Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, April 22, 2010

ခရီးသွားမှတ်တမ်း = ဇင်းမယ် သင်္ကြန်

ကဲ...ကျနော်ပြောခဲ့တဲ့အတိုင်း စာဖတ်သူများကို သင်္ကြန်ဓါတ်ပုံလေးတွေတင်ပေးလိုက်ပါတယ်။

ဒါကတော့ ဇင်းမယ် (Chiang Mai) ရောက်တုန်းက ရိုက်လာတဲ့ဓါတ်ပုံလေးတွေပါဗျာ။




ဒီ အပေါ်ပုံကတော့ သင်္ကြန်အတွင်းကောင်းမှုလုပ်လိုသူများအတွက် အဆင်ပြေအောင် ဘုရားကို ပင့်ထားတာပါ။ ကုသိုလ်လုပ်ချင်သူ များအနေနဲ့  ဘုရားဆင်းထုတော်ကို ရေပူဇော်နိုင်ပါတယ်။ သင်္ကြန်ဆိုတာက အညစ်အကြေးတွေကို ဆေးကြောဖို့ အတွက်ဆိုလေ။ ဒါကြောင့် ဘုရားဆင်းထုတော်ကို ရေကပ်ကြတာပေါ့ဗျာ။



ဇင်းမယ်က အရင်တုန်းက ကျုံးပတ်လည်ဝိုင်းထားတဲ့မြို့ ပါ။ ဒါကြောင့်ခုချိန်ထိ ကျုံးကိုတွေ့ ရမှာဖြစ်ပါတယ်။ ဒီကျုံးရှိတဲ့အတွက် ကြောင့်ပဲ သင်္ကြန်ဆိုရင် လူတွေက ဒီမှာပဲ လာပြီးရေကစားကြတယ်လေ။ (ရေအလွယ်တကူရတာကိုးဗျ) အဲ..ရေပတ်ခံကားနဲ့ လာတဲ့သူများ ရှိရင်လဲ ရေကုန်ရင် ကန်ထဲမှာပဲ ဆင်းခတ်ကြတယ်လေ။ (ပုံပါအတိုင်း)




ရေရပြီးရင်တော့ ပုံထဲက အတိုင်း ရေခဲလေးနဲနဲထည့်တယ်လေ။ အဲဒါမှ “သင်္ကြန်မှာ အေးချမ်းစွာရေကစားလို့  ခိုက်ခိုက်တုန်နေ ပျိုမေတွေ” ဆိုပြီးဖြစ်သွားမှာလေ။



ဒါကတော့ ရေခဲရောင်းနေတဲ့သူများပါဗျာ။ ရေးထားတာကတော့ “ရေခဲရောင်းသည်။ ရေပါ အလကားဖြည့်သည်” ပေါ့လေ။




ရလာတဲ့ ရေခဲရေကို (မြန်မာပြည်မှာလို တစ်ခွက် 50 မရောင်းပါဘူး) ဒီလိုလောင်းလိုက်တော့ အလောင်းခံရတဲ့သူက ဒီလို တုန့် ပြန်တယ်လေ။ ကြည့်လို့ တော့အကောင်းသား။ သူခံကိုယ်ခံပေါ့ဗျာ။



လာလည်တဲ့သူများကလဲ ဒီလိုပဲ စည်စည်ကားကားရှိပါတယ်။


အောက်ကပုံကတော့ လမ်းဘေးက ဈေးသယ်တွေပါ။ ဒါပေမယ့်သူတို့ ကလဲ ရေကစားတယ်လေ။ အသေးစား မန်းတတ်ပေါ့ဗျာ။



လာလည်တဲ့သူတွေကလဲ အမျိုးမျိုးလာလည်တယ်ဗျာ။ အောက်က ပုံလိုမျိုးကားနဲ့ လာလည်တာလဲရှိတယ်လေ။



ဒီလို လမ်းလျှောက်ပြီး ရေပက်ခံတာလဲရှိတယ်လေ။



ဒီလိုလဲသွားတယ်နော်။



ရေမသန့် ဘူး ဆိုပြီး ဒီလို တုန့် ပြန်တာလဲ ရှိတယ်ဗျ။



အောက်က ပုံလိုမျိုး အဆိုကျော်လုပ်ပြီး ပြည်သူတွေကို ဖော်ဖြေတာလဲ ရှိတယ်လေ။



အဆို၊ အတီး နဲ့  အတူတူ ဒီလို ကကြတာကလဲ ရှိပါတယ်။ (ကျနော်တောင် အားကျလို့ ဝင်က သေးတယ် ဟဲဟဲ)



အင်း......ဒီလို မျိုး ကိုယ့်ကိုကိုယ် ကျေနပ်တဲ့သူလဲရှိတယ်ဗျာ။





အဲ...........အောက်က ပုံအတိုင်း မြူးမြူးကြွကြွ ပျော်ရွှင်ကြတဲ့သူများလဲ ရှိပါတယ်။




ဒါကတော့ ......... ချစ်စရာကောင်းတဲ့ ထိုင်းမလေးတွေ ပေါ့လေ။




အောက်ကပုံကတော့ အမာခံ တပ်သားတွေပေါ့ဗျာ။ ဘယ်လောက်ပဲအေးအေး ရေကစားတာ သူတို့ တွေပါဗျာ။



ကြည့်ပါလားလို့  အင်တိုက်အားတိုက်ပါပဲ။ ရဲရဲတက် ရဲရဲချေမှုန်း ဆိုသလိုပါပဲလား။ (အချစ်လဲ အဲလိုလုပ်ရမယ်တဲ့ ကျနော့်ဆရာက ပြောတယ်)



မောပြီးပန်းပြီဆိုရင်တော့ အောက်ကပုံအတိုင်း ရေထဲမှာ ဆင်းကူးကြတာပေါ့ဗျာ။




ဒါမှမဟုတ် အောက်က ပုံအတိုင်း ရေချိန်မှန်ပြီး မှေးလိုက်တာပေါ့လေ။



ရေဘယ်လောက်ဆော့ကြလဲဆိုတော့ ဒူးခေါင်းလောက်နက်တဲ့ လမ်းဘေးက ရေကိုပဲ ကြည့်ကြပါတော့ စာဖတ်ပရိတ်သတ်များရယ်။




ရှမ်းကလေး (တော်တော်လေးကို ပျော်စရာကောင်းတဲ့နေရာလေးပါ။ စာဖတ်သူများ အခွင့်ကြုံရင် သွားရောက်လည်ပတ်နိုင်ပါတယ်ဗျာ။ )

သတင်းကောင်းပါဗျာ....

ဆရာဝန်များ အစည်းအဝေးခန်းမှာ ထွက်လာသော ဆရာဝန်က “ကျနော်ခင်ဗျားအတွက် သတင်းကောင်းရှိတယ်ဗျာ”

လူနာ။ ။ “ကျနော်နားထောင်နေပါတယ်ဆရာ”

ဆရာဝန်။ ။ “ အင်း........ဆရာဝန်အားလုံးက ခင်ဗျားဆီက ဆေးကုသစရိတ်မကောက်ခံဘူးလို့  ဆုံးဖြတ်လိုက်တယ်ဗျ။ ”

လူနာ။ ။ “တကယ်လားဗျာ.......”

ဆရာဝန်။ ။ “ တကယ်ပေါ့ဗျာ“

လူနာ။ ။ “ဘာဖြစ်လို့ လဲဗျ?”

ဆရာဝန်။ ။ “ ဘာဖြစ်လို့ လဲဆိုတော့ ခင်ဗျားကိုယ်မှတွေ့ တဲ့ ကုသဖို့ ဆေးမရှိတဲ့ ရောဂါဆန်းကို ကျနော်တို့ က ခင်ဗျားနာမည်နဲ့  မှည့်လိုက်တယ်ဗျာ။ ခင်ဗျား ဂုဏ်ယူပါဗျာ။ ခင်ဗျားနာမည် သမိုင်းမှာ တွင်ကျန်ခဲ့မှာပါ” တဲ့လေ။



ရှမ်းကလေး

ဘယ်သူ ပိုတော်သလဲ?

သိပ္ပံစာသင်ခန်းတွင်းဖြစ်သည်။

ဆရာမ။ ။ “ တိရစ္ဆာန်နဲ့ လူ ဘယ်သူက ပိုပြီးအသိပညာရှိသလဲ ဆိုတာကို ဘယ်သူဖြေနိုင်လဲ?

ကျောင်းသားတစ်ယောက်က လက်ညှိးထောင်ကာထ၍ ပြန်ဖြေလေသည်မှာ............

ကျောင်းသား။ ။ “တိရစ္ဆာန်က ပိုပြီး အသိပညာရှိပါတယ်ခင်ဗျာ”

ဆရာမ။ ။ “သားက ဘာလို့ အဲလိုထင်တာလဲ?”

ကျောင်းသား။ ။ “ အော်... ကျနော့်ခွေးကို ဟိုဟာလုပ်ခိုင်း..ဒီဟာလုပ်ခိုင်းတိုင်း သူက အားလုံးလိုလိုကို နားလည်တယ်ဗျ”

ဆရာမ။ ။ “အဲဒီတော့.......”

ကျောင်းသား။ ။ “ ဒါပေမယ့် သူကျနော့်ကို ပြန်ပြောတဲ့အချိန်မှာ ကျနော်ဘာမှ နားမလည်ဘူးဗျ” တဲ့လေ..



ရှမ်းကလေး

ချစ်တာနဲ့  ကြိုက်တာ ကွာခြားချက် (မိန်းကလေး သဘာဝ ?)

- ကိုယ်ချစ်တဲ့သူနဲ့  တွေ့ ရင် နှလုံးခုန်နှုန်းမြန်တယ်တဲ့

- ကိုယ်ကြိုက်တဲ့သူနဲ့ တွေ့ တော့ ပျော်ရွှင်ကြည်နူးတယ်။

- ကိုယ်ချစ်တဲ့သူရဲ့  မျက်လုံးခြင်းဆိုင်ရင်တော့ ကိုယ်က မျက်နှာနီပြီး

- ကိုယ်ကြိုက်တဲ့သူနဲ့ ကြတော့ အပြုံးတွေဝေတတ်တယ်။

- ကိုယ်ချစ်တဲ့သူရဲ့ ရှေ့ မှာ ရင်ထဲကစကားတွေကို အားလုံးမပြောနိုင်ဘူး

- ကြိုက်တဲ့သူနဲ့ ကြတော့ အားလုံးပြောထွက်တယ်။

- ကိုယ်ချစ်တဲ့သူရဲ့ ရှေ့ မှာ ကိုယ်ကရှက်နေတတ်ပြီး

- ကိုယ်ကြိုက်သူရဲ့ ရှေ့ မှာတော့ အဲလိုမဟုတ်ပြန်ဘူး။

- ချစ်တဲ့သူနဲ့  မျက်လုံးချင်းမဆိုင်ရဲဘူး

- ကြိုက်တဲ့သူနဲ့ ကြတော့ မျက်လုံးချင်းရင်ဆိုင်ရဲတဲ့အပြင် ပြုံးပြနိုင်တယ်။

- ကိုယ်ချစ်တဲ့သူ ငိုတဲ့အခါ ကိုယ်က လိုက်ပြီးငိုတယ်

- ဒါပေမယ့် ကြိုက်တဲ့သူ ငိုတဲ့အချိန်မှာ ကိုယ်က ဖေးမတယ်။

- အချစ်က မျက်လုံးကစတင်ပြီး

- ကြိုက်တာက နားကနေစတင်တယ်ဆိုပဲ။



ရှမ်းကလေး (ရေးတဲ့သူက မိန်းကလေးဆိုတော့ မိန်းကလေးရဲ့ သဘောသဘာဝ ဖြစ်မယ်ထင်တယ်ဗျာ။ ကျနော့်အတွက်တော့ ကိုယ်ချစ်တဲ့သူဆိုရင် မျက်လုံးချင်းဆုံနိုင်တယ်လေ။ မျက်လုံးချင်းဆိုင်လေ ရင်ခုန်လေပေါ့ဗျာ။ ဟဲဟဲဟဲ...)

Wednesday, April 21, 2010

သျှမ်းအစားအစာ (အချဉ်သုတ်)

ဇင်းမယ်ရောက်တုန်း သူများလုပ်ကျွေးလို့ သိလာတာလေ။ လုပ်ကူရင်းနဲ့ သိလာတာပေါ့။ ဒါကြောင့် ပြန်ပြီးပါးလိုက်ပါတယ်။ လုပ်နိုင်ရင် လုပ်စားလို့ ရအောင်ပေါ့ဗျာ။

ပစ္စည်းများများမလိုပါဘူး။ လိုတာကတော့

၁။ ။ ၀က်ဦးနှောက်

၂။ ။ ၀က်အသည်း

၃။ ။ စမှုံစပါး (အစိမ်း)

အဲ ၀က်ဦးနှောက်လို့ ပြောလိုက်တာနဲ့ မလန့် သွားပါနဲ့ ။ ၀က်ဦးနှောက်မရှိရင် ထိုဖူးရောလို့ ရပါတယ်။ ဒါပေမယ့် ၀က်ဦးနှောက်တော့ ပါရပါမယ်။

လုပ်နည်းကတော့လွယ်လွယ်လေးပါ။

၁။ ။ ၀က်ဦးနှောက်နဲ့  ၀က်အသဲကိုကျက်အောင် ပြုတ်လိုက်ပါ။ (၀က်ဦးနှောက်ကိုတော့ ကြွတ်ကြွတ်အိပ်ထဲထည့်ပြီး ပြုတ်ပေါ့လေ။ မဟုတ်ရင် ရေနဲ့ အတူသမသွားပြီး ၀က်ဦးနှောက် ဟင်းရည်ဖြစ်သွားမယ်ဗျ။ )

၂။ ။ ပြုတ်ပြီးသွားရင်တော့ ကြေညက်အောင် တောက်တောက်စင်းရပါတယ်။ ငရုတ်သီးကြိတ်စက်နဲ့ ကြိတ်ရင်တော့ အဖတ်လိုက် ဖြစ်လို့  တောင်တောက်စင်းတာက ပိုပြီးကောင်းပါတယ်။

၃။ ။ တောက်တောက်စင်းပြီးရင် အပေါ့အငန်ကို ကြိုက်နှစ်သက်သလို ထည့်ပါ။ ပြီးရင်တော့ သေးသေးလေးစင်းထားတဲ့ စမှုံစပါးရွက် ကို အပေါ်က ဖြူးပေးလိုက်ရင်တော့ အောက်က ပုံအတိုင်းရပါလိမ့်မယ်။ အဲ သံပုရာသီးနဲနဲ ညှစ်ထည့်လိုက်ရင်တော့ ခပ်ချဉ်ချဉ် အရသာ ရပါလိမ့်မယ်ဗျာ။



စားနည်းကတော့ ပိုပြီးတော့တောင်လွယ်ပါတယ်။ အောက်ကအတိုင်းတွဲပြီးစားရတယ်လေ။ မှန့် တီ၊ ၀က်ကြော် နဲ့  ကော်ဖီထုပ် တွေပါ။



ကဲ...ဒီလိုထည့်စားတာပေါ့ဗျာ။ ရှိတာအားလုံးထည့်ပြီး ကျနော်တို့ လုပ်ထားတဲ့ဟာကို အပေါ်က ဖြူးပြီးစားရတာပေါ့။ အဲ...........အဲဒီတုန်းက အသားကိုပဲ ကြည့်နေလို့ လားမသိဘူး... အရွက်များများထည့်ဖို့ မေ့သွားတယ်ဗျာ... ဟဲဟဲ။





ရှမ်းကလေး (လေ့လာခွင့်ပေးသော မိုင်းပန်မှ သူငယ်ချင်းအားလုံးအား အထူးကျေးဇူးတင်လျက်)

ကိုယ်ကျေနပ်ပါတယ်အချစ်ရယ်

မိန်းမ၏မျက်နှာမီးလှောင်သဖြင့် ထိုဒဏ်ရာကိုဆေးကုသရန် ယောင်္ကျားဖြစ်သူက ဆရာဝန်ဖြင့်တိုင်ပင်လေသည်။

ဆရာဝန်။ ။ “ခင်ဗျားရဲ့  အမျိုးသမီးက အရမ်းပိန်နေတယ်ဗျ။ ဒါကြောင့် တခြားနေရာက အသားကို ခွဲပြီး အစားထိုးဖို့  မဖြစ်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့  တင်ပါးက အသားကိုပေးမယ်ဆိုရင်တော့ ကုသဖို့ လွယ်ကူပါလိမ့်မယ်။ ”

ယောင်္ကျား။ ။ “ဟာဒါတော့ ရပါတယ်ဆရာ။ ဒါပေမယ့်....”

ဆရာဝန်။ ။ “ဒါပေမယ့်..”

ယောင်္ကျား။ ။ “ဆရာ့အနေနဲ့  ဒီကိစ္စဘယ်သူ့ ကိုမှ မပြောပါဘူးလို့  ကတိပေးရမယ်။ ကျနော့်မိန်းမကိုပါ မပြောရဘူး။”

ဆရာဝန်။ ။ “ရပါတယ်ဗျာ။ လူနာရဲ့ တောင်းဆိုချက်နဲ့  အချက်အလက်တွေကို ကျနော်တို့ အပြင်မပေါက်ကြားစေရပါဘူး။ ”

ယောင်္ကျား။ ။ “ဒါဆိုရင် ခွဲစိတ်လို့ ရပါပြီဆရာ”

သို့ နှင့် ယောင်္ကျား၏ ပူးပေါင်းပါဝင်မှုဖြင့် ခွဲစိတ်ကုသမှုမှာ အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။ ထိုခွဲစိတ်ကုသမှုကြောင့်ပင် မိန်းမဖြစ်သူမှာ ပိုမို၍နုပျို ချောမောလာသဖြင့် ရပ်နီးရပ်ဝေးမှာ သူငယ်ချင်း၊ ဆွေမျိုးများ မပြတ်လာရောက် လည်ပတ်သတင်းမေးကြလေသည်။

ထို့ ကြောင့်မိန်းမဖြစ်သူက ယောင်္ကျားဖြစ်သူအား

မိန်းမ။ ။“ ဒီတစ်ခေါက် ရှင်ကျမအတွက် အနစ်နာခံခဲ့တာကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူးရှင်။ ”

ယောင်္ကျား။ ။ “ရှင်မကလဲ ကျေးဇူးတင်စရာမလိုပါဘူးကွာ။ မင်းရဲ့ ပါးကို မင်းအမေနမ်းလိုက်တဲ့အချိန်တိုင်း မင်းကျေးဇူးတင်တာထက် ကိုယ်က ပိုလို့ တောင်ဝမ်းသာနေပါတယ် ရှင်မရယ်”


(အော်...မိန်းမပါးကို နမ်းတာက ယောင်္ကျားရဲ့ တင်ပါးကို နမ်းတာနဲ့  အတူတူဖြစ်နေတာကိုး)

ရှမ်းကလေး

Friday, April 9, 2010

အပြုံးကုန်ဆုံးချိန်

လေအလူးမှာ ဆံနွယ်များလဲ
လေထဲလွင့်ပျံ ဆံနွယ်များနဲ့ 
လေဆော့စားကာ ချမ်းအေးလေတယ်။

လေအ၀င့်မှာ ပျော်ရွှင်သွားတဲ့
ဆံနွယ်ဟာလဲ မြူးတူးစွာနဲ့ 
လေအကူးမှာ ပျော်ဖူးခဲ့တယ်။

ဆံနွယ်အကူး လေအလူးမှာ
ပြုံးရိပ်လေးဟာ တောက်ပခဲ့တယ်။

လေကမကူး ဆံနွယ်ငြိမ်တော့
အပြုံးလေးဟာ အပူတွေမှာ
ပျောက်ကွယ်ခဲ့တယ် လေနဲ့ အတူ။



လေပြေ

Thursday, April 8, 2010

စိုးမိုးသူ

နေကျလို့ မှောင်လာတော့မယ်
မျက်လုံးမှတ်တိုင်း အမှောင်မစိုးမိုးပဲ
လှပတဲ့မင်းမျက်နှာသာ လမင်းလိုသာနေတာ
ဆယ်ကမ္ဘာဒီတစ်သက် ငါ့ရင်နဲ့ စိတ်မှာ
အမြင်ချင်ဆုံးဟာ မတွေ့ နိုင်တော့တဲ့မင်း
အချစ်ဆုံးချစ်သူ။


လေပြေ