Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, December 18, 2011

နေ့ စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါး သို့   ပြောင်းသွား သဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည် လည်း ဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အဘိဏှသုတ်

(ကျနော်သည် အချစ်၏ပူလောင်ခြင်းကို ခံစားရ၏။ သို့ သော် ထိုပူလောင်ခြင်းကို မြဲမြံစွာဆက်လက်ကာ စွဲကိုင်ထားလေသည်။ ဒီအချစ်ကိုစွန့် နိုင်ပါက အေးချမ်းသော ဘ၀ရရှိမည်ကိုသိသော်လဲ မိုးခါးရေကို ဆက်လက်ကာ သောက်သုံးနေသည်။ ကျနော်စဉ်းစားသည်မှာ ဒီခံစားချက်များသည် ကျွန်ုပ်အား လူသား ဖြစ်ကြောင်း ဖော်ပြသော အရာများဟု သတ်မှတ်လေကြောင့်ဖြစ်လေသည်။)

သို့ သော်..အဖြစ်ရှိက အပျက်တရားအမြဲရှိသကဲ့သို့  အလွန်အကျွံမဖြစ်အောင်တော့ ထိန်းသိမ်းသင့် ကြောင်းနှလုံးသွင်းမိလေသည်။ ထိုသို့ ထိန်းသိမ်းပါက အချစ်လျော့သွားမည်ကိုစိုးရိမ် ပြန် သဖြင့် ဆက်လက်ကာ မိုးခါးရေသောက်ပါသည်။ သိသိနှင့်လုပ်သောသူကို လူမိုက်ဟု သတ်မှတ်သကဲ့သို့  ကိုယ့်ကိုကိုယ်အား လူမိုက်ပါလားဟု သံဝေဂတမိပါသည်။

နောင်ချိန်ခါတွင် ဤကပ်ညိခြင်းကြောင့် ပျက်ဆီးခြင်းသို့ တိုင်ရောက်နိုင်ကြောင်းသိပါသော်လဲ စွဲစွဲမြဲမြဲချစ် နေဆဲဆိုသည့် ဤလူမိုက်ကား တရားကိုပို၍အားထုတ်ရပေတော့မည်.. သို့ မှသာ ငြိမ်းချမ်းခြင်း အစစ်အမှန်ကို သိပေတော့မည်ဟု တမ်းတမိသဖြင့် အားလုံးအားဝေမျှပေးပါသည်။)


ရှမ်းကလေး



စောင့်နေဆဲပါ

ခွဲခွါချိန်ခါ ကြာခဲ့ပြီမို့ 
မှုန်လို့ တောင်ဝါး ကြည့်ဖန်များတဲ့
တို့ ရဲ့ ဓါတ်ပုံ

ရံဖန်ခါများ ၀ိုးဝါးပုံရိပ်
စိတ်ထဲဖြတ်လာ
ကြိမ်ဖန်ခါများ လွမ်းခဲ့မိတယ်။

ရက်တွေကြွေလို့  နေ့ တွေဆုံးလဲ
ခိုင်ခံ့သန်မှာ ဒီအသဲဖြင့်
စောင့်နေခဲ့တာ
ခုတိုင်ပါပဲ။




လေပြေ

Monday, December 12, 2011

ပိုလို့ အေးတယ်ကွာ..

အေးလွန်းနေတဲ့ ဆောင်းညတွေမှာ
လိုအပ်နေတဲ့ ဒီနှလုံးသား
ပေးအပ်နိုင်တာ ချစ်ရဲ့ နွေးထွေး
စိုးရိမ်မှုတွေ...

အေးနေမလား??
ရင်ထဲစကား ဖွင့်ဟခဲ့ရင်
အားလုံးအန်တု မမှုတော့တဲ့
နှလုံးသားပါ။

ခုတော့လဲလေ..
ခဲနေပြီလား မင်းနှလုံးသား
လှုပ်လီလှုပ်လဲ့ ဒီနှလုံးသား
အေးစက်မှုမှာ
ခိုမီမဲ့စွာ
ပါးပြင်ထက်က အပူပေါက်နဲ့ 
ရင်ကိုပိုလို့ 
အေးစေခဲ့တယ်။

လေပြေ..

Thursday, December 8, 2011

ဝေခွဲမရနိုင်တဲ့ဒီလမ်း...

အချစ်က ဒီဖက်မှာ..
ဟိုဖက်က..လူမျိုး..
ဒီနှောင်ကြိုးအလယ်မှာ..
မှုန်ဝါးခြင်းတွေနဲ့ ...
မိန်းမူးမိတဲ့..ငါ့ဘ၀။

မျက်စိစုံမှိတ်လို့ ..
အသဲကိုဦးစားပေးကာ..
အချစ်ရွာကိုငါလိုက်ခဲ့...။

ရံဖန်ခါလဲ..
ဟိုဖက်ကိုငါ..လှမ်းချက်လိုက်တာ..

ဒီချိန်ခါထိ..
ငါမသိသေးတာ..
ဘယ်ဖက်ကိုငါ..ဦးစားပေးမလဲ?


ရှမ်းကလေး..

ဘယ်လောက်ဝေးဝေး

ရင်နာမှန်းငါသိပေမယ့်..
အနာခံပြီးဆက်လျှောက်ခဲ့တဲ့ဒီလမ်း
ငါ့နှလုံးသားတွေ လှမ်းလိုက်တိုင်းမှာ တစ်စဆီချိုးကာပဲ့လို့ 
ဘယ်လောက်ဝေးဝေး...ခံနိုင်မလဲ?


လေပြေ

Friday, December 2, 2011

နော်...

မတူညီခြင်းတွေက
ပုတ်ခတ်ရိုက်နှက်နေတော့
သိမ်မွေ့ တဲ့ မင်းနှလုံးသားဘယ်ခံနိုင်မလဲ။

လှိုင်းလေခတ်ထန်တုန်း
မင်းမဖြတ်ကူးနိုင်ချိန်မှာ
ဒေါသသံနဲ့  မာထန်ထန်ဖြစ်မှာပေါ့နော်..

ငါက ညံ့တော့
မင်းဒေါသ ကိုမဖြေဖျောက်နိုင်လေတော့
မင်းစိတ်ညစ်ရမှာပေါ့နော်..

ဒါပေမယ့်လဲ

ဟိုချိန်တုန်းက ငါရှုံးနှိမ့်ချိန်မှာ
မင်းသာငါ့အနား အမြဲအားပေးခဲ့သူ
မင်းငိုချိန်မှာတော့..
ငါကတစ်လှည့်ပြန်ကြည့်ပါရစေနော်။ ..

ချစ်တဲ့


လေပြေ

Friday, November 25, 2011

ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၂)

တစ်နေ့ မှာတော့ ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့  အင်းထဲကိုသွားလည်ဖြစ်ပါတယ်။ အဲနေ့ ကတော့ တစ်နေ့ လုံးစင်း
လုံးဌားခကို ၃၀၀၀၀ ပေးရပါတယ်။ လှေကတော့ စက်လှေဖြစ်ပါတယ်။ ၁၀ လောက်တော့ဆန့် တယ်ခင်ဗျ။



ဒါကတော့ စက်လှေစတင်ပြီးထွက်တာနဲ့  တွေ့ နိုင်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီလိုမျိုးအိမ်ဆောက်ပုံလေးတွေကို အင်းလေး
ကန်တစ်လျှောက်လုံးမှာတွေ့ ရမှာပါ။



ဒီပုံကတော့ ဘာအဆောက်အဦးရယ်လို့ တော့ ကျနော်မသိပါဘူး။ အဝေးက မြင်လို့ ဖမ်းရိုက်ထားတာပါခင်ဗျာ။



ဒါကတော့ ရေပေါ်စိုက်ခင်းများဖြစ်ပါတယ်။ ၀ါးလုံးတွေစိုက်ထားတာကတော့ စိုက်ခင်းတွေရေနဲ့  မျောမသွားအောင်လို့ ပါ။
များသောအားဖြင့် စိုက်ပျိုးတဲ့သီးနှံကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။



ဟင်္သာရုပ်ပါ။ ဘယ်လို အထိမ်းအမှတ်နဲ့ စိုက်ထားတယ်ဆိုတာကိုတော့ ကျနော်မသိပါဘူး။



အင်းလေးထဲမှာ လျှပ်စစ်မီးတွေထိန်ညီးနေတာတွေ့ တော့ ဓါတ်တိုင်တွေကိုလိုက်ရှာတာ.. ဟော..ဒီမှာပါ.. အင်းထဲကဓါတ်တိုင်။



်အဲနေ့ က ဈေးနေ့ နဲ့ တိုးလို့ ဈေးရောင်းတာတွေကို တွေ့ ရတာပါ။ ဒီလိုမျိုးရောင်းတာကို ကျနော်တို့ နိုင်ငံမှာပဲတွေ့ နိုင်တယ်
နော်။ အဲလိုရောင်းတာတွေတွေ့ လိုက်တော့.. ကြည်နူးမိပါတယ်။ ငယ်ငယ်က ဈေးသွားတုန်းက တွေ့ ရတဲ့ပုံစံမျိုးပဲလေ။
အချိန်ဟောင်းတွေကိုတောင် ပြေးသတိမိလေရဲ့ ။



မည်းမည်းနဲ့ က လက်ဖက်ခြောက်ပါ။ ဈေးထဲမှာ ”စားလို့ ရတဲ့ မြေကြီး” တွေတောင် တွေ့ လို့ ဝယ်ဖြစ်လိုက်ပါတယ်။ အရသာ
ကတော့.. အင်း..မပြောပြတတ်ဘူးပဲ။ ဖော့စားရသလိုတော့ မဟုတ်ပါဘူး။ အနံ့ ကတော့ သင်းသင်းလေးပါ။ မြေကြီးဆိုတဲ့
အသိစိတ်ကရှိနေလို့ လားတော့ မသိဘူး သိပ်ပြီးတော့ မစားဖြစ်ပါဘူး။



ဒါလဲပဲ ဈေးရောင်းတဲ့မြင်ကွင်းပေါ့နော်။ ဒါပေမယ့် ဒီမှာထူးခြားတာလေး တစ်ခုတော့ ပြောပြချင်ပါတယ်။ နောက်ခံကို ကြည့်
လိုက်မယ်ဆိုရင်.. မိုးက အုံ့ အုံ့ လေး၊ ပြီးတော့ ဖြူစင်တဲ့ဝတ်စားပုံနဲ့  ဈေးရောင်းတဲ့ စတိုင်လ်နဲ့  အရမ်းကိုလိုက်ဖက်တယ်လို့ 
ကျနော်ခံစားရပါတယ်။ ဒီလို လှပမှုမျိုးကို အဲမှာပဲ တွေ့ နိုင်မယ်လို့ ထင်ပါတယ်။



ဒါကတော့ မုန့် လုပ်နေတာပါ။ မစားလိုက်လို့ မသိလိုက်ပါဘူး။



ဒီပုံကလဲ..ငယ်ငယ်က ပုံရိပ်တွေကို သတိပေးတဲ့ဓါတ်ပုံလေးဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လေးကွဖြစ်တာကို မခုံမင်ပေမယ့်
လို့ လဲ.. သူငယ်ချင်းတွေနဲ့  တော့ လောက်စာလုံး.. လုံးဖြစ်ပါတယ်။



ဒီဆောင်းတန်းကတော့ ရှေးဟောင်းစေတီကိုသွားဖူးတဲ့ လမ်းဖြစ်ပါတယ်။ အဲနေ့ တုန်းကတော့ သူငယ်ချင်းနဲ့ ပြောဖြစ်
ပါသေးတယ်။ အဲဒါကတော့ .. အဲမှာ ရှေးဟောင်းအနုပညာတွေအများကြီးရှိနေပြီး.. ဘယ်သူမှသွားမကြည့်လို့ ထင်ရဲ့ 
အရမ်းကိုခေါင်သလိုလိုကိုဖြစ်နေတာ။ အကယ်၍လူထုက နဲနဲ ပြုပြင်ပြီး လေ့လာစရာနေရာအဖြစ်လုပ်လိုက်မယ်ဆိုရင်.. သူများနိုင်ငံတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်ဆိုတဲ့ နေရာတွေတောင် ဒီနေရာကို မမှီဘူးလို့ လေ။ လူထု
က မလုပ်ရင်တော့ ကြာလာရင်.. ကုမ်ပဏီတွေဝင်ပြီး ကန်ထရိုက်တာဆွဲလိုက်လို့ ကတော့ လူထုတွေဘာမှာ အကျိုး ခံစားရမှာမဟုတ်ဘူးပေါ့ဗျာ။



တန်ဆောင်းကို တစ်လျှောက် ၂၅ မိနစ်လောက်လမ်းလျှောက်ပြီးသွားတဲ့အခါမှာ တွေ့ မြင်ရမယ့် ရှေးဟောင်းစေတီများဖြစ်ပါ
တယ်။ (တန်ဆောင်းတစ်လျောက်မှာတော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဈေးဆိုင်တွေရှိပါတယ်)



ဒါကတော့ အင်းလေးကန်က နာမည်ကြီး ဘုရားများကိုးကွယ်ပူဇော်ဖို့  ထားတဲ့နေရာဖြစ်ပါတယ်။



ဒါကတော့ ရေလယ်စားသောက်ဆိုင်ပါ။



ဒါကတော့ ရေလယ်မှာတည်ထားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းပါ။ (ကြောင်ခုန်ဘုန်းကြီးကျောင်းလို့ ခေါ်တယ်ထင်ပါတယ်။
ဧည့်သည်တွေသွားရောက်ကြည့်ရှုတဲ့အခါမှာ ကြောင်တွေက အမျိုးမျိုးခုန်ပြတယ်လို့ ပြောပါတယ်။ အဲနေ့ က မိုးနဲနဲရွာတာ
ရယ်ကြောင်ခုန်တာ.. စိတ်ဝင်စားစရာလားလို့ တွေးမိပြီး မ၀င်ကြည့်ဖြစ်ပါဘူး။ နောက်တစ်ခုကတော့ ပိုက်ဆံပေးရတယ်ဆို
လို့ ပါ။)



ဒီပုံလေးကတော့ နောက်ဘုန်းကြီးကျောင်းတစ်ခုပါ။



အင်းထဲရောက်မှတော့ ကြာသင်္ကန်းယက်လုပ်တာလေးကြည့်ပြီး ဘုရားကပ်ဖို့ ဝယ်မယ်စိတ်ကူးပြီး သွားကြည့်ဖြစ်ပါတယ်။
ဒါလေးကတော့ ကြာကနေ ကြာချည် တွေကိုယူပြီး မပြတ်မတောက်ပဲ.. ယက်လုပ်ဖို့ အသင့်ဖြစ်အောင်လုပ်နေတာပါ။ ကျ
နော်ငယ်ငယ်တုန်းကတော့ အိမ်ကဒီလိုလုပ်တာ တွေ့ ဖူးပါတယ်။ ဒါပေမယ့် အဲတုန်းက ဘာမှ မသိလိုက်ပါဘူး။



ကြာချည်တွေကို သင်္ကန်းဖြစ်လာအောင် ပဏာမ လုပ်နေတာပါ။ ကြာပန်းကနေ သင်္ကန်းတစ်ခုဖြစ်လာဖို့ ဆိုတာ လွယ်တဲ့
ကိစ္စမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ၁ နှစ်ခွဲထိ အချိန်ယူပါတယ်။ ဒါကြောင့်မို့  ဈေးနှုန်းကလဲ ကြီးပါတယ်။ သင်္ကန်း
တစ်စုံကို ၁၅ သိန်းပေးရပါတယ်ခင်ဗျာ။ ကျနော်လဲ ကြားတုန်းက ကိုယ့်နားကိုတောင်.. ကိုယ်မယုံလို့  ထပ်မေးမိပါတယ်။
အဲမှပဲ.. ကြာယက်တဲ့ အန်တီက ကျနော်တို့ ကို ရှင်းပြတာပါ။ အဲနေ့ တုန်းက သူငယ်ချင်းတော့ ဘုရားကပ်ဖို့  မျက်နှာ
သုတ်ပုဝါ အရွယ်ကို ၃၀၀၀၀ နဲ့ ဝယ်ဖြစ်ခဲ့ပါသေးတယ်။



ဒီလိုနဲ့ ပဲ ကျနော်တို့ ခရီးစဉ်လေးဟာလဲ ပြီးဆုံးခဲ့ပါတယ်။ ဒီပုံလေးကတော့ နောက်ဆုံးမှာရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ ကျနော်
ပြေပြတာတွေက တစ်စိတ်တစ်ဒေသပဲရှိပါသေးတယ်။ သူငယ်ချင်းများအနေနဲ့  အခြေအနေပေးရင်တော့ (လုပ်ယူရမှာပေါ့
နော်) သွားလည်ကြပါလို့  ထပ်မံတိုက်သွန်းလိုပါတယ်။

........................

အဲလိုနဲ့ ပဲ ရန်ကုန်ကိုပြန်ရောက်လာပါတော့တယ်။ ရန်ကုန်ပြန်ရောက်လို့  အိတ်ချယုံလေးပဲရှိပါတယ်.. သူငယ်ချင်းက
အလုပ်ကိစ္စရှိတယ်ဆိုပြီး နောက်တစ်နေ့ မှာ ရခိုင်ကိုသွားဖို့  ကားလက်မှတ်ဖြတ်ထားပေးတယ်လို့ ပြောလာတော့လဲ
ကျနော်လဲ.. အိတ်ကိုတောင်မပြင်တော့ပါဘူး။ ရှိနေတဲ့ အိတ်ကို အခန်းထဲသွင်းပြီး နောက်တစ်နေ့ မှာ ရခိုင် (ကျောက်ဖြူ)
ကိုသွားဖို့  ကားမွေးမယ်ဆိုပြီးတော့ အိပ်လိုက်ပြီး.. နောက်နေ့ ညနေခင်းမှာ ရခိုင်ကို သွားဖို့  ကားဂိတ်ကို အိတ် ဆွဲပြီးပြေးပါတော့တယ်ဗျာ။


ရှမ်းကလေး

Thursday, November 24, 2011

စွံ့ အ၊ တိတ်ဆိတ်နေသော ငိုသံများ

ငွေ..ငွေ..ငွေ..ငွေဆိုတာဂုဏ်ကိုခေါ်တာ..ငွေရှိမှဂုဏ်ရှိမယ်...ဆိုတဲ့သီချင်းကိုတစ်ခါတစ်လေအပျော်သဘောနဲ့  ဆိုဖြစ်ပါ
တယ်။ ငွေရှာနေတဲ့ဘ၀မှာ..သီလိုမျိုးသီချင်းတွေကို ငွေကိုပိုပြီးရှာအောင်..မခံချင်အောင်..ပိုပြီးကြိုးစားလာအောင် တစ်ခါ
တစ်လေမှာ တွန်းအားအဖြစ်နဲ့ လဲ နားထောင်ဖြစ်ပါတယ်။ ငွေကိုရှာနေတာလဲ ကြာရောပေါ့။ ရပြီးရင် သုံး.. သုံးပြီးတော့ရ
အောင်ပြန်ရှာနဲ့  လည်နေတာ ဘယ်နှစ်နှစ်တောင် ရှိသွားသလဲမသိတော့ပါဘူး။

ငွေရှိပြီးရင်တော့ အိမ်ကိုပြန်မယ်ဆိုပြီး အားခဲထားတာကလဲ.. ငွေကမရှိနိုင်တော့ အခါခါလဲပြိုခဲ့တာပဲ။ ငွေရှိပြီးတော့ အိမ်
ကိုပြန်သွားတဲ့အခါ..”ကိုယ်က အိမ်နဲ့ ဝေးပြီး နွေးထွေးမှုတွေမဲ့တဲ့ နေရာမှာ နေတာကြာတော့ တစ်ခါတစ်လေမှာ နွေးထွေး
မှုတွေကိုတောင်မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်က လူတွေနဲ့ လဲစိမ်းနေတော့ အိမ်မှာ ကြာကြာနေမယ်ဆိုတဲ့ စိတ်ကူးတွေလဲ
၁၀ ရက် လောက်မှာတင်.. ငြီးငွေ့ ခြင်းဆိုတဲ့ စိတ်ခံစားမှုကတိုက်စားလိုက်တော့ အလိုလို လဲပြိုခဲ့တာလဲ မနည်းပါဘူး။

နောက်ဆုံးတော့ မေးမိပါတယ်...ငါဘာလုပ်နေတာလဲ? ငါ..ဒီငွေကို ဘယ်သူ့ အတွက်ရှာတာလဲ? ငါဒီမှာ ဘာလုပ်နေတာလဲ?
ငါ့ရည်ရွယ်ချက်၊ ဘ၀အဓိပ်ပါယ်ကဘာလဲ? ငါရရှိတာနဲ့  ပေးဆပ်ခဲ့တဲ့အရာတွေက ညီမျှရဲ့ လား? လား..ပေါင်းမြောက်မြား
စွာအောက်မှာ တစ်ဖြည်းဖြည်းသိမ်မြုပ်ရင်းနဲ့  အထီးကျန်ခြင်းဆိုတဲ့ နယ်လေးက တစ်ဖြည်းဖြည်းကျယ်ပြန့် လာတော့
နောက်ဆုံးမှာ..

အရာရာက မှုန်ဝါးပြီးတော့ အသက်မပါတဲ့ ရယ်မောခြင်းနဲ့  ဘ၀က ဆက်ပြီး၊ ဆက်ပြီးရင်း.. နေ၀င်ချိန်ဆိုတဲ့အခါလေးက
တစ်ဖြည်းဖြည်းနဲ့  ချဉ်းကပ်လို့ လာပါလား။

........................................

အိပ်ရာထပြီးတာနဲ့  မျက်နာသစ်သွားတိုက်ပြီး၊ ဧည့်ခန်းကိုဝင်ကာ အမှာစကားတွေကိုဖတ်ပါတယ်။ ဒါက နေ့ ဒဓူဝလုပ်နေ
ကြအလုပ်ပါပဲ။ ဟော..ကျောင်သင်ပုန်းပေါ်မှာ အမေမှာထားပါတယ်၊ ”အမေ ဈေးသွားအုန်းမယ်၊ ကြောင်အိမ်ထဲမှာ မနက်
စာ ထားထားတယ်။ စားပြီးရင် ကျောင်းနောက်မကျအောင် မြန်မြန်သွား” တဲ့။ မီးဖိုချောင်ထဲကိုဝင်ပြီးတော့ ကြောင်အိမ်ထဲ
ကအမေထားခဲ့တဲ့ မနက်စာကို မြန်မြန်ကုန်အောင်စားလိုက်ပါတယ်။ ပြီးတော့ ကျောင်းမသွားခင် ဧည့်ခန်းကိုဖြတ်လိုက်တဲ့
အခါ.. ကျနော်ညပိုင်းစားချင်တာကို ကျောက်သင်ပုန်းလေးမှာရေးထားခဲ့ပါတယ်။

ကျူရှင်တွေတက်ပြီး ၀ိုင်းတွေပြီးသွားတဲ့အခါမှာ မောပန်းစွာနဲ့  ကျနော်ဟာအိမ်ကိုပြန်ရောက်တယ်ဆိုရင်ပဲ.. မီးဖိုချောင်ထဲမှာ
ကျနော်စားချင်တဲ့ဟင်းတွေကို အားရ၀မ်းသာစွာနဲ့  စားလိုက်မိတယ်။ နောက်ကျနော်ဟာ..ကျောက်သင်ပုန်းလေးမှာ အမေ့
ကို ကျေးဇူးတင်ကြောင်းရေးပြီး၊ အဖေ့ကိုလဲ ကျူရှင်ခတွေ ပေးရတော့မယ့်အကြောင်း ကျောက်သင်ပုန်းလေးမှာ ရေးခဲ့ပါ
တယ်။

ဒီလိုပါပဲ..ကျနော့် မိသားစုက၊ အမေက မနက်ကတည်းက ချက်ပြုတ်ရတာရယ်၊အလုပ်ရယ်ကြောင့် စောစောအိပ်တယ်။
အဖေကတော့ အလုပ်ကနေ နောက်ကျမှပြန်လာတော့၊ အဲဒီချိန်မှာ ကနော်က အိပ်နေပြီလေ။ ဒါကြောင့်ဒီကျာက်သင်ပုန်း
လေးက ကျနော်တို့  ပြောချင်တာကို ပြောဖို့ ချိတ်ထားတာပါ။ အဲဒါကို ဖတ်ပြီး တစ်ယောက်ရဲ့  လိုအပ်ချက်ကိုတစ်ယောက် က ဖြည့်ပေးတာပေါ့။

ကျနော်အရမ်းပျော်တဲ့နေ့ ကတော့ စနေ၊ တနင်္ဂနွေပါ။ အဲဒီနေ့ မှာပဲ အဖေနဲ့  အမေကို ကျနော်စကားတွေ တ၀ကြီး မျက်နှာ
ချင်းဆိုင်ပြောရတယ်လေ။ ဒါပေမယ့်လဲ များသောအားဖြင့် ကျူရှင်တွေနဲ့ လုံးချာလည်နေတဲ့ ကျနော်ဟာ..အချိန်သိပ်မ
ပးနိုင်ပါဘူးအဲလိုပါပဲ အဖေနဲ့  အမေလဲ အလုပ်ရှုပ်နေတော့ ကျနော့်ကိုသိပ်ပြီးလဲ အချိန်မပေးနိုင်ဘူး။

အမှန်မှာလေ..ကျနော်လိုချင်တာက တစ်ခုပဲရှိတယ်။ အမေနဲ့  အဖေနဲ့  စကားတ၀ကြီးပြောပြီး ရယ်မောနေတာကိုကျနော်
အရမ်းသဘောကြတာပဲ။ ပိုက်ဆံဆိုတာကြီးနဲ့  အဲဒီချိန်လေးကိုလေ..ကျနော်လဲချင်တယ်ဗျာ။ ကျနော်လေ..ညတိုင်း၊ ည
တိုင်း တစ်ယောက်တည်းငိုခဲ့ပေါင်းမနဲ တော့ပါဘူး။ အဖေနဲ့  အမေကို ကျနော်တွေ့ ချင်တယ်။ အဖေနဲ့  အမေ ကျနော့်ကို
မဖက်တာကြာပြီနော်။ ကျနော့်ကို ဂရုစိုက်တဲ့ မျက်လုံးတွေနဲ့  မကြည့်ဖြစ်တာကြာပြီနော်။ ကျနော်လေ.. အဖေနဲ့  အမေက
”သား” လို့ ခေါ်တဲ့အသံမကြားရတာ အတော်ကြာနေပြီ။ ကျနော်..ဧည့်ခန်းက ကျောက်သင်ပုန်းကို မုန်းတယ်.. ပိုက်ဆံဆိုတဲ့
အကောင်ကြီးကိုလဲ မုန်းတယ်။ ကျနော့် အဖေနဲ့  အမေကို ကျနော်ပြန်လိုချင်တယ်။ ကျနော့်မျက်ရည်တွေလဲ.. ခန်းခြောက်
တော့မယ်။ ဒါပေမယ့် အဖေနဲ့  အမေစိတ်မကောင်းမှာစိုးလို့  ကျနော်လေ..တစ်ယောက်ထဲပဲ ဒီအခန်းထဲမှာ..တိတ်တိတ်လေး
ငိုနေပါ့မယ်။

.............................

ဒီနေ့ ဟာ..ကျနော်ဘွဲ့ ယူတဲ့နေ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ..ကျနော်ပျော်ပါတယ်။ ဒါပေမယ့် အဝေးကြီးမှာဆိုတော့
ကျနော့်နံဘေးမှာ..သူငယ်ချင်းပဲရှိတယ်။ အမေ..ဆွေမျိုး..တစ်ယောက်မှမရှိဘူး။ ကျနော်ဘွဲ့ ရတဲ့အတွက် အမေတို့  ဂုဏ်
ယူနေမှာပဲနော်။ ကျနော်လေ..ပျော်တယ်..ဒါပေမယ့် ဒီလိုပျော်ရွှင်မှုကိုလေ အမေတို့ နဲ့  အတူပျော်ချင်တယ်အမေ။

ကျနော်လေ..ဓါတ်ပုံတွေအများကြီးရိုက်ပြီးတော့ အမေတို့ ကို ပို့ ပေးလိုက်မယ်နော်။ ကျနော့်ဓါတ်ပုံလေးကို ကြည့်ပြီး အမေ
တို့ တော့ အရမ်းပျော်နေတော့မှာပဲနော်။

......


အမေငိုတယ်ဆို... ကျနော်ဘွဲ့ ရတဲ့ ဓါတ်ပုံလေးကို ကြည့်ပြီး...ဆွေမရှိ၊ မျိုးမရှိ သူများအလယ်မှာ တစ်ယောက်တည်း ဓါတ်
ပုံရိုက်နေရတဲ့ ငါ့သား... မျက်နှာငယ်နေတော့မယ်ဆိုပြီး..အမေငိုတယ်ဆို? မငိုပါနဲ့ အမေရယ်..ကျနော်တစ်ယောက်တည်း
ပဲ...ကျိတ်ငိုနေရင်တော်ပါပြီ။ ကျနော့်အတွက် မျက်ရည်မကျပါနဲ့  အမေရယ်......။


ရှမ်းကလေး

Tuesday, November 22, 2011

ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၁)

အဲဒီနေ့ တုန်းက ၁၂၀၀၀ ကားစီးပြီးအလာ လမ်းမှာထမင်းစားဖို့ ကားရပ်တာပါ။ ကားပေါ်က ဆင်းတော့ လွမ်းဆွတ်ခြင်းတွေ
နဲ့  ကောင်းကင်ကို မော့ကြည့်တဲ့အခါမှာ လလေးက သာနေတော့ လွမ်းဆွတ်မှုတွေတောင် တစ်ကိုယ်လုံးပျံ့ နှံ့ သွားသလို
ခံစားခဲ့ရပါတယ်။



လကို ကြည့်ရင်းနဲ့  ကြိုးစားပြီးတော့ ဓါတ်ပုံလေးရိုက်ယူလိုက်ပါတယ်။ (နောက်နေ့ မှ သိလိုက်တာက အဲနေ့ က လကြတ်တဲ့
နေ့ ဖြစ်တယ်။ ကံကောင်းသွားတာပေါ့ဗျာ။ သူများတွေကကြည့်ချင်လို့ စောင့်ရတဲ့အခါမှာ ကိုယ်က မသိလိုက်ပဲနဲ့  ကြည့်
ခွင့်ရခဲ့တာပေါ့လေ)



အဲလိုနဲ့  မနက်စောစော အောင်ပန်းမှ မနက်ခဏလေးနားပါတယ်။ ရန်ကုန်မှာနေတာနဲနဲ ကြာသွားလို့ လားတော့မသိပါဘူး
အောင်ပန်းက ဈေးသည်တွေစကားပြောတာ တော်တော်လေး ၀ဲပါလားလို့  သတိထားမိပါတယ်။ (ကျနော်လဲဝဲပါတယ်
မ၀ဲတဲ့သူတွေကြားမှာနေတာကြာတော့ သူများဝဲတာကို သတိထားမိတာထင်ပါရဲ့ ) နောက်ဆုံးမှာ ကားက ရွှေညောင်
လမ်းဆုံရောက်တော့ ညောင်ရွှေကိုသွားဖို့  ကားပေါ်ကနေဆင်းဖို့ ထလိုက်ပါတယ်။ ဆင်းပေါက်နားရောက်တော့ ဆိုင်
ကယ်သမားတွေက ၀ိုင်းအုံပြီးတော့ ဘယ်သွားမယ်ဆိုတာမေးကြတာပေါ့..ဆင်းဖို့ တောင်တော်တော်လေးခက်ခဲပါတယ်။

သူတို့ က မေးရုံမေးတာမဟုတ်ဘူးလေ.. ပစ္စည်းတွေကို ၀ိုင်းကူသယ်ပေး (အတင်းကိုကူသယ်တာဗျ)။ အားနာတဲ့သူဆိုရင်
ဈေးကြီးကြီးတောင်းလဲ လိုက်ဖြစ်မှာပဲပေါ့။ အဲလိုနဲ့ ညောင်ရွှေကို သုံးထောင်နဲ့ ရောက်သွားပါတယ်။ အပေါ်က လမ်းက
တော့ ညောင်ရွှေကိုသွားတဲ့လမ်းဖြစ်ပါတယ်။



ဒီပုံလေးကတော့ ညောင်ရွှေအ၀င်က မြင်တွေ့ ရတဲ့ အင်းလေးကန်ပါ။ ညောင်ရွှေမ၀င်ခင်လေးမှာ လမ်းဘေးမှာ တံတား
ရှိပါတယ်။ အဲဒီရေပေါ်တံတားပေါ်ကနေရိုက်တာပါ။ တံတားပေါ်မှာတော့ သင်္ကန်းတွေလှမ်းထားပြီး၊ ကိုရင်ရော၊ လူတွေ
ရော၊ ၀ိုင်းပြီးတော့ စကားပြောနေကြလေရဲ့ ။ ကျနော့်အတွက်ဆန်းလို့ ပါ။



ဒါကတော့ ရွှေညောင်မ၀င်ခင်ကလေးမှာတွေ့ ရမယ့် ကြိုဆိုတဲ့ဆိုင်းဘုတ်ကြီးပါ။



ဒီပုံကတော့ ဗုဒ္ဒယဉ်ကျေးမှုပြခန်းဖြစ်ပါတယ်။ အရင်တုန်းကတော့ ညောင်ရွှေဟော်ပေါ့ဗျာ။ ခုတော့ အထဲမှာ ဘုရားဆင်း
ထုတော်တွေကို ပြသထားပါတယ်။ ဟော်နဲ့ ပတ်သက်တဲ့ ပစ္စည်းတော့ ဘာမှမတွေ့ ပါဘူး။ ဟင်းလင်းပါပဲ။ တစ်ချို့ အခန်း
တွေတော့ သော့ခတ်ထားပါတယ်။ ဒါပေမယ့်လဲ ဘာမှမရှိပါဘူး။ ဟော်နန်းရှိနေသေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ။



ကိုယ်သွားတဲ့အချိန်က ဈေးပိတ်တဲ့အချိန်နဲ့ ကြုံနေလို့  ဆိုင်းဘုတ်လေးပဲရခဲ့ပါတယ်။



ဒါကတော့ ဈေးကို ကျော်လိုက်တဲ့အချိန်မှာ တွေ့ ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကံကောင်းချင်တော့ ကျနော်ရောက်တဲ့အချိန်
က စာဆိုပြိုင်ပွဲနဲ့  တိုက်တိုက်ဆိုင်ဆိုင်သွားကြုံကြိုက်မိတာပါ။ ညပိုင်းမှာတော့ ဈေးတန်းကြီးတွေနဲ့  စည်စည်ကားကား
ရှိပါတယ်။



ဒါကတော့ ရောက်တုန်းသွားသောက်တဲ့ လက်ဖက်ရည်ဆိုင်က ရေနွေးကြမ်းလေးပါ။ နှမ်းတွေထည့်ထားပြီးတော့ သောက်
တဲ့အခါမှာ မွှေးမွှေးလေးနဲ့  တော်တော်လေးကို နှစ်သက်မိပါတယ်။



နောက်တစ်နေ့ မှာတော့ အင်းလေးထဲကို ခဏတစ်ဖြုတ်သွားလည်မိပါတယ်။ ကျနော်တို့ လူ ၁၀ ယောက်လောက်နဲ့  လှေ
ကိုစင်းလုံးငှားလိုက်ပါတယ်။ အဲနေ့ တုန်းက ၂၅၀၀၀ ပေးရပါတယ်။ (အဲဒါတောင် ဥက္ကဌနဲ့ သွားလို့ ရတာပါ)

အပေါ်ပုံကတော့ အင်းလေးဘေးတစ်လျှောက်တွေ့ ရမယ့် အိမ်ပုံစံလေးတွေဖြစ်ပါတယ်။



ကျနော်အရင်တုန်းက ထင်ထားတာက အင်းလေးကန်ဆိုတော့ ဘယ်သွားသွားကန်ဘောင်ကိုတော့တွေ့ ရမှာပဲပေါ့လေ။
ရောက်သွားတော့မှပဲ အင်းလေးကန်ဟာ အရမ်းကို ကျယ်ပျံ့ ပါလားလို့ သိလိုက်ပါတယ်။ အပေါ်က ဓါတ်ပုံလေးအတိုင်း
ပါပဲ။



ဒါကတော့ အင်းထဲက ဟိုတယ်ဖြစ်ပါတယ်။ တစ်ညကို ၃၀$ လောက်ပေးရပါတယ်။



ဒါကတော့ ဟိုတယ်ကနေရိုက်ထားတာပါ။ ညနေဆည်းဆာချိန်လေးပေါ့ဗျာ။ ဟိုတယ်ကရိုက်တယ်ဆိုပြီး ကြွားတာမဟုတ်
ပါဘူး။ အဲနေ့ တုန်းက ဟိုတယ်မှာ တည်းနေတဲ့ အသိတွေကိုသွားလည်တာပါခင်ဗျာ။



ဒီဓါတ်ပုံလေးကတော့ ကျနော်တော်တော်လေးကိုနှစ်သက်မိပါတယ်။ ဒီပုံလေးမရိုက်ခင်.. မိုးအုံ့ ပြီးတော့ ရွာတာပေါ့ဗျာ။
မိုးလဲသိပ်လို့  သိမ်စပြီးကင်းစင်လာတဲ့အချိန်ခါမှာ ကြုံကြိုက်တာနဲ့  ရိုက်ခဲ့တာပါ။



ဒီပုံလေးကတော့ သိမ်ကင်းစင်ပြီး နေရောင်က အင်းလေးကန်ကို သူ့ ရဲ့ ကိုယ်ပိုင်အဆင်းဖြစ်တဲ့ ရောင်ခြည်တွေနဲ့ ပတ်ဖြန်း
ပေးတဲ့အချိန်လေးပါ။ အဲနေ့ တုန်းက ဒီလိုမျိုးရှုခင်းတွေတွေ့ လိုက်ရတဲ့အတွက်အရမ်းကို ကြည်နူးနှစ်သိမ့်မိပါတယ်။ မျက်လုံး
ကိုတောင်မမှီတဲ့ ... ဓါတ်ပုံထဲမှာ ဒီလောက်လှရင်..ကိုယ်တိုင်.ကိုယ်တွေ့ .. တွေ့ ရင်ဘယ်လောက်ထိလှမယ်ဆိုတာ သူငယ်
ချင်းတို့ ပဲစဉ်းစားကြည့်ပါတော့။



ဒါလေးကတော့ နေ၀င်သွားပြီးတဲ့နောက်တွေ့ ရတဲ့ပုံလေးပါ။ ညနေစောင်းပေါ့။



အဲလိုနဲ့ ပဲ..နောက်ဆုံးတော့ ရွှေညောင်မြို့ ကို ပြန်လာခဲ့ပါတယ်။ ဒီပုံလေးကတော့ လှေရှပ်ပြေးတဲ့အခါမှာ ဖြစ်ပေါ်လာ
တဲ့ လှိုင်းလေးတွေပါ။

အင်းလေးကန်ဟာ..အရမ်းကိုလှပပါတယ်။ ကျနော်ရောက်သွားတဲ့အခါတုန်းက စိတ်ထဲမှာ ကြည်ကြည်နူးနူးကို ခံစားခဲ့ရ
ပါတယ်။ အဲ..အင်တာနက်ကလဲ..ရန်ကုန်ထက်တောင်မြန်သေးတယ်ဗျာ။


ရှမ်းကလေး