Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, April 26, 2009

အိမ်ထောင်တည်မြဲရေး လျှို့ ဝှက်ချက်

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို

ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ

မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက

အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို

မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...

"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ

မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့်

ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း

ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။

ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို

အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက
တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး

ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့
ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး
မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။
သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"
လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို

အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ
ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

သွေးစစ်မလို့တဲ့

ဆေးခန်းတစ်ခုမှာ ဖြစ်ပါတယ်။ ဆေးစစ်ခန်းအပြင်ဘက်မှာ ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။ သူတို့အထဲက တစ်ယောက်က ငိုနေတယ်။ အဲ့ဒါနဲ့
ပထမကလေး။ ။ဘာကြောင့်နင်ငိုနေတာလဲ?
ဒုတိယကလေး။ ။ငါသွေးလာစစ်တာ။
ပထမကလေး။ ။ကြောက်လို့ငိုနေတာလား?
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့
အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ဒုတိယကလေးက အံ့အားသင့်စွာနဲ့....
ဒုတိယကလေး။ ။နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီးးးးးးးးးးးးးးးးး

အတို့တကာ အတိုဆုံးနဲ့ အပြည့်စုံဆုံး ဆောင်းပါးတစ်ပုဒ်

ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်နိုင်သမျှမြန်မြန်ပြီးပြီးတိုနိုင်သမျှတို၊ အဓိပ္ပါယ်ရှိနိုင်တဲ့ အကြောင်းအရာတစ်ခုကိုရေးခိုင်းပါတယ်။အဲ့ဒီထဲမှာ ပါရမယ့်အကြောင်းအရာတွေကတော့
၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ - တွေပါဝင်ရမယ်တဲ့...
တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ " ဘုရားရေ... ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် " တဲ့.....

စိးရိမ်ပေလို့ သာပဲ

ကိုနောင်နောင် ရှင့်ကိုကျွန်မကြောက်တယ်ရှင့်
ဘာဖြစ်လို့လဲ
ရှင်ကျွန်မကို အဓမကျင့်မှာစိုးလို့ပေါ့
ဟာ . .မဟုတ်တာဗျာ၊ ခင်ဗျားကငါးထပ်တိုက်ပေါ်မှာ၊ ကျုပ်ကပထမထပ်မှာရှိနေတဲ့ဟာကို၊
ဒါဆိုကျွန်မဆင်းလာခဲ့မယ်လေ

Saturday, April 25, 2009

ဟန်ဆောင်တဲ့မင်း

မင်းနဲ့ ထပ်ပြီးတွေ့ ဆုံတော့
နွေရာသီပေါ့

ဆောင်းရောက်ချိန်မှာ
နှင်းတွေကျတော့
ငါ့ နှလုံးမထင်မရှားခံစား

ငါ့မျက်ရည်ခြောက်တုန်း
မင်းနဲ့ ထပ်တွေ့ 

မင်းမတွေ့ ချင် ဟန်ဆောင်
ငါ့ကိုရှောင်တယ်ပေါ့။



ရေးသူ။ ။ Lon Khur (ရှမ်းကဗျာအား ဘာသာပြန်ထားပါသည်။ မတိုက်ဆိုင်သော်လည်း)

သတိရနေတယ်

ထိုင်လည်း သတိရ
အိပ်လည်း သတိရ
ဝေးကွာပြီး မင်းပြန်မလာ
မင်းနဲ့ ဝေးခဲ့တော့
ငါ့ မျက်ရည်လည်းမင်း ကြောင့်ခန်းတော့မယ်ကွာ




ရေးသူ။ ။ Lon Khur (ရှမ်းကဗျာအား ဘာသာပြန်ထားသည်။ တိုက်ဆိုင်လို့ လေ)

Bkk ကအပူ

ရေချိုးပြီးတော့ ငါသုတ်လိုက်တယ်
တစ်ဘက်တွေလှမ်းတုန်း

ပြုန်းဆို

ရေကျလာတယ်
ထပ်ပြီးသုတ်လည်း
ရေကျနေစဲ
သေချာကြည့်တော့
ရေမဟုတ်ပဲ ချွေးတွေဖြစ်နေ။


Air လေးဖွင့်ပြီး အကြာ
ပြန်ပိတ်ကာ အိပ်တော့
ငါ့ ခေါင်းအုံးက စိုဆွတ်
ချွေးတွေဆွတ် နေတာကိုး

ညနေခင်းမှာ ခေါင်းလေးဖီးကာ
လမ်းလေးလျှောက်တော့
ဘာမှမလိုမ်းလဲ
ငါ့ ခေါင်းစိုနေ
အို
ဒီချွေးတွေကြောင့်ကိုး။



ရေးသူ၊ ၊ လေပြေ

Friday, April 24, 2009

ကြယ်တစ်ပွင့်

ငါ့ မျက်ဝန်းက ကြယ်တစ်ပွင့်
လေအ၀င့်မှာ ပျံ့ ကျဲ

ငါ့အသဲက တောင်းဆုခြွေ
သောကရောက် နေတဲ့ကြယ်ကို
မကျီဆည်ပဲ

နောင် ကြယ်မကြွေအောင်
မင်း ထမ်းဆောင်ပါလား

ငါ့ မျက်ဝန်းကကြယ်တွေ
မင်းကြောင့် ကြွေတာများတော့

ငါ့ ကြယ်လေးတွေက
မင်းလက်ခုပ်ထဲမှာ ပါပဲကွာ။

ငါ့ ကြယ်လေးတစ်ပွင့်ကို သနားရင်
ခဏ ခဏ မကြွေအောင်
မင်းထမ်းဆောင်ပါနော်။


ရေးသူ။ ။ လေပြေ (HK)