Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, October 6, 2009

ငရဲမှ ဖုန်းခေါ်သံ ....

သူမသည် ပေါင်မုန့် လုပ်သောလုပ်ငန်းကို ဦးစီးဦးဆောင်လုပ်ကိုင်ဆောင်ရွက်ပါသည်။ သူမပြုလုပ်သော ပေါင်မုန့် များသည် အရဿာ ရှိသဖြင့် နီးစပ်ရာနေရာများသို့ ပင် ပို့ ဆောင်နေရပါသည်။ သို့ တိုင် သူမတွင် ဆက်သွယ်ရန် ဖုန်းပင်မရှိပါ။ သူမအနေဖြင့်လဲ ဖုန်းရှိရန် မလိုအပ်ဟုယူဆသောကြောင့်ဖြစ်သည်။ အကြောင်းမှာ သူမ၏ သူငယ်ချင်းများသည် အိမ်ချင်းသိပ်မဝေးပဲ အော်ပြောလျှင်ပင် ကောင်းကောင်း မွန်မွန်ကြားရပါသည်။

သို့ သော် စီးပွားရေးက ကောင်းလာသဖြင့် ဖောက်သယ်များဆက်သွယ်နိုင်ရန်အတွက် ဖုန်းလိုအပ်ပြီ ဟု ထင်သဖြင့် သူမသည် ဖုန်းတစ်လုံး ကိုဝယ်လိုက်သည်။ ရောင်းသူက သီချင်းနားထောင်နိုင်၊ ရုပ်ရှင်ကြည့်နိုင်သည့် ဖုန်းကို ပြသော်လဲ သူမသည် စိတ်မ၀င်စားပဲ အညံ့စား ဖုန်းကိုသာဝယ်လိုက်သည်။ အကယ်၍သာ ဖုန်းက မုန့် ဖုတ်နိုင်၊ ပစ္စည်းပို့ နိုင်လျှင် သူမအနေဖြင့် စဉ်းစားခြင်းမပြုပဲ ၀ယ်လိုက်ပေမည်။

အိမ်ရောက်သည်နှင့် သူမသည် ဖုန်းဘူးလေးကို ထုတ်ကာ battery သွင်းလိုက်သည်။ ပြီးနောက် သူမ၏ လုပ်စဉ်အတိုင်း မုန့့် ဖုတ်နေလိုက် ပါသည်။ မုန့် ဖုတ်ပြီးနောက်တွင် သူမသည် ဖုန်းကို ယူကာဖွင့်လိုက်သည်တွင် sim (ဖုန်းကဒ်၊ နံပတ်ကဒ်)၊ မထည့်ရသေးကြောင်း စာတမ်း ပေါ်လာသဖြင့် သူမလဲ sim ကိုထည့်ကာ အားသွင်းထားပြီး လုပ်စရာရှိသည်များကို ဆက်၍လုပ်ဆောင်နေလိုက်သည်။

သူမ အလုပ်ရှုပ်နေစဉ်တွင် ဖုန်းရုတ်တရက် ထမြည်လာသည်။ သူမအနေဖြင့် ကြောင်အန်းအန်းဖြစ်သွားရပါသည်။ သူမ ယနေ့ မှ ဖုန်းဝယ်လာသည်ပဲ။ မည်သူများဖြစ်နေမလဲ? ။ သူမ မိဘများတော့ မဖြစ်နိုင်၊ သူငယ်ချင်းဆိုလဲ ဖုန်းနံပတ်ကမပေးရသေး။ သူမသည် စဉ်းစားမနေတော့ပဲ ဖုန်းကို ဖြေလိုက်သည်တွင်....

“ ဟဲ့ မကြယ်စင်၊ ငါ့ယောင်္ကျား ညည်းနဲ့ အတူရှိနေတယ်မဟုတ်လား?” ဟု အဒေါ်ကြီး တစ်ယောက်၏ မေးသံကို ကြားသောအခါ သူမ သည် အေးအေးဆေးဆေးဖြင့်ပင် “ ကျမ ကြယ်စင် မဟုတ်ပါဘူး၊ အမကြီး ဖုန်းနံပတ်မှားနေတယ်ရှင့်” ဟု ဖြေလိုက်၏။

ထိုအခါ

“အောင်မာ..... ညည်းက ခုမှ ယဉ်ယဉ်ကျေးကျေးပြောစရာမလိုဘူးဟေ့။ ငါ့ယောင်္ကျား ထိပ်ပြောင်နင်နဲ့  ရှိနေတယ်ဆိုတာ ငါသိတယ်။ သူ့ ကို ဖုန်းပေးလိုက်။ ငါသူနဲ့  ဖုန်းပြောချင်တယ်”

သူမ တော်တော်လေး ဒေါသထွက်မိသည်။ မိမိမှာ ဘာမှမသိပဲ အပြစ်တင်ခံနေရသည်မဟုတ်လော။ ထို့ ကြောင့် သူမသည် စိတ်ကို ချုပ်ထိန်းကာ “ အဒေါ်ဆက်တဲ့ ဖုန်းနံပတ်ပြောကြည့်ပါလား? ကျမထင်တာတော့ အန်တီ ဖုန်းနံပတ်မှားနိပ်တာဖြစ်မယ်ရှင့်” ထိုအခါ တစ်ဖက်မှ လူလဲ ဖုန်းနံပတ်ကို စစ်ဆေးသောအခါ သူမ၏ ဖုန်းနံပတ်ပင် ဖြစ်နေ၏။

ထိုအခါ သူမလဲ မည်သို့ မှ မပြောနိုင်တော့ပဲ ရှိနေစဉ်

“ ဟင်... ညည်း အခု ဘာပြောနိုင်သေးလဲ မကြယ်စင်?။ ညည်း ယောင်္ကျား တစ်ယောက်ကို မှ မရှာနိုင်ဘူးလား? ဘာလို့ သူများ ယောင်္ကျားကို လာပြီးလုနေတာလဲ? ညည်းက တော်တော်လေးကို အရှက်မဲ့တဲ့ကောင်မပဲ။ ”

ဟုဆိုကာ သူမကို အတွဲလိုက်ပစ်ပါတော့သည်။ သူမလဲ မည်သို့  ပြောရမည်ကို မသိဖြစ်နေစဉ်

“အေး... ငါ့ယောင်္ကျား ထိပ်ပြောင်ကိုပြောလိုက် သူအိမ်ကို ပြန်လာလို့ ကတော့ ငါ့နဲ့  အသိပဲလို့ ။ စောက်ရှက်မရှိတဲ့ ကောင်မ၊ ပြည့်တန်ဆာမ၊ အပေါစားမ၊ xxxxxxxxxxxxxxxxxxxx.........(အများကြီးပေါ့လေ)”

ဟု နောက်ထပ် တစ်တွဲဆွဲလိုက်သေးသည်။

သူမလဲ စိတ်တိုလာသဖြင့် ဖုန်းကို ချလိုက်သည်။ သူမ ပြန်စဉ်းစားမိသည်မှာ ဖုန်းဝယ်မိသည်ကိုက မှားသွားလားဟု ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။

သူမဖုန်းကိုင်ကာ စဉ်းစားနေစဉ်အတွင်းမှာပင် ဖုန်းက ရုတ်တရက် ထပ်မြည်လေသည်။ ဟို... မိန်းမကြီး ထပ်ဆက်လာသလား ဟု စဉ်းစားမိကာ၊ စိတ်တိုတို ဖြင့် ဖုန်းကို ဖြေလိုက်သည်တွင်....

“ ဟေ့... အချစ်လေး ကိုအရမ်းကိုလွှမ်းနေတယ်ကွာ။ ဒီည အချစ်လေးနဲ့ လာနေမယ်နေ” ဟု ယောင်္ကျားတစ်ယောက်၏ အသံကို ကြားလိုက်သည်တွင် သူမက “ ရှင် ဖုန်းမှားနေတယ်” ဟု ခပ်ပြတ်ပြတ်ပြောလိုက်သည်တွင်...

“အော်.....အချစ်ကလေး ကြယ်စင်ကလဲ မနေ့ က မတွေ့ ရတာနဲ့  အစ်ကို ကြီးကို စိတ်ကောက်နေတယ်ပေါ့။ ”

“ ဘယ်က အစ်ကိုကြီးလဲ ကျမ မသိဘူးရှင့်။ ရှင် ဖုန်းမှားနေတယ်”

“ အချစ်ကလဲ... စိတ်မကောက်ပါနဲ့ ကွာ။ ကိုကြီး ထိပ်ပြောင်ကို ချစ်လေးက မသိတော့ဘူးပေါ့လေ?။ ခုတော့ တော်တော်လေးကို နောက်တတ်နေပါလား။ တွေ့ မှပဲ ခပ်ဆတ်ဆတ်ရိုက်လိုက်မယ်နော်။ ”

သူမ သိလိုက်ပြီလေ။ ဒီ ထိပ်ပြောင်က...ခုနက အန်တီကြီး၏ ယောင်္ကျားမှန်း။ ထို့ ကြောင့် သူမလဲ ရေလိုက်...ငါးလိုက် သဘောဖြင့်

“ အို... အစ်ကိုကြီးကလဲ ဒီညတော့ မဖြစ်ပါဘူး။ ခုန ကပဲ အစ်ကို့ ရဲ့  မယားကြီးက ဖုန်းဆက်တယ်။ သူကျမကို ဆဲလိုက်တာ အတွဲလိုက်ပဲ။ ပြီးတော့ အစ်ကိုကြီး ပြန်သွားရင် အသေသတ်မယ်လို့  ကြိမ်းသွားသေးတယ်။”

“ ဘာ....သူက အချစ်လေးကို ဆဲသွားတယ်ဟုတ်လား? ဒီမိန်းမတော့ကွာ...။ ဒါဆို ကိုကြီး ပြန်ပြီး သူ့ ကို သွားဆုံးမလိုက်အုန်းမယ်။ ဒါမှ နောက်ကြရင် အချစ်လေးကို သူဘာမှ မပြောရဲမှာ”

“ဖြစ်ပါ့မလား အစ်ကိုကြီးရယ်?”

“အို... စိတ်ချပါအချစ်လေးရဲ့ ။ မယုံရင် ရန်ငြိမ်းအောင် ရပ်ကွက်မှာ ထိပ်ပြောင်အကြောင်းသွားမေးကြည့်။ ကို တစ်ချက်ပြောရင် ကို့ မိန်းမက ဘာမှ မပြောရဲဘူး။ သွားပြီနော်..အချစ်လေး။ မနက်ဖြန်မှ တွေ့ ကြမယ်နော်။ အနမ်းလေးပေးခဲ့ မယ်နော်... မွမွ”

သူမလဲ ဖုန်းကိုချလိုက်ပြီး သက်ပြင်းချလိုက်သည်။ ဘယ်လို လူတွေနှင့် တွေ့ နေမှန်းမသိ။ ဖုန်းမှားတယ်ပြောလဲ လက်မခံ။ ဖုန်းလေး ရှိကာမှ မစီမဆိုင် အဆဲခံရ၊ ဖွန်ကြောင်ခံရနှင့် တော်တော်လေးကို စိတ်ပျက်မိသည်။

သို့ နှင့် သူမလဲ မနက်ဖြန် ဖုန်းနံပတ် ပြောင်းမယ်ဟု စဉ်းစားရင်း အိပ်ပျော်သွားလေသည်။ ညဉ့်  2 နာရီလောက်တွင် ဖုန်းက ထပ်၍ မြည်လာသဖြင့် သူမလဲ ကောက်ကာ ပြောလိုက်သည်တွင်...

“ဟဲ့ မိကြယ်စင်” ဟူသော အသံကို ကြားလိုက်ရသည်။ သူမလဲ..

“ အန်တီရယ်..ဒီအချိန်က လူအိပ်တဲ့ အချိန်လေ။ အိပ်လို့ ကောင်းနေတုန်း ဘာလုပ်အုန်းမလို့ လဲ?”

“ ငါ့..ငါ့....ငါ့....ယောင်္ကျား..ထိပ်ပြောင်သေပြီဟဲ့”

“ အန်တီရယ်.. ဒါက နောက်စရာမဟုတ်ပါဘူး.”

“ ငါ.. စနေတယ်လို့  နင်ထင်နေလား။ သူ အိမ်ပြန်လာပြီး၊ သူနဲ့  ငါနဲ့  ရန်ဖြစ်တယ်လေ။ ငါလဲ စိတ်တိုလို့  သေနတ်နဲ့  ပစ်လိုက်တယ်။ နင် ခုတော့ ကျေနပ်ပြီမဟုတ်လား..ဟင်? သူများ အိမ်ထောင်ပျက်တာ တော်တော်လေးကို ကြည့်ချင်နေတယ်မဟုတ်လား? အေး... ငါလဲ သူ့ ကို ပစ်ပြီးတော့ သူ့ နောက်ကို လိုက်မလို့ ။ အဲဒါ... ညည်းသိအောင် ဖုန်းဆက်လိုက်တာအေ့။” ဟု ဆိုကာ သေနတ်သံနှင့် ညည်းညူ သံများကို ဆက်တိုက်ကြားလိုက်ရသည်။

သူမ၏ အိပ်ချင်စိတ်များလဲ ပျောက်သွားကာ. .. ဟဲလို... ဟဲလို... ဟု အော်ခေါ်သော်လဲ ထူးသံကို မကြားရပါ။ သူမအနေဖြင့် လင်မယား အဆင်ပြေစေရန် ရည်ရွယ်၍ မယားငယ် ဟန်ဆောင်သော်လဲ၊ ခုတော့ သူမကြောင့် လူသေရပြီဟု စဉ်းစားမိကာ.. စိတ်မကောင်း ဖြစ်သွားရသည်။

မနက်မိုးလင်းသည်နှင့် သူမလဲ မနေ့ က ဖြစ်ခဲ့သည်များ ဟုတ်မဟုတ် သိရန်အတွက် ရန်ငြိမ်းအောင် ရပ်ကွက်သို့  ကားဌားကာ သွားရောက်စုံစမ်းတော့သည်။

ရပ်ကွက်လေးက တော်တော်ကိုကျယ်သဖြင့်၊ လမ်းထိပ်တွင်ဆင်းကာ ရေ၀ယ်သောက်ရန် လမ်းထိပ်ဆိုင်သို့ ဝင်ခဲ့သည်။ ရေ၀ယ် ပြီးသော အခါတွင် ဆိုင်ရှင်နှင့် ပိုက်ဆံရှင်းပြီးနောက် ထွက်သွားမည် အပြု.. ဆိုင်ရှင်က

“ဘယ်သူ့ ကို လာရှာတာလဲ? ဒီနေရာမှာ တစ်ခါမှ မတွေ့ ဖူးပါလား?”

သူမလဲ ထိပ်ပြောင်ဆိုသော လူကြီးကို လာရှာကြောင်းပြောသော အခါ ဆိုင်ရှင်က သူမကို မသင်္ကာသော မျက်လုံးများဖြင့် ကြည့်လေသည်။ ပြီးသော် ဆိုင်ရှင်က

“ ထိပ်ပြောင်နဲ့  သူ့ မိန်းမက အကြီးအကျယ် ရန်ဖြစ်တယ်လေ။ သူ့ မိန်းမလဲ စိတ်မထိန်းနိုင်တာနဲ့  သေနတ်နဲ့ ပစ်လိုက်တယ်။ ပြီးတော့ သူလဲ သူ့ ကိုယ်သူ သတ်သေသွားတယ်လေ”

ထိုစကား ကြားသောအခါ သူမသည် တော်တော်လေးကို တုန်လှုပ်သွားလေသည်။ မည်သို့ ဆိုစေ၊ သူမ၏ ပယောဂ မကင်းဟု ထင်မိသဖြင့် အလောင်းအား သွားကန်တော့မည်ဟု တွေးမိကာ... အလောင်းများထားသည့် နေရာကို မေးသောအခါ ဆိုင်ရှင်သည် အံသြသော အကြည့်ဖြင့်ပြန်ကြည့်လေသည်။ ပြီးနောက်...

“ သူတို့  လင်မယားသေတာက လွန်ခဲ့တဲ့ 6 လတုန်းကလေ” ဟု ပြန်ပြောသော အခါသူမသည် အံ့သြလွန်းသဖြင့် ခြေထောက်များပင် မခိုင်သကဲ့သို့  ဖြစ်လာသည်။

“ အခုလောက်ဆိုရင်.. သူတို့ လင်မယားက ငရဲမှာ ရောက်လောက်ပြီပေါ့အေ” ဟု ဆိုင်ရှင်က ဆက်၍ရှင်းပြလေသည်။

သူမလဲ “ ငါတော့ ဖုန်းနံပတ်ပါမကဘူး၊ အလှူပါလုပ်မှဖြစ်တော့မယ်လေ” တစ်ယောက်တည်း ရေရွတ်နေမိသည်တွင်... ဖုန်းက ရုတ်တရက် ထပ်မြည်လာသဖြင့်၊ သူမ အလွန်လန့် သွားလေသည်။

သူမလဲ ကြောက်ကြောက်ဖြင့် ဖုန်းကို ဖြေလိုက်သည်တွင် “ ကျနော်တို့  ကုမ္ပဏီက အခု promotion ပေးနေ..”

သူတို့  စကားမဆုံးခင်တွင် သူမလဲ

“ ဒါဆိုရင် ငရဲကခေါ်လာတဲ့ ဖုန်းလှိုင်းကို ဖြတ်ပေးတဲ့ service (၀န်ဆောင်မှု) လေးကောရှိလားရှင့်” ဟုမေးလိုက်သည်။




ရှမ်းကလေး (ယနေ့ ထုတ်.. ထိုင်းကာတွန်းအားစေတနာဖြင့် ဘာသာပြန်ပေးလိုက်ပါသည်။။။။)

Sunday, October 4, 2009

ကွဲနေတယ်တဲ့....

ရူးတိုးတိုး...................... ကွဲနေသည်။

(ကွဲနေယ်ဆိုလို့စိတ်ဝင်စားသွားလား......ဟုတ်တယ်.ကွဲနေတယ်.......မောင့်ကြောင့်
အသည်းတွေကွဲနေတာ)

မောင်.... .................

မောင်ကျွန်မကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်..........တမျိုးမထင်ပါနဲ့..ရှင်းပြရတာ....feel
အောက်တယ်)

မောင်ရယ်.ကျွန်မကိုမပစ်ဘူး.မပစ်ဘူးဆိုပြီးလက်ထဲမှာက.......ခဲကြီးနဲ့...........

ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့မောင်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ................

ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့.......မောင်ရယ်ကျွန်မပြောပါရစေ........

မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော........... ကျွန်မပြောပါရစေ....



အတိတ်

မောင်ကလေကျွန်မကိုစတွေ့တုန်းက..................ချစ်တယ်ချစ်တယ်ဆိုပြီ......

ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..............ငါးကြော်မကြိုက်ကြောင်မိုက်ဆိုသလို.

မောင့်လို.အုတ်စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့

မောင့်လိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး........သူငယ်ချင်တွေတားနေတဲ့ကြားထဲက...............

ငါ့လှေငါထိုး.ပဲခူးရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်.................ဆိုပြီး

မောင့်ကိုကျွန်မလက်ခံခဲ့တာလေ.......... ဒါပေမဲ့.မောင်နောက်ကျတော့

ကျောချမှ ဓားပြမှန်းသိ.......ဖွတ်ထွက်မှတောင်ပို့မှန်းသိ.........သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်

မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ..................

ကျွန်မနဲကထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်

သူငယ်ချင်းတွေကတော့ပြောပါတယ်..........အပြစ်တင်ကြတယ်.ကိုယ်စိးတဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့

မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ.................ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့?

ဒါပေမယ့် လေမောင့်ရဲ့............

အဲဒီအချိန်က..မျက်နှာကိုမြင်လိုက်ရတော့.ကျွန်မလေ...ပျက်အဆင်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွတ်ခဲ့တယ်.....

မောင်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကိုး

ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မောင်............(လူကနေ ခွေးဖြစ်ရပါလားနော်)

နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ.....................

ဘယ်သုမပြုမိမိမှု .ဆိုသလို..............မောင့်ကိုအပြစ်မတင်ပါဘူး..............

အရိပ်ပြလို့မှအကောင်မမြင်တဲ့ကျွန်မအပြစ်ပါဘဲ.

ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ........

ကလေးကျမှလှေကားထောင်.....သူခိုးပြေးမှထိုးကွင်းထဆိုသလို...................

ဘာလုပ်ရမှန်းကိုမသိတော့ဘူး



လက်ရှိဘဝ

မောင်...........အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ............................

ကျွန်မဘယ်သူ့ ကိုမှဒီအကြောင်းတွေမပြောချင်ဘူး...........ဟောင်လွန်းသည့်ခွေးလူမလေး.....ဆိုသလို. (သူလဲ ဘ၀ပြောင်းသွားတယ်ကိုး)

ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်...................ပြီးတော့ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.

ကျွန်မရဲ့အရည်အချင်းနဲ့............................မောင့်ထက်သာတာတော့အေးဆေးရနိုင်တယ်မောင်

သိသာသိစေမမြင်စေနဲ့..........လို့ ပဲဆိုဆို.ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်............

အမိမဲ့သားရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့.....................မောင်လဲ..

လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်......အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..

ကျွန်မကလက်ခံမယ်များမှတ်နေလား............

ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး............ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ................

မောင်အခုကျွန်မလေ

.မောင်မရှိတဲ့အချိန်မှာ.......ပျော်ပျော်နေသေခဲ......ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ....................

ပုဆိုးကြားကလက်သီးပြ.........တယ်လို့မထင်ပါနဲ့.............

မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ.....ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်

ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်ဘူးနော်................

ဥပေါ်ခဲကျလည်းဥပဲကွဲတာ.....ခဲပေါ်ဥကျလည်းဥကွဲတဲ့...................ခေတ်ရောက်နေပြီဆိုတာပါ

ခဲ

တစ်နေ့ တာ လုပ်သင့်တာလေး

1. ရေများများသောက်ပါ။

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါ)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးပါ။

6. ကစားခုန်စားလည်း များများပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်တော်ကတော့ 8 နာရီကျော်ကျော်လောက်ပဲ အိပ်တာ):P

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်တဲ့။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


*ကိုယ်ရည်ကိုယ်သွေး*

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘယ်လမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဖိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန်အကျွံ မလုပ်ပါနဲ့.. အတိုင်းအတာ တစ်ခုထိပဲလုပ်တာ ကောင်းပါတယ်။ (ဒါကြောင့်ကို.. ဘာမှမလုပ်ပဲ နေတာ..)

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက်ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ လုပ်ကိုင်စရာ လုပ်သင့်တဲ့ လုပ်တွေအားလုံးရှိနေပါတယ်။ အချိန်မဖြုန်းပါနဲ့။ (အလုပ်သိပ်မလုပ်နဲ့ လို့ လဲ ပြောတယ်။ အချိန်မဖြုန်းဖို့ လဲပြောတယ်နော်)။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။ (ရည်းစားအဟောင်းတွေ အကြောင်းသိပ် မစဉ်းစားနဲ့  ပေါ့လေ။ )

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။ (များများချစ်သင့်တယ်လေ)

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြဿနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

*လူမှုဆက်ဆံရေး*

25. သင့်မိသားစုနဲ့ မကြာခဏဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး၊ ဘွားဘွားတွေ၊ အသက် 6 နှစ်အောက်ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံးရယ်သွားအောင် ကြိုးစားကြည့်ပါလား။

30. တစ်ခြားသူတွေ သင့်ကိုဘာပဲထင်ထင်။ ကောင်းတဲ့ အလုပ်ဆို များများသာလုပ်ပါ။

31. သင့်ရဲ့အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကိုလာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


*ဘ၀*

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကံ ကံ၏အကျိးကိုယုံပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ..မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် .....ကုသိုလ်များများလုပ်ပါ ...စိတ်ထားကောင်းကောင်း မွေးမြုပေးပါ။


35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..လုပ်သင့်တာလုပ်..။
ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာဦးမှာပါ။ကြိုးစားရမှာ မိမိ တာဝန်သာ ဖြစ်တယ်။


38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်း လူဖြစ်လာတဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းသိပါစေ....(ဆရာဝန်လုပ်ဖို. သူဠေးကြီးလုပ်ဖို့ အင်ဂျင်နီယာကြီးဖြစ်ဖို့ လူဖြစ်လာတာမဟုတ်ပါဘူး ကောင်းမူကုသိုလ်တွေလုပ်ဖို. လူဖြစ်လာတာပါ။)


39. ကိုယ့်ရဲ့အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။ဒုက္ခတွေကို ပေါ့ပါးစွာဖြစ် ရင်ဆိုင်ပါ။



ရှမ်းကလေး (အီးမေးလ်မှစာအား ပြန်လည်ဝေမျှလိုက်ပါသည်၊ သီတင်းလဲကျွတ်ပြီဆိုတော့လဲ ချစ်သူများပျော်ရွင်နိုင်ပါစေဗျာ)

Thursday, October 1, 2009

သူ့ မှာလဲ နှလုံးသားနဲ့ ပါ....

မောင်..

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအင်္ကျီ အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။ ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။ မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့ အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။ အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။ မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့ ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင် နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။ မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့ မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....

ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။

"မောင်"

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက် စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။ မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"

မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့ မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................



ရှမ်းကလေး (ပို့ ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်လျက်)

Friday, September 25, 2009

ခရီးသွားမှတ်တမ်း = ရန်ကုန်

မန္တလေးကနေ ရန်ကုန်ကို ကားနဲ့ ပြန်လာတော့ ကားက မှန်လုံလေ၊ လေအေးစက်နဲ့ ပေါ့ဗျာ။ ကားပေါ်တက်ပြီးလို့  ကားထွက်သွားပြီးတဲ့ နောက်မကြာခင်မှာ ဆေးလိပ်နံ့ ရတယ်ဗျ။ အဲဒါနဲ့  ကားဆရာက ဆေးလိပ်မသောက်ရဘူး ဆိုပြီး လိုက်ကြေငြာပါတယ်။ တစ်ချိန်ထဲ မှာပဲ အမွေးဘူးနဲ့  ကားတစ်ခုလုံးကို လိုက်ဖျန်းပါတယ်။

ကားပေါ်မှာတော့ ထုံးစံအတိုင်း ရုပ်ရှင်ပြတယ်လေ။ တခွေပြီးရင် နောက်တစ်ခွေပြတယ်ဗျ။ အဲလိုနဲ့ ကြည့်လိုက်တာ နှစ်ကားလောက် ပြီးသွားတယ်။ ပြီးတော့ ထမင်းစားရပ်တယ်လေ။ ကိုယ်ကြိုက်တာမှာစားပေါ့။ အဲ....ခက်တာက ကားက အိမ်သာ မပါဘူးလေ။ အမောပြေအောင် ဘီယာလေးပါလေး သောက်လို့ တော့ သိပ်အဆင်မပြေဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဘီယာသောက်ရင် ဆီးခဏ၊ ခဏသွားတယ်လေ။

မနက်ပိုင်းမှာ ရန်ကုန်ကားဂိတ်ကို ဆိုက်ရောက်ပါတော့တယ်။ ကားပေါ်ကဆင်းလိုက်တာနဲ့  ဘယ်သွားမလဲ၊ တက္ကဆီဌားမလား ဆိုပြီး လာကြိုတာတွေကိုတွေ့ ရပါတယ်။ ကျနော်တို့ လဲ ခပ်တည်တည်နဲ့ ပေါ့နော် မသွားဘူး၊ မလိုဘူး နဲ့  ဘူးတစ်လုံးခံ ငြင်းနေတယ်လေ။
(ကြားတလောက်တော့ ကားဂိတ်က တက္ကဆီက လူမပြည့်ရင်မထွက်ဘူးလေ (ကိုယ်က အပိုင်ဌားရင်တောင်မှပေါ့)။ လူအပြည့်ကို သူတို့ က စောင့်နေကြတာ။ တခါကပေါ့နော် ကျနော့်အဒေါ်နှစ်ယောက်ဆို ကားဌားလိုက်တာ အနီးဆုံးတစ်ယောက် ကိုတော့ ပို့ လိုက်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ တစ်ယောက်ကိုတင်ပြီး ကားဂိတ်ကို ပြန်လာတယ်လေ။ လူလာခေါ်တာပေါ့နော်။ သူ့ မှာ မနက်ကနေထိုင်စောင့်လိုက် တာ ညနေပိုင်းမှ လူရလို့  အိမ်ကိုပြန်ရောက်လာတယ်လေ။ သတိထားပေါ့ဗျာ။ )

နောက်ဆုံးတော့ ကျနော်တို့ လဲ ကားဂိတ်အပြင်က ကားတစ်စီးဌားပြီး အိမ်ပြန်လာပါတယ်။ ရန်ကုန်ရောက်တယ်ဆိုမှတော့ ရွေတိဂုံကို သွားဖူးတယ်လေ။



အပေါ်ကပုံကတော့ ကိုယ့်မွေးနေ့ ၊ နံ မှာ ရေကပ်ပြီး ပန်းပူဇော်နေတာပါ။ ကြည်နူးစရာ မြင်ကွင်းပါပဲ။ (ပန်းတော့ နဲနဲလေး ဈေးကြီးတယ်ဗျ။ တစ်စီးကို 3000 ကျပ်ပါ။ အိမ်သာကတော့ 50 ပါပဲ (လိုရမယ်ရပေါ့လေ)) ကျနော်လဲ ဘုရားတစ်လျှောက် လှည့်ပတ်ပြီး ဖူးမျှော်တယ်လေ။ ရွှေသင်္ကန်းတောင်ပပ်လိုက်တယ်ဗျ။ (စဉ်းစားရင်းတောင် ၀မ်းသာပီတိဖြစ်မိပါတယ်) အဲလို နဲ့  ဘုရားရှိခိုးတယ်ပေါ့ နော်။ ရှိခိုးနေတုန်းမှာ အနီးက အဒေါ်တစ်ယောက်က ဆုပေးပါတယ်။ ပြီးတော့ သီလယူတဲ့ သူများကိုလဲ ကန်တော့သွားပါလား ဆိုပြီးတော့ ပြောတယ်လေ။ ကျနော်တောင် ခပ်ကြောင်ကြောင်ဖြစ်သွားတယ်လေ။ ဒီလိုမျိုး ဖြစ်မယ်လို့ မထင်ဘူးလေ။ အဲဒါနဲ့  ကျနော့် တို့ လဲ 3000 ကန်တော့လိုက်တယ်ဗျ။

ပြောရအုန်းမယ်။ ရွှေတိဂုံ ဘုရားမှာ ဓါတ်လှေကားရှိတယ်ဟုတ်။ ကျနော်တို့ အဲဒီကိုသွားတုန်းက ဓါတ်လှေကားကို သွားစီးတယ်လေ။ ကျနော်အံ့သြတာက အဲဒီ ဓါတ်လှေကားထဲမှာ အလုပ်သမားတစ်ယောက်ကလိုက်ပါပြီး ခလုတ်တွေကို လိုက်နှိပ်ပေးတယ်လေ။ အလွှာတွေအများကြီးရှိခဲ့ရင်တော့ ကျနော် မအံ့သြပါဘူး။ ဒါပေမယ့် နှစ်ထပ်ထဲ ရှိတဲ့ ဓါတ်လှေကားမှာ အလုပ်သမားက လိုက်ပါနေတာ ကိုက ထူးဆန်းနေတယ်လေ။ (ကျနော့်အတွက်ပေါ့) ဒါပေမယ့်ပေါ့လေ ရန်ကုန်ကိုရောက်ရင်တော့ ရွှေတိဂုံဘုရားကို သွားပြီး ဖူးသင့်ပါတယ်။ အရှေ့ မုဂ်က ဓါတ်လှေကားက မီးမှန်တယ်လို့ ကြားရပါတယ်။

ဘုရားဖူးပြီးတော့ Ocean ဆိုတဲ့ Super Market မှာ ပစ္စည်းသွားဝယ်တယ်လေ။ တော်တော်လေးကို စုံပါတယ်၊ ပြီးတော့ မြန်မာ အစားအစာတွေတော်တော်များများ ရရှိနိုင်ပါတယ်။ ပစ္စည်းဝယ်ပြီးတော့ အိမ်ပြန်ခဲ့တယ်လေ။

ညပိုင်းရောက်တော့ နှုတ်ဆက်ပွဲအနေနဲ့  မြန်မာစည်ဘီယာသောက်တာပေါ့ဗျာ။ ( တိုက်တဲ့ ကိုငယ်နှင့် ဇနီးအားကျေးဇူးတင်လျက်) စည်ဘီယာက တော်တော်လေးကို သောက်လို့ ကောင်းပါတယ်။ စည်ဘီယာကုန်တော့ ဦးနိုင်ရဲ့  Tiger ဘီယာသောက်တယ်လေ။ အဲဒီဘီယာက နဲနဲ ခါးတယ်ဗျ။ အရသာကတော့ ကျနော်သိပ်မကြိုက်ဘူးပဲ။ ဒါပေမယ့် သူက Sugar သိပ်မပါတော့ လူကို မ၀စေဘူးလေ။ (သူ့ ရဲ့ ကောင်းကွက်ပေါ့ဗျာ။ အမည်းရောင်ရှိတဲ့ ဘီယာတွေက လူကို သိပ်မ၀စေပါ။)

သောက်ပြီးတော့ နေ့ လည်မှာ နိုးလာတယ်လေ။ အဲဒါနဲ့  နာမည်ကြီးတဲ့ ကုလားဆိုင်မှာ ဂဏန်းဟင်းသွားစားတယ်ဗျာ။



အပေါ်ကတွေ့ တဲ့ပုံက အဲဒီဆိုင်က ဟင်းတွေပါ။ အဲဒီနေ့ တုန်းက ကျနော်တို့  ဆိတ်ဦးနှောက်၊ ဆီတ်ကလီစာ၊ ဂဏန်းဟင်း၊ ပဲဟင်း၊ ငါး၊ ကြက်သား...အို အစုံပါပဲ.. စားတယ်လေ။ ဒီဆိုင်က ဂဏန်းဟင်းက နာမည်ကြီးလေ။ ပလွတ်.. ပလွတ်နဲ့  ဂဏန်းခြေထောက်၊ လက်တွေက အသားတွေကို စုပ်စားရတာကိုက အရသာပဲလေ။ အဲဒီဆိုင်က နန္ဒာလှိုင်အိမ်နားမှာပါ။ (လမ်းတွေကိုတော့ မမှတ်မိဘူးလေ၊ နန္ဒာလှိုင်အိမ်နားကလို့ ပဲ မှတ်ထားတာကိုး )

စားသောက်ပြီးတော့ ခံတွင်းချဉ်လာတာနဲ့  စိတ်တိုင်းကြ (လေယာဉ်ကွင်းသွားတဲ့လမ်း) လဖ္ဘက်ရည်ဆိုင်သွားတယ်လေ။



ပုံထဲကဟာက............... ကြက်ကြော်လေ။ ဂဏန်းဆိုင် (ကုလားဆိုင်ပါ) ကထွက်လာတာနဲ့  ဗိုက်ကပြည့်နေတော့ မမြည်းလိုက်ရဘူး။ ဒါပေမယ့်စားလို့ ကောင်းမယ့်ပုံပါပဲ။



ဒါက ဖက်ထုပ်ပုံပါ။ စားလို့ တော့ ကောင်းတယ်ဗျ။ ကြုံရင်ဝင်စားလိုက်ပါအုံးလေ။ အဲ...ညပိုင်းမှာ ငပလီဆိုတဲ့ အကင်ဆိုင်မှာ သွားစားတယ်လေ။ အကင်ဆိုင်ဆိုတာကလဲ.. ကိုယ်ကြိုက်တဲ့ အသား၊ ငါး၊ အသီး တွေကို ရွေးရပါတယ်။ ပြီးတော့ သူတို့ က ကင်ပေးတယ်လေ။ ကင်ပြီးရင် ကိုယ်ထိုင်တဲ့ စားပွဲမှာ လာချပေးတယ်။ ကိုယ်က ဘာမှ လုပ်စရာမလိုဘူး။ ထိုင်စားယုံပေါ့လေ။ အဲဒီ နေ့ တုန်းက ကျနော်တို့  8 ယောက်စားတာ စုစုပေါင်း 44000 ကျော်ကုန်တယ်ဗျ။ (ကင်မရာ မေ့ခဲ့လို့  ဓါတ်ပုံမရိုက်လိုက်ရဘူး)

နောက်တစ်ခုကောင်းတဲ့ဆိုင်ကတော့ Happy ပါ။ အဲဒီဆိုင်မှာ ခေါက်ဆွဲ မျိုးစုံရတယ်လေ။ စစ်ကိုင်းလား၊ ရှမ်းလား...အို အစုံပါပဲ။ တော်တော်လေးကို ကောင်းတဲ့ဆိုင်ပါ။ ကြုံရင်ဝင်ဆွဲကြည့်လေ။ မဆိုးပါဘူး။

အဲလိုနဲ့  ပြန်လာရမယ့်အချိန်ရောက်တော့ ရန်ကုန်လေဆိပ်ကို ရောက်ခဲ့ပါတယ်။



အပေါ်ပုံကတော့ ဟသာင်္မောင်နှံ ပျံနေတဲ့ပုံဖြစ်ပါတယ်။ အဲဒီပုံကို လေဆိပ်မှာတွေ့ နိုင်ပါတယ်။ အဲ... ကံကောင်းလို့ ဗျာ။ အဲဒီ နေ့ တုန်းက ကျနော့်မှာ ပိုက်ဆံ မပါဘူးလေ။ ကျနော်မှမသိပဲဟာ။ လေယာဉ်ကွင်းမှ Tax ပေးရတယ်လေ။ တော်သေးတာပေါ့ဗျာ လေးကျော် ကူပေလို့  နို့ မဟုတ်ရင် တော်တော်လေးကို ကွကျမှာဗျ။ အခွန်မဆောင်ရင် လက်မှတ်ဖြတ်လို့ မရဘူးလေ။ (စာဖတ်သူများလဲ ပြင်ဆင်နိုင် အောင်လို့ ပါ) ကံကောင်းတော့ နောက်ဆုံးမှာ လက်မှတ်ဖြတ်ပြီး ဂိတ်မှာသွားစောင့်နေပါတယ်။ (အခွန်က 500 ကျပ်တည်းပါ၊ မလန့် နဲ့ နော်) နောက်ဆုံးတော့ လေယာဉ်ဆိုက် လာတာနဲ့ ကျနော်လဲ လေယာဉ်ပေါ်ကို တက်ပြီး ကိုယ်ခဏနေထိုင်ပြီး ပညာသင်ကြား တဲ့ နိုင်ငံကို ပြန်လည်ထွက်ခွါလာခဲ့ပါတယ်။



ရှမ်းကလေး (တခြားခရီးစဉ်များကို ဆက်လက်ဖော်ပြပါမည်)

ဆောင်းရာသီတုန်းက

လေကတိုက်တော့ ချမ်းလွန်းတာ
အထပ်ထပ်ခြုံလဲ မလုံမလဲ
အေးအေးစိမ့်စိမ့် ချမ်းလွန်းတယ်
မီးလေးမွေးလို့  စုပေါင်းထိုင်
ဂစ်တာကိုင်လို့  သီချင်းဆို
မီးမှာဖုတ်ထား စားစရာများ
စားရင်းတီးကာ ကောက်ညှင်းခြေထောက်ဟာ
ပူပူနွေးနွေး မွေးလှတယ်။

လဖ္ဘက်ရည်ကြမ်းသောက်တော့ ပူနွေးလာ
ရှမ်းပြည်နယ်ရဲ့  ဆောင်းကချမ်းလွန်းတော့
မီးကမခွာနိုင် ဖြစ်ရတယ်။

ဒီဆောင်းခါမှာ မှောင်လွန်းတာ
မြူတွေရစ်ဆိုင်း မည်းလှတယ်
ကြည်တွေကတော့ အထင်းသား
ဂစ်တာတီးလို့  ကြယ်ကြည့်ကာ
စိတ်မှာ ဟာတာတာနဲ့ 
ခံစားချက်က များလှသား။

ညနက်လာတော့ ပိုချမ်းလာ
အနွေးထည်ကို ထပ်ကာဝတ်
စောင်ကို သုံး၊လေး ထပ်ကာခြုံ
ဒါမှ
အန်တုနိုင်မှာ ဒီဆောင်းချိန်ခါ။


လေပြေ

Wednesday, September 23, 2009

ခရီးသွားမှတ်တမ်း = (5= ကသာ မှ မန္တလေးသို့ )

ကသာက စားကောင်းသောက်ဖွယ်ရာလေးတွေ စားသောက်ပြီးတော့ ကျနော်တို့ ဟာ မန္တလေးကို ရထားနဲ့ ပြန်ဖို့ စီစဉ်ပါတယ်။ သွားတဲ့ အတိုင်းပေါ့လေ ကသာကနေ နဘားဘူတာကို ကားနဲ့ သွားရတယ်ပေါ့ဗျာ။ ကောက်ညှင်းနဲ့  အကြော်လေးတွေ စားပြီးတာနဲ့  ကျနော် တို့ လဲ ကားဂိတ်ကို ထွက်လာတယ်ဗျ။ ကားပေါ်ရောက်တော့ လူတွေ၊ ပစ္စည်းတွေနဲ့  တော်တော်လေးကို ပြည့်နေတာဗျ။ တစ်ယောက်နဲ့  တစ်ယောက် နှုတ်ဆက်၊ မှာကြားနေတာကလဲ စည်စည်ဝေေ၀လေးကို ဖြစ်နေပါတယ်။

နောက်ဆုံးတော့ ကားလေးက ထွက်သွားတယ်ပေါ့လေ။ အဲလိုနဲ့  နဘားဘူတာလေးကို ကားဆိုက်ပါတော့တယ်။ ကျနော်တို့  စီးရမယ့် ရထားက ည 8 နာရီလေ။ ကသာနဲ့  နဘား က ကား 1 နာရီစီးရတယ်။ ကားဆိုက်တယ်ဆိုရင်ပဲ ကျနော်တို့ ဟာ ထိုင်ခုံအလွတ်တွေကို အမြန်ရှာကြပါတယ်။ အဲဒါမှ ထိုင်ပြီးစောင့်ရမယ်လေ။

ဘူတာမှာက ထိုင်ခုံတွေနဲနဲ ပဲရှိတာကိုး။ အဲ ဘူတာနဲ့ ကပ်ရပ်မှာတော့ လဖ္ဘက်ရည်ဆိုင်တွေ၊ အသုပ်ဆိုင်တွေ၊ ကွမ်းရာ ဆိုင်တွေ တော်တော် များများကို ရှိပါတယ်။ ဒါပေမယ့်ပေါ့လေ၊ ကိုယ်က မကြာခင်သွားရတော့မယ်ဆိုတော့ ထိုင်ခုံလေးမှာ ခဏလေးထိုင်ရရင်လဲ မဆိုးဘူးပေါ့ လေ။ လက်ပတ်နာရီကိုကြည့်တော့ 7 နာရီ ကျော်နေပြီဆိုတော့ သွားရတော့မယ်ဆို ပြီး ဖင်က တကြွကြွ ဖြစ်နေတယ်လေ။

အဲလိုနဲ့  ပေါ့လေ၊ ဖင်တကြွကြွပေါ့ စောင့်နေလိုက်တာ 8 နာရီကျော်သွားတယ်ဗျာ။ ဒါပေမယ့် မြန်မာနိုင်ငံပဲဟာ 1 နာရီကျော်လဲ အဆန်း လားလို့ ဆိုပြီး ဆက်စောင့်နေတယ်ဗျ။ နောက်ဆုံးတော့ 9 နာရီကျော်သွားရော။ မနေနိုင်တဲ့ အဆုံးမှာတော့ တာဝန်ရှိတွေကို သွားမေးတယ်လေ။ ကြားတလောက်ကတော့ ကျနော်တို့  စီးမယ့်ရထားရှေ့ က ရထားပေါ့နော်၊ တွဲချော်လို့ တဲ့ဗျာ။ ရထားလမ်းက တစ်ခုထဲ ရှိတာကိုး၊ ဆိုတော့ စောင့်ရတာပေါ့။ အရှေ့ က ရထား တွဲချော်မှတော့ နောက်ကရထားက မလာနိုင်ဘူးလေ။

ဘယ်လောက်ထိစောင့်ရလဲဆိုတော့ဗျာ၊ည 8 နာရီသွားမယ့်ရထားက ည 12း 30 မှ ရောက်လာတယ်လေ။ ကျနော်တို့ ကတော့ အိပ်လိုက်နိုးလိုက်နဲ့  စောင့်လိုက်ရတာဗျာ။ ဒီကြားထဲ စားထားတဲ့ ကောက်ညှင်းက ပျောက်သွားတယ်ဆိုတော့ လဖ္ဘက်ရည်ဆိုင် လေးမှာ ထိုင်လိုက်ရသေးတယ်။

လဖ္ဘရည်ဆိုင်ထိုင်တာများ အဆန်းလားလို့  မေးချင်တယ်တယ်ဟုတ်။ ဟင်း...... ဆိုင်မှာက အသုတ်ရတယ်လေ။ သုတ်တဲ့သူက သုတ်ပြီးတိုင်း စေတနာနဲ့  အပေါ့၊ အငံ မြည်းတာကိုး၊ မြည်းပုံက ဒီလိုလေ... လက်မှာကပ်နေတဲ့ အကျန်တွေကို သူက လျှာနဲ့  လျက်တယ်ပေါ့နော်။ အပေါ့၊ အငံမတည့်ရင် ထပ်ထည့်ပြီးတော့ ဆက်နှယ်တယ်လေ။ ( ဖတ်ပြီးတော့ ဟွန်း...အဲလိုကြီးလားလို့  .. မပြောနဲ့ နော်.. အဲဒါမှ တကယ့်အရဿကိုရတာကိုး၊ ကြုံဖူးလောက်ပါတယ်လေ.. ကျနော်ဆို အရမ်းကိုကြိုက်တယ်)

နောက်တစ်ခုကတော့ ဆိုင်တိုင်းမှာ အပေါ်စက်၊ အောက်စက်ရှိတယ်ဗျာ။ ဆိုတော့ တစ်ချို့ ဆိုင်က သီချင်းတွေဖွင့်၊ တချို့ ဆိုင်က ရုပ်ရှင်ပြ နဲ့  တော်တော်လေးကို စည်စည်ကားကား (ဆူဆူညံညံ ပေါ့လေ ရိုးရိုးလေးပြောရရင်) ရှိပါတယ်။ တချို့ ဆိုရင် လဖ္ဘက်ရည် တစ်ခွက်တည်းနဲ့  ရုပ်ရှင်တစ်ကား ပြီးတဲ့ အထိထိုင်ကြတာကိုး။ ဆိုတော့.... တခြားသူတွေ ထိုင်လို့ မရဘူးလေ။ အဲဒါကြောင့် ထိုင် ဖို့  ထိုင်ခုံရှာရတယ်ပေါ့ဗျာ။

ကျနော်တို့ ထိုင်တဲ့ လဖ္ဘက်ရည်ဆိုင်ကတော့ ကျော်ပြီးရင် တံမြက်စီး နဲ့ ကို လှဲတာဗျ။ လှဲပြီးရင် ထိုင်ခုံအောက်ကို ပြစ်ချလိုက်တာပဲ။ သန့် မသန့် တော့ မသိပါဘူးလေ.......... ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။

နောက်ဆုံးတော့ 7 နာရီကနေ စောင့်ရတဲ့ရထားလေးက ည 123း0 လေးမှာ ဆိုက်လာပါတော့တယ်။ ဆိုက်တယ်ဆိုရင်ပဲ လူတွေက အလုအယှက်တက်ကြပါတယ်။ ကျနော်တောင်တော်တော်လေးကို အံ့သြသွားတယ်ဗျ။ ဘာလို့ လဲဆိုတော့ ထိုင်ခုံတွေက ထွက်ပြေးမှာ မှမဟုတ်တာ။ အဲ.. ကျနော်တို့ စီးတဲ့ ရထားက ရိုးရိုးတန်းပေါ့လေ။ ထိုင်ခုံက တည့်တည့်လေးပေါ့လေ။ တည့်တည့်ဆိုတော့ မှီရတာ အဆင်မပြေဘူးပေါ့လေ။ အင်း.... ထိုင်ခုံက 95၊ 96 ဒီဂရီလောက်ရှိတယ်လေ။ ပြီးတော့ ထိုင်ခုံတစ်ခုကို နှစ်ယောက်ထိုင်ရတယ်ဗျ။

အဲလိုနဲ့  ကိုယ့်ထိုင်ခုံကိုထိုင်ပြီးတဲ့ အချိန်မှာ ခုံအလွတ်တွေကို ရှာရပါတယ်။ ရှာရတဲ့ အကြောင်းရင်းကတော့ လွတ်တဲ့ထိုင်ခုံမှာ သွားအိပ်လို့  ရအောင်လို့ လေ။ ကံကောင်းချင်တော့ ထိုင်ခုံလွတ်တွေကို တွေ့ တဲ့ အချိန်မှာ ကျနော်လဲ သွားထိုင်လိုက်တယ်ဗျ။ ရထားထွက်ပြီးနောက်မှာ အိပ်မယ်ဆိုပြီး အိပ်လိုက်တော့ ထိုင်ခုံက ကျနော့် ခါးအထိပဲ ရှည်တယ်လေ။ (အောက်ပိုင်း လွတ်နေတာပေါ့နော်)။ အဲလိုမျိုးကြောင့်တော်တော်လေးကို ဒုက္ခရောက်သွားတယ်လေ။ အောက်ပိုင်းလွတ်မှတော့ ဘယ်လို အိပ်မလဲလို့ ။

တခြားသူတွေကတော့ လူသွားလမ်းလေးမှာ ဖျာလေးခင်းပြီး အိပ်နေကြတယ်ဗျာ၊ အားရပါးရပါပဲ။ ဘုန်းကြီးတွေလဲ ပါတယ်လေ။ ဘုန်းကြီးလဲ ခါးလောက်ဆန့် တဲ့ ထိုင်ခုံ ( ကျနော်ပဲ အရပ်မြင့်နေလားမသိ) လေးမှာ အိပ်နေတယ်လေ။ ဘုန်းကြီးကအိပ်တော့ ခြေထောက်က လူသွားလမ်းလေးမှာ ကာနေတာကိုး။ အဲဒီတော့ အိမ်သာသွားမယ့်သူတွေတော်တော်လေးကို ဒုက္ခရောက်ရတယ်လေ။ ဘာလို့ လဲဆိုတော့ ဘုန်းကြီး ခြေထောက်ကို ကျော်သွားရမှာကိုး။ တော်တော်လေးကို ကွကျတယ်ဆိုရင် မှန်ပါလိမ့်မယ်။

ရထားကို စီးလာလိုက်တာဗျာ၊ ကျနော်ကတော့ အိပ်ချင်လွန်းလို့  ပုံစံ အမျိုးမျိုးပြေင်းပြီးအိပ်ပါတယ်။ ဒါပေမယ့် အိပ်လို့ မရဘူးဖြစ်နေတယ်လေ။ နောက်ဆုံးတော့ ပြတင်းပေါက်ဘောင် ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်လိုက်တာ အဲဒီနေ့ က မိုးရွာပြီး မိုးမိတော့ ဖျားသွားတယ်ဗျာ။ (အဖျားက မန္တလေးရောက်မှ ပေါ်တယ်လေ)

ညလွန်လို့  မနက်ရောက်တော့ ရထားက လှိမ့်နေတုန်းပါပဲ။ လမ်းတစ်လျှောက် ရှုခင်းလေးတွေက တော်တော်လေးကို (အရမ်းကို) လှပ လွန်းတယ်ဗျာ။



ဒါကတော့ ဧရာဝတီမြစ်ပေါ်မှာ ဆောက်ထားတဲ့ တံတား ကျော်ပြီးရင် ဖူးတွေ့ ရမယ့် စေတီတော်ဖြစ်ပါတယ်။

အိပ်ရာကနိုးတော့ ထမင်းစားမယ်ဆိုပြီး ရထားက မှာစားတယ်လေ။ ရထားပေါ်က ကြည်ဥကြော်နဲ့  ဆေးဘဲဥသုတ်က တော်တော်လေးကို အဆင်ပြေပြီး စားလို့ ကောင်းပါတယ်။ ( တစ်ရာ၊ နှစ်ရာ ဆိုပြီး ပိုက်ဆံ ပြန်မအမ်းတာရှိတယ်နော်... သူတို့ က လူအကဲခပ်တော်သား... ကျနော့်ကို Boss ထင်လားမသိ ပြန်ကိုမပေးတာ။ ကျနော်ကလဲ ရိုးသားလွန်းတော့ ပြန်မတောင်းမိဘူးလေ.. ရှင်းရှင်းပြောရရင် ခံရတယ်ပေါ့နော်)

ရထားက ဆက်ပြီး လာတဲ့အချိန်မှာ စစ်ကိုင်းကိုရောက်တော့



အဲဒါက ကောင်းမှုတော်စေတီလို့ ခေါ်ပါတယ်။ မိခင်မေတ္တာကို ကျေးဇူးဆပ်တဲ့အနေနဲ့  ရင်အုံပေါ်ဆောက်လုပ်ပူဇော်ထားတာပါ။ ဆုတောင်း ပြည့်တယ်လို့ လဲ ကြားရပါတယ်။

တိုတိုလေးပဲပြောတော့မယ်နော်။ အဲလို နဲ့  မန္တလေးကို နေ့ လည်မှာရောက်သွားတယ်လေ။ မန္တလေးကို ရောက်တော့ ကျနော်လဲ အဖျားက တက်လာတာနဲ့  လှဲနေလိုက်ရတယ်။ အစက မန္တလေး နန်းတော်ကို သွားလည်မယ်ပေါ့၊ ဒါပေမယ့် ရောက်တဲ့ အချိန်ကလဲ နောက်ကျ၊ ပြီးတော့ လူက မမာတာနဲ့  နောက်ဆုံးတော့ ရန်ကုန်ကို ကားနဲ့ ပြန်ခဲ့ပါတယ်။


ရှမ်းကလေး (ဆက်လက်ဖျော်ပြပါမည်)

မခူးခဲ့လျှင် ...

ရုတ်တစ်ရက် ဖြတ်ကျော်ချိန်မှာ
လှပစွာနဲ့  ပွင့်ဖြန်းဝေဖြာ
ငါ့အသိမှာ လိုချင်မက်မော
ခူးစွတ်မိသည်။

ရေလဲပန်းတင် စေတနာအပြင်
မေတ္တာဖြူစင်နဲ့  မြတ်နိုးလွန်းတာ
အခန်းမှာ သိမ်းထား
အမြဲပိုင်မလား။

ရက်တွေကြာတော့ ပန်းကညှိုးပြီ
အပင်မှာထား အလှရှုရင်
အချိန်ကြာညောင်း ငါချစ်နိုင်သည်။

ပန်းလေးညှိုးတော့ အချိန်တန်ပြီ
လွင့်ပြစ်ရင်းနဲ့  ရင်မှာလှိုက်မော
မခူးခဲ့ လျှင် ပိုကောင်းပေမည်ဟု
ရင်မှာဝမ်းနည်း
လှိုက်လှိုက်လဲလဲ ငိုကြွေးမိသည်။





လေပြေ

Wednesday, September 16, 2009

ခရီးသွားမှတ်တမ်း (4= နဘား မှ ကသာ သို့ )

နဘားဘူတာကို ရထားဆိုက်တယ်ဆိုရင်ပဲ ကျနော်တို့ ဟာ အထုပ်အပိုးတွေပြင်ဆင်ပြီး အပေါက်ဝမှာသွားစောင့်ပါတယ်။ ရထားလုံးဝ မရပ်ခင်မှာပဲ အမြန်အဆန်ဆင်းလိုက်တယ်ဗျာ..အတွေ့ အကြုံမရှိလို့ လားမသိဘူး အကြော်သည်နဲ့ တိုက်မိတာ ကံကောင်းလို့ ဗျာ မဖိတ်သွားတာ။ မဟုတ်ရင်တော့ တော်တော်လေးကို အခက်ကြုံရမယ်။

ဆင်းပြီးတာနဲ့  ကသာကိုသွားမယ့်ကားဆီကို သုတ်ခြေတင်ပြေးရပါတယ်။ အရေးထဲမှ ကားမရောက်ခင်မှာ လက်မှတ်စစ်ကလဲ လက်မှတ်..လက်မှတ် ဆိုပြီးစစ်နေသေးတယ်ဗျ။ ကျနော်တို့ လဲ...နောက်မှာ..နောက်မှာ..ဆိုပြီးကားဆီကိုတာ ချီတက်သွားပါတယ်။

အဲ...ကားဆီကို ဘာဖြစ်လို့ အဲဒီလောက် အပြင်းသွားနေတာလဲဆိုပြီးတော့ သံသယ ရှိနေမယ်ထင်တယ်။ အကြောင်းကဗျာ.. ကသာ ကိုသွားမယ့်ကားက တစ်စီးထဲရှိတာလေ။ နောက်ကျရင် ထိုင်ခုံမရတာတို့  တခါတစ်လေ ကားမမှီလိုက်တာတို့  တွေရှိတယ်လေ။ ဒါကြောင့် တစ်ရောသောပါး ပြေးရတာပါ။ ကားမမှီရင်တော့ နောက် ရထားဆိုက်တဲ့အထိ စောင့်ရတယ်လေ။ အဲဒါမှာ ကားစရာက ခရီးသည်တွေရပြီး ထွက်မှာ...။

ကားဆီကိုရောက်တော့ အလုအယက် တက်ရတယ်လေ။ နေရာရချင်တာကိုး.. ကားကိုတက်ဖို့ လှေကားကလဲ ကျနော့် ဒူးခေါင်း ကျော်ကျော်မြှင့်တယ်ဗျ။ (ကျနော့် အရပ်က 5 ပေ 6 လေ၊ အမြင့်ကို မှန်းကြည့်ပေါ့ဗျာ)။ ကားပေါ်ရောက်ပြီး နေရာရပြီးတော့ ကားကစထွက်ပါတော့တယ်။ ကံကောင်းတယ်ပြောမလား...ကံမကောင်းဘူးလားတော့ မသိဘူး.. ကားက ချောင်ချောင်ချိချိ ပါပဲ။ (စိတ်ထဲမှာတော့ အဲလိုမှန်းသိရင် အကြော်သည်ကို မတိုက်မိအောင်လုပ်ပါတယ်ပေါ့လေ.. ဒီကပဲ တောင်းပန်ပါတယ်နော် ဆိုင်ရာ ဆိုင်ရာ အကြော်သည်ကိုပေါ့လေ။)

ကားပေါ်ရောက်ပြီးတော့ ကျနော့်နံဘေးမှာ ခရီးသည်တစ်ယောက်လာထိုင်ပါတယ်။ ကျနော့်ကို မေးတယ်လေ ဒီကားက ကသာကို သွားမှာလားတဲ့။ ဟ..ပြောရရင်လဲအခက်သားဗျ..ဘာဖြစ်လို့ လဲဆိုရင် ဒါက ကျနော့်ရဲ့  ပထမ ခရီးစဉ်လေ.. အဲ.. ကျနော်လဲ ခပ်တည်တည်နဲ့  ဟုတ်တယ်ဗျ လို့ ဖြေလိုက်ပါတယ်။

ဖြစ်ချင်တော့ ကျနော့်နံဘေးက ခရီးသည်ကလဲ ကားပေါ်ရောက်တာနဲ့  ဆေးလိပ်ထိုင်သောက်နေတယ်ဗျ။ ကျနော်ကတော့ တခြား ခရီးသည်တွေကို သူ့ အစား အားနာနေမိပါတယ်။ အဲလိုနဲ့  ကားတစ်ခေါက်ရပ်တိုင်း သူကလဲ ကသာရောက်ပြီလား ဆိုပြီးတော့ မေးတယ်လေ..ကျနော်ကလဲ ခပ်တည်တည်ပဲပေါ့..မရောက်သေးဘူးလို့  ဖြေနေစဲပါပဲ။ နောက်ဆုံးတော့ ကသာမြို့ ကို ရောက်သွားပါတယ်။ ကျနော့်နံဘေးက ခရီးသည်လဲ ရောက်ပြီလားမေးတာပေါ့။ ကျနော်လဲ မရောက်သေးဘူးထင်တယ် လို့  ဖြေလိုက်ယုံလေးပဲရှိပါတယ်.. ခရီးသည်တွေအားလုံးက ဆင်းသွားတယ်လေ။ ဆိုတော့ ရောက်သွားတယ်ပေါ့ဗျာ။ (နည်းနည်းတော့ အရှက်သားဗျ)

ကားပေါ်ကဆင်းပြီးတဲ့ အချိန်မှာ ကသာ တစ်မြို့ လုံးက မှောင်မည်းနေတယ်လေ။ အကြောင်းရင်းက မိုးရွာသာများလို့  တဲ့ဗျာ။ ( ကျနော်နေတဲ့ မြို့ မှလေ.. မိုးရာသီကျတော့ ရေလျှံလို့ တဲ့ မီးမလာဘူး၊ နွေရာသီမှာ ကြတော့ ရေခန်းလို့ တဲ့ မီးမလာဘူး၊ လူ့ အလိုက်တော်တော်လေးကို လိုက်ရခက်တယ်နော်..ဟင်း..)။ အဲလိုနဲ့  လိုရာခရီးကို ဆိုက်ကားဌားပြီး သွားတယ်ဗျ။ မှောင်မှောင် မည်းမည်းထဲမှာ ကျနော်တောင်ခပ်လန့် လန့် ဖြစ်နေတယ်။ လန့် တာက မတော်လို့  တစ်ခုခုနဲ့ ဝင်တိုက်မှာ ဆိုးလို့ လေ။

နောက်ဆုံးတော့ လိုရာခရီးကို ရောက်ပြီး တစ်ညသာ ကုန်သွားတယ်။ မနက်ရောက်တော့ ဗိုက်ကဆာလာတာနဲ့  လဖ္ဘက်ရည်ဆိုင် မှာ ကြာကွေ့ ကို အစာပြေစားတယ်။ စားပြီးတော့ ကသာဈေးထဲမှာ ထပ်သွားစားတယ်ဗျ။ (အစားကြီးတာမဟုတ်ပါဘူး၊ စမ်းပြီး စားကြည့်တာလေ)



အဲဒါက ဈေးထဲမှာသွားစားတာပါ။ သူ့ ဟာက နန်းကြီးသုပ်လိုပါပဲ။ အဲဒါနဲ့  အတူ ဟင်းရည်နဲ့  (ရှမ်းအကြိုက်) မုန်ညှင်းချဉ် ပါချထားပေးပါတယ်။ တော်တော်လေးကို စားလို့ ကောင်းတဲ့အတွက် လဖ္ဘက်ရည်နဲ့  အီကြာကွေးစားပြီးတာတောင် ကျနော် နှစ်ပန်းကန် လွေးလိုက်သေးတယ်။ စားပြီးသွားတော့ အချိုပွဲ ဆိုပြီး ဈေးအပြင်ဘက်မှာ ဖလူသာ၊ မလိုင် လေးတွေ သွားသောက်လိုက်သေးတယ်။ (အစားကြီးတာ မဟုတ်ပါဘူး၊ စားနိုင်တာပါ)။

သောက်ပြီးသွားတဲ့ အချိန်မှာ ကသာမြို့ နဲ့ ကပ်လျှက် ဧရာဝတီမြစ်တစ်လျှောက် သွားရောက်လည်ပတ်ပါတယ်။ ပြောမယ်ဆိုရင် ကသာ မြို့ ဟာ ဧရာဝတီမြစ်ကြီး နဲ့  အပြန်အလှန် အမှီအဟဲ ပြုနေရပါတယ်။ ဧရာဝတီမြစ်ကြီးကြောင့် ကူးသန်းရောင်း ၀ယ်ရေးကလဲ ကောင်းမွန်ပါတယ်။



အပေါ်ကတွေ့ ရတဲ့ ပုံကတော့ ဧရာဝတီမြစ်ကြီးနဲ့  ကုန်စည် သယ်တဲ့ လှေတွေဖြစ်ပါတယ်။ အဲလိုမျိုးလှေတွေကို မြစ်ရိုးတစ်လျှောက် တွေ့ ရပါတယ်။

လမ်းတစ်လျှောက် လျှောက်လှမ်းလာပြီးတဲ့အခါမှာ မြစ်နဲ့ ကပ်ရပ်



ဘုန်းကြီးကျောင်းကို တွေ့ ရပါတယ်။ တော်တော်လေးကို ကြည်ညိုစရာကောင်းပါတယ်။ အဲလိုနဲ့  ဆက်လျှောက်လိုက်ရင် ရှေ့ မှာ တည်းခိုခန်းတွေကို တွေ့ ရပါတယ်။ နိုင်ငံခြားမှာ နေတဲ့သူတွေအတွက်ပေါ့နော်၊ တည်းခိုခန်းက လေအေးစက်မရှိပါဘူး။ ပြောင်ပါပဲ။ ဘယ်လို ပြောင်လဲဆိုတော့ ဘာမှ မရှိဘူးပေါ့လေ။ (nothing is nothing ပေါ့ဗျာ၊ ရှင်းစရာမလိုအောင်ကို ရှင်းတာပေါ့နော်)

ထားပါတော့။ ဘုန်းကြီးကျောင်းကိုတွေ့ ပြီးရင် အပေါ်ပိုင်း (မြောက်ပိုင်း) တည့်တည့်လျှောက်လာ ပြီးတော့ ဘယ်ဘက်ကို ချိုးလိုက်ရင် အမောဖြေစရာ ခုလိုမျိုး



မြန်မာစည်ဘီယာဆိုင်လေးကလဲ အသင့်ပဲဗျ။ နေကပူ၊ လူကမောရင်တော့ တစ်ခွက်တစ်ဖလား လောက်ဝင်သောက်ရင်လဲ မဆိုးပါဘူးလေ။ ရင်မှာအေးပြီး အမောဖြေနိုင်တယ်ပေါ့လေ။ (ကျနော်တော့ မစမ်းကြည့်မိဘူးပဲ)



အဲလိုနဲ့  နေညှိချိန်ရောက်တော့ (ထန်းရေသောက်ဖို့  ပြောတာမဟုတ်ပါဘူး)၊ ကျောင်းသား၊သူ တွေပြန်လာတာကို ကြည့်ရ တာလဲ ငယ်ငယ်တုန်းက ဘ၀ကို ပြန်ပြီးသတိရမိစေတဲ့ အပြင် လွမ်းဆွတ်မှုတွေကိုလဲ သယ်ဆောင်လာပါတယ်။ ( အချစ်ဦး တွေရှိခဲ့ရင်ပေါ့လေ။ (ခြွင်းချက် အပျို၊ လူပျိုများ။ သူတို့ က အချစ်ကိုစွန့် လွတ်လိုက်လို့ ပါ..ထင်တာပေါ့နော်))

ညနေရောက်တော့ ကသာမြို့ က ထွက်ခွာရတော့မယ်ဆိုတာနဲ့  ဗိုက်ကလဲဆာလာတယ်လေ (တော်တော် ဆာတတ်တဲ့ ဗိုက်ပဲလို့  ထင်မယ်နော်။ မထင်နဲ့ လေ ကျနော့် weight က 73 kg ရှိတယ်လေ၊ စားနိုင်တယ်ပေါ့..ဟဲ..ဟဲ) ၊ ဒါနဲ့  ကျနော် တို့ လဲ ကသာက ဈေးသက်သာ၊ စားလို့ လဲကောင်း (နာမည် ကြီးမကြီးတော့မသိပါဘူး)တဲ့



အပေါ်ကဆိုင်လေးကို ရောက်ခဲ့တယ်ဗျ။ ကြားရသလောက်တော့ ဒီဆိုင်လေးဟာ တစ်နေ့ ကို နှစ်သောင်း၊ သုံးသောင်းလောက် အမြတ်ရတယ်ဆိုပဲ။ (အမြတ်နော် အမြတ်၊ အရင်းမပါသေးဘူး)။ တော်တော်လေး စိတ်ကောင်းရှိပြီး ဧည့်ဝတ်ကျေပွန် ပါပေတယ်။ ကြေငြာပေးတာ မဟုတ်ပါဘူး။ တော်တော်လေးကို ကောင်းပါတယ်။ အဲဒီနေ့ တုန်းက ကျနော်တို့ စားတာက ကောက်ညှင်း၊ ပယာကြော်၊ ကြက်သွန်နီကြော်၊ ဘူးသီးကြော်တွေပါ။



အပေါ်ကပုံတွေကြည့်ခြင်းအားဖြင့် ကျနော့်သူငယ်ချင်းတွေ စားချင်စိတ်ရှိမယ်လို့  ကျနော်ထင်တယ်လေ။ (ကျနော်တောင် ကြည့်ရင်း ဗိုက်ဆာလာသလို ခံစားရတယ်ဗျ) ။



ဒီပုံလေးကတော့ ကောက်ညှင်း (ကျနော့်အကြိုက်ပေါ့လေ) ကို အနီးကပ်ဆွဲထားတယ်လေ။ ဗိုက်ဆာရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးဖို့ ပေါ့....မဟုတ်ပါဘူး... ကိုယ်စားခဲ့တဲ့ဟာကို ပြန်သတိရပြီး သူ့ ရဲ့  အရသာကို ပြန်ခံစားလိုက်တယ် ဆိုရင်ပဲ တော်တော်လေးကို အရသာခံစားရပါတယ်ဗျာ။

မေ့သွားလို့ ဗျာ။ ကသာမြို့ အကျယ်ကတော့ ဆိုက်ကားနဲ့ ပတ်ရင် နာရီဝက်အတွင်းမှာ တစ်မြို့ လုံးနံ့ တယ်ဗျ။ ရှင်းရှင်းပြောရင် တော့ သိပ်မကျယ်ဘူးပေါ့လေ (လုံးဝကို မကျယ်တာ)။ ခရီးတစ်ထောက်နားဖြစ်ရင် ကသာမြို့ လေးက ကျနော်ပြောတဲ့ အစားအစာလေးကို စားပြီး စည်ဘီယာလေးကိုသောက်လို့ ၊ ဆိုက်ကားလေးနဲ့  မြို့ ကို ပတ်ပြီး၊ ဖလူသာ၊ မလိုင်ကို သောက်ဖြစ် ခဲ့ရင် ကျနော့်ကိုလဲ သတိရပါနော်။


ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)

ရွင်ပြုံးနိုင်ပါစေ အမြဲတမ်း
ရင်မှာလန်းလို့  စိတ်မှာပျော်ရွင်
ပြုံရယ်နေလျင် အသက်ရှည်၏။

လေပြေ