Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, October 29, 2009

မိန်းကလေးများအတွက်......ယောင်္ကျားလေးလျို့ ဝှက်ချက်

1) Guys may be flirting around all day, but before they go to sleep, they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့  သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက် တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……

2) Guys are more emotional then you think. If they loved you once, it’ll take them a lot longer then you think to let go in their head, and it hurts every second that they try.
ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်.. သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ပိုကြာတတ်ပါတယ်… Second တိုင်းအမျှ ခံစားရတတ် ပါတယ်…

3) Guys go crazy over a girl’s smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..

4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..

5) If a guy tells you about his problems, he just needs someone to listen to him. You don’t need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့ သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး.. တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ.. :P

6) A usual act that proves that the guy likes you is when he teases you.
ယောင်္ကျားလေးက မိန်းကလေးကို ချစ်နေပြီဆိုတဲ့ သက်သေပြတဲ့ အချိန်ဟာ အဲဒီကောင်မလေးကို ပုံမှန်စနောက်ခြင်းပါပဲ။

7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..

8) Guys use words like hot or cute to describe girls. They rarely use beautiful or gorgeous. If a guy uses that, he loves you or likes you a whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်. ချစ်စရာကောင်းတယ်လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့ သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..

9) If the guy does something stupid in front of the girl, he will think about it for the next couple days or until the next time he spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင် သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..

10) If a guy looks unusually calm and laid back, he’s probably faking it and he’s really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာတစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..

11) When a guy says he is going crazy about the girl, he really is. Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင် သူတို့အမှန်တကယ်ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..

12) When a guy asks you to leave him alone, he’s just actually saying, “Please come and listen to me.”
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့ ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..(ကျနော့်အတွက်တော့ တကယ်ကို ဆိုလိုတာလေ...အင်းလူခြင်းမှ မတူတာပဲလေ)

13) If a guy starts to talk seriously, listen to him. It doesn’t happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..အဲလိုလုပ်ခြင်းအားဖြင့် သင်အခြေအနေ ကိုနားလည် သဘောပေါက်သွားမှာပါ။ ယောင်္ကျားလေးတွေက အဲလိုပြောခဲပါတယ်။

14) When a guy looks at you for longer than a second, he’s definitely thinking something.
တစ်စက္ကန့် ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ တွေးနေလို့ပဲဖြစ်ပါတယ်..

15) Guys really think that girls are strange and have unpredictable decisions and are MAD or confusing, but somehow are drawn even more to them.
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ ကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ ထိုမိန်းကလေးများက မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..

16) No guy can handle all his problems on his own; he’s just too stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ဝန်ခံဖို့မရဲတာသာဖြစ်ပါတယ်..

17) When a guy sacrifices his sleep and health just to talk to you, He really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့ သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့ အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..

18) Even if you dumped a guy months ago and he loved you, he probably still does and if he had one wish it would be for you to come back into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင် အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..


source: http://hsarlawla.wordpress.com

ပစ္စည်းပါတာပဲ...မုဒိမ်းပေါ့

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။

တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။

မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။

ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။

“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”

မိန်းကလေးက “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။

“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”

“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”

“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”

“………”

“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”

“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟုမိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။

” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”

အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။

”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

source: http://hsarlawla.wordpress.com

ကူညီပေးပါလား.....

ပန်းခြံထဲမှာ ခုံတန်းလေးပေါ်မှာ ချစ်သူ စုံတွဲ တီတီတာတာ တွက်ထိုးနေသတဲ့။ အဲဒီ စုံတွဲနဲ့ ဘေးကပ်ရပ် ခုံတန်းမှာ အဖိုးကြီးတစ်ယောက်
စာဖတ်နေရင်း ချစ်သူစုံတွဲ တွက်ထိုးသမျှကိုကြားရတယ်ပေါ့။

ကောင်မလေးကပြောတယ်၊ မောင်ရယ်တဲ့ ချစ်ချစ် ခေါင်းမှုသလိုလိုပဲတဲ့။ ဒါနဲ့ ကောင်လေးက နဖူးလေကို ကြင်ကြင်နာ နမ်းရှိုက်ပေးပြီး ခေါင်းမှုးတာသက်သာလားတဲ့ ကောင်မလေကိုမေးတယ်။ သက်သာသွားတယ် မောင်မောင်ရယ်တဲ့။

ကောင်မလေးက ဆက်ပြောတယ်၊ မောင်ရယ်..ချစ်ချစ် ဇက်ကြောတွေတက်လာပြန်ပြီတဲ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးရဲ လည်တိုင်ကို မွေးမွေးပေးလိုက်ပြီး သက်သာသွားသလားမေရယ်တဲ့။ အခုမှကောင်းသွားတယ်မောင်ရယ်တဲ့။

ခဏကြာတော့ ကောင်မလေးက ပြောပြန်ရော.. မောင်ရယ်..မေ့ လက်မောင်းတွေ တဆစ်ဆစ်နာကျင်တယ်တဲ့.. ကောင်လေးက ဒါဆို မေရယ် မောင် မေ့ရဲ့ လက်မောင်လေးကို နမ်းပေးမယ်တဲ့….

ချစ်သူစုံတွဲ တွက်ထိုးသမျှကို ကြားရတဲ့ အဖိုးကြီးက ကြာတော့ နားကြားပျင်းကပ်ကပ်ရှိတာနဲ့ ထပြီး ပြောသတဲ့.. ဟေ့ဟေ့ ငါတူ ငါ့လည်းကူညီပေးပါဦး.. ဦးဦးဖင်မှာ လိပ်ခေါင်းပေါက်နေလို့ တဲ့……………

source: http://hsarlawla.wordpress.com

Wednesday, October 28, 2009

သည်းမခံနိုင်သူ

တစ်ခါကတရားရုံးကိုအမှု တစ်ခုရောက်လာသတဲ့ ။အမှုကတော့စပါယ်ယာကခရီးသည် အမျိုးသမီးကြီးတစ်ယောက်ကို ကားပေါ်မှကန်ချတဲ့ အမှုဖြစ်တယ်။

တရားသူကြီးကတရားခံဖြစ်သူကိုမေးလိုက်တယ်။

" မောင်မင်း တရားလိုကပြောနေတယ် မင်းကကားမောင်းနေတုန်းသူ့ ကိုတွန်းချတယ်ဆို ဟုတ်သလား?"

"ဟုတ်ပါတယ်"

" ဘာလို့  တွန်းချတာလဲ?"

" ကျွန်တော့်ဖြစ်ပုံကိုအစအဆုံးရှင်းပြပါရစေ။ ဒီအမျိုးသမီးကြီးဟာ လက်ပွေ့ အိတ်ကြီးတစ်လုံးကိုင်ပြီးတော့
ကားပေါ်တက်လာပါတယ်။ ကျွန်တော်ကားလက်မှတ်ဖြတ်ဖို့ သူ့ နားသွားတော့လက်ပွေ့ အိတ်ကြီးကိုဖွင့်လိုက်ပါတယ်။

အထဲကလက်ကိုင်အိတ်ကိုထုတ်လိုက်ပါတယ်။လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ အထဲက ကတ္တီပါအိတ်ကိုထုတ်ပါတယ်။ပြီးတော့လက်ကိုင်အိတ်ကပိတ်ပါတယ်။

လက်ပွေ့ အိတ်ကိုဖွင့်ပါတယ်။ လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့ အိတ်ကပိတ်ပါတယ်။ ကတ္တီပါအိတ်ကိုဖွင့်လိုက်ပါတယ်။

အဲဒီလိုလုပ်နေတုန်းအရှေ့ခုံကခရီးသည်ကကားခပေးလို့ သွားယူရပါတယ်။ ကျွန်တော်သွားနေတုန်းမှာ သူကကတ္တီပါအိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။

လက်ကိုင်အိတ်ကိုထုတ်ပါတယ်။လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ ကတ္တီပါအိတ်ကိုထည့်ပါတယ်။ လက်ကိုင်အိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။ လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့  အိတ်ကြီးကို ပိတ်လိုက်ပါတယ်။

အဲဒီအချိန်မှာကျွန်တော်သူ့နားကိုပြန်ရောက်လာပါတယ်။ ကျွန်တော်ကထုတ်ပြီးပြီထင်လို့ တောင်းတော့သူက မင်းမယူသေး
ဘူးမှတ်လို့ ပြန်ထည့်လိုက်တယ်ခဏစောင့်ဆိုပြိးတော့

လက်ပွေ့ အိတ်ကြီးကိုဖွင့်လိုက်ပါတယ် အထဲကလက်ကိုင်အိတ်ကိုထုတ်လိုက်ပါတယ်။ လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။
လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ အထဲကကတ္တီပါအိတ်ကိုထုတ်ပါတယ်။ ပြီးတော့လက်ကိုင်အိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကို ဖွင့်ပါတယ်။လက်ကိုင်အိတ်ကိုထည့်ပါတယ်။

လက်ပွေ့ အိတ်ကပိတ်ပါတယ်။ ကတ္တီပါအိတ်ကိုဖွင့်လိုက်ပါတယ် အဲဒီအချိန်မှာပဲ နောက်ထပ်ခရီးသည်တစ်ယောက်တက်လာပြီး ပိုက်ဆံလှမ်းပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာသူကစောစောကလိုပဲကတ္တီပါအိတ်ကိုပိတ်ပါတယ်။

လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ် ။လက်ကိုင်အိတ်ကိုထုတ်ပါတယ်။ လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ် ကိုဖွင့်ပါတယ်။ ကတ္တီပါအိတ်ကိုထည့်ပါတယ် လက်ကိုင်အိတ်ကိုပိတ်ပါတယ်။ လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။

လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုပိတ်လိုက်ပါတယ်။ ကျွန်တော်ပြန်ရောက်လာတော့မင်းမယူသေးဘူး
မှတ်လို့ ဆိုပြီးတော့လက်ပွေ့ အိတ်ကြိးကိုဖွင့်ပါတယ်"

"တော် တော် တော်လောက်ပြီ"

တရားသူကြီးကလက်ကာတားလိုက်ပြီး

"အဲဒီလိုဘယ်နှစ်ခါလုပ်သလဲ"

"လေးခါလုပ်ပါတယ်"

"မင်းမို့ လေးခါထိသည်းခံနေတာ ငါသာဆိုနှစ်ခါလောက်ကတည်းကကန်ချတယ်"

ဟုပြောလိုက်လေသတည်း။

Monday, October 19, 2009

သီတင်းကျွတ်ပွဲတော်

အောက်ကပုံလေးတွေက သီတင်းကျွတ်ရင် ကျနော်တို့ လုပ်တဲ့ ပုံလေးတွေပါ။



သီတင်းကျွတ်ပြီး ဘုန်းကျောင်းတက်တဲ့နေ့ ဆိုရင် စောစောလေးထရပါတယ်။ မျက်နှာလေးသစ်၊ အ၀တ်ကောင်း (သန့် ရှင်းတဲ့အတ၀တ်) ကိုဝတ်ပြီး ဘုန်းကြီးကျောင်းကို 6 နာရီမတိုင်မှီက သွားတယ်လေ။ ရောက်တဲ့အချိန်မှာ အပေါ်ကအတိုင်း စေတီမှာ ဖုရောင်းတိုင်ထွန်း၊ ဆွမ်းတွေကပ်ပြီး ဆုတောင်းပါတယ်။



စေတီကိုမှာ ပူဇော်ပြီးရင်တော့ နတ်စင်မှာ ကိုသွားပါတယ်။ (အိမ်စောင့်နတ်တို့ ၊ ရွာစောင့်နတ်တို့ ကို ကျနော်တို့ က ယုံတယ်လေ။ တစ်ခြား မှာတော့မသိဘူးပေါ့။ ) ပြီေးတာ့ ပူဇော်ဆုတောင်းတယ်လေ။



အဲဒါတွေလုပ်ပြီးတဲ့ နောက်မှာ ဘုန်းကြီးကျောင်းမှာ သီလ လာယူတဲ့ သက်ကြီးရွယ်အိုတွေကို ကျနော်တို့ ကလိုက် ကန်တော့ပါတယ်။ အပြစ်တွေရှိရင် ခွင့်လွတ်ဖို့ နဲ့  ကို့ ပေါ်သွန်သင် ဆုံးမဖူးတဲ့ ကျေးဇူးတွေအတွက် ကန်တော့တာပါ။



ညရောက်တော့၊ ပုံလေးမှာတွေ့ ရတဲ့အတိုင်း ထင်းရှူးပင်ကိုမီးထွန်းညှိပါတယ်။ (ထင်းရှူး နဲ့  ထင်းတွေကို ပေါင်းပြီးအပင်လို ပုံစံလုပ်ထားတာပါ။ ကျနော်တို့ ရွာမှာဆိုရင် နှစ်ပင်လောက်လုပ်တယ်လေ။) မီးထွန်းညှိလိုက်တယ်ဆိုရင်ပဲ တော်တော်လေးကို လင်းထိန်သွားတယ်ဗျ။ ပြီးတော့ ကျနော်တို့  အိုးစည် တွေကို တီးကြပါတယ်။ တော်တော်လေးကို စည်ကားတယ်လေ။ ရွာတိုင်း ရွာတိုင်းလဲလုပ်ပါတယ်။ ပြောမယ်ဆိုရင် ဗုဒ္ဒကင်းကင်ကနေ ဆင်းသက်လာတာကို ကြိုဆိုတာလေ။



အဲလိုလုပ်ပြီးချိန်မှာ ကျနော်တို့ က ကားတွေနဲ့  တခြားရွာက စေတီတွေမှာ မီးလိုက်ထွန်းပါတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာက ဖုရောင်းတိုင် တစ်ထောင် (1000) ထွန်းခြင်းလို့ ခေါ်ပါတယ်။ အဲဒီနေ့ ဆိုရင် မြို့ တွင်း၊ မြို့ ပြင် ထိန်ထိန်ညီးနေအောင် ကို စည်ကားပါတယ်။

ဖရောင်းတိုင်ထွန်းပြီးပြန်လာရင်တော့ မီးပုန်းပျံလေးတွေလွတ်လေ။ အဲဒီနေ့ ဆိုရင် ကလေး၊ လူကြီး၊ အပျို၊ အအို မရွေး ဘုန်းကြီးကျောင်း မှာ ရောက်နေကြတာဗျ။


ရှမ်းကလေး

Thursday, October 15, 2009

ရှမ်းအစားအစာလေးများ....

ဟိုနေ့ တုန်းက အခန်းအနားတစ်ခုအတွက် အစ်ကို ကို သွားကူညီရင်းနဲ့  ရိုက်လာတာလေးတွေပါ။ ပုံတွေ တင်ရင်းနဲ့  စာလေးပါလေး ရေးမယ်လုပ်နေတုန်း အင်တာနက် က မကောင်းတာ နဲ့  မရှင်းပြလိုက်ရတာကို တောင်းပန်ပါတယ်ဗျာ။



ဒါက မုန်ညင်းခြောက်ဖြစ်ဖို့ များပါတယ်။ ဒါကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းချိုမုန့် ထည့်ပြီး ရေနွေးလောင်းထည့် လိုက်ရင် စားလို့ ရပြီလေ။ အရဿာက ခပ်ချဉ်ချဉ်လေးပါ။



ဒါလေးက ထိုဖူး သုတ်လို့ ခေါ်ပါတယ်။ ၀ါဝါလေးက ထိုဖူးလေ။ အပေါ်က ဖြူးထားတာကတော့ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်း နဲ့  ပဲပုတ် ဖျော်ရည်လောင်းထားတာပါ။ အရဿက တော့ ခပ်စပ်စပ်လေးပါ။



ဒီဟာလေးက ရှမ်းပြည်နယ်က ဈေးတန်းလေးပါ။ အစုံရောင်းတယ်လေ။ (စားစရာနော်)



ဒါလေးက ခရမ်းချဉ်သီးထောင်းပါ။ ခရမ်းချည်သီး၊ ကြက်သွန်ဖြူ ကို ပထမဆုံးပြုတ်ရပါတယ်။ ပြီးရင်တော့ ငရုတ်သီး အစိမ်းကို လျှော် (ကြော်)ပါ။ အားလုံးကို စုပြီးထောင်းပါ။ ပြီးတော့ အပေါ့အငံအတွက် ဆား၊ဟင်းချိုမုန့် လေး ထည့်ရုံပါ။



ဒါက အခေါက် (ကျွဲ၊ နွား၊ ၀က်) တွေကို ပြုတ်ပြီး ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  နဲ့ ထောင်းပြီး အချပ်လိုက်လုပ်တယ်လေ။ ပြီးတဲ့ အချိန်လေးမှာ အခြောက်လှမ်းလိုက်တာပေါ့။



ဒါက ထိုဖူးကို ကြော်ထားတဲ့ ပုံလေးပါ။ ကြွပ်ကြွပ်လေးနဲ့  စားလို့  အရမ်းကောင်းတယ်ဗျ။




ဒါက ပဲပုတ်စေ့လေ။ ကျနော်တော့ မကြိုက်ဘူး။ (ဒါကြောင့် အရဿာ မသိတာလေ)



ဒါကလဲ ပဲပုတ်အချပ်ပါ။ ပဲပုတ်ကို ပြုတ်ပြီးထောင်းတယ်လေ။ ပြီးတော့ ဂျင်း၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  ထည့်ပြီးရော နှယ်တယ်။ အဲဒါပြီးတော့ ဒီလို မျိုးအချပ်လိုက်လုပ်တယ်လေ။ ဒါကို ကြော်စားရပါတယ်။ နည်းနည်းခါးတယ် ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။



ရှမ်းပြည်နယ်က ဈေးတန်းလေးပါပဲ။ ပဲပုတ်ချပ်တွေရောင်းနေတာလေ။ ပဲပုတ်က အပေါ်ကလို အတုန်းကြီးရှိသလို (ရှမ်းလူ မျိုးများ သိပ်မစားပါ)၊ ဒီလိုမျိုး အချပ် ပါးပါးလေး (ရှမ်းလူမျိုးတွေ အိမ်မှာ တော်တော်လေးကို သုံးပါတယ်။ မရှိမဖြစ်ကို ဖြစ်တာပါ။) တွေလဲ ရှိပါတယ်။



ဒါက ပဲပုတ်စေ့လေ။ ဒါကို ချက်စားလို့ ရ တလို ပဲပုတ်လုပ်တာကလဲ ဒီဟာနဲ့ ပါပဲဗျာ။



ဒါက ရှမ်းထမင်းချဉ်ပါ။ ခရမ်းချဉ်သီးကို ချက်၊ ပြီးတော့ အာလူးကို ပြုတ်၊ ထောင်းထားတဲ့ ငရုတ်သီးခြောက်ကို လျှော်။ ပြီးတော့ အဲဒီဟာ အားလုံးကို ထမင်းနဲ့ ရောနယ်၊ ဆား၊ ဟင်းချိုမုန့် လေးထည့်လိုက်ရင်ပဲ ရှမ်းထမင်းချဉ်လေးရတာပေါ့။ ဆီချက်လေးလဲ အပေါ်က ဖြူးဖို့  မမေ့လိုက်ပါနဲ့ ။ နံဘေးက အရွက်တွေကတော့ နံနံပင်၊ ကြက်သွန်မိတ် နဲ့  ကျူးမြစ်ဖြစ်ပါတယ်။ (ကျူးမြစ်က အဖြူရောင်ရှိတယ် ဒါပေမယ့် ထိပ်ပိုင်းကြတော့ ရွက်သွန်မိတ်လို အစိမ်းရောင်ရှိပါတယ်။ (ကျနော် တွေ့ ဖူးတဲ့သူ တော်တော်များများ မသိကြပါဘူး။ ))



ဒါလေးကတော့ မပြောလဲ သိမှာပဲနော်။ ငှက်ပြောမုန့် လေးပါ။ (လုပ်နည်းတော့ မသိဘူး)



ဒါက ငှက်ပြောမုန့် လိုပါပဲ။ ထည့်တဲ့ ပစ္စည်းတွေနည်းနည်းလေးကွာသွားတာပါ။ အခုထည့်ထားတာက မြေပဲလေ။




ဒါလဲ အတူတူပါပဲ။



ဒါက ပဲပြားကြော်လေ။



ရှမ်းပြည်ကဈေးတန်းလေးပေါ့။ ဖက်နဲ့ ထုတ်ထားတဲ့ စားစရာလေးကတော့ ထမင်း၊ ၀က်သွေး၊ ၀က်သား ရောပြီး ပေါင်းထားတာပါ။ စားလို့ တော့ တော်တော်လေးကောင်းတယ်။



ဒါကလဲ ဒုတိယ ပုံလိုပါပဲ၊ ထိုဖူးသုပ်လေးပါ။




ဒါလေးက ပဲပုတ်ထောင်းပါ။ ပဲပုတ်ကို ပြုတ်ပြီးတော့ ဆား၊ ဟင်းချိုမုန့် ၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ တွေရောပြီးထောင်းထားတာလေ။
အရဿာကတော့ နည်းနည်းတော့ စပ်တယ် ဒါပေမယ့်တော်တော်လေးကောင်းတယ်။ ဒီဟာကို ကောက်ညှင်းပူပူ လေးနဲ့  စားရင်တော့ ဆွေမျိုးမေ့ လုနီးနီးပါပဲ။




ဒါက ထိုဖူးနှောင်းလို့ ခေါ်တယ်။ လုပ်နည်းတော့ မသိဘူး။ ဒီဖြူဖြူလေးကို သကြား (၀ါ) ကြံသကာ ရည်လေးနဲ့ စားရပါတယ်။ မုန့်  တစ်မျိုးပါပဲ။



ရှမ်းကလေး (ဆက်လက်ဖော်ပြပါမယ်)

Wednesday, October 14, 2009

ပါးစပ်အနံ့  ပျောက်နည်း

လူတိုင်းမှာတော့ ပါးစပ်နံ့ လေးတွေ ရှိကြမယ်။ ဒါကြောင့် အပျို ဘ၀လေးမှာ စားပြီးတိုင်း သွားတိုက်ရတာလဲ အမောလေ။ တချို့  ဆိုရင် တစ်နေ့ ကို 6 ခေါက်လောက်တောင် တိုက်တယ်။

ဒါပေမယ့် ဘယ်လို တိုက်တိုက် အနံ့ က ပျောက်မသွားတာလေးကို ခံစားရပြီး ကသိကအောက် ဖြစ်မိတဲ့ အချိန်လဲ ရှိမယ်လို့  ထင်တယ်။ အထူးသဖြင့် ရည်းစားလေးနဲ့  နမ်းမယ်လုပ်တုန်း xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တာတွေလဲ ရှိမှာပေါ့ နော်။ ( ကိုယ့် ကိုကိုယ် စဉ်းစားကြည့်ပေါ့နော် (မြန်မာပြည်ကလာတယ်ဆိုတော့ censor ဖြတ်တတ်တဲ့ အကျင့်က စွဲနေတယ်လေ))။

ဒါပေမယ့် အခုတော့ ပူစရာမလိုတော့ဘူးပေါ့ဗျာ။

လုပ်တဲ့ နည်းလမ်းကတော့ လွယ်လွယ်လေးပါ။ ကိုယ့် ပါးစပ်အနံ့ ပျောက် ချင်ရင်တော့ ကန်စွန်းရွက် (ရိုးတန်အနီ) ကို မန်ကျဉ်းသီးနဲ့  အချဉ် ဟင်းရည်ချက်ပြီးသောက်ပါ။ တဖြည်းဖြည်းနဲ့  ပျောက်သွားပါလိမ့်မယ်။ (ပျောက်ချင်လွန်းလို့  အရမ်းမလုပ်နဲ့ နော်၊ ချီးပန်းရင် တော့ တာဝန် မယူဘူးဗျို့ )

ဒါမှ မဟုတ်ရင် အစာစားပြီးတိုင်း မန်ကျဉ်းသီး အချဉ် (၀ါ) အချိုကို စားပေးရင်လဲ အနံ့ ပျောက်စေနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ဗျာ။



ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

အစားအစာ စားနည်းလေး

အခုခေတ်မှာဗျာ အသက်ရှင်ဖို့  စားရတယ်ဆိုတာထက် စားဖို့ အသက်ရှင်နေရတဲ့ ခေတ်ရောက်နေတယ်။ ဘာလို့ လဲဆိုတော့ လူက မနက်အစောကြီးထ ပြီးတော့ ၀င်ငွေရဖို့ အရေး အလုပ်တွေကြိုးစားပြီးလုပ်ရတယ်လေ။ ရလာတဲ့ ၀င်ငွေကိုလဲ လောက်င အောင် သုံးနေရတယ်လေ။ ၀င်ငွေမရှိရင် အိမ်က ဆူဆူပူပူ လုပ်တာတို့ ကလဲ မမြင်ချင်အဆုံးပေါ့ဗျာ။ ခုခေတ်က လူတွေက စားစရာရှိရင် တိတ်တိတ်လေးနေပြီး စားစရာမရှိရင် ဆူညံ၊ ဆူညံ လုပ်နေကြလို့  စားဖို့ အသက်ရှင်တဲ့ ခေတ်လို့  ကျနော်တော့ ကောက်ချက် ချတယ်လေ။

ကဲ... အစားအစာ စားတဲ့အခါမှာ ပထမဆုံးအနေနဲ့  ကျေညှက်အောင် ၀ါးစားရပါမယ်။ အဲဒါမှ ကိုယ့်ဝမ်းဗိုက်က သိပ်ပြီး အလုပ်လုပ် ရမှာလေ။ ကိုယ့်အတွက်ကောင်းတာပေါ့။

ဒုတိယ အချက်က ထမင်းစားတဲ့အချိန်နဲ့  အိပ်ချိန်က 3 နာရီ ကွာရမယ်နော်။ မဟုတ်ရင် လူကို ၀စေတယ်ဗျ။ (မယုံမရှိပါနဲ့  ကျနော်လဲ စားပြီးရင် အိပ်တတ်တဲ့ အကျင့်လေးရှိနေတာ အခုဆိုရင် ဆင်ပေါက်စလေးတောင်ဖြစ်နေပြီလေ။ အရင်တုန်းကတော့ model လိုလို၊ ၀ါးခြမ်းပြား အ၀တ်စီးထားသလိုလို ပေါ့ နော်။)

တစ်ခါ တလေတော့လဲ ငယ်ငယ်ကသင်ထားတဲ့ သင်ခန်းစာလေးကို ပြန်မှတ်မိပါတယ်။ ဘာတဲ့........
“အစားအစာ ၀ါးစားပါတဲ့ဗျား”


ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

လက်နုနယ်အောင်လုပ်တဲ့နည်း...

လူတွေက အသက်ကြီးလေ ပိုပြီးလှချင်လေတဲ့ဗျ (ကျနော့်အမြင်လေ)၊ ဥပမာအားဖြင့် တစ်ချို့ အပျို ကြီးတွေက ပြောရင်တော့ ပါရမီပါမှ လုပ်နိုင်တာ...(သူတို့ က ကိုယ့်ထက် ပါရမီပိုရှိ သလိုလိုနဲ့ ပေါ့နော်) ဆိုလိုက်ပါသေးတယ်။ ဒါပေမယ့် ကျနော်နဲ့  သူငယ်ချင်းတွေကတော့ ယူမယ့်သူ မရှိလို့  အပျိုကြီးဖြစ်တယ်လို့  ခံယူထားတာလေ (ယောင်္ကျား၊ မိန်းမ မရွေးပေါ့လေ)။

လိုရင်းကို သွားမယ်ဆိုရင်၊ မျက်နှာကို နုနယ်အောင်လုပ်ဖို့ ကြတော့ မိတ်ကပ်တို့ ၊ ပေါင်တာတို့ ၊ အမျိုးမျိုး ရှိနေတယ်လေ။ ယောင်္ကျား လေးတွေကလဲ မျက်နှာကို ကြည့် ပြီးရင် လက်ကို ကြည့်ကြတယ်လေ။ လက်က တွန့် နေရင်တော့ မျက်နှာ ဘယ်လောက်နုနု အဘွားကြီး ပဲ ဖြစ်မယ်ဆို ပြီးကောက်ချက်ချတတ်ပြန်တယ်ဗျ။

အဲ ဒီနေ့ တော့ ကြံကြံဖန်ဖန် ကျနော်လဲ စာအုပ်တစ်အောက်ကို ကောက်ဖတ်တုန်းရတာလေးကို ပြန်ဝေမျှလိုက်ပါတယ်။

နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံးအနေနဲ့  လက်ကို ဆပ်ပြာနဲ့  စင်ကြယ်အောင်ဆေးပါလေ။ ပြီးသွားတဲ့ အခါ မှာ လက်ကို သကြား (စားတဲ့ သကြားပေါ့) နဲ့  ပွတ်တိုက်ပေးပါ။ တစ်နေ့ ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ခြင်းအားဖြင့် လက်ရဲ့  နုနယ် မှုကို ခံစား လာရပါလိမ့်မယ်။

သီတင်းကျွတ်ပြီဆိုတော့ အပျို၊ လူပျို လေးတွေလဲ ညားနိုင်ကြပါစေဗျာ။

ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်။ )

Sunday, October 11, 2009

Tuesday, October 6, 2009

ငရဲမှ ဖုန်းခေါ်သံ ....

သူမသည် ပေါင်မုန့် လုပ်သောလုပ်ငန်းကို ဦးစီးဦးဆောင်လုပ်ကိုင်ဆောင်ရွက်ပါသည်။ သူမပြုလုပ်သော ပေါင်မုန့် များသည် အရဿာ ရှိသဖြင့် နီးစပ်ရာနေရာများသို့ ပင် ပို့ ဆောင်နေရပါသည်။ သို့ တိုင် သူမတွင် ဆက်သွယ်ရန် ဖုန်းပင်မရှိပါ။ သူမအနေဖြင့်လဲ ဖုန်းရှိရန် မလိုအပ်ဟုယူဆသောကြောင့်ဖြစ်သည်။ အကြောင်းမှာ သူမ၏ သူငယ်ချင်းများသည် အိမ်ချင်းသိပ်မဝေးပဲ အော်ပြောလျှင်ပင် ကောင်းကောင်း မွန်မွန်ကြားရပါသည်။

သို့ သော် စီးပွားရေးက ကောင်းလာသဖြင့် ဖောက်သယ်များဆက်သွယ်နိုင်ရန်အတွက် ဖုန်းလိုအပ်ပြီ ဟု ထင်သဖြင့် သူမသည် ဖုန်းတစ်လုံး ကိုဝယ်လိုက်သည်။ ရောင်းသူက သီချင်းနားထောင်နိုင်၊ ရုပ်ရှင်ကြည့်နိုင်သည့် ဖုန်းကို ပြသော်လဲ သူမသည် စိတ်မ၀င်စားပဲ အညံ့စား ဖုန်းကိုသာဝယ်လိုက်သည်။ အကယ်၍သာ ဖုန်းက မုန့် ဖုတ်နိုင်၊ ပစ္စည်းပို့ နိုင်လျှင် သူမအနေဖြင့် စဉ်းစားခြင်းမပြုပဲ ၀ယ်လိုက်ပေမည်။

အိမ်ရောက်သည်နှင့် သူမသည် ဖုန်းဘူးလေးကို ထုတ်ကာ battery သွင်းလိုက်သည်။ ပြီးနောက် သူမ၏ လုပ်စဉ်အတိုင်း မုန့့် ဖုတ်နေလိုက် ပါသည်။ မုန့် ဖုတ်ပြီးနောက်တွင် သူမသည် ဖုန်းကို ယူကာဖွင့်လိုက်သည်တွင် sim (ဖုန်းကဒ်၊ နံပတ်ကဒ်)၊ မထည့်ရသေးကြောင်း စာတမ်း ပေါ်လာသဖြင့် သူမလဲ sim ကိုထည့်ကာ အားသွင်းထားပြီး လုပ်စရာရှိသည်များကို ဆက်၍လုပ်ဆောင်နေလိုက်သည်။

သူမ အလုပ်ရှုပ်နေစဉ်တွင် ဖုန်းရုတ်တရက် ထမြည်လာသည်။ သူမအနေဖြင့် ကြောင်အန်းအန်းဖြစ်သွားရပါသည်။ သူမ ယနေ့ မှ ဖုန်းဝယ်လာသည်ပဲ။ မည်သူများဖြစ်နေမလဲ? ။ သူမ မိဘများတော့ မဖြစ်နိုင်၊ သူငယ်ချင်းဆိုလဲ ဖုန်းနံပတ်ကမပေးရသေး။ သူမသည် စဉ်းစားမနေတော့ပဲ ဖုန်းကို ဖြေလိုက်သည်တွင်....

“ ဟဲ့ မကြယ်စင်၊ ငါ့ယောင်္ကျား ညည်းနဲ့ အတူရှိနေတယ်မဟုတ်လား?” ဟု အဒေါ်ကြီး တစ်ယောက်၏ မေးသံကို ကြားသောအခါ သူမ သည် အေးအေးဆေးဆေးဖြင့်ပင် “ ကျမ ကြယ်စင် မဟုတ်ပါဘူး၊ အမကြီး ဖုန်းနံပတ်မှားနေတယ်ရှင့်” ဟု ဖြေလိုက်၏။

ထိုအခါ

“အောင်မာ..... ညည်းက ခုမှ ယဉ်ယဉ်ကျေးကျေးပြောစရာမလိုဘူးဟေ့။ ငါ့ယောင်္ကျား ထိပ်ပြောင်နင်နဲ့  ရှိနေတယ်ဆိုတာ ငါသိတယ်။ သူ့ ကို ဖုန်းပေးလိုက်။ ငါသူနဲ့  ဖုန်းပြောချင်တယ်”

သူမ တော်တော်လေး ဒေါသထွက်မိသည်။ မိမိမှာ ဘာမှမသိပဲ အပြစ်တင်ခံနေရသည်မဟုတ်လော။ ထို့ ကြောင့် သူမသည် စိတ်ကို ချုပ်ထိန်းကာ “ အဒေါ်ဆက်တဲ့ ဖုန်းနံပတ်ပြောကြည့်ပါလား? ကျမထင်တာတော့ အန်တီ ဖုန်းနံပတ်မှားနိပ်တာဖြစ်မယ်ရှင့်” ထိုအခါ တစ်ဖက်မှ လူလဲ ဖုန်းနံပတ်ကို စစ်ဆေးသောအခါ သူမ၏ ဖုန်းနံပတ်ပင် ဖြစ်နေ၏။

ထိုအခါ သူမလဲ မည်သို့ မှ မပြောနိုင်တော့ပဲ ရှိနေစဉ်

“ ဟင်... ညည်း အခု ဘာပြောနိုင်သေးလဲ မကြယ်စင်?။ ညည်း ယောင်္ကျား တစ်ယောက်ကို မှ မရှာနိုင်ဘူးလား? ဘာလို့ သူများ ယောင်္ကျားကို လာပြီးလုနေတာလဲ? ညည်းက တော်တော်လေးကို အရှက်မဲ့တဲ့ကောင်မပဲ။ ”

ဟုဆိုကာ သူမကို အတွဲလိုက်ပစ်ပါတော့သည်။ သူမလဲ မည်သို့  ပြောရမည်ကို မသိဖြစ်နေစဉ်

“အေး... ငါ့ယောင်္ကျား ထိပ်ပြောင်ကိုပြောလိုက် သူအိမ်ကို ပြန်လာလို့ ကတော့ ငါ့နဲ့  အသိပဲလို့ ။ စောက်ရှက်မရှိတဲ့ ကောင်မ၊ ပြည့်တန်ဆာမ၊ အပေါစားမ၊ xxxxxxxxxxxxxxxxxxxx.........(အများကြီးပေါ့လေ)”

ဟု နောက်ထပ် တစ်တွဲဆွဲလိုက်သေးသည်။

သူမလဲ စိတ်တိုလာသဖြင့် ဖုန်းကို ချလိုက်သည်။ သူမ ပြန်စဉ်းစားမိသည်မှာ ဖုန်းဝယ်မိသည်ကိုက မှားသွားလားဟု ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။

သူမဖုန်းကိုင်ကာ စဉ်းစားနေစဉ်အတွင်းမှာပင် ဖုန်းက ရုတ်တရက် ထပ်မြည်လေသည်။ ဟို... မိန်းမကြီး ထပ်ဆက်လာသလား ဟု စဉ်းစားမိကာ၊ စိတ်တိုတို ဖြင့် ဖုန်းကို ဖြေလိုက်သည်တွင်....

“ ဟေ့... အချစ်လေး ကိုအရမ်းကိုလွှမ်းနေတယ်ကွာ။ ဒီည အချစ်လေးနဲ့ လာနေမယ်နေ” ဟု ယောင်္ကျားတစ်ယောက်၏ အသံကို ကြားလိုက်သည်တွင် သူမက “ ရှင် ဖုန်းမှားနေတယ်” ဟု ခပ်ပြတ်ပြတ်ပြောလိုက်သည်တွင်...

“အော်.....အချစ်ကလေး ကြယ်စင်ကလဲ မနေ့ က မတွေ့ ရတာနဲ့  အစ်ကို ကြီးကို စိတ်ကောက်နေတယ်ပေါ့။ ”

“ ဘယ်က အစ်ကိုကြီးလဲ ကျမ မသိဘူးရှင့်။ ရှင် ဖုန်းမှားနေတယ်”

“ အချစ်ကလဲ... စိတ်မကောက်ပါနဲ့ ကွာ။ ကိုကြီး ထိပ်ပြောင်ကို ချစ်လေးက မသိတော့ဘူးပေါ့လေ?။ ခုတော့ တော်တော်လေးကို နောက်တတ်နေပါလား။ တွေ့ မှပဲ ခပ်ဆတ်ဆတ်ရိုက်လိုက်မယ်နော်။ ”

သူမ သိလိုက်ပြီလေ။ ဒီ ထိပ်ပြောင်က...ခုနက အန်တီကြီး၏ ယောင်္ကျားမှန်း။ ထို့ ကြောင့် သူမလဲ ရေလိုက်...ငါးလိုက် သဘောဖြင့်

“ အို... အစ်ကိုကြီးကလဲ ဒီညတော့ မဖြစ်ပါဘူး။ ခုန ကပဲ အစ်ကို့ ရဲ့  မယားကြီးက ဖုန်းဆက်တယ်။ သူကျမကို ဆဲလိုက်တာ အတွဲလိုက်ပဲ။ ပြီးတော့ အစ်ကိုကြီး ပြန်သွားရင် အသေသတ်မယ်လို့  ကြိမ်းသွားသေးတယ်။”

“ ဘာ....သူက အချစ်လေးကို ဆဲသွားတယ်ဟုတ်လား? ဒီမိန်းမတော့ကွာ...။ ဒါဆို ကိုကြီး ပြန်ပြီး သူ့ ကို သွားဆုံးမလိုက်အုန်းမယ်။ ဒါမှ နောက်ကြရင် အချစ်လေးကို သူဘာမှ မပြောရဲမှာ”

“ဖြစ်ပါ့မလား အစ်ကိုကြီးရယ်?”

“အို... စိတ်ချပါအချစ်လေးရဲ့ ။ မယုံရင် ရန်ငြိမ်းအောင် ရပ်ကွက်မှာ ထိပ်ပြောင်အကြောင်းသွားမေးကြည့်။ ကို တစ်ချက်ပြောရင် ကို့ မိန်းမက ဘာမှ မပြောရဲဘူး။ သွားပြီနော်..အချစ်လေး။ မနက်ဖြန်မှ တွေ့ ကြမယ်နော်။ အနမ်းလေးပေးခဲ့ မယ်နော်... မွမွ”

သူမလဲ ဖုန်းကိုချလိုက်ပြီး သက်ပြင်းချလိုက်သည်။ ဘယ်လို လူတွေနှင့် တွေ့ နေမှန်းမသိ။ ဖုန်းမှားတယ်ပြောလဲ လက်မခံ။ ဖုန်းလေး ရှိကာမှ မစီမဆိုင် အဆဲခံရ၊ ဖွန်ကြောင်ခံရနှင့် တော်တော်လေးကို စိတ်ပျက်မိသည်။

သို့ နှင့် သူမလဲ မနက်ဖြန် ဖုန်းနံပတ် ပြောင်းမယ်ဟု စဉ်းစားရင်း အိပ်ပျော်သွားလေသည်။ ညဉ့်  2 နာရီလောက်တွင် ဖုန်းက ထပ်၍ မြည်လာသဖြင့် သူမလဲ ကောက်ကာ ပြောလိုက်သည်တွင်...

“ဟဲ့ မိကြယ်စင်” ဟူသော အသံကို ကြားလိုက်ရသည်။ သူမလဲ..

“ အန်တီရယ်..ဒီအချိန်က လူအိပ်တဲ့ အချိန်လေ။ အိပ်လို့ ကောင်းနေတုန်း ဘာလုပ်အုန်းမလို့ လဲ?”

“ ငါ့..ငါ့....ငါ့....ယောင်္ကျား..ထိပ်ပြောင်သေပြီဟဲ့”

“ အန်တီရယ်.. ဒါက နောက်စရာမဟုတ်ပါဘူး.”

“ ငါ.. စနေတယ်လို့  နင်ထင်နေလား။ သူ အိမ်ပြန်လာပြီး၊ သူနဲ့  ငါနဲ့  ရန်ဖြစ်တယ်လေ။ ငါလဲ စိတ်တိုလို့  သေနတ်နဲ့  ပစ်လိုက်တယ်။ နင် ခုတော့ ကျေနပ်ပြီမဟုတ်လား..ဟင်? သူများ အိမ်ထောင်ပျက်တာ တော်တော်လေးကို ကြည့်ချင်နေတယ်မဟုတ်လား? အေး... ငါလဲ သူ့ ကို ပစ်ပြီးတော့ သူ့ နောက်ကို လိုက်မလို့ ။ အဲဒါ... ညည်းသိအောင် ဖုန်းဆက်လိုက်တာအေ့။” ဟု ဆိုကာ သေနတ်သံနှင့် ညည်းညူ သံများကို ဆက်တိုက်ကြားလိုက်ရသည်။

သူမ၏ အိပ်ချင်စိတ်များလဲ ပျောက်သွားကာ. .. ဟဲလို... ဟဲလို... ဟု အော်ခေါ်သော်လဲ ထူးသံကို မကြားရပါ။ သူမအနေဖြင့် လင်မယား အဆင်ပြေစေရန် ရည်ရွယ်၍ မယားငယ် ဟန်ဆောင်သော်လဲ၊ ခုတော့ သူမကြောင့် လူသေရပြီဟု စဉ်းစားမိကာ.. စိတ်မကောင်း ဖြစ်သွားရသည်။

မနက်မိုးလင်းသည်နှင့် သူမလဲ မနေ့ က ဖြစ်ခဲ့သည်များ ဟုတ်မဟုတ် သိရန်အတွက် ရန်ငြိမ်းအောင် ရပ်ကွက်သို့  ကားဌားကာ သွားရောက်စုံစမ်းတော့သည်။

ရပ်ကွက်လေးက တော်တော်ကိုကျယ်သဖြင့်၊ လမ်းထိပ်တွင်ဆင်းကာ ရေ၀ယ်သောက်ရန် လမ်းထိပ်ဆိုင်သို့ ဝင်ခဲ့သည်။ ရေ၀ယ် ပြီးသော အခါတွင် ဆိုင်ရှင်နှင့် ပိုက်ဆံရှင်းပြီးနောက် ထွက်သွားမည် အပြု.. ဆိုင်ရှင်က

“ဘယ်သူ့ ကို လာရှာတာလဲ? ဒီနေရာမှာ တစ်ခါမှ မတွေ့ ဖူးပါလား?”

သူမလဲ ထိပ်ပြောင်ဆိုသော လူကြီးကို လာရှာကြောင်းပြောသော အခါ ဆိုင်ရှင်က သူမကို မသင်္ကာသော မျက်လုံးများဖြင့် ကြည့်လေသည်။ ပြီးသော် ဆိုင်ရှင်က

“ ထိပ်ပြောင်နဲ့  သူ့ မိန်းမက အကြီးအကျယ် ရန်ဖြစ်တယ်လေ။ သူ့ မိန်းမလဲ စိတ်မထိန်းနိုင်တာနဲ့  သေနတ်နဲ့ ပစ်လိုက်တယ်။ ပြီးတော့ သူလဲ သူ့ ကိုယ်သူ သတ်သေသွားတယ်လေ”

ထိုစကား ကြားသောအခါ သူမသည် တော်တော်လေးကို တုန်လှုပ်သွားလေသည်။ မည်သို့ ဆိုစေ၊ သူမ၏ ပယောဂ မကင်းဟု ထင်မိသဖြင့် အလောင်းအား သွားကန်တော့မည်ဟု တွေးမိကာ... အလောင်းများထားသည့် နေရာကို မေးသောအခါ ဆိုင်ရှင်သည် အံသြသော အကြည့်ဖြင့်ပြန်ကြည့်လေသည်။ ပြီးနောက်...

“ သူတို့  လင်မယားသေတာက လွန်ခဲ့တဲ့ 6 လတုန်းကလေ” ဟု ပြန်ပြောသော အခါသူမသည် အံ့သြလွန်းသဖြင့် ခြေထောက်များပင် မခိုင်သကဲ့သို့  ဖြစ်လာသည်။

“ အခုလောက်ဆိုရင်.. သူတို့ လင်မယားက ငရဲမှာ ရောက်လောက်ပြီပေါ့အေ” ဟု ဆိုင်ရှင်က ဆက်၍ရှင်းပြလေသည်။

သူမလဲ “ ငါတော့ ဖုန်းနံပတ်ပါမကဘူး၊ အလှူပါလုပ်မှဖြစ်တော့မယ်လေ” တစ်ယောက်တည်း ရေရွတ်နေမိသည်တွင်... ဖုန်းက ရုတ်တရက် ထပ်မြည်လာသဖြင့်၊ သူမ အလွန်လန့် သွားလေသည်။

သူမလဲ ကြောက်ကြောက်ဖြင့် ဖုန်းကို ဖြေလိုက်သည်တွင် “ ကျနော်တို့  ကုမ္ပဏီက အခု promotion ပေးနေ..”

သူတို့  စကားမဆုံးခင်တွင် သူမလဲ

“ ဒါဆိုရင် ငရဲကခေါ်လာတဲ့ ဖုန်းလှိုင်းကို ဖြတ်ပေးတဲ့ service (၀န်ဆောင်မှု) လေးကောရှိလားရှင့်” ဟုမေးလိုက်သည်။




ရှမ်းကလေး (ယနေ့ ထုတ်.. ထိုင်းကာတွန်းအားစေတနာဖြင့် ဘာသာပြန်ပေးလိုက်ပါသည်။။။။)

Sunday, October 4, 2009

ကွဲနေတယ်တဲ့....

ရူးတိုးတိုး...................... ကွဲနေသည်။

(ကွဲနေယ်ဆိုလို့စိတ်ဝင်စားသွားလား......ဟုတ်တယ်.ကွဲနေတယ်.......မောင့်ကြောင့်
အသည်းတွေကွဲနေတာ)

မောင်.... .................

မောင်ကျွန်မကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်..........တမျိုးမထင်ပါနဲ့..ရှင်းပြရတာ....feel
အောက်တယ်)

မောင်ရယ်.ကျွန်မကိုမပစ်ဘူး.မပစ်ဘူးဆိုပြီးလက်ထဲမှာက.......ခဲကြီးနဲ့...........

ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့မောင်ကိုကျွန်မဘယ်လိုနားလည်ရမှာလဲ................

ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့.......မောင်ရယ်ကျွန်မပြောပါရစေ........

မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော........... ကျွန်မပြောပါရစေ....



အတိတ်

မောင်ကလေကျွန်မကိုစတွေ့တုန်းက..................ချစ်တယ်ချစ်တယ်ဆိုပြီ......

ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..............ငါးကြော်မကြိုက်ကြောင်မိုက်ဆိုသလို.

မောင့်လို.အုတ်စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမိုက်ဖြစ်သွားမှာပေါ့

မောင့်လိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး........သူငယ်ချင်တွေတားနေတဲ့ကြားထဲက...............

ငါ့လှေငါထိုး.ပဲခူးရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်.................ဆိုပြီး

မောင့်ကိုကျွန်မလက်ခံခဲ့တာလေ.......... ဒါပေမဲ့.မောင်နောက်ကျတော့

ကျောချမှ ဓားပြမှန်းသိ.......ဖွတ်ထွက်မှတောင်ပို့မှန်းသိ.........သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်

မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆိုတာပဲ..................

ကျွန်မနဲကထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်

သူငယ်ချင်းတွေကတော့ပြောပါတယ်..........အပြစ်တင်ကြတယ်.ကိုယ်စိးတဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့

မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ.................ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့?

ဒါပေမယ့် လေမောင့်ရဲ့............

အဲဒီအချိန်က..မျက်နှာကိုမြင်လိုက်ရတော့.ကျွန်မလေ...ပျက်အဆင်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွတ်ခဲ့တယ်.....

မောင်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကိုး

ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မောင်............(လူကနေ ခွေးဖြစ်ရပါလားနော်)

နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ.....................

ဘယ်သုမပြုမိမိမှု .ဆိုသလို..............မောင့်ကိုအပြစ်မတင်ပါဘူး..............

အရိပ်ပြလို့မှအကောင်မမြင်တဲ့ကျွန်မအပြစ်ပါဘဲ.

ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ........

ကလေးကျမှလှေကားထောင်.....သူခိုးပြေးမှထိုးကွင်းထဆိုသလို...................

ဘာလုပ်ရမှန်းကိုမသိတော့ဘူး



လက်ရှိဘဝ

မောင်...........အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ............................

ကျွန်မဘယ်သူ့ ကိုမှဒီအကြောင်းတွေမပြောချင်ဘူး...........ဟောင်လွန်းသည့်ခွေးလူမလေး.....ဆိုသလို. (သူလဲ ဘ၀ပြောင်းသွားတယ်ကိုး)

ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်...................ပြီးတော့ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.

ကျွန်မရဲ့အရည်အချင်းနဲ့............................မောင့်ထက်သာတာတော့အေးဆေးရနိုင်တယ်မောင်

သိသာသိစေမမြင်စေနဲ့..........လို့ ပဲဆိုဆို.ကျွန်မကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်............

အမိမဲ့သားရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့.....................မောင်လဲ..

လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်......အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..

ကျွန်မကလက်ခံမယ်များမှတ်နေလား............

ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး............ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ................

မောင်အခုကျွန်မလေ

.မောင်မရှိတဲ့အချိန်မှာ.......ပျော်ပျော်နေသေခဲ......ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ....................

ပုဆိုးကြားကလက်သီးပြ.........တယ်လို့မထင်ပါနဲ့.............

မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ.....ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်

ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်ဘူးနော်................

ဥပေါ်ခဲကျလည်းဥပဲကွဲတာ.....ခဲပေါ်ဥကျလည်းဥကွဲတဲ့...................ခေတ်ရောက်နေပြီဆိုတာပါ

ခဲ

တစ်နေ့ တာ လုပ်သင့်တာလေး

1. ရေများများသောက်ပါ။

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါ)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးပါ။

6. ကစားခုန်စားလည်း များများပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်တော်ကတော့ 8 နာရီကျော်ကျော်လောက်ပဲ အိပ်တာ):P

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်တဲ့။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


*ကိုယ်ရည်ကိုယ်သွေး*

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘယ်လမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဖိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန်အကျွံ မလုပ်ပါနဲ့.. အတိုင်းအတာ တစ်ခုထိပဲလုပ်တာ ကောင်းပါတယ်။ (ဒါကြောင့်ကို.. ဘာမှမလုပ်ပဲ နေတာ..)

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက်ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ လုပ်ကိုင်စရာ လုပ်သင့်တဲ့ လုပ်တွေအားလုံးရှိနေပါတယ်။ အချိန်မဖြုန်းပါနဲ့။ (အလုပ်သိပ်မလုပ်နဲ့ လို့ လဲ ပြောတယ်။ အချိန်မဖြုန်းဖို့ လဲပြောတယ်နော်)။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။ (ရည်းစားအဟောင်းတွေ အကြောင်းသိပ် မစဉ်းစားနဲ့  ပေါ့လေ။ )

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။ (များများချစ်သင့်တယ်လေ)

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြဿနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

*လူမှုဆက်ဆံရေး*

25. သင့်မိသားစုနဲ့ မကြာခဏဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး၊ ဘွားဘွားတွေ၊ အသက် 6 နှစ်အောက်ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံးရယ်သွားအောင် ကြိုးစားကြည့်ပါလား။

30. တစ်ခြားသူတွေ သင့်ကိုဘာပဲထင်ထင်။ ကောင်းတဲ့ အလုပ်ဆို များများသာလုပ်ပါ။

31. သင့်ရဲ့အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကိုလာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


*ဘ၀*

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကံ ကံ၏အကျိးကိုယုံပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ..မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် .....ကုသိုလ်များများလုပ်ပါ ...စိတ်ထားကောင်းကောင်း မွေးမြုပေးပါ။


35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..လုပ်သင့်တာလုပ်..။
ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာဦးမှာပါ။ကြိုးစားရမှာ မိမိ တာဝန်သာ ဖြစ်တယ်။


38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်း လူဖြစ်လာတဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းသိပါစေ....(ဆရာဝန်လုပ်ဖို. သူဠေးကြီးလုပ်ဖို့ အင်ဂျင်နီယာကြီးဖြစ်ဖို့ လူဖြစ်လာတာမဟုတ်ပါဘူး ကောင်းမူကုသိုလ်တွေလုပ်ဖို. လူဖြစ်လာတာပါ။)


39. ကိုယ့်ရဲ့အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။ဒုက္ခတွေကို ပေါ့ပါးစွာဖြစ် ရင်ဆိုင်ပါ။



ရှမ်းကလေး (အီးမေးလ်မှစာအား ပြန်လည်ဝေမျှလိုက်ပါသည်၊ သီတင်းလဲကျွတ်ပြီဆိုတော့လဲ ချစ်သူများပျော်ရွင်နိုင်ပါစေဗျာ)

Thursday, October 1, 2009

သူ့ မှာလဲ နှလုံးသားနဲ့ ပါ....

မောင်..

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအင်္ကျီ အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။ ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။ မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့ အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။ အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။ မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့ ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင် နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။ မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့ မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....

ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။

"မောင်"

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက် စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။ မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"

မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့ မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................



ရှမ်းကလေး (ပို့ ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်လျက်)