လေတသုန်သုန်တိုက်ခတ်ခဲ့တုန်းက
လေအ၀င့်မှာ လွှင့်ပျံနေတဲ့
မင်းဆံနွယ်လေးဟာ
လှပစွာလူးလွန့် လို့ ........
အနံ့ မရှိတဲ့လေကလေးကို
ကိုယ်သင်းနံ့ နဲ့  ၀င်ကြွားစွာသွားနိုင်အောင်
မင်း ဖြည့်စည်းခဲ့တယ်။
ဟာသာသာ ရင်ဗလာဖြစ်နေတဲ့
ငါ့နှလုံးသားလဲ မင်းကြောင့် နိုးထခဲ့တယ်။
လူချင်းနီးပြီးစိတ်ကဝေးပေမယ့်
လေအတိုက်မှာ ရိပ်ခနဲ့ ငါ့ရင်ထဲ
မင်းအရိပ်ခိုလုံသွားတော့
ရင်ခုန်စွာနဲ့ ခွင့်ပြုချက်မရပဲ
သိုင်းဖက်ခဲ့တာကို
ခွင့်လွှတ်ပါလို့  ငါတောင်းပန်လိုက်ပါတယ်။
လေပြေ
Thursday, May 27, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment