Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, May 27, 2010

ဟိုပြောဒီပြော..ကျနော့်၏ ယောင်္ကျားအကြောင်း စကားဝိုင်း (၁)

ဒီနေ့ တော့ စိတ်ကူးပေါက်လို့ ယောင်္ကျားလေးအကြောင်းပြောပြချင်တယ်ဗျာ။ ယောင်္ကျားလေးအကြောင်းဆိုတာထက် ကိုယ့်ကိုကိုယ် ထင်တာကိုပြောတာဆိုရင် ပိုမှန်ပါလိမ့်မယ်။

မိန်းကလေးအများအားဖြင့်ထင်တာက ရည်းစားများသူဟာ မိန်းကလေးအကြောင်းကို တော်တော်များများနားလည်တဲ့သူလို့  ထင်မှတ် မိတတ်ပါတယ်။ အမှန်တော့မဟုတ်ပါဘူး။ လူတိုင်းဟာ တစ်ခါတလေ ကိုယ်ဘာစဉ်းစားနေမှန်းကိုတောင် မသိကြပါဘူး။ အဲလို ကိုယ့်ကို ကိုယ်မသိတဲ့သူများအနေနဲ့  သူများအကြောင်းကို သိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။

မိန်းကလေးအများအားဖြင့် ယောင်္ကျားလေးကို Negetative အကြည့်နဲ့  ကြည့်တတ်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ မိန်းကလေးတွေဟာ ငယ်ငယ်လေးကတည်းက ယောင်္ကျားလေးဟာ ကြောက်စရာကောင်းတယ်ဆိုပြီး ရိုက်သွင်းခံထားရလို့ ပါ။

(ကြောက်စရာကောင်းတယ်ဆိုတာက တစ်ခုခုဖြစ်ရင် မိန်းကလေးပဲ နစ်နာမယ်လေ.. အဲဒါကိုပြောချင်တာ)

ကျနော်တို့  အာရှက မိန်းကလေးအများအားဖြင့် (ထင်တာနော်) ရည်းစားဖြစ်လာပြီဆိုရင် မယုံမကြည်ဖြစ်တတ်တယ်။ သူငယ်ချင်းကို ပိုယုံကြည်သလို၊ ပတ်ဝန်းကျင်ကို ပိုပြီးဂရုစိုက်ပြီး ရည်းစားကို မယုံသင်္ကာ ဖြစ်တတ်ပါတယ်။

(ဆောရီးဗျာ.. ဒါက ကျနော်ထင်တာနော်.. ယောင်္ကျားအားလုံးအဲလို ထင်ချင်မှ ထင်မှာပါ။ အမှန်တော့ ကျနော်လဲ မိန်းကလေး အကြောင်းကို မသိပါဘူး)

ဟိုနေ့ က ကျနော့် သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်ဗျာ။ သူက မေးတယ် “ယောင်္ကျားလေးတွေက ဘာလို့  ရည်းစားကို လွယ်လွယ်ထားနိုင်လဲ။ သူတို့  တစ်ကယ်ကော ချစ်တတ်ရဲ့ လား?“ ဆိုပြီးတော့ပေါ့ဗျာ။

(အမှန်မှာတော့ အဖြေက လွယ်လွယ်လေးပါ.. အကယ်၍ တကယ်မချစ်တတ်ဘူးဆိုရင် ကျနော်တို့ လဲ ခုလို မိဘ စုံညီတဲ့ ဘ၀ကို ရောက်မှာမဟုတ်ဘူးပေါ့ (ကျနော်ကတော့ ခြွင်းချက်ပေါ့ဗျာ။ ကျနော်က မိဘနဲ့ နေခဲ့တဲ့သူ မဟုတ်ဘူးလေ.. ထားပါတော့ ))။

မိန်းကလေးတွေ ကံကောင်းတာ တစ်ခုက အသဲကွဲရင် သူတို့ ငိုလို့ ရတယ်ဗျ။ ဒါပေမယ့် ယောင်္ကျားလေးတွေက သွေးတာထွက်စေ မျက်ရည်မကျစေနဲ့  ဆိုတဲ့အတိုင်း ၀မ်းနည်းလို့ ငိုချင်တောင်မှ မငိုနိုင်တဲ့ဘ၀ပါ။

(ကျနော်ကတော့် ခြွင်းချက်ပါ.. ငိုချင်ရင်ငိုလိုက်တယ်... ငိုတိုင်းယောင်္ကျားမပီတဘူးလို့ မထင်စေဘူး..။ ကျန်းမာရေး သုတေသနအရ လူတိုင်းဟာ တနှစ်မှာ တစ်ခေါက်ငိုရပါမယ်။ အဲဒါမှ မျက်လုံးမှာ ကပ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာဖြစ်တယ်တဲ့)

ကျနော်မြင်တာတော့.. ယောင်္ကျားလေးတွေလဲ ခံစားချက်အပြည့်နဲ့ ပါ။ ရည်းစားနဲ့  ကွဲသွားတိုင်း အရက်ဝိုင်းသွားရတာက ငိုလို့  မရဘူးလေကွာ။

ယောင်္ကျားလေးတွေအနေနဲ့  ရည်းစားအသစ်ထားနိုင်တာက အနာကို ဖုံးလွှမ်းချင်လို့ လေကွာ။ မိန်းကလေးတွေထက် ယောင်္ကျားလေးတွေက ခံနိုင်ရည် နည်းပါတယ်။

အိမ်ထောင်ပြုသွားတဲ့ ယောင်္ကျားလေးတွေ အရက်၊ ဆေးလိပ်ဖြတ်နိုင်တာက သူတို့ ကို ဂရုစိုက်တဲ့လူကို လိုချင်လို့ ပါ။ ယောင်္ကျား လေးတွေအရွယ်ရောက်လာရင် အိမ်က လွှတ်ထားတတ်တယ်ဗျာ။ အဲဒါသူတို့ ကို ဂရုမစိုတ်တော့ဘူး ဆိုတဲ့ သဘော မဟုတ်ဘူးလား?။ ယောင်္ကျားလေးလဲ အသဲနဲ့ ပါဗျာ။ အားငယ်တတ်ပါတယ်။

ကျနော်တို့ နိုင်ငံက မိန်းကလေးတွေဟာ ယောင်္ကျားက အိမ်ထောင်ဦးစီးဖြစ်ရမယ်.. ဒါကြောင့် ဟိုဟာ.ဒီဟာ လုပ်ရမယ် ဆိုပြီး ဖိအားပေးတတ်ပါတယ်။ ဒါပေမယ့် အဲဒါက တဖြည်းဖြည်းနဲ့ လုပ်ယူရမယ့်အရာပါ။ ဘယ်ယောင်္ကျားလေးမှ.. အူဝဲ လို့ မွေးလာ တာနဲ့  အိမ်ထောင်ဦးစီး တာဝန်ကို သိတာမရှိပါဘူးဗျာ။

အသဲတွေကွဲပြီးတိုင်းမှာ.. ယောင်္ကျားလေးဟာ အမြဲတမ်းလိုလို အပြစ်ရှိတဲ့သူ အဖြစ်အထင်ခံရပါတယ်။ ဒါပေမယ့် ကျနော့်အမြင် အရတော့ဗျာ.. ရည်းစားဖြစ်ပြီဆိုရင် ယောင်္ကျားလေးတွေဟာ အားလပ်တဲ့အချိန်တွေကို ချစ်သူအတွက်ပေးပါတယ်။ ဗိုက်ဆံ မရှိရင်တောင်မှ သူငယ်ချင်းဆီက ချီးပြီး ရည်းစားနဲ့ သွားတွေ့ ပါတယ်။

ရည်းစားနဲ့ ကွဲလို့  အရက်သောက်ရင်လဲ လူတကာက အသုံးမကျတဲ့ကောင်.. နွဲ့ လွန်းတဲ့ကောင် ဆိုပြီးတော့တောင် အပြောခံရပါတယ်။ ယောင်္ကျားလေးဆိုတာက လွယ်လွယ်နဲ့  ကိုယ့်ခံစားချက်ကို ပြောတတ်တာမဟုတ်ပါဘူး။ ရှက်တတ်တယ်လေကွာ။

ယောင်္ကျားလေးဖြစ်ပြီး သူများတကာကို ငါအသဲကွဲတယ်ကွာ ဆိုပြီး ငိုယိုတတ်တဲ့ သတ္တ၀ါမဟုတ်ဘူးလေ။ သိက္ခာပေါ့လေ။ ဒါပေမယ့် ယောင်္ကျားလေးတွေဟာလဲ သနားစရာပါလို့ .........


တင်မြင်တာကို စိတ်ပါနေတုန်းရေးလိုက်ပါတယ်.. စာဖတ်သူများရေ.. (မဟုတ်ဘူးလို့ ထင်ရင် အကြံပေးလို့ ရပါတယ်နော်)


ရှမ်းကလေး

မှတ်ချက်။ ။ ကျနော်အရင်တုန်းက ယောင်္ကျားလေးတွေ မိန်းကလေးတစ်ယောက်ကို ကြိုက်ရင် ဘယ်လို လုပ်တတ်တယ် ဆိုတာကို ဖော်ပြဖူးပါတယ်။ အကယ်၍ စာဖတ်ပရိတ်သတ်များက မိန်းကလေးဘက်မှ တင်ပေးနိုင်လျှင် အလွန်ကျေးဇူးတင်မိပေမည်။ ပေးပို့ လိုပါက shankalay13@gmail.com ကိုပေးပို့ စေလို ပါတယ်ဗျာ။ )

ခွင့်လွှတ်ပါ........

လေတသုန်သုန်တိုက်ခတ်ခဲ့တုန်းက
လေအ၀င့်မှာ လွှင့်ပျံနေတဲ့
မင်းဆံနွယ်လေးဟာ
လှပစွာလူးလွန့် လို့ ........

အနံ့ မရှိတဲ့လေကလေးကို
ကိုယ်သင်းနံ့ နဲ့  ၀င်ကြွားစွာသွားနိုင်အောင်
မင်း ဖြည့်စည်းခဲ့တယ်။

ဟာသာသာ ရင်ဗလာဖြစ်နေတဲ့
ငါ့နှလုံးသားလဲ မင်းကြောင့် နိုးထခဲ့တယ်။

လူချင်းနီးပြီးစိတ်ကဝေးပေမယ့်
လေအတိုက်မှာ ရိပ်ခနဲ့ ငါ့ရင်ထဲ
မင်းအရိပ်ခိုလုံသွားတော့
ရင်ခုန်စွာနဲ့ ခွင့်ပြုချက်မရပဲ
သိုင်းဖက်ခဲ့တာကို
ခွင့်လွှတ်ပါလို့  ငါတောင်းပန်လိုက်ပါတယ်။


လေပြေ

ကတိမြေ

မိုးတွေနဲ့ အတူ ရင်မှာလောင်ကျွှမ်းကာ
တမ်းတရခဲ့မိ ဤအချစ်ရဲ့ မီး။

နေ့ စဉ်ရက်တွေတိုင်း မျှော်လင့်နေကာဖြင့်
ရက်တွေတာကုန်လို့  နှစ်တွေကူးသွားလဲ
ငါ့ချစ်ကဘယ်မှာ?။

ကတိသစ္စာတွေ ကိုယ်ဆီလုပ်တုန်းက
ဒီအပြုံးမျက်နှာ ခုချိန်တွေမှာတော့
ဖုန်းလွှမ်းနေတာရင်နာစရာ။

နာရီတွေရပ်တန့်  ခံစားချက်မဲ့လို့ 
ကတိမြေလေးမှာ ငါစောင့်နေခဲ့တာ
ကြာပါပေါ့လား။

မင်းစိတ်တွေပြောင်းလို့  ပြန်ပြီးပေါင်းချင်ရင်
ပြန်လာခဲ့ပေါ့ကွာ..

ကတိမြေပေါ်က အုတ်ဖြူဖြူလေးမှာ
ငါထိုင်စောင့်နေတာ အဖေါ်မဲ့လို့ ကွာ
အရမ်းလွှမ်းနေတယ်။


လေပြေ

Monday, May 24, 2010

နောင်တ = ဘဝ

မျှော်လင့်တဲ့အတိုင်းမဖြစ်တဲ့ဘဝ
စိတ်မောစွာနဲ့ ဖြတ်ကူး
လှိုင်းအလူးမှာ မခံနိုင်စွာ
ငိုလိုက်၊ရယ်လိုက်။

အားသွန်ခွန်စိုက် ပန်းတိုင်ချီတက်
ရလဒ်တွေဟာ မပျော်နိုင်စွာ။

ကံကောင်းခြင်းနိယာမ
လူဖြစ်တဲ့ဘဝ
အားလုံးနဲ့ မခြား ရုန်းဆန်ခက်ကာ
ဖြတ်နိုင်မလား?

ခဏတာဒီဘဝ
ငါ့အတွက်တော့ရှည်လျား
ဘာများလုပ်နိုင်ခဲ့မလဲ?

နောက်ဆုံးချိန်ခါ
ရောက်ခဲ့ရင်တော့...ဆုတောင်းမိမှာ
နောင်တဆိုတာ ငါ့နောက်ဆုံးခရီးမှာ
မရှိချင်ပါး။


လေပြေ

Friday, May 21, 2010

အားနာရင်..ခါးပါတယ်ဗျ..

ဟိုးရှေးရှေးတုန်းက အလွန်ရင်းနှီးသော သူဌေးနှစ်ယောက်သည် ၄င်းတို့ သား၊သမီးများကို လက်ထပ်ပေးရန် ဆွေးနွေးကြလေ၏။ သို့ နှင့် သမီးများသာ ရှိခဲ့ပါက သူ့ သမီးကု ကိုယ်ယူ၊ ကိုယ့်သမီးကို သူယူဟု ဆုံးဖြတ်လိုက်လေသည်။

ထင်သည့်အတိုင်းပင်.. ၄င်းတို့ တွင် သမီးများသာ ဖွားမြင်ကြလေသည်။ တို့ နှင့် သူဌေးတစ်ယောက်မှာ သူ့ သမီးအား အဖေအရွယ် သူဌေးနှင့် ပေးစားရမည်ကို စိတ်မချမ်းမသာဖြစ်နေလေ၏။

ထိုအဖြစ်ကို တွေ့ သော သမီးက အဖေကို မေးမြန်းသောအခါ... သူဌေးကလဲ အကြောင်းစုံပြောပြလေသည်။ သမီးဖြစ်သူကလဲ ဖခင်ကို မပူပင်ရန် ပြောပြပြီး.. သူဌေးကြီး သူငယ်ချင်းကို သွားလည်လေသည်။

ထိုသို့ သွားစဉ်..လမ်းခရီး တစ်ဝက်ရောက်သောအခါ မိုးချုပ်လာသဖြင့် သူဌေးသမီးသည် ညောင်ပင်ကြီးတစ်ပင်အောက်တွင် ခိုလုံကာ စိတ်မချမ်းမသာဖြစ်နေလေသည်။

ထိုအဖြစ်ကို မြင်သော ယောက္ခစိုးကြီးက ကိုယ်ထင်ပြကာ..

“အို...မိန်းကလေး ဘာတွေများသောကရောက်နေလို့  စိတ်မချမ်းမသာဖြစ်နေသလဲ?”

ထိုအခါ သူဌေးသမီးက ငိုယိုကာ..

“ကျမကို ကူညီပါယောက္ခစိုး မင်းကြီးရယ်” ဟု ဆိုကာ အကြောင်းစုံရှင်းပြလေ၏။

အကြောင်းစုံသိပြီးသွားသောအခါ ယောက္ခစိုးမင်းက

“ဒါဆို...ဘယ်လိုကူညီရမလဲ?” ဟုမေးမြန်းလေသည်။

ထိုအခါ သူဌေးသမီးက...

“အရင်.... ကျမကို အောက်ပိုင်းဌားပေးပါ... ခုနှစ်ရက်မြောက်တဲ့အခါ ကျမပြန်လာပြီး လာပြန်လဲပါ့မယ်” ဟုတောင်းဆိုလေသည်။

ထိုအခါ ယောက္ခစိုးမင်းကြီးလဲ အားနာကာ အောက်ပိုင်းကို ဌားပေးလိုက်လေသည်။

ထို့ နောက် မိုင်းလင်းသောအခါ... သူဌေးသမီးလဲ တခြားသူဌေးဆီသို့ ရောက်သွားလေသည်။

ရောက်ပြီးသောအခါတွင် သူဌေးသမီးမှာ အလွန်ချောမောသဖြင့်... အချင်းချင်းချစ်ခင်စုံမက်ကာ ပျော်ရွှင်စွာရာသက်ပန် နေထိုင်သွားကြလေသည်။ (happy ending ပေါ့ဗျာ)

သို့ သော်...

ယောက္ခစိုးကြီးမှာ သူဌေးသမီးပြန်လာမည့်အချိန်ကို စောင့်နေသည်မှာ လ မှ နှစ်တို့ ပြောင်းသွားသည့်တိုင် သူဌေးသမီး
ပြန်မလာသဖြင့် အပေါ်ပိုင်းက ယောင်္ကျား...အောက်ပိုင်းက မိန်းမ ဖြင့်နေသွားရလေသည်။

ထိုချိန်မှစ၍ အားနာလျှင်ခါးပါသည်ဆိုသော... စကားပေါ်ပေါက်ခဲ့လေသတည်း။


ရှမ်းကလေး (ဖတ်ဖူးသော စာအုပ်မှ မှိတ်မိသမျှဝေပေးလိုက်ပါတယ်ဗျာ)

အချစ်ပုံပြင်

ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့

သူဋ္ဌေးကြီး ကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ..... ဘယ်လောက်ချစ်သလဲဆို
ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....

ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
အဲဒီပန်းဥယျဉ်ကြီးဟာ.....

သာယာလှပလွန်း လို့ မြင်သူတိုင်းငေးရတယ်ဆိုပဲ.....အဲဒီပန်းဥယျဉ်ရဲ့ဥယျာဉ်မှုးလေးက လည်း ငယ် ငယ်ချောချောလေးတဲ့......
ဒီလိုနဲ့ ရဲတိုက်မှာ

အဖော် (အပေါင်းအသင်းနော်) မရှိပဲနေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကိုငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုးနော်...

ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...
မြင်မြင်ချင်းကို ချစ်တယ်ဆို တာအဲဒီကစတာပဲတဲ့

ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေကို ပဲပေးတာပေါ့ကွာ.....မင်းသမီးလေကလဲ ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့

တစ်ယောက်သံယောဇဉ်တွေပိုလာကြပါရောတဲ့....... သိပ်မကြာပါဘူး သူဋ္ဌေးကြီးကအဲဒီ အကြောင်းကို သိသွားပါလေရော....
သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံ ဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို
ပို့လိုက်ပါရောတဲ့

အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့.... မင်းသမီးလေးကလဲ
တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့....

ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့



ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီးမင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့

ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင် ဒီသစ်ပင်လေးဟာနေချင်းညချင်းကြီးလာပါစေ ဆိုပြီးဆုတောင်းသတဲ့

သူ့သစ်စာက မှတ်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက် ကြာတဲ့အချိန်မှာပဲဘုံ ငါဆင့်ကို ရောက်သတဲ့

ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း....ဒီတော့သစ်ပင်လေးဟာထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့

မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီါ်.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ



စည်ပင်က ဓာတ်ကြိုးနဲ့မလွတ်လို့ဆိုပြီးလာခုတ်သွားပါလေရောတဲ့ကွယ်......ပုံပြင်လေးကတော့ဒါပါပဲကွယ်......
သားသားမီးမီးတို့တွေလဲ ဒီပုံပြင်လေးကိုနမှုနာယူပြီ

ဓာတ်ကြိုါ်နဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....


--
All the best,

Nant Ei Ei Phyu
Finance Officer
Malteser International
No.60, Tharyarwaddy Street,
Bahan Township, Yangon,Myanmar

Monday, May 10, 2010

မောင်လို့ ခေါ်ရင်ပြောပြမယ်.....

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော
င်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာ
ပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့
ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်

“ ဟေ့.....နံပါတ်(၅) ပြောပြကြည့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်

““”မောင်လို့ခေါ်ရင်ပြောမယ် ””

ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ မျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်က
ိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး

““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော်””

ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ ခေါ်ရင်ပြောမယ် ””

ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါ
ခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး

နောက်လှည့် ပြီး

““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က
အရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်.....ပြောပြပါနော် ......မောင်နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””



ရှမ်းကလေး (ဟာသအားလုံးသည် အလင်းစေတမန်မှ ပေးပို့ ထားတာဖြစ်ပါတယ်ဗျာ။ )

လမ်းနှစ်သွယ်...

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။

‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက

‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။

‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက

‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’ တဲ့

စိတ်မှန်နေတဲ့ အရူး

အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက အရူးများကို အမိန့်ပေးနေလေသည်။

‘ဒီနေ့ ဗိုလ်ချုပ်ကြီးလာလိမ့်မယ်။ မင်္ဂလာပါ ဘဘကြီးလို့ နှုတ်ဆက်မှ မင်းတို့ကို ထမင်းကျွေးမယ်’

ဗိုလ်ချုပ်ကြီးလာသောအခါ အရူးတစ်ယောက်မှလွဲပြီး ကျန်သောအရူးများက မင်္ဂလာပါ ဘဘကြီး ဟု နှုတ်ဆက်လေသည်။

ထိုအခါဗိုလ်ချုပ်ကြီးက ဆရာဝန်များကို ထိုအရူးဘာကြောင့် မနှုတ်ဆက်သလဲဟုမေးသောအခါ ဆရာဝန်ကြီးဖြေလိုက်ပုံက

‘စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ကြီးရယ် သူဒီနေ့ စိတ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်’