မျက်ဝန်းနောက်က လွမ်းရိပ်ခြေရာ
ဘယ်ဆီဝေဖြာ တမ်းတနေလဲ
ချစ်ကိုဝေမျှ ခစားနေလဲ
မင်းမျက်ဝန်းက လွမ်းရိပ်ခြုံကာ
လစ်လှူရှုတော့ .....
တိတ်ဆိတ်ခြေလှမ်း လွမ်းခြင်းပိုက်ကာ
ရင်မှာအောင့်သက် ချစ်မီးမြိုက်လို့ 
ငြိမ်သက်စွာနဲ့  စောင့်နေပါ့မယ်။
လေပြေ
Monday, August 6, 2012
Tuesday, January 3, 2012
ခရီးသွားမှတ်တမ်း၊ ဗီယက်နမ် (၁.၃) အခန်းရှာပုံတော်..
စာဖတ်ပရိတ်သတ်တို့ ရေ.. ခုတစ်လော အရှုပ်တွေလုပ် အလုပ်တွေရှုပ်နေလို့ .. စာသိပ်မရေးဖြစ်သလိုဖြစ် သွားတယ်ဗျာ။ မင်္ဂလာနှစ်သစ်မှာ.. စာဖတ်သူများအားလုံး စိတ်၏ပျော်ရွှင်ခြင်း၊ ကိုယ်၏ချမ်းသာခြင်း များဖြင့် ပြည့်ဝပါစေလို့  ဆုတောင်းပေးပါတယ်ဗျာ။
ကျနော်မျိုး.. ရှမ်းကလေးကတော့ ထုံးစံအတိုင်းပေါ့ဗျာ.. နေရာသစ်ရောက်တော့ နေစရာသစ်ရှာနေရ တယ်လေ။ ဒီမှာက ငွေရှိရင်နေစရာတော့ ရှာရမခက်လှပါဘူး။ ပြောမှလားလို့  မထင်လိုက်ပါနဲ့ ဗျာ။ ဒီက နေစရာတွေကတော့ အများအားဖြင့် မိသားစုနဲ့  ရှယ်ပြီးနေရတဲ့ပုံစံပါ။ ဆိုလိုတာက .. မိသားစု တစ်ခုက အခန်း ၅ ခန်းပါတဲ့.. တိုက်ခန်းကိုပိုင်တယ်ဆိုပါစို့ ။ ကိုယ်က အခန်း ၅ ခန်းထဲက တစ်ခန်းကို ဌားတာပေါ့ဗျာ။ ဘိုလိုပြောရင်တော့ homestay ပေါ့ဗျာ။ ကျနော်တော့ အဲလိုမျိုးကိုမကြိုက်ဘူး.. မလွတ် လပ်ဘူးလေ။ အများအားဖြင့်က ၁၀ နာရီမှပြန်လာရမယ်..ဆိုတာမျိုးကိုး။
အဲလွှတ်လွှတ်လပ်လပ်ကြိုက်ရင်တော့ နိုင်ငံခြားသားတွေနေတဲ့ နေရာတွေမှာဌားရတာပေါ့ဗျာ။ ဒါပေမယ့်လဲ နိုင်ငံခြား သားတွေနေထိုင်တဲ့နေရာဆိုရင်တော့ ဈေးအနဲဆုံးက ဒေါ်လာ ၃၀၀ ဗျ။
အဲဒါကဈေးနှုန်းပေါ့နော်။
ဗီယက်နမ်က.. မြန်မာနိုင်ငံနဲ့ သိပ်မဝေးလို့ ထင်ပါရဲ့ .. ဧည့်စာရင်းတိုင်ရတယ်ဗျာ။ သူတို့ မှာက နိုင်ငံခြား သားတွေနေနိုင်တဲ့နေရာနဲ့ .. နေလို့ မရတဲ့နေရာရယ်လို့ သတ်မှတ်ထားတယ်လေ။ နိုင်ငံခြားသား နေနိုင် တဲ့နေရာဆိုရင်တော့ ပိုပြီးပေးရတော့ပေါ့ဗျာ။ မတိုင်ပဲနေလို့ မရဘူးလားလို့ မေးရင်တော့.. ရပါတယ်။ ဒါပေမယ့် ရဲတွေစစ်လို့ တွေ့ ရင်တော့ .. မောင်းထုတ်ခံရပြီး.. လမ်းမပေါ်မှာအိပ်ရလိမ့်မယ်ဗျ။ နောက်တစ်ခု ကတော့.. နိုင်ငံခြားသားနေထိုင်ခွင့်မပြုပဲ.. လက်ခံရင်.. အိမ်ရှင်က ဒဏ်ငွေဆောင်ရတယ်လေ။ ဒဏ်ငွေ ကတော့ ၅၀၀၀၀၀၀ (၂၅၀ ဒေါ်လာ) ပါ။
အခန်းအတွက်တော့ ကျနော်တော်တော်လေးရှာလိုက်ရပါတယ်။ နောက်ဆုံးတော့ရသွားတာပေါ့ဗျာ။ မြို့ ရဲ့  နဲနဲ အစွန်ဆုံးနေရာမှာပေါ့လေ။ ဈေးကတော့ ၁၉၀၀၀၀၀ (ဒေါ်လာ ၁၀၀ နီးနီး၊ ၂၀၀၀၀၀၀ က ဒေါ်လာ ၁၀၀ ပါ)။ ရေဖိုး၊ မီးဖိုးမပါပေါ့ဗျာ။ အခန်းကတော့ အောက်ကပုံအတိုင်းပါပဲ။ ကုတင်ပေးထားတာပေါ့နော်.. ကျန်တာအားလုံး ၀ယ်ပြီးဖြည့်ရတာပေါ့။ အိမ်တာနဲ့  ရေချိုန်းခန်းကတော့ အခန်းနဲ့ တွဲရက်ပါ။ ရေပူ ရေနွေး မပါဘူး။ (ဒီမှာက အရမ်းအေးတယ်လေ။ ရေနွေးမပါလို့  ရေသိပ်မချိုးဖြစ်ပြန်ရော။ )
ကဲ... လျှို့ ဝှက်ချက်လေးပြောပြမယ်နော်။ ကျနော်နေတဲ့နေရာက နိုင်ငံခြားသားနေလို့ ရမရတော့ မသိဘူး။ ပိုင်ရှင်ကတော့ ရှင်းပါတယ်။ နေလို့ ရတယ်.. ပြီးရင် ရဲစခန်းမှာ ကိုယ့်ဖာသာ ကိုယ်သွားတိုင်ပါတဲ့။ ရှုပ်နေ မှာစိုးလို့  ကျနော့်ဗီယက်နမ်သူငယ်ချင်းက သူ့ နာမည်နဲ့  အခန်းကိုစာချုပ်ချုပ်လိုက်တာပေါ့ဗျာ။
အဲလိုလုပ်တာကတော့ မကောင်းမှန်းသိပေမယ့်.. ဈေးသက်သက်တာတာရဖို့ လုပ်ရတာပေါ့ဗျာ။ ဖြစ်သလို ပဲနေလို့ ရပါတယ်။ ဒါပေမယ့်.. အလုပ်လုပ်မယ်ဆိုရင် အလုပ်လုပ်ခွင့် work permit လိုတယ်လေ။ အဲဒါ လျောက်ဖို့ က ကိုယ်နေထိုင်တဲ့နေရာက ရဲစခန်းထောက်ခံစာလိုပြန်ရော။ ထောက်ခံစာ မပါပဲနဲ့  အဲဒီ အလုပ်လုပ်ခွင့် work permit လျောက်လို့ မရပြန်ရော။
ခုချိန်ထိတော့.. ဘယ်သူတံခါးခေါက်ခေါက်မဖွင့်ပေးပဲ.. ကြိတ်မှိတ်ပြီးနေနေပါတယ် စာဖတ်ပရိတ်သတ် တို့ ရေ။ နောက်မှ အလုပ်အကိုင်ရယ်... ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြမယ်နော်။
နှစ်သစ်မှာ စာဖတ်ပရိတ်သတ်တွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့  ကျန်းမာပါစေလို့  ထပ်လောင်း ဆုတောင်း ပေးပါတယ်ဗျာ။
ရှမ်းကလေး

Sunday, December 18, 2011
နေ့ စဉ်ပွားပါ ဤငါးဖြာ
၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါး သို့  ပြောင်းသွား သဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည် လည်း ဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
အဘိဏှသုတ်
(ကျနော်သည် အချစ်၏ပူလောင်ခြင်းကို ခံစားရ၏။ သို့ သော် ထိုပူလောင်ခြင်းကို မြဲမြံစွာဆက်လက်ကာ စွဲကိုင်ထားလေသည်။ ဒီအချစ်ကိုစွန့် နိုင်ပါက အေးချမ်းသော ဘ၀ရရှိမည်ကိုသိသော်လဲ မိုးခါးရေကို ဆက်လက်ကာ သောက်သုံးနေသည်။ ကျနော်စဉ်းစားသည်မှာ ဒီခံစားချက်များသည် ကျွန်ုပ်အား လူသား ဖြစ်ကြောင်း ဖော်ပြသော အရာများဟု သတ်မှတ်လေကြောင့်ဖြစ်လေသည်။)
သို့ သော်..အဖြစ်ရှိက အပျက်တရားအမြဲရှိသကဲ့သို့  အလွန်အကျွံမဖြစ်အောင်တော့ ထိန်းသိမ်းသင့် ကြောင်းနှလုံးသွင်းမိလေသည်။ ထိုသို့ ထိန်းသိမ်းပါက အချစ်လျော့သွားမည်ကိုစိုးရိမ် ပြန် သဖြင့် ဆက်လက်ကာ မိုးခါးရေသောက်ပါသည်။ သိသိနှင့်လုပ်သောသူကို လူမိုက်ဟု သတ်မှတ်သကဲ့သို့  ကိုယ့်ကိုကိုယ်အား လူမိုက်ပါလားဟု သံဝေဂတမိပါသည်။
နောင်ချိန်ခါတွင် ဤကပ်ညိခြင်းကြောင့် ပျက်ဆီးခြင်းသို့ တိုင်ရောက်နိုင်ကြောင်းသိပါသော်လဲ စွဲစွဲမြဲမြဲချစ် နေဆဲဆိုသည့် ဤလူမိုက်ကား တရားကိုပို၍အားထုတ်ရပေတော့မည်.. သို့ မှသာ ငြိမ်းချမ်းခြင်း အစစ်အမှန်ကို သိပေတော့မည်ဟု တမ်းတမိသဖြင့် အားလုံးအားဝေမျှပေးပါသည်။)
ရှမ်းကလေး
စောင့်နေဆဲပါ
ခွဲခွါချိန်ခါ ကြာခဲ့ပြီမို့ 
မှုန်လို့ တောင်ဝါး ကြည့်ဖန်များတဲ့
တို့ ရဲ့ ဓါတ်ပုံ
ရံဖန်ခါများ ၀ိုးဝါးပုံရိပ်
စိတ်ထဲဖြတ်လာ
ကြိမ်ဖန်ခါများ လွမ်းခဲ့မိတယ်။
ရက်တွေကြွေလို့  နေ့ တွေဆုံးလဲ
ခိုင်ခံ့သန်မှာ ဒီအသဲဖြင့်
စောင့်နေခဲ့တာ
ခုတိုင်ပါပဲ။
လေပြေ
မှုန်လို့ တောင်ဝါး ကြည့်ဖန်များတဲ့
တို့ ရဲ့ ဓါတ်ပုံ
ရံဖန်ခါများ ၀ိုးဝါးပုံရိပ်
စိတ်ထဲဖြတ်လာ
ကြိမ်ဖန်ခါများ လွမ်းခဲ့မိတယ်။
ရက်တွေကြွေလို့  နေ့ တွေဆုံးလဲ
ခိုင်ခံ့သန်မှာ ဒီအသဲဖြင့်
စောင့်နေခဲ့တာ
ခုတိုင်ပါပဲ။
လေပြေ
Monday, December 12, 2011
ပိုလို့ အေးတယ်ကွာ..
အေးလွန်းနေတဲ့ ဆောင်းညတွေမှာ
လိုအပ်နေတဲ့ ဒီနှလုံးသား
ပေးအပ်နိုင်တာ ချစ်ရဲ့ နွေးထွေး
စိုးရိမ်မှုတွေ...
အေးနေမလား??
ရင်ထဲစကား ဖွင့်ဟခဲ့ရင်
အားလုံးအန်တု မမှုတော့တဲ့
နှလုံးသားပါ။
ခုတော့လဲလေ..
ခဲနေပြီလား မင်းနှလုံးသား
လှုပ်လီလှုပ်လဲ့ ဒီနှလုံးသား
အေးစက်မှုမှာ
ခိုမီမဲ့စွာ
ပါးပြင်ထက်က အပူပေါက်နဲ့ 
ရင်ကိုပိုလို့ 
အေးစေခဲ့တယ်။
လေပြေ..
လိုအပ်နေတဲ့ ဒီနှလုံးသား
ပေးအပ်နိုင်တာ ချစ်ရဲ့ နွေးထွေး
စိုးရိမ်မှုတွေ...
အေးနေမလား??
ရင်ထဲစကား ဖွင့်ဟခဲ့ရင်
အားလုံးအန်တု မမှုတော့တဲ့
နှလုံးသားပါ။
ခုတော့လဲလေ..
ခဲနေပြီလား မင်းနှလုံးသား
လှုပ်လီလှုပ်လဲ့ ဒီနှလုံးသား
အေးစက်မှုမှာ
ခိုမီမဲ့စွာ
ပါးပြင်ထက်က အပူပေါက်နဲ့ 
ရင်ကိုပိုလို့ 
အေးစေခဲ့တယ်။
လေပြေ..
Thursday, December 8, 2011
ဝေခွဲမရနိုင်တဲ့ဒီလမ်း...
အချစ်က ဒီဖက်မှာ..
ဟိုဖက်က..လူမျိုး..
ဒီနှောင်ကြိုးအလယ်မှာ..
မှုန်ဝါးခြင်းတွေနဲ့ ...
မိန်းမူးမိတဲ့..ငါ့ဘ၀။
မျက်စိစုံမှိတ်လို့ ..
အသဲကိုဦးစားပေးကာ..
အချစ်ရွာကိုငါလိုက်ခဲ့...။
ရံဖန်ခါလဲ..
ဟိုဖက်ကိုငါ..လှမ်းချက်လိုက်တာ..
ဒီချိန်ခါထိ..
ငါမသိသေးတာ..
ဘယ်ဖက်ကိုငါ..ဦးစားပေးမလဲ?
ရှမ်းကလေး..
ဟိုဖက်က..လူမျိုး..
ဒီနှောင်ကြိုးအလယ်မှာ..
မှုန်ဝါးခြင်းတွေနဲ့ ...
မိန်းမူးမိတဲ့..ငါ့ဘ၀။
မျက်စိစုံမှိတ်လို့ ..
အသဲကိုဦးစားပေးကာ..
အချစ်ရွာကိုငါလိုက်ခဲ့...။
ရံဖန်ခါလဲ..
ဟိုဖက်ကိုငါ..လှမ်းချက်လိုက်တာ..
ဒီချိန်ခါထိ..
ငါမသိသေးတာ..
ဘယ်ဖက်ကိုငါ..ဦးစားပေးမလဲ?
ရှမ်းကလေး..
ဘယ်လောက်ဝေးဝေး
ရင်နာမှန်းငါသိပေမယ့်..
အနာခံပြီးဆက်လျှောက်ခဲ့တဲ့ဒီလမ်း
ငါ့နှလုံးသားတွေ လှမ်းလိုက်တိုင်းမှာ တစ်စဆီချိုးကာပဲ့လို့ 
ဘယ်လောက်ဝေးဝေး...ခံနိုင်မလဲ?

Friday, December 2, 2011
နော်...
မတူညီခြင်းတွေက
ပုတ်ခတ်ရိုက်နှက်နေတော့
သိမ်မွေ့ တဲ့ မင်းနှလုံးသားဘယ်ခံနိုင်မလဲ။
လှိုင်းလေခတ်ထန်တုန်း
မင်းမဖြတ်ကူးနိုင်ချိန်မှာ
ဒေါသသံနဲ့  မာထန်ထန်ဖြစ်မှာပေါ့နော်..
ငါက ညံ့တော့
မင်းဒေါသ ကိုမဖြေဖျောက်နိုင်လေတော့
မင်းစိတ်ညစ်ရမှာပေါ့နော်..
ဒါပေမယ့်လဲ
ဟိုချိန်တုန်းက ငါရှုံးနှိမ့်ချိန်မှာ
မင်းသာငါ့အနား အမြဲအားပေးခဲ့သူ
မင်းငိုချိန်မှာတော့..
ငါကတစ်လှည့်ပြန်ကြည့်ပါရစေနော်။ ..
ချစ်တဲ့

Friday, November 25, 2011
ခရီးသွားမှတ်တမ်း။ ။ မြန်မာပြည်အနှံ့  (၁) ညောင်ရွှေနှင့် အင်းလေး (၂)
တစ်နေ့ မှာတော့ ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့  အင်းထဲကိုသွားလည်ဖြစ်ပါတယ်။ အဲနေ့ ကတော့ တစ်နေ့ လုံးစင်း
လုံးဌားခကို ၃၀၀၀၀ ပေးရပါတယ်။ လှေကတော့ စက်လှေဖြစ်ပါတယ်။ ၁၀ လောက်တော့ဆန့် တယ်ခင်ဗျ။

ဒါကတော့ စက်လှေစတင်ပြီးထွက်တာနဲ့  တွေ့ နိုင်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီလိုမျိုးအိမ်ဆောက်ပုံလေးတွေကို အင်းလေး
ကန်တစ်လျှောက်လုံးမှာတွေ့ ရမှာပါ။

ဒီပုံကတော့ ဘာအဆောက်အဦးရယ်လို့ တော့ ကျနော်မသိပါဘူး။ အဝေးက မြင်လို့ ဖမ်းရိုက်ထားတာပါခင်ဗျာ။

ဒါကတော့ ရေပေါ်စိုက်ခင်းများဖြစ်ပါတယ်။ ၀ါးလုံးတွေစိုက်ထားတာကတော့ စိုက်ခင်းတွေရေနဲ့  မျောမသွားအောင်လို့ ပါ။
များသောအားဖြင့် စိုက်ပျိုးတဲ့သီးနှံကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။

ဟင်္သာရုပ်ပါ။ ဘယ်လို အထိမ်းအမှတ်နဲ့ စိုက်ထားတယ်ဆိုတာကိုတော့ ကျနော်မသိပါဘူး။

အင်းလေးထဲမှာ လျှပ်စစ်မီးတွေထိန်ညီးနေတာတွေ့ တော့ ဓါတ်တိုင်တွေကိုလိုက်ရှာတာ.. ဟော..ဒီမှာပါ.. အင်းထဲကဓါတ်တိုင်။

်အဲနေ့ က ဈေးနေ့ နဲ့ တိုးလို့ ဈေးရောင်းတာတွေကို တွေ့ ရတာပါ။ ဒီလိုမျိုးရောင်းတာကို ကျနော်တို့ နိုင်ငံမှာပဲတွေ့ နိုင်တယ်
နော်။ အဲလိုရောင်းတာတွေတွေ့ လိုက်တော့.. ကြည်နူးမိပါတယ်။ ငယ်ငယ်က ဈေးသွားတုန်းက တွေ့ ရတဲ့ပုံစံမျိုးပဲလေ။
အချိန်ဟောင်းတွေကိုတောင် ပြေးသတိမိလေရဲ့ ။

မည်းမည်းနဲ့ က လက်ဖက်ခြောက်ပါ။ ဈေးထဲမှာ ”စားလို့ ရတဲ့ မြေကြီး” တွေတောင် တွေ့ လို့ ဝယ်ဖြစ်လိုက်ပါတယ်။ အရသာ
ကတော့.. အင်း..မပြောပြတတ်ဘူးပဲ။ ဖော့စားရသလိုတော့ မဟုတ်ပါဘူး။ အနံ့ ကတော့ သင်းသင်းလေးပါ။ မြေကြီးဆိုတဲ့
အသိစိတ်ကရှိနေလို့ လားတော့ မသိဘူး သိပ်ပြီးတော့ မစားဖြစ်ပါဘူး။

ဒါလဲပဲ ဈေးရောင်းတဲ့မြင်ကွင်းပေါ့နော်။ ဒါပေမယ့် ဒီမှာထူးခြားတာလေး တစ်ခုတော့ ပြောပြချင်ပါတယ်။ နောက်ခံကို ကြည့်
လိုက်မယ်ဆိုရင်.. မိုးက အုံ့ အုံ့ လေး၊ ပြီးတော့ ဖြူစင်တဲ့ဝတ်စားပုံနဲ့  ဈေးရောင်းတဲ့ စတိုင်လ်နဲ့  အရမ်းကိုလိုက်ဖက်တယ်လို့ 
ကျနော်ခံစားရပါတယ်။ ဒီလို လှပမှုမျိုးကို အဲမှာပဲ တွေ့ နိုင်မယ်လို့ ထင်ပါတယ်။

ဒါကတော့ မုန့် လုပ်နေတာပါ။ မစားလိုက်လို့ မသိလိုက်ပါဘူး။

ဒီပုံကလဲ..ငယ်ငယ်က ပုံရိပ်တွေကို သတိပေးတဲ့ဓါတ်ပုံလေးဖြစ်ပါတယ်။ ငယ်ငယ်တုန်းက လေးကွဖြစ်တာကို မခုံမင်ပေမယ့်
လို့ လဲ.. သူငယ်ချင်းတွေနဲ့  တော့ လောက်စာလုံး.. လုံးဖြစ်ပါတယ်။

ဒီဆောင်းတန်းကတော့ ရှေးဟောင်းစေတီကိုသွားဖူးတဲ့ လမ်းဖြစ်ပါတယ်။ အဲနေ့ တုန်းကတော့ သူငယ်ချင်းနဲ့ ပြောဖြစ်
ပါသေးတယ်။ အဲဒါကတော့ .. အဲမှာ ရှေးဟောင်းအနုပညာတွေအများကြီးရှိနေပြီး.. ဘယ်သူမှသွားမကြည့်လို့ ထင်ရဲ့ 
အရမ်းကိုခေါင်သလိုလိုကိုဖြစ်နေတာ။ အကယ်၍လူထုက နဲနဲ ပြုပြင်ပြီး လေ့လာစရာနေရာအဖြစ်လုပ်လိုက်မယ်ဆိုရင်.. သူများနိုင်ငံတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်ဆိုတဲ့ နေရာတွေတောင် ဒီနေရာကို မမှီဘူးလို့ လေ။ လူထု
က မလုပ်ရင်တော့ ကြာလာရင်.. ကုမ်ပဏီတွေဝင်ပြီး ကန်ထရိုက်တာဆွဲလိုက်လို့ ကတော့ လူထုတွေဘာမှာ အကျိုး ခံစားရမှာမဟုတ်ဘူးပေါ့ဗျာ။

တန်ဆောင်းကို တစ်လျှောက် ၂၅ မိနစ်လောက်လမ်းလျှောက်ပြီးသွားတဲ့အခါမှာ တွေ့ မြင်ရမယ့် ရှေးဟောင်းစေတီများဖြစ်ပါ
တယ်။ (တန်ဆောင်းတစ်လျောက်မှာတော့ ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ ဈေးဆိုင်တွေရှိပါတယ်)

ဒါကတော့ အင်းလေးကန်က နာမည်ကြီး ဘုရားများကိုးကွယ်ပူဇော်ဖို့  ထားတဲ့နေရာဖြစ်ပါတယ်။

ဒါကတော့ ရေလယ်စားသောက်ဆိုင်ပါ။

ဒါကတော့ ရေလယ်မှာတည်ထားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းပါ။ (ကြောင်ခုန်ဘုန်းကြီးကျောင်းလို့ ခေါ်တယ်ထင်ပါတယ်။
ဧည့်သည်တွေသွားရောက်ကြည့်ရှုတဲ့အခါမှာ ကြောင်တွေက အမျိုးမျိုးခုန်ပြတယ်လို့ ပြောပါတယ်။ အဲနေ့ က မိုးနဲနဲရွာတာ
ရယ်ကြောင်ခုန်တာ.. စိတ်ဝင်စားစရာလားလို့ တွေးမိပြီး မ၀င်ကြည့်ဖြစ်ပါဘူး။ နောက်တစ်ခုကတော့ ပိုက်ဆံပေးရတယ်ဆို
လို့ ပါ။)

ဒီပုံလေးကတော့ နောက်ဘုန်းကြီးကျောင်းတစ်ခုပါ။

အင်းထဲရောက်မှတော့ ကြာသင်္ကန်းယက်လုပ်တာလေးကြည့်ပြီး ဘုရားကပ်ဖို့ ဝယ်မယ်စိတ်ကူးပြီး သွားကြည့်ဖြစ်ပါတယ်။
ဒါလေးကတော့ ကြာကနေ ကြာချည် တွေကိုယူပြီး မပြတ်မတောက်ပဲ.. ယက်လုပ်ဖို့ အသင့်ဖြစ်အောင်လုပ်နေတာပါ။ ကျ
နော်ငယ်ငယ်တုန်းကတော့ အိမ်ကဒီလိုလုပ်တာ တွေ့ ဖူးပါတယ်။ ဒါပေမယ့် အဲတုန်းက ဘာမှ မသိလိုက်ပါဘူး။

ကြာချည်တွေကို သင်္ကန်းဖြစ်လာအောင် ပဏာမ လုပ်နေတာပါ။ ကြာပန်းကနေ သင်္ကန်းတစ်ခုဖြစ်လာဖို့ ဆိုတာ လွယ်တဲ့
ကိစ္စမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ၁ နှစ်ခွဲထိ အချိန်ယူပါတယ်။ ဒါကြောင့်မို့  ဈေးနှုန်းကလဲ ကြီးပါတယ်။ သင်္ကန်း
တစ်စုံကို ၁၅ သိန်းပေးရပါတယ်ခင်ဗျာ။ ကျနော်လဲ ကြားတုန်းက ကိုယ့်နားကိုတောင်.. ကိုယ်မယုံလို့  ထပ်မေးမိပါတယ်။
အဲမှပဲ.. ကြာယက်တဲ့ အန်တီက ကျနော်တို့ ကို ရှင်းပြတာပါ။ အဲနေ့ တုန်းက သူငယ်ချင်းတော့ ဘုရားကပ်ဖို့  မျက်နှာ
သုတ်ပုဝါ အရွယ်ကို ၃၀၀၀၀ နဲ့ ဝယ်ဖြစ်ခဲ့ပါသေးတယ်။

ဒီလိုနဲ့ ပဲ ကျနော်တို့ ခရီးစဉ်လေးဟာလဲ ပြီးဆုံးခဲ့ပါတယ်။ ဒီပုံလေးကတော့ နောက်ဆုံးမှာရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ ကျနော်
ပြေပြတာတွေက တစ်စိတ်တစ်ဒေသပဲရှိပါသေးတယ်။ သူငယ်ချင်းများအနေနဲ့  အခြေအနေပေးရင်တော့ (လုပ်ယူရမှာပေါ့
နော်) သွားလည်ကြပါလို့  ထပ်မံတိုက်သွန်းလိုပါတယ်။
........................
အဲလိုနဲ့ ပဲ ရန်ကုန်ကိုပြန်ရောက်လာပါတော့တယ်။ ရန်ကုန်ပြန်ရောက်လို့  အိတ်ချယုံလေးပဲရှိပါတယ်.. သူငယ်ချင်းက
အလုပ်ကိစ္စရှိတယ်ဆိုပြီး နောက်တစ်နေ့ မှာ ရခိုင်ကိုသွားဖို့  ကားလက်မှတ်ဖြတ်ထားပေးတယ်လို့ ပြောလာတော့လဲ
ကျနော်လဲ.. အိတ်ကိုတောင်မပြင်တော့ပါဘူး။ ရှိနေတဲ့ အိတ်ကို အခန်းထဲသွင်းပြီး နောက်တစ်နေ့ မှာ ရခိုင် (ကျောက်ဖြူ)
ကိုသွားဖို့  ကားမွေးမယ်ဆိုပြီးတော့ အိပ်လိုက်ပြီး.. နောက်နေ့ ညနေခင်းမှာ ရခိုင်ကို သွားဖို့  ကားဂိတ်ကို အိတ် ဆွဲပြီးပြေးပါတော့တယ်ဗျာ။

Subscribe to:
Posts (Atom)