Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts

Friday, November 25, 2011

ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၂)

တစ်နေ့ မှာတော့ ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့  အင်းထဲကိုသွားလည်ဖြစ်ပါတယ်။ အဲနေ့ ကတော့ တစ်နေ့ လုံးစင်း
လုံးဌားခကို ၃၀၀၀၀ ပေးရပါတယ်။ လှေကတော့ စက်လှေဖြစ်ပါတယ်။ ၁၀ လောက်တော့ဆန့် တယ်ခင်ဗျ။



ဒါကတော့ စက်လှေစတင်ပြီးထွက်တာနဲ့  တွေ့ နိုင်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီလိုမျိုးအိမ်ဆောက်ပုံလေးတွေကို အင်းလေး
ကန်တစ်လျှောက်လုံးမှာတွေ့ ရမှာပါ။



ဒီပုံကတော့ ဘာအဆောက်အဦးရယ်လို့ တော့ ကျနော်မသိပါဘူး။ အဝေးက မြင်လို့ ဖမ်းရိုက်ထားတာပါခင်ဗျာ။



ဒါကတော့ ရေပေါ်စိုက်ခင်းများဖြစ်ပါတယ်။ ၀ါးလုံးတွေစိုက်ထားတာကတော့ စိုက်ခင်းတွေရေနဲ့  မျောမသွားအောင်လို့ ပါ။
များသောအားဖြင့် စိုက်ပျိုးတဲ့သီးနှံကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။



ဟင်္သာရုပ်ပါ။ ဘယ်လို အထိမ်းအမှတ်နဲ့ စိုက်ထားတယ်ဆိုတာကိုတော့ ကျနော်မသိပါဘူး။



အင်းလေးထဲမှာ လျှပ်စစ်မီးတွေထိန်ညီးနေတာတွေ့ တော့ ဓါတ်တိုင်တွေကိုလိုက်ရှာတာ.. ဟော..ဒီမှာပါ.. အင်းထဲကဓါတ်တိုင်။



်အဲနေ့ က ဈေးနေ့ နဲ့ တိုးလို့ ဈေးရောင်းတာတွေကို တွေ့ ရတာပါ။ ဒီလိုမျိုးရောင်းတာကို ကျနော်တို့ နိုင်ငံမှာပဲတွေ့ နိုင်တယ်
နော်။ အဲလိုရောင်းတာတွေတွေ့ လိုက်တော့.. ကြည်နူးမိပါတယ်။ ငယ်ငယ်က ဈေးသွားတုန်းက တွေ့ ရတဲ့ပုံစံမျိုးပဲလေ။
အချိန်ဟောင်းတွေကိုတောင် ပြေးသတိမိလေရဲ့ ။



မည်းမည်းနဲ့ က လက်ဖက်ခြောက်ပါ။ ဈေးထဲမှာ ”စားလို့ ရတဲ့ မြေကြီး” တွေတောင် တွေ့ လို့ ဝယ်ဖြစ်လိုက်ပါတယ်။ အရသာ
ကတော့.. အင်း..မပြောပြတတ်ဘူးပဲ။ ဖော့စားရသလိုတော့ မဟုတ်ပါဘူး။ အနံ့ ကတော့ သင်းသင်းလေးပါ။ မြေကြီးဆိုတဲ့
အသိစိတ်ကရှိနေလို့ လားတော့ မသိဘူး သိပ်ပြီးတော့ မစားဖြစ်ပါဘူး။



ဒါလဲပဲ ဈေးရောင်းတဲ့မြင်ကွင်းပေါ့နော်။ ဒါပေမယ့် ဒီမှာထူးခြားတာလေး တစ်ခုတော့ ပြောပြချင်ပါတယ်။ နောက်ခံကို ကြည့်
လိုက်မယ်ဆိုရင်.. မိုးက အုံ့ အုံ့ လေး၊ ပြီးတော့ ဖြူစင်တဲ့ဝတ်စားပုံနဲ့  ဈေးရောင်းတဲ့ စတိုင်လ်နဲ့  အရမ်းကိုလိုက်ဖက်တယ်လို့ 
ကျနော်ခံစားရပါတယ်။ ဒီလို လှပမှုမျိုးကို အဲမှာပဲ တွေ့ နိုင်မယ်လို့ ထင်ပါတယ်။



ဒါကတော့ မုန့် လုပ်နေတာပါ။ မစားလိုက်လို့ မသိလိုက်ပါဘူး။



ဒီပုံကလဲ..ငယ်ငယ်က ပုံရိပ်တွေကို သတိပေးတဲ့ဓါတ်ပုံလေးဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လေးကွဖြစ်တာကို မခုံမင်ပေမယ့်
လို့ လဲ.. သူငယ်ချင်းတွေနဲ့  တော့ လောက်စာလုံး.. လုံးဖြစ်ပါတယ်။



ဒီဆောင်းတန်းကတော့ ရှေးဟောင်းစေတီကိုသွားဖူးတဲ့ လမ်းဖြစ်ပါတယ်။ အဲနေ့ တုန်းကတော့ သူငယ်ချင်းနဲ့ ပြောဖြစ်
ပါသေးတယ်။ အဲဒါကတော့ .. အဲမှာ ရှေးဟောင်းအနုပညာတွေအများကြီးရှိနေပြီး.. ဘယ်သူမှသွားမကြည့်လို့ ထင်ရဲ့ 
အရမ်းကိုခေါင်သလိုလိုကိုဖြစ်နေတာ။ အကယ်၍လူထုက နဲနဲ ပြုပြင်ပြီး လေ့လာစရာနေရာအဖြစ်လုပ်လိုက်မယ်ဆိုရင်.. သူများနိုင်ငံတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်ဆိုတဲ့ နေရာတွေတောင် ဒီနေရာကို မမှီဘူးလို့ လေ။ လူထု
က မလုပ်ရင်တော့ ကြာလာရင်.. ကုမ်ပဏီတွေဝင်ပြီး ကန်ထရိုက်တာဆွဲလိုက်လို့ ကတော့ လူထုတွေဘာမှာ အကျိုး ခံစားရမှာမဟုတ်ဘူးပေါ့ဗျာ။



တန်ဆောင်းကို တစ်လျှောက် ၂၅ မိနစ်လောက်လမ်းလျှောက်ပြီးသွားတဲ့အခါမှာ တွေ့ မြင်ရမယ့် ရှေးဟောင်းစေတီများဖြစ်ပါ
တယ်။ (တန်ဆောင်းတစ်လျောက်မှာတော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဈေးဆိုင်တွေရှိပါတယ်)



ဒါကတော့ အင်းလေးကန်က နာမည်ကြီး ဘုရားများကိုးကွယ်ပူဇော်ဖို့  ထားတဲ့နေရာဖြစ်ပါတယ်။



ဒါကတော့ ရေလယ်စားသောက်ဆိုင်ပါ။



ဒါကတော့ ရေလယ်မှာတည်ထားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းပါ။ (ကြောင်ခုန်ဘုန်းကြီးကျောင်းလို့ ခေါ်တယ်ထင်ပါတယ်။
ဧည့်သည်တွေသွားရောက်ကြည့်ရှုတဲ့အခါမှာ ကြောင်တွေက အမျိုးမျိုးခုန်ပြတယ်လို့ ပြောပါတယ်။ အဲနေ့ က မိုးနဲနဲရွာတာ
ရယ်ကြောင်ခုန်တာ.. စိတ်ဝင်စားစရာလားလို့ တွေးမိပြီး မ၀င်ကြည့်ဖြစ်ပါဘူး။ နောက်တစ်ခုကတော့ ပိုက်ဆံပေးရတယ်ဆို
လို့ ပါ။)



ဒီပုံလေးကတော့ နောက်ဘုန်းကြီးကျောင်းတစ်ခုပါ။



အင်းထဲရောက်မှတော့ ကြာသင်္ကန်းယက်လုပ်တာလေးကြည့်ပြီး ဘုရားကပ်ဖို့ ဝယ်မယ်စိတ်ကူးပြီး သွားကြည့်ဖြစ်ပါတယ်။
ဒါလေးကတော့ ကြာကနေ ကြာချည် တွေကိုယူပြီး မပြတ်မတောက်ပဲ.. ယက်လုပ်ဖို့ အသင့်ဖြစ်အောင်လုပ်နေတာပါ။ ကျ
နော်ငယ်ငယ်တုန်းကတော့ အိမ်ကဒီလိုလုပ်တာ တွေ့ ဖူးပါတယ်။ ဒါပေမယ့် အဲတုန်းက ဘာမှ မသိလိုက်ပါဘူး။



ကြာချည်တွေကို သင်္ကန်းဖြစ်လာအောင် ပဏာမ လုပ်နေတာပါ။ ကြာပန်းကနေ သင်္ကန်းတစ်ခုဖြစ်လာဖို့ ဆိုတာ လွယ်တဲ့
ကိစ္စမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ၁ နှစ်ခွဲထိ အချိန်ယူပါတယ်။ ဒါကြောင့်မို့  ဈေးနှုန်းကလဲ ကြီးပါတယ်။ သင်္ကန်း
တစ်စုံကို ၁၅ သိန်းပေးရပါတယ်ခင်ဗျာ။ ကျနော်လဲ ကြားတုန်းက ကိုယ့်နားကိုတောင်.. ကိုယ်မယုံလို့  ထပ်မေးမိပါတယ်။
အဲမှပဲ.. ကြာယက်တဲ့ အန်တီက ကျနော်တို့ ကို ရှင်းပြတာပါ။ အဲနေ့ တုန်းက သူငယ်ချင်းတော့ ဘုရားကပ်ဖို့  မျက်နှာ
သုတ်ပုဝါ အရွယ်ကို ၃၀၀၀၀ နဲ့ ဝယ်ဖြစ်ခဲ့ပါသေးတယ်။



ဒီလိုနဲ့ ပဲ ကျနော်တို့ ခရီးစဉ်လေးဟာလဲ ပြီးဆုံးခဲ့ပါတယ်။ ဒီပုံလေးကတော့ နောက်ဆုံးမှာရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ ကျနော်
ပြေပြတာတွေက တစ်စိတ်တစ်ဒေသပဲရှိပါသေးတယ်။ သူငယ်ချင်းများအနေနဲ့  အခြေအနေပေးရင်တော့ (လုပ်ယူရမှာပေါ့
နော်) သွားလည်ကြပါလို့  ထပ်မံတိုက်သွန်းလိုပါတယ်။

........................

အဲလိုနဲ့ ပဲ ရန်ကုန်ကိုပြန်ရောက်လာပါတော့တယ်။ ရန်ကုန်ပြန်ရောက်လို့  အိတ်ချယုံလေးပဲရှိပါတယ်.. သူငယ်ချင်းက
အလုပ်ကိစ္စရှိတယ်ဆိုပြီး နောက်တစ်နေ့ မှာ ရခိုင်ကိုသွားဖို့  ကားလက်မှတ်ဖြတ်ထားပေးတယ်လို့ ပြောလာတော့လဲ
ကျနော်လဲ.. အိတ်ကိုတောင်မပြင်တော့ပါဘူး။ ရှိနေတဲ့ အိတ်ကို အခန်းထဲသွင်းပြီး နောက်တစ်နေ့ မှာ ရခိုင် (ကျောက်ဖြူ)
ကိုသွားဖို့  ကားမွေးမယ်ဆိုပြီးတော့ အိပ်လိုက်ပြီး.. နောက်နေ့ ညနေခင်းမှာ ရခိုင်ကို သွားဖို့  ကားဂိတ်ကို အိတ် ဆွဲပြီးပြေးပါတော့တယ်ဗျာ။


ရှမ်းကလေး

Tuesday, November 22, 2011

ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၁)

အဲဒီနေ့ တုန်းက ၁၂၀၀၀ ကားစီးပြီးအလာ လမ်းမှာထမင်းစားဖို့ ကားရပ်တာပါ။ ကားပေါ်က ဆင်းတော့ လွမ်းဆွတ်ခြင်းတွေ
နဲ့  ကောင်းကင်ကို မော့ကြည့်တဲ့အခါမှာ လလေးက သာနေတော့ လွမ်းဆွတ်မှုတွေတောင် တစ်ကိုယ်လုံးပျံ့ နှံ့ သွားသလို
ခံစားခဲ့ရပါတယ်။



လကို ကြည့်ရင်းနဲ့  ကြိုးစားပြီးတော့ ဓါတ်ပုံလေးရိုက်ယူလိုက်ပါတယ်။ (နောက်နေ့ မှ သိလိုက်တာက အဲနေ့ က လကြတ်တဲ့
နေ့ ဖြစ်တယ်။ ကံကောင်းသွားတာပေါ့ဗျာ။ သူများတွေကကြည့်ချင်လို့ စောင့်ရတဲ့အခါမှာ ကိုယ်က မသိလိုက်ပဲနဲ့  ကြည့်
ခွင့်ရခဲ့တာပေါ့လေ)



အဲလိုနဲ့  မနက်စောစော အောင်ပန်းမှ မနက်ခဏလေးနားပါတယ်။ ရန်ကုန်မှာနေတာနဲနဲ ကြာသွားလို့ လားတော့မသိပါဘူး
အောင်ပန်းက ဈေးသည်တွေစကားပြောတာ တော်တော်လေး ၀ဲပါလားလို့  သတိထားမိပါတယ်။ (ကျနော်လဲဝဲပါတယ်
မ၀ဲတဲ့သူတွေကြားမှာနေတာကြာတော့ သူများဝဲတာကို သတိထားမိတာထင်ပါရဲ့ ) နောက်ဆုံးမှာ ကားက ရွှေညောင်
လမ်းဆုံရောက်တော့ ညောင်ရွှေကိုသွားဖို့  ကားပေါ်ကနေဆင်းဖို့ ထလိုက်ပါတယ်။ ဆင်းပေါက်နားရောက်တော့ ဆိုင်
ကယ်သမားတွေက ၀ိုင်းအုံပြီးတော့ ဘယ်သွားမယ်ဆိုတာမေးကြတာပေါ့..ဆင်းဖို့ တောင်တော်တော်လေးခက်ခဲပါတယ်။

သူတို့ က မေးရုံမေးတာမဟုတ်ဘူးလေ.. ပစ္စည်းတွေကို ၀ိုင်းကူသယ်ပေး (အတင်းကိုကူသယ်တာဗျ)။ အားနာတဲ့သူဆိုရင်
ဈေးကြီးကြီးတောင်းလဲ လိုက်ဖြစ်မှာပဲပေါ့။ အဲလိုနဲ့ ညောင်ရွှေကို သုံးထောင်နဲ့ ရောက်သွားပါတယ်။ အပေါ်က လမ်းက
တော့ ညောင်ရွှေကိုသွားတဲ့လမ်းဖြစ်ပါတယ်။



ဒီပုံလေးကတော့ ညောင်ရွှေအ၀င်က မြင်တွေ့ ရတဲ့ အင်းလေးကန်ပါ။ ညောင်ရွှေမ၀င်ခင်လေးမှာ လမ်းဘေးမှာ တံတား
ရှိပါတယ်။ အဲဒီရေပေါ်တံတားပေါ်ကနေရိုက်တာပါ။ တံတားပေါ်မှာတော့ သင်္ကန်းတွေလှမ်းထားပြီး၊ ကိုရင်ရော၊ လူတွေ
ရော၊ ၀ိုင်းပြီးတော့ စကားပြောနေကြလေရဲ့ ။ ကျနော့်အတွက်ဆန်းလို့ ပါ။



ဒါကတော့ ရွှေညောင်မ၀င်ခင်ကလေးမှာတွေ့ ရမယ့် ကြိုဆိုတဲ့ဆိုင်းဘုတ်ကြီးပါ။



ဒီပုံကတော့ ဗုဒ္ဒယဉ်ကျေးမှုပြခန်းဖြစ်ပါတယ်။ အရင်တုန်းကတော့ ညောင်ရွှေဟော်ပေါ့ဗျာ။ ခုတော့ အထဲမှာ ဘုရားဆင်း
ထုတော်တွေကို ပြသထားပါတယ်။ ဟော်နဲ့ ပတ်သက်တဲ့ ပစ္စည်းတော့ ဘာမှမတွေ့ ပါဘူး။ ဟင်းလင်းပါပဲ။ တစ်ချို့ အခန်း
တွေတော့ သော့ခတ်ထားပါတယ်။ ဒါပေမယ့်လဲ ဘာမှမရှိပါဘူး။ ဟော်နန်းရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ။



ကိုယ်သွားတဲ့အချိန်က ဈေးပိတ်တဲ့အချိန်နဲ့ ကြုံနေလို့  ဆိုင်းဘုတ်လေးပဲရခဲ့ပါတယ်။



ဒါကတော့ ဈေးကို ကျော်လိုက်တဲ့အချိန်မှာ တွေ့ ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကံကောင်းချင်တော့ ကျနော်ရောက်တဲ့အချိန်
က စာဆိုပြိုင်ပွဲနဲ့  တိုက်တိုက်ဆိုင်ဆိုင်သွားကြုံကြိုက်မိတာပါ။ ညပိုင်းမှာတော့ ဈေးတန်းကြီးတွေနဲ့  စည်စည်ကားကား
ရှိပါတယ်။



ဒါကတော့ ရောက်တုန်းသွားသောက်တဲ့ လက်ဖက်ရည်ဆိုင်က ရေနွေးကြမ်းလေးပါ။ နှမ်းတွေထည့်ထားပြီးတော့ သောက်
တဲ့အခါမှာ မွှေးမွှေးလေးနဲ့  တော်တော်လေးကို နှစ်သက်မိပါတယ်။



နောက်တစ်နေ့ မှာတော့ အင်းလေးထဲကို ခဏတစ်ဖြုတ်သွားလည်မိပါတယ်။ ကျနော်တို့ လူ ၁၀ ယောက်လောက်နဲ့  လှေ
ကိုစင်းလုံးငှားလိုက်ပါတယ်။ အဲနေ့ တုန်းက ၂၅၀၀၀ ပေးရပါတယ်။ (အဲဒါတောင် ဥက္ကဌနဲ့ သွားလို့ ရတာပါ)

အပေါ်ပုံကတော့ အင်းလေးဘေးတစ်လျှောက်တွေ့ ရမယ့် အိမ်ပုံစံလေးတွေဖြစ်ပါတယ်။



ကျနော်အရင်တုန်းက ထင်ထားတာက အင်းလေးကန်ဆိုတော့ ဘယ်သွားသွားကန်ဘောင်ကိုတော့တွေ့ ရမှာပဲပေါ့လေ။
ရောက်သွားတော့မှပဲ အင်းလေးကန်ဟာ အရမ်းကို ကျယ်ပျံ့ ပါလားလို့ သိလိုက်ပါတယ်။ အပေါ်က ဓါတ်ပုံလေးအတိုင်း
ပါပဲ။



ဒါကတော့ အင်းထဲက ဟိုတယ်ဖြစ်ပါတယ်။ တစ်ညကို ၃၀$ လောက်ပေးရပါတယ်။



ဒါကတော့ ဟိုတယ်ကနေရိုက်ထားတာပါ။ ညနေဆည်းဆာချိန်လေးပေါ့ဗျာ။ ဟိုတယ်ကရိုက်တယ်ဆိုပြီး ကြွားတာမဟုတ်
ပါဘူး။ အဲနေ့ တုန်းက ဟိုတယ်မှာ တည်းနေတဲ့ အသိတွေကိုသွားလည်တာပါခင်ဗျာ။



ဒီဓါတ်ပုံလေးကတော့ ကျနော်တော်တော်လေးကိုနှစ်သက်မိပါတယ်။ ဒီပုံလေးမရိုက်ခင်.. မိုးအုံ့ ပြီးတော့ ရွာတာပေါ့ဗျာ။
မိုးလဲသိပ်လို့  သိမ်စပြီးကင်းစင်လာတဲ့အချိန်ခါမှာ ကြုံကြိုက်တာနဲ့  ရိုက်ခဲ့တာပါ။



ဒီပုံလေးကတော့ သိမ်ကင်းစင်ပြီး နေရောင်က အင်းလေးကန်ကို သူ့ ရဲ့ ကိုယ်ပိုင်အဆင်းဖြစ်တဲ့ ရောင်ခြည်တွေနဲ့ ပတ်ဖြန်း
ပေးတဲ့အချိန်လေးပါ။ အဲနေ့ တုန်းက ဒီလိုမျိုးရှုခင်းတွေတွေ့ လိုက်ရတဲ့အတွက်အရမ်းကို ကြည်နူးနှစ်သိမ့်မိပါတယ်။ မျက်လုံး
ကိုတောင်မမှီတဲ့ ... ဓါတ်ပုံထဲမှာ ဒီလောက်လှရင်..ကိုယ်တိုင်.ကိုယ်တွေ့ .. တွေ့ ရင်ဘယ်လောက်ထိလှမယ်ဆိုတာ သူငယ်
ချင်းတို့ ပဲစဉ်းစားကြည့်ပါတော့။



ဒါလေးကတော့ နေ၀င်သွားပြီးတဲ့နောက်တွေ့ ရတဲ့ပုံလေးပါ။ ညနေစောင်းပေါ့။



အဲလိုနဲ့ ပဲ..နောက်ဆုံးတော့ ရွှေညောင်မြို့ ကို ပြန်လာခဲ့ပါတယ်။ ဒီပုံလေးကတော့ လှေရှပ်ပြေးတဲ့အခါမှာ ဖြစ်ပေါ်လာ
တဲ့ လှိုင်းလေးတွေပါ။

အင်းလေးကန်ဟာ..အရမ်းကိုလှပပါတယ်။ ကျနော်ရောက်သွားတဲ့အခါတုန်းက စိတ်ထဲမှာ ကြည်ကြည်နူးနူးကို ခံစားခဲ့ရ
ပါတယ်။ အဲ..အင်တာနက်ကလဲ..ရန်ကုန်ထက်တောင်မြန်သေးတယ်ဗျာ။


ရှမ်းကလေး

Monday, November 14, 2011

ခရီးသွားမှတ်တမ်း၊ ဗီယက်နမ် ( ၁.၂) ဟိုချီမင်း အုတ်ဂူ

စာဖတ်ပရိတ်သတ်တို့ ရေ.. ခုလောလောဆယ်တော့ ဗီယက်နမ်ရောက်နေတော့.. Blog လေးကို ပြန်လည်ပြီးရေး
ခွင့်ရလာတာပေါ့ဗျာ။

ရောက်တုန်းရောက်ခိုက်လေး..လျှောက်လည်ပြီးတော့ စာဖတ်ပရိတ်သတ်တွေနဲ့  ပြန်လည်ပြီးဝေမျှလိုက်ပါတယ်။



အပေါ်ပုံကတော့ ဟိုးအရင်ကတည်းကရှိလာတဲ့ မြို့ ခံတပ်ပါ။ တစ်ခုတည်းရှိတာတော့ မဟုတ်ပါဘူး။ ကျနော်တော့
၂-၃ လောက်တော့ တွေ့ လိုက်ပါတယ်။



ဒီလမ်းကတော့ ဟိုချီမင်း အုန်ဂူရှေ့ ကဖြစ်ပါတယ်။ သူ့ အုတ်ဂူကို ၀င်ကြည့်ဖို့ ကတော့ တစ်ပတ်လောက်ကို ပတ်
လိုက်ရတယ်ဗျ။ တစ်ပတ်ဆိုပြီးအထင်မသေးနဲ့ ဗျ.. မိနစ် ၃၀ လောက်လျှောက်လိုက်ရတယ်။ အင်းလေ.. ကျနော်
တို့ က အရှေ့ ကနေကိုလာတာကိုး.. သူက အနောက်ကနေ၀င်ရတာကိုမှ မသိတာ။



ဒါကတော့ အိတ်တွေစစ်ဆေးတဲ့ နေရာကရလာတာပါ။ ဧည့်ကြိုလို့ ပဲပြောရမလားတော့မသိဘူးပေါ့လေ။ အုတ်ဂူ
နဲ့ ပတ်သက်ပြီးတော့ ရေးထားတဲ့ သတင်းအချက်အလက်တွေပါ။



အပေါ်ပုံကတော့ ဟိုချီမင်း ပြတိုက်ဖြစ်ပါတယ်။ အထဲတော့မ၀င်လိုက်ရပါဘူး။

ဟိုချီမင်းအုတ်ဂူဆိုတာကလဲ... ဟိုချီမင်း ရုပ်ကလ္လပ်ကို မပုပ်မသိုးအောင်ထား၊ ထားတဲ့နေရာပါ။ ရှင်းရှင်းပြောရင်
တော့ အလောင်းကို သွားကြည့်တာပေါ့ဗျာ။ (အတူသွားတဲ့ ဗီယက်နမ်သူငယ်ချင်းတွေကတော့ သူ့ ကို ဦးလေးဟို
လို့ ခေါ်ကြပါတယ်။ သူတို့ ဘယ်လောက်ထိ တန်ဖိုးထား လေးစားပြီး ရင်းနှီးချစ်ခင်တာကို ပြတဲ့သဘောလို့  ယူဆ
ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သိပ်မသိတော့ဘူးပေါ့လေ.. အဲလိုပဲ မြန်မာနိုင်ငံရဲ့ 
ပထမဆုံး သမ္မတလဲ သိတဲ့သူတော်တော်လေးကို ရှားသွားနေပါပြီ)

ဝင်ဖို့ သွားတဲ့အခါမှာ ညီညီညာညာတန်းဆီ၊ ဖုန်းပိတ်၊ နှုတ်ပိတ် ပြီးသွားရပါတယ်။ အထဲဝင်လိုက်တာနဲ့ .....
စစ်သားတွေက နေရာတိုင်းမှာ တန်းစီပြီးတော့ကိုစောင့်ပါတယ်။

အထဲကိုသွားတဲ့ အချိန်မှာ ကင်မရာတွေယူဆောင်ခွင့်မရှိလေတော့ မပြနိုင်ပေဘူး..စာဖတ်ပရိတ်သတ်ရဲ့ ။

အလောင်းတတော့..ဖြူနေပြီး ဆံပင်၊ လက်သည်းတွေနဲ့ ၊ ပကတိ အသက်ရှင်နေသလိုပါပဲ။ အဲဒါနဲ့  သူငယ်ချင်းနဲ့ 
ပြောဖြစ်တာပေါ့...မြန်မာနိုင်ငံက ဘုန်းကြီးရုပ်ကလ္လပ်ဆိုရင်..ညှိပြီးတော့ အသားတွေခန်းခြောက်သွားတယ်။ ဒါပေ
မယ့် ဟိုချီမင်းရဲ့  ရုပ်ကလ္လပ်က ဖြူနေပြီး ဘာမှမဖြစ်သလိုပါပဲလားလို့ ။

ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကရောက်ဖူးတဲ့ သူငယ်ချင်းကတော့.."ဒါအတုပဲ" လို့ မှတ်ချက်ချပါတယ်။ အဲ.. တု
တာမတုတာထက်..သူတို့ တွေ လေးလေးစားစားနဲ့  လာပြီး အလေးပြုတာကိုတွေ့ ရတော့.. သြော်...ကွာပါ့လို့ 
မှတ်ယူလေရဲ့ ။



ဒါကတော့ ဟိုချီမင်းရုပ်အလောင်းကို ထားထားတဲ့ နေရာဖြစ်ပါတယ်။ ကြည့်ပြီးသွားတဲ့အချိန်မှာ ပြန်လည်ထွက်လာ
ရင်တွေ့ ရတဲ့မြင်ကွင်းပါ။



ဒါကတော့ ဟိုချီမင်းနေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။



ဒါကတော့ သူ့ ရဲ့ အခန်းပါ။ အားလုံးလိုလိုက သစ်လွင်အောင်ပြန်ပြီး ဘောလစ်သုတ်ထားပါတယ်။



ဒါကတော့ ဗုံးခိုတဲ့ကျင်းပါ။ သေချာကြည့်မယ်ဆိုရင် (တည့်တည့်) လျှို့ ဝှက်တံခါးကိုတွေ့ ပါလိမ့်မယ်။ ဗုံးလာ
ကြဲတဲ့အချိန်မှာ ဟိုချီမင်းက အဲထဲမှာနေပြီး ပုန်းပါတယ်။ ပြီးတော့ အဲထဲမှာပဲ သူဟာ နှလုံးရောဂါနဲ့  သေဆုံး
သွားတာပါ။



အပေါ်ပုံကတော့ ဟိုချီမင်းအုတ်ဂူနဲ့ အိမ်ကို ကြည့်ပြီးတဲ့အချိန်မှာတွေ့ ရမယ့်အရာဖြစ်ပါတယ်။ လူတွေ ၀ိုင်းအုံကြည့်
နေတာကတော့ တိုင်တစ်လုံး (တိုင်တစ်တည်းပဲရှိ) ဘုရားကျောင်း (ဘုရားပဲရှိပြီး ဘုန်းကြီးမရှိဘူးလေ) ပါ။



ဒါကတော့ အဲဒီဘုရားကျောင်းမှာ ကိုးကွယ်ဖို့ ထားထားတဲ့ နတ်ဘုရားပါ။



အပေါ်ပုံကတော့ ဟိုချီမင်းအုတ်ဂူကို အရှေ့ မျက်နှာစာကနေပြီးတော့ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ သူငယ်ချင်း
တို့ ရေ..စာမရေးတာကြာလို့  အဆီငေါ်တော့ သိပ်မတည့်ပေဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေနော်...ရောက်ခဲ့ရင်တော့ ၀င်ကြည့်လိုက်ပါအုန်း။ စစ်တာမစစ်တာအပထားပေါ့လေ။ သူ
တို့ တွေ ဘယ်လောက်တန်ဖိုးထား၊ လေးစားတာကို ကိုယ်တွေ့ ၊ မြင်တွေ့ ရမှာပါ။


ရှမ်းကလေး

ခရီးသွားမှတ်တမ်း။ ။ဗီယက်နမ်၏ (၁.၁) ပထမဆုံး တက္ကသိုလ်

ဗီယက်နမ်ကိုရောက်ရင်တော့ ဒီနေရာကို လူတိုင်းသွားလည်ကြပါတယ်။ အဲဒါမှပဲ သူတို့ ရဲ့  မြို့ တော်ကို ရောက်တယ်
ပေါ့လေ။ ဒီနေရာကတော့ ဗီယက်နမ်ရဲ့  ပထမဆုံးတက္ကသိုလ်ဖြစ်ပါတယ်။ ၀င်ကြေးကတော့ ၁၀.၀၀၀ ပေးရပါတယ်။



အပေါ်ကပုံကတော့ တက္ကသိုလ်ကိုဝင်တဲ့ ၀င်ပေါက်ဖြစ်ပါတယ်။








ဒီနှစ်ပုံကတော့ တက္ကသိုလ်ရဲ့ သမိုင်းတွေကို ဖေါ်ပြထားတဲ့ကဗျည်းတွေဖြစ်ပါတယ်။ ဒီနေရာကို သူတို့ အနေနဲ့ 
မပျက်မဆီးအောင်ထားထားတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ လူမျိုးတွေအနေနဲ့  ဘယ်လောက်ထိပညာလိုချင်တယ်
ဆိုတာကို ပြသတဲ့သဘောပါတဲ့ဗျာ။ ဒီတက္ကသိုလ်က ၁၉၇၄ မှာစတင်တည်ထောင်ထားတာဖြစ်ပါတယ်။ ဟနွဲကိုရောက်
ရင်တော့ ဒီနေရာလေးကို သွားလေ့လာကြည့်ပါလို့ တိုက်သွန်းလိုပါတယ်။



ဒီပုံကတော့ ကျနော်တို့ ကို ကြိုဆိုတဲ့ပုံတော့မဟုတ်ပါဘူး။ အဲနေ့ တုန်းက ပိတ်ရက်ဖြစ်လို့ ထင်ပါတယ် လူတော်တော်
များများသွားလာပြီး ဓါတ်ပုံရိုက်တာကို တွေ့ ရပါတယ်။ သူငယ်ချင်းတွေပြောပြတာကတော့ ဘွဲ့ ရတဲ့လူငယ်တွေလာ
ပြီး အမှတ်တရ ဓါတ်ပုံရိုက်တာပါတဲ့။



ဒါကတော့ အပေါ်က တံခါးကိုကျော်လိုက်တာနဲ့  တွေ့ ရမယ့်မြင်ကွင်းဖြစ်ပါတယ်။



အပေါ်က၀င်ပေါက်ကိုလွန်ရင်တော့ ဒီရေကန်ကိုတွေ့ ရမှာဖြစ်ပြီးတော့ ကန်ရဲ့ ဘေးပတ်လည်ကတော့ ကဗျည်းတွေ
ပြသထားပါတယ်။



ဒါကတော့ အဓိက အဆောက်အအုံဖြစ်ပါတယ်။



အထဲကိုဝင်လိုက်ရင်တော့ နတ်ရုပ်ထုတွေကိုတွေ့ ရမှာပါ။ ဒါကတော့ သူတို့ ရဲ့  ဆုတောင်းတွေကိုရေးနေကြတာပါ။
တက္ကသိုလ်ဆိုပေမယ့်လဲ ခုတော့ စာသင်တာတွေမရှိတော့ပါဘူး။ ပြတိုက်ပုံစံလိုလို၊ ဆုတောင်းတဲ့ နေရာလိုမျိုးဖြစ်သွား
ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ..ရှေးဟောင်းအမွေအနှစ်ကိုထိန်းသိမ်းနိုင်တာကိုပဲ ချီးကျူးရမှာပေါ့ဗျာ။ သူငယ်ချင်းတို့ 
လဲ အလည်ရောက်ခဲ့ရင်တော့ ၀င်လေ့လာလိုက်ပါအုန်းနော်။


ရှမ်းကလေး