စာဖတ်ပရိတ်သတ်တို့ ရေ..ဟိုးအရင်တုန်းကတော့ ရန်ကုန်မှာအလုပ်ရှာရဘယ်လောက်ခက်တယ်.. ဘာတွေပြင်ဆင်
သင့်တယ်ဆိုတာတွေကို စာဖတ်ပရိတ်သတ်တို့ အားဝေမျှပြီးသွားပြီဆိုတော့.. အခုက ဒုတိယပိုင်းအနေနဲ့  အလုပ်ခန့် 
တဲ့အခါမှာ ကျနော်တို့ ကြုံတွေ့ ရတဲ့.. အတွေ့ အကြုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။
ကဲဘာလိုလိုနဲ့ ပဲ ကျနော်ရှမ်းကလေးလေးဟာ..အလုပ်လုပ်ရသွားပါတော့တယ်။ ကျနော့်ရဲ့  အဓိကအလုပ်ကတော့
ရုံးအုပ်ပေါ့ဗျာ။ အဲ..စီမံခန့် ခွဲရေးတာဝန်ခံပေါ့လေ။ အဲလိုနဲ့ အလုပ်လုပ်လာတဲ့အခါမှာ ကျနော်တို့ မှာ အလုပ်နဲ့ လူ
မလုံလောက်တာနဲ့  လူသစ်ခန့် ဖို့ ဖန်လာပါတော့တယ်ခင်ဗျ။
အဆင့် (၁) လျှောက်လွှာလွှတ်ခြင်း
လူက အရမ်းလိုနေတာနဲ့ ..လျှောက်လွှာတွေလွှတ်မယ်လုပ်တော့.. စဉ်းစားရပြီဗျ။ အလုပ်ကူလုပ်ဖို့ လူရှာတာလေ..
ကိုယ့်ကိုစောင့်ကြည့်ဖို့ လူကိုခေါ်ဖို့ မှ မဟုတ်တာ..ဆိုတော့ နီးရာလူတွေကိုပဲပြောပါတယ်။ လျှောက်လွှာလွှတ်လိုက်ရင်
မဟုတ်တဲ့ လူတွေပါလာမှာစိုးလို့ ပေါ့လေ။ သိတယ်မဟုတ်လား...”သတိဆိုတာ ပိုတယ်မရှိဘူး” ဆိုပဲဗျ။
အဆင့် (၂) လူစစ်ခြင်း
ကဲဖောင်တွေတော့ရလာပြီဗျာ။ ရလာတော့ဖတ်ရတာပေါ့လေ။ အဲဒါမပြောခင်..တစ်ခုသတိရလိုက်လို့ ပြန်ပြီးဝေမျှ
လိုက်ပါအုန်းမယ်။ ”ကျနော်တို့ နိုင်ငံမှာက ဘွဲ့ ရပြီးရင်..သင်တန်းတက်၊ သင်တန်းတက်ပြီးရင် အလုပ်လုပ်၊ အလုပ်
လုပ်ရင်းနဲ့  သင်တန်းဆက်တက်၊ တက်ပြီးတော့နောက်အလုပ်လုပ်.. အဲလိုနဲ့ ချာလပတ်လည်မှ ခေတ်မှီတာဗျ”
ဖောင်တွေဖတ်တဲ့အခါမှာ တစ်ချို့ က ဆေးမှုးနဲ့ ပြီးတယ်..ပြီးတော့ Accounting သင်တန်းတွေတက်ကြ၊ ကွန်ပြူ
တာသင်တန်းတွေတက်ထားတာတွေ့ ရတယ်ဗျ။ ဘယ့်နယ့်..အဲဒါတွေကို စိတ်ဝင်စားရင်..တက္ကသိုလ်မှာ သင်ယူ
ပါလားလို့ ။ ခုတော့ ၄ နှစ်လုံးလုံး တက္ကသိုလ်တက်၊ ငွေတွေကုန်ပြီးရင်း ကျောင်းပြီးသွားလဲ ဆက်ကုန်နေသေးသကိုး။
အင်းလေ..ပညာရေးကိုပဲအပြစ်တင်ရမလား၊ အလုပ်လိုအပ်ချက်ကိုပဲ အပြစ်တင်ရမလား၊ ခေတ်ကိုပဲအပြစ်တင်
မသိတော့ပါဘူးလေ။ အဲလေ..ဘယ်လိုပဲဖြစ်ဖြစ်ပေါ့..ပညာဆိုတာတတ်ထားတာလဲကောင်းသားပဲနော့်။
လျှောက်လွှာတွေကို စစ်တဲ့အခါမှာ..အရည်အချင်း၊ ဘွဲ့ လက်မှတ်အပြင်၊ ကျနော်တို့ ကတော့ လူမှုအသိုင်းအ၀ိုင်း
မှာဘယ်လောက်ထိ ပါဝင်လှုပ်ရှားခဲ့သလဲဆိုတာတွေကိုလဲ ကြည့်ပါတယ်။ ကျနော်ကတော့ လက်မှတ်တွေကို သိပ်
ဂရုမစိုက်ဘူးဗျ။ လက်မှတ်ရှိတိုင်း တတ်မတတ်မှ မပြောတတ်တာ။ ဒါပေမယ့်လဲ..လျှောက်လွှာဖတ်ရင်တော့ ကိုယ်လို
ချင်တဲ့ အရည်အချင်း ရှိမရှိကို တက်ဖူးတဲ့သင်တန်းတွေကိုပဲကြည့်ရတာပေါ့။
အမျိုးမျိုးပဲလို့ မပြောနဲ့ လေ။ ယေဘုယျအားဖြင့်တော့..မတတ်ရင်တောင်မှ အထီးလား၊ အမလားတော့ ခွဲခြားနိုင်မယ်လို့ 
ကျနော်တို့ ကယုံကြည်တယ်လေ။
အဆင့် (၃) လူတွေ့ မေးမြန်းခြင်း
ကဲ... နောက်ဆုံးအဆင့်ကတော့ လူတွေ့ မေးမြန်းခြင်းပါပဲ။ အများအားဖြင့်မေးတာကတော့၊
- ဘာသင်တန်းတွေတက်ဖူးသလဲ?၊ ဘယ်အဆင့်ထိလဲ?
- ဘယ်မှာ အလုပ်လုပ်ဖူးသလဲ?
- ကိုယ့်ရဲ့  ကောင်းကွက်တွေဘာရှိသလဲ?
- လူမျိုးမတူ၊ အသက်အရွယ်ချင်းမတူတဲ့ သူတွေ နဲ့  အလုပ်လုပ်နိုင်သလား?
- ခရီးသွားနိုင်သလား? အိမ်ကခွင့်ပြုမလား (အထူးသဖြင့် အမျိုးသမီး) ? ညအိပ်ညနေသွားနိုင်လား?
- အိမ်ထောင်ရှိလား? (အရေးတော့မကြီးပါဘူး၊ မေးတာကလဲ..ခရီးသွားရင်..အိမ်ဦးနတ်ကခွင့်ပြုလားဆိုတာကို
သိချင်လို့ ပါ။ ပြီးတော့ အိမ်ထောင်ရှိရင်..အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပျက်တတ်တယ်လေ..ဆရာရဲ့ )
- ဘာတွေလုပ်နိုင်သလဲ? (ဒါကအရေးကြီးတယ်၊ အရမ်းလဲ မရွှီးနဲ့ ပေါ့ဗျာ..လုပ်တတ်ဆိုပြီး တာဝန်တွေစေတနာ
ဗလာပွနဲ့  ပေးလိမ့်မယ်)
- ဘယ်လောက်ရမယ်လို့ မျှော်လင့်သလဲ? (ဒါကတော့ အရေးကြီးတယ်နော်။ ရတယ်မရတယ်အပထား၊ တောင်းတာ
တောင်း (ကိုယ့်အရည်အချင်းအရပေါ့နော်)။ ဒါပေမယ့်..ဒီမှာ သတိထားရမယ်နော်၊ အရမ်းများရင် ကြိုက်ပေမယ့်လဲ..
မပေးနိုင်လို့ ဆိုပြီးမခေါ်တာလဲရှိတယ်။ အရမ်းနည်းရင်လဲ..ကိုယ့်ဖက်ကနစ်နာတာပေါ့) ပုံမှန်အားဖြင့်တော့ အနည်းဆုံး
၁၅၀ ရပါတယ်။ ဒါက NGOs ဈေးနော်။ NGOs တောင် Local NGOs ပေါ့ဗျာ။) အပြည်ပြည်ဆိုင်ရာကတော့ များပါတယ်။
၂၀၀ လောက်တော့ အနည်းဆုံးရတာပေါ့ဗျာ။
လူတွေ့ မေးမြန်းတဲ့အခါမှာ ကျနော်တို့ အနေနဲ့ ကြည့်တာကတော့ ကိုယ့်ကိုကိုယ်ဘယ်လောက်ယုံကြည်မှုရှိသလဲ၊
ဘယ်လောက်ဖော်ရွှေသလဲ...စသဖြင့်ပေါ့။ တွေ့ တဲ့လူတိုင်းကို လိုက်နှုတ်ဆက်ဖို့ ပြောတာတော့မဟုတ်ဘူးနော်။
အဆင့် (၄) စဉ်းစားဆုံးဖြတ်ခြင်း
- ဘယ်သူက ထောက်ခံပေးသလဲ? ဒါက အရေးကြီးတယ်ဆရာ။ အဆက်ဟောင်းက အဆက်ဟောင်းပါပဲလုပ်လို့ မရ
ဘူးဗျ။ ထောက်ခံတဲ့သူကို ကျနော်တို့ က ပြန်ဆက်သွယ်ပြီးမေးတာပေါ့၊ ဒီလူက အလုပ်လုပ်တာဘယ်လိုလဲ၊ နာမည်ဆိုး
ရှိလား? အလုပ်ဖြစ်လား? စသဖြင့်ပေါ့ဗျာ။ ကိုယ့်ကို ကောင်းကောင်းရေးပေးမယ့်သူကို ပြီးသလိုရှိာလို့ လဲမရဘူးဗျ။
ထောက်ခံတဲ့သူကလဲ..အဖွဲ့ အစည်းမှာလုပ်မယ်ဆိုရင်.. အဖွဲ့ အစည်းတစ်ခုခုက လူဖြစ်ရင်ပိုသင့်လျော်တယ်။ ဘာဖြစ်
လို့ လဲဆိုရင်..အချင်းချင်းသိကြတယ်လေ။ ဒီအဆက်အသွယ်က စကားအရမ်းပြောပါတယ်။ သူတို့ က တော်တော်
ထောက်ခံရင်..ရဖို့ ရာခိုင်နှုန်းမြင့်ပါတယ်။ ဒါက ပထမ ကြည့်တာပါ။
- အရည်အချင်းနှင့် လိုအပ်မှု။ ။ ဒါကတော့ ဒုတိယဦးစားပေး ကြည့်တာပါ။
- လူမှုဝင်ဆန့် နိုင်မှု ။ ဒါကတော့ တတိယပေါ့။ (မေးမြန်းတဲ့အခါမှာကြည့်ထားတယ်လေ)
- လခ။ ။ တောင်းတဲ့လခက အရမ်းမြင့်သလား၊ ပေးနိုင်၊ မပေးနိုင်ကို ကြည့်ပါတယ်။
အဲလို ကြည့်ပြီးရင်တော့ ..အလုပ်ခန့် လိုက်ပါတယ်ဗျာ။ အလုပ်ခန့် ပြီးတဲ့အခါမှာ ကျနော်တို့ က သင်ပေးရတာပေါ့ဗျာ။
လက်မှတ်တွေရှိနေလဲ ကိုယ့်ရုံးက လုပ်ထုံးလုပ်နည်းတွေကိုသင်ပေးရတာပါပဲ။ ဒါကြောင့် အလုပ်ခန့် ပြီးသွားရင်.. အလုပ်
ထုတ်တယ်ဆိုတာ သိပ်မရှိတာပေါ့ဗျာ။ မကြိုက်သော်လည်း..အောင့်ကာနမ်းပေါ့။ ဟုတ်တယ်လေ.. နောက်တစ်ယောက်
ထပ်ခေါ်..ထပ်သင်ပေးဆိုရင်.. အလုပ်ဘယ်ဖြစ်မလဲလို့ ။ ဒါကြောင့်မို့ ပေါ့နော်..အရမ်းကို ဆိုးဆိုးရွားရွားမဟုတ်ရင်
အလုပ်ထုတ်တယ်ဆိုတာမရှိတော့..ချစားတဲ့သူတွေရှိရင်လဲ..ရှိလာမှာပေါ့ဗျာ။ အရေးကြီးတာကတော့ ကိုခံရသလို
သူများတွေ မခံရအောင် ကိုယ်ချင်းစားပြီးကူညီရင်တော့ ကောင်းတာပေါ့ဗျာ။
ကိုယ်က မလုပ်နိုင်တဲ့အချိန်မှာလဲ..အလိုက်သိသိနဲ့  ထွက်သွားကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဟဲဟဲ၊ တစ်ချို့ 
ကပေပြီးကိုနေတာလေ။ အဲဒါကြောင့်ပါ။
ကဲစာဖတ်ပရိတ်သတ်တို့ ရေ..အကြောင်းဖန်လို့  အလုပ်လျောက်ဖြစ်ခဲ့ရင်..ဒါလေးက အနည်းနဲ့ အများ အထောက်
အကူပြုမယ်လို့  ယုံကြည်ပါတယ်ဗျာ။
ရှမ်းကလေး
Monday, November 21, 2011
Subscribe to:
Post Comments (Atom)
1 comment:
ဒီဟာ အကြိုက်ဆုံးပဲ ကိုယ်တွေ့ကြုံနေလို့ ပီ ဟတ်ခေးရေ
ဆက်ရေးပါအုန်း
Post a Comment