချင်
တာဖြစ်ဆိုပြီးတော့..လူကြားထဲတိုးကြိတ်ပြီးဝင်လိုက်တော့..တံခါးကဖွင့်ထားတယ်..၀င်လို့ လဲရတယ်။ အင်း..မိ
သားစုတွေနဲ့ များ နှုတ်ဆက်နေလို့ ထင်ရဲ့ ..အပြင်မှာစုနေကြတာ။ အဲ..တစ်ချို့ ကလဲ..အတွင်းဝင်ခွင့်ကဒ်တွေလုပ်
နေလို့  တံခါးကိုပိတ်လိုက်သလိုဖြစ်သွားတာကိုး။

အထဲကိုရောက်တော့ အိတ်တွေကိုစစ်ဖို့ စက်ထဲကိုထည့်လိုက်တယ်။ လွယ်လွယ်နဲ့ ပြီးသွားတယ်။ အဲမှာပဲ..လူ
တစ်ယောက်ကို ရဲကမပေးသွားဘူးဆိုပြီးတော့ ရစ်နေတာတွေ့ ရသေးတယ်။ စိတ်ထဲမှာတော့ ဘုရားစာတွေ
ကြိတ်ပြီးရွှတ်နေတာပေါ့ဗျာ။

စာဖတ်သူတို့ ရေ..လေယာဉ်ကွင်းကအခွန်ဆောင်ဖို့ လဲ မမေ့နဲ့ ဗျ။ ၃၀၀၀ ပေးရတယ်။ ပြင်ပကိုသွားမှာပဲဆိုပြီး
တော့ မြန်မာငွေမဆောင်လို့ မဖြစ်ဘူးနော်။ လေယာဉ်ပေါ်မရောက်မချင်း..သုံးနေရတာ။ အခွန်ဆောင်ပြီးတာနဲ့ 
လေယာဉ်လက်မှတ်ကောင်တာကိုသွားပါတယ်။

ကျနော်ထင်တာက..လေယာဉ်လက်မှတ်နဲ့  ခရီးသွားစာအုပ်ပေးလိုက်ရင် တံဆိပ်တုံးထုပေးမယ်၊ ပြီးရင်ကိုယ်က
မ.ယ.က ကိုယ်ဖြတ်မယ်ပေါ့နော်။ ဘယ်ဟုတ်မှာလဲဗျာ..သူက..လူဝင်မှုကြီးကြပ်ရေး (မ.ယ.က)လိုပါပဲ..စာအုပ်
ကို..ဟိုလှန်..တီလှောနဲ့ စစ်ဆေးပြီးတော့..မေးခွန်းတွေမေးပါတော့တယ်။

့ဟိုလူနဲ့ သိလား၊ ဘာတော်လဲ? ဆိုတာတွေပေါ့။ ဘူးတစ်လုံးခံ အိုတောင်မဆင်းရဲ ဆိုတဲ့အတိုင်းဘူးခံပေးလိုက်
တယ်။ (တကယ်လဲမသိပါဘူး) မေးပြီးတာနဲ့  တဆိပ်တုန်းတွေထုပေးတယ်။ ပြီးသွားတော့..................

လေယာဉ်အကူက အိတ်ကိုမပြီး..စက်ပေါ်တင်လိုက်တာပေါ့။ ပြီးတော့..ဘာလုပ်တယ်ထင်လဲ..ပွင့်ပွင့်လေးပဲပြောပါ
တယ်၊ “ညီလေးလက်ဖက်ရည်ဖိုးပေးပါ” တဲ့။ ပြီးရင်ပြီးရောဆိုပြီးတော့...လေယာဉ်ကွင်းဝင်ခွင့်ပေးပြီးပြန်ရတဲ့အ
ကြွေကိုပေးလိုက်ပါတယ်။ (အဲလိုပေးတဲ့လူတွေရှိလို့ ..အဲလိုလုပ်နေကြတာလို့ ထင်ရင်လဲထင်နိုင်ပါတယ်ဗျာ။)

အင်း..မြန်မာပြည်မှာ..လက်ဖက်ရည်ဆိုင်တွေမရှိရင်လဲ တစ်မျိုးကောင်းမှာပဲ။ အဲဒါမှ လက်ဖက်ရည်ဖိုးဆိုပြီးတောင်း
ကြမှာမဟုတ်ဘူးလို့ စဉ်းစားမိလေရဲ့ ။ ဒါပေမယ့်လဲ..တောင်းမယ့်သူကတော့အမြဲတမ်းလိုလို အကြောင်းပြချက်ရှိ
ကြမှာပါပဲလေ။

ကဲ..ကိစ္စလေးတွေပြီးတော့..အပေါ်ထပ်ကိုတက် ပြင်ပထွက်မယ့်ဖောင်ကိုဖြည့်၊ ပြီးတော့တန်းစီတာပေါ့။ တန်းစီ
လို့ မကြာခင်မှာ..မလေးကိုသွားပြီးအလုပ်လုပ်မယ့်လူငယ်တစ်သိုက်ရောက်လာပါတယ်။ ရန်ကုန်ကတော့မဟုတ်
လောက်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့..တစ်နေရာထဲမှာပဲသွားပြီး စုနေကြလို့ လေ။ (တခြားနေရာမှာ လူနည်း
ရင်တောင် သွားပြီးတန်းမစီကြဘူး။)

အဲမှာဗျာ..မ.ယ.က ကတာဝန်ရှိတစ်ယောက်က..“ဟေ့ကောင်တွေ..တန်းကောင်းကောင်းစီ။ မင်းတို့ ဘယ်သွားကြ
မှာလဲ?” ဆိုပြီးမေးတာပေါ့။ မေးတာတော့မေးတာပေါ့လေ..ကောင်းကောင်းမွန်မွန်မေးလဲရရဲ့ သားနဲ့ ကို။ ညီလေး
တို့ ဘယ်သွားကြမလဲလို့ မေးတော့ဘာဖြစ်သွားမှာလဲဗျာ။ ပြီးတော့ တခြားလူတွေရဲ့ ရှေ့ မှာ..ဟိန်းလိုက်၊ ဟောက်
လိုက်နဲ့  ကြည့်မကောင်းပါဘူးဗျာ။

တာဝန်ရှိက လက်မှတ်တွေကိုလိုက်ကြည့်ပါတယ်။ ပြီးတော့ တံဆိပ်တုံးရိုက်ပေးတဲ့ တခြားအရာရှိတွေဆီကိုသွား
ပြီးတော့...“အစ်ကို..ဒီကောင်တွေက ကျနော့်ဘက်” တဲ့။ ဘာဆိုလိုတာလဲတော့ မသိပါဘူးလေ။ ကိုယ်ကလဲ ကိုယ့်
အပူနဲ့ ကိုယ်ဆိုတော့...သိပ်ပြီးအာရုံမစိုက်မိဘူး။

အကျဉ်းချုပ်လိုက်တော့...ကျနော့်အလှည့်ပေါ့။ “ဘာသွားလုပ်မှာလဲ?” လို့ ပဲမေးပါတယ်။ ပြီးတာနဲ့  ကျနော်လဲ
လေယာဉ်တက်ရမယ့် ဂိတ်ကိုသွားလိုက်တာပေါ့။ အဲမှာ..နောက်တစ်ခေါက်စစ်ပါတယ်။ အိတ်ကိုစစ်တာပါ။
အဲဒီက အရာရှိတွေက မဆိုးပါဘူး။ ကောင်းကောင်းမွန်မွန်ပဲပြောပါတယ်။ ကောင်းကောင်းမွန်မွန်ပြောတော့
ကိုယ်ကလဲ စိတ်ချမ်းသာရတာပေါ့ဗျာ။

အဲဒါနဲ့ နောက်ဆုံးတော့..လေယာဉ်ဆိုက်..ပြီးတော့လေယာဉ်ပေါ်တက်။ လေယာဉ်ကလဲ..ထွက်ဖို့ အချိန်တော်
တော်လေးကိုယူပါတယ်။ နောက်ဆုံးတော့လဲထွက်သွားတာပေါ့လေ။ အဲချိန်ကြမှပဲ.......................
“ဟူး....”..ဆိုပြီးတော့ စိတ်ကိုတုံးတုံးချလိုက်နိုင်ပါတော့တယ်။



ရှမ်းကလေး

Monday, October 11, 2010

ခရီးသွားမှတ်တမ်း= ရန်ကုန် ၄ (ထွေရာဆယ်ပါး)

စာဖတ်သူတို့ ရေ. ...အလုပ်အကိုင်..အနေအထိုင်လေးတွေအဆင်ပြေပြီးရင်တော့ တခြားအရာလေးတွေက လိုအပ်
လာပြန်တယ်မဟုတ်ပေလားဗျာ။ ကျနော်ကြုံတွေ့ ရခဲ့တဲံ့အရာလေးတွေကို ပြန်ပြီးတော့ ဝေမျှပေးလိုက်ပါတယ်ဗျာ။

သွားခဲ့တဲ့နေရာလေးများ

ရန်ကုန်ရောက်ပြီဆိုရင်တော့ ပထမဆုံးလုပ်တာကတော့ ဘုရားဓါတ်တော်လေးဆူကိုပေါင်းပြီး တည်ထားတဲ့ ရွှေတိဂုံ
ဘုရားကိုသွားရောက်ဖူးမြော်ပူဇော်တာပဲပေါ့ဗျာ။



ဘုရားရင်ပြင်မှာတော့အေးချမ်းပြီး လူတွေစည်ကားပါတယ်။

ကုသိုလ်လေးတွေလုပ်ပြီးရင်တော့ ထုံးစံအတိုင်းလျှောက်လည်တာပေါ့ဗျာ။ အဲ..စိုင်းစိုင်းခမ်းလှိုင်သီချင်း “အမြဲတမ်း
ယုံကြည်တယ်” ဆိုတဲ့သီချင်းထဲကအတိုင်း ဘုရားဖူးပြီးရင် ကန်ဘောင်ပေါ်တက်တာပေါ့ဗျာ။

alt=""id="BLOGGER_PHOTO_ID_5527055306034483762" />

အပေါ်ကပုံကတော့ ကန်ဘောင်က ဓါတ်တိုင်ပါ။ ဘာများထူးခြားလဲလို့ မေးရင်တော့......ဘာမှ မထူးခြားပါဘူးဗျာ။
တစ်ခြားရိုက်စရာမြင်ကွင်းတွေက အတွဲတွေနဲ့ မလွှတ်ဘူးလေ။ အဲဒီနေ့ က (တစ်ခေါက်ပဲရောက်လို့ ပါ) မိုးရွာတယ်။
ထိုင်ခုံတိုင်းမှာတော့ အတွဲတွေဟာ ခဏတာခွဲခွါရင်..ကမ္ဘာတစ်သန်းကြာတယ်ဆိုတဲ့အတိုင်း..မခွဲမခွာအောင်...တစ်
ယောက်နဲ့ တစ်ယောက်သိုင်းဖက်ထားမယ်ထင်ရဲ့ ။ (မိုးရွာလို့  ထီးနဲ့ ကာထားတော့ မမြင်ရဘူးလေ)

အင်းလေ..ကန်ဘောင်သွားတာ အတွဲခြောင်းဖို့ မှ မဟုတ်ပဲဟာ။ သူတို့ က ထီးအကွယ်ကနေ ကိုယ်တို့ ကိုပြန်ခြောင်း
နေသေးတယ်။ ခက်တာတစ်ခုကတော့.....သူတို့ လေးတွေချစ်သီချင်းဆိုနေလို့  ဓါတ်ပုံရိုက်ရတာ မလွှတ်လပ်ပါဘူး
ဗျာ။ အဲမိုးရွာတာလဲပါတယ်။

ကန်ဘောက်ပေါ်စရောက်တာနဲ့  ခုံတွေက မလွှတ်ဘူး။ တစ်ခုံပဲလွှတ်တယ်။အဲဒါကလေဲ အမိုးမရှိလို့ ထင်ပါတယ်။ သူ့ 
ခမျာ...မျက်နှာငယ်နေမလားမသိဘူး (ခုံကိုပြောတာနော်)။ ဒါပေမယ့်လဲ..ရှားရှားပါးပါး..အောက်က ခုံတစ်ခုကလွှတ်
တယ်ဗျ။ အစွန်ဆုံးမှာ ရှိနေလို့ လားတော့ မသိဘူး။



ကျနော်တို့ သူငယ်ချင်းတစ်သိုက်လဲ (မရောက်ဘူးတာ..ကျနော်ပဲပါတယ်)..ဟိုငေးဒီငေးနဲ့  လျှောက်လိုက်တာ
နာရီထိုးသွားပါတယ်။ ကိုးနာရီအသိမှာ...လူသုံးယောက်လောက်က ၀ီစီ တစ် “ပီပီ”မှုတ်ပါတော့တယ်။ ကျနော့်အ
တွက်ကတော့ အံ့သြစရာပါပဲ။ ဘာအတွက်မှုတ်တာလဲလို့ ။

နောက်မှသိလိုက်တာက ကိုးနာရီထိုးရင် အားလုံးပြန်ရတယ်ဆိုတာကိုပါပဲ။ လူတိုင်းကလဲ စည်းကမ်းရှိတဲ့နိုင်ငံနဲ့ 
အညီ..ဆိုင်ရာဆိုင်ရာကနေထွက်လာပါတယ်။ သြော်..ချစ်တာတောင်..အချိန်နဲ့ ချစ်ရတဲ့ ရန်ကုန်မြို့ ကြီးပါလား
လို့ ။



အပေါ်ပုံကတော့ ကန်တော်ကြီးဟိုတယ်ပုံပါပဲ။ မှောင်နေလို့ သိပ်မတွေ့ ရဘူးနော်။ ကင်မရာသိပ်မကောင်းတာလဲ
ပါမှာပေါ့ဗျာ။



တုတ်ထိုးတွေပေါ့။ တစ်ချောင်းကို ၅၀ တဲ့ဗျာ။ (မမှတ်မိတော့ဘူးပဲ)။ သေချာတာက ၀က်သားဖတ်လေးတွေက သေး
လွန်းသွားတာပါပဲ။



အပေါ်ပုံကတော့ KTV လို့ ခေါ်တဲ့ ကာရာအိုကေဆိုင်ပါပဲဗျာ။ အခန်းကျယ်ရင် တစ်နာရီကို ၇၀၀၀ ကျပ်..မကျယ်ရင်
၅၀၀၀ ကျပ်ပေးရတယ်ဗျာ။ အဆိုတော်ဖြစ်ဖို့ လေ့ကျင့်တာလဲ တော်တော်လေးကို ကုန်ပါတယ်ဗျာ။

အကောင်းဆုံးနဲ့  ဈေးအသက်သာဆုံးကတော့ အောက်ကပုံပါပဲ။ ဘယ်သွားသွား ဘယ်ရောက်ရောက် သင့်အနားမှာ
တစ်ခွက်ကို ၅၀၀ ပေးပြီးသောက်နိုင်ပါတယ်။ တစ်ပုလင်းကိုတော့ ၁၂၀၀။ တခြားဆိုင်တွေမှာတော့ သူ့ ဆိုင်နဲ့ သူ
ဈေးတက်သွားတတ်ပါတယ်..စာဖတ်သူတို့ ရေ။



အစားအသောက်

အသောက်ကပြီးသွားပြီဆိုတော့အစားကိုသွားရအောင်လား။ တစ်ပွဲစား (ထမင်းနှင့်ဟင်း (ငါး၊ ဆိတ်၊ ၀က်)) ဆိုတာ
ကလဲများပါတယ်။ ဘီယာသောက်ပြီးစားရင်တော့ မကုန်ပါဘူး။ ဆိုင်တွေမှာဆိုရင်တော့ တစ်ပွဲကို ၂၂၀၀ ပေးရပါ
တယ်။

ကဲစဉ်းစားကြည့်ဗျာ..တစ်ပွဲကို ၂၂၀၀၊ တစ်ရက်မှာ နှစ်နပ်ပဲစား ၄၄၀၀ ကုန်နေပြီ။ ဒါပေမယ့် လမ်းဘေးက ဆိုင်တွေ
ဥပမာ။ ။ ရခိုင်မှန့် တီ၊ မှုန့် ဟင်းခါး..စသဖြင့် စားရင်တော့ ၁၀၀၀ လောက်ပဲပေးရပါတယ်။ ရှိရင်တော့ ရှိသလိုစားရ
တာပေါ့ဗျာ။ အဲ..........ထိုဖူးနွေးတို့ ၊ ရှမ်းခေါက်ဆွဲတို့ ကတော့ ၅၀၀ လောက်ပဲပေးရပါတယ်ဗျာ။

ထမင်းဟင်းနဲ့ မှ သင်းသိမ်နိုင်မယ်၊ ဈေးလဲသက်သာစေချင်တယ်ဆိုရင်တော့ လမ်းဘေးမှာ ထမင်းနဲ့  ဟင်းတစ်ပွဲ
(ကိုယ်ကြိုက်ရာ (သူတို့ ရောင်းတဲ့ထဲကပေါ့..မရှိတာကိုစားချင်လို့ တော့ဘယ်ရမှာလဲ))၊ အချဉ်ဟင်းတစ်ခွက် (စွပ်
ပြုတ်သောက်တဲ့ခွက် (အဲဒါတောင်ကြီးနေအုန်းမယ်...ဘုရားစင်တင်တဲ့ဆွမ်းခွက်အရွယ်ဗျာ)၊ ပုလာချောင်ကြော်
(ငရုတ်သီးပဲတွေ့ တယ်)၊ အဲဒါကိုစားလို့ ရပါတယ်။ အဲဒါတောင် ၈၀၀ ပဲပေးရတယ်။ လိုက်ပွဲယူရင်တော့ ထပ်ပေး
ရတာပေါ့ဗျာ။ လိုက်ပွဲမယူဖြစ်လို့ လိုက်ပွဲဈေးတော့မသိဘူးဗျာ။

အင်တာနက်

စွဲအားတော့သိပ်မကောင်းပါဘူး။ ဒါပေမယ့်လဲ..မရှိတာထက်စာရင်တော့အိုကေတာပေါ့ဗျာ။ Facebook ၀င်လို့ ရတယ်။
Gmail လဲရပါတယ်။ ဒါပေမယ့် account အသစ်ဖွင့်လို့ တော့မရဘူး။ တခြားဆိုဒ်တွေတော့ ၀င်ရတာအဆင်မပြေဘူး
(ရှင်းရှင်းပြောရင် ၀င်လို့ မရဘူးပေါ့ဗျာ)။ Yahoo နဲ့  Hotmail တော့မသုံးလို့  မသိပါဘူး။

အဲမှာရှိတဲ့ NGO အဖွဲ့ တွေရဲ့  ဆိုဒ်ကိုဝင်ဖို့ တောင် သိပ်မလွယ်ဘူးဗျ။ ကျနော်အလုပ်လျောက်ဖို့  ဖိုင်download ဖို့ 
လိုနေတာ..ဆိုဒ်ဝင်လို့ မရလို့ တော်တော်လေးကို ကွိုင်တက်သွားတယ်။ အဲလို ကြုံရင်တော့ အပြင်ရောက်နေတဲ့
သူငယ်ချင်းတွေကို ဆိုဒ်ထဲဝင်ခိုင်းပြီး...တစ်ဆင့်ပြန်ပို့ ဖို့ အကူအညီတောင်းရတာပေါ့လေ။

ဘလော့လ်တွေတော့ ၀င်လို့ မရဘူး။ ကျနော်ကပဲ..နည်းပညာပိုင်းသိပ်မကျွမ်းကျင်လို့ လားတော့မသိဘူးပေါ့လေ။
ဆိုဒ်ကိုပြောင်းထားလဲ ၀င်လို့ မရပါဘူး။

သွားရေးလာရေး

ကောင်းပါတယ်။ တက္ကစီတွေအများကြီးပါ။ လေအေးစက်ပါတဲ့ ကားကတော့ ရိုးရိုးထက်ပိုဈေးကြီးတာပေါ့ဗျာ။ ဘတ်
ကားတွေလဲများတော့ မဆိုးပါဘူး။ အထူးယာဉ်တွေလဲရှိတော့ပိုကောင်းတာပေါ့ဗျာ။ သဘာဝလေတွေကိုလဲ သဝ
ကြီးရူလို့ ရတယ်။ အထူးယာဉ်တွေက အရင်တုန်းက လေအေးဆက်ရှိတယ်လို့ ပြောတာပဲ။ ဒါပေမယ့် ခုတော့လဲ
လေအေးစက်မရှိတော့ပါဘူး။

ပွဲစားများ

စာဖတ်သူတို့ ရေ..အခန်းတွေဌားမယ်ဆိုရင်...အခန်းတွေအများအားဖြင့်က ပွဲစားတွေလက်ထဲမှာပဲဗျ။ ကိုယ်က အခန်း
လိုက်မေးတုန်း..အဒေါ်ကြီးတွေက စေတနာရှိရှိနဲ့  လိုက်ကူပေးတာမဟုတ်ဘူးနော်။ အကောင်းဆုံးကတော့ အခန်းကို
ဌားနေတဲ့ (အဆောင်ဆိုရင်)သူတွေကို အဆောင်မှူးလိပ်စာမေးပြီး တိုက်ရိုက်ဆက်သွယ်ရင်တော့ ပွဲစားခ သက်သာ
သာပေါ့ဗျာ။

အခန်းရှာမရလို့ စိတ်ညစ်ပြီး...ပေးချင်ပေးရ ဘယ်လောက်ဖြစ်ဖြစ်ပေးမယ်လို့ များစဉ်းစားထားရင်လဲ.. ပွဲစားနဲ့ ပထမ
ဆုံး...သဘောတူညီမှုလေးတွေယူပါ။ အခန်းရပြီးရင်တော့ သူတို့ တောင်းသမျှကိုပေးရမှာဗျ။

ကျနော့်သူငယ်ချင်းတုန်းကများ..ပိုက်ဆံမရှိလို့  ပွဲစားခမပေးနိုင်ဘူး..အခန်းဌားတဲ့လူဆီကိုတာညွှန်ပြပေးပါလို့ ပြော
တာကို...“မောင်လေးရယ်..မမနားလည်ပါတယ်။ အခုကစေတနာတစ်ဝက်နဲ့  လိုက်လုပ်ပေးတာပါ။ ပိုက်ဆံမရှိလဲ
ရှိတဲ့ ဆွဲကြိုးကို ရောင်းလိုက်ပေါ့ကွယ်” ဆိုတဲ့အဖြစ်မျိုးကြီးနဲ့  မကြုံပါစေနဲ့ လို့ တော့ ဆုတောင်းပေးပါတယ်ဗျာ။

ရှမ်းကလေး

(အတွေ့ အကြုံဆိုတာကလဲ လူတစ်ယောက်ဆီတိုင်းရဲ့  ကံ၊ဥာဏ်၊ ၀ီရိယ ပေါ်မှာမူတည်ပြီး မတူနိုင်ပါဘူးဗျာ။ ဒီစာ
ကိုဖတ်ပြီးတော့ ဒီလိုပဲဖြစ်မယ်လို့ တော့ မစဉ်းစားစေချင်ပါဘူး။ တစ်ချို့ အချက်အလက်တွေကလဲ..စာဖတ်သူများ
ကြိုတင်ပြီးတော့ ကာကွယ်နိုင်လိမ့်မယ်လို့ ..ကျနော်ထင်ပါတယ်။ )

ခရီးသွားမှတ်တမ်း= ရန်ကုန် ၃ (အလုပ်ရှာပုံတော်)

ကျောင်းသားဘ၀ဆိုတဲ့ဘ၀ကြီး ပြီးသွားတာနဲ့  အထုတ်လေးတွေကိုဆွဲကာ ၀မ်းစာအတွက်အလုပ်ရှာရတယ်ပေါ့ စာ
ဖတ်သူများရယ်။ ကျနော်လဲ အထုတ်လေးတွေဆွဲကာနဲ့  ရန်ကုန်ဆိုတဲ့မြို့ ကြီးမှာ အလုပ်တော့ရှိမှာပဲ ဆိုတဲ့ ယုံကြည်
ချက်တွေကို ကိုင်ပြီး အလုပ်ရှာပုံတော်ဖွင့်ပါတယ်။

ဒါပေမယ့်....

ဘွဲ့ လက်မှတ်လေးကိုကိုင်ပြီးတော့ အလုပ်လျှောက်ရင်ရမယ်လို့ ထင်နေတဲ့ကျနော်ဟာ ရန်ကုန်ရောက်မှပဲ ဘာမှကြို
တင်ပြင်ဆင်မှုမရှိပါလားလို့  ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။

ရန်ကုန်မှာ အလုပ်လျှောက်မယ်ဆိုရင်..

၁) မှတ်ပုံတင် (လူလာတာပဲ မှတ်ပုံတင်လိုလို့ လား ဆိုတာတော့ မရဘူးနော်)
၂) ရဲစခန်း ထောက်ခံစာ
၃) ကိုယ်အရင်က လုပ်ခဲ့တဲ့ အလုပ်ရှင်များရဲ့  နာမည်နဲ့ လိပ်စာ (ဆက်သွယ်လို့ ရတဲ့လိပ်စာပေါ့နော်)
၎) ဘွဲ့ လက်မှတ်
၅) ထောက်ခံစာ
၆) ကိုယ့်လိပ်စာနဲ့  ဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်

အပေါ်ကအရာတွေက အလုပ်လျှောက်ရင်လိုတဲ့အရာတွေပါ။ အလုပ်ဆိုတာကလဲ NGOs ခေါ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့ 
တွေရဲ့ အလုပ်ပါ။ စားပွဲထိုးလုပ်မယ်ဆိုရင်တော့ မလိုပါဘူး။

မှတ်ပုံတင်

ဒါကတော့ လူတိုင်းမှာရှိမှာပါနော်။ အလုပ်သွားလုပ်မယ်ဆိုရင် ယူသွားဖို့ မမေ့နဲ့ နော်။

ရဲစခန်းထောက်ခံစာ

ကဲ...စာဖတ်သူများရေ...ကိုယ်ကနိုင်ငံခြားမှာ စာသင်ပြီးတော့ အလုပ်ပြန်လုပ်မယ်ဆိုရင် အိမ်ကိုသာ ကြိုပြီးတော့မှာ
ထားဗျ။ အဲဒါမရှိရင် အလုပ်လျှောက်လို့ မရဘူး။ ပြီးတော့ ရဲစခန်းထောက်ခံစာဆိုတာကလဲ ကိုယ့်မြို့ ကပဲ ယူလို့ ရ
တာနော်။

ကိုယ်အလုပ်လုပ်ခဲ့တဲ့အလုပ်ရှင်နဲ့  လိပ်စာ

ဒီအဆင့်မှာက ကိုယ်က အသေးစိတ်သိရပါတယ်။ တစ်ချို့ အဖွဲ့ တွေဆိုရင် အရင်က အလုပ်ရှင်တွေကိုဆက်သွယ်ပြီး
မေးကြပါတယ်ဗျာ။ ဒါကြောင့် အသေးစိတ်သိဖို့ လိုတာပါ။

ဘွဲ့ လက်မှတ်

ကျောင်းကြီးကပေးလိုက်တဲ့ ထမင်းစားလက်မှတ်ကြီးပေါ့နော်။ (ဘွဲ့ နှင်းသဘင်က ရတဲ့လက်မှတ်ပေါ့။ အမှတ်စာ
ရင်းလေးနဲ့ တော့ မဟန်ဘူးဆရာရေ့ )

ထောက်ခံစာ

ကဲ..လာပြန်ပြီဒီထောက်ခံစာကြီး။ ဒါကတော့ ကိုယ့်အသိတွေကနေ ကိုယ့်ကိုထောက်ခံပေးတဲ့စာတွေပေါ့။ အလုပ်ကို
အရမ်းကြိုးစားကြောင်း...ရည်းစားကင်းစင်ကြောင်း..ဘာရာ..ဘာရာပေါ့။ အဲဒီဟာအတွက်လဲ လိပ်စာအသေးစိတ်
ပေးရတယ်ဗျ။ ဒါကြောင့် ကိုယ်က တစ်ယောက်ယောက်ကို ထောက်ခံခိုင်းမယ်ဆိုရင် သူ့ လိပ်စာတွေ၊ ဖုတ်းနံပတ်
တွေပါတောင်းထားပေတော့။

ကိုယ့်လိပ်စာနဲ့ ဖုန်းနံပတ်

လိပ်စာကတော့လွယ်ပါတယ်။ သူငယ်ချင်းလိပ်စာကောက်ထည့်လိုက်လဲရတာပေါ့။ အဲဖုန်းနံပတ်ကြတော့ ကွိုင်တက်
ရပြီပေါ့လား။ မပူပါနဲ့ ဗျာ။ အခုဆိုရင် ဖုန်းကဒ်လေးတွေရနေပါပြီ။ တစ်ကဒ်ကို ၂၁,၀၀၀ ကျပ်ပါပဲ။ တစ်လခံတယ်။
ကိုယ်ကပဲခေါ်ရင် မိနစ်ပေါင်း ၆၀ ကြီးတောင်ခေါ်နိုင်တယ်။ လက်ခံဖို့ ပဲဆိုရင်တော့ မိနစ်ပေါင်း ၁၀၀ ကျော်တောင်
ခံတယ်ဗျ။

အခွံတာရှိပြီး အဆံမရှိတဲ့ ဖုန်းကဒ်လို့ ပြောချင်ရင်ပြော...တို့ ကတော့ဒါပဲကိုင်တယ်ပေါ့။ အဓိက ကသူများခေါ်တဲ့
အချိန်မှာ ကိုယ်ကချက်ချင်းပြန်ပြောနိုင်ဖို့ ပဲဗျာ။ (အလုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။)

ဖုန်းသွားဝယ်ရင် မှတ်ပုံတင်မိတ္ထူနှစ်စောင်နဲ့ သွားဝယ်ရတယ်ဗျ။ ပိုက်ဆံရှိတိုင်းအားလုံးဖြစ်တယ်ဆိုတာက
သူများနိုင်ငံမှာပဲရတယ်။ ပိုက်ဆံရှိတိုင်း အချစ်..အဲ....ဖုန်းကဒ်တော့ ၀ယ်လို့ မရဘူးဗျ။

အပေါ်မှာပြောပြထားတာက ကိုယ်လိုအပ်တဲ့ဟာပါ။

ကဲ... အလုပ်လျောက်ရအောင်

အလုပ်လျှောက်တော့မယ်ဆိုရင်တော့ တွေ့ သမျှကိုတာလျှောက်လိုက်ပါ။ ပြီးရင် ဘုန်းကြီးကျောင်း၊ ဘုရား
ကျောင်း..ဆိုင်ရာဆိုင်ရာ သွားဆုတောင်းပါ။ ရသွားရောပေါ့?

မရပါဘူး။

ကျနော်အဲမှာနေတုန်းက ကိုယ့်အရည်အချင်းနဲ့ လဲရ..ကိုယ်ကစိတ်ဝင်စားတဲ့ အလုပ်တွေကိုသာ ရွေးပြီးတော့
လျှောက်မယ်လို့  စဉ်းစားထားတာလေရဲ့ ။ အဲဒီမှာ ကျနော့်လိုပဲ အလုပ်ရှာနေတဲ့ သူကိုတွေ့ ပြီးတော့ စကား
ပြောဖြစ်သွားတာနဲ့  အောက်က ပုံပြင်လေးကို ကြားလိုက်ရပါတယ်။

“ကျနော်အလုပ်တွေအများကြီးလျောက်ခဲ့တယ်။ ၁၀၀ မကတော့ပါဘူး။ အဲဒီမှာ အင်တာဗျူးဝင်ရတာဆိုလို့  ၂ ခါ
ပဲရှိပါတယ်။ (အရည်အချင်းမရှိလို့ ပဲနေမှာပေါ့လို့  မထင်လိုက်အုန်းနဲ့ နော်)

အလုပ်တွေလျောက်မယ်ဆိုရင် အသိတွေ အဆက်အသွယ်ရှိရတယ်ဗျ။ တစ်ခါတလေမှာကိုကတင်လိုက်ပေမယ့်
ကိုယ်တင်လိုက်တဲ့ ဖိုင်က အထက်ကိုမရောက်ဘူး။

ဘယ်လိုမရောက်တာလဲဆိုတော့ လူတွေကိုလက်ခံတဲ့ဌာနက သူ့ အဆက်သွယ်တွေရဲ့ ဖိုင်ကိုသာ ယူပြီးတော့
“လူဒီလောက်ပဲအလုပ်လျောက်ပါတယ် ”ဆိုပြီးအထက်ကိုပေးတာတွေရှိတယ်ဗျာ။ ဒါကြောင့် အလုပ်လျောက်တဲ့အခါ
မှာ အဓိကက ကိုယ့်ဖိုင်က အထက်ကိုရောက်ဖို့ ပဲ။

တစ်ခါတုန်းက ဆိုရင်..လျောက်လွှာလက်ခံတဲ့အမက ကျနော့်ကို “မောင်လေး..အလုပ်ရရင် ဘယ်လောက်ပေးမှာ
လဲ?”ဆိုပြီးတော့မေးတယ်ဗျာ။” တဲ့။

“အဲလိုကြီးလား?” ဆိုပြီး သက်ပြင်းလေးချလိုက်တာ..အလုပ်ရှာရလွယ်မယ်၊ အလုပ်ရမယ်လို့  မျှော်လင့်ထားတဲ့
ကျနော့်ရဲ့ မျှော်လင့်ချက်လေးတွေလဲ..တဖြည်းဖြည်းနဲ့  လျော့သွားတယ်ဗျာ။

တကယ့်ကိုရှာရခက်တယ်ဗျာ အလုပ်ကတော့။ ဒါပေမယ့် International NGOs တွေမှာကတော့ အရည်အချင်းက အဓိ
ကပါ။ အဆက်အသွယ်တွေက အဓိကမဟုတ်ပါဘူး။ အဲ..လျောက်လွှာရောက်မရောက်ကတော့ တစ်ပိုင်းပေါ့ဗျာ။

စာဖတ်သူများလဲ ရန်ကုန်ရောက်ပြီးတော့ အလုပ်ရှာချင်တယ် (NGO) အလုပ်တွေပေါ့လေ..Silmon Center (မသေ
ချာဘူး) မှာသွားရှာလို့ ရတယ်တဲ့။ ဒါမှမဟုတ်ရင်လဲ www.ngoinmyanmar.org မှာတက်ရှာလို့ ရပါတယ်။ စိတ်ချပါ
ရန်ကုန်မှာနေရင်လဲ ဒီဆိုဒ်ကိုဝင်လို့ ရပါတယ်။ (တစ်ခါတလေတော့ မရဘူးဗျ)

ကဲအတိုချုပ်လိုက်တော့..ကျနော်က အလုပ်ရသွားတယ်ဗျာ။ မရခင်မှာ ခြေတိုအောင်တော်တော်လေးကို လျှောက်
လိုက်ရပါတယ်။ ဟိုသွားဒီသွား..ရင်းနှီးသူကော..သိသူတွေကော..အားလုံးကိုဖုန်းထိုင်ပြီးဆက်နေတာများဗျာ
ကုလသမဂ္ဂက ပြန်ကြားရေးမူးတွေတောင် အရှုံးပေးရမယ်ဗျ။ အဲဒီချိန်တုန်းကဆိုဗျာ..စိတ်ညစ်လိုက်တာမှ အရမ်း
ပါပဲ။ ဘာအလုပ်မှ ရှာလို့ မရဘူး။

အလုပ်ခေါ်တဲ့စာတွေလဲ..သိပ်မထွက်ဘူးဗျာ။ (တော်တော်ကံကောင်းပုံက..အဲလို)။ နောက်ဆုံးတော့လဲ သူငယ်ချင်း
ကောင်းမှုနဲ့  သူတို့ အကြီးအကဲကိုတွေ့ ..စကားလေးပြော..ပြီးတော့ အလုပ်ခန့် အပ်ခြင်းကို ခံလိုက်ရတော့မှပဲ
အပူလုံးကြီးက “ဂလုံ” ဆိုပြီးကျသွားပါတယ်ဗျာ။

ကံမကောင်းခြင်းက ဘယ်တော့မှ တစ်ယောက်တည်းမလာဘူးဆိုတဲ့အတိုင်းပေါ့ဗျာ..အလုပ်ရှာတုန်းက ဘာမှမရှိတဲ့
အလုပ်တွေလေ..အလုပ်လဲရရော..ဒီနေရာလိုတယ်..ဟိုနေရာလိုတယ်ဆိုပြီးတော့ လာလိုက်တာများ..ကျနော့်
အီးမေးလ်ထဲမှာ ပြည့်နေလိုက်တာ..ကျနော်လဲ..အမြင်ကတ်ပုဒ်မနဲ့  အားလုံးကို ဖျက်ချဖြစ်လိုက်ပါတယ်။

ဒါကြောင့်..စာဖတ်သူများလဲ.. အလုပ်ရှာရင်စိတ်ဓါတ်မကျပါနဲ့ ။ ကိုယ့်နဲ့ သင့်လျော်တဲ့အလုပ်မရှိသေးဘူးလို့ သာ
မှတ်ပေါ့ဗျာ။ ပြီးတော့ ကိုယ်စိတ်မ၀င်စားတဲ့အလုပ်ကိုလဲ..မလုပ်ပါနဲ့ ..(အလုပ်က မိန်းမပြီးရင်..ကိုယ်နဲ့ အများ
ဆုံးထိတွေ့ ဆက်ဆံရတဲ့ ဒုတိယ မိန်းမဖြစ်နေတာကိုး)။ အချိန်တန်ရင် နားပိန်ကန်မယ်.. ဆိုပြီးတော့လဲ ထိုင်စောင့်
နေတာလဲမဟုန်သေးပါဘူး။ ကိုယ်လိုချင်တဲ့ဟာ...ကို..တစ်စိုက်မတ်မတ်လုပ်မယ်ဆိုရင်အားလုံးဖြစ်ပါတယ်ဗျာ။

ဟိုးငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ဦးကျော်ဟိန်းဇာတ်လမ်းထဲကလို “ငါလုပ်ရင်ဖြစ်တယ်..ငါဖြစ်အောင်လုပ်မယ်”
ဆိုတဲ့စကားလုံးလေးအတိုင်း..ကိုယ့်ကိုကိုယ် ယုံကြည်ပြီးတော့လုပ်ပေါ့ဗျာ။ ယုံကြည်မှုလျော့နေရင်လဲ..အလုပ်
လျောက်ပြီးတိုင်း..ဘုရားမှာသွားပြီး...ရှိခိုး၊ ပုတီးစိတ်၊ ဆုတောင်းပေါ့..


အားလုံးပျော်ရွှင်ပါစေဗျာ...

ရှမ်းကလေး

ချစ်သောမိုး

ညှိ့ ညှိ့ မိုင်းမိုင်းနဲ့  အေးချမ်းစေတဲ့မိုး
မိုင်းကောင်းကင်ပေါ်က မင်းလေးဆင်းသက်ပြီး
ကိုယ့်ခန္ဓာပေါ်မှာ ပြေးကစားတုန်းမှာ
အေးချမ်းခြင်းယူဆောင် အပူမလောင်စေပဲ
ငါ့ကိုချမ်းစေတဲ့ ငါချစ်သောမိုး။

ရာသီတွေပြောင်းလဲ မင်းကိုအမြဲပဲ
ခံစားချက်တွေက ငါ့ရဲ့ ရင်ထဲမှာ
မပြောင်းလဲခဲ့ပဲ မင်းကိုအမြဲသာ
စောင့်မျှော်နေခဲ့တာ ယုံပေးစမ်းပါကွာ
ငါချစ်တဲ့မိုးရာ။

ရှမ်းကလေး

Wednesday, October 6, 2010

အသီး၊အနှံ ကြိုက်သူများအတွက် သတိတစ်ချက်

သတိဆိုတာ ရှိရင်ပိုတယ်မရှိပါဘူးဗျာ။ ဒါကြောင့် ကိုယ်က အသီးဝယ်ရင် ကိုယ့်ဟာကိုယ် စိပ်ပြီးစားတာက အန္တာရယ်
ပိုကင်းပါတယ်။

အရေးကြီးမှု။ ။ အမြင့်ဆုံး

စင်္ကာပူမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။

၁၀ နှစ်အရွယ် ကလေးလေးသည် လမ်းဘေးအသီးရောင်းသူမှ နာနတ်သီးကို ၀ယ်စားပြီး ၁၅ ရက်ကြာသောအခါ
အပြင်းဖျားလေသည်။ အဖျားလွယ်လွယ်ဖြင့်မကျသောကြောင့် ဆေးရုံတွင် သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ...ကလေးလေးတွင် ခုခံအားကျဆင်းရောဂါ AIDS ရောဂါခံစားနေရကြောင်း တွေ့ ရှိရသည်။ ထို
သတင်းကြားသောအခါ တစ်မိသားစုလုံး သွား၍ သွေးစစ်သောအခါတွင် မည်သူမှ ထိုရောဂါ ခံစားရခြင်းမရှိပေ။

သို့ နှင့် ဆရာဝန်များက ကောင်လေးအား မေးမြန်းသောအခါ..ကလေးလေးက လွန်ခဲ့သော အပတ်တွင် နာနတ်သီး
စားခဲ့ကြောင်းပြန်လေဖြေကြားသောအခါ.. ဆရာဝန်များသည် အသီးရောင်းသူထံသို့ သွားကာ စစ်ဆေးမှုများပြုလုပ်
သောအခါ.. တွေ့ ရသည်မှာ....

ရောင်းသောသူ၏ လက်ညှိးတွင် ဓါးရှရာ ရှိသည်ကိုတွေ့ ရလေသည်။

ထို့ နောက် ထိုသစ်သီးရောင်းသောသူ၏ သွေးအားစစ်ဆေးသောအခါ HIV ပိုးများကိုတွေ့ ရှိရသည်။ ရောင်းသောသူ
လဲ..မိမိတွင် ထိုရောဂါရှိသည်ကိုမသိပါ။

သို့ သော်..ကံမကောင်းသော ကလေးလေးမှာ ရောဂါပိုးကူးစက်ခြင်းခံရလေသည်။ ထို့ ကြောင့် ထိုသို့ မဖြစ်ရန်
စာဖတ်သူများအနေဖြင့် အသီးများဝယ်စားခဲ့လျှင် ကိုယ်တိုင် ခွဲ၊ စိပ် ပြီးစားသုံးခြင်းအားဖြင့် ထိုအဖြစ်မျိုးမှကင်း
လွှတ်နိုင်ပါစေဗျာ။


ရှမ်းကလေး (အီးမေးလ်မှစာအား ပြန်၍ ဘာသာပြန်ထားပါသည်။ )

ဟာသတိုလေးများ

လူတစ်ယောက် ခရစ်ယာန် ဘုန်းတော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။

လူ ။ ။ဖားသား တပည့်တောအပြစ်ဝန်ခံချင်လို့ပါ။

ဘုန်းတော်ကြီး။ ။ပြော ... ငါ့သား

လူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတစ်ယောက်အိမ်သွားလည်တာ

သူငယ်ချင်းလည်းမရှိဘူး....

သူ့မိန်းမပဲရှိတယ်။ ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်မိုးကရွာပါလေရော။ ခက်တာ
က ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။


ဘုန်းတော်ကြီး။ ။အင်းလေ ... ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့သိပ်ပြီး အပြစ်
မရှိပါဘူး.......

လူ ။ ။တနေ့က ခယ်မအိမ် အလုပ်ရှိလို့သွားတာ ခယ်မခင်ပွန်းကလည်းမရှိဘူး၊ဒါနဲ့ပြန်မယ်လည်းလုပ်ရောမိုးကရွာပါ
လေရော၊ ကျွန်တော်လည်း ထီးလည်းမပါဘူး၊ ဒီတော့မိုးကလည်းရွာထီးကလည်းမပါနဲ့ခယ်မနဲ့ မှားခဲ့ပါလေရော။

ဘုန်းတော်ကြီး။ ။အင်းလေ ... ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့သိပ်ပြီး အပြစ်မရှိ
ပါဘူးလေ။

လူ ။ ။ဟိုနေ့ကလည်း ယောက္ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး ဘယ်သူမှမရှိဘူး။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်းမိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မြိပန်ရော။

ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။


ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား?

လူ ။ ။မပါဘူးလေ ... ဘာဖြစ်လို့လဲ ?

ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့ ။


မှန်လိုက်လေ


လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရောပါးစပ်ကပဲ ပြန်ထုတ်တာ"

အမေတာဝန်ယူတယ် ….

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"

" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ်"


မေ့မေ့ သင်္ချာ


သမီး။ ။ “အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်တောင်းနေတယ်မေမေ…ဘယ်သူ့ကိုရွေး ရမလဲ
မတိပါဝူး မေမေရယ်…။”

အမေ။ ။ “ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှညဉ်းအဖေကိုရွေးခဲ့တာအေ့… ဒါနဲ့..
သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့….”

သမီး။ ။ “ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့…သာယာဆိုတဲ့ တစ်ယောက်
ကတော့ သဘောင်္သား မေမေ…”

အမေ။ ။” သြော်… ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့…သင်္ဘောသားကိုရွေး….. သူတို့သမီးကိုချစ်တာ
၁၅၀၀ ခြင်းညီမျှတောင်ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့……”

ချစ်လို့ကျီစယ်……

အရူးဆေးရုံ တစ်ခုမှာပါ။

အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။ဆရာဝန်တွေက သူ့ကိုဖမ်းပြီး
ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့သူ က.....

“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော်သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး
အိမ်သာ ထဲမှာ ၀ှက်ထားတာ။သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။

ပါတော့ ပါသွားတယ်………

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါအလွန်စိုးရိမ်တက်သော
ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ?

ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ

ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ

ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ။

မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ

ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်

လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက “ယောင်္ကျားတွေဟာမိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ

ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာရှာကြည့်ပါရှင်။

သူ မှာထားခဲ့လို့

“ ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ? ”

” ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင်လူရမ်းကားတွေနဲ့ ရင်ဆိုင်ရ
တဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ပါ။”


မြန်မာကွ………

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ
Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။

“ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။
ဒီတော့ အမေရိကန်တွေက

“လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ”ဆိုပြီး
ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော … ဘာမှ
မတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

“မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။