အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။
အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။
တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့်ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါတစ်ပတ်လောက် အလုပ် လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး။
ကောင်လေးကသူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။
အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကို
မတက်နိုင်တော့ဘူး။
အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။
ယောင်္ကျားကသု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန်မဖြုန်းနိုင်တော့ဘူး ။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။
တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်းစာသင်ဖို့ရှိတယ်။
ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။
အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။
အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်ရပေမည်။
Wednesday, July 29, 2009
ကံလေးပါးလုံဖို့  အရက်သောက်တာပါ..........
ဒါနဲ့  ..နေပါအုန်း..နေပါအုန်း. ..မင်းကဘာလို. အရက်ကိုအလွန်အကျွှံ သောက်ရတာလဲ?
သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ပါးလုံအောင်လို.ပါ...
ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက်တာ မဟုတ်ဘူးလား?..
ဘယ့်နဲ့  ချိုးဖောက်ရမှာလဲ..ဗျာ.. အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို့ သူများကိုလိမ်ဖို.မပြောနဲ့ 
ကိုယ်.ရှာအလုံးကြီးကိုပြန်မကိုက်မိအောင်လို့ မနဲ ထိန်းထားရတယ်....အေ့...။ အေ့!
မအေ့နဲ့  တချို့ ဆို အမူးလွန်းပြီး အမှန်တိုင်း ပြောမိလို့  ကျွှဲခိုးပေါ်တာရှိသေး..အေ့။ အဲ!
မအဲ့နဲ့ လေ..နေအုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ့  ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို့  ပျောက်ရတာအကြိမ်ကြိမ်...အေ့ ။
ဟင်!
မဟင်နဲ့ အုန်း..ကျန်သေးတယ်...သူတစ်ပါးအသက်သတ်ဖို.မပြောနဲ့  ကိုယ်ဘာသာကို မရပ်နိုင်လို့  ဓာတ်တိုင်ဖတ်ထားရ တာဘဲ ကြည့်တော့...အေ့..။
သြော်!
မသြော်နဲ့ မပြီးသေးဘူး။ သူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်းခြံထဲမှာ အိပ်နေတာ ကိုယ့်ဖင်ထဲကို မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရမလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံန်းမှ.....။
တစ်ချက် ရီရင် တစ်ချက်ပျော်နိင်ပါစေ...။

ပိန်ဆေးအစွမ်း....
"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်"
"တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ"
'ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

အရပ်က စကားပြောသွားတာလေ...
စိတ္တဇဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို့  ဟာစမ်းသပ်မှုတစ်ခု လုပ်ကြပါတယ်။
Video ပြစက်ရှေ့ မှာ ရှိတဲ့ ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတို့ ကို Video ပြပါတယ်။ ဘယ်သူကများ ဆေးသုတ်တာကို သိမလဲ လို့ စမ်းသပ်တာပါ။ ဘယ်သူမှမသိကြပါဘူး။
ဒါပေမယ့် လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့့် ခင်း ပြီးမှထိုင်တယ်။
ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို ပြန်လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။
"ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား?, ဘယ်လိုလုပ်သိတာလဲ"
"ဘာတွေလာပြောနေတာလဲ...ငါကအရပ်ပုလို့  ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ..."

ဗေဒင်ဆရာ၏ အစွမ်း.......
ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။
မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ။ ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။
ဗေဒင်ဆရာ။ ။ ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကိုထင်နေတယ်ပေါ့လေ?။

ဒူးရင်းသီးကြောင့် သေတာပါဗျာ.......
တရုတ်ပုံပြင်လေးတစ်ပုဒ်ပါ။သူငယ် ချင်းတို့ကြားဖူးပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။
တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည် လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ ဒါကိုသစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့  အဲ့ဒီလူနှစ်ယောက် ကသစ်ခုတ်သမားရဲ့သမီးကို-------တယ်။ ဒါနဲ့သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။
အဲ့ဒီလူနှစ်ယောက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက် တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့ အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံး ကိုယူပြီးပြန်လာပါတယ်၊
သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ဖင်ပေါက်ထဲကိုထည့်ရမယ်၊ တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မှ မရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့။
ဒါနဲ့  ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ၊ နောက်နှစ်လုံးသည်းခံလိုက် ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့် ရယ်ရတာလဲ"လို့ မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ..................
"ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့်သူငယ်ချင်းကဒူးရင်းသီး၁၀လုံးကို
သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့

တိုက်ဆိုင်ပုံက လဲ
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်ဆရာမက ပေးသည်မှာ
ဆရာမ။ ။ မနီကမ္ဘာကြီး ကိုဘယ်သူ ဖန်ဆင်းခဲ့လဲ?
မနီ အိပ်အိုက်နေသဖြင့် မကြားသောကြောင့် သူမ နောက်တွင် ထိုင်နေသော ကိုဖြိုးမှ ဘော့ပင်နှင့် ထိုး၍သတိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။" ဘုရားသခင်" (လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲသမီး?
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ်လို့ ကောင်းနေသည် ၊ ထို့ ကြောင့်ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့်ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"
ဆရာမ။ ။ မှန်ပါတယ်၊ ဆရာမ နောက်ဆုံးတစ်ခု မေးချင် တာ ကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာဒမ် ကို ဘာပြောခဲ့လဲ? ။
ဒီတစ်ခါ တော့ ကိုဖြိုး အိပ်ပျော်နေသော မနီကို ဘောပင်နှင့် နာနာ ထိုး၍သတိပေးလိုက်သည်။မနီမှာ အတော်နာ သွားသည်။ ထို့ကြောင့် အိပ်ယာ မှ နိုးလာသဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ်ခါ ငါ့ ကိုထပ် ထိုးရဲ ထိုးကြည့် ၊ နင့်ဟာကို ထက်ပိုင်းချိုးပစ်မယ်
ဆရာမခမျာ ဘုမသိဘမသိ ဖြင့် သတိလစ် သွား ရှာသည်။

မောင့်လက် မှတ်လို့ ပါဆို......
“မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”

မီးသတ်ကလား ?
“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင်
စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။
တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။
ခင်ဗျားတို့မီးလာသတ်ရင်
ကျွန်တော့်စိုက်ခင်းကအပင်တွေကို နင်းမိမှာစိုးလို့ပါ”
ရှမ်းကလေး ( ပို့ ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်လျက်)

Subscribe to:
Posts (Atom)