“ဟဲ့..ခွေးကောင်..သေနာကောင်..ခွေးမျိုး..ခွေးသူခိုး” ဆိုတဲ့..ဆဲဆိုမှုတွေက နေရာတိုင်းမှာ ကြားနိုင်ပါတယ်။ ကြားရ
ပါများလို့ လားမသိတော့ပါဘူး...ဒီလိုဆဲဆိုသံတွေကြားရင်...ရိုးနေသလိုလိုတောင်ဖြစ်နေပါပြီ။
ဆဲဒါကလဲ..ခွေးကို ဆဲတာမဟုတ်ပါဘူး။ လူကိုဆဲတာပါ။ ကြားနေကြဆဲဆိုသံလေးတွေပေါ့။ ဟိုနေ့ က ခွေးကို...
“ဟဲ့ခွေး...” ဆိုပြီးအော်မိတော့..အတိတ်ကဖြစ်ရပ်တစ်ခုက ဦးနှောက်ထဲကိုပြေးဝင်လာပါတယ်။ အတိတ်ကဖြစ်ရပ်ဆို
ပေမယ့်လဲ..ကြည်နှုးစရာမဟုတ်ပါဘူး။ မမှတ်ပဲနဲ့  အလိုလိုမှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုပါ။ စိတ်နာလို့ လား၊ နာကျဉ်းလို့ 
လားကတော့ ကျနော့်ကိုယ်ကျနော်လဲမသိပါဘူး။
တစ်နေ့ တွင်ရုံးတွင်ထိုင်၍အလုပ်လုပ်နေစဉ်...အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးတစ်ယောက်ရုံးသို့  မျက်နှာသုန်မှုန်
ထိတ်လန့် စွာနှင့်ရောက်လာလေသည်။
ရုံးမ..အစ်မ များကအပြင်ထွက်ကာ..မည်သို့ ဖြစ်လာသည်ကို မေးမြန်းပြောဆိုနေပါသည်။ ရုံးသွင်းထိုင်နေသော ကျနော်
လဲ..ဖြစ်နေကြ အဖြစ်အပျက်များမို့ ..သတိမထားမိပါ။
ခဏ အကြာတွင်..ရုံးမ..အစ်ကို၊ အစ်မ များအားလုံး လိုအပ်သည်များကို ယူဆောင်ကာ ခုန ကရောက်လာသော
အဒေါ်နှင့် ဦးလေးနောက်သို့ လိုက်သွားလေသည်။
ခုချိန်ထိတိုင်..ကျနော့်အတွက်ကတော့ ပုံမှန်ဖြစ်နေကြပါပဲလေ။ နှစ်နာရီ လောက်အကြာတွင် ရုံးမအစ်မများပြန်ရောက်
လာပြီး...ဘာသာပြန်ရမည့် အမှုဖိုင်တွဲကိုပေးပါသည်။
ကျနော်။ ။ “အစ်မ..ဒီနေ့ ကဘာဖြစ်တာလဲ?”
အစ်မ။ ။ “လူသတ်မှု”
ကျနော်။ ။ “ဖြစ်ပြန်ပြီလား?”
အစ်မ။ ။ “ဒီလိုပဲပေါ့ကွာ..သူများနိုင်ငံမှာနေတာ ဆိုတော့.. သူတို့ လုပ်တိုင်းကိုခံနေရတာပေါ့”
ကျနော်။ ။ “ဟူး...ထိုင်းမှာအလုပ်လာလုပ်တဲ့ မြန်မာလူမျိုးတွေရဲ့ အဖြစ်က မလွယ်ပါလား။ ပုရွက်ဆိတ်ထက်တောင်
လူ့ အသက်က တန်ဖိုးမဲ့နေပါလား။ ခုကဘယ်လိုဖြစ်ပြီး လူသတ်မှုဖြစ်ရတာလဲ?”
အစ်မ။ ။ “ရော့..ဒီမှာ စစ်ချက်။ မြန်မာလိုမှတ်တမ်းတင်ပြီးရင်..အင်္ဂလိပ်လိုပါဘာသာပြန်ထားလိုက်”
ကျနော်။ ။ “ဟုတ်ကဲ့..ပါဗျာ”
ကျနော်တို့ အသံက ပုံမှန်ဖြစ်နေလိမ့်မည်ဟုစာဖတ်ပရိတ်သတ်များထင်ပေလိမ့်မည်။ အမှန်မှာ..ဤကဲ့သို့ သောအဖြစ်
မျိုး..ခဏ၊ ခဏ ကြုံတွေ့ ရသဖြင့်..ရင်နာလွန်းလှကား..နာကျင်ဖို့ ရန်ပင်ရင်မကျန်တော့ပါကလား။
အမှုမှတ်တမ်းတင်ခြင်း
သေဆုံးသူအမည်။ ။ မောင်အောင်
အသက်။ ။ 28
အလုပ်အကိုင်။ ။ ခြံစောင့်
အမှုကျူးလွန်သူ။ ။ ရွာသူကြီး
နေ့ စွဲ။ ။ 2004
နေရာ။ ။ မယ်ဆောက်မြို့ 
အချိန်။ ။ နေ့ ခင်း 2 နာရီ
အမှုအကျဉ်း
မောင်အောင်သည် အလုပ်လုပ်ပြီး နေ့ လည် ၂ နာရီခန့် တွင် သူငယ်ချင်းနှင့် အရက်ဖြူသောက်ကြသည်။ အရက်
၁ လုံးကုန်သွားသောအခါ အခါတွင်..မ၀သေးသဖြင့် နောက်ထပ်တစ်လုံးသွားဝယ်လေသည်။ အပြန်တွင် သူကြီး
ခွေးက ကိုက်ရန်မန်ဖီကာ လိုက်ဆွဲသဖြင့် အနားတွင်ရှိသော သစ်ကိုင်းဖြင့် ရိုက်လိုက်သည်။ ထိုအချင်းအရာကို
သူကြီးတွေ့ သောအခါ.. သူ့ ခွေးအားရိုက်ရမည်လားဟု စိတ်တိုကာ မောင်အောင်အား သေနတ်ဖြင့်ပစ်လိုက်လေသည်။
သူကြီးပစ်လိုက်သော သေနတ်ဒါဏ်ရာဖြင့်ပင် မောင်အောင်သည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်။
၎င်းနောက်သူကြီးနှင့် နောက်လိုက်များသည်..မောင်အောင့်သူငယ်ချင်းအား မည်သူမှအားမပြောရန် ရိုက်နှက်ခြိမ်း
ခြောက်လေသည်။ ၄င်းနောက်..မောင်အောင်မိဘများတွေ့ သွားသောအခါ..သူကြီးက မောင်အောင်၏ စာပနာအတွက်
ငွေ ၁၀၀၀၀ ပေး၏။ ၄င်းနောက်မောင်အောင်၏ မိဘများအား လုပ်အားခများပင်မပေးပဲ ခြံမှမောင်းထုတ်လိုက်သည်။
ကျနော်။ ။ “ဟူး...ခွေးကိုရိုက်လို့ ..အသတ်ခံရတာဆိုတော့ လူ့ အသက်က ခွေးလောက်တောင် တန်ဖိုးမရှိတော့ဘူး
လား?။ ”
အစ်မ။ ။ “အေး..ဒီမှာက ဒီလိုပဲ။ နေတတ်စားတတ်မှအသက်ရှည်မှာ”
၎င်းနောက်တွင်..အဖွဲ့ အစည်းများ၏ကြိုးပမ်းမှုနှင့် မောင်အောင်၏ မိဘများနှင့် သူကြီးသည် ရဲစခန်းတွင်သွားရောက်
ညှိနှိုင်းကြသည်။ နောက်ဆုံးရလဒ်မှာ မောင်အောင်၏မိဘများသည် သူကြီးထံမှ ငွေ 200,000 ဘတ်ဖြင့် အမှုကြေ
အေးလိုက်သည်။
ထို့ နောက် မြန်မာပြည်ဖက်သို့ ပြန်သွားကြလေသည်။
အင်း.......မြန်မာပြည်ကအတိုင်းပြောရရင်တော့..အဲလိုဆဲဆိုကြတာက နမ်နှိမ်သလိုမျိုးများဖြစ်နေလား? ဆိုပြီးတော့
စဉ်းစားမိပါတယ်ဗျာ။ တခြားကြုံတွေ့ ရတာတွေလဲရှိပါတယ်။ စိတ်ညစ်အောင်တော့ မလုပ်လိုပါဘူး။ ဒါပေမယ့်လဲ
တစ်ကယ်ဖြစ်တာက ဖြစ်တာပေါ့ဗျာ။ မြို့ ကြီးတွေနဲ့ ဝေးလေ..လူမသိ..သူမသိသေသွားတဲ့လူတွေများလေပါပဲ။
မြို့ ထဲမှာဆိုရင်တော့ သိပ်မလုပ်ရဲကြဘူးလေ။ မြို့ နဲ့ ဝေးရင်တော့..ပိုက်ဆံရှိတဲ့သူတွေက ရဲထက်အာဏာရှိပြီး၊ လုပ်
ချင်သလိုလုပ်ကြပါတယ်။ အဲ..ရဲက အာဏာရှိရင်လဲ ဘာမှသိပ်မကူနိုင်ပါဘူး။ ကိုယ်ကပဲ ပေးနေရတာပေါ့ဗျာ။
လမ်းကြုံလို့ ထပ်ပြောအုန်းမယ်...
ပစ္စည်းပျောက်ခြင်း
တစ်နေ့ တစ်၌ ကျနော်သည်အိပ်ရာမှနိုးသောအခါတွင်..ကျနော့်ပစ္စည်းများပျောက်သွားသဖြင့် ရဲစခန်းသို့ တိုင်တန်း
ခြင်းပြုလုပ်လေသည်။
ရဲစခန်းအရောက်တွင် လိုအပ်သည်များကို ပြုလုပ်ပါသည်။ ရဲမှ သိလိုသောအချက်အလက်များကို မေးမြန်းစစ်ဆေး
ပါသည်။ မေးမြန်းစစ်ဆေးခြင်းများပြီးသွားသောအခါတွင်...
ရဲ။ ။ “အေး..ငါ့ညီ..ဒီမှာက ဒီလိုပဲ။ ပြီးရင်..ရဲကိုလဲနားလည်ရမယ်။ အမှုတွေကအများကြီးပဲကွ။ ပြန်ရမယ်၊ မရက
တော့ မသေချာဘူး။ သူချိုးဘယ်သူမှန်းလဲမသိ..အထီး၊ အမ မှန်းမသိတော့ ခက်လိမ့်မယ်နော်”
ဟုတ်ကဲ့..ကျနော်နားလည်ပါတယ်..အဲနားလည်လိုက်ပါတယ်..ပစ္စည်းရှုံးပြီဆိုတာကို။ ထိုချိန်မှစပြီး ခုချိန်ထိပျောက်
သွားသော ပစ္စည်းများလုံးဝပြန်မရသေးပါ။ (နည်းနည်းတော့ မျှော်လင့်သေးတာပေါ့လေ)။
ဒါတွေက ကျနော့်၏ အတွေ့ အကြုံများသာဖြစ်ပါတယ်။ လူတိုင်းအတွေ့ အကြုံခြင်းမတူနိုင်ပါဘူး။
ရှမ်းကလေး
Showing posts with label true stories. Show all posts

Tuesday, December 14, 2010
ကြေမွသွားသော ပန်းတစ်ပွင့်
အော်…. သူမမှာ မိခင်တော့စိတ်တော့ ရှိသားပဲ။ တကယ်ကတော့ မြန်မာပြည်သားတွေဆင်းရဲမွဲတေတာကြောင့်
လူကုန်ကူးသူတွေ ရဲ့ပစ်မှတ်က မြန်မာပြည်ဖြစ်လာပါတယ်။
ကျမ သူမကို စတွေ့တာက မယ်တော်ဆေးခန်းက HIV လူ နာတွေကိုထားတဲ့ အခန်းမှာပါ။ကျမစိတ်ထဲမှာ ထူးဆန်း
သွားတာက သူမမှာ နေ့စေ့လစေ့ကိုယ်ဝန်နဲ့ မို့လို့ပါ။သူမ ကိုကြည့်ရတာ အသက်လည်းငယ်ပုံရပါတယ်။
သူမမျက်နှာမှာ ငယ်ရွယ်သူတို့သဘာဝ လွတ်လပ်ပျော်ရွှင်မူ ကိုမတွေ့ရပါဘူး။သူမမျက်နှာဟာ ရာသီဥတုဒဏ်ကြောင့်
ညိုးနေတဲ့ ပန်းဖူးနုနုလေးနဲ့ တူပါတယ်။သူမဘာကြောင့်ဒီ လောက် ပူဆွေးနေတာလဲ၊ တကယ်ဆိုရင် သူမအရွယ်က
ပျော်ရွှင်တက်ကြွနေရမှာ။ သူမဘာတွေဖြစ်ခဲ့လဲ ဘ၀ကို ဘယ်လိုဖြတ်သန်းလာရလဲဆိုတာကို သိချင်လာပါတယ်။
ပထမတော့ သူမဖြေချင်ပုံမရပါဘူး။ သူမ ယုံကြည်လာအောင် စည်းရုံးရပါတယ်။ယုံကြည်တော့မှ သူမရဲ့ ဖြတ်သန်းခဲ့
ရတဲ့အကြောင်း ကိုပြောပြပါတယ်။
သူမ ငယ်ငယ်ကတော့ မော်လမြိုင်မှာ နေတယ်တဲ့။ နောက်တော့ရန်ကုန်ကိုပြောင်းလာတယ်။ တောင်ဒဂုံ ၅၆ ရပ်ကွက်
မှာနေတယ်တဲ့။ အခုသူမ အသက်၁၇ နှစ်ပြည့်တော့မယ်။
သူမ ၀မ်းနည်းပမ်းနည်း ပြောပြတာက ရန်ကုန်ရောက်တော့ အဖေကဆောက်လုပ်ရေးတခုမှာ အလုပ်ဝင်လုပ်တယ်။
ပထမပိုင်းတုန်း ကအဆင်ပြေတယ်။နောက်တော့ ကန်ထရိုက်က အိမ်တွေမရောင်းရတော့ ဆိုဒ်တွေကို ရပ်ပြစ်လိုက်
တယ်။
ဒီတော့ အဖေလည်းအ လုပ်ပြုတ်သွားတယ်။ ဒီတော့ အဖေကရပ်ကွက်ထဲမှာပန်းရံတို့လက်သမားတို့ လိုက်လုပ်တယ်။
အမေက ရာသီပေါ်စာတွေရောင်းတယ်။ဒါပေမဲ့ မိသားစုအသုံးစရိတ် မလောက်ငပါဘူး။ ကျမအောက်မှာက မောင်တ
ယောက်ညီမတယောက်ရှိတယ်။ ဒီတော့ကျမ ၇ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။
အဖေက ပိုက်ဆံမလောက်တိုင်း ငွေချေးရတာပေါ့။ အမေ အရင်းပြုတ်ရင်လည်းငွေချေးရတာဘဲ။ ဒီတော့ အကြွေး
ပေါ်အကြွေးထပ် လာတယ်။ အတိုးကလဲ ၂၀ တိုးဆိုတော့ဆပ်မနိုင်တော့ဘူး။ ကျမအဖေကို ငွေချေးတာက ဒုရဲအုပ်တ
ယောက်။
အဖေ မဆပ်နိုင်တော့မှန်းသိတဲ့ ဒုရဲအုပ်က အဖေ့ကိုပြောတယ်။ ကျမကိုတရုတ်ပြည်မှာ အိမ်ဖော်လုပ်မလားတဲ့။ ၁
နှစ်လောက်ဆိုရင် အကြွေးကြေတဲ့အပြင်အရင်းအနှီးတောင်ရမယ်တဲ့။ ကျမ စိတ်ဝင်စားသွားတယ်။ ကျမကကုန်စုံ
ဆိုင်လေးဖွင့်ချင်တာ။ ကျမတို့ရပ် ကွက်က လက်လုပ်လက်စားတွေချည်းပဲ။
သူတို့က အလုပ်ပြန်မှ ဆန်၊ ဆီ၊ ငရုတ်ဝယ်ပြီး ဟင်းချက်ကြတာ။ ကျမတို့စောင့်ရောင်းရင် အရမ်းရောင်းရမှာ။ ဒါ
ကြောင့် ကျမသွားမယ်လို့ အဖေ့ကိုပြောလိုက်တယ်။
အဖေက ကျမသွားမယ်ဆိုတော့ ၀မ်းသာသွားရှာတယ်။ ဘာပဲဖြစ်ဖြစ် အဖေတို့အသက်ရှူချောင်သွားမယ် မဟုတ်
လား။ နောက်တနေ့ ငွေရှင် ဒုရဲအုပ်မိန်းမကကျမကို လာခေါ်တယ်။ သူနဲ့ မြစ်ကြီးနား သွားရမယ်တဲ့။ ကျမမှာမှတ်ပုံ
တင်မရှိဘူး။ ဒါကြောင့်ဒုရဲအုပ်က ခရီး သွားဖို့ ထောက်ခံစာလုပ်ပေးတယ်။
မြစ်ကြီးနားရောက်တော့ အိမ်တအိမ်ကိုခေါ်သွားတယ်။ အဲဒီအိမ်မှာကျမထက်စောရောက်နေတဲ့မိန်းကလေး ၅ ယောက်
ရှိတယ်။ ကျမ ကအငယ်ဆုံး အကြီးဆုံးက ၂၂နှစ်။ အဲဒီအိမ်မှာ ကျမတို့ တညတည်းရတယ်။ နောက်တနေ့ မနက်မှာ
ကျမတို့အားလုံးကို မြန်မာ မနှစ်ယောက်။ တရုတ်တယောက်က လာခေါ်တယ်။
တရုတ်ပြည်ကိုရောက်တော့ ကျမတို့ ၆ ရောက်လုံးကို အခန်းတခုထဲမှာထည့်ပိတ်ထားတယ်။ ကျမကို ပထမဦးဆုံး
လာခေါ်တယ်။ ပြီး တော့ စက်ကြီးတခုထဲကိုဝင်ခိုင်းတယ်။ ကျမကို လာခေါ်တဲ့ ဗမာမက နင့်ကို ၁၅ နှစ် ဟုတ်မဟုတ်
စစ်တာတဲ့။ ကျမအသက်ကိုလည်း စစ်ပြီးရော အသက် ၃၅ နှစ်လောက်ရှိတဲ့တရုတ်တယောက်နဲ့ ထည့်ပေးလိုက်ပါ
တယ်။
ကျမက အိမ်ဖော်လုပ်ဖို့လာခေါ်တယ်လို့ပဲ ထင်ပါတယ်။ အမှန်က ကျမကို မယားအဖြစ်လာခေါ်တာပါ။ သူ့အိမ်ရောက်
တော့ ကျမကို မယားအဖြစ် ပေါင်းသင်းပါတယ်။မင်္ဂလာဆောင်ပြီးတော့ ကျမရဲ့ လက်ဗွေပါတဲ့ ကဒ်ပြားတခုထုတ်ပေး
ပါတယ်။ မနက်ဆိုရင် ၄ နာရီ အိပ်ရာကထရပါတယ်။ အဲဒီအိမ်မှာ ရှိနေတဲ့လူတွေရဲ့ ဝေယျာဝစ္စကိုလုပ်ရပါတယ်။ ညဆို
ရင်လည်း ၁၁ နာရီ ကျော်လောက်မှ အိပ်ခွင့် ရပါတယ်။
ဒီလိုနဲ့ ကျမရောက်တာ ၆ လကျော်လောက်ရှိပါပြီ။ ကျမကိုယ် ကျမသတိမထားမိပါဘူး။ ဒါပေမဲ့ ဆေးစစ်မယ်ဆိုပြီး
ဆေးရုံခေါ်လာ တော့ကျမမှာကိုယ်ဝန်ရှိနေပါတယ်။ ဘာကြောင့် ဆေးစစ်တာမှန်း သေချာမသိပါဘူး။
ကိုယ်ဝန်ရှိနေမှန်းသိတဲ့ အချိန်ကစပြီးကျမကို တလတကြိမ်ဆေးစစ်ပါတယ်။ပြီးတော့ ဘာကြောင့်မှန်းမသိရဘဲ
အရမ်းကိုစောင့်ကြည့် နေပါတယ်။
ကျမနေရတာ အရမ်းကျဉ်းကျပ်နေပါတယ်။ ကျမဆက်ပြီးနေချင်စိတ် မရှိတော့ပါ။ဒီလိုနဲ့ သူတို့လစ်တဲ့ခဏလေးမှာ
ကျမပထမဦးဆုံး အကြိမ်ထွက်ပြေးခဲ့ပါတယ်။လမ်းပေါ်ရောက်တော့ ကျမဘယ်သွားလို့ ဘယ်လာရမှန်းမသိပါဘူး။
အူကြောင်ကြောင်ဖြစ်နေတုန်းတ ရုတ်ရဲရောက်လာပြီး ကျမကိုဖမ်းပါတယ်။ရဲစခန်းမှာရှာဖွေစစ်ဆေးတော့ ကျမဆီ
က သက်သေခံကဒ်ပြားကိုတွေ့ပြီးကျမယောက်ျားအိမ် ကိုပြန်ပို့ပေးပါတယ်။ ကျမအိမ်ကိုပြန်ရောက်တော့သူတို့မိတ်
ဆွေရဲ့မိန်းမ (ဗမာအမျိုးသမီး) ကိုခေါ်ပြီး စကားပြန်လုပ်ခိုင်းပါတယ်။
သူက `ကျမကို ကလေးအရင်မွေးပါ။ ပြီးရင်ထားခဲ့ အဲဒီအချိန်ကျနင်ပြန်ချင်ရင်ပြန်ပို့မယ်´ လို့ပြောပါတယ်။ ကျမလည်း
အခွင့်အရေးရ တုန်းကျမကိုအမနဲ့ ဆက်သွယ်ခွင့်ပေးပါ။ ကျမနေမကောင်းတော့ အားငယ်တယ်´လို့ပြောပြီး အမကို
ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ကိုတောင်းထားလိုက်ပါတယ်။
နောက်တော့ အိမ်ကလူတွေလစ်တိုင်း အမဆီခိုးပြီး ဖုန်းဆက်ပါတယ်။ပထမတော့အဲဒီအမကသူ့ဆီ ဖုန်းဆက်တာကို
မကြိုက်ပါဘူး။ တဖြေးဖြေးနဲ့မှသူကျမကိုသနားလာတော့ ကျမရဲ့အဖြစ်မှန်ကို သူကပြောပြပါတယ်။
ကျမယောက်ျားက HIV ပိုးရှိတဲ့လူတဲ့။ ဒါကြောင့်ကျမကို ဆေးခဏခဏစစ်နေတာတဲ့။အရင်ကလည်း ဗမာမတွေကို
ယူခဲ့ဘူးတယ်။ ရော ဂါကူးရင် သတ်ပစ်လိုက်ရောတဲ့။
HIV ဆိုတာဘာမှန်း ကျမမသိပါဘူး။ ဘယ်လိုကူးလည်း ကျမမသိပါဘူး။ ဒါပေမယ့်ကျမကိုသတ်ပစ်မှာကိုတော့
ကျမကြောက်ပါ တယ်။ ဒါကြောင့် ကျမကိုကူညီဖို့အသနားခံရပါတယ်။ အဲဒီအမကပဲ ကျမမှာရှိတဲ့ကဒ်ကို မီးရှို့ပစ်ဖို့
ထွက်သွားပြီးရင် ရဲစခန်းတခုထဲကို ၀င်ပြီး အကူအညီ တောင်းဖို့တရုတ်စကားနဲနဲပါးပါး သင်ပေးလိုက်ပါတယ်။ ဒီ
နောက်ပိုင်း ကျမအမဆီကိုဖုန်းမဆက်တော့ပါဘူး။ ကျမ ထွက်ပြေးရင် သူပါဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။
ကျမ နောက်ထပ် ထွက်ပြေးတော့ အမပြောတဲ့အတိုင်း လိုက်နာခဲ့ပါတယ်။ ကျမကိုနယ်စပ်ကလူကုန်ကူးမှု ထိန်းသိမ်း
ရေးစခန်းကိုပို့ လိုက်ပါတယ်။အဲဒီစခန်းရောက်တော့ ကျမကိုဆေးစစ်ပါတယ်။ ကျမရဲ့သွေးအဖြေမှာ HIVပိုးရှိနေပြီးတဲ့။ ကျမဗိုက်ထဲကကလေးက ယောက်ျားလေးတဲ့။ ကျမဘာမှမတတ်နိုင်ပါဘူး။ အဲဒီစခန်းမှာ ကျမလိုပဲလူကုန်ကူးခံရတဲ့
မိန်းကလေးတွေ၂၀ လောက်ရှိတယ်။ အဲဒီ စခန်းမှာ ကျမ ၂ ပတ်လောက်နေလိုက်ပါတယ်။ စခန်းထဲမှာကျမတို့မ
ကြာခဏ စစ်ဆေးခံရတယ်။ ပြီးတော့ကျမတို့ကို နေပြည်တော်ကလူကုန်ကူးမှုတွေထားတဲ့ အကျဉ်းစခန်းထဲမှာထား
တယ်။
အဲဒီစခန်းကို စစ်သားတွေကစောင့်တယ်။ စောင့်တဲ့စစ်သားတွေက ကျမတို့ကိုနင်တို့ထောင်ကျနေပြီ ဒီတော့ ငါတို့နဲ့လင်မယားလိုနေကြရအောင်တဲ့။ကျမကကိုယ်ဝန်နဲ့ဆိုတော့ ငြင်းလိုက်တယ်။ တချို့ တွေကတော့ နေကြ
တယ်။စစ်သားတွေနဲ့ပေါင်းတဲ့ မိန်းမတွေကတော့ အနေအစားချောင်ကြတယ်။ကျမကတော့တော်တော်ဒုက္ခရောက်
တယ်။ သူတို့ကျွေးတာကိုကျမ မစားနိုင်ဘူး။
ဒီလိုနဲ့ကျမ ကိုယ်ဝန်လပိုရင့်လာတယ်။ အဲဒီစခန်း ကို အုပ်ချုပ်တဲ့စစ်ဗိုလ်ကကျမကိုပြောတယ် `နင့်ကိုမွေးပေးဖို့
ငါတို့မှာပိုက်ဆံမရှိဘူး။ ဘယ်လက်သည်မှလည်နင့်လို HIV ကိုမွေး ပေးမှာမဟုတ်ဘူး။ ဒီတော့နင့်ကိုငါတို့လွှတ်ပေး
လိုက်မယ်။ နင်ပြေးပေတော့တဲ့။ပြီးရင်မြ၀တီကိုရောက်အောင်သွား မြ၀တီရောက်ရင် တဘက်ကမ်းကိုကူး။ အဲဒီမှာ
မယ်တော်ဆေးခန်းဆိုတာရှိတယ်။ HIV တွေကိုဆေးကုပေးတယ်တဲ့။ ဒါကြောင့်ဒီကိုကျမရောက်လာ တာ။ ကျမ
သိချင်တာလေးကို သူမကို မေးလိုက်ပါတယ်။ `သမီးကမွေးပြီးရင် ကလေးကို ပြန်ခေါ်သွားမှာလား။
ဒီတော့ သူမက `မခေါ်ချင်ဘူး အန်တီ။ ကျမက သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီတော့ကလေးဒုက္ခရောက်မယ်။ ကျမ
အဖေနဲ့အမေသိ ရင်လည်း စိတ်ချမ်းသာမှာမဟုတ်ဘူး။သေချာမွေးမယ့် လူရှိရင်တော့ပေးချင်တယ်။ ကျမကလေးကို
ထားပြီး ထွက်မပြေးပါဘူး။ကလေး ကို ဘယ်သူခေါ်သွားလည်းဆိုတာ သေချာသိချင်ပါတယ်။´

ရောင်ခြည်ဦး အလုပ်သမားရေးရာဂျာနယ်၊ ဖေဖော်ဝါရီလ ၂၀၁၀ ခုနှစ်၊ အတွဲ (၃) ၊အမှတ် (၂) မှ ကူးယူဖေါ်ပြသည်။ .
လူကုန်ကူးသူတွေ ရဲ့ပစ်မှတ်က မြန်မာပြည် ဖြစ်လာပါတယ်။.
http://www.internetchitthu.com/profiles/blog/show?id=2751287%3ABlogPost%3A304452&xgs=1&xg_source=msg_share_post

Subscribe to:
Posts (Atom)