လက်ကျန်ကိုသောက်ပြီးသောအခါတွင် သူငယ်ချင်းနှစ်ယောက်သည် အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြသည်။ ယနေ့ သည် လမ်းလျှောက်လာရင်းဖြင့် အအေးသောက်ရန်အတွက် အရက်ဆိုင်သို့  မဆီမဆိုင်ရောက်ခဲ့ခြင်းသာဖြစ်သည်။ အရက်သောက်ချင်၍တော့ မဟုတ်။ ကံမကောင်း၍ အရက်ဆိုင်သာရောက်လာသည်။
အရက်သည် လူကိုပူစေသည်။ တကယ့်ပူလောင်သော အရာပင်ဖြစ်သည်။ သို့ သော် သူငယ်ချင်းနှစ်ယောက်က အအေးသောက်လိုသဖြင့် ရေခဲစိမ်လိုက်သည်။ ထို့ ကြောင့် အရက်သည် အပူမဟုတ်တော့... ရေခဲအရှိန်ဖြင့်အအေးဖြစ်သွားလေပြီ။ အအေးကို သောက်ကာ လူပျို အကြောင်းပြောတော့ “အချစ်ကမီးလား?” ဆိုသည့်အတိုင်း လူကိုပူလောင်စေသည်။ အချစ်ထက်ပူသောမီးမရှိ။
သူငယ်ချင်းနှစ်ယောက်သား၊ ကိုယ့်အဖြစ်ကို အပြန်အလှန် ပြောပြီးသောအခါတွင် အချစ်မီး၏ လောင်မှိုက်ခြင်းကိုခံရသောအခါ သောက်ထားသော အအေးများ ပျောက်ကုန်ပြီ။ အချစ်ကြောင့်ရင်ပူတော့ ရင်အေးအောင်ရေစိမ်၍မရ။ ထို့ ကြောင့် ရင်အေးစေရန်အအေးသာ ဆက်သောက် ရတော့မည်။ သောက်ချင်၍တော့မဟုတ် ရင်ထဲက မီးကိုငြိမ်းချင်လို့ သာ.............
၁။ ။ “အချစ်အကြောင်းပြောတော့ ရင်ပူတယ်ဗျာ။ အအေးဆက်သောက်မလား?”
၂။ ။ “ကောင်းတာပေါ့ကွာ... တစ်ပိုင်းပဲရှိသေးတော့ ရင်ကမအေးသေးဘူး...အချစ်ကြောင့်ပဲ ငါ့ရင်တွေပူလောင်နေပြီဆိုတော့ နောက် တစ်ဝက်လောက်သောက်ရင်း ရင်ထဲက မီးကို ငြိမ်းကြတာပေါ့။ ”
၁။ ။ “ ညီလေး............ အအေးနောက်တစ်လုံးဟေ့?”
ဟု လှမ်းမှာပြီးသော အခါတွင် စားပွဲထိုးလေးက အလိုက်သိသိဖြင့် ၀ီစကီနှင့် ရေခဲအပြည့်ထည့်ထားသည့်ခွက်လာချပေးလေသည်။
၁။ ။ “ဟူး.......အော်အချစ်ချစ်... ”
၁။ ။ “ငါတော့ကွာ ဒီမှာ မနေချင်တော့ဘူး...တခြားနေရာကို ပြောင်းတော့မယ်”
၂။ ။ “ ဟာမဟုတ်တာကွာ...မင်းမကြားဖူးဘူးလား? “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိဆိုတာ?””
၁။ ။ “ဒါပေမယ့် “တရွာမပြောင်း သူကောင်းမဖြစ်ဆိုတာက ရှိသေးတယ်လေကွာ””
၂။ ။ “ ခက်နေပြန်ကောလားဗျာ... “တွင်းဟောင်းရေကြည်အေးမြသည် ” ဆိုတာလဲ ရှိသေးတယ်လေ”
၁။ ။ “ဟာ..ဒါဆို ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပေါ့ကွ”
၂။ ။ “မင်းမသွားပါနဲ့ ကွာ...ဒီမှနေတာကောင်းပါတယ်.. တခြားနေရာသွားရင် အခက်အခဲကြုံရအုန်းမယ်။ ဒီမှာက အားလုံးလိုလို နဲ့  ရင်းနှီးနေပြီပဲ။ “ခွေးက သခင်ကို မကိုက်” ဆိုတာရှိတာပဲ”
၁။ ။ “ ဘာဆိုင်လို့ လဲကွ?”
၂။ ။ “ ငါဆိုလို တာက..ဒီမှာက အားလုံးနဲ့ ရင်းနှီးနေတော့ ကိုယ့်ကို ကူညီမယ့်သူပဲရှိတယ်..ဒုက္ခပေးမယ့်သူမရှိဘူးလေကွာ...”
၁။ ။ “ဒါပေမယ့်....“ဟောင်သောခွေးမကိုက်”ဆိုကွ? ငါတို့ ရင်းနှီးတာတော့ဟုတ်ပါတယ်..ဒါပေမယ့် ကူညီချင်မှ ကူညီမှာပါကွာ”
၂။ ။ “အဲလောက်လဲ မတွေးပါနဲ့ ကွာ...သူများတခုခုဖြစ်ရင်မင်းက ကူညီမှာလား?”
၁။ ။ “ကူညီမပေါ့ကွ... အချင်းချင်းတွေပဲဟာ”
၂။ ။ “ဒါပေါ့ကွာ... လူဆိုတာက “ကိုယ်လက်တစ်ဘက်မြောက်ရင် သူတို့ လဲ လက်တစ်ဘက်မြောက်တယ်” ဆိုတာ..။ ကိုယ်က ကူညီရင် သူများကလဲ ကိုယ့်ကို ပြန်ကူညီမပေါ့”
၁။ ။ “ဟုတ်ပါပြီ...ဟုတ်ပါပြီ...“တစ်မတ်ပေးရင် တစ်မတ်...တစ်ကျပ်ပေးရင် တစ်ကျပ်” ပေါ့လေ?”
၂။ ။ “ဒါပေါ့ကွာ...”
ဆိုကာ နှစ်ယောက်သား ပြိုင်တူ..အအေးကွက်ကို အကုန်ရှင်းလိုက်သည်။ ပြီးနောက် အတွေးကိုယ်ဆီဖြင့် တိတ်ဆိတ်......
ရှမ်းကလေး
Sunday, March 28, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment