တစ်နေ့ က (တော်တော်လေးကို ကြာပါပြီ) ညီတစ်ယောက်က ဂစ်တာနဲ့ ပတ်သတ်တဲ့ သင်ခန်းစာလေးတွေရချင်တယ်
လို့ ကျနော့်ကိုတောင်းဆိုပါတယ်။ ကျနော်က ရှာထားပြီးပါပြီ..ဒါပေမယ့် တင်ပေးဖို့ အချိန်သိပ်မရှိတာနဲ့  ခုမှတင်ပေး
လိုက်တာပါ။
ဂစ်တာသင်ခန်းစာဆိုပေမယ့်လဲ...ခုကျနော်ပေးလိုက်တဲ့ ၀က်ဆိုဒ်က ဂစ်တာလက်ကွက်တွေကိုပြပေးတဲ့ ဆိုဒ်လေး
တစ်ခုပါ။
http://www.chordbook.com/guitarchords.php
ဘယ်ဖက်ဘေးမှာ ဂစ်တာပြထားတယ်။ ညာဖက်မှာတော့ ဂီး Key ပြထားပါတယ်။ ကိုမသိတဲ့လက်ကွက်ကို နှိပ်လိုက်ရင်
ဂစ်တာပေါ်မှာ ဘယ်လိုကိုင်ရမယ်ဆိုတာပေါ်လာပါတယ်။
ဒီစာကို ဖတ်တဲ့သူတွေကတွက်တော့ ဂစ်တာအကြောင်းသိမယ်လို့  ကျနော်ယူဆထားတဲ့အတွက် Key နဲ့ ပတ်သက်ပြီး
တော့ သိပ်မရှင်းပြတော့ပါဘူးနော်။ Cm လိုချင်ရင် C ကိုနှိပ်ပြီးတော့ အောက်က စာရင်းမှာပြထားတဲ့ m ကိုနှိပ်လိုက်
ရင် Cm ကိုရမှာပါ။ တခြားဟာတွေလဲ..အဲလိုပါပဲ။
ဂစ်တာကိုယ်ထည်ပေါ်က ညာဖက် Strum ဆိုတာက တီးရင်ထွက်ရမယ့်အသံဖြစ်ပါတယ်။ ဘယ်ဖက်က Save ကတော့
ကိုယ်ကြိုက်တဲ့ အကွက်ကို သိမ်းထားတာပါ။ ပုံရဲ့  ညာဖက်အောက်လေးမှာ My Chords ဆိုတာကို နှိပ်လိုက်ရင်ကိုယ်
သိမ်းထားတဲ့ Key တွေပေါ်လာမှာပါ။
ပြီးရင်သိမ်းထားတဲ့ စာမျက်နှာရဲ့  အောက်ဆုံးက Play ကိုနှိပ်လိုက်ရင် Key တွေအားလုံးကို ကစားပါလိမ့်မယ်။
သီချင်းသီကုံးဖို့  မလုံလောက်ပေမယ့် ဂစ်တာကစားရင်း လက်ကွက်မရရင် ၀င်ကြည့်လို့ ရမယ့်လို့  ထင်ပါတယ်။
ကဲငါ့ညီရေ..နဲနဲပါးပါးတော့ အသုံးဝင်မယ်လို့  ယုံကြည်ပါတယ်နော်။
အင်တာနက်သုံးနိုင်သူတွေအတွက်ကတော့ Youtube မှာဝင်ပြီးကြည့်ရင် ဂစ်တာသင်ပေးတဲ့ Clip တွေအများကြီး
ရှိပါတယ်။ Guitar for beginner လို့ ရေးလိုက်ရင် အများကြီးတွေ့ ရမှာပါ။
သီချင်းသီကုံးခြင်း
ကဲတစ်ခါတည်းပဲ သီချင်းတွေလုပ်တဲ့ Program တစ်ခုကို လမ်းညွှန်လိုက်ပါတယ်။ အဲဒါကတော့ FL studio 9 ပါ။
ကျနော်အရင်က ပေးထားတဲ့ ဆိုဒ်တွေထဲမှာ အလွယ်တကူရှာနိုင်ပြီး ဒေါင်းလ် download လို့ ရပါတယ်။
http://ebooks.mmblogs.net/archives/2971
ဒီဆိုဒ်ကတော့ FL Studio ရဲ့ လက်စွဲစာအုပ်ပါ။ မြန်မာလို ဘာသာပြန်ထားပြီးသားဖြစ်ပါတယ်။ ဒီစာအုပ်ကို ယူတဲ့ချိန်
မှာ အောက်က Comment ထဲက Link မှာသွားပြီး Font ကို download ပြီး install လုပ်ဖို့ မမေ့ပါနဲ့ ။ မဟုတ်ရင်
ဖတ်လို့ ရမှာ..မဟုတ်ဘူးခင်ဗျ။
ရှမ်းကလေး
Tuesday, February 1, 2011
Subscribe to:
Post Comments (Atom)
2 comments:
font download နေရာလေး မသိလို့ ပါဗျ။ ဖြစ်နိုင်မယ်ဆိုရင် မေလ်းထဲကို ပို့ ပေးစေချင်ပါတယ်
ကျေးဇူးပါအကို ကျွန်တော် ဂစ်တာတီးတာ အရမ်းနဲ့ ဝါသနာပါပါတယ် ဒါပေမဲ့ အချိန်မပေးနှိင်လို့ သင်ခွင့်မရခဲ့ပါဘူး ...
အခု အကိုတင်ထားတဲ့ လင့်လေးကတော်တော်အဆင်ပြေပါတယ် . အကိုကို ကျေးဇူးအထူးတင်ပါတယ်အကို
Post a Comment