Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, September 17, 2010

ရင်ခုန်သံထဲက ခံစားချက်.. (သံသရာ)

မင်းနဲ့ ဝေးခဲ့တာ တော်တော်ကြာပြီပဲချစ်သူ..
ခဏတာလို့ ထင်သူဟာ..
ငါပဲဖြစ်နေမလား?

ဖြူစင်တဲ့မင်းရဲ့ အပြုံး..
စိတ်ကောက်တတ်တဲ့ မင်းရဲ့ မျက်နှာ
ရန်ဖြစ်တိုင်းလဲ
ငါပဲအမောလိုက်ချော့ရတဲ့အချိန်တွေဟာ..

ခုတော့လဲ...
အရာအားလုံးက အတိတ်ပုံရိပ်မှာ
လွှင့်ကာမျောလို့ ..သဲထဲရေသွန်သလို
အရာမထင်ပဲပျောက်ကွယ်ပြီပေါ့။

အချိန်တွေကြာတော့...မမေ့ပဲနဲ့ 
ပိုလို့ လွှမ်းလာတာက...
ငါ့ကိုငါလဲ မထင်ခဲ့မိပေဘူး။

ဝေးလေချစ်လေ..ဆိုလေမလား
နေ့ စဉ်တိုင်းမှာ
မမေ့နိုင်စွာနဲ့  တိုးတိုးပြီးသတိရတဲ့
ဒီနှလုံးသားကို စင်ကြယ်အောင်
ရေဆေးပြီး နေလျှမ်းထားရင်တောင်မှ
ရင်ခုန်ချက်တိုင်းက...
မင်းကိုပဲ သတိရနေမှာပါ။

လူပေါင်းထောင်ချီတွေ့ ပေမယ့်လဲ
မင်းနဲ့ နေစဉ်ကအတိုင်း
ရင်ခုန်တဲ့..ရင်ခုန်သံလေးကို
ရှာလို့ မတွေ့ လေတော့...
လွှမ်းခြင်းကိုပဲ..အဖေါ်ဖက်လို့ 
တိတ်ဆိတ်စွာနဲ့  ကျိတ်မှိတ်ခံစားနေပါတယ်။

မင်းနဲ့ ရှိချိန်က ပုန်းလျှိုးနေတဲ့
ခံစားချက်တွေဟာ..
ခုတော့လဲ နှလုံးသားတစ်ချက်ခုန်လိုက်တိုင်း..
ပိုပိုလို့ တိုးလာနေလို့ 
ကြိုးစားပြီးမင်းကိုမေ့နေစဲပါ။

ငါ့နဲ့ မဆိုင်တဲ့ အလွှမ်းသီချင်းကို
နားထောင်မိတိုင်းလဲ..
မဆီမဆိုင်နဲ့ ...
မင်းကိုပဲလွှမ်းနေလေတော့...
သီချင်းနဲ့ တောင်ငါဝေးခဲ့ပြီ။

ရာသီပြောင်းလို့ ..ချမ်းအေးလာတော့
မင်းသာရှိရင်..ငါ့ကို ဂရုစိုက်မှာပဲလို့ 
သတိရပြန်လေတော့..
ပြင်ပနဲ့ ငါ အဆက်ဖြတ်ပြီး
ငါ့အခန်းမှာတာ..ပုန်းအောင်းနေတော့တယ်။

အခန်းတွင်းမှာ အဖေါ်မဲ့စွာနေတော့..
မင်းသာအနားမှာရှိရင်ကောင်းမှာပဲလို့ 
ပြန်လွှမ်းနေတော့..
ငါ့မှာအနာသေအောင်
မဟုတ်တာတွေကို လျှောက်လုပ်မိတယ်။

မင်းသာငါ့နားမှာရှိရင်
ကြင်နာစွာနဲ့ ..မလုပ်ပါနဲ့ လို့ 
တားမှာကို ငါပြန်သတိရလေတော့
ကျိတ်ကာမှိတ်လို့ မေ့ဖို့ ကြိုးစားရင်းနဲ့ 
မင်းကိုကိုယ်လွှမ်းနေပါတယ်။


ရှမ်းကလေး

အလွှမ်းတွေဝေ

ရက်လတွေလွန်လို့ 
နှစ်တွေပြောင်းလဲ
အမြဲတသသ
မသိစိတ်တွင်းမှ
လွှမ်းမောတမ်းနေတယ်။

မိုင်တွေဝေးလို့ 
မဆုံနိုင်တော့မှ
အသိစိတ်က
ပိုလို့ လွှမ်းနေတယ်။

လုံးဝမဖြစ်နိုင်မှန်း
ငါသိရှိလက်ခံတော့
နေ့ ရက်တိုင်းမှာ
ငါ့ဆန္ဒမပါပဲ
မင်းကိုနှလုံးသားက
လွှမ်းလို့ တမ်းတနေတယ်။

မဖြစ်နိုင်မှန်း
သိနေလျက်နဲ့ 
သူ့ နဲ့ နီးရင်
ကောင်းမှာပဲလို့ 
ကြည်နူးချိန်ကို
မျှော်လင့်နေတယ်။

နေ့ စဉ်ညတိုင်းမှာ
သူလဲ ငါ့လိုဖြစ်မလား
တွေးမိပါသော်လည်း
နောက်ပြန်ဆုတ်ဖို့ ရာ
နှစ်ယောက်သားလုံး
မဖြစ်နိုင်လေတော့...

ဒီဘ၀လေးမှာ
ရေစက်ဆုံးတာလို့ 
ငါလက်ခံရင်းနဲ့ 
မင်းနဲ့ အဝေးမှာ
တမ်းတနေတယ်။



လေပြေ

Monday, September 6, 2010

There is something in the Water (fantastic one)

You are watching "Piranha 3D (2010) TS"

ယနေ့ online လေးမှာအားနေလို့ ကြည့်ဖြစ်တာပါ။ တော်တော်လေးကို ကောင်းပါတယ်ဗျာ။

သိပ်လဲမစောင့်ရပါဘူး။ ကြည့်ကြည့်ပါ။ ရုံတင်ထားတုန်းလို့ တော့ထင်ပါတယ်။ ရုံမှာသွားကြည့်ရင်တော့
တော်တော်လေးကို ကြည့်လို့ ကောင်းမှာပါ။



ရှမ်းကလေး

Saturday, September 4, 2010

ခရီးသွားမှတ်တမ်း= ရန်ကုန် ၁ (လေဆိပ်)

လူတိုင်းကတော့ ကိုယ့်ရဲ့ နိုင်ငံကို ပြန်ရမယ်ဆိုရင်ပျော်တတ်ကြတာ ဓမ္မတာပါ.. အဲဒီထဲမှာ ကျနော်လဲ အပါအ၀င်
ပါပဲလေ။

ကျနော်လိုက်ပါလာတဲ့လေယာဉ်ကြီးကလဲ အဲဒီအချိန်မှာ မြန်မာကြီးပေါ်မှာ ပျံဝဲပြီးရောက်နေပါပြီ။ လေယာဉ်
ပေါ်ကနေ မြင်ရတဲ့ရှုခင်းကတော့ တော်တော်လေးကို စိတ်ချမ်းသာခြင်းအတိနဲ့ ပါဗျာ။

ကဲ..အတိုချုပ်လိုက်ရင်..လေယာဉ်ဆိုက်သွားလေရဲ့ ။

လေယာဉ်ဆိုက်တာနဲ့ ပဲ.. စိတ်ကအရမ်းကို လှုပ်ရှားသွားတယ်။ စိတ်လှုပ်ရှားရတဲ့ အချက်နှစ်ချက်ရှိပါတယ်။

ဒုတိယအချက်က မြန်မာပြည်ကို ပြန်ရောက်ပြီလေ။ စားချင်တာစား..သွားချင်တာသွားပြီး သူငယ်ချင်းတွေနဲ့ 
တွေ့ ရမယ်ဆိုတော့ စိတ်လှုပ်ရှားရတာပေါ့ဗျာ။ (ဒါက ဒုတိယနော်)

ဒုတိယအချက်တွေထက်ကျနော့်ကို ပိုပြီးစိတ်လှုပ်ရှားစေတဲ့ ပထမအချက်ကတော့ လ၀က (လူဝင်မှုကြီးကြပ်)
က ကျနော့်ကို ဘယ်လိုများ ရစ်မှာလဲ ဆိုပြီးတော့ စိတ်လှုပ်ရှားတာ.. လက်မှာချွှေးတွေတောင်ထွက်လေရဲ့ ။

ကြောက်လို့ လားလို့ မေးရင်တော့... ရင်ကော့ပြီးပြောလိုက်မယ်ဗျ... “နည်းနည်းပေါ့”..။ သူတို့ ရဲ့  လက်
ခုပ်လေးထဲမှာ ကိုယ်ကရှိနေတာကိုး။ (လဖ္ဘက်ရည်ဖိုးတွေပေးရင်တော့ ရတာကိုလဲသိပါတယ်။ ဒါပေမယ့် ပိုက်ဆံ
ကမရှိဘူးလေ။ သူငယ်ချင်းကလဲ အပြင်မှာပဲစောင့်နေတော့..လိုရင်ခေါ်ဖို့ ကလဲ သိပ်မဟန်ဘူးဖြစ်နေတာကိုး)

အဲဒါကြောင့်နဲနဲ ကြောက်တာပေါ့နော်။

ကဲ...နောက်ဆုံးတော့ အထုပ်လေးတွေဆွဲပြီးလ၀က ကိုဖြတ်ဖို့ တန်းစီလိုက်ပါတယ်။

အဲ... တန်းစီတဲ့ စတိုင်လ်လဲပြောင်းသွားတယ်ဗျ။ အရင်တုန်းကဆိုရင် ဂိတ်ကနှစ်ခုပဲရှိတာ။ အခုတော့ သုံးခုဖြစ်
သွားပြီ။

လက်ဝဲဖက်က သဘောင်္သားဆိုင်ရာဂိတ်၊ အလုပ်သွားပြီး ခေတ္တခဏပြန်လာသူ/အပြီးပြန်လာသူများ ဂိတ်
(အလယ်မှာ)၊ကျောင်းသား/အလယ်သွားပြီးပြန်လာသူများဂိတ် (ညာဖက်) ဆိုပြီးတော့ခွဲထားတယ်။ ကိုယ့်နဲ့ 
ဆိုင်ရာဆိုင်ရာ ဂိတ်မှာသွားရပ်ရတာပေါ့။

ကျနော်သွားရပ်တဲ့လိုင်းမှာတော့ လူတစ်အုပ်က ကြိုတင်နေရာယူထားလေရဲ့ ။ ကိုယ်ကလဲ အကဲခတ်လိုက်
တော့ တစ်ယောက်ပြီးတစ်ယောက် လ၀က ကို လဖ္ဘက်ရည်ဖိုးပေးနေကြလေရဲ့ ။

နောက်ဆုံးကျနော့်ရှေ့ မှာတစ်ယောက်တည်းရှိလေရဲ့ ။ အရှေ့ ကတစ်ယောက်သွားလေပြီးသောအခါ.. လ၀က
ကလဲ ၄င်းတို့ ၏ထုံးစံကို မပျက်မကွက်ပင်လုပ်လေပြီ၊ လဖ္ဘက်ရည်ဖိုး။ ကျနော့်ရှေ့ ကလူခမျာ ကျနော့်လိုပဲ
တင်ပါရဲ့ ...ပိုက်ဆံမရှိကြောင်းသိသာစေရန်.. သူ့ ၏ ပိုက်ဆံအိတ်ကို ဖြဲပြနေလေသည်။

ဇွဲလုံ့ လ၊ ၀ီရိယရှိသော လ၀ကမှ လူကြီးမင်းများကလဲ..ကြင်နာစွာဖြင့်.. “ဒါဆိုမင်းဘယ်လိုလုပ်မလဲ?.. သူငယ်ချင်း
ပါလာလား?” ..ထိုသူခမျာ သူငယ်ချင်းမရှိဘူးထင်ရဲ့ ..ခေါင်းကိုသာ သွက်လက်စွာခါလိုက်သည်များ.. ခေါင်းပင်
ပြုတ်ထွက်မည်ကို စိုးရိမ်ရလေသည်။

ထိုအခြေအနေကို ကြည့်ပြီးကျနော်လဲ.. သူငယ်ချင်းကို ခေါ်ရန်လှမ်းကြည့်လိုက်တော့.. ကျနော့်ကို စိတ်ချစွာဖြင့်
သူငယ်ချင်းက အထွက်ဝတွင်သွားစောင့်နေလေတော့..ရှာလို့ မရတော့ပါ။ “အင်းအရှေ့ က လူကတဲ့အတိုင်းလိုက်က
ယုံပေါ့လေ” ဤသို့ အားတင်းပြီး..အရှေ့ တို့ ကြည့်လိုက်တော့...

လ၀က လူကြီးမင်းများ...ဇွဲလုံ့ လ ၀ီရိယဆက်ထုတ်နေစဲ။ ကျောက်တုံးအားရေညစ်နေကြလေပြီ။ ရုပ်ရှင်တွင်းက
အတိုင်း... “သွားချင်ရင်..ရှိတာထုတ်” တဲ့။

ထိုသူခမျာလဲ.. တော်တော်ညစ်သည်ကိုခံလိုက်ရလေတော့..ရေနည်းနည်းထွက်လာပါသည်။ “အစိမ်း ၁၀၀” ကို
ပေးလိုက်သည်။ လူကြီးမင်းများကလဲ လူသားချင်းစာနာသောအနေဖြင့်.. ယူလိုက်လေသည်။

ပြီးတော့ အကြွေသွားလဲလေရဲ့ ။ ဘယ်လောက်ယူလိုက်လဲတော့မသိဘူး။ ကိုယ့်အလှည့်ကျရင်သိမှာပါပဲလေဆိုတဲ့
စကားကို စိတ်လှုပ်ရှားစွာဖြင့် ရင်ဝယ်ပိုက်ရင်း.. ခေါင်းကိုငုတ်၊ ရင်ကိုကုတ်ကာ ခပ်သုတ်သုတ်လျှောက်သွားလေ
သည်။ အလှည့်ရောက်ပြီကိုး။

စပြီ...

အဖေနာမည်၊ ဘယ်ကပြန်လာသည်၊ နေရပ်လိပ်စာ။ ရေးထားတာကိုတော့မဖတ်.. ၄င်းတို့ ၏ သြဇာသံ ကြီးများဖြင့်
မေးလေသည်။ စာအုပ်ကို ဟိုလှန်၊ ဒီလှန်လုပ်၏။ ပြီးတော့... “သံရုံးထောက်ခံစာပါလားတဲ့”။

မပါ...ဘာဆိုပါမှ မပါ။ အဲဒါက ဒီလိုရှိတယ်လေ။ ကျနော်မပြန်ခင်..သူငယ်ချင်းအချို့ က ပြန်နှင့်ပြီးသား။ သူတို့ ကို
မေးကြည့်တော့.. ဘာထောက်ခံစာမှမလိုဘူး။ ယူချင်ရင်လဲ ယူလာပေါ့တဲ့။ အင်း...မလိုရင်လဲ မယူဘူးပေါ့လေ။
ပင်ပန်းမယ့်အလုပ်ကို လုပ်တတ်တဲ့အကျင့်မရှိလို့ မယူတာလေ။

ခုတော့..ခံရတော့မယ်ပေါ့လေ။ မျက်နှာကို အချိုမြိန်ဆုံးပြုံး၊ အသံကိုလဲ..ကြားလိုက်ရင်နဲ့ .. လုံးဝသနားသွားစေ
မည့်သံစဉ်ကို အသုံးပြုပြီးဖြေရတယ်လေ။ (ဒါကတော့ ကြုံမှသိမှာပေါ့လေ.. အဲ.. မကြုံပါစေနဲ့ လို့ လူတိုင်းကို
ဆုတောင်းပေးပါတယ်... သူများနိုင်ငံမှာ စိတ်ရှုပ်လို့  ကိုယ့်နိုင်ငံပြန်လာတဲ့လူတွေပဲဟာ)

လ၀က။ ။ “ဒီမှာ ဘယ်လောက်ကြာမလဲ?”

ရောခက်ပြီ..ကိုယ့်နိုင်ငံပြန်လာတာ..ဟိုတယ်လာတည်းတာကြနေတာပဲ..

ကျနော်။ ။ “တစ်လလောက်ပါ” (အမှန်က အပြီးပြန်တာလေ။ အပြီးပြန်တယ်ပြောရင်သူတို့ က ရစ်နေအုန်း
မှာစိုးလို့ )

လ၀က။ ။ “ထောက်ခံစာတွေပါလာလား?”

ကျနော်။ ။ “မပါလာဘူးဗျ”

လ၀က။ ။ “ဘယ်တော့ပြန်သွားမလဲ?”

ကျနော်။ ။ “နောက်လမှာ” (တစ်လလာနေပါမယ်ဆိုမှ ဘယ့်နဲ့ ဒီလူတွေတော့)

“အကိုကြီး သူ့ မှ ဗီဇာကျန်သေးတယ်ဗျ၊ နောက်နှစ်အထိ” အခြားလ၀ကပြောလိုက်တော့...အခြေအနေတော့
ကောင်းသွားပြီဟု စိတ်တွင်းမှတ်လိုက်လေသည်။

သို့ နှင့်.. ကျနော့်အားချိုသာစွာဖြင့် “အေးပြန်ရင်တော့.. D Form လုပ်ဖို့ မမေ့နဲ့ နော်..ငါ့ညီ.. ကဲကဲ..)

လဖ္ဘက်ရည်ဖိုးမလာခင်..ကျနော်လဲကြားဖြတ်ပြီး “ဟုတ်ကဲ့.. ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ” ဟုပြောကာ
သူတို့  စိတ်မပြောင်းခင် သုတ်ခြေတင်လိုက်လေတော့သည်။

ပထမအဆင့်တော့ ပြီးသွားလေပြီ။ ဒုတိယကတော့ အကောက်ခွန်။ ကျနော့်မှာတော့ ဘာမှမပါ၊ ပါလေ။ ဒါပေမယ့်
ကံမကောင်းရင်..မကောင်းသလိုတော့ အရစ်ခံနိုင်ရတယ်လေ။

ပြောရအုန်းမယ်..လေယာဉ်ပေါ်ကနေမဆင်းခင်ကတည်းက..ဘုရားကို အာရုံပြု..တရားစာတွေရွှတ်လာတာဗျ။
မြန်မာနိုင်ငံမှက ဘာမဆိုဖြစ်နိုင်တယ်လေ။ ကံကောင်းမှ.. ကံမကောင်းရင်.ခံရမှာကိုး။

ပြီးရင်ကျနော်က ရန်ကုန်အထာကိုလဲသိပ်မသိဘူးလေ။ ကျောထောက်နောက်ခံ..လဲမရှိဘူးလေ.. ဟိုလူ့ ကို
သိတယ်..ဒီလူ့ ကိုသိတယ်လို့ ပြောဖို့ ကလဲ မရှိဘူးလေ။ ဒါကြောင့်မို့ ဒီလိုတွေဖြစ်နေတာလားမသိပါဘူး။

ထားပါတော့...ဆက်ရအောင်

နောက်ဆုံးတော့ ကိုယ့်အထုတ်တွေကိုယူပြီး..လှည်းပေါ်တင်။ ပြီးတော့ ခေါင်းနဲနဲမော့..ရင်လေးကော့ပြီးတော့
အကောက်ခွန်ကိုဖြတ်ဖို့ လုပ်ပါတော့တယ်။

မဖြတ်ခင်အကောက်ခွန်မှာစောင့်တဲ့လူကိုတော့ နည်းနည်းအကဲခတ်ရတာပေါ့။ ကျနော်ယုံကြည်ထားတာက
မိန်းကလေးဆိုရင်သဘောကောင်းတယ်။ ဘာကြောင့်အဲလိုပြောလဲဆိုရင်တော့ ၁) ကျနော်ထင်လို့ လေ
(မဆိုင်ဘူးလား) ၂) မိန်းကလေးအနေနဲ့ လဖ္ဘရည်ဖိုးတောင်းတာမရှိဘူး ၃) ရစ်လေ့မရှိဘူး ဒါပါပဲ။

ဖြစ်ချင်တော့..အမတစ်ယောက်ထိုင်နေတဲ့ အကောက်ခွန်ကို တွေ့ တာနဲ့  ကျနော်လဲအဲဒီကနေ ဖြတ်မယ်လို့ 
ဆုံးဖြတ်လိုက်တယ်။ ကျနော်သွားတော့ ပထမဆုံး လူကိုကြည့်တယ်။ ပြီးတော့ ပစ္စည်းတွေကိုကြည့်တယ်။

ဒါပဲ ဘာမှ မပြောဘူး။ ပြီးတော့ ခေါင်းညိတ်ပြတယ်။ ၀မ်းသာသွားတာပေါ့ဗျာ။ ၀မ်းသာလို့ မပြီးသေးဘူး
လူကြီးမင်းတစ်ယောက် လမ်းလျှောက်လာတယ်။ မျက်နှာအမူအရာကတော့ ရစ်မယ်ဆိုတဲ့ပုံစံပါပဲ။

ကျနော်ကလဲ..နဲနဲတော့လျင်ပါတယ်။ သူမရောက်ခင်..ကိုယ်က အမြန်လစ်ရတော့တာပေါ့။ တော်ပါသေးရဲ့ 
ဗျာ..ပတ်ဝန်းကျင်ကို အမြဲအကဲခတ်နေလို့ ။ အင်း... ဘုရားဟောထားတဲ့အတိုင်း... အမြဲတမ်း သတိရှိနေရ
မယ်ဆိုတာ..တော်တော်လေးကိုမှန်တယ်ဗျာ။

အဲလိုနဲ့  အပြင်ဘက်ကိုရောက်လာပါတော့တယ်။ အပြင်ရောက်မှပဲ.. “ဟူး................” ဆိုပြီးတော့ လေလုံး
ကြီးကြီးကို မှုတ်ထုတ်နိုင်တော့တယ်။ အဲ..အဲဒီအချိန်ထိ စိတ်မချသေးဘူး။

ကားဌားလိုက်တယ်။ ကားသမားတွေကလဲ..ဈေးစစ်မှာမှန်းသိလို့ လားမသိ..ဈေးကို တင်ပြီးပြောထားတယ်။
ပြီးရင်တော့.. ဒီလောက်မပေးရင်...မလိုက်ဘူး.. ဘာလေးညာလေးလုပ်တယ်။ ပြီးရင်လဲ..အနားမှာ တရစ်ဝဲ၀ဲ
လာလုပ်သေးတယ်။

ပြီးတော့ အလျှော့ပေးလိုက်မယ်လေပုံစံလေးနဲ့  လိုက်မယ်ဆိုပြီးလာတာပေါ့ဗျာ။ အဲလိုနဲ့  လေအေးစက်မရှိ
ပေမယ့်...သဘာဝလေကြီးကို အ၀ရှုသွင်းလိုက်ပြီးတော့.. လေဆိပ်ကနေထွက်လာနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ....ကားလေးကလဲ..တရိပ်ရိပ်ပြေးရင်း...လေယာဉ်ကွင်းကြီးကို နောက်မှာချန်ထားခဲ့တော့မှပဲ... ဟူး...
မြန်မာပြည်ကို ခုမှပဲရောက်တော့တယ်လို့ ... ညီးညူလိုက်နိုင်ပါတော့တယ်ဗျာ။




ရယ်နိုင်၊ ပြုံးနိုင်ပြီး၊ အစစ၊ အရာရာ ကြိုတင်ပြင်ဆင်နိုင်ပါစေဗျာ


ရှမ်းကလေး

(ဆက်လက်တင်ပြပါအုန်းမည်)

Wednesday, September 1, 2010

ဘလော့လ်မှာ သီချင်းတင်ခြင်း

သီချင်းတင်တာက နှစ်မျိုးရှိပါတယ်။

ဘလော့လ်ကို ဖွင့်လိုက်တာနဲ့  အသံမြည်လာတဲ့ သီချင်းနဲ့  Download လုပ်လို့ ရအောင်လုပ်ထားတဲ့ သီချင်း
ဆိုပြီးတော့ ရှိပါတယ်။

ဘလော့ကို ဖွင့်လိုက်တာနဲ့  သီချင်းသံမြည်တာကို လိုချင်ရင်တော့ www.mixpod.com မှာ sing up ပြီး
account တစ်ခုကို ဖွင့်လိုက်ပါ။

ပြီးရင် ကိုယ်ကြိုက်တဲ့ ဒီဇိုင်းလ်ကိုရွေးပါ။ ပြီးတော့ သီချင်းတွေရှာပါ။ သီချင်းတွေရပြီးရင် save (သိမ်း) လိုက်ပါ။
ှသိမ်းပြီးသွားရင်တော့ ခုဏက save ကိုပြန်နှိပ်။ အဲဒီမှာ get code ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် အဲမှာပေါ်လာတဲ့
Code တွေကိုကူးယူ။ (ဘလော့ ဖွင့်တာနဲ့  သီချင်းကြားချင်ရင်တော့ Code မကုးခင် Setting မှာ Auto Play ကို
select လုပ်ထားရပါမယ်။ ပြီးမှ save ကိုသွား get code ကိုရွေးပါ)။

code တွေကို copy ပြီးရင်.. ကိုယ့် ဘလော့ကို ပြန်ဝင်ပါ။ ၀င်ပြီးရင် Design ကိုသွား။

အဲမှာ Add a Gadget ကိုနှိပ်။ ပြီးရင်အဲမှာမှ Html/Java Script ကိုရွေးလိုက်ပါ။ ပြီးရင် ခုဏက ကူးထားတဲ့
code ကို paste ပြီးရင် save ကိုနှိပ်လိုက်ရင် ဘလော့ကို ဖွင့်လိုက်တာနဲ့  သီချင်းသံကို ကြားရမှာဖြစ်ပါတယ်။

ကဲခုတော့ ဒါနဲ့ ပဲ ကျေနပ်ပါဗျာ။ download လုပ်တဲ့ဟာက နည်းနည်းတော့ရှုပ်တာပေါ့နော်။

အဲဒါကိုတော့ နောက်မှပဲ တင်ပြပါတော့မယ်ဗျာ။

အသုံးပါစေဗျာ။

ရှမ်းကလေး

Tuesday, August 31, 2010

ဆေးကြောင်ကာရည်းစားကိုသတ်သည့်အမှု

GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်
အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့.......

ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့
ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလား လို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကို
ဖြတ်ပါ့မယ်လို့ပြောလိုက်တယ်။

အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့ တိုက်ပြီး အခြား
ကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ် အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲ
ပြီးကောင်မလေးကိုပြန်တောင်းပန်ပြီး ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြ
နေရာလေးမှာ ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်။

ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာ
တော့ သူလက်လွန်သွားမှန်းသိတော့ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ်
လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်။

အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး က...........

“နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ်” လို့ပြောတယ်

ဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်
ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်။

ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး
သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်းလျှောက်လာတယ် ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်း
အင်္ကျီကိုပဲသွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးက

တဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက်ရယ်လိုက်
တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ်.............

“နင်ဖျက်လို့မရဘူးမလား” တဲ့

“ဘယ်ဖျက်လို့ ရပါ့မလဲ” တဲ့

“နင်က အိုကီ ဆပ်ပြာမှုန့်မှမသုံးတာကိုး” တဲ့ဗျာ။



ရှမ်းကလေး (အီးမေးလ်မှ စာအားပြန်၍တင်ပြပေးလိုက်ပါသည်။)

မလိမ္ဘူး....

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ် မလိမ်ဘူးဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင်
တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား…
အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။

ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။

မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။

ဖြန်း…………………………………..

အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်ကမောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။

ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။

မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။

မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။

ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။

မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။

ဖြန်း……………………………………….

စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။

မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။

ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။

ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက
ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။

ဖြန်း……………………………………………………

တော်တော်လေးကိုအသံကျယ်ပါဧ။်။

ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။ ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။

ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့
အဲဒါရှင့်သားပဲလေ ။

ဖြန်း……………………………………………………………

ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။




ရှမ်းကလေး (ပို့ ပေးသော သူငယ်ချင်းအား ကျေးဇူးတင်လျက်)

Saturday, July 31, 2010

အကောင်းကြိုက်တတ်သောကောင်မလေး

ကျနော့်တွင် “သူဇာ” ခေါ်ရည်းစားတစ်ယောက်ရှိလေသည်။ သူမသည် ဘာမဆိုအကောင်းချဉ်းသာကြိုက်နှစ်သက်
သူဖြစ်သည်။ ကုန်ကုန်ပြောလျှင် နေ့ လည်စာစားလျှင်ပင် အကောင်းဆုံးဆိုင်များတွင် အကောင်းဆုံးအစား
အစာများကိုသာမှာစားတတ်သည်။

ထို့ ပြင် စားပြီးပါကလဲ အချိုပွဲလေးပါမှ သင်းသိမ်တတ်သည့် အကျင့်ပါသူလေးဖြစ်သည်။ သို့ သော်...
ကုန်ကျစားရိတ်အားလုံးကို သူမပင်ရှင်းတတ်ပါသည်။

သူမ၏ရည်းစားအနေဖြင့် ကျနော်မှာ ကုန်ကျစားရိတ်အားလုံးကို မရှင်းပေးနိုင်ပါ။ ရေရှည်တွင် ကျနော်မရှင်း
နိုင်သဖြင့် သူမကိုပင်ရှက်နေမိပြီး သူမကို အပြင်ခေါ်ထွက်ရန်ပင် အင်အားမရှိတော့သလိုဖြစ်လာသည်။

တစ်နေ့ တွင်တော့..“အင်း..ဒီလိုသာသွားရင်တော့မဟုတ်တော့ဘူး။ အကယ်လို့  အိမ်ထောင်တွေပြုပြီး သူ..
ဒီလိုပဲ သုံးနေရင်တော့..ဒီတစ်သက်...ငါ..ပိုက်ဆံစုဖြစ်မယ်မထင်ဘူး” ဆိုသော အတွေးဝင်လာကာ...
သူမနှင့် လမ်းခွဲရန်ဆုံးဖြတ်လိုက်သည်။

ထို့ နောက်တွင် ကျနော်သည် ကြိုးစား၍သူမကိုရှောင်သည်။ သူမနှင့် လုံးဝကို အဆက်အသွယ်ဖြတ်လိုက်
လေသည်။ သို့ နှင့်...နောက်ပိုင်းတွင်..တစ်ယောက်နှင့် တစ်ယောက်မတွေ့ ဖြစ်တော့ပါ။

တစ်နေ့ ကျနော် ကန်တင်းတွင်ထိုင်နေခိုက် မဖိတ်ခေါ်ပဲကောင်မလေး တစ်ယောက်..ကျနော့်၏
မျက်ဝန်းတွင်းသို့ ဝင်လာသည်။ ၀င်လာရခြင်းကလဲ...

သူမသည် ပေါက်ဆီကို ၁၀ ကျပ်မှ ၁ ကျပ်ထိရောက်အောင် ဈေးဆစ်နေ၍ဖြစ်သည်။ “ရှင်..တို့ ပေါက်ဆီက
အေးနေပြီ..ပြီးတော့ နှစ်လုံးပဲကျန်တာ ဘယ်သူမှ ၀ယ်စားတော့မှာ မဟုတ်ဘူး..ကျမကို သာပေးလိုက်ပါ” တဲ့။

အလားရရင်တောင် အပိုပေးပါလားဆိုတဲ့ လူမျိုးထဲမှာပါမလားတော့မသိပါဘူး။ နောက်မှ ကျနော်သူ့ နာမည်ကို
သိလိုက်ပါတယ်..“သဇင်” တဲ့ဗျာ။

“အင်း...ဒီလောက်တောင်ဈေးဆစ်နေမှတော့ သူနဲ့ သာ အိမ်ထောင်ကျခဲ့ရင် ချွှေချွှေတာတာနဲ့ သုံးမယ့်အစားမျိုးပဲ။
ပိုက်ဆံတွေလဲစုဆောင်းမိမှာပဲ” လို့ ကျနော်ယူဆကာ..ငါ့အကြိုက်ထဲကပဲလို့  တွေးတောနေမိလေ၏။

လူသားဆိုသည်မှာလဲ ခေါင်းထဲတွင်တွေးမိသည်နှင့် အကောင်အထည်ဖေါ်တတ်သည့်အကျင့်ရှိ သည့်နည်းတူ...
ကျနော်လဲ..သူမနှင့် ရင်းနှီးအောင်လုပ်ကာ..ချစ်ခွင့်ပန်လိုက်လေသည်။

နောက်ဆုံးတော့

သူမနှင့် အိမ်ထောင်ကျသွားလေ၏။

“ကိုယ်အိမ်ပြန်လာပြီ မိန်းမရေ..။ ဟာ..မွှေးနေတာပဲ..ဒီနေ့ ဘာဟင်းချက်လဲကွ?”

“ ဒီနေ့ က ပုဇွန်ချက်တယ်။ ဈေးကြီးပေမယ့် စားလို့ တော့ကောင်းတယ်။” သူမရဲ့ အဖြေ

“နေပါအုန်းကွ..မင်းချက်တာက နေ့ တိုင်းဈေးကြီးတဲ့ဟာတွေပါလား?။ ဒီလိုသာသွားရင် ပိုက်ဆံကော စုမိ
ပါအုန်းမလားကွ?”

“ရှင်ကလဲ..ပိုက်ဆံပဲဟာ..ရှာနိုင်သလောက်စားရမှာပေါ့။ သိမ်းထားလို့  မှိုတွေတက်ပြီး..ချတွေစားသွားရင်
ဘယ်လို လုပ်မလဲ?”

“အန်” အော်...မှိုတွေတက်ပြီး ...ချတွေစားမှာစိုးလို့ တဲ့လား...သူတို့ မစားခင်ကိုယ်က အရင်စားလိုက်တယ်ပေါ့လေ။

“ဒါနဲ့ နေပါအုန်း..တက္ကသိုလ်တုန်းကဆို..မင်းချွှေချွှေတာတာ နဲ့ သုံးတာမဟုတ်လား? ခု..ဘာဖြစ်လို့ အဲလို မလုပ်
တော့တာလဲ?”

“အော်..အဲဒီတုန်းက ကျမမှာပိုက်ဆံမရှိဘူးလေ...ပြီးတော့ ပိုက်ဆံရှာပေးမယ့်သူလဲမရှိဘူး။ ခုတော့ ရှင်က...
ပိုက်ဆံရှာနိုင်တော့... ကျမလဲ အရင်တုန်းက မစားလိုက်ရတဲ့ဟာတွေကို အားရပါးရစားနေတာပေါ့ရှင့်”

အားရစရာအဖြေကို သူမ..အားရပါးရပြောလေသည်။

တစ်နေ့ တွင်..မြို့ ထဲသွားခိုက်..စားသောက်ဆိုင်မှ ထွက်လာသော..သူငယ်ချင်းနှင့် ဆုံသဖြင့် မိတ်ဆက်မိသည်။

“ဟေ့..သူငယ်ချင်း..မတွေ့ ရတာတော်တော်ကိုကြာပါလားကွ..ရွှေတွေပါတွေနဲ့ တော်တော်လေးကို ထောနေ
တယ်ပေါ့..ငါ့ကောင်က” ဟုမေးရင်း နှုတ်ဆက်တော့...

“အေး..ငါလဲ..အိမ်ထောင်ကျပြီးကတည်းက ဒီလိုပဲ ကောင်းစားလာတာကွ..ငါ့မိန်းက အလုပ်အရမ်းကြိုးစားတယ်။
အဲ..ပြီးတော့ သူက အကောင်းကြိုက်တဲ့သူဗျာ။ ဒါပေမယ့်.. သူစားတာ..၀ယ်တာအားလုံးကို သူကပဲရှာတာာ။
ငါက..ဘာမမပူရဘူး။”

“ဟုတ်လား..ကောင်းတာပေါ့ကွာ”

“မင်းကောဘယ်လိုလဲကွ..?”

“ဒီလိုပါပဲကွာ..ရှာလိုက်..စားလိုက်နဲ့  သံသရာလည်နေတုန်းပါပဲ”

“ဟော..ပြောရင်းဆိုရင်း...ဟိုမှာ ငါ့မိန်းမ သူဇာ လာနေပြီ။ မင်းနဲ့  နှုတ်ဆက်ပေးရအုန်းမယ်။ ”

“သူဇာ” ဆိုသဖြင့် ကျနော်လှမ်းကြည့်လိုက်ရာ ကျနော့်၏ အကောင်းကြိုက်တတ်သော ကောင်မလေး..

ကျနော်နှင့် ကျနော့် သူငယ်ချင်းဆီသို့ လျှောက်လာနေလေသည့်သူမ။ သူမ..မတွေ့ ခင်ပင်....ကျနော်....
ကျနော့်သူငယ်ချင်းအား...“ငါ့မှာ အရေးကြီး ကိစ္စရှိလို့ ကွ..ငါခုပဲသွားတော့မယ်” ဟုဆိုကာ ခြေကုန်သုတ်ခဲ့သည်။

“နေအုန်းလေကွာ..ငါ့မိန်းမနဲ့ တောင် မနှုတ်ဆက်ပေးရသေးဘူး” ဆိုသော ကျနော့် သူငယ်ချင်းအသံသည်လည်း
နောက်တွင်ကျန်ရစ်ခဲ့သည်။

နောက်မှ စဉ်းစားမိသည်တွင်..သူမနှင့် ကျနော်မတွေ့ ရဲခြင်းမှာ..ရှက်၍လော..အမှားလုပ်မိ၍လော ဆိုသည်ကို
ကျနော်ကိုယ်တိုင်လဲ မသိတော့ပါ။



ရှမ်းကလေး

တရုတ်နိုင်ငံမှ မေ့မရသောအရာ

တရုတ်နိုင်ငံတွင် ခန်းနားကြီးကျယ်ပြီး မေ့၍မရနိုင်သော အရာများစွာရှိလေသည်။ Forbidden City၊ ဂရိတ်ဝေါလ်
တို့ မှာမေ့လို့ မရနိုင်သော အရာများတွင်ပါဝင်လေသည်။

ထို့ ပြင် တရုတ်နိုင်ငံမှ စိုပြေစိမ်းလန်းသော သစ်တောများသည်လဲ ရှုမညီးဖွယ်ရာနှင့် မေ့မရနိုင်ပါ။

သို့ သော်..အထက်ပါမေ့မရသောအရာများအားလုံးအရှုံးလိုက်ရသော မမေ့နိုင်သည့် အရာမှာ

တရုတ်နိုင်ငံမှ အိမ်သာများသာဖြစ်လေသည်။



ရှမ်းကလေး