ကျနော့်တွင် “သူဇာ” ခေါ်ရည်းစားတစ်ယောက်ရှိလေသည်။ သူမသည် ဘာမဆိုအကောင်းချဉ်းသာကြိုက်နှစ်သက်
သူဖြစ်သည်။ ကုန်ကုန်ပြောလျှင် နေ့ လည်စာစားလျှင်ပင် အကောင်းဆုံးဆိုင်များတွင် အကောင်းဆုံးအစား
အစာများကိုသာမှာစားတတ်သည်။
ထို့ ပြင် စားပြီးပါကလဲ အချိုပွဲလေးပါမှ သင်းသိမ်တတ်သည့် အကျင့်ပါသူလေးဖြစ်သည်။ သို့ သော်...
ကုန်ကျစားရိတ်အားလုံးကို သူမပင်ရှင်းတတ်ပါသည်။
သူမ၏ရည်းစားအနေဖြင့် ကျနော်မှာ ကုန်ကျစားရိတ်အားလုံးကို မရှင်းပေးနိုင်ပါ။ ရေရှည်တွင် ကျနော်မရှင်း
နိုင်သဖြင့် သူမကိုပင်ရှက်နေမိပြီး သူမကို အပြင်ခေါ်ထွက်ရန်ပင် အင်အားမရှိတော့သလိုဖြစ်လာသည်။
တစ်နေ့ တွင်တော့..“အင်း..ဒီလိုသာသွားရင်တော့မဟုတ်တော့ဘူး။ အကယ်လို့  အိမ်ထောင်တွေပြုပြီး သူ..
ဒီလိုပဲ သုံးနေရင်တော့..ဒီတစ်သက်...ငါ..ပိုက်ဆံစုဖြစ်မယ်မထင်ဘူး” ဆိုသော အတွေးဝင်လာကာ...
သူမနှင့် လမ်းခွဲရန်ဆုံးဖြတ်လိုက်သည်။
ထို့ နောက်တွင် ကျနော်သည် ကြိုးစား၍သူမကိုရှောင်သည်။ သူမနှင့် လုံးဝကို အဆက်အသွယ်ဖြတ်လိုက်
လေသည်။ သို့ နှင့်...နောက်ပိုင်းတွင်..တစ်ယောက်နှင့် တစ်ယောက်မတွေ့ ဖြစ်တော့ပါ။
တစ်နေ့ ကျနော် ကန်တင်းတွင်ထိုင်နေခိုက် မဖိတ်ခေါ်ပဲကောင်မလေး တစ်ယောက်..ကျနော့်၏
မျက်ဝန်းတွင်းသို့ ဝင်လာသည်။ ၀င်လာရခြင်းကလဲ...
သူမသည် ပေါက်ဆီကို ၁၀ ကျပ်မှ ၁ ကျပ်ထိရောက်အောင် ဈေးဆစ်နေ၍ဖြစ်သည်။ “ရှင်..တို့ ပေါက်ဆီက
အေးနေပြီ..ပြီးတော့ နှစ်လုံးပဲကျန်တာ ဘယ်သူမှ ၀ယ်စားတော့မှာ မဟုတ်ဘူး..ကျမကို သာပေးလိုက်ပါ” တဲ့။
အလားရရင်တောင် အပိုပေးပါလားဆိုတဲ့ လူမျိုးထဲမှာပါမလားတော့မသိပါဘူး။ နောက်မှ ကျနော်သူ့ နာမည်ကို
သိလိုက်ပါတယ်..“သဇင်” တဲ့ဗျာ။
“အင်း...ဒီလောက်တောင်ဈေးဆစ်နေမှတော့ သူနဲ့ သာ အိမ်ထောင်ကျခဲ့ရင် ချွှေချွှေတာတာနဲ့ သုံးမယ့်အစားမျိုးပဲ။
ပိုက်ဆံတွေလဲစုဆောင်းမိမှာပဲ” လို့ ကျနော်ယူဆကာ..ငါ့အကြိုက်ထဲကပဲလို့  တွေးတောနေမိလေ၏။
လူသားဆိုသည်မှာလဲ ခေါင်းထဲတွင်တွေးမိသည်နှင့် အကောင်အထည်ဖေါ်တတ်သည့်အကျင့်ရှိ သည့်နည်းတူ...
ကျနော်လဲ..သူမနှင့် ရင်းနှီးအောင်လုပ်ကာ..ချစ်ခွင့်ပန်လိုက်လေသည်။
နောက်ဆုံးတော့
သူမနှင့် အိမ်ထောင်ကျသွားလေ၏။
“ကိုယ်အိမ်ပြန်လာပြီ မိန်းမရေ..။ ဟာ..မွှေးနေတာပဲ..ဒီနေ့ ဘာဟင်းချက်လဲကွ?”
“ ဒီနေ့ က ပုဇွန်ချက်တယ်။ ဈေးကြီးပေမယ့် စားလို့ တော့ကောင်းတယ်။” သူမရဲ့ အဖြေ
“နေပါအုန်းကွ..မင်းချက်တာက နေ့ တိုင်းဈေးကြီးတဲ့ဟာတွေပါလား?။ ဒီလိုသာသွားရင် ပိုက်ဆံကော စုမိ
ပါအုန်းမလားကွ?”
“ရှင်ကလဲ..ပိုက်ဆံပဲဟာ..ရှာနိုင်သလောက်စားရမှာပေါ့။ သိမ်းထားလို့  မှိုတွေတက်ပြီး..ချတွေစားသွားရင်
ဘယ်လို လုပ်မလဲ?”
“အန်” အော်...မှိုတွေတက်ပြီး ...ချတွေစားမှာစိုးလို့ တဲ့လား...သူတို့ မစားခင်ကိုယ်က အရင်စားလိုက်တယ်ပေါ့လေ။
“ဒါနဲ့ နေပါအုန်း..တက္ကသိုလ်တုန်းကဆို..မင်းချွှေချွှေတာတာ နဲ့ သုံးတာမဟုတ်လား? ခု..ဘာဖြစ်လို့ အဲလို မလုပ်
တော့တာလဲ?”
“အော်..အဲဒီတုန်းက ကျမမှာပိုက်ဆံမရှိဘူးလေ...ပြီးတော့ ပိုက်ဆံရှာပေးမယ့်သူလဲမရှိဘူး။ ခုတော့ ရှင်က...
ပိုက်ဆံရှာနိုင်တော့... ကျမလဲ အရင်တုန်းက မစားလိုက်ရတဲ့ဟာတွေကို အားရပါးရစားနေတာပေါ့ရှင့်”
အားရစရာအဖြေကို သူမ..အားရပါးရပြောလေသည်။
တစ်နေ့ တွင်..မြို့ ထဲသွားခိုက်..စားသောက်ဆိုင်မှ ထွက်လာသော..သူငယ်ချင်းနှင့် ဆုံသဖြင့် မိတ်ဆက်မိသည်။
“ဟေ့..သူငယ်ချင်း..မတွေ့ ရတာတော်တော်ကိုကြာပါလားကွ..ရွှေတွေပါတွေနဲ့ တော်တော်လေးကို ထောနေ
တယ်ပေါ့..ငါ့ကောင်က” ဟုမေးရင်း နှုတ်ဆက်တော့...
“အေး..ငါလဲ..အိမ်ထောင်ကျပြီးကတည်းက ဒီလိုပဲ ကောင်းစားလာတာကွ..ငါ့မိန်းက အလုပ်အရမ်းကြိုးစားတယ်။
အဲ..ပြီးတော့ သူက အကောင်းကြိုက်တဲ့သူဗျာ။ ဒါပေမယ့်.. သူစားတာ..၀ယ်တာအားလုံးကို သူကပဲရှာတာာ။
ငါက..ဘာမမပူရဘူး။”
“ဟုတ်လား..ကောင်းတာပေါ့ကွာ”
“မင်းကောဘယ်လိုလဲကွ..?”
“ဒီလိုပါပဲကွာ..ရှာလိုက်..စားလိုက်နဲ့  သံသရာလည်နေတုန်းပါပဲ”
“ဟော..ပြောရင်းဆိုရင်း...ဟိုမှာ ငါ့မိန်းမ သူဇာ လာနေပြီ။ မင်းနဲ့  နှုတ်ဆက်ပေးရအုန်းမယ်။ ”
“သူဇာ” ဆိုသဖြင့် ကျနော်လှမ်းကြည့်လိုက်ရာ ကျနော့်၏ အကောင်းကြိုက်တတ်သော ကောင်မလေး..
ကျနော်နှင့် ကျနော့် သူငယ်ချင်းဆီသို့ လျှောက်လာနေလေသည့်သူမ။ သူမ..မတွေ့ ခင်ပင်....ကျနော်....
ကျနော့်သူငယ်ချင်းအား...“ငါ့မှာ အရေးကြီး ကိစ္စရှိလို့ ကွ..ငါခုပဲသွားတော့မယ်” ဟုဆိုကာ ခြေကုန်သုတ်ခဲ့သည်။
“နေအုန်းလေကွာ..ငါ့မိန်းမနဲ့ တောင် မနှုတ်ဆက်ပေးရသေးဘူး” ဆိုသော ကျနော့် သူငယ်ချင်းအသံသည်လည်း
နောက်တွင်ကျန်ရစ်ခဲ့သည်။
နောက်မှ စဉ်းစားမိသည်တွင်..သူမနှင့် ကျနော်မတွေ့ ရဲခြင်းမှာ..ရှက်၍လော..အမှားလုပ်မိ၍လော ဆိုသည်ကို
ကျနော်ကိုယ်တိုင်လဲ မသိတော့ပါ။
ရှမ်းကလေး
Saturday, July 31, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment