လေနဲ့ အတူ အေးချမ်းခြင်းက
ငါ့မျက်နှာကို ဆော့ကာကစား
ကြည်နူးမှုက င့ါရင်လေးကို
လှုပ်ရန်းသွားတော့ ငါပြုံးမိတယ်။
ငါ့ရှေ့ ဆီက ပင်လယ်ပြာကြီး
လှိုင်းကြီးငယ်ကို ထုတ်လွှတ်လိုက်ပြီး
ငါ့ခြေဖျားကို ထိကာတို့ လို့ 
ငါမမိခင်မှာ နောက်ကိုဆုတ်ပြီး
ကလေးငယ်လို ငါ့ကိုစတယ်။
မျက်နှာမူတဲ့ အရပ်ဘက်မှာ
လူသူမဲ့လို့  ခပ်ပြာပြာနဲ့ 
ပင်လယ်ကြီးရယ် လေလေးတွေက
ငါ့အဖော်လို ၀ိုင်းရံထားရဲ့ ။
တိုက်ခတ်လေက အနံ့ မပါ
ခြောက်ကပ်နေလဲ အဖော်မဲ့ပြီး
ရင်မှာဟာလဲ
ငါ့မျက်နှာမှာ အပြုံးပန်းတာ
ဝင့်နေမိတယ်။
လေပြေ
Thursday, September 30, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment