အလှည့်ကြ ပေးတဲ့ရေကို တန်းစီပြီးခပ်ပြီးသွားတဲ့အချိန်မှာ ရေပုံးတွေကို သိမ်းလိုက်တယ်။ ပြီးတော့ မနက်စာဖြစ်တဲ့ ထမင်းကြော်နဲ့  အကြော် တစ်ခုကို လျင်မြန်စွာစား... ပန်းကန်ဆေးပြီးတာနှင့် အပေါ်ထပ်ကိုတက်ကာ ကျောင်းစိမ်းလဲဝတ်လိုက်သည်။
ပြီးလျှင် လိုသည်ထင်သောစာအုပ်များကို လွယ်အိတ်ထဲထိုးထည့်ကာ.. ကျောင်းသို့ သုတ်ခြေတင်ရန် ပြင်ဆင်ခိုက်.. အဒေါ်က
"မျက်နှာ ဒီလောက် အဆီတွေပျံနေတာ.. သနပ်ခါးလေး.. ပါလေး လိမ်းသွားအုန်းလေ."
“ရပြီ မလိမ်းတော့ဘူး.. ဘယ်သူမှလဲကြည့်မှာ မဟုတ်ဘူး”
ဆိုကာ ကျောင်းသို့ ထွက်လာခဲ့သည်။ ကျောင်းနဲ့  အိမ်က ၂၀-၂၅ မိနစ်လောက် လျှောက်ရတယ်။ ဒီနေ့ က ကျောင်းစဖွင့်တဲ့နေ့ ။ ကျနော်ကအခုဆို ရင်ဆယ်တန်းရောက်ပြီ။
ငယ်ငယ်တုန်းကဆိုရင် “ဆယ်တန်း ” ဆိုတာကို ကြားတာနဲ့  လန့် သလိုလိုဖြစ်နေတာ။ ဖြစ်လဲ ဖြစ်စရာပဲလေ.. ဆယ်တန်း ကျတို့ ၊ ဆယ်တန်းစာက ခက်လိုက်တာတို့ က နားမဆန့် အောင် ကြားနေရတာကိုး။
“သူက ဆယ်တန်းကို မိန်းမရပြီးတော့မှ အောင်တာ၊ သူ့ သမီးနဲ့  သူက ဆယ်တန်းအတူတူအောင်တာလေ” ဆိုတာတွေကို ကြားရတဲ့အချိန်မှာ ဆိုရင်.. ဆယ်တန်းအောင် အောင် ကိုယ်ကပဲ မိန်းမယူရမလိုလို၊ ကလေးပဲ ကောက်မွေးရမလိုလိုဖြစ်နေတာ။
အတွေးစကို ဖြတ်ကာ ကိုယ်ကျမည့်အခန်းကို လိုက်ရှာလိုက်သည်။ တွေ့ ပြီ.. ကျနော့်နာမည်.. အော်.. “အေ” အခန်းကိုး။ “အင်း ဘီ အတန်းပြောင်းရင်ကောင်းမလားမသိ” ၀င်လာတဲ့အတွေး...
ထိုအချိန်တွင် သူငယ်ချင်းများရောက်လာကာ .. “ဟေ့.. စိုင်းစိုင်း၊ မင်းဘယ်အခန်းလဲကွ?”
“အေ အခန်းရတယ်”
“ ဟာ.. အတော်ပဲပေါ့ဒါဆို.. ငါတို့ သူငယ်ချင်းတွေ အားလုံး အေ အခန်းအတူအတူ ကျတာပေါ့ကွာ”
“မင်းအခန်းပြောင်းမှာလား? ”
“ ကိုးတန်းတုန်းက ပြောင်းပြီးပြီပဲကွာ.. ဒီတစ်ခါတော့ မပြောင်းတော့ပါဘူး။ အဲဒီ အခန်းမှာပဲ နေရအောင်ကွာ”
သူငယ်ချင်းများ၏ တိုက်သွန်းချက်နှင့် အတူ.. ကျနော်တို့ လဲ အခန်းကို ချီတက်လာလိုက်သည်။ နေရာရွေးမယ်လုပ်တော့ ခုံတိုင်း လိုလိုက ပြည့်နေပြီ။ အထူးသဖြင့် အရှေ့ ကခုံတွေပေါ့။ ကျနော်က အရှေ့ မှာ ထိုင်ရတာကို ငယ်စဉ်ကတည်းက မကြိုက်တော့ သုံးခုံမြောက သို့ သွားကာ.. ထိုင်လိုက်သည်။
ထိုနေရာတွင် ကျနော်မသိသော ကျောင်းသားတစ်ယောက်က ပြတင်းပေါက်နှင့် ကပ်ရက်နေရာယူထား၏။ ကျနော်လဲ ခပ်တည်တည်ဖြင့်ပင် ..
“သူငယ်ချင်း နေရာလဲမလား?” သူ့ နာမည်က စိုင်းလုံ..နောက်မှသိတာပါ။
“ဘာလို့ လဲ?”
“ငါ ကဘယ်တန်လေ.. ငါဒီဖက်မှာထိုင်ရင်... စာရေးတဲ့အခါမှာ မင်းနဲ့ ငါတိုက်မိနေမှာပေါ့”
သူအနည်းငယ် စဉ်းစားကာ.. “ရတယ်လေ”
သို့ နှင့် ကျနော်လဲ ပြတင်းပေါက်ကပ်ရက်နေရာရသွား၏။ တစ်ခုံလျှင်နှစ်ယောက်နှုန်းဖြင့်ထိုင်ရသည်။ ကျနော်တို့ အခန်းတွင် ထိုင်ခုံ အတန်းပေါင်း လေးတန်းရှိပြီး၊ တစ်တန်းလျှင် ၉ ခုံလောက်ရှိသည်။ မိန်းကလေးက သုံးတန်းလုံးလုံးကို နေရာယူထားပြီး ယောင်္ကျားလေးများကတော့ တစ်တန်းနှင့် နှစ်ခုံသာရှိ၏။ ပြောမည်ဆိုလျှင် မိန်းကလေးက ယောင်္ကျားလေးထက် နှစ်ဆလောက် များနေလေသည်။
သို့ နှင့် ကျောင်းတက်လာသည်မှာ.. တစ်လကျော်ကျော်ရှိလာသဖြင့် အတန်းအတွင်းမှ သူငယ်ချင်းတော်တော်များနှင့် ရင်းနှီးလာသည်။ ထိုအထဲတွင်မှာ ချောမောတဲ့ ကောင်မလေးတစ်ယောက်ကို ကျနော်သတိထားမိသည်။
သူက ချစ်စရာလေးပါ။ ဆံပင်က ခါးထိရှည်ပြီးတော့ သူရယ်လိုက်တိုင်း.. သွားတက်လေးတွေပေါ်လာသလို ကျော့ရှင်းတဲ့ ခန္ဒာကိုယ်ကိုပိုင်ဆိုင်တဲ့ သူပါ။ သူ့ နာမည်က “နံ့ သာ” တဲ့။ နာမည်နဲ့  လူတော့ အလိုက်သားလို့  တွေးမိပါသေးတယ်။
စာသင်ခန်းတစ်ခန်းထဲမှာပဲရှိပေမယ့် သူနဲ့ က စကားမပြောဖြစ်ပါဘူး။ နောက်ပိုင်းမှာ ကိုယ်မနိုင်တဲ့ အတန်းတွေကို ကျူရှင် ယူတဲ့အခါမှာ..သူ နဲ့ ၊ ကျနော် တစ်ချိန်ထဲမှာပါပဲ။ အစပိုင်းကတော့ စကားမပြောရဲဘူး။ ဘာဖြစ်လို့ လဲတော့မသိဘူး။ ပြောရမှာ ရှက်သလိုလို၊ ဘာလိုလို ခံစားရတယ်လေ။
သို့ နှင့် ...
ခုတော့ ကျူရှင်တက်လာတာ ၈ လလောက်ရှိနေပြီဆိုတော့ သူမ နဲ့  စတာ၊ နောက်တာတွေ၊ ကျနော်လုပ်ခွင့်ရလာပါတယ်။ ကျနော်သူ့ ကို နောက်လိုက်တိုင်း.. “နင်နော်..တော်တော်နောက်တာပဲ” ဆိုပြီး သူမက ကျနော့်ကို ပြန်ပြောတတ်ပါတယ်။
အဲလိုနဲ့ တစ်နေ့ မှာတော့ ..အားလပ်ချိန်အတွင်းမှာ.. ကျနော့်နောက်ဘက်မှာ ထိုင်နေတဲ့ သူငယ်ချင်းက.. ကျနော့်နားလာထိုင်ပြီး
“စိုင်းစိုင်း..ငါ့ကို တစ်ခု ကူညီပါလား?”
“ပိုက်ဆံချေးဖို့ တော့မရှိဘူး... ဆောရီးပဲ သူငယ်ချင်း”
“မင်းကလဲ လူကို မြင်ရင်.. ပိုက်ဆံချေးမယ်လို့ ပဲ ထင်နေတာလား.? ပိုက်ဆံချေးဖို့ မဟုတ်ဘူး.. တခြားဟာကွ”
“ကဲပြောပါဗျာ.. မင်းရဲ့ တခြားဟာကဘာလဲ?”
“မင်းငါ့ကို ရည်းစားစာရေးပေးပါလား?”
ဗုဒ္ဓေါ.. ဟုစိတ်တွင်းတ ကာ.. ကိုယ့်ဘ၀ကို ပြန်၍စီစိမိတဲ့ကျနော့်ဘ၀.. ဟုတ်တယ်လေ.. ရည်းစားစာ ရေးခိုင်းရအောင် ကိုယ်ကပဲ အမြဲရေးနေတဲ့လူလိုလို.. ကောင်မလေးတွေနဲ့  အားအားယားယားသွားနေတဲ့လူလိုလို.. သူလုပ်ပုံက..
“နေပါအုန်းကွ.. ငါ့မှာတောင် ရည်းစားမရှိတာ... မင်းကို ငါက ဘယ်လိုလုပ်ရည်းစားစာရေးပေးရမှာလဲ?”
“မင်းကြိုက်သလိုရေးကွာ.. ဘယ်လိုပဲဖြစ်ဖြစ် .. အဆင်ပြေပါတယ်”
အော်.. သူ့ အတွက်တော့ အဆင်ပြေမပေါ့. သူက ပြန်ကူးယုံပဲဟာ။ ကျနော့်မှာတော့ စိတ်ညစ်သွားတယ်လေ။ ရည်းစားရှာလို့  တောင်မရတဲ့သူကိုမှ........သူက ရည်းစားစာလာရေးခိုင်းနေတယ်။ လူပျိုစာရင်းထဲဝင်သွားချင်တယ်ထင်ပါ့.။
“နေပါအုန်းကွ.. မင်းက ဘာစိတ်ကူးပေါက်လို့ ငါ့ကို လာရေးခိုင်းတာလဲ?”
“မင်းက စာရတယ်လေကွာ”
“ဟာ............”
ရှင်းလိုက်တဲ့ အကြောင်းပြချက်.. စာရတာက စာကျက်လို့ ပဲဟာ။ ရည်းစားစာနဲ့  လုံးလုံးဆို.. လုံးဝကို မဆိုင်။ ဆက်ပြောနေလျှင် ဆက်ရှည်ကာ စိတ်ပိုညစ်မှာကို မလိုလားတော့ကျနော်လဲ..
“အေး..အေး.. ငါရေးပေးပါ့မယ်ကွာ.. ဒါနဲ့ ဘယ်သူ့ ကို ပေးဖို့ လဲ?”
“နံ့ သာ.........ကိုလေကွာ”
ပါးစပ်ဟောင်းလင်းနှင့် ကျနော်။ ကတိပေးထားပြန်လေတော့ ပိုစိတ်ညစ်သွားသည်။ ကိုယ်ကြိုက်တဲ့ ကောင်မလေးအား ရည်းစားစာရေးပေးရမည်.. ကိုယ့်အတွက်တော့မဟုတ်.. သူများအကျိုးဆောင်.။
ဆက်မစဉ်းစားနေတော့.. စိတ်ညစ်ညစ်နှင့်သာ.. တစ်မျက်နှာစာရှိသော ရည်းစားစာကို ရေးပေးလိုက်သည်။ ကျနော့်ကို အရမ်းယုံသော သူငယ်ချင်းကလဲ တစ်လုံးမကျန်ပြန်ကူးကာ သူ့ လက်မှတ်ကိုထိုးပြီး ကျနော့်ကို လာပေးသည်။
“ဘာလဲကွ.. ?”
“ မင်းကို စာပေးခိုင်းမလို့ ”
“မင်းဟာက မဟုတ်တော့ဘူးထင်တယ်.. စာလဲရေးပေးရတယ်။ ပြီးရင်.. ငါကိုယ်တိုင်က ပြန်ပေးရအုန်းမယ်?”
“အေးလေ ပို့ ချင်းပို့ ....ဟိုဖက်ကမ်းကို ရောက်အောင်ပို့ ပေါ့ကွ”
ဒီစကားပုံကို ဘယ်သူကများထွင်လိုက်သည်မသိ။ ကျနော်ကတော့ ခံလိုက်ရသည်။ သို့ နှင့် ကျနော်လဲ သူများအတွက်ရေးပေးထား သောရည်းစားစာကို ကိုယ်ကြိုက်သော ကောင်မလေးကို ပေးရန်အတွက်၊ သူထိုင်သော ထိုင်ခုံသို့ လှမ်းသွားကာ။
”နံ့ သာ”
“ဘာ ကိတ်?”
“ရော့ နင့်အတွက် စာ”
“ဘာစာလဲ ရည်းစားစာလား?”
သူမမျက်နှာလေး နည်းနည်းနီသွားသည်ကိုတော့ ကျနော်တွေ့ လိုက်သလိုလို။ ဒါပေမယ့် ကိုယ့်စာမှ အဲ.. ကိုယ်ရေးတဲ့စာတော့ ဟုတ်တယ်လေ။ ဒါပေမယ့် ကိုယ့်အတွက် မဟုတ်လေတော့ မသိကျိုးကျွန်ပြုကာ..
“ဟုတ်တယ်”
သူမက လက်လှမ်းလာပြီးနောက်၊ ခပ်ရှက်ရှက်ဖြင့်..
“နင့် စာလား?”
“မဟုတ်ဘူး”
သူမ မျက်နှာ ခပ်တည်တည်ပြန်ဖြစ်ကာ ..
“ဘယ်သူ့ စာလဲ?”
“ငါထွန်းက ပေးခိုင်းလိုက်တာ”
“နင်ရေးပေးတာလား?”
သူများအကျိုးမယုတ်အောင် လိမ်ပြောခြင်းသည်.. လိမ်ညာသည်ခြင်း မမှတ်ဆိုသော အတွေးကိုပိုက်ကာ ကျနော်လဲ.
“မဟုတ်ပါဘူး”
“ဒါဆို ငါ့ကို ဖတ်ပြပါလား?”
ကိုယ်ရေးပေးသော ရည်းစားစာကို ပြန်ဖတ်ပြရအုန်းမယ်... အော်.... ဘယ်ဘ၀က ၀ဠ်ကြွေးများလဲနော်..
“ဟ.. ငါ..အဲလိုလုပ်ရင် ငါထွန်း.. ရှက်သွားမှာပေါ့။ နင့်ဖါသာနင်ပဲဖတ်”
“ဒါဆို.. ငါဖတ်မယ်.. နင်ဒီမှာ ခဏစောင့်”
“ဘာလုပ်မလို့ လဲ?”
“ခဏလေးပါဟယ်”
“အေးပါ..အေးပါ”
သူမစာကို ဖတ်ပြီးသော အချိန်တွင် ကျနော့်ကို ပြန်ပေးကာ..
“နင်..ဖတ်ကြည့်ပါလား?”
“မဖတ်ချင်ပါဘူး... သူများ..ရည်းစားစာ”
“ဒါဆို... သူ့ ကို ပြန်ပေးလိုက်”
“နင့်အဖြေက?”
“မကြိုက်ဘူး”
“ဒါပဲ?”
“အေးဟုတ်တယ်.. ”
ကြားကနေ ကိုယ်က အဟောက်ခံနေရပါလား။ ကျနော်လဲ သူငယ်ချင်းဆီပြန်သွားကာ..
“ရော့.. သူပြန်ပေးလိုက်တယ်”
“ သူဘာပြန်ပြောသေးလဲကွ?”
“ဘာမှ.. မပြောဘူးဟေ့.. မင်းဒီလောက်သိချင်ရင် မင်းဘာသာ မင်းသွားမေးပါလားကွာ”
“ဟာ... မင်းကလဲ စိတ်ကြီးပဲ.. ခုချိန်ကစပြီး ငါ့ဖာသာ ငါလုပ်ရှားတော့မယ်.. ကျေးဇူး သူငယ်ချင်း”
“အေးပါ..အေးပါ...မင်းပေါ်မှာ ရှိတဲ့ ငါ့ ၀ဠ်ကြွေးတွေ ခုချိန်က စပြီး.. အားလုံးကုန်ပါစေလို့  ငါဆုတောင်းလိုက်အုန်းမယ်”
“မင်းကလဲ အချင်းချင်းတွေပဲကွာ”
“ဟုတ်ကဲ့ပါ... ကြွပါတော့ ဆရာရယ်.. ဟိုမှာ ဆရာမလာတော့မယ်”
နောက်ပိုင်းတွင် စာမေးပွဲနီးလာသဖြင့် ကျနော်လဲ နံ့ သာ နှင့် သိပ်စကားမပြောဖြစ်တော့ပါ။ ကျနော်သိတာကတော့ ထွန်းထွန်း အငြင်းခံလိုက်သည်ဆိုတာကိုပင်.။
ဆယ်တန်းက လူငယ်တွေအတွက် အရေးအကြီးဆုံး.. ဆယ်တန်းအောင်မှသာ ကိုယ်တက်ချင်သော တက္ကသိုလ်ကိုတက် ကိုယ်လုပ်ချင်သော အလုပ်ကို လုပ်နိုင်မည်။ ဆယ်တန်းမအောင်လျှင် ဆယ်နှစ်ကျော်ကျော် စာသင်ခန်းနေခဲ့သော အချိန်အားလုံး အလကားဖြစ်ကုန်မည်။
သို့ နှင့် ဆယ်တန်းဖြေပြီ..
တခြားကျောင်းကလဲ ကျနော်တို့ ကျောင်းတွင်လာဖြေသဖြင့်.. တော်တော်လေးကို ရှုပ်ထွေးနေသည်။ နံ့ သာကိုတော့ မတွေ့ ပါ။ ကျနော်လဲ စာမေးပွဲခန်းတွင်းမ၀င်မည်.. စာကိုသာ အာရုံစူးစိုက်နေမိသည်။
သို့ နှင့် စာမေးပွဲပြီးသွားသော အခါ..
တစ်နေ့ ၌ ကျနော်သည် အလုပ်တစ်ခုဖြင့် မြို့ တွင်းရောက်ခိုက် ..တိုက်တိုက်ဆိုင်ဆိုင် နံ့ သာနှင့် သွားတွေ့ လေသည်။ သူမက ပြုံးပြပြီးတော့...
“ဘာလုပ်?”
“ကိစ္စရှိလို့ လာတာ။ ဘာလုပ်နေလဲ?”
“အဖေ့အတွက် မုန့် လာဝယ်ပေးတာလေ”
“မနက်ဖြန်လာအုန်းမလား.?”
“နင်က ဘာလုပ်မလို့ လဲ?”
“ငါ နင့်ကို ပေးစရာရှိလို့ ”
“အင်း....မသေချာဘူးဟ.. အားရင်တော့လာခဲ့မယ်”
“ဟာ..နင်ကလဲလာပါ.. အရေးကြီးလို့ ပါ”
“အမလေး.. ဘာများဒီလောက် အရေးကြီးနေတာလဲ?”
“နင်လာရင်သိမှာပေါ့ဟ”
“အေးပါ..အေးပါ.. ကိုယ်တော်ရဲ့ .. လာခဲ့ပါ့မယ်”
သို့ နှင့် ကျနော်လဲ အိမ်ပြန်ကာ.. စာအုပ်နှင့် ဘောပင်ကိုထုတ်..ပြီး.. သူမနှင့် စတင်တွေ့ ရှိချိန်ကစပြီး ကျနော်ခံစားရသည်များကို သမုဒ္ဒရာအားလုံးပေါင်းကာ မှင်လုပ်၍် ရေးလျှင်ပင် သမုဒ္ဒရာသာခန်းသွားပြီး.. ရေးလို့ ကုန်မည်မဟုတ်သော ခံစားချက်များကို ရေးကာစာအိတ်တွင်းထည့်.. ခေါင်းအုန်းအောက်တွင်ထားကာ.. အိပ်မပျော်နိုင်စွာဖြင့် ... မနက်ဖြန်ဆိုတော့နေ့ ကို စောင့်စားလျှက်...
ကျနော်လဲ.. စိတ်ရှည်ရှည်ဖြင့် သူမလာမည့်အချိန်ကို ရပ်စောင့်နေလိုက်သည်။ ဟော.. လာပါပြီ.. ကျနော့်ရဲ့  အိမ်မက်နတ်သမီး။ သူမ ကျနော့်အနားကို လာကာ..
“ကဲပြောပါ ..ပေးပါရှင်.. ရှင့်ရဲ့ အရမ်းအရေးကြီးတယ်ဆိုတဲ့ဟာ”
ကျနော်လဲ.. အိတ်ကပ်တွင်းထည့်ထားသော စာအိတ်ကိုထုတ်ကာ.. သူမကို ကမ်းပေးလိုက်သည်တွင်..
“ဒီတစ်ခါတော့ .. နင့်စာပေါ့?”
“အင်း..ဟုတ်တယ်.”
“ငါ အခုဖတ်ရမလား?”
“ဟာ...နင်ကလဲ အိမ်ရောက်မှ အေးအေးဆေးဆေးဖတ်လို့ ရပါတယ်။”
“ပြီးတာပဲ.. ငါ..ပြန်ရတော့မယ်ဟ..”
“ဘာဖြစ်လို့ လဲ?”
“ငါ့အိမ်က မသိအောင်လစ်ထွက်လာတာ.. အခု.. အိမ်မှာတော်တော်လေး အလုပ်ရှုပ်နေတယ်လေ”
“ဘာဖြစ်လို့ လဲ?”
“မသိပါဘူးဟာ.. ကဲသွားတော့မယ်.. နင့်စာအတွက် ကျေးဇူးပဲနော် စိုင်းစိုင်း”
“ဟာ...ရပါတယ်.. နင်သေသေချာချာဖတ်နော်”
“သိတယ်.. ဆရာ..မလုပ်နဲ့ ” ဟုချစ်စရာလေးပြောက သူမထွက်ခွါသွားလေသည်။
နောက်ပိုင်းရက်များတွင်.. သူမများ ကိတ်မှန့် ဆိုင်လာမလားဆိုသော အတွေးဖြင့်၊ ဆိုင်တွင်လာစောင့်နေမိသည်။ သို့ နှင့် ရက်မှ လသို့  ပြောင်းကာ.. သူမကို မတွေ့ မိပါ။
အော်..ငါးလဆိုတဲ့ အချိန်ကြီးက ကျော်သွားပြီပေါ့။ သူမများ ကျနော့်ကို မကြိုက်လို့  မလာတာပဲ ဖြစ်မယ်ဟု.. စဉ်းစားကာ စိတ်ညစ်နေသည့် ကျနော်သည်၊ အိမ်ရှေ့ ကုလားထိုင်တွင်ထိုင်ရင်း.. ဟိုတွေး..ဒီတွေးလုပ်နေခိုက်.. သူငယ်ချင်းများရောက်လာကာ..
“ဟာ.. စိုင်းစိုင်း.. ဘယ်လိုဖြစ်တာလဲကွ.. ကြက်ထိုင်ထိုင်ပြီး လဒ မိုင်မိုင်နေပါလား”
အော် ရစရာ မရှိအောင်ပြောတတ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ...
“မင်းတို့ ကကော ဘာကိစ္စရှိလို့  ငါ့အိမ်ရောက်လာတာလဲ?”
“ရေပူစမ်းသွားရအောင် အဖော်လာညိတာ။ မင်းလဲ ပျင်းနေတယ်မဟုတ်လား.. ငါတို့ နဲ့ လိုက်ခဲ့ကွာ.. ကဲထထ”
ပါးစပ်လဲပြော လက်လဲရောက်တဲ့ သူငယ်ချင်းတွေများ... တစ်ချို့ ကတော့ အဘွားကို သွားပြီးကျနော့်အတွက် ခွင့်သွားပန်လေရဲ့ ။ နောက်ဆုံးတော့ ကျနော်လဲ သူတို့ နဲ့  ပါသွားတယ်လေ။
ရေပူစမ်းရောက်တော့ သူငယ်ချင်းတွေက ကြက်ဥ၀ယ်ကာ.. ကျနော့်ကို သွားပြုတ်ခိုင်းသည်။ သူတို့ က တခြားသောက် စရာတွေ သွားရှာလေရဲ့ ။
ကျနော်လဲ ကြည်ဥထည့်ထားသော ဆွဲခြင်းကို ကိုင်ကာ.. ဗွက်ဗွက်ဆူနေသော အိုင်ထဲသို့  ကြက်ဥပြုတ်ရန်ထည့်နေစဉ်.. နံ့ သာရဲ့  အရင်းနှီးဆုံး သူငယ်ချင်း ဥမ္မာနှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့ မိလေသည်။ ကျနော့်ကို တွေ့ သည်နှင့် သူမလဲ..
“ဟဲ့ စိုင်းစိုင်း နေကောင်းလား?”
“မကောင်းဘူးဟေ့.. ဒါကြောင့် ရေပူစမ်းမှာ အခွံလာချွှတ်တာ”
“ဟားဟား... နင်ကတော့ အရင်လိုပဲ နောက်တတ်နေတာကိုး”
“နင်တစ်ယောက်တည်းလား?”
“မဟုတ်ပါဘူးဟယ်... ငါ့မိသားစုနဲ့  သူငယ်ချင်းတွေလဲပါတယ်”
သူမ.. အဖြေကြောင့်ကျနော်လဲ အားတက်စွာဖြင့်...
“ဒါဆို.. နံ့ သာလဲ ပါလာတာပေါ့?”
“ဟာ... နင်မသိဘူးလား.. နံ့ သာက တခြားမြို့ ကို ပြောင်းသွားတာ ငါးလလောက်တောင်ရှိနေပြီ”
ကျနော်လဲ အံ့သြစွဖြင့်....
“ဟုတ်လား? ဘယ်ကိုလဲ?”
“ငါလဲ မသိဘူး.. သူ့ အဖေလာခေါ်သွားတာ.. တစ်မိသားစုလုံးပြောင်းသွားတာဟ”
“သူမသွားခင်.. နင်သူနဲ့ တွေ့ လိုက်သေးလား?”
“အေးသူမသွားခင်.. တစ်ရက်က ငါသူ့ ဆီသွားလည်သေးတယ်”
“ နံ့ သာ.. ဘာပြောသွားသေးလဲ?”
“အင်း..သူပြောတာကတော့ .. သူဒီမှာနေရတာပျော်တယ်တဲ့.. အမှန်တော့ သူမပြောင်းချင်ဘူးတဲ့.. ဒါပေမယ့် မပြောင်းလို့ မရဘူး ဖြစ်နေတယ်တဲ့”
“ဒါပဲလား?”
“နေပါအုန်း.. နင်ကဘာသိချင်လို့ လဲ? အော်.. နင်က.. နင်နဲ့  ပတ်သတ်ပြီးဘာပြောလဲဆိုတာကို သိချင်နေတယ်ပေါ့?”
“ဟာ..အဲလို မဟုတ်ပါဘူးကွာ”
“အမယ်..အမယ်.. ရှက်နေတယ်ပေါ့လေ.. နင့်မျက်နှာနဲ့ မလိုက်ပါဘူးကွာ”
အော်.. ကိုယ့်ကို ချွှတ်မယ့်သူတွေချည်းတိုးနေပါလားနော်...
“အေး..စိုင်းစိုင်း”
“ဘာလဲ?”
“ငါ..သိတာ တစ်ခုပြောရမယ်ဆိုရင်..”
“ပြောမှာတာ ပြောစမ်းပါကွာ.. နင်ကလဲ ပဲကိုများနေလိုက်တာ”
“ငါ..မပြောပဲနေလိုက်မယ်နော်”
“အဲ... အဲလိုတော့မလုပ်ပါနဲ့  ဥမ္မာရယ်”
သူမလဲ မျက်နှာခပ်တည်တည်လုပ်ကာ...အပြုံးမဲ့၍ ခံစားနေသော မျက်နှာဖြင့်..
“သူ.. တော်တော်လေးစောင့်လိုက်ရတယ်.. မသွားခင်မှ သူရသွားတယ်။ သူတော်တော်လေး ပျော်သွားတယ်..”
“ဟာ.. ဘာလဲဟ.. နင့်စကားက”
“နင့်ဖာသာ .. နင်စဉ်းစားပေတော့.. ငါသွားတော့မယ်.. ငါ့သူငယ်ချင်းတွေခေါ်နေပြီ”
ဆိုကာ.. ဥမ္မာထွက်သွားလေသည်။ ကျနော်ကတော့ ဦးနှောက်ကို လှည့်ပတ်ကာ သူမပြောသောစကားကို အဓိပ္ပါယ်ဖော်ရင်း....
ကြင်ခွင့်မရပဲ ချစ်ခွင့်ပဲရှိမယ်ဆိုရင်
မင်းကိုတစ်သက်လုံးသာ ငါ့ရင်ထဲမှာ
သိမ်းထားပြီး တိုင်းမရတဲ့
အချစ်များနဲ့  ရစ်ပိုင်းထားမယ်
ချစ်ခဲ့ရတဲ့ နံ့ သာလေးရယ်။
ရှမ်းကလေး
Saturday, February 6, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment