ရံဖန်ချိန်မှာ ထင်တိုင်းမဖြစ်
လောကကြီးမှာ ကံဆိုးပါလား
အတွေးတွေနဲ့  ဖြတ်သန်းခဲ့တယ်။
စိတ်ဒဏ်ရာနဲ့  ဖြေသိမ့်နိုင်အောင်
သေရည်မှီဝဲ ပြီးစေခဲ့တော့
အရင်လိုသာ စိတ်ဆင်းရဲကာ
မှောင်ထဲတိုးဝင့်။
ရက်တွေလွန်ပြီး စိတ်ဒဏ်ရာနဲ့ 
ခေါင်းငိုက်စိုက်ကာ ဦးတည်ရာမဲ့
လျှောက်ကာသွားတော့
ရှေ့ မှတိုက်သူ အသင်လူအား
စိတ်ခိုက်မိတယ်။
တုတ်ကိုမှီခို ခွက်ကိုကိုင်လို့ 
ရမ်းတမ်းလျှောက်သူ ဤအမှောင်သူ
အလင်းမတွေ့  ဒီတစ်သက်မှာ
အမှောင်စိုးမိုး။
အလင်းကိုမြင် အရောင်ကိုတွေ့ 
အလှခံစား သာမန်လူသား
လက်လျော့ဖို့ ရာ အမှောင်ထဲမှာ
နေတဲ့လူအား
ရှက်မိလျက်သား?။
လေပြေ
Saturday, July 24, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment