တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။
တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။
မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟုမိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”
source: http://hsarlawla.wordpress.com
Thursday, October 29, 2009
ကူညီပေးပါလား.....
ပန်းခြံထဲမှာ ခုံတန်းလေးပေါ်မှာ ချစ်သူ စုံတွဲ တီတီတာတာ တွက်ထိုးနေသတဲ့။ အဲဒီ စုံတွဲနဲ့ ဘေးကပ်ရပ် ခုံတန်းမှာ အဖိုးကြီးတစ်ယောက်
စာဖတ်နေရင်း ချစ်သူစုံတွဲ တွက်ထိုးသမျှကိုကြားရတယ်ပေါ့။
ကောင်မလေးကပြောတယ်၊ မောင်ရယ်တဲ့ ချစ်ချစ် ခေါင်းမှုသလိုလိုပဲတဲ့။ ဒါနဲ့ ကောင်လေးက နဖူးလေကို ကြင်ကြင်နာ နမ်းရှိုက်ပေးပြီး ခေါင်းမှုးတာသက်သာလားတဲ့ ကောင်မလေကိုမေးတယ်။ သက်သာသွားတယ် မောင်မောင်ရယ်တဲ့။
ကောင်မလေးက ဆက်ပြောတယ်၊ မောင်ရယ်..ချစ်ချစ် ဇက်ကြောတွေတက်လာပြန်ပြီတဲ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးရဲ လည်တိုင်ကို မွေးမွေးပေးလိုက်ပြီး သက်သာသွားသလားမေရယ်တဲ့။ အခုမှကောင်းသွားတယ်မောင်ရယ်တဲ့။
ခဏကြာတော့ ကောင်မလေးက ပြောပြန်ရော.. မောင်ရယ်..မေ့ လက်မောင်းတွေ တဆစ်ဆစ်နာကျင်တယ်တဲ့.. ကောင်လေးက ဒါဆို မေရယ် မောင် မေ့ရဲ့ လက်မောင်လေးကို နမ်းပေးမယ်တဲ့….
ချစ်သူစုံတွဲ တွက်ထိုးသမျှကို ကြားရတဲ့ အဖိုးကြီးက ကြာတော့ နားကြားပျင်းကပ်ကပ်ရှိတာနဲ့ ထပြီး ပြောသတဲ့.. ဟေ့ဟေ့ ငါတူ ငါ့လည်းကူညီပေးပါဦး.. ဦးဦးဖင်မှာ လိပ်ခေါင်းပေါက်နေလို့ တဲ့……………

Wednesday, October 28, 2009
သည်းမခံနိုင်သူ
တစ်ခါကတရားရုံးကိုအမှု တစ်ခုရောက်လာသတဲ့ ။အမှုကတော့စပါယ်ယာကခရီးသည် အမျိုးသမီးကြီးတစ်ယောက်ကို ကားပေါ်မှကန်ချတဲ့ အမှုဖြစ်တယ်။
တရားသူကြီးကတရားခံဖြစ်သူကိုမေးလိုက်တယ်။
" မောင်မင်း တရားလိုကပြောနေတယ် မင်းကကားမောင်းနေတုန်းသူ့ ကိုတွန်းချတယ်ဆို ဟုတ်သလား?"
"ဟုတ်ပါတယ်"
" ဘာလို့  တွန်းချတာလဲ?"
" ကျွန်တော့်ဖြစ်ပုံကိုအစအဆုံးရှင်းပြပါရစေ။ ဒီအမျိုးသမီးကြီးဟာ လက်ပွေ့ အိတ်ကြီးတစ်လုံးကိုင်ပြီးတော့
ကားပေါ်တက်လာပါတယ်။ ကျွန်တော်ကားလက်မှတ်ဖြတ်ဖို့ သူ့ နားသွားတော့လက်ပွေ့ အိတ်ကြီးကိုဖွင့်လိုက်ပါတယ်။
အထဲကလက်ကိုင်အိတ်ကိုထုတ်လိုက်ပါတယ်။လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ အထဲက ကတ္တီပါအိတ်ကိုထုတ်ပါတယ်။ပြီးတော့လက်ကိုင်အိတ်ကပိတ်ပါတယ်။
လက်ပွေ့ အိတ်ကိုဖွင့်ပါတယ်။ လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့ အိတ်ကပိတ်ပါတယ်။ ကတ္တီပါအိတ်ကိုဖွင့်လိုက်ပါတယ်။
အဲဒီလိုလုပ်နေတုန်းအရှေ့ခုံကခရီးသည်ကကားခပေးလို့ သွားယူရပါတယ်။ ကျွန်တော်သွားနေတုန်းမှာ သူကကတ္တီပါအိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။
လက်ကိုင်အိတ်ကိုထုတ်ပါတယ်။လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ ကတ္တီပါအိတ်ကိုထည့်ပါတယ်။ လက်ကိုင်အိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။ လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့  အိတ်ကြီးကို ပိတ်လိုက်ပါတယ်။
အဲဒီအချိန်မှာကျွန်တော်သူ့နားကိုပြန်ရောက်လာပါတယ်။ ကျွန်တော်ကထုတ်ပြီးပြီထင်လို့ တောင်းတော့သူက မင်းမယူသေး
ဘူးမှတ်လို့ ပြန်ထည့်လိုက်တယ်ခဏစောင့်ဆိုပြိးတော့
လက်ပွေ့ အိတ်ကြီးကိုဖွင့်လိုက်ပါတယ် အထဲကလက်ကိုင်အိတ်ကိုထုတ်လိုက်ပါတယ်။ လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။
လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ အထဲကကတ္တီပါအိတ်ကိုထုတ်ပါတယ်။ ပြီးတော့လက်ကိုင်အိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကို ဖွင့်ပါတယ်။လက်ကိုင်အိတ်ကိုထည့်ပါတယ်။
လက်ပွေ့ အိတ်ကပိတ်ပါတယ်။ ကတ္တီပါအိတ်ကိုဖွင့်လိုက်ပါတယ် အဲဒီအချိန်မှာပဲ နောက်ထပ်ခရီးသည်တစ်ယောက်တက်လာပြီး ပိုက်ဆံလှမ်းပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာသူကစောစောကလိုပဲကတ္တီပါအိတ်ကိုပိတ်ပါတယ်။
လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ် ။လက်ကိုင်အိတ်ကိုထုတ်ပါတယ်။ လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ် ကိုဖွင့်ပါတယ်။ ကတ္တီပါအိတ်ကိုထည့်ပါတယ် လက်ကိုင်အိတ်ကိုပိတ်ပါတယ်။ လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။
လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုပိတ်လိုက်ပါတယ်။ ကျွန်တော်ပြန်ရောက်လာတော့မင်းမယူသေးဘူး
မှတ်လို့ ဆိုပြီးတော့လက်ပွေ့ အိတ်ကြိးကိုဖွင့်ပါတယ်"
"တော် တော် တော်လောက်ပြီ"
တရားသူကြီးကလက်ကာတားလိုက်ပြီး
"အဲဒီလိုဘယ်နှစ်ခါလုပ်သလဲ"
"လေးခါလုပ်ပါတယ်"
"မင်းမို့ လေးခါထိသည်းခံနေတာ ငါသာဆိုနှစ်ခါလောက်ကတည်းကကန်ချတယ်"
ဟုပြောလိုက်လေသတည်း။

Monday, October 19, 2009
သီတင်းကျွတ်ပွဲတော်
အောက်ကပုံလေးတွေက သီတင်းကျွတ်ရင် ကျနော်တို့ လုပ်တဲ့ ပုံလေးတွေပါ။

သီတင်းကျွတ်ပြီး ဘုန်းကျောင်းတက်တဲ့နေ့ ဆိုရင် စောစောလေးထရပါတယ်။ မျက်နှာလေးသစ်၊ အ၀တ်ကောင်း (သန့် ရှင်းတဲ့အတ၀တ်) ကိုဝတ်ပြီး ဘုန်းကြီးကျောင်းကို 6 နာရီမတိုင်မှီက သွားတယ်လေ။ ရောက်တဲ့အချိန်မှာ အပေါ်ကအတိုင်း စေတီမှာ ဖုရောင်းတိုင်ထွန်း၊ ဆွမ်းတွေကပ်ပြီး ဆုတောင်းပါတယ်။

စေတီကိုမှာ ပူဇော်ပြီးရင်တော့ နတ်စင်မှာ ကိုသွားပါတယ်။ (အိမ်စောင့်နတ်တို့ ၊ ရွာစောင့်နတ်တို့ ကို ကျနော်တို့ က ယုံတယ်လေ။ တစ်ခြား မှာတော့မသိဘူးပေါ့။ ) ပြီေးတာ့ ပူဇော်ဆုတောင်းတယ်လေ။

အဲဒါတွေလုပ်ပြီးတဲ့ နောက်မှာ ဘုန်းကြီးကျောင်းမှာ သီလ လာယူတဲ့ သက်ကြီးရွယ်အိုတွေကို ကျနော်တို့ ကလိုက် ကန်တော့ပါတယ်။ အပြစ်တွေရှိရင် ခွင့်လွတ်ဖို့ နဲ့  ကို့ ပေါ်သွန်သင် ဆုံးမဖူးတဲ့ ကျေးဇူးတွေအတွက် ကန်တော့တာပါ။

ညရောက်တော့၊ ပုံလေးမှာတွေ့ ရတဲ့အတိုင်း ထင်းရှူးပင်ကိုမီးထွန်းညှိပါတယ်။ (ထင်းရှူး နဲ့  ထင်းတွေကို ပေါင်းပြီးအပင်လို ပုံစံလုပ်ထားတာပါ။ ကျနော်တို့ ရွာမှာဆိုရင် နှစ်ပင်လောက်လုပ်တယ်လေ။) မီးထွန်းညှိလိုက်တယ်ဆိုရင်ပဲ တော်တော်လေးကို လင်းထိန်သွားတယ်ဗျ။ ပြီးတော့ ကျနော်တို့  အိုးစည် တွေကို တီးကြပါတယ်။ တော်တော်လေးကို စည်ကားတယ်လေ။ ရွာတိုင်း ရွာတိုင်းလဲလုပ်ပါတယ်။ ပြောမယ်ဆိုရင် ဗုဒ္ဒကင်းကင်ကနေ ဆင်းသက်လာတာကို ကြိုဆိုတာလေ။

အဲလိုလုပ်ပြီးချိန်မှာ ကျနော်တို့ က ကားတွေနဲ့  တခြားရွာက စေတီတွေမှာ မီးလိုက်ထွန်းပါတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာက ဖုရောင်းတိုင် တစ်ထောင် (1000) ထွန်းခြင်းလို့ ခေါ်ပါတယ်။ အဲဒီနေ့ ဆိုရင် မြို့ တွင်း၊ မြို့ ပြင် ထိန်ထိန်ညီးနေအောင် ကို စည်ကားပါတယ်။
ဖရောင်းတိုင်ထွန်းပြီးပြန်လာရင်တော့ မီးပုန်းပျံလေးတွေလွတ်လေ။ အဲဒီနေ့ ဆိုရင် ကလေး၊ လူကြီး၊ အပျို၊ အအို မရွေး ဘုန်းကြီးကျောင်း မှာ ရောက်နေကြတာဗျ။
ရှမ်းကလေး

Thursday, October 15, 2009
ရှမ်းအစားအစာလေးများ....
ဟိုနေ့ တုန်းက အခန်းအနားတစ်ခုအတွက် အစ်ကို ကို သွားကူညီရင်းနဲ့  ရိုက်လာတာလေးတွေပါ။ ပုံတွေ တင်ရင်းနဲ့  စာလေးပါလေး ရေးမယ်လုပ်နေတုန်း အင်တာနက် က မကောင်းတာ နဲ့  မရှင်းပြလိုက်ရတာကို တောင်းပန်ပါတယ်ဗျာ။

ဒါက မုန်ညင်းခြောက်ဖြစ်ဖို့ များပါတယ်။ ဒါကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းချိုမုန့် ထည့်ပြီး ရေနွေးလောင်းထည့် လိုက်ရင် စားလို့ ရပြီလေ။ အရဿာက ခပ်ချဉ်ချဉ်လေးပါ။

ဒါလေးက ထိုဖူး သုတ်လို့ ခေါ်ပါတယ်။ ၀ါဝါလေးက ထိုဖူးလေ။ အပေါ်က ဖြူးထားတာကတော့ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်း နဲ့  ပဲပုတ် ဖျော်ရည်လောင်းထားတာပါ။ အရဿက တော့ ခပ်စပ်စပ်လေးပါ။

ဒီဟာလေးက ရှမ်းပြည်နယ်က ဈေးတန်းလေးပါ။ အစုံရောင်းတယ်လေ။ (စားစရာနော်)

ဒါလေးက ခရမ်းချဉ်သီးထောင်းပါ။ ခရမ်းချည်သီး၊ ကြက်သွန်ဖြူ ကို ပထမဆုံးပြုတ်ရပါတယ်။ ပြီးရင်တော့ ငရုတ်သီး အစိမ်းကို လျှော် (ကြော်)ပါ။ အားလုံးကို စုပြီးထောင်းပါ။ ပြီးတော့ အပေါ့အငံအတွက် ဆား၊ဟင်းချိုမုန့် လေး ထည့်ရုံပါ။

ဒါက အခေါက် (ကျွဲ၊ နွား၊ ၀က်) တွေကို ပြုတ်ပြီး ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  နဲ့ ထောင်းပြီး အချပ်လိုက်လုပ်တယ်လေ။ ပြီးတဲ့ အချိန်လေးမှာ အခြောက်လှမ်းလိုက်တာပေါ့။

ဒါက ထိုဖူးကို ကြော်ထားတဲ့ ပုံလေးပါ။ ကြွပ်ကြွပ်လေးနဲ့  စားလို့  အရမ်းကောင်းတယ်ဗျ။

ဒါက ပဲပုတ်စေ့လေ။ ကျနော်တော့ မကြိုက်ဘူး။ (ဒါကြောင့် အရဿာ မသိတာလေ)

ဒါကလဲ ပဲပုတ်အချပ်ပါ။ ပဲပုတ်ကို ပြုတ်ပြီးထောင်းတယ်လေ။ ပြီးတော့ ဂျင်း၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  ထည့်ပြီးရော နှယ်တယ်။ အဲဒါပြီးတော့ ဒီလို မျိုးအချပ်လိုက်လုပ်တယ်လေ။ ဒါကို ကြော်စားရပါတယ်။ နည်းနည်းခါးတယ် ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။

ရှမ်းပြည်နယ်က ဈေးတန်းလေးပါပဲ။ ပဲပုတ်ချပ်တွေရောင်းနေတာလေ။ ပဲပုတ်က အပေါ်ကလို အတုန်းကြီးရှိသလို (ရှမ်းလူ မျိုးများ သိပ်မစားပါ)၊ ဒီလိုမျိုး အချပ် ပါးပါးလေး (ရှမ်းလူမျိုးတွေ အိမ်မှာ တော်တော်လေးကို သုံးပါတယ်။ မရှိမဖြစ်ကို ဖြစ်တာပါ။) တွေလဲ ရှိပါတယ်။

ဒါက ပဲပုတ်စေ့လေ။ ဒါကို ချက်စားလို့ ရ တလို ပဲပုတ်လုပ်တာကလဲ ဒီဟာနဲ့ ပါပဲဗျာ။

ဒါက ရှမ်းထမင်းချဉ်ပါ။ ခရမ်းချဉ်သီးကို ချက်၊ ပြီးတော့ အာလူးကို ပြုတ်၊ ထောင်းထားတဲ့ ငရုတ်သီးခြောက်ကို လျှော်။ ပြီးတော့ အဲဒီဟာ အားလုံးကို ထမင်းနဲ့ ရောနယ်၊ ဆား၊ ဟင်းချိုမုန့် လေးထည့်လိုက်ရင်ပဲ ရှမ်းထမင်းချဉ်လေးရတာပေါ့။ ဆီချက်လေးလဲ အပေါ်က ဖြူးဖို့  မမေ့လိုက်ပါနဲ့ ။ နံဘေးက အရွက်တွေကတော့ နံနံပင်၊ ကြက်သွန်မိတ် နဲ့  ကျူးမြစ်ဖြစ်ပါတယ်။ (ကျူးမြစ်က အဖြူရောင်ရှိတယ် ဒါပေမယ့် ထိပ်ပိုင်းကြတော့ ရွက်သွန်မိတ်လို အစိမ်းရောင်ရှိပါတယ်။ (ကျနော် တွေ့ ဖူးတဲ့သူ တော်တော်များများ မသိကြပါဘူး။ ))

ဒါလေးကတော့ မပြောလဲ သိမှာပဲနော်။ ငှက်ပြောမုန့် လေးပါ။ (လုပ်နည်းတော့ မသိဘူး)

ဒါက ငှက်ပြောမုန့် လိုပါပဲ။ ထည့်တဲ့ ပစ္စည်းတွေနည်းနည်းလေးကွာသွားတာပါ။ အခုထည့်ထားတာက မြေပဲလေ။

ဒါလဲ အတူတူပါပဲ။

ဒါက ပဲပြားကြော်လေ။

ရှမ်းပြည်ကဈေးတန်းလေးပေါ့။ ဖက်နဲ့ ထုတ်ထားတဲ့ စားစရာလေးကတော့ ထမင်း၊ ၀က်သွေး၊ ၀က်သား ရောပြီး ပေါင်းထားတာပါ။ စားလို့ တော့ တော်တော်လေးကောင်းတယ်။

ဒါကလဲ ဒုတိယ ပုံလိုပါပဲ၊ ထိုဖူးသုပ်လေးပါ။

ဒါလေးက ပဲပုတ်ထောင်းပါ။ ပဲပုတ်ကို ပြုတ်ပြီးတော့ ဆား၊ ဟင်းချိုမုန့် ၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ တွေရောပြီးထောင်းထားတာလေ။
အရဿာကတော့ နည်းနည်းတော့ စပ်တယ် ဒါပေမယ့်တော်တော်လေးကောင်းတယ်။ ဒီဟာကို ကောက်ညှင်းပူပူ လေးနဲ့  စားရင်တော့ ဆွေမျိုးမေ့ လုနီးနီးပါပဲ။

ဒါက ထိုဖူးနှောင်းလို့ ခေါ်တယ်။ လုပ်နည်းတော့ မသိဘူး။ ဒီဖြူဖြူလေးကို သကြား (၀ါ) ကြံသကာ ရည်လေးနဲ့ စားရပါတယ်။ မုန့်  တစ်မျိုးပါပဲ။
ရှမ်းကလေး (ဆက်လက်ဖော်ပြပါမယ်)

Wednesday, October 14, 2009
ပါးစပ်အနံ့  ပျောက်နည်း
လူတိုင်းမှာတော့ ပါးစပ်နံ့ လေးတွေ ရှိကြမယ်။ ဒါကြောင့် အပျို ဘ၀လေးမှာ စားပြီးတိုင်း သွားတိုက်ရတာလဲ အမောလေ။ တချို့  ဆိုရင် တစ်နေ့ ကို 6 ခေါက်လောက်တောင် တိုက်တယ်။
ဒါပေမယ့် ဘယ်လို တိုက်တိုက် အနံ့ က ပျောက်မသွားတာလေးကို ခံစားရပြီး ကသိကအောက် ဖြစ်မိတဲ့ အချိန်လဲ ရှိမယ်လို့  ထင်တယ်။ အထူးသဖြင့် ရည်းစားလေးနဲ့  နမ်းမယ်လုပ်တုန်း xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တာတွေလဲ ရှိမှာပေါ့ နော်။ ( ကိုယ့် ကိုကိုယ် စဉ်းစားကြည့်ပေါ့နော် (မြန်မာပြည်ကလာတယ်ဆိုတော့ censor ဖြတ်တတ်တဲ့ အကျင့်က စွဲနေတယ်လေ))။
ဒါပေမယ့် အခုတော့ ပူစရာမလိုတော့ဘူးပေါ့ဗျာ။
လုပ်တဲ့ နည်းလမ်းကတော့ လွယ်လွယ်လေးပါ။ ကိုယ့် ပါးစပ်အနံ့ ပျောက် ချင်ရင်တော့ ကန်စွန်းရွက် (ရိုးတန်အနီ) ကို မန်ကျဉ်းသီးနဲ့  အချဉ် ဟင်းရည်ချက်ပြီးသောက်ပါ။ တဖြည်းဖြည်းနဲ့  ပျောက်သွားပါလိမ့်မယ်။ (ပျောက်ချင်လွန်းလို့  အရမ်းမလုပ်နဲ့ နော်၊ ချီးပန်းရင် တော့ တာဝန် မယူဘူးဗျို့ )
ဒါမှ မဟုတ်ရင် အစာစားပြီးတိုင်း မန်ကျဉ်းသီး အချဉ် (၀ါ) အချိုကို စားပေးရင်လဲ အနံ့ ပျောက်စေနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ဗျာ။
ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

အစားအစာ စားနည်းလေး
အခုခေတ်မှာဗျာ အသက်ရှင်ဖို့  စားရတယ်ဆိုတာထက် စားဖို့ အသက်ရှင်နေရတဲ့ ခေတ်ရောက်နေတယ်။ ဘာလို့ လဲဆိုတော့ လူက မနက်အစောကြီးထ ပြီးတော့ ၀င်ငွေရဖို့ အရေး အလုပ်တွေကြိုးစားပြီးလုပ်ရတယ်လေ။ ရလာတဲ့ ၀င်ငွေကိုလဲ လောက်င အောင် သုံးနေရတယ်လေ။ ၀င်ငွေမရှိရင် အိမ်က ဆူဆူပူပူ လုပ်တာတို့ ကလဲ မမြင်ချင်အဆုံးပေါ့ဗျာ။ ခုခေတ်က လူတွေက စားစရာရှိရင် တိတ်တိတ်လေးနေပြီး စားစရာမရှိရင် ဆူညံ၊ ဆူညံ လုပ်နေကြလို့  စားဖို့ အသက်ရှင်တဲ့ ခေတ်လို့  ကျနော်တော့ ကောက်ချက် ချတယ်လေ။
ကဲ... အစားအစာ စားတဲ့အခါမှာ ပထမဆုံးအနေနဲ့  ကျေညှက်အောင် ၀ါးစားရပါမယ်။ အဲဒါမှ ကိုယ့်ဝမ်းဗိုက်က သိပ်ပြီး အလုပ်လုပ် ရမှာလေ။ ကိုယ့်အတွက်ကောင်းတာပေါ့။
ဒုတိယ အချက်က ထမင်းစားတဲ့အချိန်နဲ့  အိပ်ချိန်က 3 နာရီ ကွာရမယ်နော်။ မဟုတ်ရင် လူကို ၀စေတယ်ဗျ။ (မယုံမရှိပါနဲ့  ကျနော်လဲ စားပြီးရင် အိပ်တတ်တဲ့ အကျင့်လေးရှိနေတာ အခုဆိုရင် ဆင်ပေါက်စလေးတောင်ဖြစ်နေပြီလေ။ အရင်တုန်းကတော့ model လိုလို၊ ၀ါးခြမ်းပြား အ၀တ်စီးထားသလိုလို ပေါ့ နော်။)
တစ်ခါ တလေတော့လဲ ငယ်ငယ်ကသင်ထားတဲ့ သင်ခန်းစာလေးကို ပြန်မှတ်မိပါတယ်။ ဘာတဲ့........
“အစားအစာ ၀ါးစားပါတဲ့ဗျား”

လက်နုနယ်အောင်လုပ်တဲ့နည်း...
လူတွေက အသက်ကြီးလေ ပိုပြီးလှချင်လေတဲ့ဗျ (ကျနော့်အမြင်လေ)၊ ဥပမာအားဖြင့် တစ်ချို့ အပျို ကြီးတွေက ပြောရင်တော့ ပါရမီပါမှ လုပ်နိုင်တာ...(သူတို့ က ကိုယ့်ထက် ပါရမီပိုရှိ သလိုလိုနဲ့ ပေါ့နော်) ဆိုလိုက်ပါသေးတယ်။ ဒါပေမယ့် ကျနော်နဲ့  သူငယ်ချင်းတွေကတော့ ယူမယ့်သူ မရှိလို့  အပျိုကြီးဖြစ်တယ်လို့  ခံယူထားတာလေ (ယောင်္ကျား၊ မိန်းမ မရွေးပေါ့လေ)။
လိုရင်းကို သွားမယ်ဆိုရင်၊ မျက်နှာကို နုနယ်အောင်လုပ်ဖို့ ကြတော့ မိတ်ကပ်တို့ ၊ ပေါင်တာတို့ ၊ အမျိုးမျိုး ရှိနေတယ်လေ။ ယောင်္ကျား လေးတွေကလဲ မျက်နှာကို ကြည့် ပြီးရင် လက်ကို ကြည့်ကြတယ်လေ။ လက်က တွန့် နေရင်တော့ မျက်နှာ ဘယ်လောက်နုနု အဘွားကြီး ပဲ ဖြစ်မယ်ဆို ပြီးကောက်ချက်ချတတ်ပြန်တယ်ဗျ။
အဲ ဒီနေ့ တော့ ကြံကြံဖန်ဖန် ကျနော်လဲ စာအုပ်တစ်အောက်ကို ကောက်ဖတ်တုန်းရတာလေးကို ပြန်ဝေမျှလိုက်ပါတယ်။
နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံးအနေနဲ့  လက်ကို ဆပ်ပြာနဲ့  စင်ကြယ်အောင်ဆေးပါလေ။ ပြီးသွားတဲ့ အခါ မှာ လက်ကို သကြား (စားတဲ့ သကြားပေါ့) နဲ့  ပွတ်တိုက်ပေးပါ။ တစ်နေ့ ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ခြင်းအားဖြင့် လက်ရဲ့  နုနယ် မှုကို ခံစား လာရပါလိမ့်မယ်။
သီတင်းကျွတ်ပြီဆိုတော့ အပျို၊ လူပျို လေးတွေလဲ ညားနိုင်ကြပါစေဗျာ။
ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်။ )

Sunday, October 11, 2009
Subscribe to:
Posts (Atom)