ဟိုးရှေးရှေးတုန်းက အလွန်ရင်းနှီးသော သူဌေးနှစ်ယောက်သည် ၄င်းတို့ သား၊သမီးများကို လက်ထပ်ပေးရန် ဆွေးနွေးကြလေ၏။ သို့ နှင့် သမီးများသာ ရှိခဲ့ပါက သူ့ သမီးကု ကိုယ်ယူ၊ ကိုယ့်သမီးကို သူယူဟု ဆုံးဖြတ်လိုက်လေသည်။
ထင်သည့်အတိုင်းပင်.. ၄င်းတို့ တွင် သမီးများသာ ဖွားမြင်ကြလေသည်။ တို့ နှင့် သူဌေးတစ်ယောက်မှာ သူ့ သမီးအား အဖေအရွယ် သူဌေးနှင့် ပေးစားရမည်ကို စိတ်မချမ်းမသာဖြစ်နေလေ၏။
ထိုအဖြစ်ကို တွေ့ သော သမီးက အဖေကို မေးမြန်းသောအခါ... သူဌေးကလဲ အကြောင်းစုံပြောပြလေသည်။ သမီးဖြစ်သူကလဲ ဖခင်ကို မပူပင်ရန် ပြောပြပြီး.. သူဌေးကြီး သူငယ်ချင်းကို သွားလည်လေသည်။
ထိုသို့ သွားစဉ်..လမ်းခရီး တစ်ဝက်ရောက်သောအခါ မိုးချုပ်လာသဖြင့် သူဌေးသမီးသည် ညောင်ပင်ကြီးတစ်ပင်အောက်တွင် ခိုလုံကာ စိတ်မချမ်းမသာဖြစ်နေလေသည်။
ထိုအဖြစ်ကို မြင်သော ယောက္ခစိုးကြီးက ကိုယ်ထင်ပြကာ..
“အို...မိန်းကလေး ဘာတွေများသောကရောက်နေလို့  စိတ်မချမ်းမသာဖြစ်နေသလဲ?”
ထိုအခါ သူဌေးသမီးက ငိုယိုကာ..
“ကျမကို ကူညီပါယောက္ခစိုး မင်းကြီးရယ်” ဟု ဆိုကာ အကြောင်းစုံရှင်းပြလေ၏။
အကြောင်းစုံသိပြီးသွားသောအခါ ယောက္ခစိုးမင်းက
“ဒါဆို...ဘယ်လိုကူညီရမလဲ?” ဟုမေးမြန်းလေသည်။
ထိုအခါ သူဌေးသမီးက...
“အရင်.... ကျမကို အောက်ပိုင်းဌားပေးပါ... ခုနှစ်ရက်မြောက်တဲ့အခါ ကျမပြန်လာပြီး လာပြန်လဲပါ့မယ်” ဟုတောင်းဆိုလေသည်။
ထိုအခါ ယောက္ခစိုးမင်းကြီးလဲ အားနာကာ အောက်ပိုင်းကို ဌားပေးလိုက်လေသည်။
ထို့ နောက် မိုင်းလင်းသောအခါ... သူဌေးသမီးလဲ တခြားသူဌေးဆီသို့ ရောက်သွားလေသည်။
ရောက်ပြီးသောအခါတွင် သူဌေးသမီးမှာ အလွန်ချောမောသဖြင့်... အချင်းချင်းချစ်ခင်စုံမက်ကာ ပျော်ရွှင်စွာရာသက်ပန် နေထိုင်သွားကြလေသည်။ (happy ending ပေါ့ဗျာ)
သို့ သော်...
ယောက္ခစိုးကြီးမှာ သူဌေးသမီးပြန်လာမည့်အချိန်ကို စောင့်နေသည်မှာ လ မှ နှစ်တို့ ပြောင်းသွားသည့်တိုင် သူဌေးသမီး
ပြန်မလာသဖြင့် အပေါ်ပိုင်းက ယောင်္ကျား...အောက်ပိုင်းက မိန်းမ ဖြင့်နေသွားရလေသည်။
ထိုချိန်မှစ၍ အားနာလျှင်ခါးပါသည်ဆိုသော... စကားပေါ်ပေါက်ခဲ့လေသတည်း။
ရှမ်းကလေး (ဖတ်ဖူးသော စာအုပ်မှ မှိတ်မိသမျှဝေပေးလိုက်ပါတယ်ဗျာ)
Friday, May 21, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment