Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, July 28, 2010

ကောင်းကင်ထက်ကကြယ်စင်

ကောင်းကင်ထက်မှာလင်းလက်
အတွေးတွေကိုရပ်ကာ
တောင်းဆုတွေငါပန်
မေ့နိုင်ပါစေတော့လို့ ။

ငါ့ပါးပြင်ပေါ်ဘက်က
ပူပြင်းလွန်းတဲ့ရေစင်
ငန်စပ်စွာခံစားတော့
ကောင်းကင်ကမည်းလို့ မှောင်။

ကောင်းကင်ထက်ကလင်းလက်
ကြယ်စင်တွေဟာကလဲ
ကြယ်တွေမဟုတ်တော့ပဲ
ငါ့မျက်လုံးထက်က
မျက်ရည်တွေပါလား။


လေပြေ

Tuesday, July 27, 2010

ရင်ထဲခံစားချက်

ရင်ထဲခိုက်ခိုက်တုန်
မျိုသိပ်မရနိုင်
အော်လို့ ငါပြောချင်
နံဘေးကိုကြည့်တော့
ငါကတစ်ယောက်တည်း။

ရင်ထဲခိုက်ခိုက်တုန်
ငုံမထားနိုင်တော့
ရင်ထဲစကားကို
ဖွင့်အန်ကာပြောချင်
ဘယ်သူ့ လဲဆိုတော့
ငါကလဲမသိ။

ရံဖန်ခါတွေများ
ဖေါ်ပြချင်လေရဲ့ 
ရင်ထဲခံစားချက်
ဘယ်သူနားထောင်မလဲ
တစ်ယောက်တည်းချိန်ခါ။

ငါ့ရဲ့ ခံစားချက်
ရံဖန်ချိန်တွေမှာ
ငါလဲနားမလည်
ငါ့ကိုနားလည်သူ
ရှိပါအုန်းမလား?။


လေပြေ

Monday, July 26, 2010

လက်မထပ်ခင်နှင့် လက်ထက်ပြီးချိန်

အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

ရှမ်းကလေး (ရှမ်းဘလော့ဒ်ကာများအသင်း မှယူထားပါသည်။)

Saturday, July 24, 2010

စိတ်ဝေဒနာ

ရံဖန်ချိန်မှာ ထင်တိုင်းမဖြစ်
လောကကြီးမှာ ကံဆိုးပါလား
အတွေးတွေနဲ့  ဖြတ်သန်းခဲ့တယ်။

စိတ်ဒဏ်ရာနဲ့  ဖြေသိမ့်နိုင်အောင်
သေရည်မှီဝဲ ပြီးစေခဲ့တော့
အရင်လိုသာ စိတ်ဆင်းရဲကာ
မှောင်ထဲတိုးဝင့်။

ရက်တွေလွန်ပြီး စိတ်ဒဏ်ရာနဲ့ 
ခေါင်းငိုက်စိုက်ကာ ဦးတည်ရာမဲ့
လျှောက်ကာသွားတော့
ရှေ့ မှတိုက်သူ အသင်လူအား
စိတ်ခိုက်မိတယ်။

တုတ်ကိုမှီခို ခွက်ကိုကိုင်လို့ 
ရမ်းတမ်းလျှောက်သူ ဤအမှောင်သူ
အလင်းမတွေ့  ဒီတစ်သက်မှာ
အမှောင်စိုးမိုး။

အလင်းကိုမြင် အရောင်ကိုတွေ့ 
အလှခံစား သာမန်လူသား
လက်လျော့ဖို့ ရာ အမှောင်ထဲမှာ
နေတဲ့လူအား
ရှက်မိလျက်သား?။


လေပြေ

Wednesday, July 21, 2010

မင်းအတွက်...

တွေ့ ဆုံချိန်က ပြုံးကာနှုတ်ဆက်
မှားရက်လေတယ် အဆိုတော်နဲ့ ။

မွေးနေ့ မှာလဲ ဖိတ်ခေါ်ခဲ့တာ
ပျော်ရွှင်လိုက်တာ မှတ်မိနေတုန်း။

ရက်တွေကျော်လို့  နှစ်တွေလွန်လဲ
အမြဲတမ်းပဲ နံဘေးလေးမှာ
အားပေးကာနဲ့  အစဉ်ရှိတယ်။

လူခြင်းကဝေး နီးကပ်စေတာ
ရင်းနှီးမှုပါ။

ခုချိန်ထိလဲ အမြဲတမ်းပဲ
ရင်းနှီးနေတာ... သူလေးပါဗျာ။





လေပြေ

ပြုံးနေပါတယ်

ကောင်းကင်ယံမှာ လကမသာ
မော့်ကြည့်ချိန်မှာ ကြယ်ကမရှိ။

ငါ့ဘ၀လဲ ဟာတာတာဘဲ
မင်းမရှိတော့။

အချစ်နောက်လိုက် မျက်လုံးမှုန်ဝါး
ဘယ်ဆီကိုသွား ငါကမသိ။

စိတ်ညစ်ချက်ကို ရင်မှာသိုလို့ 
ငါခံစားတာ မင်းမသိပါ။

လှည့်စားချက်များ မင်းမသိအောင်
ဟန်ဆောင်ဖုန်းရင်း ကျေနပ်နေတယ်။

ရင်ထဲစကား လိမ်ညာစွာနဲ့ 
အမှားလုပ်တယ်။

မင်းပျော်နိုင်အောင် ငါခံစားပြီး
ပြုံးနေတယ်ကွာ။


လေပြေ

သူငယ်ချင်း...

ငယ်စဉ်တုန်းက အတန်းတူတူ
ပြိုင်ဘက်တွေလဲ ဖြစ်ခဲ့ဖူးတယ်။

ကျောင်းပြေးတော့လဲ ငါ့အနားမှာ
စာဖတ်တော့လဲ အတူတူပဲ။

ဆုတွေယူလဲ မင်းနဲ့ ငါပါ
အတူရှိတာ ငါမမေ့ဘူး။

နောက်ဆုံးချိန်ခါ ကောင်းနိုင်ဖို့ ရာ
ငါတို့ ခွဲလို့  ဆက်တက်ခဲ့တယ်။

ပြန်တွေ့ ချိန်မှာ မမှတ်မိကါ
အံ့တွေသြလို့  ၀မ်းသာတယ်ကွာ။

အချိန်ပြောင်းလဲ.. ငါ့ရင်ထဲမှာ
မင်းတို့ ကကွာ.. ငါ့အချစ်ဆုံး
သူငယ်ချင်းပါ။


ရှမ်းကလေး...(သူငယ်ချင်းများကို အမြဲသတိရလျက်)

Monday, July 19, 2010

အသင့်လျော်ဆုံး ရာထူး

မိန်းမလှလေးတစ်ယောက် အလုပ်လျှောက်ထားသည်မှာ တစ်လကြာသွားသော်လဲ ကုပ္မဏီမှပြန်လည် ဆက်သွယ်ခြင်းမရှိသဖြင့် ဖုန်းဆက်ကာ အကျိုးကြောင်းမေးလေသည်။

သူဇာ။ ။ “ကျမအရင်လတုန်းက အလုပ်လျှောက်ထားတဲ့သူပါရှင်။ ကျမ အရည်အချင်းနဲ့  လျှောက်ထားတဲ့ ရာထူးကိုက်ညီမှု ရှိပါသလားရှင့် ?”

မန်နေဂျာ။ ။ “အော်...မသူဇာကိုး.......ကျနော် ခင်ဗျားရဲ့  အထ္ထုပ္ပတ္တိကို ဖတ်ပြီးသွားပါပြီ။ ခင်ဗျားနဲ့  ကိုက်ညီတဲ့ ရာထူးကတော့ တစ်ခုဘဲရှိတယ်ဗျာ။ ဒါပေမယ့် အဲဒီရာထူးကိုတော့ ဥက္ကဌကြီး ကိုယ်တိုင်ဆုံးဖြတ်မှရမယ်ဗျာ။ ပြီးရင်တော့ ခင်ဗျားကို ခေါ်တွေ့ ပြီး တောင်းရမ်းခ၊ စရိတ်တွေကိုပါ တစ်ခါတည်းညိနှိုင်းကြတာပေါ့ဗျာ။ ”

သူဇာ။ ။ “ရှင်... ဟို....လူခေါ်တွေ့ ပြီးတော့ တောင်းရမ်းခ ညိနှိုင်းမယ်ဆိုတာက.. လူတွေ့ မေးမြန်းပြီး.. လခကိုညိနှိုင်း မှာကိုဆိုလာတာမဟုတ်လားရှင့်”

မန်နေဂျာ။ ။ “ ကျနော်ဆိုလိုတာက လူခြင်းတွေ့ ပြီး လက်ထပ်ဖို့ တောင်းရမ်းတာကိုဆိုလိုတာပါ။ ခင်ဗျားပဲ ဘယ်စီမန်ခန့် ခွဲရေး အဆင့်မဆိုလုပ်ချင်တယ်။ ပြီးတော့...ဘယ်သူ့ လက်အောက်မှာလဲ မနေချင်ဘူး။ ၀င်ငွေကောင်းကောင်းရချင်တယ်။ လွှတ်လပ်စွာကြိုက်တဲ့ အချိန်မှာ အလုပ်လုပ်မယ်။ ပြီးတော့ အိမ်ထောင်လဲမရှိသေးဘူး...ကလေးလဲချစ်တယ်ဆိုတော့... ခင်ဗျားနဲ့  အကိုက်ညီဆုံးရာထူးက ဥက္ကဌကတော်လုပ်ဖို့ ပါပဲ။ ဥက္ကဌက ကလေးနှစ်ယောက်မုဆိုးဖိုပါ” တဲ့...ဗျာ..။



ရှမ်းကလေး

Friday, July 16, 2010

Perfect Marriage

1.loving each other

ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစားနားလည်မှုပေးခြင်းတို့
ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကိုရမှာပါ။

2.mature brain

ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု
ကူညီမှုတွေပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်
မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင်
အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်
လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့
မယ်ဆိုရင်သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား အချိန်ယူ စဉ်းစား
သင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘော
ထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်
ကိုယ်လည်း မညာမိစေဖို့သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income

သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ်
တဲအိုပျက်မှာနေရနေရ ၊ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ
ဘ၀ကိုစဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ
တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့်မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုးချစ်သူက ရှာပေးနိုင်ရဲ့
လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health

ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ဒါပေမယ့် ချစ်သူက
ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides

လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီးအတွေ့အကြုံ ရ့င့်ကျက်တာတော့
ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင်ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘော
မတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။


No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့
အကောင်းဆုံးပေါ့။ ဒါပေမယ့်အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး
ရှိရမှာပေါ့နော်။

ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်အမှတ်ပြည့်က တစ်ရာ ဆိုရင်
အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလိုဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့.။


ရှမ်းကလေး (အီးမေးလ်က စာအားပြန်တင်ပေးလိုက်ပါတယ်ဗျာ)