Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, September 14, 2009

ခရီးသွားမှတ်တမ်း (3= မန္တလေး နှင့် နဘား)

ကသာကိုသွားဖို့ အတွက် ပထမဆုံး နဘားဘူတာကိုသွားရပါတယ်။ နဘားကနေမှတစ်ဆင့် ကားနဲ့  ကသာကိုသွားရပါတယ်။ မန္တလေးကမှာ တည်းလို့ ပြီးတာနဲ့  ကျနော်တို့ လဲ နဘားကိုသွားဖို့  အထုပ်တွေသယ်ပြီး ဘူတာကိုရောက်လာပါတယ်။ ကျနော်တို့  စီးမယ့် ရထားကလဲ upper ပါပဲ။ အဲ....သူတို့ ပြောပုံအရဆိုရင် တရုတ်ရထားပေါ့လေ။



အပေါ်ပုံကတော့ မန္တလေးရထားဘူတာပါ။ အပြင်နဲ့  အတွင်းနဲ့ နည်းနည်းပဲ ကွာပါတယ်ဗျာ။

ရထားပေါ်တက်ပြီး ပစ္စည်းတွေကို ပစ္စည်းတင်တဲ့နေရာမှာထားပြီး (ကားတွေလိုပါပဲ အပေါ်မှာ ပစ္စည်းတင် အောက်က ထိုင်ခုံလေး မှာထိုင်ပေါ့)ထိုင်ခုံလေးမှာထိုင်တယ်ပေါ့။ အဲ...တစ်ချို့ ထိုင်ခုံတွေက ပျက်နေပြီး တည့်တည့်ထိုင်လို့ မရဘူးဖြစ်နေတယ်ဗျ။ လဲလျောင်း ပြီးထိုင်နေရတယ်လေ။ ဒါကောင်းတာပဲလေ...ထင်မိလိမ့်မယ်။ ဒါပေမယ့် ခရီးထွက်ဖူးရင်တော့် ကောင်းတယ်လို့  ထင်မှာ မဟုတ်ပါဘူးလေ။

အဲလိုနဲ့ ရထားက ထွက်ပါလေရော။



ရထားထွက်တာနဲ့  တွေ့ ရတဲ့ မြင်ကွင်းပါ။ လူတွေက ရထားမှာ တွဲခိုပြီးတော့ လိုက်ပါလာတာဖြစ်ပါတယ်။ ဝေးဝေးကိုတော့ မသွား ပါဘူး။ သူတို့ ရဲ့ ဆိုင်ရာဆိုင်ရာ ရောက်ရင် ခုန်ဆင်းကြပါတယ်။ သွားရင်းသွားရင်းနဲ့  ကျနော်ရောက်ခဲ့တဲ့ နေရာကတော့..



ဒီတံတားက ဧရာဝတီမြစ်ပေါ်မှာဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ လှပပါပေတယ်။

ရထားပေါ်ရောက်တုန်းကပေါ့ဗျာ... upper ဆိုပေမယ့် ထိုင်ခုံလေးနဲ့ ပါပဲ။ ထိုင်ခုံရဲ့  စပရိန်တော့ တော်တော်လေးကို ကောင်းတယ်ဗျ။ ချိုင့်တခုခုရောက်ရင် ထိုင်ခုံက 3 လက်မလောက် နှိမ့်ချည်မြင့်ချည်လုပ်နေတယ်ဗျာ..တော်တော်လေးကို စိမ်ရှိ တယ်လို့ ထင်ရပါတယ်။ အဲ...နည်းနည်းကြာလာတော့ ခေါင်းမူးသလိုလို ခံစားရတယ်ဗျ။

upper မှာ လေအေးစက်နဲ့ ပါပဲ..ဒါပေမယ့်လေအေးစက်က ပင့်ကူမင်တွေတက်လို့  မသုံးရမှန်းသိသာပါတယ်။ ဒါပေမယ့် ... ပန်ကာနဲ့  သွားနေရတုန်းပါပဲ။ ရထားနဲ့ သွားနေတုန်းမှာပဲ... ခရီးသယ်တွေက ဆေးလိပ်သောက်တာကို ကျနော် အနေနဲ့  ထူးထူးဆန်းဆန်း တွေ့ ရပါတယ်။ သူတို့ က ဘယ်သူ့ ကိုမှ အားမနာပဲနဲ့  သောက်နေတာပါ။ ဆေးလိပ်မသောက်ရ ဆိုတဲ့ စကားလုံးက သူတို့ နဲ့  လုံးဝမသက်ဆိုင်သလိုပါပဲ။

ပြီးတော့ တစ်ချို့ က ချမ်းလို့ ဆိုပြီး ပြတင်းပေါက်တွေပိတ်ထားတယ်လေ။ ပြတင်းတွေပိတ်ပြီးတဲ့ အိပ်နေပေမယ့် မအိပ်သေးတဲ့ သူတွေအတွက်တော့ ဆေးလိပ်သောက်သူတွေရဲ့ ဒဏ်ကို အလူးအလဲခံရပါတယ်။ (ဘယ်သူမ ဘာမှမပြောပါဘူး၊ ရိုးသားလို့  လားမသိပါဘူးလေ။ )

နောက်ဆုံးတော့ ကျနော်တို့ စီးလာတဲ့ 12 နာရီရထားဟာ နဘားကို 43း0 မှာရောက်လာပါတယ်။

ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)

ခရီးသွားမှတ်တမ်း (၂= မန္တလေး)

ရန်ကုန်မှာရောက်နေတုန်း မန္တလေးသွားမယ်ဆိုပြီး ကျနော်တို့ ဟာ ရထားဘူတာကို 11 လောက်ကရောက်လာပါတယ်။ ရောက်တယ် ဆိုရင်ပဲ ပစ္စည်းသယ်မယ့်သူတွေထွက်လာကြပါတယ်။ ပစ္စည်းကနည်းနည်းလေးများတယ်ဆိုပေမယ့် ကိုယ်ကသယ်နိုင်တော့ မလုပ်ပါ နဲ့ ဆိုပြီး အတင်းကိုတားရပါတယ်ဗျာ။ (သူတို့ က စေတနာအရမ်းရှိနေတာကိုး)

အဲလိုနဲ့ ပေါ့ လက်မှတ်ကို မှတ်ပုံတင်နဲ့ တကွ ဂိတ်မှာပြပြီးသွားတဲ့အချိန်မှာ ကျနော်တို့ ဝယ်ထားတဲ့ upper class ကိုသွား လိုက်ပါတယ်။ ကျနော်က ရုပ်ရှင်တွေတော်တော်ဝါဿနာပါတော့ တော်တော်လေးကိုကြည့်ဖြစ်ပါတယ်။ အဲ Upper ဆိုတဲ့ အသံကို ကြားလိုက်တော့ တော်တော်လေးကို ပျော်သွားတယ်ဗျ။ ဟုတ်တယ်လေ အကောင်းစားလေးမှာလိုက်ပါသွားရမှာကိုး။

Upper ဆိုတဲ့အတိုင်း ကိုယ်ပိုင်အခန်းလေးနဲ့ ပါပဲ။ အခန်းကသိပ်မကျယ်ပါဘူး။ နှစ်ဖက်စလုံးမှာ နှစ်ထပ်ကုတင်နဲ့ ပါ။ အလယ်မှာ၊ ပြတင်းပေါက်နဲ့  ကပ်ရက် သိပ်မကျယ်တဲ့ တစ်တောင်စာ စားပွဲလေးရှိပါတယ်။ ဒါပါပဲ သူတို့ ရဲ့ အထက်တန်းပေါ့နော်။ အဲ လေအေးစက်တော့မရှိပါဘူး။ ပန်ကာလေးနဲ့ ပေါ့လေ.. သဘာဝလေကို အားရပါးရရှုနိုင်တယ်ပေါ့ (အကောင်းဘက်က တွေးတတ်ရင်ပေါ့။)

အဲလိုနဲ့  ပစ္စည်းတွေကိုနေရာချပြီး (ကုတင်အောက်မှာ ထိုးသွင်း၊ မကုန်ရင် ကုတာင်ပေါ်တင်ပေါ့လေ)ခဏနားနေတုန်းမှာ ကွမ်းယာတို့  ဆေးလိပ်တို့  လာရောင်းပါတယ်။ အဲဒီမှာ ကျနော် တော်တော်လေးအံ့သြသွားတယ်ဗျ။ ဘာလို့ လဲဆိုတော့ ရထား ပေါ်မှာ ဆေးလိပ်မသောက်ရဆိုတဲ့ စာကပ်ထားတယ်လေ။ ဆေးလိပ်မသောက်ရဆိုမှတော့ ဆေးလိပ်လာရောင်းရတယ်လို့  ပေါ့နော်။ အင်းလေးမှာ ဖိနပ်သွားရောင်းတာနဲ့ အတူတူပဲလေ မဟုတ်ဘူးလားလို့ ။

အဲလိုနဲ့  ရထားက ဘူတာကနေ 12း05 မှာထွက်ပါတယ်။ ရထားထွက်တာနဲ့  ဗိုက်ဆာလာလို့  ကိုယ့်မှာပါလာတဲ့ ထမင်း၊ ဟင်း တွေဖွင့်ပြီးစားတာပေါ့ဗျာ။ ဗိုက်ဖြည့်ပြီးတော့ ပြတင်းပေါက်ကနေ ရှုစားပါတယ်။ တော်တော်လေးကို သာယာတယ်ဗျာ။ လေကလဲ တဟူးဟူး တိုက်နေတာပဲ။ လေကောင်းလေသန့် ပါပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။

အဲလိုနဲ့ သွားလိုက်တာ...ခဏနေတော့ နဲနဲပူလာတယ်ဆိုပြီး တစ်ခုတည်းသော ပန်ကာကိုဖွင့်လိုက်တယ်ဆိုရင်ပဲ ပန်ကာက အလုပ်လုပ်ဘူးဖြစ်နေတယ်။ ဒါနဲ့  ကျနော်တို့ က မင်းတို့ ပန်ကာအလုပ်မလုပ်ပါလားလို့  ဆိုင်ရာဆိုင်ရာ ကိုပြောတော့ သူတို့ က မဖွင့်ပေးသေးတာပါ လို့ ပြောတယ်လေ။ အဲမကြာပါဘူး ပန်ကာလေးက လည်လာပါတယ်ဗျာ။

ကြာတော့.....အပေါ့သွားချင်တာနဲ့  အိမ်သာကိုသွားတာပေါ့လေ။ အိမ်သာမှာ ပုတင်းပေါက်နဲ့ ပါ။ အဲထိုင်ပြီးသွားရတယ်လေ။ မထိုင်လို့ ရမလားလို့  မေးစရာရှိမှာပေါ့လေ။ ကျနော်ပြောချင်တာက ရေဆွဲချုရတဲ့ အိမ်သာမဟုတ်ပါဘူး။ ရေလောင်းရတဲ့ အိမ်သာပါ။ အံ့သြစရာကောင်းသာက ရေမလာသာပါပဲ။ ရထားဆီးမယ်ဆိုရင် လိုအပ်တာတွေဆောင်ထားဖို့ ပေါ့ဗျာ။ မဟုတ်ရင် တော်တော်လေး ဒုက္ခရောက်လိမ့်မယ်နော်..အထူးသဖြင့် မိန်းကလေးပေါ့ဗျာ။ အဲ ပုတင်းပေါက်ကလဲ အပေါ်မှာ အသေပိတ်ပြီး အောက်ပိုင်းက ပွင့်နေတယ်ဗျ။ ကြည့်ရင် ကိုယ့်ရဲ့  ကွယ်ဝက်ထားတဲ့ အရာတွေပေါ်နိုင်တယ်ဗျ။

အဲလို နဲ့ ညရောက်ရော ဗိုက်ဆာလာတာနဲ့  ရထားက ဟင်းတွေကို မှာစားတာပေါ့ဗျာ။ မဆိုးပါဘူး တော်တော်လေးကို ကောင်းပါတယ်။ ထမင်းစားပြီးရင်တော့ ပြတင်းပေါက်ကနေ လွင့်လိုက်ပေါ့လေ။ အဲကိုယ်ကမကုန်၊ ပြီးတော့ ဟင်းနဲ့  ထမင်းကကျန်နေသေးတယ်ဆိုရင် ထုတ်ထားလိုက်ပါ။ လမ်းမှာ လာတောင်းတဲ့ ကလေးတွေရှိပါတယ် သူတို့ ကို သနားသော အားဖြင့် စွန့် ကြဲတာကောင်းပါတယ်။

ညရောက်တဲ့အချိန်မှာ ရထားက မီးတွေဖွင့်ပေးပါတယ်။ မီးဖွင့်လိုက်တော့ နည်းနည်းထိန်ထိန်ညီးသွားတယ်ပေါ့နော်။ အဲ ခက်တာက အဲဒီ မီးကို ခရီးသယ်တွေ ပိတ်လို့ မရတာပါပဲ။ ကျနော်လဲ မီးပိတ်လို့ မရတာကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ညနက် တော့ အကောင်တွေက မီးကိုတွေ့ ပြီး လာပြီး မီးပုံပွဲ ကျင်းပနေတာပါပဲ။ ပင်ပန်းတဲ့အကောင်တွေက ကိုယ်ပေါ်တို့  မျက်နှာမှာ တို့  လာနားတာပေါ့ဗျာ။ အဲဒီတုန်းက တော်တော်လေး စိတ်ညစ်လိုက်ပါတယ်။ (ဒီစာရေးနေတုန်း အိမ်မြှောင်တောင် ကျနော့် ပေါ်ကျလာသေးတယ်၊ သက်သေလာပြုတာလားတော့မသိဘူးပဲ)

ကုတင်အကြောင်းပြောရအုန်းမယ်။ ကုတင်အကျယ်က တစ်ဝက်လိမ့်စာပါ....လှည့်ယုံလေးပေါ့ဗျာ။ ပေးတဲ့ပစ္စည်းတွေကတော့ မလျှော်ထားတဲ့ ခေါင်းအုန်းရယ် (အဆိုးမြင်တာ မဟုတ်ပါဘူး..တစ်ကယ်ပြောတာပါ၊)၊ မခင်းထားတဲ့ အိပ်ယာခင်းရယ်ပါ။ ကိုယ့်အားကို ကိုးပေါ့လေ..ဟ။ ကုတင်ကနှစ်ထပ်ဆိုပေမယ့် တက်တဲ့ လှေကားက တစ်ထစ်ထဲပါ။ အဲဒီလေကားက ကုတင်နှစ်ခု ကြားမှာ ထားထားတယ်လေ။ ယောင်္ကျားလေးတွေအတွက် ပြဿနာ မရှိပေမယ့် မိန်းကလေး ဖြစ်ခဲ့ရင်တော့ တော်တော်လေးကို အခက်အခဲတွေ့ နိုင်ပါတယ်။

ပိတ်လို့ မရတဲ့မီးရယ်၊ သိပ်မကျယ်တဲ့ ကုတင်လေးမှာ အကောင်လေးတွေကို ဖက်ပြီးအိပ်ရင်း လိုရာခရီးကို မနက် 4 နာရီ လောက်မှာရောက်ပါတယ်။ နေ့ လည် 12း05 မှာထွက်တာ မနက် 4 နာရီလောက်မှ ရောက်တော့ တော်တော်လေးကို ပင်ပန်း တယ်လို့ ပြောရပါတယ်။ အဲလိုနဲ့  ရထားပေါ်ကဆင်းလိုက်တော့ လမ်းတစ်လျှောက်မှာ လူတွေတန်းစီပြီးအိပ်နေတာကို အထူး အဆန်းတွေ့ လိုက်ရပါတယ်။

အဲဒါတွေကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ မန္တလေး ဘူတာကနေထွက်ဖို့  လှေကားပေါ်တက်မယ်လုပ်တယ်ဆိုရင်ပဲ လက်မှတ် စစ် နဲ့ တွေ့ ပါတယ်။ လက်မှတ်စစ်က ရထားပေါ်မှာလဲ စစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ က အဲလိုမျိုးပြန်စစ်ပါတယ်ဗျာ။ သွားဖြစ် ခဲ့ရင် ရထားလက်မှတ်အသင့်ပြင်ထားပေါ့ဗျာ။

မန္တလေးဘူတာက တော်တော်လေးကို ကြီးပါတယ်။ ရထားကဆင်းပြီး အပေါ်ကိုတက်၊ ပြီးတော့လမ်းနည်းနည်း လျှောက်၊ ပြီးရင် လှေကားက ပြန်ဆင်းနဲ့  တော်တော်လေးကို လည်သွားပါတယ်။



ဒါက မန္တလေးရထားဘူတာပါ တော်တော်လေးကို ခံ့ညားပါတယ်။ (အပြင်ပိုင်းကပေါ့နော်၊ အတွင်းပိုင်းတော့ အလုပ်ရှုပ်နေတာနဲ့  အဲဒီနေ့ က မရိုက်ဖြစ်ခဲ့ပါဘူး)။ အမှန်ပါ တော်တော်လေးကို ကြည့်လို့ ကောင်းပါတယ်..မြင်ရတဲ့အတိုင်းပေါ့နော်။

ရထားဘူတာအပြင်ကိုရောက်လို့  လေးဘီးနဲ့  တည်းခိုမယ့်နေရာကိုရောက်သွားခဲ့ပါတယ်ဗျာ။ အိပ်မယ်လုပ်တုန်း အိပ်မပျော်ခဲ့ပါဘူး။ အဲဒါနဲ့  လမ်းလျှောက်ထွက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဆိုင်ကယ်တွေကားတွေသွားလာ လုပ်ရှားနေတွေ့ ရပါတယ်။ ကိုရင် တွေဆွမ်းခံကြွလာတာလဲတွေ့ ပါတယ်။ အဲ...ထူးဆန်းတာက ကိုရင်တွေက ဆိုင်အရှေ့ မှာ ဆွမ်းခံရပ်တော့ ဆိုင်ရှင်က ဆွမ်းမကပ်ရင် ကိုရင်တွေက တစ်နေရာမှာ ထိုင်ပြီး စောင့်နေတာကို တွေ့ ရတယ်ဗျ။ (မန္တလေးက ကျနော့် အတွက် ပထမ ဆုံးမို့  ကျနော်မသိတာလားတော့ မသိပါဘူးဗျာ။ )

အဲလိုနဲ့ မိုးလင်းတော့ ဗိုက်ဖြည့်ဖို့ ဆိုပြီး အပြင်ထွက်ခဲ့ပါတယ်။ ဘယ်မှာ သွားစားရမှန်းမသိခင်မှာ ကားဆရာက မင်းသီဟ မှာသွားစားဖို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်နောက်ပိုင်းသိရတာတော့ မန္တလေးမှာ မင်းသီဟ ဆိုင်ကတော်တော်လေးကို နာမည် ကြီးပြီး နေရာအနှံ့ မှာ ဆိုင်ခွဲရှိတယ်တဲ့။ အဲလိုနဲ့  ကျနော်တို့ ဟာ 72 လမ်းက မင်းသီဟဆိုင်ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ နန်းကြီးသုပ် စားလိုက်တယ်ဗျ..အဲ..မ၀တာနဲ့  မုန့် ဟင်းခါးတစ်ပွဲထပ်ဆွဲလိုက်တယ်။ တော်တော်လေးကို စားကောင်းပြီး ဈေးလဲ သက်သာပါတယ်။ ( ကြေငြာပေးတာမဟုတ်ဘူးနော်)



ဗိုက်ဖြည့်ပြီးတော့ မန္တလေးရဲ့ နာမည်ကြီး မဟာမြတ်မုနိဘုရားကို သွားပြီးဖူးပါတယ်။ အ၀င်ဝမှာတော့ ဘုန်းကြီးတွေ အလှုခံနေတာ ကို ကြည်ညိုဖွယ်ရာတွေ့ လိုက်ပါတယ်။



ဒီလိုမြင်ကွင်းတွေကို မတွေ့ ရတာတော်တော်လေးကို ကြာနေတော့် ၀မ်းပမ်းတသာဖြစ်နေမိပါတယ်ဗျာ။



အဲဒါက ၀င်ပေါက်မတိုင်ခင်ဘေးကဖြစ်ပါတယ်။ ခိုလေးတွေက ပျံဝဲနေတာလေးက....အော်...ဒါက မြန်မာနိုင်ငံပါလား ဆိုတဲ့ ခံစားချက်ကို ရရှိစေပါတယ်။



ဒါက အ၀င်ဝမှာပါ။ တော်တော်လေးကို စည်ကားပါတယ်။ မ၀င်ခင်မှာ ဖိနပ်ချွတ်ရပါတယ်။ ဖိနပ်လေးကိုင်လို့  ဘုရားဖူးရတာလေး ကိုက ၀မ်းသာစရာလေးပါဗျာ။



လမ်းလျှောက်သွားတုန်း၊ ဘုရားမရောက်ခင်မှာ လမ်းတစ်လျှောက်တွေ့ ရတဲ့ ဈေးတမ်းလေးပါ။ ပစ္စည်းတွေ တော်တော်လေးကို စုံပါတယ်။ ဘုရား ရုပ်ဘွားတော်၊ ပုတီး၊ ရုပ်ထု ကအစပေါ့လေ၊



အဲလိုနဲ့ လျှောက်သွားလိုက်တာ ရွှေကပ်ဖို့ အတွက် 1200 ပေးပြီးရွှေစက္ကူကိုဝယ်ပါတယ်။ ၀ယ်ပြီးတော့ ဘုရားမှာ ကိုယ်တိုင် ကပ်ခွင့်ရပါတယ်။ အဲလိုကပ်ခွင့်ရတဲ့အတွက် လူဖြစ်ရကျိုးတယ်နပ်ပါလားလို့  ၀မ်းသာနေခဲ့ပါတယ်။ အဲ...မိန်းကလေးတွေ တော့ တက်လို့ မရတဲ့အတွက် ကန့် သတ်ထားသော နေရာမှာသာ ရှိခိုးရပါတယ်။

ရွှေကပ်ပြီးသွားတဲ့အချိန်မှာ အိမ်သာသွားချင်တာနဲ့  လျှောက်သွားလိုက်တော့ လမ်းမှာထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေက လမ်းညွန် လိုက်လို့  100 ပေးပြီး ကိစ္စပြီးသွားပါတယ်။ ကိစ္စပြီးသွားတော့ ပြန်လာတဲ့အခါမှာ ကျနော့်ကို လမ်းညွန်လိုက်တဲ့သူတွေက နဲနဲ စွန့် ကြဲပါဆိုတော့ ပေးလိုက်ပါတယ်။ သူတို့ ထိုင်နေတာက 5၊ 6 ယောက်လောက်ရှိပါတယ်။ တစ်ယောက်ကို ပေးတိုင်း ဒီမှာ တစ်ခြားတစ်ယောက်ရှိသေးတယ်လေ ဆိုပြီး ပြောပါတယ်ဗျာ။

ကျနော့်မှာလဲမရှိတော့တာနဲ့  ဒီလိုပဲ ထွက်ခဲ့ရပါတယ်။



ပြန်ရောက်တဲ့အခါမှာ ကျနော့်ဦးလေးက သမိုင်းဖြစ်စဉ်တွေကို ရှင်းပြပါတယ်။ ပုံမှာတွေ့ ရတာက မဟာမြတ်မုနိက ကိုယ်တော်မှာ ရွှေကပ်ပေမယ့်လဲ မျက်နှာတော်က လိုက်လိုက်ကြီးလာတာကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒီကိစ္စကို စိတ်ရှည်ရှည်နဲ့  ရှင်းပြတဲ့ ဦးနိုင်ကို တော်တော်ကျေးဇူးတင်ကြောင်းဒီကနေ ပြောချင်ပါတယ်ဗျာ။

ဘုရားဖူးပြီးတာနဲ့ ကျနော်လဲ မိမိတည်းခိုရာကို ပြန်လာတာပေါ့လေ။ အဲ..လမ်းမှာ ကွမ်းယာဆိုင်တွေ့ တာနဲ့  ကွမ်းယာလေးဝါး လိုက်ပါတယ်။ တော်တော်လေးကို စားလို့ ကောင်းပါတယ်ဗျာ။ ကွမ်းယာလေးစားပြီး အခွေဆိုင်ဝင်လိုက်တော့ သူတို့ မှာ နိုင်ငံခြားဖြစ် မြန်မာစာတန်းထိုးခွေတွေကိုတွေ့ လို့ ဝယ်လိုက်ပါသေးတယ်။ တစ်ခွေမှ 400 ကျပ်ပါ။

ကျနော်ကြားဖူးတဲ့ သီချင်းတွေအရ မန္တလေးသူတွေက ခြေတုတ်တယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် ကျနော်ပဲမတွေ့ လို့  လားမသိဘူး အားလုံးက ပုံမှန်ပါပဲ။ တုတ်ချင်လဲတုတ်မှာပေါ့လေ....ဘယ်သူသိနိုင်မလဲလို့  ကျနော်က ကိုရင်တို့ ၊ ဘုန်းကြီး တို့ ကိုပဲကြည့်နေလို့ ဖြစ်မယ်။

မန္တလေးမှာ နားပြီးတဲ့အချိန်မှာ ကျနော်ဟာ ကသာကိုသွားဖို့ အတွက် နဘား ဘူတာကို ရထားနဲ့ ဆက်ပြီးထွက်ခဲ့ပါတယ်။


ရှမ်းကလေး (ဆက်ဖော်ပြပါမည်)

Friday, September 11, 2009

1 နှစ်အရွယ်ကောင်မလေးကိုယ်ဝန်ရှိနေ



တရုတ်နိုင်ငံတွင် အသက် (၁) နှစ်အရွယ်ရှိ Mengru Kang ဆိုသူ မိန်းကလေးသည် အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားသည်ဟု သိရပါသည်။

၎င်းသတင်းကို သိရချိန်တွင် တရုတ်နိုင်ငံ ဆေးဖက်ဆိုင်ရာလောကတွင် အတော်ပင် အံ့သြတုန်လှုပ် သွားခဲ့သည်။

Mengru Kang ၏ ဗိုက်သည် မည့်သည့်အတွက်ကြောင့်ရယ်မသိရပါဘဲ တဖြည်းဖြည်း ကြီးလာသောအခါ ဆေးရုံသို့ ခေါ်သွားပြီး ဓါတ်မှန်ရိုက်ကြည့်ခဲ့ပါသည်။ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမတွင် ကိုယ်ဝန်ရှိသည်ဟုပြောခဲ့သည်။ သူမ လွယ်ထားရသော ကိုယ်ဝန်သည် ယောက်ျားလေး အမွှာပူး ဖြစ်နေသည်ဟု သိရသည်။

ဆရာဝန်ပြောကြားရာတွင် သူမကို ကိုယ်ဝန်ဆောင်နေသောအချိန်တွင် နောက်ထပ်မျိုးအောင်လာသော သူမမိဘနှစ်ပါး၏ သန္ဓေသားသည် သူမ၏ဝမ်းထဲသို့ဝင်ပြီး ကြီးလာတာဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ၎င်းဖြစ်ရပ်သည် အလွန့်အလွန် ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်ပါသည်။ လူအယောက် (၅) သိန်းတွင် တစ်ယောက်တောင် ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်ပါသည်။

ဆရာဝန်၏ ပြောကြားချက်အရ သူမ မခွဲစိပ်ဘူးဆိုလျှင် သေသွားလိမ့်မည်ဖြစ်ပြီး မွေးဖွားမည့် အချိန်တွင် နာကျင်စွာနဲ့ ခွဲမွေးရပါလိမ့်မယ်ဟု ဆက်လက်ပြောကြားသွားခဲ့သည်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားက ဆက်လက်ကြီးထွားနေမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို ယခုအခါ သူမသည်လည်း ဝမ်းထဲက သူမရဲ့ အမွှာမောင်လေးနှစ်ယောက်အား ခွဲမွေးဖို့ရန်အတွက် စောင့်နေကြသည်ဟု သိရပါသည်။

Source : the Sun

ရှမ်းကလေး (သူငယ်ချင်း blog (http://tailengtai.blogspot.com/) မှကူးယူထားပါသည်)

ဟာသလေးများ



ချစ်ရယ် စိတ်အေးအေးထားပါနော်..ကိုယ်ရှင်းပြပါရစေနော်..နော်...နော်...လို့ 



ယခု သင်ရောက်ရှိနေရာ

Monday, September 7, 2009

လသာသာလေးမှာ

လကလေးက သာသာ
လင်းလက်လို့ နေသာ
မလင်းမကျင်းလေးမှာ
ဂစ်တာလေးသီးကာ
တစ်ပါးသူကို စောင်းလို့ 
ချစ်ခြင်းဖွဲ့ မိတာ
အချစ်များကိုသာ
ရင်မှာသိမ်းပိုက်လို့ 
လသာသာလေးမှာ
မခံနိုင်စွာနဲ့ 
ဖော်ထုတ်မိတယ်
ဟိုးအရင် ချိန်လေးဝယ်။

လေပြေ

Sunday, September 6, 2009

အချစ်...........

မင်းမရှိတဲ့ ငါ့ဘ၀က
အမှောင်လေးမှာ အလင်းမရှိ
မချိခံနေရတယ်။

မင်းအမူအရာ
နေရာတိုင်းမှာ ငါပြန်အောက်မေ့
ငါ့အလွမ်းစိတ် တွေကပိုလာ
မင်းများငါ့ကို သတိရမလား။

ဟိုအရင်က ဒီအချိန်လေး
မင်းမျက်နှာကို ငါကငေးလို့ 
ချစ်စကားဆိုခဲ့တယ်။

မင်းကပြုံးလို့  အဖြေပြောတော့
ငါ့မှာဝမ်းသာ ကြည်နူးနေတာ
မင်းမှတ်မိနေမလား?။

ထောင်ပေါင်းဝေးလို့  လူချင်းကွဲလဲ
ရင်ချင်းဆက်တော့ လွမ်းနေမိတယ်
ချစ်သူလေးရယ်။

အကာအရံ ဆီးခြားထားလဲ
ငါ့အလွမ်းများ မင်းဆီရောက်ဖို့ 
တောင်းဆုခြွေတယ်။

အစဉ်အဆက် ဆက်ချစ်နိုင်ဖို့ 
တောင်းဆုပေးရင်း မျှော်လင့်မိတယ်
ချစ်လေးရယ်။


လေပြေ

မလုပ်ပါနဲ့ .....

မတွေ့ ချင်မှတော့
မင်းမျက်လုံးကို မှိတ်ထားပေါ့လေ။

မင်းမချစ်မှတော့
ငါ့ကိုဘာလို့  စကားပြောနေလဲ?

ငါ့ရှေ့ မှာ ငါ့ကောင်းကြောင်းတွေပြောပြီး
မင်းကို တစ်မျိုးထင်အောင်မလုပ်ပါနဲ့ ။

ငါ့ကိုမေ့ပါ ထပ်ခါပြောပြီးတော့
ငါ့ရှေ့ မှာ မယောင်မလယ်ထပ်ခါထပ်ခါမနေပါနဲ့ ။

အတိတ်ကိုမေ့ပါဆိုပြီး
ငါ့အကြိုက်မင်းဘာကြောင့်လိုက်နေသာလဲ?။

ငါချစ်တဲ့အချိန်မှာ မင်းကမဲ့နေပြီး
ဘ၀သစ်ကိုရတော့ ဘာလို့ ဝင်လာချင်တာလဲ?။

အမေးတွေနဲ့  ငါကအိပ်မရ
မင်းအလှမာယာတွေနဲ့ 
ငါ့ကို မနှောင့်ယှက်ပါနဲ့ ။

မင်းမရှိတဲ့ကမ္ဘာမှာ
ငါနေရတာဟာ ပိုကောင်းပါတယ်ကွာ။


လေပြေ

Saturday, September 5, 2009

အထီးကျန်ချိန်...လေးမှာ....

သက်ပြင်းချရင်း ဆေးလိပ်လေးဖွာ
ရီဝေစွာနဲ့  ထိုင်လို့ ငေးနေ
ကောင်းကင်ထက်ဝယ် ပျံကာလွင့်မျော
ဆေးလိပ်မီးခိုးများ။

ပုလင်းဖောက်လို့  ဖန်ခွက်ထဲထည့်
နှုတ်ခမ်းတေ့လို့  သောက်ချလိုက်တယ်
လည်မှာခါးပြီး ၀မ်းမှာသွားပူ
ခေါင်းကထူထူ နေလို့ ကောင်းသား
ဤသေရည်များ။

ခေါင်းကနောက်တော့ လည်ကိုနောက်ထား
မျက်လုံးမှိတ်ကာ အတွေးလေးမှာ
မပျော်စွာနဲ့  လွင့်မျောမိတယ်။

အဖေါ်မဲ့တော့ အထီးကကျန်
မူမမှန်တော့ နှုတ်ခမ်းတေ့ရင်း
ဆက်သောက်မိတယ်။

လေပြေ

Thursday, September 3, 2009

ခရီးသွားမှတ်တမ်း (၁ =့ ရန်ကုန်)

လေယာဉ်ဘီး မြေနဲ့ ထိတယ်ဆိုရင်ပဲ ရင်ထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ ဝမ်းသာနေမိပါတယ်။ ကောင်းကင်ယံကကြည့်ချိန်မှာ စေတီ၊ ပုထိုး တွေနဲ့  မြန်မာနိုင်ငံဟာ တော်တော်လေးကို လှပပြီး လွမ်းမောဖွယ်လေးဖြစ်နေပါတယ်။

လေယာဉ်ကထွက်လိုက်တယ်ဆိုရင်ပဲ လာကြိုတဲ့ကားပေါ်တက်လိုက်တော့ တော်တော်လေးကို အိုနေတဲ့ကားပါလားလို့  သတိပြုလိုက် မိပါတယ်ဗျာ။ လမ်းပေါ်မှာ ပြေးလို့ မရလို့ များ ဒီမှာလာထားသာလားလို့ တောင် သံသယဖြစ်မိလေရဲ့ ။ Driver ကတော့ ပုဆိုး နဲ့  အင်္ကျီ အဖြူကိုဝတ်ထားလေတော့...အော်ဒါဟာ မြန်မာနိုင်ငံရဲ့ အမှတ်အသားပါပဲလားဆိုပြီးတော့မှတ်ချက် ချမိပါတယ်။

ကားပေါ်ကဆင်းလို့  အဆောက်အအုံထဲဝင်လိုက်တယ်ဆိုရင်ပဲ နဖူးကို စက်တစ်ခုနဲ့ လိုက်ချိန်နေတဲ့ ဆေးဌာနကလူကိုတွေ့ လိုက်ပါတယ်။ သူက H1N1 လိုက်ရှာနေတာဖြစ်မှာပေါ့။ အဲ..အဖျားရှိတဲ့သူကို အေအိုင်တီအက်လ် (၀ါ) အရူးဆေးရုံ ပို့ တယ်လို့  တော့ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ (စမ်းချင်ရင်တော့ စမ်းကြည့်ပေါ့လေ။ မတားပါဘူး။)

နောက်တော့ နိုင်ငံကူးလက်မှတ်စစ်တဲ့ နေရာကိုရောက်လာပါတယ်။ ထောက်ခံစာတွေပြရတယ်ဆိုလို့ လဲ အသင့်ပြင်ထားသာပေါ့။ ဒါပေမယ့် ကိုယ့်အလှည့်ရောက်တော့ ကိုယ့်ရဲ့  အဖေနာမည်ကိုပဲပြောရပါတယ်။ နေရပ်လိပ်စာအမှန်အကန်နဲ့ ပေါ့လေ။ ဘာမှ မလိုပါဘူး။

အဲဒီနေရာကိုကျော်တော့ ပစ္စည်းသယ်ပေးမယ့်အလုပ်သမားတွေ (မသိရင် တာဝန်ရှိသူတွေလိုပါပဲ နာမည်ကဒ်နဲ့ ဗျ) အနားကို ရစ်သီရစ်သီလာလုပ်ပါတယ်ဗျာ။ အဲ..သူတို့ နောက်လိုက်သွားရင်တော့ သူတို့ က ကိုယ့်ပစ္စည်းကိုယူပေးမယ်၊ နောက်တော့ သူတို့ ကို အခပေးရတယ်ပေါ့ဗျာ။ ကိုယ့်ပစ္စည်းကို ကိုယ်သယ်နိုင်ရင်တော့ ငြင်းလိုက်ပေါ့ဗျာ။ (တစ်ချို့ ကြတော့ အားနာပြီးပါသွားတတ် တယ်ဗျ။ သူများနိုင်ငံမှာတော့လည်ပြီး ကိုယ့်နိုင်ငံမှ ခံရတဲ့သူတွေလဲ အများသားပဲ..)

နောက်တော့ ကိုယ့်ပစ္စည်းမှာ X ပါရင်တော့ အိတ်ဖွင့်ပြရပါတယ်။ နောက်ဆုံးတော့ လေယာဉ်ကွင်းထဲကထွက်လိုက်ပြီပေါ့ဗျာ။ တက္ကဆီကိုဌားပြီးတော့ ထွက်လိုက်တယ်ဆိုရင်ပဲ လေအေးစက်မပါတာသိလိုက်ပါတယ်။ အားလုံးလိုလို လေအေးစက်မရှိပါဘူး (ရှာနေမှာစိုးလို့ ပါ)။

လမ်းတစ်လျှောက်မှာတော့ ကားပေါ်မှာ ခရီးသည်တွေအပြည့်တင်ထားတဲ့ ကားတွေကို တွေ့ ရပါတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းတာကတော့ ဘုန်းကြီးနဲ့  မိန်းကလေး ဘေးချင်းယဉ်ထိုင်နေတာကိုပါ။ ကျနော်မှတ်မိသာ မမှားဘူးဆိုရင် ထမီနဲ့  သင်္ကန်း မထိရဘူးဆိုတာပါပဲ။ ဒါပေမယ့် ကျနော်တွေ့ ရတဲ့ မြင်ကွင်းကတော့ ဆန့် ကျင်ဖက်ဖြစ်နေတယ်လေ။

အဲလိုနဲ့  ကိုယ်တည်းတဲ့နေရာရောက်ပြီး အနားယူတယ်ဆိုပါတော့။ နောက်နေ့ မှာ ကျန်းမာရေးဌာနက ဖုန်းဆက်ပါတယ် နေကောင်းလား ဖျားနေလားဆိုပြီးတော့ပေါ့လေ။ အဲဒါ လူတိုင်းကို သူတို့ ဆက်ပါတယ်။ ကျနော်တို့ ဖျားနာမှာ ဆိုးလို့ ထင်ပါ တယ်။ အဲ.. နေမကောင်းဘူးပြောရင်တော့ ဆိုင်ရာဆိုင်ရာက လာခေါ်လိမ့်မယ်ဗျ။ မယုံရင်စမ်းကြည့်ပေါ့လေ။

မြန်မာပြည်မှာ ကားတွေမောင်းတာကတော့ တော်တော်လေးကို ကြည့်ရှောင်ရပါလိမ့်မယ်။ နိုင်ငံခြားမှာ ကားမောင်းရတာက အန္တရယ် များတယ်လို့ ထင်နေတာ ကိုယ့်နိုင်ငံမှာ ပိုဆိုးတယ်ဗျာ။ ဖြတ်ချင်တဲ့နေရာက ဖြတ်၊ ကူးချင်တဲ့နေရာမှာ မျက်စိ ရှင်ရှင်နဲ့  ကူးရပါတယ်ဗျာ။

တော်တော်လေးတော့ တိုးတက်တယ်ဆိုရမလားပဲပေါ့နော် (သိပ်မသေချာဘူး)၊ စာနယ်ဇင်းတွေတော့တော်တော်လေး များလာပါတယ်။ ခေါင်းကြီးပိုင်းကတော့ ဒေါ်စုနဲ့  ယက်တော သတင်းတွေပါပဲ။ အဲ... အစိုးရရဲ့  သဘောထားကြီးမှု တွေကိုတော့ ခန်းခန်းနားနား ပြောထားပါတယ်။ ဥပမာ..ယက်တောကို အပြစ်မယူပဲ နေရပ်ကိုပို့ လိုက်တာတို့ .. အမေရိကန် နဲ့  ဒီလိုလုပ်ရပ်တွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းလာမှာတို့ ပေါ့လေ။

ဒါပေမယ့် ခုဆိုရင် ပြည်ပနိုင်ငံရေးတွေအကြောင်း တော်တော်လေးကိုပြောခွင့်ရလာပါတယ်။ လက်ရှိစာနယ်ဇင်းတွေကြောင့် ကိုယ့်နိုင်ငံ အကြောင်းမသိရပေမယ့် သူများနိုင်ငံအကြောင်း တော်တော်လေးသိရပါတယ်။ ဒါဟာလည်း ကောင်းသောရလဒ် တစ်ခုပေါ့လေ။

ကားခတွေတော့ 200-300 အနည်းဆုံးဖြစ်နေပါပြီ။ 200-100 တန်တွေကလဲ တော်တော်လေးကို ကြည့်မကောင်းပါပဲဗျာ။ အဲ.. အသစ်ကလေးတော့မဆောင်နဲ့ နော်.. အဲဒါအစစ်မှဟုတ်ရဲ့ လားလို့  အမေးခံရမယ်ဗျ။ ဟောင်းဟောင်းလေးမှ လူတွေက အစစ်လို့ ထင်ကြသာ။ ဖျားဖို့  အစဉ်အစီရှိရင်တော့ နိုင်ငံခြားက မပြန်မိစေနဲ့  မဟုတ်တဲ့နေရာ ရောက်ကုန်လိမ့်မယ်။ ဆေးမရှိတာ လဲပါ ပါတယ်လေ။

ဇော်ဝမ်းသေတာသိတယ်ဟုတ်.. အဲဒါဆေးမှားပြီးထိုးလိုက်လို့ ဗျ။ ဆေးကျောင်းသူလေးတစ်ယောက်ဆိုရင်လဲ မြွေကိုက်လို့ တဲ့ ဆေးရုံသွားတာ ဆေးမရှိလို့ ဆိုပဲ ဟိုသွားဒီသွားနဲ့  အသက်ပါသွားတယ်ဗျ။

မကောင်းတာပဲပြောနေရင်စိတ်ညစ်နေအုန်းမယ်..ကောင်းတာပဲပြောတော့မယ်ဗျာ။

နေရာတိုင်းမှာတော့ လဖ္ဘရည်ဆိုင်ရှိတယ်ဗျ။ ဈေးလဲပေါတယ်။ လူတွေကလဲပြည့်နေတာပဲ။ မပြည့်ရင်တောင်မှ စည်ကားတယ်ပေါ့ နော်။ ကွမ်းရာဆိုင်တွေလဲ မှိုလိုပါပဲ..ကြိုက်တဲ့နေရာမှာ ကြိုက်သလို ၀ါးလို့ ရတယ်နော့်။

ဗိုက်ဆာလို့ ကတော့ အသုပ်စားမလား၊ လဖ္ဘရယ်ဆိုင်ထိုင်မလား၊ သံပေါက်လေးစားမလား၊ အိုအစုံပါပဲဗျာ။ ငတ်ပြီးသေမှာကိုတော့ ဘယ်တော့မှ မစိုးရိမ်ရဘူး (အဲ..ပိုက်ဆံရှိဖို့ တော့လိုသာပေါ့လေ)။ စားပြီးသွားတော့ ရေငတ်ရင်လဲ မြန်မာစည်ဘီယာဆိုင် တွေလဲ အများကြီးပဲ။ ကြိုက်တဲ့နေရာမှာ အချိန်မရွေးဝင်သောက်လို့ ရတယ်လေ။

ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်လဲ 8 in 1, 12 in 1 တို့  တရုတ်သိုင်းကားတို့ ၊ ကိုးလီးယား ဇာတ်လမ်းတို့ ဆိုရင် 800 ကျပ် ပေးရင် 3 ရက်လောက်အပြင်မထွက်ပဲ နပ်နေလို့ ရတယ်ဗျာ။ ကျနော်တို့ နိုင်ငံမှာလဲ ပျော်ပျော်နေနိုင်ပါတယ်ဗျာ။ (ပိုက်ဆံရှိရင်ပေါ့)


ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)