Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 23, 2009

ဟောင်းနွမ်း

ငါ့ အရက်ပွဲက စကားလုံးတွေ
လေမှာပျောက်သွား
ဆုပ်ယူလို့ မရပါလားကွာ

ငါ့နှောက်ဖေးက နှင်းဆီပန်းလဲ
နမ်းတဲ့မင်းမရှိတော့ မိုးနဲ့ အတူ
ပြိုင်တူငိုနေတာလားကွာ

ငါ့နှလုံးသားလည်း မင်းမလာတော့
နာရီလိုပဲ မငြိမ်မသက်ဖြစ်နေတယ်ကွာ

ဟောင်းနွမ်းသွားတဲ့ ငါ့နှလုံးသားကို
အချစ်မရှိတဲ့ မင်းနှလုံးသားနဲ့  မကုပါနဲ့ ကွာ

ငါ့ဘ၀ ဟောင်းနွမ်းလဲ
ငါ့အချစ် မဟောင်းနွမ်းအောင်
လုပ်ပါ ချစ်ရာ

ရေးသူ။ ။ လေပြေ (HK)

Wednesday, April 22, 2009

မင်း

လှမ်းထားတဲ့ ငါ့ဘောင်းဘီ
ဝတ်တာများတော့ ဟောင်းနွမ်းနေပြီ

နရံကနာရီ အသံမြည်နေတာကျယ်လွန်း
တိတ်ဆိတ်တဲ့ငါ့အခန်းကို ဖောက်ထွက်
သိပ်ဆိတ်မှုတွေ ပျက်ကွက်သွား

တီဗီ ဖန်သားက သံစဉ်မညီညာ စကားလုံး
ငါ့နှလုံးလိုပဲ မညီမညာ တုန်လှုပ်နေ

ငါ့နှုတ်ခမ်းက ထွက်လာတဲ့ မီးခိုး
မင်းမျက်လုံးအသွင် ပြောင်းသွား

ငါဘယ်လောက်ပဲ ဟောင်းနွမ်းသွားလဲ
ချစ်တတ်တဲ့ငါ့နှလုံးသား
မင်းနဲ့ ပတ်သတ်ရင် နာရီသံစဉ်လိုပဲ
အမြဲသစ်လွင်နေမယ်ကွာ



ရေးသူ။ ။ လေပြေ

မရေရာပန်းတိုင်

အဆုံးမရှိတဲ့ လမ်းကိုငါလျှောက်နေစဲ
အရှေ့ မှာဘာလဲ ငါမသိဘူး
ဆက်လျှောက်နေအုန်းမှာပဲ အသက်ရှိနေတုန်း

နွေးထွေးမှုတွေ အေးစက်တာတွေရောထွေး
ငါတွေးလို့ မရ ဆက်ပြီးလျှောက်နေစဲ

ယုံကြည်တာတွေ ထွေးပိုက်လို့ 
ဒီဖိနပ်တစ်ရံနဲ့ 

တစ်နေ့ တော့ငါရောက်မှာပဲ
သတ်မှတ်တဲ့ မရေရာပန်းတိုင်

လမ်းခွဲချိန်

မင်းနဲ့ လမ်းခွဲသွားတော့
မင်းနဲ့ ချစ်ခဲ့တဲ့အချိန်တွေဟာ အိမ်မက်လိုပဲ
မေးမြိန်ပျောက်ကွယ်

တွဲခဲ့တဲ့ငါ့ရဲ့ လက်ဟာ ခုတော့အေးစက်
နွေးတွေးတဲ့လက်ကို တွေ့ အုန်းမှာလား
ငါရှာဖွေစဲ

မင်းမရှိတော့ ငါ့ဘ၀က ဆောင်းလိုအေးစက်
ပြေးဖက်ချင်တယ် နွေးထွေးတဲ့မင်းရင်ခွင်

ပြောင်းလဲသွားတဲ့ငါ့ဘဝ
ပင်လယ်ပြင်မှာ ရွက်မပါတဲ့လှေလိုပဲ
ငါ့အတွက် တော့အဖြေရှာလို့ မရဘူးဖြစ်နေတယ်ကွာ။



ရေးသူ။ ။ လေပြေ

Tuesday, April 14, 2009

ချစ်သူ

သူရှိချိန်မှာ တန်ဖိုးမထားတော့
သူမရှိတော့ လွမ်းရတယ်ပေါ့

သူသာရှိရင် ကိုယ်ပျော်မယ်နော့်
ပြုံးပျော်မိမှာ သေချာနေတာ

သူရှိဖို့ ရာ မျှော်နေမှာလည်း
မဖြစ်နှိင်တော့ လွမ်းရတာပေါ့

သူလာချိန်မှာ ပြင်ဆင်နေမှာ
ကိုယ့်ချစ်သိဖို့  လုပ်ရမယ်တို့ 

သူငယ်ချင်းရာ မင်းချစ်သူဟာ
မင်းကိုချစ်တော့ တန်ဖိုးထားပေါ့

ဝေးသွားမှတော့ နောင်တရရင်
အပြင်ရခက် ခံရခက်မည်။

ဒီတော့

ချစ်တဲ့သူများ ချစ်ခင်ကြလို့ 
သင်္ကြန်မှာလေ ပျော်ရွင်ကြပေါ့

နတ်လူသိကြား ဆုတောင်းပေးပေါ့
လူသားတိုင်းတွက်



ရေးစပ်သူ။ ။ လေပြေ

Monday, April 13, 2009

အင်းလေး

တောင်တန်းဝန်းရံ ဒီရေကန်မှာ
ပင်လယ်ရေမြင့် ရှိနေသော်လည်း
အံ့သြော်ဖွယ်ရာ ရေရှိနေတာ

ရေပြင်မှာမြှော သစ်သီးဝလံ
တွေ့ နေနှိင်တာ ဒီနေရာပါ
အံ့သြော်ဖွယ်ရာ အင်းလေးပါ

ကျောင်းသွားချိန်မှာ လှေစီးသွားတာ
ဈေးသွားချိန်မှာ ချေခတ်စီးကာ
သာယာလှပေါ့ အင်းလေးမြေ၇ာ။

ပုသိမ်ဆောင်းကာ ကိုယ်တိုင်ယှက်လုပ်
ကြာပွင့်ဝတ်ရံ အိုလှပေပေါ့
ဆွမ်းကပ်မနော့် မှီခိုကွယ်ရာ
လှေပေါ်မတော့် ပေါင်းစုံသီးနံ
နောင်မှာနေပေါ့ ဆုတောင်းနေမှာ
အင်းလေးမြေမှာ။ ။

မှတ်ချက်၊ ၊။ တင်ထားသော ကဗျာများသည် ကိုတိုင်ရေးသားခြင်းဖြစ်ပါသည်။ မှားနေပါက ပြင်ပေးပါရန် အထူးတောင်းပန်အပ်ပါသည်၊

Saturday, January 3, 2009

ဒီဇင်ဘာည

မေ့ မျက်နှာလေး တွေ့ ချင်သေးပါ
လွမ်းနေရော့မှာ အမေခမျာ
မပြန်ရောက်တော့ မျက်ရေသုတ်ပေါ့။

လွမ်းနေတော့မှာ ချစ်ကလေးရာ
ပျော်နေရောပေါ့ ဒီဇင်ဘာမှာ
ခဏလေးတော့ သတိရပေါ့။

ပျော်နေရောပေါ့ သူငယ်ချင်းရာ
မမှုးနဲ့ ပေါ့ ချစ်ငယ်ချင်းရာ
ကောင်းကျိုးအောင့်မေ့ မမေ့နဲ့ ပေါ့။

သီချင်း သီရင်း ဆုတောင်းရောပေါ့
ကိုယ့်မြို့ လေးမှာ ။

မီးပုံပွဲလေး သတိရပေါ့
ကျနော်လေးဟာ ။

ဆုလေးခြွေလို့  ချီးမွန်းပေးပါ
မွေးရပ်လေးမှာ ။

တမ်းတမ်းတတ လွမ်းဆွတ်စဲပါ
ချစ်ခင်သွယ်တာ ရသူများရယ်။


ရေးသူ။ ။ လေပြေ ( Sai Lome )

ကျနော့်သူငယ်ချင်းအတွက်စပ်ထားခြင်းဖြစ်ပါသည်။

ဆောင်းညတစ်ည

ဖြူဖြူပိန်းပိတ် တွေ့ ရန်ခက်ခဲ
ဓါတ်မီးမပေါက် အို ပျောက်ပေါ့လမ်း

မာပြင်းခက်ထန် အို ဒီမျက်နှာ
ခက်ထန်ကြမ်းတန်း ဆောင်းဒဏ်ကြောင့်လား

ခက်ထန်ကြမ်းတန်း ဒီဆောင်းဒဏ်ကို
ခုခံရန်မှာ မီးလှုံရန်သာ

သို့ သော်

အပြုံးမျက်နှာ လူတိုင်းဆောင်ကာ
အားလုံးကြိုပေါ့ ဒီ ဒီဇင်ဘာ

မီးလှုံမမှု ကြံကြံခိုင်ကာ
ကြိုဆိုနေတာ ကျနော်တို့ ပါ

လွယ်လွယ်နဲ့ ပေါ့ မပျောက်နဲ့ ပေါ့
အို ဒီဇင်ဘာရယ်


ရေးစပ်သူ လေပြေ ( Sai Lom)

Wednesday, December 3, 2008

သက်တန်းတစ်ဝက် ဂုဏ်ဆောင်

မာတဲ့အုတ်ခဲ ထုရိုက်နှက်သံ
ဆူဆူညံညံ ပျံ့လံဝန်းကျင်
ဖွာဖွာလဲကြဲ မှောင်မှောင်မည်းမည်း
ချွေးများဝဲပျံ မြဲမြံကိုင်ဆဲ
ထုနှက်နေသူ အိုမောင်ကျောင်းသား

သံစဉ်သာယာ ပြန်ကြားမိပေါ့
ကိုက်နဲ့ စတိုင် မွေးပျံ့ကြိုင်လို့ 
ဂုဏ်ယူဝံ့ကြွား ဆုများနဲ့ ပေါ့
ဝမ်းမြောက်မိတာ တကယ်ပါဗျာ

သက်တန်းတစ်ဝက် ကုန်ခမ်းခဲ့တာ
ဆုများရဖို့ ရာ

ခုတော့

အိမ်ဦးခန်းမှာ ချိတ်ဆွဲထားတာ
ဂုဏ်ဆောင်ဘွဲ့ ထူး
အထူးပင်ပေါ့ အသုံးမ၀င်
လူတွင်တော့လည်း မကျယ်နိုင်ပေါ့

ပူပင်းရည်ပူ ငန်လွန်းပေပိ
ဘာမုန်းမသိ
လုပ်နေစဲပါ ၀မ်းရေးအတွက်

သက်တန်းတစ်ဝက် ဂုဏ်ဆောင်မပါ



ရေးသားသူ လေပြေ (Sailome)