Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 3, 2008

သက်တန်းတစ်ဝက် ဂုဏ်ဆောင်

မာတဲ့အုတ်ခဲ ထုရိုက်နှက်သံ
ဆူဆူညံညံ ပျံ့လံဝန်းကျင်
ဖွာဖွာလဲကြဲ မှောင်မှောင်မည်းမည်း
ချွေးများဝဲပျံ မြဲမြံကိုင်ဆဲ
ထုနှက်နေသူ အိုမောင်ကျောင်းသား

သံစဉ်သာယာ ပြန်ကြားမိပေါ့
ကိုက်နဲ့ စတိုင် မွေးပျံ့ကြိုင်လို့ 
ဂုဏ်ယူဝံ့ကြွား ဆုများနဲ့ ပေါ့
ဝမ်းမြောက်မိတာ တကယ်ပါဗျာ

သက်တန်းတစ်ဝက် ကုန်ခမ်းခဲ့တာ
ဆုများရဖို့ ရာ

ခုတော့

အိမ်ဦးခန်းမှာ ချိတ်ဆွဲထားတာ
ဂုဏ်ဆောင်ဘွဲ့ ထူး
အထူးပင်ပေါ့ အသုံးမ၀င်
လူတွင်တော့လည်း မကျယ်နိုင်ပေါ့

ပူပင်းရည်ပူ ငန်လွန်းပေပိ
ဘာမုန်းမသိ
လုပ်နေစဲပါ ၀မ်းရေးအတွက်

သက်တန်းတစ်ဝက် ဂုဏ်ဆောင်မပါ



ရေးသားသူ လေပြေ (Sailome)