Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 14, 2011

ခရီးသွားမှတ်တမ်း။ ။ ဗီယက်နမ် (၁)

ခြေထောက်မှာ မှဲ့ ရှိရင်..အရမ်းသွားရတယ်ဆိုလို့ ထင်ပါရဲ့ ...ခုတော့ ဗီယက်နမ်ကို ပထမဆုံးအကြိမ်ရောက်လာပါ
တယ်။ ခက်ပါဘိ..နေရာအတည်တကျမရှိနိုင်တဲ့ဘ၀.. ကဲ..ရောက်တုန်းရောက်ခိုက် သူငယ်ချင်းများကိုပြန်လည်ပြီး
ဝေမျှလိုက်ပါတယ်ခင်ဗျာ။

ဘာလိုလိုနဲ့  ဟနွဲ (ဗီယက်နမ်မြို့ တော်)လေဆိပ်ကိုရောက်လာပါတယ်။ ရောက်ရောက်ခြင်းထူးခြားတာတွေကိုတွေ့ 
လိုက်ပါတယ်။ လ.၀.က က လူငယ်တွေပဲ။ ကျနော်တော်တော်လေးကို အံ့သြမိပါတယ်။ အံ့သြဆို..ရောက်ဖူးတဲ့နိုင်ငံ
တွေလိုလိုတိုင်းမှာက သက်ကြီးပိုင်းတွေပဲတာဝန်ယူပြီးလုပ်ဆောင်ကြတာကိုး။ သြော်..လူငယ်တွေကို နေရာပေးတယ်
ထင်ပါရဲ့ လို့  စိတ်ထဲမှာတွေးမိပါသေးတယ်။

အဲလိုနဲ့ ...ကကစီးပြီးတည်းခိုမယ့်နေရာကို ရောက်လာပါတယ်။ လေဆိပ်က မြို့ ပြင်မှာရှိနေတဲ့အတွက် မြို့ တွင်းကို
၁ နာရီလောက်သွားရပါတယ်။ ကားခကတော့ ၂၀၀.၀၀၀ (၁၀$)ပါ။ တည်းခိုခန်းရောက်တော့ အခန်းဌားလိုက်ပါတယ်
အခန်းခကတော့ ၃၀၀.၀၀၀ (၁၅$)ပါ။ ခရီးသွားချိန်မဟုတ်သေးလို့ လျော့ဈေးနဲ့ ပေးတာတဲ့.. ၃၀၀.၀၀၀ က အနိမ့်
ဆုံးဈေးပါခင်ဗျ။



မနက်ရောက်တော့...ထုံးစံအတိုင်းခေါက်ဆွဲသွားစားဖြစ်ပါတယ်။ ခေါက်ဆွဲက ဖြူဖပ်ဖပ်ဖြစ်နေပေမယ့်..တော်တော်
လေးကို စားလို့ ကောင်းပါတယ်။



ဒါကတော့ မြို့ တွင်းသွားလာရေးပါပဲ။ ဆိုင်ကယ်မြို့ တော်လို့ တောင်ခေါ်လို့ ရပါတယ်။ ဆိုင်ကယ်ဟွန်းသံတွေမပြတ်
ကြားရလွန်းလို့  နားငြီးခြင်းဝေဒနာတောင်ရလောက်ပါပေတယ်။ ပြီးတော့မောင်းပုံကလဲ..သွားချင်တဲ့ဘက်ကိုသွား
တာပဲ။ ကွေ့ ချင်ရင်လဲ ကွေ့ ချလိုက်တာပဲ။ နောက်ကလူက ကြည့်ရှောင်ရပါတယ်။ နောက်ကနေလိုက်စီးတာ..
ရင်တမမနဲ့  ဘယ်ချိန်မှာတိုက်မလဲဆိုပြီး..ရင်တခုန်ခုန်ဖြစ်ရပါတယ်ဗျာ။ နှလုံးရောဂါရှိသူများအတွက်တော့ ကားပဲ
စီးပါလို့  တိုက်သွန်းလိုပါတယ်။



ဒါကတော့ လမ်းဘေးဆံပင်ညှပ်ဆိုင်ဖြစ်ပါတယ်။ နေရာတော်တော်များများမှာတွေ့ ရပါတယ်ခင်ဗျ။



ဒါကတော့ လမ်းကြိုကြားပါ။ သူတို့ ရဲ့ မြို့ ဟောင်းလို့ ခေါ်တဲ့နေရာ (နိုင်ငံခြားသားများ အများအားဖြင့်နေသောနေရာ)
မှာတော့ လမ်းတစ်ခုနဲ့ တစ်ခု ဆက်သွယ်နေတာ ပင့်ကူအိမ်နဲ့ တောင်သူပါတယ်ဗျာ။ လုံးဝကို မမှတ်မိဘူး။ ခေါင်းသာ
နောက်သွားတယ်..ဘယ်ရောက်လို့ ရောက်နေမှန်းကိုမသိတာ။

ယေဘုယျ သတင်းအချက်အလက်။ ။

အသုံးပြုငွေ။ ။ တွန် (Don) လို့ ခေါ်ပြီးတော့ ၂၀.၀၀၀ က ၁$ နဲ့ ညီပါတယ်။

အသုံးစရိတ်။ ။ တစ်နပ်ကို အနည်းဆုံး... ၂၅.၀၀၀ ကျပါတယ်။ (ရေမပါ) ဆိုင်ကြီးရင်ကြီးသလိုပေါ့ဗျာ။

အသွားအလာ။ ။ အများအားဖြင့်တော့ ဆိုင်ကယ်နဲ့ ပဲသွားပါတယ်။ ဘတ်ကားတွေလဲရှိပါတယ်။

အစားအစာ။ ။ ကျနော့်အတွက်တော့ သိပ်မဆန်းပါဘူး။ တော်တော်လေးဆင်တူပါတယ် အထူးသဖြင့် သျှမ်းအစား
အစာနဲ့ ပေါ့.. ဆီသိပ်မသုံးပဲ..ဖြူဖပ်ဖပ်နဲ့ လေ။

အနေအထိုင်း။ ။ Free style..Free style..မြန်မာနိုင်ငံက ယဉ်ကျေးခြင်းမျက်လုံးနဲ့ မကြည့်လေနဲ့ ။ ပွင့်လင်းတယ်
ခေတ်ဆန်တယ်၊ ဖက်တာနမ်းတာ ပုံမှန်ပဲ (ရင်းနှီးတဲ့သူတွေအတွက်နော်)။ ဒူးထောင်ပြီးလဲ ထမင်းစားတယ်၊
သွားကြားထိုးတံညှပ်ပြီး စကားလဲပြောတာ်။ ဆေးလိပ်၊ အရက် ဈေးမကြီးပါ။ ရာသီဥတုကတော့ ဆောင်းမို့ လို့ 
ထင်ပါတယ် အေးအေးလေးနဲ့ နေလို့ ကောင်းတယ်။ (သျှမ်းပြည်အေးသလောက်ပါပဲ)

အလုပ်အကိုင်။ ။ ရှားတယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် သူတို့ တွေတော်တော်လေးကို အလုပ်ကြိုးစားကြပါတယ်။
ကျနော့်ရဲ့  ကြိုးစားတယ် ပင်ပန်းတယ်ဆိုတာလောက်ကတော့ သူတို့ က ပုံမှန်ပဲ။ အလုပ်လုပ်တာကိုတော့
တော်တော်လေးကို ချီးကျူးမိပါတယ်။

စကား။ ။ အင်္ဂလိပ်စကားမရပါ။ (ဒါကြောင့် ကျနော့်မှာ ခေါက်ဆွဲပဲလှိမ့်ဆွဲနေတာပေါ့ဗျာ..ဟင်းမှ မမှာတတ်ပဲကိုး)


ရှမ်းကလေး

Saturday, November 5, 2011

ငါ့အခြေအနေ

ဝေးကွာခြင်းများနဲ့ အတူ
လွမ်းဆွတ်ခြင်းတွေက ဖိစီး
စိုးထိတ်မှုတွေက ပိုလွန်
တွေ့ ဆုံလိုစိတ်က တွန်းပို့ 
ဖြစ်ချင်တာတွေ မဖြစ်လေတော့
ပူလောင်ခြင်းကို ရင်မှာပိုက်
အထီးကျန်မှုကို အဖော်ပြု
အမှောင်ထုကို လွှမ်းမောစွာကြည့်ရင်း
............................



လေပြေ

Friday, February 4, 2011

ဟာသလေးများ

(၁) လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီး
နောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်ကနိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက်
ပြစ်ဒဏ် ၁၀နှစ်ကနိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ပြောလိုက်သတဲ့။

(၂)တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီးနိုင်ငံအခြေအနေကို လှည့်လည်
ခဲ့တယ်။

ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်ပစ်ချလိုက်ရင် ကောက်ရတဲ့လူက
အရမ်းပျော်မှာပဲ"

ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်လူနှစ်ယောက်ပျော်ရမယ်"

တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...

"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

(၃) လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးကသူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့
လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာနာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့
နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေကလူ့ပြည်မှာရှိတဲ့ လူတွေရဲ့
ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်းဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊
နှေးလိုက်ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာသူ့ကိုယ်စားပြု
နာရီက အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူး
လား ကျွန်တော့်ကို ခဏပြလို့ရမလား"လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို
ပန်ကာလုပ်ဖို့ ယူသွားလို့ပါ"ဟူသတည်း။

(၄)တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို
မေးခွန်းတစ်ခုစီ မေးဖို့ခွင့်ပြုလိုက်တော့...

ပထမနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် " အနှစ် ၅၀ စောင့်ရလိမ့်မယ်"ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီ
တော့ဘူးထင်တယ်"

ဒုတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် "နှစ် ၁၀၀ စောင့်ရလိမ့်မယ်"ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော်
မမီတော့ဘူးထင်တယ်"

တတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦး
မလဲ"

ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " အကျွန်ုပ် မမီတော့ဘူး ထင်တယ်" ဟူတည်း။

(၅) ပဲရစ်မြို့က ကော်ဖီဆိုင်တစ်ဆိုင်မှာ ပြင်သစ်စုံတွဲတစ်တွဲ ထိုင်နေတယ်။ကောင်လေးက ကောင်မလေးကို စူးစိုက်
ကြည့်လို့... ကောင်မလေးကရှက်သွေးတွေဖြာလို့.. ရုတ်တရက် ကောင်လေးက ကောင်မလေးကို "ခင့် ဖေဖေက
သူခိုးလား" လို့ မေးတော့ ကောင်မလေးက ပျာပျာသလဲ....

"အိုး.. မဟုတ်ရပါဘူး။ ခင့်ဖေဖေက ရဲသားရှင့်။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ"

"ခင့်ဖေဖေက သူခိုးမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင်မျက်လုံးထဲကောင်းကင်ကကြယ်တွေကို ခူးထည့်ပေးခဲ့
ရတာလဲ"

တရုတ်ပြည်ရှိ ကျောင်းသားတစ်ယောက်က အထက်ပါ ပုံပြင်ကိုနားထောင်ပြီးသူ့ကောင်မလေးကို သွားရှာခဲ့တယ်။
ကောင်လေးက ကောင်မလေးကိုစူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

"ခင့်ဖေဖေက အဆောက်အဦး အင်ဂျင်နီယာလားဟင်"

"မဟုတ်ရပါဘူး။ ဖေဖေက ဆရာဝန်ပါ.. ဘာဖြစ်လို့လဲ"

"အဆောက်အဦး အင်ဂျင်နီယာ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင့်ရင်ဘတ်မှာလေယာဉ်ကွင်းတစ်ကွင်း ဆောက်ပေး
ခဲ့ရတာလဲ"

(၆) ဦးနှောက်မရှိတဲ့ မိန်းမကို ဘုရားသခင်က သူ့အတွက် ကိုယ်လုံးလှအောင်ဖန်ဆင်းပေးသတဲ့။ ကိုယ်လုံးမလှတဲ့
မိန်းမကို ဘုရားသခင်ကဦးနှောက်ထက်မြက်အောင် ဖန်ဆင်းပေးသတဲ့။

တကယ်လို့ ဦးနှောက်လဲမရှိ ကိုယ်လုံးလဲ မလှခဲ့ရင်ကော...?

အဲဒီမိန်းမအတွက် ကံဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ဘုရားသခင်က ပေးလိုက်မယ်။



၇)ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။

ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့
ကလေးတို့ကို ထခိုင်းတတ်တယ်။မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"

ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။အဲဒီအချိန်မှာ
ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။

၈) ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက

"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကိုအေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ
ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူဖြေလိုက်တာက

"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

၉)"အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်"

"ဘာဖြစ်လို့လဲ"

"သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"



ရှမ်းကလေး (အီးမေးလ်မှစာအားပြန်၍တင်ပေးလိုက်ပါသည်။)

Tuesday, February 1, 2011

ဂစ်တာလက်ကွက်

တစ်နေ့ က (တော်တော်လေးကို ကြာပါပြီ) ညီတစ်ယောက်က ဂစ်တာနဲ့ ပတ်သတ်တဲ့ သင်ခန်းစာလေးတွေရချင်တယ်
လို့ ကျနော့်ကိုတောင်းဆိုပါတယ်။ ကျနော်က ရှာထားပြီးပါပြီ..ဒါပေမယ့် တင်ပေးဖို့ အချိန်သိပ်မရှိတာနဲ့  ခုမှတင်ပေး
လိုက်တာပါ။

ဂစ်တာသင်ခန်းစာဆိုပေမယ့်လဲ...ခုကျနော်ပေးလိုက်တဲ့ ၀က်ဆိုဒ်က ဂစ်တာလက်ကွက်တွေကိုပြပေးတဲ့ ဆိုဒ်လေး
တစ်ခုပါ။

http://www.chordbook.com/guitarchords.php

ဘယ်ဖက်ဘေးမှာ ဂစ်တာပြထားတယ်။ ညာဖက်မှာတော့ ဂီး Key ပြထားပါတယ်။ ကိုမသိတဲ့လက်ကွက်ကို နှိပ်လိုက်ရင်
ဂစ်တာပေါ်မှာ ဘယ်လိုကိုင်ရမယ်ဆိုတာပေါ်လာပါတယ်။

ဒီစာကို ဖတ်တဲ့သူတွေကတွက်တော့ ဂစ်တာအကြောင်းသိမယ်လို့  ကျနော်ယူဆထားတဲ့အတွက် Key နဲ့ ပတ်သက်ပြီး
တော့ သိပ်မရှင်းပြတော့ပါဘူးနော်။ Cm လိုချင်ရင် C ကိုနှိပ်ပြီးတော့ အောက်က စာရင်းမှာပြထားတဲ့ m ကိုနှိပ်လိုက်
ရင် Cm ကိုရမှာပါ။ တခြားဟာတွေလဲ..အဲလိုပါပဲ။

ဂစ်တာကိုယ်ထည်ပေါ်က ညာဖက် Strum ဆိုတာက တီးရင်ထွက်ရမယ့်အသံဖြစ်ပါတယ်။ ဘယ်ဖက်က Save ကတော့
ကိုယ်ကြိုက်တဲ့ အကွက်ကို သိမ်းထားတာပါ။ ပုံရဲ့  ညာဖက်အောက်လေးမှာ My Chords ဆိုတာကို နှိပ်လိုက်ရင်ကိုယ်
သိမ်းထားတဲ့ Key တွေပေါ်လာမှာပါ။

ပြီးရင်သိမ်းထားတဲ့ စာမျက်နှာရဲ့  အောက်ဆုံးက Play ကိုနှိပ်လိုက်ရင် Key တွေအားလုံးကို ကစားပါလိမ့်မယ်။
သီချင်းသီကုံးဖို့  မလုံလောက်ပေမယ့် ဂစ်တာကစားရင်း လက်ကွက်မရရင် ၀င်ကြည့်လို့ ရမယ့်လို့  ထင်ပါတယ်။

ကဲငါ့ညီရေ..နဲနဲပါးပါးတော့ အသုံးဝင်မယ်လို့  ယုံကြည်ပါတယ်နော်။

အင်တာနက်သုံးနိုင်သူတွေအတွက်ကတော့ Youtube မှာဝင်ပြီးကြည့်ရင် ဂစ်တာသင်ပေးတဲ့ Clip တွေအများကြီး
ရှိပါတယ်။ Guitar for beginner လို့ ရေးလိုက်ရင် အများကြီးတွေ့ ရမှာပါ။

သီချင်းသီကုံးခြင်း

ကဲတစ်ခါတည်းပဲ သီချင်းတွေလုပ်တဲ့ Program တစ်ခုကို လမ်းညွှန်လိုက်ပါတယ်။ အဲဒါကတော့ FL studio 9 ပါ။
ကျနော်အရင်က ပေးထားတဲ့ ဆိုဒ်တွေထဲမှာ အလွယ်တကူရှာနိုင်ပြီး ဒေါင်းလ် download လို့ ရပါတယ်။

http://ebooks.mmblogs.net/archives/2971

ဒီဆိုဒ်ကတော့ FL Studio ရဲ့ လက်စွဲစာအုပ်ပါ။ မြန်မာလို ဘာသာပြန်ထားပြီးသားဖြစ်ပါတယ်။ ဒီစာအုပ်ကို ယူတဲ့ချိန်
မှာ အောက်က Comment ထဲက Link မှာသွားပြီး Font ကို download ပြီး install လုပ်ဖို့ မမေ့ပါနဲ့ ။ မဟုတ်ရင်
ဖတ်လို့ ရမှာ..မဟုတ်ဘူးခင်ဗျ။


ရှမ်းကလေး

Wednesday, January 19, 2011

ခရီးသွားမှတ်တမ်း = နှစ်သစ်ကူးချိန်က

ရှမ်းကလေးတို့ များ ဒီနှစ် စာသိပ်မရေးပါလားလို့  စာဖတ်သူများထင်နေမလားတော့မသိဘူး။ မရေးဖြစ်တာကလဲ
အကြောင်းပြချက်များများမရှိပါဘူးဗျာ။ နှစ်စတာနဲ့ အပျင်းရောဂါ ၀င်နေလို့ ဖြစ်ပါတယ်။ ပြင်းရင် ရေရောသောက်
ပါလားလို့  ပြောကြပေမှာပေါ့။ ဒါပေမယ့် ဒီအပျင်းက လွယ်လွယ်နဲ့  တယ်မပျောက်ဘူးဗျာ။


ကဲဇတ်လမ်းလေးတွေစရမယ်ဆိုရင်တော့ ဒီနှစ်သစ်ကူးမှာ သွားလည်ဖြစ်တဲ့နေရာလေးကို ပြန်ဝေမျှလိုက်တာပါ။ ဒီနှစ်
မှာတော့ အရင်နှစ်တွေလို ဘီယာထဲမှာ မနစ်ပဲ.. မိဘမဲ့ကလေးတွေဆီကို သွားလည်ဖြစ်ပါတယ်။



အပေါ်ပုံကတော့ အဲဒီကျောင်းရဲ့  နာမည်လေးပါပဲ။ မိဘမဲ့ ကလေးများဆိုပေမယ့် ၅ ယောက်ပဲရှိပါတယ်။ ပုံမှန်အားဖြင့်
တော့ အယောက် ၂၀ လောက်ရှိပါသတဲ့။ သွားလိုက်လာလိုက်နဲ့  ၅ ယောက်ပဲကျန်တော့တယ်တဲ့ဗျာ။ အဲမှာရောက်
တုန်းရောက်ခိုက် သူတို့ ရဲ့  သဘာဝ မုန့် ဖုတ်ဖိုကို သဘောကြလို့  ဝေမျှလိုက်ပါတယ်။



ဒီအပေါ်ပုံလေးပါ။



ဒါကတော့ အနီးကပ်လေးပေါ့။



ပို၍နီးကပ်သည့်ပုံ။



ဒီအပေါ်ပုံလေးက သူတို့ ဆီကနေ ခွင့်ပြုချက်မယူပဲနဲ့  ရိုက်လာတဲ့ လုပ်နည်းလေးပါပဲ။



ဒါကတော့ သကြားနဲ့  ထောပတ်ကို ရောသမ မွှေလိုက်တာပါ။



ကြက်ဥလေးနဲ့  ဒီလိုပုံဖြစ်လာတယ်။



ဒီပုံလေးက ပါဝင်တဲ့ ပစ္စည်းလေးတွေပါ။



ထည့်ဝင်ရတဲ့ ပစ္စည်းပါ။ သဘောက ၀ယ်လို့ ရတယ်လို့ ဆိုလိုချင်တာလေ။ ကိုယ်တိုင်လုပ်စရာမလိုဘူးပေါ့။



ဒါကတော့ မပြောလဲသိမယ်ထင်ရဲ့ ။ လိမ္မော်သီးကို ဒီလိုမျိုးအရည်ယူတယ်။ ပြီးတော့ ခုဏက ထောပတ်၊ သကြား၊
ကြည်ဥမွှေထားတဲ့ထဲကို ထည့်လိုက်ရပါတယ်။ ပြီးတော့ ဂျုံမုန့် နဲ့ နယ်လိုက်ပါတယ်။ ဆားနဲနဲ ထည့်ဖို့ တော့ မမေ့
ပါနဲ့ ။



အသင့်ဖြစ်ပြီးရင်တော့ မီးစဖိုလိုက်ရအောင်။



မီးအရှိန်ဒီလောက်ရှိရမယ်။ အဲဒါမှ ရွံ့ မြေက အပူတွေကိုစုပ်ထားနိုင်မှာဖြစ်ပါတယ်။



သုံး/လေး မိနစ်လောက်ရှိရင်တော့ မီးစလေးတွေကို ဒီလိုမျိုးဖြန့် လိုက်တယ်။



ပြီးရင်တော့ ခုဏကလုပ်ထားတဲ့ ဂျုံမုန့် ၊ထောပတ်၊ လိမ္မော်ရည်၊ ဆား၊ သကြား နဲ့ အခြားတွေကို ပုံစံခွက်လေးထဲထည့်
ပြီး ဒီလိုမျိုး ပေါ်က အဆင့်မှာတင်လိုက်ပါတယ်။



ပြီးရင်တော့ မုန့် ဖုတ်ဖိုတို့ ရဲ့  ထုံးစံအတိုင်းဒီလိုမျိုး အပေါက်လေးကိုပိတ်ပေးလိုက်ပါတယ်။ အဲဒါမှ အပူချိန်တွေ
မြန်မြန် မပျောက်/မကျ မှာပေါ့လေ။



ငါး မိနစ်လောက်ကြာတော့ ဒီလိုလေးရလာပါတယ်။



ပူပူနွေးနွေးစားချင်တယ်ဆိုရင်တော့ ဖိုထဲမှာပဲထည့်ထားလို့ ရပါတယ်။ အဲဒီလိုမျိုး ဂိတ်မုန့် မလုပ်ပဲ တခြားဖြစ်တဲ့
Cookie တွေလုပ်ရင်တော့ ၃/၄ မိနစ်လောက်ဆိုရင်ထုတ်လို့ ရပါတယ်။ မထုတ်ရင်တော့ အပေါ်က ပုံလေးလို လှလှ
ပပ မုန့် မရပဲနဲ့  တူးနေတဲ့ မုန့် လေးတွေကိုတာရရှိမှာဖြစ်တယ်ဗျ။


ရှမ်းကလေး

မင်း

မင်း ငါကိုသင်ပေးခဲ့တယ်အချစ်အကြောင်း
မင်း ငါ့ကိုအချစ်ဆုံးပါ
မင်း ငါ့ဘေးမှာ အမြဲရပ်ခဲ့သူ
မင်း ပျော်ရွှင်ခြင်းများဆောင်လာသူ
မင်း ပြည့်စုံခြင်းကိုသယ်ဆောင်ခဲ့သူ။

ခုတော့....

မင်း လမ်းခွဲစကားစပြောသူပါ
မင်း မေ့လို့ မုန်းလဲ
ငါ့အသဲမှာ မင်းသာပထမ
မိုင်တွေဝေးလို့ မင်းမေ့ရင်လဲ
ဒီကဗျာသတ်သေပြုပြီး
ချစ်လို့ လွမ်းနေကြောင်း
ဆုတောင်းပေးလျက်ပါ။

လေပြေ

မ်ꨮး

မ်ꨮးေꨀုꨵသွꨓ်ပꨓ်တꨤင်းꨟꨀ်ꨵ
မ်ꨮးေꨀꨣꨵꨟꨀ်ꨵꨀဝ်တေꨣꨲꨅူဝ်ꨳ
မ်ꨮးေꨀꨣꨵယူꨲꨟိမ်ꨳꨀဝ်ꨀူꨳꨁိင်ꨲ
မ်ꨮး ꨡဝ်တꨤင်ꨳသိုဝ်းပꨓ်ꨀဝ်ꨀူꨳꨁꨤဝ်းယꨤမ်း
မီးမ်ꨮးꨬလꨳ ꨀဝ်လꨯꨳꨅူမ်းသိုဝ်း

မ်ꨮး ပꨱꨓ်ေꨀုꨵလꨤတ်ꨳလိုင်ꨳꨕꨤတ်ꨲ
သူꨕꨤတ်ꨲေꨀုꨳꨀဝ်ꨡမ်ꨲလိုမ်း
ꨀွပ်ꨳဝုꨳꨵꨵꨵꨵ

မ်ꨮးꨡိုꨉ်ꨵꨵꨵ သူယꨤꨓ်ေꨀုꨳ
ꨟꨮ်ꨳဝွꨀ်ꨳꨓꨯꨵလꨤတ်ꨳꨬꨓသူဝုꨳ
်ꨟဝ်ꨳယင်ꨳꨟꨀ်ꨵသူꨬလꨳ
ယွꨓ်ꨳသူးပꨓ်ꨀူꨳꨁꨤဝ်ꨳယꨤမ်ꨳ။

သꨯꨤလူမ်ꨳ

Tuesday, January 18, 2011

မ်ꨮး

မ်ꨮးမုꨳသွꨓ်ပꨓ် ꨀꨮ၊မ်းꨡꨓ်ဝုꨳꨟꨀ်ꨵ
တေꨡမ်ꨲဝꨯ၊ꨲလင် ပွꨯꨲပꨰတ်ꨳꨀꨮုꨲꨓꨯ
တꨤင်းလꨤတ်ꨳလီငꨤမ်ꨳေꨁုꨳꨀꨮꨤမ်ꨳမ်ꨮးꨓꨯꨵ
ထိုင်တေုꨳလꨱဝ်ေꨀုꨳ ꨀဝ်ယꨤင်းယုမ်ꨲယူꨲ။

ꨁꨤဝ်းယꨤမ်းꨟဝ်းꨟုꨳ မꨓ်းꨬꨡꨲသေတုꨵ
တꨤင်ꨳꨅုꨵꨡမ်ꨲမီး မ်ꨮးေꨀုꨳꨅူမ်ꨳသိုဝ်း
ုမိုꨓ်ꨟိုဝ်းလꨯꨓမ်ꨵ တꨤင်းꨟꨀ်ꨵꨁꨰမ်ꨵꨓုꨲ။

မိုဝ်ꨳထိုင်ꨁꨤဝ်းယꨤမ်း ꨟဝ်ꨳလꨯꨳယꨤꨓ်ေꨀုꨳ
်ꨟဝ်းယင်ꨳꨟꨀ်ꨵꨀꨓ်
ꨡမ်ꨲꨡဝ်တꨤင်းယꨓ် ပꨱꨓ်ꨡꨓ်ꨬꨟꨵꨀꨓ်ꨳ။

ထိုင်မိုဝ်ꨳꨁꨤဝ်းꨓꨯꨵ ယူꨲယꨤꨓ်ꨀꨓ်ꨬလꨳ
မ်ꨮးꨉုးမ်ꨮꨲေꨀဳꨳ ေꨁဳꨳꨀꨮꨤမ်ꨳꨁွင်မ်ꨮး
ꨀဝ်တိုꨀ်ꨵတွင်းယူꨲ။

ပꨱꨓ်သင်ေꨀုꨳယုꨲ
သင်ဝုꨳꨟꨀ်ꨵꨟဝ်း ꨡမ်ꨲလꨯꨳသဝ်းေꨀုꨳ
ယင်းတိုꨀ်ꨵꨟꨀ်ꨵꨀိုမ်း တိုꨀ်ꨵတေꨡမ်ꨲလိုမ်း
ꨀꨮꨤမ်ꨳꨬလꨳꨟꨀ်ꨵမ်ꨮး။

သꨯꨤလူမ်ꨳ

Sunday, January 16, 2011

လွှမ်းဆွတ်ခြင်းရဲ့ ည

လွှမ်းဆွတ်ခြင်းရဲ့ ညမှာ
လကိုကြည့်လဲမင်းကိုပဲမြင်
ငါ့ပတ်ဝန်းကျင်မှာ မင်းမျက်နှာလေးတာ
ချာချာဝဲနေလို့ 
လွမ်းဆွတ်ခြင်းရဲ့ မီးစာ
ပိုလို့ တောက်လောက်လှတယ်။

ဝေးဖို့ စကားတွေများ
မခံစားနိုင်လွန်းလို့ 
ငါကြားမိချိန်တိုင်းမှာ အရမ်းကိုနာကျင်လွန်းတယ်ကွာ။

လွှမ်းဆွတ်ခြင်းရဲ့  စိုးမိုးခြင်းကြောင့်
အိပ်မရတဲ့ညတွေဟာ ရေခေါက်လို့ မရအောင်
များပြားလွန်းလှကား
လွှမ်းဆွတ်ခြင်းညများကို ကျော်ဖြတ်ချင်နေပြီ။

လေပြေ