ကားကလေးဟာ လှိမ့်ကာလှိမ့်ကာနဲ့  နောက်ဆုံးတော့ ကျနော်တည်းခိုမယ့် တည်းခိုခန်းကိုရောက်လာပါတယ်။
တည်းခိုခန်းကတော့ ဗိုလ်တစ်ထောင်က တည်းခိုခန်းတစ်ခုမှာပါ။ ဒုတိယ ထပ်မှာရှိတာပါ။ ဒုတိယဆိုပေမယ့်..
လှေကားသုံးခုချိုးရတယ်။ လှေကားတစ်ခုတိုင်းက ကိုးထစ်ရှိပါတယ်။ မှတ်မိတာကလဲ..အိတ်ကြီးကိုဆွဲပြီးတက်
ရတာဆိုတော့..မမှတ်မိချင်လဲ..မှတ်မိနေတာပါ။
ို
အခန်းကတော့..နည်းနည်းကျဉ်းတယ်ဗျာ။ ဒါပေမယ့်အိပ်လို့ တော့ရတယ်လေ။ လေအေးစက်နဲ့ ပါပဲ။ တစ်ညကို
ခြောက်ထောင်ပေးရပါတယ်။ ရောက်တဲ့နေ့ မှာတော့ အေးအေးဆေးဆေးအနားယူရတာပေါ့။
အဲလိုနဲ့  နောက်နေ့ ရောက်ပါရော။ ကျနော်အပြင်မှာခဏသွားထိုင်နေတုန်း ဆိုင်ရှင်က “စင်္ကာပူ ကလာသလား?”
လို့ မေးပါတယ်။ အဲချိန်တုန်းက ကျနော်ကမသိတော့ “မဟုတ်ပါဘူး။ ကျနော်က ဒီနိုင်ငံသားပါ” လို့ ပြန်ပြောလိုက်ပါ
တယ်။
အဲဒါနဲ့ သူက “ သြော်..” လို့ ပြောပြီးပြန်ထွက်သွားပါတယ်။ နောက်မှ သိလိုက်တာက သူတို့ တည်းခိုခန်းက နိုင်ငံခြား
သားဆိုရင် မနက်စာကျွှေးတယ်တဲ့ဗျာ။ ဒါပေမယ့် မြန်မာနိုင်ငံသားဆိုရင်တော့ မကျွှေးဘူးတဲ့။ (နိုင်ငံခြားသားဆို
ရင် အခန်းခများ ပိုကြီးတာလားတော့ မသိပါဘူးဗျာ။)
ကိုယ်ကလဲ..တကူးတကကြီး စောစောထစားရမှာပျင်းနေတော့..မကျွှေးလဲနေပေါ့..ဆိုပြီးတော့ မာနကိုကိုင်ပြီးတော့
မစားပဲနေလိုက်ပါတယ်။ (စားချင်ရင်တောင်မှ..သူတို့ က မကျွှေးဘူးလေ)
မနက်ရောက်တော့ အခန်းကိုစပြီးရှာပါတယ်။ အဓိက....က..နေစရာရှိရမယ်လေ။ ပြီးမှ.. တခြားတွေကို စဉ်းစား
လို့ ရမယ်လို့  ကျနော်က ခံယူထားတယ်။
အဲဒါနဲ့ ရှာတော့ တော်တော်နဲ့ ကိုရှာလို့ မရဘူး ။ သူငယ်ချင်းတွေလဲ ၀ိုင်းပြီးတော့ ရှာကူကြပါတယ်။ ဖုန်းကလဲ
နားရတယ်မရှိအောင်..သိတဲ့လူမှန်သမျှလိုက်မေးတာပေါ့ဗျာ။
ခက်တာက ရန်ကုန်မှာ အခန်းယူမယ်ဆိုရင်..အနည်းဆုံးခြောက်လ နေရမယ်တဲ့ဗျာ။ ပြီးတော့ ခြောက်လစာ
ကြိုတင်ပြီးတော့ ပေးထားရမယ်တဲ့လေ။ တစ်လကို ၆ သောင်းပါ။
အလုပ်မရှိလို့ ..အလုပ်လာရှာတဲ့ ကျနော်က ဘယ်လိုလုပ်ပြီး အဲ့လောက်ပိုက်ဆံရှိမှာလဲ။ ၃ လ လောက်ဆိုရင်
တောင်ဟုတ်တုတ်တုတ်။ အဲဒါတောင်မှ...ကိုယ်က အလုပ်ရရင်..အလုပ်နဲ့  နီးတဲ့နေရာကို ပြောင်းရအုန်းမှာ။
ဒါပေမယ့်..ရန်ကုန်ကလူတွေကတော့ ပြတ်သားတယ်ဗျ။ ဗူးဆိုရင်..ဖရုံတောင်မသီးပါဘူး။ ခြောက်လမှ
ခြောက်လပါပဲ။ ကိုယ်ကလဲ..ခြောက်လမနေနိုင်တော့ (မပေးနိုင်တော့) လိုက်ရှာရတာပေါ့ဗျာ။
အဲလိုနဲ့ ..တစ်ညတော့...
အိမ်သွားကြည့်ရဖို့  အခွင့်အရေးလေးရလိုက်ပါတယ်။ အိမ်ရှင်က ကုလားပါ။ ကျနော်တို့ သွားတော့ အိမ်ရှင်
မရှိဘူး..သွားခေါ်ရမယ်လို့ ပြောပါတယ်။ အင်းလေ..မရှိမှတော့ သွားခေါ်ရမှာပေါ့..အဲဒါအဆန်းလားလို့ ..
ဆိုပြီးတော့ “သွားခေါ်ပေးပါဗျာ။ ကျနော်တို့ ဒီမှာစောင့်နေပါ့မယ်ပေါ့ဗျာ။ ”
ဟုတ်တယ်လေ။ ကိုယ်က အိမ်ရှင်ကိုမှ မသိပဲ။ အဲဒါနဲ့ သူတို့ ကလဲ စေတနာကို ဦးထိပ်ပန်ကာ အိမ်ရှင်
ကိုသွားခေါ်ပေးပါတယ်။
ချုပ်လိုက်တော့..အိမ်ရှင်ရောက်လာတာပေါ့။
အိမ်ရှင်။ ။ “အခန်းက သန့် တယ်။ ထမင်ချက်ဖို့ ၊ ရေခဲသေတ္တာတို့ ၊ တီဗီ တို့ သုံးလို့ ရတယ်။ တစ်လကိုတော့
ရှစ်သောင်း”
အိမ်ရှင်က ကုလားပါလို့  ပြောရတာက..သူပြောတာကို ကျနော်လုံးဝ နားမလည်ဘူးဗျ။ ဗမာစကားများပြောတာ
ကောဟုတ်ရဲ့ လားလို့  တွေးမိပါတယ်။ ဒါပေမယ့် ကျနော့်သူငယ်ချင်းက နားလည်တယ်ဆိုတော့ ဗမာစကားပဲ
ဖြစ်ရမှာပေါ့လေ။ အဲလိုနဲ့  ဗမာစကားကို..ကျနော့်သူငယ်ချင်းက ကျနော်နားလည်အောင်..ဗမာလို ဘာသာပြန်
ပေးပါတယ်ဗျာ။
အဲလိုကြီးပြောလာပါတယ်။ အဲဒါနဲ့  အိမ်ရှင်ကိုသွားခေါ်တဲ့ အန်တီကြီးက..
“များတာပေါ့ရှင်။ သူက တစ်ယောက်တည်းနေမှာ။ ပြီးတော့ ဒီမှာအလုပ်လာရှာတာ။ လူကလဲသန့် သန့် 
လေးနေတတ်ပါတယ်။”
ကိုယ့်ကိုချီးကျူးတော့..နဲနဲလေး ပြုံးလိုက်တယ်လေ။ ဒါပေမယ့်..ကျနော်သူ့ ကိုတစ်ခါမှ မမြင်ဘူးပဲနဲ့  ကျနော့်
ကိုရှေ့ နေလိုက်နေတော့.. တစ်ခုခုတော့ တခုခုပဲလို့  စဉ်းစားလိုက်ပါတယ်။
အဲဒါနဲ့  အခန်းက ၆ ထပ်မှာလို့ ပြောတယ်။ ဈေးကတော့ ၇၅၀၀၀ နဲ့ ဖြစ်သွားတယ်။ ဘယ်တော့နေမှာလဲလို့ 
မေးတာပေါ့လေ။
အဲဒါနဲ့  ကျနော်ကလဲ စဉ်းစားလိုက်ပါအုန်းမယ်ဆိုပြီးတော့ ဖုန်းနံပတ်တွေတောင်းပါတယ်။ ပြီးတော့ အခန်းကို
သွားကြည့်မှာပေါ့။
အဲလိုနဲ့  တက်သွားလိုက်တာ ၆ ထပ်လို့ ပြောတဲ့အခန်းက ၆ ထပ်ကျော်တဲ့အထိမရောက်နိုင်ပဲ..၈ထပ်မှပဲရပ်သွား
တယ်ဗျာ။ ထားပါတော့..အဲဒါနဲ့  မောတဲ့ကြားထဲမှာ..အခန်းတံခါးကလဲ ဖွင့်လို့ မရဘူးဖြစ်ပြန်ရော။
နောက်ဆုံးတော့လဲ ပွင့်သွားပါတယ်။ ၀မ်းသာအားရနဲ့ အထဲကိုကြည့်လိုက်တော့...
၁) အခန်းက ကျယ်ပါသည်။ သို့ သော် နံရံတွင် သံများရိုက်ထားသည်မှာ အလကားရသည့်အတိုင်းပင်
၂) တီဗီ၊ ရေခဲသေတ္တာ သုံးနိုင်သည်ဆိုခြင်းမှာ ပလပ်ပေါက်များရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။
၃) ထမင်း၊ ဟင်းချက်စားနိုင်သည်ဆိုသည်မှာလဲ၊ ပြတင်းပေါက်အနားတွင် ခုံတစ်လုံးချထားပြီး ပလတ်ပေါက်
တပ်ထားပေးခြင်းသာဖြစ်သည်။ ထို့ အပြင် ရေများလဲ စိမ့်နေလေသည်။
၎) အိမ်သာ အရမ်းညစ်ပတ်သည့်အပြင်..ရေချိုးခန်း တံခါးလုံးဝ ဖွင့်လို့ မရပါ။
စဉ်းစားကြည့်လေ ပြောတာနဲ့ ဖြစ်နေတာက တခြားစီ။ အဲဒါတောင် အခန်းက အရမ်းကောင်းတယ် လုံးဝကို
သန့် ပြန့် တယ်..မဟုတ်ရင် တစ်ခုခုဖြစ်ပါစေ........ ဆိုပြီးတော့ ပြောပြီး.ခုတော့။
“ဦးလေး..ကျေးဇူးပဲ။ နောက်မှ ဖုန်းဆက်ပြီး ပြန်အကြောင်းကြားမယ်ဗျ” ဆိုပြီးတော့ အောက်ပြန်ဆင်းလာ
တာပေါ့ဗျာ။ အဲလို အခန်းကိုတောင် ၇၅၀၀၀ တောင်းနေသေးတယ်။
ကိစ္စကလဲ မပြီးသေးဘူး။ ရောက်ပြန်ရောက်တော့ စေတနာရှိရှိနဲ့  ပြောပေးတဲ့အဒေါ်ကြီးက အိမ်အဆင်ပြေ
ရင်..ပွဲစားခ ၃၀၀၀၀ ပေးရမယ်တဲ့ဗျာ။
ဟောဗျာ... ရေနစ်တဲ့သူကို ၀ါးလုံးနဲ့  ထိုးနေရတယ်လို့ ။ အဲဒါကြောင့် ကျနော့်ဖက်ကို ရှေ့ နေလိုက်တာကိုးလို့ 
သိလိုက်မိပါတယ်။
နောက်ဆုံးတော့လဲ..အဲဒီမှာ သွားမနေဖြစ်ပါဘူး။ တခြားနေရာပြန်သွားကြည့်တော့လဲ..အဆောင်ပုံစံပါပဲဗျာ။
ည..၁၀ အရောက်ပြန်ရမယ်တဲ့။ ဈေးကတော့သက်သာပါတယ်။ ၁၀ နာရီ အရောက်ပြန်လာရမယ်ဆိုတာကြီး
ကတော့ မကြိုက်ပါဘူး။
ဟုတ်တယ်လေ..ကလေးတွေမှမဟုတ်တာ။ စာကျက်ရမယ့် ကျောင်းသားလဲမဟုတ်..အိမ်ထောင်မရှိသေးတဲ့
လူငယ်တွေပဲ လွှတ်လွှတ်လပ်လပ်နေချင်တာပေါ့။ အဲ...နောက်ကျမယ်ဆိုရင်တော့ ကြိုတင်အကြောင်းကြား
လို့ ရပါတယ်တဲ့ဗျာ။
ခဏ၊ ခဏ နောက်ကျရင်တော့ ဘယ်ကောင်းမလဲမဟုတ်ဘူးလား? ။ ဟာ..မနေနိုင်ပါဘူး။ ဆိုပြီးတော့
ထပ်ပြီးရှာပါတယ်။ စမ်းချောင်းဖက်မှာတော့ အခန်းတွေရှိပါတယ်။ ဒါပေမယ့် အားလုံးလိုလိုက ခြောက်လ
စာချုပ်နဲ့ သွားရမယ်ဆိုတော့..မတတ်နိုင်ဘူး။
ဒါနဲ့ ..ကြာလာတာနဲ့ အမျှ၊ တည်းခိုခန်းမှာလဲ မနေနိုင်တော့တာနဲ့ ....သူငယ်ချင်းများအကူအညီနဲ့ ပဲ
လူများနဲ့ သွားပေါင်းပြီးနေပါတယ်။
အခန်းက ကျယ်ပါတယ်။ ဒါပေမယ့်..၆ ထပ်မှာလေ။ အားလုံး ၆ ယောက်ပေါင်းပြီးတော့ နေရပါတယ်။
ဓါတ်လှေကားမရှိ။ ချေကျင်ပဲ တက်ရပါတယ်။ ပထမလှေကားက ၁၁ ထစ်ရှိပါတယ်။ ကျန်တဲ့ အပိုင်းကတော့
၁၀ ထစ်ပါပဲ။ အခန်းကို ရောက်ဖို့ ဆိုရတော့ လှေကားအထစ်ပေါင်း ၆၁ ထစ်တက်ရပါတယ်။
လှေကားတက်လိုက်တိုင်း..ချွှေးခဏ၊ခဏထွက်လို့  ရေခဏ၊ခဏချိုးရတာလဲ အမောပါပဲ။ အခန်းကကျယ်
ပါတယ်။ တစ်လကိုမှ ၂၀၀၀၀ ပါ။ ရေဖိုး၊ မီးဖိုး ပါပါတယ်။
၆ ထပ်မှာဆိုပေမယ့်လဲ။ လေကတော့ သိပ်မ၀င်ဘူးဗျ။ မိုးရွာရင်တော့ နဲနဲ အေးပါရဲ့ ။ မိုးမရွာတဲ့နေ့ များဆို
ပူလွန်းလို့  ဘယ်လိုမှ အိပ်လို့ မရဘူး။ အဲဒါမျိုးဆိုရင်တော့ အပြင်ထွက်ပြီး..အပြင်မှာရှိတဲ့ တိုင်ကိုသာ ဖက်
ထားလိုက်ပါတယ်။ တိုင်ကအေးနေလို့ လေ။
လေအေးစက် မရှိဘူးလားဆိုတော့လဲ..ရှိပါတယ်။ ကျနော်တောင် တစ်ခါမှ မမြင်ဖူးဘူး..အဲဒီအမျိုးအစားကို။
အရွယ်အစားက တစ်တောင်လောက်ပါ။ သုံးပုံရဲ့  ၂.၅ ကစက်ဖြစ်ပါတယ်။ ကျန်တဲ့ အပိုင်းကတော့ လေအေး
တွေထုတ်ပေးတာပါ။ ဖွင့်ပြီဆိုရင်တော့ ရေနဲနဲပါးပါးကျတယ်။ တစ်နာရီလောက်ဖွင့်ရင် ရေ တစ်ပုံးလောက်
ရပါတယ်။
အဲ..လေထွက်ပုံကလဲ ထူးဆန်းတယ်ဗျ။ တည့်တည့်ပဲ။ ဘယ်ညာ ပြောင်းလို့ လဲ မရဘူး။ လေအေးစက်က
အခန်းရဲ့  ၀င်ပေါက်နားမှာရှိပါတယ်။ လှေကတည့်တည့်ပဲထွက်တယ်လေ။ ပြီးတော့ ဘုရားစင်က ၀င်ပေါက်နဲ့ 
ဆန့် ကျင်ဘက်ဆိုတော့..လှေက ခြေထောက်ကိုပဲ တိုက်တာပေါ့ဗျာ။
ဘုရားစင်ဘက် ခြေထောက်ထားလို့ ဖို့  လုံးဝ မသင့်တော်တဲ့ဟာ။ အဲလိုနဲ့  ခြေထောက်ကအေးပြီးတော့ ကိုယ်က
ပူရတာပေါ့ဗျာ။
ဒါပေမယ့်.. ကျနော်အတူနေတဲ့လူတွေက ခင်မင်ဖို့ အရမ်းကောင်းပါတယ်။ အဲဒီမှာနေလိုက်ရတဲ့အတွက်..
ကျနော်က သူငယ်ချင်းတင်မကပဲ..အတွေ့ အကြုံတွေပါရသွားတာပေါ့ဗျာ။
အဲ..လေအေးစက်ဖွင့်နေချိန်မှာ.. ကျနော်က “နေလို့ ထိုင်လို့ ကောင်းလိုက်တာ” လို့ ပြောနေတဲ့ချိန်မှာ
သူတို့ ကတော့...စောင်ခြုံပြီးကွေးနေတာ တစ်ခုပဲရှိပါတယ်ဗျာ။
ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment