ချစ်ခြင်းက လူကိုပျော်စေသား
ဝမ်းနည်းခြင်း လဲပေးတတ်လို့ 
ခန့် မှန်းလို့  မရသေးပါလား။
ချစ်ခြင်းကို တွေ့ ပြီးသွားတိုင်း
လူတိုင်းက ပျော်ရွှင်လို့ 
ပြိုကွဲသွားလဲ တမ်းတမ်းတတ
လွှမ်းမောတတ်တာ သက်သေပါလား။
ချစ်ခင်တဲ့သူ မင်းကိုမြင်တော့
ပျော်ရွှင်ခြင်းများ မင်းကိုပေးရင်း
မင်းနှလုံးသား ငါတံခါးခေါက်တာ
မင်းကြားရဲ့ လား?။
မသိကျိုးကျွံ ခေါင်းကိုငုံ့ ကာ
ငါ့ရှေ့ ကဖြတ်တိုင်း မင်းလုပ်တတ်တယ်။
မင်းတံခါးက သစ်လားသံလား?
တွန်းပါများရင် ရွှေ့ မယ်ဆိုတဲ့
စကားပုံကို ငါကိုင်ဆောင်ရင်း
မင်းတံခါးကို ဆက်တိုက်ခေါက်မယ်။
အချိန်ကြာလို့ မဖွင့်ရင်တောင်
နည်းနည်းရွှေ့ လဲ ကျေနပ်မှာပါ။
စိတ်ဆန်းတာလား မမေးချင်ပါ
မျှော်လင့်ချက်လေး မေးခွန်းတွေနဲ့ 
မရိုက်ချိုးချင်။
တစ်ဘက်သတ်လား ငါတော့မသိ
မူးယစ်ခြင်းနဲ့  မင်းအချစ်မှာ
နွံနစ်နေရင်း
မင်းနှလုံးသား သံမဏိကို
နေ့ တိုင်းရက်ဆက် ငါဆက်တိုက်နေမယ်။
လေပြေ။
Saturday, February 27, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment