စတင်တွေ့ ချိန်က အမှုမဲ့စွာနဲ့ 
မင်းအလှလေးမှာ
ငါ့နှလုံးသားက ငါ့ကိုခွင့်မပန်ပဲ
မင်းကိုချစ်သွားတယ်။
မျက်လုံးချင်းဆုံတော့ နှစ်ယောက်လုံးရှက်သွား
အပြုံးများဆောင်ကာ မျက်နှာလွဲဖူးတယ်။
တံခါးအကွယ်မှာ နှစ်ယောက်သားခိုးကြည့်
ဘာမှမပြောမိပဲ ရင်ခုန်ခဲ့သေးတယ်။
ရက်တွေလွန်သွားတော့
အိမ်ဘေးကဆိုင်မှာ ကိုယ်ပြန်ချိန်လာတိုင်း
အမှုမဲ့စွာနဲ့  မင်းအမြဲရောက်တယ်။
ရှက်စိတ်တွေနဲ့ ကွာ မျက်လုံးမဆိုင်ပဲ
တံခါးအကွယ်မှာ မင်းလေးမသိအောင်
အမြဲခိုးကြည့်တယ်။
ရံဖန်ချိန်များမှာ
မင်းမရှိလေတော့ မင်းအလာစောင့်ရင်း
ကျောင်းနောက်ကျခဲ့လို့  အပြစ်ပြောခံရတယ်။
အဲဒီတုန်းကလေ
မင်းကိုချစ်ပေမယ့် ဘ၀အနာဂတ်တွက်
အောင်မြင်ချင်လွန်းလို့  အပတ်တစ်ကုတ်ကို
ကျိုးစားနေမိတော့
ခံစားချက်ကိုမြို ဘ၀ကိုရှေ့ ထား
စာကိုသာတစ်အား ကျိုးစားခဲ့မိတယ်။
ရင်ကခံစားချက် မဖော်ခဲ့မိပဲ
သူစိမ်းတွေလိုသာ ဆက်ဆံခဲ့တယ်ကွာ။
ခုချိန်မှာတော့
အခွင့်သာကြုံလို့  ပြန်သာဆုံမိရင်
ချစ်တဲ့စကားကို ရဲဝဲ့မှုတွေနဲ့ 
ရက်တွေကိုတွက်ပြီး သက်သေကိုထူကာ
ရင်ကော့ခေါင်းမော့ပြီး
မင်းကိုချစ်ကြောင်း ကိုယ်ပြန်ပြောင်းပြောမယ်။
လေပြေ
Saturday, June 12, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment