နှစ်သစ်ကူးရောက်တော့မယ်ဆိုတော့ လွှမ်းစရာတွေကများပါတယ်။ ရည်းစားအကြောင်း၊ အစားအစာအကြောင်း၊
အကတွေအကြောင်း... အို...သောင်းပြောင်းထွေလာပေါ့ဗျာ။
အဲထဲမှာမှ မသိတသိနဲ့ လွမ်းမိတာလဲရှိပါတယ်။ အရင်တုန်းကတော့ မိဘ၊ ဘိုးဘွားတွေ ကိုယ်ပြန်အလာကို စောင့်ရင်
“စောင့်စရာမလိုပါဘူး...သားကောင်းကောင်းမွန်မွန်ပြန်လာတတ်ပါတယ်” လို့ ပြောတတ်တာပေါ့ဗျာ။
ခုတော့လဲ..အဲဒီစေတနာလေးတွေ၊ စောင့်မျှော်မှုလေးတွေက ကိုယ့်ကို စိုးရိမ်တယ်ဆိုတာလေးတွေဖော်ပြနေပါလားလို့ 
တစ်နေ့ တခြားပိုပိုလို့ သိလာပါကလား။ အဲဒါနဲ့  ဒီအောက်က ကဗျာလေးကို ရေးဖြစ်ပါတယ်။
ရောင်စုံမီးအောက် မြူးတူးကခုန်
ပျောင်ရွင်ခြင်းရဲ့  လွမ်းမိုးမှုကြား
ဂုဏ်ယူစရာ နှစ်သစ်ကူးမှာ
တက်ကြွစွာနဲ့  ပါဝင်ခဲ့တယ်။
နာရီလွန်လို့  ဆိုင်ရာပြန်တော့
ဘုရားခန်းမှာ မီးစာမငြိမ်း
လင်းထိန်စွာနဲ့  ထိုင်စောင့်နေသူ
မေမေ့ကိုလေ ၀မ်းနည်းမိတယ်။
စိတ်ပူတယ်တဲ့ သူ့ ခမျာလေ
တစ်ညလုံးပဲ စောင့်နေတယ်ဗျာ။
ရာသီလွန်လို့  နေရာပြောင်းတော့
ပြန်ရချင်တာ မေ့မေတ္တာပါ။
ခုချိန်ရောက်တိုင်း အမေ့မေတ္တာ
စဉ်းစားမိပြီး စိတ်မပူပဲ
ပျော်ပျော်နေနော်... အမေနော်။
ချစ်လျက်
ရှမ်းကလေး+လေပြေ
ဟူး...ရေးရင်းအမေ့ကို..အရမ်းကိုသတိရတယ်ဗျာ။
Wednesday, December 1, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment