Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, October 13, 2010

ခရီးသွားမှတ်တမ်း= ရန်ကုန် ၅ (လေဆိပ်)

နောက်ဆုံးတော့လဲ..မြန်မာပြည်မှာနေဖို့  ကံဇာတာမပါဘူးထင့်...ထုံးစံအတိုင်းပင်အထုတ်များကိုဆွဲကာ..တက္ကစီ
ကားကိုစီးပြီးရန်ကုန်လေဆိပ်သို့ ဦးတည်လိုက်ပါသည်။

ပြင်ပကိုမထွက်ခင်..လုပ်ရမယ့်အရာများကတော့ဗျာ..D Form လုပ်ရမယ်..ဆိုင်တွေမှာလုပ်ပေးပါတယ်။ ကိုယ့်
ခရီးသွားစာအုပ်(မိတ္ထူ)၊ ထုတ်ပေးတဲ့နေ့ ၊ ကုန်ဆုံးမယ့်နေ့ ၊ မှတ်ပုံတင်နံပတ်၊ အဖ အမည် စတာတွေကိုပေးရပါ
တယ်။ပြီးတော့ လုပ်ခက ၁၅၀၀ ထင်ရဲ့ ...ဘဏ်မှာငွေပါသွင်းပေးပါတယ်။ ပြီးတော့ ၁ နာရီလောက်ဆိုရင်ရပါပြီ။

ကျန်တာကတော့ လေယာဉ်လက်မှတ်ပေါ့ဗျာ။

ကားကလေးဟာ လှိမ့်ကာလှိမ့်ကာနဲ့  လေယာဉ်ကွင်းရောက်ခါနီးလေရင်ခုန်လေပါပဲ။ ဘာများပြန်ကြုံအုန်းမလဲလို့ 
ပါ။ လေယာဉ်ကွင်းဝင်ကြေးကို ၂၀၀ ပေးရပါတယ်ဗျာ။ (ပြန်ရတဲံအကြွေကို လွယ်တဲ့နေရာမှာ သိမ်းထားဗျ)။

ကားပေါ်ကဆင်းပြီးအထုတ်တွေဆွဲထုတ်လိုက်ပြီး..ပလက်ဖောင်းပေါ်လဲရပ်လိုက်တော့..ခရီးသွားမယ့်သူတွေက
ဟိုတစ်စု၊ ဒီတစ်စုနဲ့  နေကြတော့ ကျနော်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်ဗျာ (ကြောင်ပဲကြောင်နိုင်
တယ်လို့ တော့မထင်ပါနဲ့ လေ..အရင်က ကြိုပို့ ပေးတဲ့လူရှိတာကိုး)။ လေယာဉ်ကွင်းကပဲမဖွင့်သေးတာလား?
ဒါမှမဟုတ်ဘာများဖြစ်နေကြလဲလို့ ပေါ့။

လူတွေကလဲတစ်ကယ်ဗျာ..၀င်တာလဲမဟုတ်..ပြီးတော့အပေါက်ဝမှာ စုပြီး၊ပိတ်ရပ်နေကြတယ်။ ကိုယ်လဲဖြစ်ချင်
တာဖြစ်ဆိုပြီးတော့..လူကြားထဲတိုးကြိတ်ပြီးဝင်လိုက်တော့..တံခါးကဖွင့်ထားတယ်..၀င်လို့ လဲရတယ်။ အင်း..မိ
သားစုတွေနဲ့ များ နှုတ်ဆက်နေလို့ ထင်ရဲ့ ..အပြင်မှာစုနေကြတာ။ အဲ..တစ်ချို့ ကလဲ..အတွင်းဝင်ခွင့်ကဒ်တွေလုပ်
နေလို့  တံခါးကိုပိတ်လိုက်သလိုဖြစ်သွားတာကိုး။

အထဲကိုရောက်တော့ အိတ်တွေကိုစစ်ဖို့ စက်ထဲကိုထည့်လိုက်တယ်။ လွယ်လွယ်နဲ့ ပြီးသွားတယ်။ အဲမှာပဲ..လူ
တစ်ယောက်ကို ရဲကမပေးသွားဘူးဆိုပြီးတော့ ရစ်နေတာတွေ့ ရသေးတယ်။ စိတ်ထဲမှာတော့ ဘုရားစာတွေ
ကြိတ်ပြီးရွှတ်နေတာပေါ့ဗျာ။

စာဖတ်သူတို့ ရေ..လေယာဉ်ကွင်းကအခွန်ဆောင်ဖို့ လဲ မမေ့နဲ့ ဗျ။ ၃၀၀၀ ပေးရတယ်။ ပြင်ပကိုသွားမှာပဲဆိုပြီး
တော့ မြန်မာငွေမဆောင်လို့ မဖြစ်ဘူးနော်။ လေယာဉ်ပေါ်မရောက်မချင်း..သုံးနေရတာ။ အခွန်ဆောင်ပြီးတာနဲ့ 
လေယာဉ်လက်မှတ်ကောင်တာကိုသွားပါတယ်။

ကျနော်ထင်တာက..လေယာဉ်လက်မှတ်နဲ့  ခရီးသွားစာအုပ်ပေးလိုက်ရင် တံဆိပ်တုံးထုပေးမယ်၊ ပြီးရင်ကိုယ်က
မ.ယ.က ကိုယ်ဖြတ်မယ်ပေါ့နော်။ ဘယ်ဟုတ်မှာလဲဗျာ..သူက..လူဝင်မှုကြီးကြပ်ရေး (မ.ယ.က)လိုပါပဲ..စာအုပ်
ကို..ဟိုလှန်..တီလှောနဲ့ စစ်ဆေးပြီးတော့..မေးခွန်းတွေမေးပါတော့တယ်။

့ဟိုလူနဲ့ သိလား၊ ဘာတော်လဲ? ဆိုတာတွေပေါ့။ ဘူးတစ်လုံးခံ အိုတောင်မဆင်းရဲ ဆိုတဲ့အတိုင်းဘူးခံပေးလိုက်
တယ်။ (တကယ်လဲမသိပါဘူး) မေးပြီးတာနဲ့  တဆိပ်တုန်းတွေထုပေးတယ်။ ပြီးသွားတော့..................

လေယာဉ်အကူက အိတ်ကိုမပြီး..စက်ပေါ်တင်လိုက်တာပေါ့။ ပြီးတော့..ဘာလုပ်တယ်ထင်လဲ..ပွင့်ပွင့်လေးပဲပြောပါ
တယ်၊ “ညီလေးလက်ဖက်ရည်ဖိုးပေးပါ” တဲ့။ ပြီးရင်ပြီးရောဆိုပြီးတော့...လေယာဉ်ကွင်းဝင်ခွင့်ပေးပြီးပြန်ရတဲ့အ
ကြွေကိုပေးလိုက်ပါတယ်။ (အဲလိုပေးတဲ့လူတွေရှိလို့ ..အဲလိုလုပ်နေကြတာလို့ ထင်ရင်လဲထင်နိုင်ပါတယ်ဗျာ။)

အင်း..မြန်မာပြည်မှာ..လက်ဖက်ရည်ဆိုင်တွေမရှိရင်လဲ တစ်မျိုးကောင်းမှာပဲ။ အဲဒါမှ လက်ဖက်ရည်ဖိုးဆိုပြီးတောင်း
ကြမှာမဟုတ်ဘူးလို့ စဉ်းစားမိလေရဲ့ ။ ဒါပေမယ့်လဲ..တောင်းမယ့်သူကတော့အမြဲတမ်းလိုလို အကြောင်းပြချက်ရှိ
ကြမှာပါပဲလေ။

ကဲ..ကိစ္စလေးတွေပြီးတော့..အပေါ်ထပ်ကိုတက် ပြင်ပထွက်မယ့်ဖောင်ကိုဖြည့်၊ ပြီးတော့တန်းစီတာပေါ့။ တန်းစီ
လို့ မကြာခင်မှာ..မလေးကိုသွားပြီးအလုပ်လုပ်မယ့်လူငယ်တစ်သိုက်ရောက်လာပါတယ်။ ရန်ကုန်ကတော့မဟုတ်
လောက်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့..တစ်နေရာထဲမှာပဲသွားပြီး စုနေကြလို့ လေ။ (တခြားနေရာမှာ လူနည်း
ရင်တောင် သွားပြီးတန်းမစီကြဘူး။)

အဲမှာဗျာ..မ.ယ.က ကတာဝန်ရှိတစ်ယောက်က..“ဟေ့ကောင်တွေ..တန်းကောင်းကောင်းစီ။ မင်းတို့ ဘယ်သွားကြ
မှာလဲ?” ဆိုပြီးမေးတာပေါ့။ မေးတာတော့မေးတာပေါ့လေ..ကောင်းကောင်းမွန်မွန်မေးလဲရရဲ့ သားနဲ့ ကို။ ညီလေး
တို့ ဘယ်သွားကြမလဲလို့ မေးတော့ဘာဖြစ်သွားမှာလဲဗျာ။ ပြီးတော့ တခြားလူတွေရဲ့ ရှေ့ မှာ..ဟိန်းလိုက်၊ ဟောက်
လိုက်နဲ့  ကြည့်မကောင်းပါဘူးဗျာ။

တာဝန်ရှိက လက်မှတ်တွေကိုလိုက်ကြည့်ပါတယ်။ ပြီးတော့ တံဆိပ်တုံးရိုက်ပေးတဲ့ တခြားအရာရှိတွေဆီကိုသွား
ပြီးတော့...“အစ်ကို..ဒီကောင်တွေက ကျနော့်ဘက်” တဲ့။ ဘာဆိုလိုတာလဲတော့ မသိပါဘူးလေ။ ကိုယ်ကလဲ ကိုယ့်
အပူနဲ့ ကိုယ်ဆိုတော့...သိပ်ပြီးအာရုံမစိုက်မိဘူး။

အကျဉ်းချုပ်လိုက်တော့...ကျနော့်အလှည့်ပေါ့။ “ဘာသွားလုပ်မှာလဲ?” လို့ ပဲမေးပါတယ်။ ပြီးတာနဲ့  ကျနော်လဲ
လေယာဉ်တက်ရမယ့် ဂိတ်ကိုသွားလိုက်တာပေါ့။ အဲမှာ..နောက်တစ်ခေါက်စစ်ပါတယ်။ အိတ်ကိုစစ်တာပါ။
အဲဒီက အရာရှိတွေက မဆိုးပါဘူး။ ကောင်းကောင်းမွန်မွန်ပဲပြောပါတယ်။ ကောင်းကောင်းမွန်မွန်ပြောတော့
ကိုယ်ကလဲ စိတ်ချမ်းသာရတာပေါ့ဗျာ။

အဲဒါနဲ့ နောက်ဆုံးတော့..လေယာဉ်ဆိုက်..ပြီးတော့လေယာဉ်ပေါ်တက်။ လေယာဉ်ကလဲ..ထွက်ဖို့ အချိန်တော်
တော်လေးကိုယူပါတယ်။ နောက်ဆုံးတော့လဲထွက်သွားတာပေါ့လေ။ အဲချိန်ကြမှပဲ.......................
“ဟူး....”..ဆိုပြီးတော့ စိတ်ကိုတုံးတုံးချလိုက်နိုင်ပါတော့တယ်။



ရှမ်းကလေး

Monday, October 11, 2010

ခရီးသွားမှတ်တမ်း= ရန်ကုန် ၄ (ထွေရာဆယ်ပါး)

စာဖတ်သူတို့ ရေ. ...အလုပ်အကိုင်..အနေအထိုင်လေးတွေအဆင်ပြေပြီးရင်တော့ တခြားအရာလေးတွေက လိုအပ်
လာပြန်တယ်မဟုတ်ပေလားဗျာ။ ကျနော်ကြုံတွေ့ ရခဲ့တဲံ့အရာလေးတွေကို ပြန်ပြီးတော့ ဝေမျှပေးလိုက်ပါတယ်ဗျာ။

သွားခဲ့တဲ့နေရာလေးများ

ရန်ကုန်ရောက်ပြီဆိုရင်တော့ ပထမဆုံးလုပ်တာကတော့ ဘုရားဓါတ်တော်လေးဆူကိုပေါင်းပြီး တည်ထားတဲ့ ရွှေတိဂုံ
ဘုရားကိုသွားရောက်ဖူးမြော်ပူဇော်တာပဲပေါ့ဗျာ။



ဘုရားရင်ပြင်မှာတော့အေးချမ်းပြီး လူတွေစည်ကားပါတယ်။

ကုသိုလ်လေးတွေလုပ်ပြီးရင်တော့ ထုံးစံအတိုင်းလျှောက်လည်တာပေါ့ဗျာ။ အဲ..စိုင်းစိုင်းခမ်းလှိုင်သီချင်း “အမြဲတမ်း
ယုံကြည်တယ်” ဆိုတဲ့သီချင်းထဲကအတိုင်း ဘုရားဖူးပြီးရင် ကန်ဘောင်ပေါ်တက်တာပေါ့ဗျာ။

alt=""id="BLOGGER_PHOTO_ID_5527055306034483762" />

အပေါ်ကပုံကတော့ ကန်ဘောင်က ဓါတ်တိုင်ပါ။ ဘာများထူးခြားလဲလို့ မေးရင်တော့......ဘာမှ မထူးခြားပါဘူးဗျာ။
တစ်ခြားရိုက်စရာမြင်ကွင်းတွေက အတွဲတွေနဲ့ မလွှတ်ဘူးလေ။ အဲဒီနေ့ က (တစ်ခေါက်ပဲရောက်လို့ ပါ) မိုးရွာတယ်။
ထိုင်ခုံတိုင်းမှာတော့ အတွဲတွေဟာ ခဏတာခွဲခွါရင်..ကမ္ဘာတစ်သန်းကြာတယ်ဆိုတဲ့အတိုင်း..မခွဲမခွာအောင်...တစ်
ယောက်နဲ့ တစ်ယောက်သိုင်းဖက်ထားမယ်ထင်ရဲ့ ။ (မိုးရွာလို့  ထီးနဲ့ ကာထားတော့ မမြင်ရဘူးလေ)

အင်းလေ..ကန်ဘောင်သွားတာ အတွဲခြောင်းဖို့ မှ မဟုတ်ပဲဟာ။ သူတို့ က ထီးအကွယ်ကနေ ကိုယ်တို့ ကိုပြန်ခြောင်း
နေသေးတယ်။ ခက်တာတစ်ခုကတော့.....သူတို့ လေးတွေချစ်သီချင်းဆိုနေလို့  ဓါတ်ပုံရိုက်ရတာ မလွှတ်လပ်ပါဘူး
ဗျာ။ အဲမိုးရွာတာလဲပါတယ်။

ကန်ဘောက်ပေါ်စရောက်တာနဲ့  ခုံတွေက မလွှတ်ဘူး။ တစ်ခုံပဲလွှတ်တယ်။အဲဒါကလေဲ အမိုးမရှိလို့ ထင်ပါတယ်။ သူ့ 
ခမျာ...မျက်နှာငယ်နေမလားမသိဘူး (ခုံကိုပြောတာနော်)။ ဒါပေမယ့်လဲ..ရှားရှားပါးပါး..အောက်က ခုံတစ်ခုကလွှတ်
တယ်ဗျ။ အစွန်ဆုံးမှာ ရှိနေလို့ လားတော့ မသိဘူး။



ကျနော်တို့ သူငယ်ချင်းတစ်သိုက်လဲ (မရောက်ဘူးတာ..ကျနော်ပဲပါတယ်)..ဟိုငေးဒီငေးနဲ့  လျှောက်လိုက်တာ
နာရီထိုးသွားပါတယ်။ ကိုးနာရီအသိမှာ...လူသုံးယောက်လောက်က ၀ီစီ တစ် “ပီပီ”မှုတ်ပါတော့တယ်။ ကျနော့်အ
တွက်ကတော့ အံ့သြစရာပါပဲ။ ဘာအတွက်မှုတ်တာလဲလို့ ။

နောက်မှသိလိုက်တာက ကိုးနာရီထိုးရင် အားလုံးပြန်ရတယ်ဆိုတာကိုပါပဲ။ လူတိုင်းကလဲ စည်းကမ်းရှိတဲ့နိုင်ငံနဲ့ 
အညီ..ဆိုင်ရာဆိုင်ရာကနေထွက်လာပါတယ်။ သြော်..ချစ်တာတောင်..အချိန်နဲ့ ချစ်ရတဲ့ ရန်ကုန်မြို့ ကြီးပါလား
လို့ ။



အပေါ်ပုံကတော့ ကန်တော်ကြီးဟိုတယ်ပုံပါပဲ။ မှောင်နေလို့ သိပ်မတွေ့ ရဘူးနော်။ ကင်မရာသိပ်မကောင်းတာလဲ
ပါမှာပေါ့ဗျာ။



တုတ်ထိုးတွေပေါ့။ တစ်ချောင်းကို ၅၀ တဲ့ဗျာ။ (မမှတ်မိတော့ဘူးပဲ)။ သေချာတာက ၀က်သားဖတ်လေးတွေက သေး
လွန်းသွားတာပါပဲ။



အပေါ်ပုံကတော့ KTV လို့ ခေါ်တဲ့ ကာရာအိုကေဆိုင်ပါပဲဗျာ။ အခန်းကျယ်ရင် တစ်နာရီကို ၇၀၀၀ ကျပ်..မကျယ်ရင်
၅၀၀၀ ကျပ်ပေးရတယ်ဗျာ။ အဆိုတော်ဖြစ်ဖို့ လေ့ကျင့်တာလဲ တော်တော်လေးကို ကုန်ပါတယ်ဗျာ။

အကောင်းဆုံးနဲ့  ဈေးအသက်သာဆုံးကတော့ အောက်ကပုံပါပဲ။ ဘယ်သွားသွား ဘယ်ရောက်ရောက် သင့်အနားမှာ
တစ်ခွက်ကို ၅၀၀ ပေးပြီးသောက်နိုင်ပါတယ်။ တစ်ပုလင်းကိုတော့ ၁၂၀၀။ တခြားဆိုင်တွေမှာတော့ သူ့ ဆိုင်နဲ့ သူ
ဈေးတက်သွားတတ်ပါတယ်..စာဖတ်သူတို့ ရေ။



အစားအသောက်

အသောက်ကပြီးသွားပြီဆိုတော့အစားကိုသွားရအောင်လား။ တစ်ပွဲစား (ထမင်းနှင့်ဟင်း (ငါး၊ ဆိတ်၊ ၀က်)) ဆိုတာ
ကလဲများပါတယ်။ ဘီယာသောက်ပြီးစားရင်တော့ မကုန်ပါဘူး။ ဆိုင်တွေမှာဆိုရင်တော့ တစ်ပွဲကို ၂၂၀၀ ပေးရပါ
တယ်။

ကဲစဉ်းစားကြည့်ဗျာ..တစ်ပွဲကို ၂၂၀၀၊ တစ်ရက်မှာ နှစ်နပ်ပဲစား ၄၄၀၀ ကုန်နေပြီ။ ဒါပေမယ့် လမ်းဘေးက ဆိုင်တွေ
ဥပမာ။ ။ ရခိုင်မှန့် တီ၊ မှုန့် ဟင်းခါး..စသဖြင့် စားရင်တော့ ၁၀၀၀ လောက်ပဲပေးရပါတယ်။ ရှိရင်တော့ ရှိသလိုစားရ
တာပေါ့ဗျာ။ အဲ..........ထိုဖူးနွေးတို့ ၊ ရှမ်းခေါက်ဆွဲတို့ ကတော့ ၅၀၀ လောက်ပဲပေးရပါတယ်ဗျာ။

ထမင်းဟင်းနဲ့ မှ သင်းသိမ်နိုင်မယ်၊ ဈေးလဲသက်သာစေချင်တယ်ဆိုရင်တော့ လမ်းဘေးမှာ ထမင်းနဲ့  ဟင်းတစ်ပွဲ
(ကိုယ်ကြိုက်ရာ (သူတို့ ရောင်းတဲ့ထဲကပေါ့..မရှိတာကိုစားချင်လို့ တော့ဘယ်ရမှာလဲ))၊ အချဉ်ဟင်းတစ်ခွက် (စွပ်
ပြုတ်သောက်တဲ့ခွက် (အဲဒါတောင်ကြီးနေအုန်းမယ်...ဘုရားစင်တင်တဲ့ဆွမ်းခွက်အရွယ်ဗျာ)၊ ပုလာချောင်ကြော်
(ငရုတ်သီးပဲတွေ့ တယ်)၊ အဲဒါကိုစားလို့ ရပါတယ်။ အဲဒါတောင် ၈၀၀ ပဲပေးရတယ်။ လိုက်ပွဲယူရင်တော့ ထပ်ပေး
ရတာပေါ့ဗျာ။ လိုက်ပွဲမယူဖြစ်လို့ လိုက်ပွဲဈေးတော့မသိဘူးဗျာ။

အင်တာနက်

စွဲအားတော့သိပ်မကောင်းပါဘူး။ ဒါပေမယ့်လဲ..မရှိတာထက်စာရင်တော့အိုကေတာပေါ့ဗျာ။ Facebook ၀င်လို့ ရတယ်။
Gmail လဲရပါတယ်။ ဒါပေမယ့် account အသစ်ဖွင့်လို့ တော့မရဘူး။ တခြားဆိုဒ်တွေတော့ ၀င်ရတာအဆင်မပြေဘူး
(ရှင်းရှင်းပြောရင် ၀င်လို့ မရဘူးပေါ့ဗျာ)။ Yahoo နဲ့  Hotmail တော့မသုံးလို့  မသိပါဘူး။

အဲမှာရှိတဲ့ NGO အဖွဲ့ တွေရဲ့  ဆိုဒ်ကိုဝင်ဖို့ တောင် သိပ်မလွယ်ဘူးဗျ။ ကျနော်အလုပ်လျောက်ဖို့  ဖိုင်download ဖို့ 
လိုနေတာ..ဆိုဒ်ဝင်လို့ မရလို့ တော်တော်လေးကို ကွိုင်တက်သွားတယ်။ အဲလို ကြုံရင်တော့ အပြင်ရောက်နေတဲ့
သူငယ်ချင်းတွေကို ဆိုဒ်ထဲဝင်ခိုင်းပြီး...တစ်ဆင့်ပြန်ပို့ ဖို့ အကူအညီတောင်းရတာပေါ့လေ။

ဘလော့လ်တွေတော့ ၀င်လို့ မရဘူး။ ကျနော်ကပဲ..နည်းပညာပိုင်းသိပ်မကျွမ်းကျင်လို့ လားတော့မသိဘူးပေါ့လေ။
ဆိုဒ်ကိုပြောင်းထားလဲ ၀င်လို့ မရပါဘူး။

သွားရေးလာရေး

ကောင်းပါတယ်။ တက္ကစီတွေအများကြီးပါ။ လေအေးစက်ပါတဲ့ ကားကတော့ ရိုးရိုးထက်ပိုဈေးကြီးတာပေါ့ဗျာ။ ဘတ်
ကားတွေလဲများတော့ မဆိုးပါဘူး။ အထူးယာဉ်တွေလဲရှိတော့ပိုကောင်းတာပေါ့ဗျာ။ သဘာဝလေတွေကိုလဲ သဝ
ကြီးရူလို့ ရတယ်။ အထူးယာဉ်တွေက အရင်တုန်းက လေအေးဆက်ရှိတယ်လို့ ပြောတာပဲ။ ဒါပေမယ့် ခုတော့လဲ
လေအေးစက်မရှိတော့ပါဘူး။

ပွဲစားများ

စာဖတ်သူတို့ ရေ..အခန်းတွေဌားမယ်ဆိုရင်...အခန်းတွေအများအားဖြင့်က ပွဲစားတွေလက်ထဲမှာပဲဗျ။ ကိုယ်က အခန်း
လိုက်မေးတုန်း..အဒေါ်ကြီးတွေက စေတနာရှိရှိနဲ့  လိုက်ကူပေးတာမဟုတ်ဘူးနော်။ အကောင်းဆုံးကတော့ အခန်းကို
ဌားနေတဲ့ (အဆောင်ဆိုရင်)သူတွေကို အဆောင်မှူးလိပ်စာမေးပြီး တိုက်ရိုက်ဆက်သွယ်ရင်တော့ ပွဲစားခ သက်သာ
သာပေါ့ဗျာ။

အခန်းရှာမရလို့ စိတ်ညစ်ပြီး...ပေးချင်ပေးရ ဘယ်လောက်ဖြစ်ဖြစ်ပေးမယ်လို့ များစဉ်းစားထားရင်လဲ.. ပွဲစားနဲ့ ပထမ
ဆုံး...သဘောတူညီမှုလေးတွေယူပါ။ အခန်းရပြီးရင်တော့ သူတို့ တောင်းသမျှကိုပေးရမှာဗျ။

ကျနော့်သူငယ်ချင်းတုန်းကများ..ပိုက်ဆံမရှိလို့  ပွဲစားခမပေးနိုင်ဘူး..အခန်းဌားတဲ့လူဆီကိုတာညွှန်ပြပေးပါလို့ ပြော
တာကို...“မောင်လေးရယ်..မမနားလည်ပါတယ်။ အခုကစေတနာတစ်ဝက်နဲ့  လိုက်လုပ်ပေးတာပါ။ ပိုက်ဆံမရှိလဲ
ရှိတဲ့ ဆွဲကြိုးကို ရောင်းလိုက်ပေါ့ကွယ်” ဆိုတဲ့အဖြစ်မျိုးကြီးနဲ့  မကြုံပါစေနဲ့ လို့ တော့ ဆုတောင်းပေးပါတယ်ဗျာ။

ရှမ်းကလေး

(အတွေ့ အကြုံဆိုတာကလဲ လူတစ်ယောက်ဆီတိုင်းရဲ့  ကံ၊ဥာဏ်၊ ၀ီရိယ ပေါ်မှာမူတည်ပြီး မတူနိုင်ပါဘူးဗျာ။ ဒီစာ
ကိုဖတ်ပြီးတော့ ဒီလိုပဲဖြစ်မယ်လို့ တော့ မစဉ်းစားစေချင်ပါဘူး။ တစ်ချို့ အချက်အလက်တွေကလဲ..စာဖတ်သူများ
ကြိုတင်ပြီးတော့ ကာကွယ်နိုင်လိမ့်မယ်လို့ ..ကျနော်ထင်ပါတယ်။ )

ခရီးသွားမှတ်တမ်း= ရန်ကုန် ၃ (အလုပ်ရှာပုံတော်)

ကျောင်းသားဘ၀ဆိုတဲ့ဘ၀ကြီး ပြီးသွားတာနဲ့  အထုတ်လေးတွေကိုဆွဲကာ ၀မ်းစာအတွက်အလုပ်ရှာရတယ်ပေါ့ စာ
ဖတ်သူများရယ်။ ကျနော်လဲ အထုတ်လေးတွေဆွဲကာနဲ့  ရန်ကုန်ဆိုတဲ့မြို့ ကြီးမှာ အလုပ်တော့ရှိမှာပဲ ဆိုတဲ့ ယုံကြည်
ချက်တွေကို ကိုင်ပြီး အလုပ်ရှာပုံတော်ဖွင့်ပါတယ်။

ဒါပေမယ့်....

ဘွဲ့ လက်မှတ်လေးကိုကိုင်ပြီးတော့ အလုပ်လျှောက်ရင်ရမယ်လို့ ထင်နေတဲ့ကျနော်ဟာ ရန်ကုန်ရောက်မှပဲ ဘာမှကြို
တင်ပြင်ဆင်မှုမရှိပါလားလို့  ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။

ရန်ကုန်မှာ အလုပ်လျှောက်မယ်ဆိုရင်..

၁) မှတ်ပုံတင် (လူလာတာပဲ မှတ်ပုံတင်လိုလို့ လား ဆိုတာတော့ မရဘူးနော်)
၂) ရဲစခန်း ထောက်ခံစာ
၃) ကိုယ်အရင်က လုပ်ခဲ့တဲ့ အလုပ်ရှင်များရဲ့  နာမည်နဲ့ လိပ်စာ (ဆက်သွယ်လို့ ရတဲ့လိပ်စာပေါ့နော်)
၎) ဘွဲ့ လက်မှတ်
၅) ထောက်ခံစာ
၆) ကိုယ့်လိပ်စာနဲ့  ဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်

အပေါ်ကအရာတွေက အလုပ်လျှောက်ရင်လိုတဲ့အရာတွေပါ။ အလုပ်ဆိုတာကလဲ NGOs ခေါ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့ 
တွေရဲ့ အလုပ်ပါ။ စားပွဲထိုးလုပ်မယ်ဆိုရင်တော့ မလိုပါဘူး။

မှတ်ပုံတင်

ဒါကတော့ လူတိုင်းမှာရှိမှာပါနော်။ အလုပ်သွားလုပ်မယ်ဆိုရင် ယူသွားဖို့ မမေ့နဲ့ နော်။

ရဲစခန်းထောက်ခံစာ

ကဲ...စာဖတ်သူများရေ...ကိုယ်ကနိုင်ငံခြားမှာ စာသင်ပြီးတော့ အလုပ်ပြန်လုပ်မယ်ဆိုရင် အိမ်ကိုသာ ကြိုပြီးတော့မှာ
ထားဗျ။ အဲဒါမရှိရင် အလုပ်လျှောက်လို့ မရဘူး။ ပြီးတော့ ရဲစခန်းထောက်ခံစာဆိုတာကလဲ ကိုယ့်မြို့ ကပဲ ယူလို့ ရ
တာနော်။

ကိုယ်အလုပ်လုပ်ခဲ့တဲ့အလုပ်ရှင်နဲ့  လိပ်စာ

ဒီအဆင့်မှာက ကိုယ်က အသေးစိတ်သိရပါတယ်။ တစ်ချို့ အဖွဲ့ တွေဆိုရင် အရင်က အလုပ်ရှင်တွေကိုဆက်သွယ်ပြီး
မေးကြပါတယ်ဗျာ။ ဒါကြောင့် အသေးစိတ်သိဖို့ လိုတာပါ။

ဘွဲ့ လက်မှတ်

ကျောင်းကြီးကပေးလိုက်တဲ့ ထမင်းစားလက်မှတ်ကြီးပေါ့နော်။ (ဘွဲ့ နှင်းသဘင်က ရတဲ့လက်မှတ်ပေါ့။ အမှတ်စာ
ရင်းလေးနဲ့ တော့ မဟန်ဘူးဆရာရေ့ )

ထောက်ခံစာ

ကဲ..လာပြန်ပြီဒီထောက်ခံစာကြီး။ ဒါကတော့ ကိုယ့်အသိတွေကနေ ကိုယ့်ကိုထောက်ခံပေးတဲ့စာတွေပေါ့။ အလုပ်ကို
အရမ်းကြိုးစားကြောင်း...ရည်းစားကင်းစင်ကြောင်း..ဘာရာ..ဘာရာပေါ့။ အဲဒီဟာအတွက်လဲ လိပ်စာအသေးစိတ်
ပေးရတယ်ဗျ။ ဒါကြောင့် ကိုယ်က တစ်ယောက်ယောက်ကို ထောက်ခံခိုင်းမယ်ဆိုရင် သူ့ လိပ်စာတွေ၊ ဖုတ်းနံပတ်
တွေပါတောင်းထားပေတော့။

ကိုယ့်လိပ်စာနဲ့ ဖုန်းနံပတ်

လိပ်စာကတော့လွယ်ပါတယ်။ သူငယ်ချင်းလိပ်စာကောက်ထည့်လိုက်လဲရတာပေါ့။ အဲဖုန်းနံပတ်ကြတော့ ကွိုင်တက်
ရပြီပေါ့လား။ မပူပါနဲ့ ဗျာ။ အခုဆိုရင် ဖုန်းကဒ်လေးတွေရနေပါပြီ။ တစ်ကဒ်ကို ၂၁,၀၀၀ ကျပ်ပါပဲ။ တစ်လခံတယ်။
ကိုယ်ကပဲခေါ်ရင် မိနစ်ပေါင်း ၆၀ ကြီးတောင်ခေါ်နိုင်တယ်။ လက်ခံဖို့ ပဲဆိုရင်တော့ မိနစ်ပေါင်း ၁၀၀ ကျော်တောင်
ခံတယ်ဗျ။

အခွံတာရှိပြီး အဆံမရှိတဲ့ ဖုန်းကဒ်လို့ ပြောချင်ရင်ပြော...တို့ ကတော့ဒါပဲကိုင်တယ်ပေါ့။ အဓိက ကသူများခေါ်တဲ့
အချိန်မှာ ကိုယ်ကချက်ချင်းပြန်ပြောနိုင်ဖို့ ပဲဗျာ။ (အလုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။)

ဖုန်းသွားဝယ်ရင် မှတ်ပုံတင်မိတ္ထူနှစ်စောင်နဲ့ သွားဝယ်ရတယ်ဗျ။ ပိုက်ဆံရှိတိုင်းအားလုံးဖြစ်တယ်ဆိုတာက
သူများနိုင်ငံမှာပဲရတယ်။ ပိုက်ဆံရှိတိုင်း အချစ်..အဲ....ဖုန်းကဒ်တော့ ၀ယ်လို့ မရဘူးဗျ။

အပေါ်မှာပြောပြထားတာက ကိုယ်လိုအပ်တဲ့ဟာပါ။

ကဲ... အလုပ်လျောက်ရအောင်

အလုပ်လျှောက်တော့မယ်ဆိုရင်တော့ တွေ့ သမျှကိုတာလျှောက်လိုက်ပါ။ ပြီးရင် ဘုန်းကြီးကျောင်း၊ ဘုရား
ကျောင်း..ဆိုင်ရာဆိုင်ရာ သွားဆုတောင်းပါ။ ရသွားရောပေါ့?

မရပါဘူး။

ကျနော်အဲမှာနေတုန်းက ကိုယ့်အရည်အချင်းနဲ့ လဲရ..ကိုယ်ကစိတ်ဝင်စားတဲ့ အလုပ်တွေကိုသာ ရွေးပြီးတော့
လျှောက်မယ်လို့  စဉ်းစားထားတာလေရဲ့ ။ အဲဒီမှာ ကျနော့်လိုပဲ အလုပ်ရှာနေတဲ့ သူကိုတွေ့ ပြီးတော့ စကား
ပြောဖြစ်သွားတာနဲ့  အောက်က ပုံပြင်လေးကို ကြားလိုက်ရပါတယ်။

“ကျနော်အလုပ်တွေအများကြီးလျောက်ခဲ့တယ်။ ၁၀၀ မကတော့ပါဘူး။ အဲဒီမှာ အင်တာဗျူးဝင်ရတာဆိုလို့  ၂ ခါ
ပဲရှိပါတယ်။ (အရည်အချင်းမရှိလို့ ပဲနေမှာပေါ့လို့  မထင်လိုက်အုန်းနဲ့ နော်)

အလုပ်တွေလျောက်မယ်ဆိုရင် အသိတွေ အဆက်အသွယ်ရှိရတယ်ဗျ။ တစ်ခါတလေမှာကိုကတင်လိုက်ပေမယ့်
ကိုယ်တင်လိုက်တဲ့ ဖိုင်က အထက်ကိုမရောက်ဘူး။

ဘယ်လိုမရောက်တာလဲဆိုတော့ လူတွေကိုလက်ခံတဲ့ဌာနက သူ့ အဆက်သွယ်တွေရဲ့ ဖိုင်ကိုသာ ယူပြီးတော့
“လူဒီလောက်ပဲအလုပ်လျောက်ပါတယ် ”ဆိုပြီးအထက်ကိုပေးတာတွေရှိတယ်ဗျာ။ ဒါကြောင့် အလုပ်လျောက်တဲ့အခါ
မှာ အဓိကက ကိုယ့်ဖိုင်က အထက်ကိုရောက်ဖို့ ပဲ။

တစ်ခါတုန်းက ဆိုရင်..လျောက်လွှာလက်ခံတဲ့အမက ကျနော့်ကို “မောင်လေး..အလုပ်ရရင် ဘယ်လောက်ပေးမှာ
လဲ?”ဆိုပြီးတော့မေးတယ်ဗျာ။” တဲ့။

“အဲလိုကြီးလား?” ဆိုပြီး သက်ပြင်းလေးချလိုက်တာ..အလုပ်ရှာရလွယ်မယ်၊ အလုပ်ရမယ်လို့  မျှော်လင့်ထားတဲ့
ကျနော့်ရဲ့ မျှော်လင့်ချက်လေးတွေလဲ..တဖြည်းဖြည်းနဲ့  လျော့သွားတယ်ဗျာ။

တကယ့်ကိုရှာရခက်တယ်ဗျာ အလုပ်ကတော့။ ဒါပေမယ့် International NGOs တွေမှာကတော့ အရည်အချင်းက အဓိ
ကပါ။ အဆက်အသွယ်တွေက အဓိကမဟုတ်ပါဘူး။ အဲ..လျောက်လွှာရောက်မရောက်ကတော့ တစ်ပိုင်းပေါ့ဗျာ။

စာဖတ်သူများလဲ ရန်ကုန်ရောက်ပြီးတော့ အလုပ်ရှာချင်တယ် (NGO) အလုပ်တွေပေါ့လေ..Silmon Center (မသေ
ချာဘူး) မှာသွားရှာလို့ ရတယ်တဲ့။ ဒါမှမဟုတ်ရင်လဲ www.ngoinmyanmar.org မှာတက်ရှာလို့ ရပါတယ်။ စိတ်ချပါ
ရန်ကုန်မှာနေရင်လဲ ဒီဆိုဒ်ကိုဝင်လို့ ရပါတယ်။ (တစ်ခါတလေတော့ မရဘူးဗျ)

ကဲအတိုချုပ်လိုက်တော့..ကျနော်က အလုပ်ရသွားတယ်ဗျာ။ မရခင်မှာ ခြေတိုအောင်တော်တော်လေးကို လျှောက်
လိုက်ရပါတယ်။ ဟိုသွားဒီသွား..ရင်းနှီးသူကော..သိသူတွေကော..အားလုံးကိုဖုန်းထိုင်ပြီးဆက်နေတာများဗျာ
ကုလသမဂ္ဂက ပြန်ကြားရေးမူးတွေတောင် အရှုံးပေးရမယ်ဗျ။ အဲဒီချိန်တုန်းကဆိုဗျာ..စိတ်ညစ်လိုက်တာမှ အရမ်း
ပါပဲ။ ဘာအလုပ်မှ ရှာလို့ မရဘူး။

အလုပ်ခေါ်တဲ့စာတွေလဲ..သိပ်မထွက်ဘူးဗျာ။ (တော်တော်ကံကောင်းပုံက..အဲလို)။ နောက်ဆုံးတော့လဲ သူငယ်ချင်း
ကောင်းမှုနဲ့  သူတို့ အကြီးအကဲကိုတွေ့ ..စကားလေးပြော..ပြီးတော့ အလုပ်ခန့် အပ်ခြင်းကို ခံလိုက်ရတော့မှပဲ
အပူလုံးကြီးက “ဂလုံ” ဆိုပြီးကျသွားပါတယ်ဗျာ။

ကံမကောင်းခြင်းက ဘယ်တော့မှ တစ်ယောက်တည်းမလာဘူးဆိုတဲ့အတိုင်းပေါ့ဗျာ..အလုပ်ရှာတုန်းက ဘာမှမရှိတဲ့
အလုပ်တွေလေ..အလုပ်လဲရရော..ဒီနေရာလိုတယ်..ဟိုနေရာလိုတယ်ဆိုပြီးတော့ လာလိုက်တာများ..ကျနော့်
အီးမေးလ်ထဲမှာ ပြည့်နေလိုက်တာ..ကျနော်လဲ..အမြင်ကတ်ပုဒ်မနဲ့  အားလုံးကို ဖျက်ချဖြစ်လိုက်ပါတယ်။

ဒါကြောင့်..စာဖတ်သူများလဲ.. အလုပ်ရှာရင်စိတ်ဓါတ်မကျပါနဲ့ ။ ကိုယ့်နဲ့ သင့်လျော်တဲ့အလုပ်မရှိသေးဘူးလို့ သာ
မှတ်ပေါ့ဗျာ။ ပြီးတော့ ကိုယ်စိတ်မ၀င်စားတဲ့အလုပ်ကိုလဲ..မလုပ်ပါနဲ့ ..(အလုပ်က မိန်းမပြီးရင်..ကိုယ်နဲ့ အများ
ဆုံးထိတွေ့ ဆက်ဆံရတဲ့ ဒုတိယ မိန်းမဖြစ်နေတာကိုး)။ အချိန်တန်ရင် နားပိန်ကန်မယ်.. ဆိုပြီးတော့လဲ ထိုင်စောင့်
နေတာလဲမဟုန်သေးပါဘူး။ ကိုယ်လိုချင်တဲ့ဟာ...ကို..တစ်စိုက်မတ်မတ်လုပ်မယ်ဆိုရင်အားလုံးဖြစ်ပါတယ်ဗျာ။

ဟိုးငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ဦးကျော်ဟိန်းဇာတ်လမ်းထဲကလို “ငါလုပ်ရင်ဖြစ်တယ်..ငါဖြစ်အောင်လုပ်မယ်”
ဆိုတဲ့စကားလုံးလေးအတိုင်း..ကိုယ့်ကိုကိုယ် ယုံကြည်ပြီးတော့လုပ်ပေါ့ဗျာ။ ယုံကြည်မှုလျော့နေရင်လဲ..အလုပ်
လျောက်ပြီးတိုင်း..ဘုရားမှာသွားပြီး...ရှိခိုး၊ ပုတီးစိတ်၊ ဆုတောင်းပေါ့..


အားလုံးပျော်ရွှင်ပါစေဗျာ...

ရှမ်းကလေး

ချစ်သောမိုး

ညှိ့ ညှိ့ မိုင်းမိုင်းနဲ့  အေးချမ်းစေတဲ့မိုး
မိုင်းကောင်းကင်ပေါ်က မင်းလေးဆင်းသက်ပြီး
ကိုယ့်ခန္ဓာပေါ်မှာ ပြေးကစားတုန်းမှာ
အေးချမ်းခြင်းယူဆောင် အပူမလောင်စေပဲ
ငါ့ကိုချမ်းစေတဲ့ ငါချစ်သောမိုး။

ရာသီတွေပြောင်းလဲ မင်းကိုအမြဲပဲ
ခံစားချက်တွေက ငါ့ရဲ့ ရင်ထဲမှာ
မပြောင်းလဲခဲ့ပဲ မင်းကိုအမြဲသာ
စောင့်မျှော်နေခဲ့တာ ယုံပေးစမ်းပါကွာ
ငါချစ်တဲ့မိုးရာ။

ရှမ်းကလေး

Wednesday, October 6, 2010

အသီး၊အနှံ ကြိုက်သူများအတွက် သတိတစ်ချက်

သတိဆိုတာ ရှိရင်ပိုတယ်မရှိပါဘူးဗျာ။ ဒါကြောင့် ကိုယ်က အသီးဝယ်ရင် ကိုယ့်ဟာကိုယ် စိပ်ပြီးစားတာက အန္တာရယ်
ပိုကင်းပါတယ်။

အရေးကြီးမှု။ ။ အမြင့်ဆုံး

စင်္ကာပူမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။

၁၀ နှစ်အရွယ် ကလေးလေးသည် လမ်းဘေးအသီးရောင်းသူမှ နာနတ်သီးကို ၀ယ်စားပြီး ၁၅ ရက်ကြာသောအခါ
အပြင်းဖျားလေသည်။ အဖျားလွယ်လွယ်ဖြင့်မကျသောကြောင့် ဆေးရုံတွင် သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ...ကလေးလေးတွင် ခုခံအားကျဆင်းရောဂါ AIDS ရောဂါခံစားနေရကြောင်း တွေ့ ရှိရသည်။ ထို
သတင်းကြားသောအခါ တစ်မိသားစုလုံး သွား၍ သွေးစစ်သောအခါတွင် မည်သူမှ ထိုရောဂါ ခံစားရခြင်းမရှိပေ။

သို့ နှင့် ဆရာဝန်များက ကောင်လေးအား မေးမြန်းသောအခါ..ကလေးလေးက လွန်ခဲ့သော အပတ်တွင် နာနတ်သီး
စားခဲ့ကြောင်းပြန်လေဖြေကြားသောအခါ.. ဆရာဝန်များသည် အသီးရောင်းသူထံသို့ သွားကာ စစ်ဆေးမှုများပြုလုပ်
သောအခါ.. တွေ့ ရသည်မှာ....

ရောင်းသောသူ၏ လက်ညှိးတွင် ဓါးရှရာ ရှိသည်ကိုတွေ့ ရလေသည်။
်
ထို့ နောက် ထိုသစ်သီးရောင်းသောသူ၏ သွေးအားစစ်ဆေးသောအခါ HIV ပိုးများကိုတွေ့ ရှိရသည်။ ရောင်းသောသူ
လဲ..မိမိတွင် ထိုရောဂါရှိသည်ကိုမသိပါ။

သို့ သော်..ကံမကောင်းသော ကလေးလေးမှာ ရောဂါပိုးကူးစက်ခြင်းခံရလေသည်။ ထို့ ကြောင့် ထိုသို့ မဖြစ်ရန်
စာဖတ်သူများအနေဖြင့် အသီးများဝယ်စားခဲ့လျှင် ကိုယ်တိုင် ခွဲ၊ စိပ် ပြီးစားသုံးခြင်းအားဖြင့် ထိုအဖြစ်မျိုးမှကင်း
လွှတ်နိုင်ပါစေဗျာ။


ရှမ်းကလေး (အီးမေးလ်မှစာအား ပြန်၍ ဘာသာပြန်ထားပါသည်။ )

ဟာသတိုလေးများ

လူတစ်ယောက် ခရစ်ယာန် ဘုန်းတော်ကြီးဆီမှာ အပြစ်ဝန်ခံနေသည်။

လူ ။ ။ဖားသား တပည့်တောအပြစ်ဝန်ခံချင်လို့ပါ။

ဘုန်းတော်ကြီး။ ။ပြော ... ငါ့သား

လူ ။ ။ကျွန်တော် တနေ့ကသူငယ်ချင်းတစ်ယောက်အိမ်သွားလည်တာ

သူငယ်ချင်းလည်းမရှိဘူး....

သူ့မိန်းမပဲရှိတယ်။ ဒါကြောင့် မကောင်းပါဘူးဆိုပြီးပြန်မယ်လည်းလုပ်ရော ရုတ်တရက်မိုးကရွာပါလေရော။ ခက်တာ
က ကျွန်တော့်မှာ ထီးကလည်းမပါဘူး။ဒီတော့ မိုးကလည်းရွာထီးကလည်းမပါနဲ့ သူငယ်ချင်းမိန်းမနဲ့ မှားပါလေရော။
်

ဘုန်းတော်ကြီး။ ။အင်းလေ ... ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့သိပ်ပြီး အပြစ်
မရှိပါဘူး.......

လူ ။ ။တနေ့က ခယ်မအိမ် အလုပ်ရှိလို့သွားတာ ခယ်မခင်ပွန်းကလည်းမရှိဘူး၊ဒါနဲ့ပြန်မယ်လည်းလုပ်ရောမိုးကရွာပါ
လေရော၊ ကျွန်တော်လည်း ထီးလည်းမပါဘူး၊ ဒီတော့မိုးကလည်းရွာထီးကလည်းမပါနဲ့ခယ်မနဲ့ မှားခဲ့ပါလေရော။

ဘုန်းတော်ကြီး။ ။အင်းလေ ... ပြန်ချင်စိတ်ရှိပါလျက် မိုးကလည်းရွာ ထီးကလည်းမပါဆိုတော့သိပ်ပြီး အပြစ်မရှိ
ပါဘူးလေ။

လူ ။ ။ဟိုနေ့ကလည်း ယောက္ခမအိမ်သွားတော့ မိန်းမရဲ့မောင်ကလွဲ့ပြီး ဘယ်သူမှမရှိဘူး။အဲဒီကောင်ကလည်း
အမတွေနဲ့နေပါများလို့ နည်းနည်းခြောက်နေတယ်။ပြန်မလို့လည်းပြင်ရော ထုံစံအတိုင်းမိုးကရွာ ထီးကလည်း
မပါနဲ့ မိန်းမရဲ့မောင်နဲ့ မှားခဲ့မြိပန်ရော။

ဘုန်းတော်ကြီးက အနည်းငယ်ကြောက်ရွံ့သော အသံနှင့်ပြောသည်။
်

ဘုန်းတော်ကြီး။ ။ အခုကောထီးပါလား?

လူ ။ ။မပါဘူးလေ ... ဘာဖြစ်လို့လဲ ?

ဘုန်းတော်ကြီး။ ။မိုးအုံ့နေပြီ မြန်မြန်ပြန်တော့ ။


မှန်လိုက်လေ


လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရောပါးစပ်ကပဲ ပြန်ထုတ်တာ"

အမေတာဝန်ယူတယ် ….

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"

" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ်"


မေ့မေ့ သင်္ချာ


သမီး။ ။ “အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်တောင်းနေတယ်မေမေ…ဘယ်သူ့ကိုရွေး ရမလဲ
မတိပါဝူး မေမေရယ်…။”

အမေ။ ။ “ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှညဉ်းအဖေကိုရွေးခဲ့တာအေ့… ဒါနဲ့..
သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့….”

သမီး။ ။ “ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့…သာယာဆိုတဲ့ တစ်ယောက်
ကတော့ သဘောင်္သား မေမေ…”

အမေ။ ။” သြော်… ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့…သင်္ဘောသားကိုရွေး….. သူတို့သမီးကိုချစ်တာ
၁၅၀၀ ခြင်းညီမျှတောင်ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့……”

ချစ်လို့ကျီစယ်……

အရူးဆေးရုံ တစ်ခုမှာပါ။

အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။ဆရာဝန်တွေက သူ့ကိုဖမ်းပြီး
ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့သူ က.....

“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော်သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး
အိမ်သာ ထဲမှာ ၀ှက်ထားတာ။သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။

ပါတော့ ပါသွားတယ်………

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါအလွန်စိုးရိမ်တက်သော
ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ?

ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ

ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ

ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ။

မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ

ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်

လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက “ယောင်္ကျားတွေဟာမိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ

ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာရှာကြည့်ပါရှင်။

သူ မှာထားခဲ့လို့

“ ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ? ”

” ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင်လူရမ်းကားတွေနဲ့ ရင်ဆိုင်ရ
တဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ပါ။”


မြန်မာကွ………

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ
Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။

“ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။
ဒီတော့ အမေရိကန်တွေက

“လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ”ဆိုပြီး
ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော … ဘာမှ
မတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

“မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။

Thursday, September 30, 2010

အပြုံးပန်းဝင့်တဲ့..ငါ

လေနဲ့ အတူ အေးချမ်းခြင်းက
ငါ့မျက်နှာကို ဆော့ကာကစား
ကြည်နူးမှုက င့ါရင်လေးကို
လှုပ်ရန်းသွားတော့ ငါပြုံးမိတယ်။

ငါ့ရှေ့ ဆီက ပင်လယ်ပြာကြီး
လှိုင်းကြီးငယ်ကို ထုတ်လွှတ်လိုက်ပြီး
ငါ့ခြေဖျားကို ထိကာတို့ လို့ 
ငါမမိခင်မှာ နောက်ကိုဆုတ်ပြီး
ကလေးငယ်လို ငါ့ကိုစတယ်။

မျက်နှာမူတဲ့ အရပ်ဘက်မှာ
လူသူမဲ့လို့  ခပ်ပြာပြာနဲ့ 
ပင်လယ်ကြီးရယ် လေလေးတွေက
ငါ့အဖော်လို ၀ိုင်းရံထားရဲ့ ။

တိုက်ခတ်လေက အနံ့ မပါ
ခြောက်ကပ်နေလဲ အဖော်မဲ့ပြီး
ရင်မှာဟာလဲ
ငါ့မျက်နှာမှာ အပြုံးပန်းတာ
ဝင့်နေမိတယ်။

လေပြေ

မြုပ်လိုက်မယ်..

ကြေကွဲခြင်း၏ မျက်ရည်တစ်စ
မင်းနဲ့ ဝေးမှ နှလုံးသားက
အဆက်မပြတ် ခက်ထန်မှုနဲ့ 
ယိုဆီးစိမ့်နေ။

ကြိတ်မှိတ်မေ့ကာ မောင်းထုတ်ပေမယ့်
ခိုကပ်ပြီးတော့ စိတ်၊....................နှလုံးမှာ
ဖျောက်မရတဲ့ ဒါဏ်ရာအလား
ပိုတ်သိပ်ကြိတ်ပြီး ခိုကပ်လွန်းတဲ့
လွှမ်းမောမှုဟာ..

နေ့ စဉ်ရက်ဆက် နှိပ်စက်လွန်းလို့ 
မခံနိုင်ပဲ တုန်ရီစွာနဲ့ 
အာခေါင်ဟစ်ကာ နှလုံးပေါက်ထွက်
ဖွင့်လန်ထုတ်ပြီး
အော်ခေါ်မိတဲ့ ငါ့အသံက

နာကျဉ်းမိခဲ့ ငါ့ရဲ့ အမှား
နှုတ်ပိတ်မရ မေ့လို့ မရ
တင်းကျပ်မောအိုက်

ဒီခံစားချက်ကို အပိုင်းပိုင်းတွေ
ခုတ်ထစ်လိုက်ပြီး
မြုပ်လိုက်ချင်ရဲ့  မင်းအချစ်နဲ့ ။


လေပြေ

Wednesday, September 29, 2010

အထာလေးက...

နေရာက ညနေပိုင်းကပွဲလေးတစ်ရေရာတွင်ဖြစ်သည်။

ရုပ်ရည်သန့် ပြန့် သော ယောင်္ကျားလေးတစ်ဦးထံသို့  လှပချောမောသော မိန်းကလေး လျှောက်လှန်းလာပြီးနောက်..

မ။ ။ “ရှင်က ကျမရဲ့  တတိယအိမ်ထောင် ယောင်္ကျားနဲ့  အရမ်းကိုတူတာပဲ”

ထိုအခါ ယောင်္ကျားလေးမှာ အံ့သြသွားပြီး..ပြန်၍မေးလိုက်သည်...

က။ ။“ သူက အိမ်ထောင်ဘယ်နှစ်ခါလောက်တောင် ပြုဖူးတာလဲ?”

မ။ ။ “ နှစ်ခါပါ။ အရင်လတုန်းကပဲ...ကျမ ဒုတိယ အိမ်ထောင်နဲ့  ကွဲသွားတာ” တဲ့။

ရှမ်းကလေး