Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, April 26, 2009

အတို့တကာ အတိုဆုံးနဲ့ အပြည့်စုံဆုံး ဆောင်းပါးတစ်ပုဒ်

ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်နိုင်သမျှမြန်မြန်ပြီးပြီးတိုနိုင်သမျှတို၊ အဓိပ္ပါယ်ရှိနိုင်တဲ့ အကြောင်းအရာတစ်ခုကိုရေးခိုင်းပါတယ်။အဲ့ဒီထဲမှာ ပါရမယ့်အကြောင်းအရာတွေကတော့
၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ - တွေပါဝင်ရမယ်တဲ့...
တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ " ဘုရားရေ... ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် " တဲ့.....

စိးရိမ်ပေလို့ သာပဲ

ကိုနောင်နောင် ရှင့်ကိုကျွန်မကြောက်တယ်ရှင့်
ဘာဖြစ်လို့လဲ
ရှင်ကျွန်မကို အဓမကျင့်မှာစိုးလို့ပေါ့
ဟာ . .မဟုတ်တာဗျာ၊ ခင်ဗျားကငါးထပ်တိုက်ပေါ်မှာ၊ ကျုပ်ကပထမထပ်မှာရှိနေတဲ့ဟာကို၊
ဒါဆိုကျွန်မဆင်းလာခဲ့မယ်လေ

Saturday, April 25, 2009

ဟန်ဆောင်တဲ့မင်း

မင်းနဲ့ ထပ်ပြီးတွေ့ ဆုံတော့
နွေရာသီပေါ့

ဆောင်းရောက်ချိန်မှာ
နှင်းတွေကျတော့
ငါ့ နှလုံးမထင်မရှားခံစား

ငါ့မျက်ရည်ခြောက်တုန်း
မင်းနဲ့ ထပ်တွေ့ 

မင်းမတွေ့ ချင် ဟန်ဆောင်
ငါ့ကိုရှောင်တယ်ပေါ့။



ရေးသူ။ ။ Lon Khur (ရှမ်းကဗျာအား ဘာသာပြန်ထားပါသည်။ မတိုက်ဆိုင်သော်လည်း)

သတိရနေတယ်

ထိုင်လည်း သတိရ
အိပ်လည်း သတိရ
ဝေးကွာပြီး မင်းပြန်မလာ
မင်းနဲ့ ဝေးခဲ့တော့
ငါ့ မျက်ရည်လည်းမင်း ကြောင့်ခန်းတော့မယ်ကွာ




ရေးသူ။ ။ Lon Khur (ရှမ်းကဗျာအား ဘာသာပြန်ထားသည်။ တိုက်ဆိုင်လို့ လေ)

Bkk ကအပူ

ရေချိုးပြီးတော့ ငါသုတ်လိုက်တယ်
တစ်ဘက်တွေလှမ်းတုန်း

ပြုန်းဆို

ရေကျလာတယ်
ထပ်ပြီးသုတ်လည်း
ရေကျနေစဲ
သေချာကြည့်တော့
ရေမဟုတ်ပဲ ချွေးတွေဖြစ်နေ။


Air လေးဖွင့်ပြီး အကြာ
ပြန်ပိတ်ကာ အိပ်တော့
ငါ့ ခေါင်းအုံးက စိုဆွတ်
ချွေးတွေဆွတ် နေတာကိုး

ညနေခင်းမှာ ခေါင်းလေးဖီးကာ
လမ်းလေးလျှောက်တော့
ဘာမှမလိုမ်းလဲ
ငါ့ ခေါင်းစိုနေ
အို
ဒီချွေးတွေကြောင့်ကိုး။



ရေးသူ၊ ၊ လေပြေ

Friday, April 24, 2009

ကြယ်တစ်ပွင့်

ငါ့ မျက်ဝန်းက ကြယ်တစ်ပွင့်
လေအ၀င့်မှာ ပျံ့ ကျဲ

ငါ့အသဲက တောင်းဆုခြွေ
သောကရောက် နေတဲ့ကြယ်ကို
မကျီဆည်ပဲ

နောင် ကြယ်မကြွေအောင်
မင်း ထမ်းဆောင်ပါလား

ငါ့ မျက်ဝန်းကကြယ်တွေ
မင်းကြောင့် ကြွေတာများတော့

ငါ့ ကြယ်လေးတွေက
မင်းလက်ခုပ်ထဲမှာ ပါပဲကွာ။

ငါ့ ကြယ်လေးတစ်ပွင့်ကို သနားရင်
ခဏ ခဏ မကြွေအောင်
မင်းထမ်းဆောင်ပါနော်။


ရေးသူ။ ။ လေပြေ (HK)

Thursday, April 23, 2009

ဟောင်းနွမ်း

ငါ့ အရက်ပွဲက စကားလုံးတွေ
လေမှာပျောက်သွား
ဆုပ်ယူလို့ မရပါလားကွာ

ငါ့နှောက်ဖေးက နှင်းဆီပန်းလဲ
နမ်းတဲ့မင်းမရှိတော့ မိုးနဲ့ အတူ
ပြိုင်တူငိုနေတာလားကွာ

ငါ့နှလုံးသားလည်း မင်းမလာတော့
နာရီလိုပဲ မငြိမ်မသက်ဖြစ်နေတယ်ကွာ

ဟောင်းနွမ်းသွားတဲ့ ငါ့နှလုံးသားကို
အချစ်မရှိတဲ့ မင်းနှလုံးသားနဲ့  မကုပါနဲ့ ကွာ

ငါ့ဘ၀ ဟောင်းနွမ်းလဲ
ငါ့အချစ် မဟောင်းနွမ်းအောင်
လုပ်ပါ ချစ်ရာ

ရေးသူ။ ။ လေပြေ (HK)

Wednesday, April 22, 2009

မင်း

လှမ်းထားတဲ့ ငါ့ဘောင်းဘီ
ဝတ်တာများတော့ ဟောင်းနွမ်းနေပြီ

နရံကနာရီ အသံမြည်နေတာကျယ်လွန်း
တိတ်ဆိတ်တဲ့ငါ့အခန်းကို ဖောက်ထွက်
သိပ်ဆိတ်မှုတွေ ပျက်ကွက်သွား

တီဗီ ဖန်သားက သံစဉ်မညီညာ စကားလုံး
ငါ့နှလုံးလိုပဲ မညီမညာ တုန်လှုပ်နေ

ငါ့နှုတ်ခမ်းက ထွက်လာတဲ့ မီးခိုး
မင်းမျက်လုံးအသွင် ပြောင်းသွား

ငါဘယ်လောက်ပဲ ဟောင်းနွမ်းသွားလဲ
ချစ်တတ်တဲ့ငါ့နှလုံးသား
မင်းနဲ့ ပတ်သတ်ရင် နာရီသံစဉ်လိုပဲ
အမြဲသစ်လွင်နေမယ်ကွာ



ရေးသူ။ ။ လေပြေ