Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label Foods. Show all posts
Showing posts with label Foods. Show all posts

Monday, December 6, 2010

စမူဆာ..နဲ့ ..ကော်ပြန့် ကြော်လုပ်နည်း

ခုနက ဈေးသွားတုန်း..ကော်ပြန့် ကြော်ရောင်းနေတာကိုတွေ့ လိုက်ပါတယ်။ အဲဒါနဲ့ ...“သြော်..ငါလဲလုပ်တတ်သားပဲ
ဟာ” ဆိုပြီး...လုပ်နည်းလေးတွေမမေ့ခင်မှာပြန်ဝေမျှလိုက်ပါတယ်။

စမူဆာ

လိုပ်အပ်တဲ့ပစ္စည်း။ ။ ၁) အာလူး
၂) ကြည်သွန်နီ

ဒါပါပဲလိုအပ်တဲ့ပစ္စည်းတွေက။

ပထမကတော့ အာလူးကိုကျက်အောင်ပြုတ်ရပါတယ်။ ပြီးရင်အခွံနွှာပြီး သင့်တော်သလို အတုံးသေးသေးလေးတွေ
လုပ်ရပါတယ်။ ကြက်သွန်နီကတော့ ပြုတ်စရာမလိုပါဘူး။ အခွံနွှာပြီးတော့ အတုံးသေးသေးလေးတွေလုပ်ယုံပါပဲ။
ကိုယ်တိုင်လုပ်စားမှာပဲ..အားရပါးရရှိအောင် အတုံးကြီးကြီးလုပ်ရင်လဲလုပ်လို့ ရပါတယ်။ ဒါပေမယ့် ထုပ်တဲ့အခါမှာ
ခက်တာပေါ့နော်။

ရောင်းမယ်ဆိုရင်တော့ အရင်းနဲ့  အမြတ်ကိုလဲကြည့်ရသေးတာကိုး စာဖတ်သူတို့ ရဲ့ ။

အတုံးလေးတွေလုပ်ပြီးရင်တော့ အာလူးနဲ့  ကြက်သွန်နီကိုရောနှယ်ရပါမယ်။ အပေါ့၊ အငန်တွေကိုတော့ နှယ်တဲ့
အချိန်မှာကြိုက်သလိုထည့်နိုင်ပါတယ်။ ကျနော်တို့ လုပ်တုန်းကတော့ ခရုဆီတွေပါထည့်ပါတယ်။ လုပ်ပြီးရင်တော့
အောက်ကပုံအတိုင်းရပါလိမ့်မယ်။



ရလာတဲ့အရာတွေကို ဒီလိုလေးထုပ်လိုက်ယုံပေါ့ဗျာ။



ထုပ်တာကတော့ ဂျူံနဲ့ ပေါ့ဗျာ။ ဒီမှာတော့..ကော်ပြန့် ကြော်ထုပ်တဲ့ဟာဆိုရင်..သူတို့ သိနေတော့ ထုပ်တဲ့ဟာ..ရှာ
ရတာမခက်ပါဘူး။





ကော်ပြန့် ကြော်

လိုအပ်တဲ့ပစ္စည်းများ။ ။ ၁) မုန်လာဥဖြူ
၂) မုန်လာဥနီ
၃) စိမ်းစားဥ

အပေါ်ကပစ္စည်းတွေအားလုံးကို သေးသေးလေးဖြစ်အောင်လှီးပါ။ ပြီးတော့ အားလုံးကိုရောမွှေလိုက်ပါ။ အပေါ့အငံ
ကြိုက်သလိုထည့်ပါ။ အောက်ကပုံအတိုင်းရပါလိမ့်မယ်။ စိမ်းစားဥမရှိရင်လဲ ထည့်စရာမလိုပါဘူး။




ရပြီးသွားရင်တော့ ...ကြော်ရပါတယ်။ မကျက်သကျက်ပေါ့။ ကျက်ရင်လဲရပါတယ်။ ပြီးရင်တော့ အအေးခံပါ။
အအေးမခံရင်..ထုပ်တဲ့အခါမှာ ပူတာပေါ့ဗျာ။ တခြားအကြောင်းမရှိပါဘူး။ (အောက်ပုံ)



ပြီးရင်တော့ ဒီလိုထည့်ပြီးလှိမ့်လိုက်ယုံပါပဲ။ (အောက်ပုံ)



လှိမ်ပြီးရင်တော့ အောက်ကအတိုင်း ရပါလိမ့်မယ်။



ရလာတဲ့အထုပ်လေးတွေကို ကြော်လိုက်ရင်..အသင့်စားသုံးနိုင်တဲ့ စမူဆာနဲ့  ကော်ပြန့် ကြော်ကိုရပါလိမ့်မယ်။

သြော်အပေါ်က ပန်းကန်သေးသေးထဲက ဖြူဖြူအရောင်နဲ့ က ဂျူံရေပါ။ စမူဆာ ထုပ်တဲ့ခါမှာ မကပ်မှာစိုးလို့ ပါ။
ဒါကြောင့်..ဂျူံကိုရေဖျောပြီး..ကပ်ပေးလိုက်တာပါ။ ကော်ပြန့် ကိုလဲအဲလိုပဲလုပ်ပါတယ်။

လူဆိုတာကလဲ..နေရာဘယ်လောက်ဝေးဝေး..တခြားနိုင်ငံမှာ အစားအစာဘယ်လောက်ကောင်းကောင်း..ကိုယ့်
နိုင်ငံကအစားအစာကိုတော့ မက်မောကြပါတယ်။ ကျနော်တို့ ရန်ပုံငွေအဖြစ်ရောင်းတုန်းက..တော်တော်လေးကို
ရောင်းကောင်းပါတယ်။ (မြတ်တာပေါ့လေ)..

ဝင်ငွေရတာက အဲလောက်ဝမ်းမသာပါဘူး။ လာစားတဲ့သူတွေက..မစားရတာတော်တော်လေးကိုကြာနေပြီ.....
နှစ်ပေါင်း ၂၀ တောင်ရှိတော့မယ်။ အရမ်းစားလို့ ကောင်းပါတယ် (ကြွားတာတော့မဟုတ်ပါဘူး)..ကျေးဇူးအရမ်း
တင်ပါတယ်...ဆိုတဲ့စကားတွေက လူကိုအားရှိစေပြီး ၀မ်းသာပီတိဖြစ်ရပါတယ်။ ဟုတ်တယ်လေဗျာ...သူတို့ က
ပိုက်ဆံပေးပြီးဝယ်စားတယ်..ပြီးတော့ ကျေးဇူးလဲတင်တယ်ဆိုတော့..အတိုင်းထက်အလွန်ဝမ်းသာရတာပေါ့ဗျာ။

အမောကတော့ ခဏတစ်ဖြုတ်ပြေတာပေါ့နော်။ မောတော့မောတယ်..ဒါပေမယ့်..မမောဘူးတော့ဘယ်ဟုတ်မလဲ။

ကဲ..မရှည်တော့ပါဘူး။ စာဖတ်သူများလဲ..ကြုံလို့ ရောင်းချင်တယ်ဆိုရင်..စမ်းကြည့်ပေါ့ဗျာ။ ကုသိုလ်လဲရ..၀မ်းလဲ
ဝတဲ့အလုပ်တစ်ခုပါပဲ။ (နိုင်ငံခြားရောက်နေရင်ပေါ့နော်..ကောင်းသည်ရှိမကောင်းသည်ရှိ စားရတာကိုး..အဲပြော
ရင်းကိုယ်လုပ်တာတောင် သံသယဖြစ်လာပြီ။)


ရှမ်းကလေး

Wednesday, April 21, 2010

သျှမ်းအစားအစာ (အချဉ်သုတ်)

ဇင်းမယ်ရောက်တုန်း သူများလုပ်ကျွေးလို့ သိလာတာလေ။ လုပ်ကူရင်းနဲ့ သိလာတာပေါ့။ ဒါကြောင့် ပြန်ပြီးပါးလိုက်ပါတယ်။ လုပ်နိုင်ရင် လုပ်စားလို့ ရအောင်ပေါ့ဗျာ။

ပစ္စည်းများများမလိုပါဘူး။ လိုတာကတော့

၁။ ။ ၀က်ဦးနှောက်

၂။ ။ ၀က်အသည်း

၃။ ။ စမှုံစပါး (အစိမ်း)

အဲ ၀က်ဦးနှောက်လို့ ပြောလိုက်တာနဲ့ မလန့် သွားပါနဲ့ ။ ၀က်ဦးနှောက်မရှိရင် ထိုဖူးရောလို့ ရပါတယ်။ ဒါပေမယ့် ၀က်ဦးနှောက်တော့ ပါရပါမယ်။

လုပ်နည်းကတော့လွယ်လွယ်လေးပါ။

၁။ ။ ၀က်ဦးနှောက်နဲ့  ၀က်အသဲကိုကျက်အောင် ပြုတ်လိုက်ပါ။ (၀က်ဦးနှောက်ကိုတော့ ကြွတ်ကြွတ်အိပ်ထဲထည့်ပြီး ပြုတ်ပေါ့လေ။ မဟုတ်ရင် ရေနဲ့ အတူသမသွားပြီး ၀က်ဦးနှောက် ဟင်းရည်ဖြစ်သွားမယ်ဗျ။ )

၂။ ။ ပြုတ်ပြီးသွားရင်တော့ ကြေညက်အောင် တောက်တောက်စင်းရပါတယ်။ ငရုတ်သီးကြိတ်စက်နဲ့ ကြိတ်ရင်တော့ အဖတ်လိုက် ဖြစ်လို့  တောင်တောက်စင်းတာက ပိုပြီးကောင်းပါတယ်။

၃။ ။ တောက်တောက်စင်းပြီးရင် အပေါ့အငန်ကို ကြိုက်နှစ်သက်သလို ထည့်ပါ။ ပြီးရင်တော့ သေးသေးလေးစင်းထားတဲ့ စမှုံစပါးရွက် ကို အပေါ်က ဖြူးပေးလိုက်ရင်တော့ အောက်က ပုံအတိုင်းရပါလိမ့်မယ်။ အဲ သံပုရာသီးနဲနဲ ညှစ်ထည့်လိုက်ရင်တော့ ခပ်ချဉ်ချဉ် အရသာ ရပါလိမ့်မယ်ဗျာ။



စားနည်းကတော့ ပိုပြီးတော့တောင်လွယ်ပါတယ်။ အောက်ကအတိုင်းတွဲပြီးစားရတယ်လေ။ မှန့် တီ၊ ၀က်ကြော် နဲ့  ကော်ဖီထုပ် တွေပါ။



ကဲ...ဒီလိုထည့်စားတာပေါ့ဗျာ။ ရှိတာအားလုံးထည့်ပြီး ကျနော်တို့ လုပ်ထားတဲ့ဟာကို အပေါ်က ဖြူးပြီးစားရတာပေါ့။ အဲ...........အဲဒီတုန်းက အသားကိုပဲ ကြည့်နေလို့ လားမသိဘူး... အရွက်များများထည့်ဖို့ မေ့သွားတယ်ဗျာ... ဟဲဟဲ။





ရှမ်းကလေး (လေ့လာခွင့်ပေးသော မိုင်းပန်မှ သူငယ်ချင်းအားလုံးအား အထူးကျေးဇူးတင်လျက်)

Tuesday, December 8, 2009

ဗမာ အစားအစာများ...

ကျနော်လဲ အလုပ်များနေတာရယ်၊ တင်ဖို့ ကုန်ကြမ်းရှာမတွေ့ တာရယ် ကြောင့် သိပ်ပြီးမတင်နိုင်တာကို တောင်းပန်ပါတယ်။
တစ်ခါတစ်လေတော့လဲ တင်မယ်လုပ်တုန်း အင်တာနက်က မကောင်းတာတွေ စတဲ့ စတဲ့ အကြောင်းအမျိုးမျိုးကလဲ ရှိနေပါတယ်။

လူသားအားလုံးက သွေးနဲ့  သားနဲ့  ဖွဲ့ စည်းထားတာခြင်းအတူတူဆိုပေမယ့် နေရာဒေသနဲ့  နိုင်ငံ သတ်မှတ်မှုတွေကြောင့် တစ်သီး တခြားနေထိုင်ကြတယ်လေ။

ဒါပေမယ့် အစားအစာနဲ့  ပတ်သတ်ခဲ့ရင်တော့ လူတွေကြားမှာ၊ စားကောင်းတာနဲ့  မကောင်းတာ ဆိုတဲ့ စကားလုံးတွေတာရှိပါတယ်။ အစာတွေမှာ နိမ့်ကျတာ၊ ခေတ်မမှီတာ၊ လူတောမတိုးနိုင်တာ (ရှိရင်တော့ရှိမယ်လေ) တွေက မရှိသလောက်ပါပဲ။

ကဲ လျှာရှည်မနေတော့ပါဘူးဗျာ။ စားလိုက်ရအောင်



ဒါလေးကိုတော့ အားလုံးလိုလို က သိမှာပါလေ။ ၀က်သား တုတ်ထိုးလေဗျာ။ ရန်ကုန်မှာ ရောက်တုန်းက ခဏခဏ သွားစားဖြစ်ပါတယ်။ အဲ ၀က်လျှာကိုစားချင်ရင်တော့ နည်းနည်းစောစောသွားရတယ်။ တစ်ချို့ ဆိုင်လေးတွေက ဘီယာဆိုင်နားမှာကပ်ပြီး ရောင်းတာဗျ။ ၀က်သားစားပြီးလို့  ရေငတ်ရင် အဆင်ပြေစေချင်လို့ ထင်ပါတယ်။



ဒါကတော့ အကြော်စုံပေါ့။



အီကြာကွေး



နံပြားလို့ ထင်တာပဲ။



ဒါကတော့ ကြေးအိုးလေ။ စားလို့ အရမ်းကောင်းပါတယ်ဗျာ။



မုန့် ဟင်းခါးပေါ့ဗျာ။ ဒီလိုမျိုးတော့ မစားဖူးဘူး။ ကြက်ဥနဲ့ စားတော့ အကြော်ကမရှိ။ အကြော်နဲ့ စားတော့ ကြက်ဥက ပျောက်ပြန်ရော။



ဒါကတော့ ထိုဖူးသုတ်လေ။ ထိုဖူးကြော်ပါ ပါရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။



မြင်းခွာရွက်သုတ်ပါ။



အုန်းထမင်းနဲ့  ဆီပျံဟင်းလေးတွေပါ။ စားချင်စရာပါဗျာ။ အဲ...စားပြီးရင်တော့ လေဆေးဆောင်ဖို့ မမေ့ပါနဲ့ ။



ဒါကတော့ မစားရတာ တော်တော်လေးကို ကြာပြီဖြစ်တဲ့ ထမင်းနဲ (ထမနဲ) ပါဗျာ။



အပေါ်က ဟင်းတွေကို စားပြီးရင်တော့ အချိုပွဲလေးအဖြစ် ဒီ ဖလူတာ (ရွေရင်အေး) လေးကို သောက်လိုက်ပါ စာဖတ်ပရိသတ်တို့ ရေ။


ရှမ်းကလေး (တစ်ခုမှ မလုပ်တတ်လို့  လုပ်နည်းလေးတွေမပြောပြနိုင်ပါဘူးဗျာ)

Friday, November 20, 2009

ရှမ်းအစားအစာများ အပိုင်း (2)

ရှမ်းနှစ်သစ်ကူး နှစ် 2104 ကို ရောက်ပြီဆိုတော့လဲ ရှမ်းအစားအစာလေးတွေကို ထပ်ဆင့်မျှဝေလိုက်ပါတယ်ဗျာ။ ကိုယ်တိုင် ချက်စားလို့  ရအောင်ဆိုပြီး အရင်က အတိုင်းပဲ လုပ်နည်းလေးတွေပါ ထပ်ဆင့်ဖော်ပြထားပါတယ်ဗျာ။



ဒါလေးက ရှမ်းခေါက်ဆွဲပါ။ အဲ ရန်ကုန်က ရှမ်းခေါက်ဆွဲနဲ့ တော့ နည်းနည်းလေး ကွာပါတယ်။ ရန်ကုန်ရောက်တုန်းကပေါ့လေ သူငယ်ချင်းတွေက ကျနော့်ကို ရှမ်းဆိုပြီးတော့ ရှမ်းခေါက်ဆွဲဆိုင်ခေါ်သွားတယ်လေ။ အဲ ဆိုင်ကိုရောက်တဲ့ အချိန်မှာတော့ ရှမ်းခေါက်ဆွဲ ကိုရောင်းတဲ့ သူက တရုတ်လူမျိုးဖြစ်နေတာကိုး။ ဒါပေမယ့် သူတို့  ခေါ်တဲ့ ရှမ်းခေါက်ဆွဲကို စားလိုက်ပါတယ်။ မဆိုးပါဘူး ဒါပေမယ့် ရှမ်းခေါက်ဆွဲ အစစ်တော့မဟုတ်ဘူးပေါ့။ အဲဒီတုန်းက သွားစားတဲ့ ဆိုင်ကတော့ စာတိုက်လေး မှတ်တိုင်မှာပါ။

ထားပါတော့။ ရှမ်းခေါက်ဆွဲလုပ်နည်းကိုပြောပြရမယ်ဆိုရင်တော့....... ကိုယ်နှစ်သက်တဲ့ အသားကို တောက်တောက်စင်းပြီး ခရမ်းချဉ် သီးနဲ့  ဆီပျံချက်ပါ။ ချက်ပြီးရင်တော့ ဒယ်အိုးနဲ့  ရေနွေးတည်ပါ။ ရေနွေးဆူလာရင် ကိုယ်ချက်ထားတဲ့ အသားကို ရေနွေးတည်ထားတဲ့ အိုးထဲကိုထည့်လိုက်ပါ။ ပြီးရင်တော့ အပေါ့၊ အငံ လေးစမ်းကြည့်ပေါ့လေ။ ရပြီဆိုရင်တော့ ခေါက်ဆွဲကို ပန်းကန်ထဲထည့် ပြီးရင် ခုဏက တည်ထားတဲ့ ဟင်းရည်လေးကို အပေါ်ကထည့်လိုက်တာနဲ့  ရှမ်းခေါက်ဆွဲလေးကို ရရှိမှာဖြစ်ပါတယ်။ (သွေးခဲရှိရင်တော့ ပိုကောင်းပါတယ်။ သွေးခဲကို ဟင်းရည်အိုးထဲထည့်လိုက်ပေါ့ဗျာ။ ) အဲ ပန်းကန်ထဲထည့်ပြီးရင် အပေါ်က နံနံပင်နဲ့  ကြက်သွန်မိတ်လေး ထပ်ထည့်လိုက်ပေါ့ဗျာ။ ဒါပေမယ့် ဆီချက်လေးပါထည့်ရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။



ဒါကလဲ ရှမ်းခေါက်ဆွဲပါပဲ။ ဒါပေမယ့် နည်းနည်းလေးတော့ ကွာတယ်လေ။ (ရှမ်းခေါက်ဆွဲ တွေက အမျိုးမျိုးရှိတယ်လေ။) ဒီဟာလေးက ပိုပြီးလွယ်ကူသလိုပါပဲ။ ပထမဆုံးတော့ အရိုးကို ရေနဲ့ ပြုတ်လိုက်ပါ။ ပြီးတော့ အပေါ်ကပြောတဲ့အတိုင်းပဲ ကိုယ်နှစ်သက်ရာ အသားကို ဆီပျံချက်လိုက်ပါ။ ကျက်ပြီဆိုရင်တော့ ခေါက်ဆွဲကို ပန်းကန်ထဲထည့်၊ အရိုးပြုတ်ရေကိုထပ်ထည့်လိုက်၊ ပြီးရင်တော့ ချက်ထားတဲ့ အသားကို အပေါ်က တင်လိုက်ရင် ပုံထဲမှာ ပြထားတဲ့ ရှမ်းခေါက်ဆွဲလေးကို ရရှိမှာဖြစ်ပါတယ်ဗျာ။



ဒါကတော့ ၀က်အခေါက်ကို ပြန်ပြီး အချဉ်လုပ်ထားတာလေ။ (လုပ်နည်းတော့မသိဘူး) ထင်တာကတော့ ၀က်ခေါက် အစိမ်းကို စည့်အိုးထဲထည့် ပြီးတော့ ငရုတ်သီး၊ ကြက်သွန်ဖြူ ရောထောင်းတာကို အပေါ်ကထပ်သိပ်လိုက်ပြီး ရေနည်းနည်းထည့်လိုက် မယ်ဆိုရင်တော့ ဒီလို ပုံမျိုးရလာနိုင်ပါတယ်။ (မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လူများအသက်မွေးဝမ်းကျောင်းကို တော့ မထိခိုက်လိုပါဘူးဗျာ)။



ဒါကတော့ အသားလုံးကြော်ပါ။ လွယ်လွယ်လေးပါပဲ။ တောက်တောက်စဉ်းထားတဲ့ အသားကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး ရောထောင်ထားးတာကို အသားနဲ့  ရောမွေလိုက်ပါ။ ပြီးတော့ အလုံးဖြစ်အောင်လုပ်လိုက်ပါ။ နောက်ဆုံးအဆင့်ကတော့ ကြော်တဲ့ အမှုန့် နဲ့  ထပ်နယ်လိုက်ပေါ့။ နယ်ပြီးရင်တော့ ကြော်လိုက်ပါလေ။ ပုံထဲကအတိုင်း ရရှိပါလိမ့်မယ်။



ဒါက မှုန်ညင်းချဉ်ပါ။ လုပ်နည်းကတော့ (ဟင်း.....) မုန်ညင်းလတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေး။ ပြီးတော့ ရေစင်အောင် လှမ်းထားရပါတယ်။ အဲဒါတွေပြီးရင်တော့ အရမ်းအရမ်းကို သန့် ရှင်းတဲ့ ပုလင်း (၀ါ) ဘူး ထဲကို အလွာလိုက်ထည့်ရပါမယ်။ အဲ အလွာတိုင်းဆီမှာတော့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမှန့်  ရောထောင်းထားတာကို သုတ်ပေးရပါတယ်။ အလွာတိုင်း မှာ သုတ်ပေးရမှာဖြစ်တဲ့ အတွက် တော်တော်လေးကို စိတ်ရှည်ရပါတယ်။ ကိုးလီးယား (Kim Ji) လုပ်သလိုပါပဲ။ အဆင့်တိုင်းမှာ သန့် ရှင်း မှုကို ဂရုပြုရမှာဖြစ်ပါတယ်။ အားလုံးထည့်ပြီးရင်တော့ အပေါ်ကနေ အရက်နည်းနည်းဖျန်းပေးပါ။ မြန်မြန် ရအောင်လို့ လေ။ နည်းနည်း လေးပါပဲ။ စားပြီးမူးချင်ရင်တော့ သဘောပေါ့လေ။ (ဟဲဟဲ..........မိန်းမက အရက်သောက်ခွင့် မပြုရင် များများထည့်လိုက်ပေါ့။ အဲဒါ မှ ထမင်းစားရင်း အရက်သောက်ရင်းဖြစ်မှာလေ။ ဒါပေမယ့် အနံ့ တော့ တော်တော်လေးကို စူးမှာနော်... အကြံပေးတာ မဟုတ်ပါဘူး.. ပြောပြတာပါ။ )



ဒါက မုန်ညင်းချဉ်ပါ။ ပုံထဲက အရဆိုရင်တော့ မုန်ညင်းချဉ်ကို ပန်းကန်ထဲထည့်၊ ပြီးတော့ အပေါ်ကနေ ကြက်သွန်နီ၊ ငရုတ်သီး စိမ်းကို ပါးပါးလေးအုပ် လိုက်တာနဲ့  ရှမ်းအစားအစာလေးကို လွယ်လွယ်ရရှိနိုင်ပါပြီ။




ဒါလေးက ရေညှိပါ။ ဒီလိုမျိုးကို ရှမ်းပြည်နယ်မှာ တွေ့ နိုင်ပါတယ်။ သုပ်စားလို့ ပဲဖြစ်ဖြစ်၊ ကြော်စားလို့ ပဲ ဖြစ်ဖြစ် စားလို့ တော့ တော်တော်လေးကို ကောင်းပါတယ်ဗျာ။ (မယုံရင် စမ်းကြည့်ပေါ့။ ရှမ်းပြည်နယ်ရောက်ရင်ပေါ့နော်။ နိုင်ငံခြားမှာတော့ တော်တော် လေးရှားမှာပါ။)



ဒါက မှုန်ညင်းချဉ်ခြောက်ပါ။ မြန်မာပြည်မှာ ဆိုရင်တော့ နေရာတိုင်း၊ ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။ (လုပ်နည်းကတော့ နည်းနည်းလေးမှ ကို မသိတာ)။ စားနည်းကတော့ အဲဒီဟာလေးကို ပန်းကန်ထဲထည့်၊ ငရုတ်သီး (အစိမ်းဆိုရင် ပါးပါးလေးလီး၊ အခြောက်ဆိုရင် အပေါ် က ဖြူး) ထည့်၊ ပြီးတော့ ရေနွေးလေးထည့်လိုက်ရင် ဟင်းချို တစ်ခွက်ကို ရရှိနိုင်ပါတယ်။ ထမင်းနဲ့ ပဲ စားစား၊ အရက်နဲ့ ပဲ မြည်းမြည်းပေါ့ လေ။ ပြောပြတာပါ။ ချဉ်ချဉ်လေးနဲ့  စားလို့  အရမ်းကောင်းပါတယ်။



ဒါကတော့ ပဲပုတ်ထောင်းလို့  ထင်တာပါပဲ။ လုပ်နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံး ခရမ်းချဉ်သီး နဲ့  ကြက်သွန်ဖြူ (အခွံနွာပြီး) ကို ရေနဲ့  ပြုတ်လိုက်ပါ။ ပြီးတဲ့ အချိန်မှာ ငရုတ်သီး (အစိမ်း) ကို ဆီသတ်လိုက်ပါ။ (ငရုတ်သီး အမှုန့် ဆိုရင်တော့ လုပ်စရာ မလိုပါဘူး) ပြီးတော့ အဲဒါတွေကို အားလုံးရော ထောင်းလိုက်ပါ။ ပြီးတော့ ပဲပုတ်အမှုန့် ထည့်လိုက်ပါ။ အပေါ့၊ အငံကို ကြိုက်သလို ထည့်လိုက်ပါ။ အဲဒါဆိုရင်တော့ ပဲပုတ်ထောင်းလေးရရှိမှာဖြစ်ပါတယ်။ (ပဲပုတ်မရှိရင် ငါးပိကို ဆီတတ်ပြီးထည့်ရင်လဲ ငါးပိ ထောင်းလေးရရှိ မှာ ဖြစ်ပါတယ်ဗျာ။ )



ရှမ်းကလေး

Thursday, October 15, 2009

ရှမ်းအစားအစာလေးများ....

ဟိုနေ့ တုန်းက အခန်းအနားတစ်ခုအတွက် အစ်ကို ကို သွားကူညီရင်းနဲ့  ရိုက်လာတာလေးတွေပါ။ ပုံတွေ တင်ရင်းနဲ့  စာလေးပါလေး ရေးမယ်လုပ်နေတုန်း အင်တာနက် က မကောင်းတာ နဲ့  မရှင်းပြလိုက်ရတာကို တောင်းပန်ပါတယ်ဗျာ။



ဒါက မုန်ညင်းခြောက်ဖြစ်ဖို့ များပါတယ်။ ဒါကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းချိုမုန့် ထည့်ပြီး ရေနွေးလောင်းထည့် လိုက်ရင် စားလို့ ရပြီလေ။ အရဿာက ခပ်ချဉ်ချဉ်လေးပါ။



ဒါလေးက ထိုဖူး သုတ်လို့ ခေါ်ပါတယ်။ ၀ါဝါလေးက ထိုဖူးလေ။ အပေါ်က ဖြူးထားတာကတော့ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်း နဲ့  ပဲပုတ် ဖျော်ရည်လောင်းထားတာပါ။ အရဿက တော့ ခပ်စပ်စပ်လေးပါ။



ဒီဟာလေးက ရှမ်းပြည်နယ်က ဈေးတန်းလေးပါ။ အစုံရောင်းတယ်လေ။ (စားစရာနော်)



ဒါလေးက ခရမ်းချဉ်သီးထောင်းပါ။ ခရမ်းချည်သီး၊ ကြက်သွန်ဖြူ ကို ပထမဆုံးပြုတ်ရပါတယ်။ ပြီးရင်တော့ ငရုတ်သီး အစိမ်းကို လျှော် (ကြော်)ပါ။ အားလုံးကို စုပြီးထောင်းပါ။ ပြီးတော့ အပေါ့အငံအတွက် ဆား၊ဟင်းချိုမုန့် လေး ထည့်ရုံပါ။



ဒါက အခေါက် (ကျွဲ၊ နွား၊ ၀က်) တွေကို ပြုတ်ပြီး ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  နဲ့ ထောင်းပြီး အချပ်လိုက်လုပ်တယ်လေ။ ပြီးတဲ့ အချိန်လေးမှာ အခြောက်လှမ်းလိုက်တာပေါ့။



ဒါက ထိုဖူးကို ကြော်ထားတဲ့ ပုံလေးပါ။ ကြွပ်ကြွပ်လေးနဲ့  စားလို့  အရမ်းကောင်းတယ်ဗျ။




ဒါက ပဲပုတ်စေ့လေ။ ကျနော်တော့ မကြိုက်ဘူး။ (ဒါကြောင့် အရဿာ မသိတာလေ)



ဒါကလဲ ပဲပုတ်အချပ်ပါ။ ပဲပုတ်ကို ပြုတ်ပြီးထောင်းတယ်လေ။ ပြီးတော့ ဂျင်း၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  ထည့်ပြီးရော နှယ်တယ်။ အဲဒါပြီးတော့ ဒီလို မျိုးအချပ်လိုက်လုပ်တယ်လေ။ ဒါကို ကြော်စားရပါတယ်။ နည်းနည်းခါးတယ် ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။



ရှမ်းပြည်နယ်က ဈေးတန်းလေးပါပဲ။ ပဲပုတ်ချပ်တွေရောင်းနေတာလေ။ ပဲပုတ်က အပေါ်ကလို အတုန်းကြီးရှိသလို (ရှမ်းလူ မျိုးများ သိပ်မစားပါ)၊ ဒီလိုမျိုး အချပ် ပါးပါးလေး (ရှမ်းလူမျိုးတွေ အိမ်မှာ တော်တော်လေးကို သုံးပါတယ်။ မရှိမဖြစ်ကို ဖြစ်တာပါ။) တွေလဲ ရှိပါတယ်။



ဒါက ပဲပုတ်စေ့လေ။ ဒါကို ချက်စားလို့ ရ တလို ပဲပုတ်လုပ်တာကလဲ ဒီဟာနဲ့ ပါပဲဗျာ။



ဒါက ရှမ်းထမင်းချဉ်ပါ။ ခရမ်းချဉ်သီးကို ချက်၊ ပြီးတော့ အာလူးကို ပြုတ်၊ ထောင်းထားတဲ့ ငရုတ်သီးခြောက်ကို လျှော်။ ပြီးတော့ အဲဒီဟာ အားလုံးကို ထမင်းနဲ့ ရောနယ်၊ ဆား၊ ဟင်းချိုမုန့် လေးထည့်လိုက်ရင်ပဲ ရှမ်းထမင်းချဉ်လေးရတာပေါ့။ ဆီချက်လေးလဲ အပေါ်က ဖြူးဖို့  မမေ့လိုက်ပါနဲ့ ။ နံဘေးက အရွက်တွေကတော့ နံနံပင်၊ ကြက်သွန်မိတ် နဲ့  ကျူးမြစ်ဖြစ်ပါတယ်။ (ကျူးမြစ်က အဖြူရောင်ရှိတယ် ဒါပေမယ့် ထိပ်ပိုင်းကြတော့ ရွက်သွန်မိတ်လို အစိမ်းရောင်ရှိပါတယ်။ (ကျနော် တွေ့ ဖူးတဲ့သူ တော်တော်များများ မသိကြပါဘူး။ ))



ဒါလေးကတော့ မပြောလဲ သိမှာပဲနော်။ ငှက်ပြောမုန့် လေးပါ။ (လုပ်နည်းတော့ မသိဘူး)



ဒါက ငှက်ပြောမုန့် လိုပါပဲ။ ထည့်တဲ့ ပစ္စည်းတွေနည်းနည်းလေးကွာသွားတာပါ။ အခုထည့်ထားတာက မြေပဲလေ။




ဒါလဲ အတူတူပါပဲ။



ဒါက ပဲပြားကြော်လေ။



ရှမ်းပြည်ကဈေးတန်းလေးပေါ့။ ဖက်နဲ့ ထုတ်ထားတဲ့ စားစရာလေးကတော့ ထမင်း၊ ၀က်သွေး၊ ၀က်သား ရောပြီး ပေါင်းထားတာပါ။ စားလို့ တော့ တော်တော်လေးကောင်းတယ်။



ဒါကလဲ ဒုတိယ ပုံလိုပါပဲ၊ ထိုဖူးသုပ်လေးပါ။




ဒါလေးက ပဲပုတ်ထောင်းပါ။ ပဲပုတ်ကို ပြုတ်ပြီးတော့ ဆား၊ ဟင်းချိုမုန့် ၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ တွေရောပြီးထောင်းထားတာလေ။
အရဿာကတော့ နည်းနည်းတော့ စပ်တယ် ဒါပေမယ့်တော်တော်လေးကောင်းတယ်။ ဒီဟာကို ကောက်ညှင်းပူပူ လေးနဲ့  စားရင်တော့ ဆွေမျိုးမေ့ လုနီးနီးပါပဲ။




ဒါက ထိုဖူးနှောင်းလို့ ခေါ်တယ်။ လုပ်နည်းတော့ မသိဘူး။ ဒီဖြူဖြူလေးကို သကြား (၀ါ) ကြံသကာ ရည်လေးနဲ့ စားရပါတယ်။ မုန့်  တစ်မျိုးပါပဲ။



ရှမ်းကလေး (ဆက်လက်ဖော်ပြပါမယ်)

Saturday, July 11, 2009

ငရုတ်သီးထောင်း

တစ်ခါတစ်လေများဗျာ သူများနိုင်ငံရောက်တော့ သူများအစာတွေစားရင်းအီလာသာနဲ့  ကိုယ့်မြို့ ရွာက ဟင်းတွေကို ရည်မှန်းပြီး သွားရည်လည်လာတဲ့ အချိန်တွေလဲရှိပါတယ်လေ။

ငါးပိထောင်းတို့ ၊ ငါးပိရည်တို့  ဆိုရင်လဲ ငါးပိက ဘယ်မှာ ရှာရမှန်းကလဲမသိ။ ဒါကြောင့် ကျနော်လုပ်စားတတ်တဲ့ ငါးပိမပါ ရိုးရိုးလေး နဲ့  လူတိုင်းလုပ်စားနိုင်တဲ့ နည်းလေးကိုမျှလိုက်ပါတယ်ဗျာ။

လိုအပ်သည့် ပစ္စည်း

၁) ကြက်သွန်ဖြူ
၂) ငရုတ်သီး
၃) သံပရာသီး
၎) ငရုတ်ဆုံ (စက်နဲ့ လုပ်ရင်လဲ ရပါတယ်လေ)


ပထမဆုံး ကြက်သွန်ဖြူအားအရင်ထောင်းပါ (သင့်လျှော်သလောက် (စားကုန်နိုင်သလောက်ပေါ့))။ ကြက်သွန်ဖြူ ကြေမွသွားလျှင် ငရုတ်သီးထည့်ကာထောင်းပါလေ။ ငရုတ်သီးကြေသွားသောအခါ ဆား၊ ဟင်းချိုမှုန့်  ထည့်ကာ အပေါ့အငံ စိတ်ကြိုက်ထည့်ပါ။

၎င်းနောက် ပန်းကန်ထဲခပ်ထည့်ကာ သံပုရာသီး ညှစ်ထည့်လိုက်ပါက ချဉ်ချဉ် စပ်စပ်နှင့် အလွန်စားကောင်းသော ငရုတ်သီးထောင်းကို ရရှိမည်ဖြစ်သည်။


ရှမ်းကလေး