Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, June 28, 2009

အချစ်ရဲ့  . . . . လွမ်းရက်များ

လမ်းခွဲချိန်မှာ မင်းမနှုတ်ဆက်ပါနဲ့ 
အပြုံးမပျက် ငါ့ကိုကြည့်နေပါ။

လွမ်းလို့ ငိုလဲ မင်းရင်ထဲမှာပဲ
သိမ်းထားပါလား။

အနမ်းပွင့်လေး ငါ့ပါးမှာ မချွေပါနဲ့ 
နောင်အခါ တွေ့ ချိန်လေးမှာ
ပေးဖို့ ထား ထားပါ။

အချစ်အကြောင်း သောင်းပေါင်းမပြောပါနဲ့ 
ငါကြားချင်သာ မင်းခံစားချက်လေးပါ။

ဘ၀အကြောင်းတော့ ငါမကြားချင်ပါ
မင်းနဲ့ သာ ငါကလက်တွဲမှာလေ။

မိုးတွေသွန်းလို့  ဖြိုးခဲ့ရင်လဲဘဲ
နိမိတ်မကောင်း ကံမကောင်းတတ်တယ်လို့ 
မိုးကို အပြစ်မတင်ပါနဲ့ ။

ကြယ်တွေကြွေတိုင်း ဆုမတောင်းပါနဲ့ 
ငါကြည့်ဖို့  ကြယ်လေးတွေ
ကျန်နေစေတယ်ကွာ။

နေပူတိုင်းလဲ မင်းဝမ်းနည်းပါနဲ့ 
အဲဒါမှ ဘ၀ကို ငါပိုနားလည်မှာပေါ့။

မင်းစိတ်ကစားလို့ 
အချစ်ပြောင်းရင်လဲ အသစ်က အဟောင်းထက်သာတယ်လို့ 
ထင်မှတ်လိုက်ပေါ့လေ။

ရည်းစားမကောင်းလို့ 
အချစ်ဟောင်းကို တမ်းတတဲ့အခါ
ငါ့မျက်နှာကိုတော့ မမြင်ယောင်ပါနဲ့ ။

ငါနဲ့ မရလို့  သားသမီးမွေးခဲ့ရင်လဲ
ငါ့နာမည်ပေးလို့  အလွမ်းဖြေမနေပါနဲ့ ။

မင်းငါ့ကိုချစ် အနှစ်ပိုနေရင်
လမ်းမခွဲပဲ ငါ့နှလုံးထဲမှာသာ
အစဉ်နေပေးပါ။


ရေးသူ။ ။ လေပြေ

ရယ်စရာလေးများ



Sorry ဗျာ...ခင်ဗျားမှာတဲ့ Pizza ကို email နဲ့ ပို့ လို့ မရဘူးဖြစ်နေတယ်ဗျာ။





မင်းကို ငါက download လုပ်ပြီးရလာတာ မဟုတ်ဘူး။ မွေးထားတာ ဟဲ့။




ဘာ... အိမ်စာစစ်ဖို့  မင်းရဲ့  homepage မှာ သွားကြည့် ရမယ် ဟုတ်လား ?





Romeo နဲ့  Juliet က online တက်ရင်း Chat Room မှာ တွေ့ တာလေ။ ဒါပေမယ့် သူတို့ ရဲ့  အချစ်ကံခေတော့ Juliet's hard drive ပျက်သွားချိန်မှာ သူတို့ အချစ်လဲ ပျက်သွားတယ်ကွယ်။

ဗေဒင် (၀ါ) စိတ်ခန့် မှန်းခြင်း

မေခွန်းများကိုသေချာဖတ်ပါ။ တခုခြင်းစီဖြေပြီးမှအောက်ကအဖြေများကိုဖတ်ကြည့်ပါ

၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ ။ အနက်။အပြာ ။အစိမ်း။ အ၀ါ ? (တခုရွေးပါ )

၂။ မင်းနာမည်ရဲ အစစာလုံးကဘာလဲ?

၃။ မင်းမွေးတဲ့လ?

၎၊ မင်း အဖြူရောင် ။အနက်ရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ?

၅၊ မင်းအချစ်ဆုံးလူရဲ့နာမည်

၆၊ မင်းအကြိုက်နှစ်သက်ဆုံး NO ?

၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား ။ကားမောင်းရတာကိုကြိုက်လား?

၈။ မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?

အဖြေ
နံပါတ် 1) အနီ - မင်းဟာတက်ကြွတယ် ။ မင်းရဲ့ဘ၀ဟာ အချစ်တွေနဲ့ပြည့်နေမယ်

အနက် - မင်းဟာလွတ်လွတ်လပ်လပ်နေရတာကြိုက်တယ် ။မင်းဟာရန်လိုတယ်

အစိမ်း- မင်းဟာအေးအေးဆေးဆေးနေတတ်တယ်။ ဘယ်တော့မှမပူပင်ဘူး

အပြာ -မင်းဟာသဘာဝဆန်တယ် ။မင်းဟာမင်းချစ်တဲ့သှူဆီကအနှမ်းကိုနှစ်သက်တယ်

အ၀ါ-မင်းဟာပျော်ရွင်တတ်တယ်။သူများတွေအကူအညီတောင်းရင်ကောင်းတဲ့အကြံတွေပေးနိင်တယ်

၂ မေးခွန်းရဲ့အဖြေများ

မင်းရဲ့နာမည်က A _ K အတွင်းဆိုရင် မင်းရဲ့ဘ၀မှာ ချစ်သူတွေ၊ သူငယ်ချင်းတွေ အများကြီးရှိမယ်
မင်းရဲ့နာမည်က L _ R အတွင်းဆိုရင် မင်းရဲ့ဘ၀မှာပျော်ရွှင်ဖို့ မင်းကိုယ်တိုင်လုပ်ရမယ် ၊မင်းဖြစ်ချင်တဲ့ဘ၀မကြာခင်ဖြစ်လာမယ်
မင်းရဲ့နာမည်က S _ Z အတွင်းဆိုရင် မင်းကသူများကိုကူညီရတာကြိုက်တယ် ၊ မင်းရဲ့အနာဂတ်အချစ်ခရီးလမ်းက အရမ်းကောင်း တယ်


၃ မေးခွန်းရဲ့ အဖြေများ

Jan _ Mar ဒီနှစ်ဟာမင်းအတွက်အားလုံးကောင်းတယ် ။မင်းအရမ်းချစ်တဲ့သူကိုမမျော်လင့်ဘဲ တွေ့ လိမ့်မယ်

April _June: မင်းအ၇ူအမူးအချစ်နဲ့တွေ့လိမ့်မယ် ဒါပေမယ့် အချိန်ကြာကြာတော မဟုတ်ဘူး ၊ ဒါပေမယ့် မင်းတဘ၀လုံးအမှတ်ရနေမယ်

July_Sep : ဒီနှစ်ဟာမင်းအတွက်အလွန်ကောင်းတယ် ၊ မင်း ဘ၀မှာကောင်း တဲ့ပြောင်းလဲမှူတွေကိုတွေရလိမ့်မယ်

Oct _ Dec : မင်းကြိုက်တဲ့ဘ၀ က သိပ်အကောင်းကြီးတော့မဟုတ်ဘူး၊ဒါပေမယ့်မင်းလိုချင်တဲ့ဘ၀မျိုးကိုမင်းရမယ်


၎ မေးခွန်းအဖြေများ

အနက် - မင်းဘ၀မှာ မတူညီတဲ့လမ်းတွေ ကိုသွားရမယ် ၊ အဲ့ဒီလမ်းတွေကိုသွှားတဲ့အချိန် မှာမင်းအတွက်အခက်အခဲတွေတွေ့ မယ်
ဒါပေမဲ့ဒါတွေဟာမင်းအတွက်ကောင်းတယ် ၊မင်းဟာပြောင်းလဲမူတွေကိုလက်ခံလာနိုင်မယ်


အဖြူ - မင်းသူငယ်ချင်းကသူလျို့ ဝှက်ချက်တွေကိုထုတ်ပြောရလောက်အောင်မင်းကိုယုံကြည်မယ်။ မင်အတွက်ဘာမဆိုလုပ် ပေးလိမ့်မယ်၊ မင်းကဒါကိုမယုံနိုင်ဘူးဖြစ်နေမယ်


၅ ရဲ့အဖြေများ

ဒီလူဟာမင်းရဲ အချစ်ဆုံးသူငယ်ချင်းဖြစ်တယ်


၆ရဲ့အဖြေများ

ဒါကမင်းရဲ့အရမ်းခင်တဲ့သူငယ်ချင်းအရေအတွက် ဖြစ်တယ်


၇ ရဲ့အဖြေများ

လေယာဉ် - မင်းဟာစွန့်စားရတာကိုကြိုက်တယ်
ကား - မင်းဟာအေးအေးသမားဖြစ်တယ်


ဂ ရဲ့အဖြေများ

ရေကန် -မင်းဟာသူငယ်ချင်းတွေ နဲ့  ချစ် သူ ကိုထောက်ပံ့ပေးတယ်။ မင်းဟာသူများကိုဦးစားပေးတယ်
ပင်လယ်- မင်းဟာသဘာဝကျ ကျနေတယ် ၊ လူတွေကိုကျေနပ်နှစ်သိမ့်မှူတွေပေးတယ်



ဖော်ပြသူ။ ။ ရှမ်းကလေး ( email မှရသောစာအားပြန်လည်၍ တင်ပြခြင်းဖြစ်ပါသည်။ )

Saturday, June 27, 2009

နားလည်စေချင်

သ၀န်တိုပြီး ရန်ရှာခဲ့တာ
မကောင်းမှန်း ငါသိပါတယ်။

သ၀န်တိုတာ အရမ်းချစ်လို့ 
သူ့ ကိုချစ်လို့  ဖြစ်တာပါ
ဒါလေးဘဲ နားလည်စေချင်တယ်။


ရေးသူ။ ။ လိပ်ကလေး

မျှော်လင့်ချက်

ဝေးသွားချိန်မှာ လူတိုင်းသိတာ
လွမ်းဆွေးချိန်သာ။

သူ့ ကိုကိုယ်တွေး ကိုယ့်နှလုံးမှာ
ထင်ကျန်နေသာ သူ့ ပုံရိပ်ပါ။

လူဝေးနေလဲ စိတ်ချင်းဆက်နေ
မိုင်ပေါင်းဝေးလဲ သတိရပေ။

ကိုယ်တွေးနေတာ လူချင်းဝေးလဲ
စိတ်ချင်းဆက်နေ ထင်ရပေတယ်
ကိုယ့်စိတ်ထဲမှာ မင်းရှိနေတာ။

မိုင်ပေါင်းဝေးလဲ ကိုယ့်နှလုံးထဲ
မင်းလေးကသာ အစဉ်စိုးမိုး
လွမ်းနေမိတယ်
အချစ်ဦးရယ်။


ရေးသူ။ ။ လေပြေ

အချစ်နဲ့  ဘဝ

ငါငယ်စဉ်က စဉ်းစားတာဘဝ
အရွယ်ရောက်တော့ စဉ်းစားတာ အချစ်
လူ့ အဖြစ်က အချစ်သားကောင်လား။

ရက်များပြောင်းလို့  နှစ်တွေကျော်ခဲ့လည်း
အချစ်အချစ်နဲ့  ငါ့ရက်တွေကုန်ခမ်း
လူသာပမ်းလို့  အချစ်နောက်လိုက်နေ။

အချိန်ညောင်းလို့  သူစိတ်ပြောင်းချိန်မှာ
ငါ့ဒူးငါဖက်လို့  ငါ့မျက်ရည်များသာ
ငါသုတ်နေသာ သူကမသိပါလားနော်။

အချစ်ကဒါလား မေးကြည့်ချင်တယ်
အဖြေရယ်ကမရှိ
ငါသိတာတော့
တစ်နေ့ နေ့ မှာ ငါလဲခံစားရမှာလေ
တွေးရင်းတွေးရင်း ခါးသီးလွန်းလို့ 
အမုန်းမီးပွားတော့ မပွားချင်လေ။

ဖြစ်သမျှကို ကံသာပုံလို့ 
ပြုံးပြုံးနေလိုက်မယ်နော်။


ရေးသူ။ ။ လေပြေ

ငါ့ရဲ့  ငါ

လွမ်းစရာများ ရင်မှာမျိုသိပ်
စိတ်ညစ်စွာနဲ့  ငါကကျောခိုင်း
ရင်ထဲစကား လမ်းမှာပေါက်ထွက်။

ငါ့ရဲ့ စကား လူများမသိ
ညီးညူသူက ငါတစ်ယောက်ထဲ
မပြုံးသူက မျက်နှာလွဲနေ။

ချစ်စကားများ ပွင့်အံနေလဲ
လေမှာလွင့်ပျံ ပျောက်ကွယ်နေလား
ငါ့ရဲ့ လူသား စဉ်းစားမရ။

ချစ်တယ်ချစ်တယ် မပြောသော်လည်း
ငါ့နှလုံးသား ကျိတ်မှိတ်ခံစား
မျက်ရည်များသာ အဆုံးသတ်သွား။

နောက်ဆုံးမှာတော့ ရင်ဝယ်ပိုက်လို့ 
ခံစားချက်များ ငါသိမ်းထားရ
မပြောပါလေ ရင်မှာကျိတ်မှိတ်
ငါမေ့လိုက်မယ်။



ရေးသူ။ ။ လေပြေ

Friday, June 26, 2009

ကျနော်နှင့် ကျနော့် ချစ်သူ

ချစ်ဝင်္ကာပါ ရစ်နှောင်နေတော့
သ၀န်တိုတာ မဆန်းပါလေ။

ရင်းနှီးဆက်ဆံ အပျိုနဲ့ တော့
သေနတ်ဒဏ်ရာ ကျောမှာဝဲမှာ။

မီးပြင်းပုံတော့ ချစ်မီးမမှီ
ငရဲကပင် ရှုံးနေသတဲ့။

ချစ်မီးတောက်မှာ ရစ်ဝဲနေတော့
ငရဲအောက်မှာ ခံစားရတာ
အော် ခုတော့ ငါသိရှိခဲ့ပြီ။

ငရဲမကြောက် မီးတောက်ထဲဝင်
ပျော်ရွင်နေတာ ငါလူကလေး
စိုင်းစိုင်းပါလေ။



ရေးသူ။ ။ လေပြေ

Thursday, June 25, 2009

မလား ?

ပြန်တွေ့ ချိန်လေးမှာ
မင်းမျက်နှာလေး အပြုံးတွေနဲ့ 
ကြိုဆိုနေမလား?


ခွဲရက်တယ်ဆိုပြီး
အမုန်းမီးလေးပွားမလား?

ရက်တွေပြောင်းလို့ 
မင်းစိတ်များ ပြောင်းသွားမလား ?

အတွေးများစွာနဲ့ 
အိပ်ရေးပျက်ခဲ့တာ မင်းတော့မသိပါ
မေးခွန်းတွေနဲ့  ရန်ဖြစ်တော့လည်း
မပျော်ရွင်တဲ့ အချိန်များသာ
ငါ့နံဘေးမှာ အဖေါ်ဆောင်လို့ 
ငါအရမ်းကို စိတ်မကောင်းဘူး
ချစ်ရတဲ့သူ ရယ်။


ရေးသူ။ ။ လေပြေ

မိုးနဲ့ အတူ

မိုးတွေသွန်းလို့  အေးချမ်းတဲ့ခါ
မင်းအပြုံးကြောင့် နွေးထွေးခဲ့တာ
တစ်သက်စာတော့ မေ့မရပါ။

စိမ့်စိမ့်ကြည့်တော့ မင်းလေးမေးတာ
ဘာလဲတဲ့ကွာ
ငါ့အတွက်တော့ မင်းအလှကို
မမြင်ဘူးတော့ ပြုံးမိတယ်ကွာ
အော် မင်းလေးက ချစ်စရာပေါ့။

ရက်တွေပြောင်းလို့  ခွဲသွားတဲ့ခါ
မိုးတွေသွန်းလို့ 
ငါ့နဲ့ အတူ ၀မ်းနည်းနေလား
မေးကြည့်ချင်တယ် ကောင်းကင်ကြီးရယ်။

ပြန်တွေ့ ချိန်လေး ရှိခဲ့ရင်လည်း
ကောင်းကင်ကြီးရယ်
ဝမ်းသာလွန်းလို့  သွန်းဖြိုးမလား
မိုးစက်လေးများ
ချစ်သူလေးများ အေးချမ်းဖို့ ရာ။


ရေးသူ။ ။ လေပြေ

တမ်းတမ်း တတ

တမ်းတမိတယ် အချစ်လေးရယ်
တမ်းတလွန်းလို့  အလွမ်းတွေဝေ
ကြွေခဲ့တယ်ပေါ့ ငါ့မျက်ရည်များ။

တမ်းတလွန်းတော့ လွမ်းမိတယ်ကွာ
ပူလောင်တဲ့စိတ် မငြိမ်းအေးပေ
တမ်းတလွန်းလို့  လွမ်းနေတယ်နော်။

တ သသနဲ့  ကြည့်တဲ့မျက်နှာ
ဝေးကွာသွားတော့ တ သသနဲ့ 
လွမ်းနေတယ်ကွာ။

တ စတတ်'တစ်' ချစ်မိတယ်နော်
တစ်သက်လုံးကွယ်
စောင့်မျှော်မလား မေးကြည့်ချင်တယ်




ရေးသူ။ ။ လေပြေ

ပြန်တွေ့ ချိန်

နှစ်ပေါင်းများစွာ ကြာလို့ 
တို့ တွေ ပြန်တွေ့ ကြတဲ့အခါ
တိတ်ဆိတ်စွာ မျက်ရည်တွေနဲ့ 
မင်းကို ဘယ်လို နှုတ်ဆက်ရမလဲ
အချစ်ရယ်။


ရေးသူ။ ။ ဘိုင်ရွန်

အထူးတောင်းပန်ချက်

လာလည်ကြသော မိတ်ဆွေများအား အထူးတောင်းပန်အပ်ပါသည်။ ကျနော်တင်ထားသော သီချင်းများမှာ အလုပ်မလုပ်သဖြင့် ကျနော်ကျိုးစားကာ ပြင်နေပါသည်။




ရှမ်းကလေး နှင့် လေပြေ

Friday, June 12, 2009

လွဲမှားခဲ့ပုံက

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက် ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။ သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး rျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့ မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့ မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ့ မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့ ပါတဲ့လေ။

“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”

“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ့  မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက် အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့ သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”


ရှမ်းကလေး။ ။ အီးမေးလ်မှ စာအားပြန်၍ တင်ပြပါသည်။

Wednesday, June 10, 2009

ထမင်းဝိုင်းက သားပြောတဲ့ စကား

သူငယ်ချင်း 3 ယောက်သည် အိမ်ထောင်ကျနေသော သူတို့ အချစ်ဆုံးသူငယ်ချင်းဆီ ညစာလာစားကြ၏။ လာလည်သော သူငယ်ချင်းများက အိမ်ရှင်၏သားစကားသိပ်မပြောသည်ကို တွေ့ သောအခါ....

သူငယ်ချင်း။ ။ ဟေ့ မင်းသားက သိပ်စကားမပြောပါလားကွ။

သူငယ်ချင်းသား။ ။ ကျနော်က ရှက်တတ်တယ်ဗျ။ ဒါကြောင့်မို့ စကားသိပ်မပြောတာဗျ။

ဟုပြောသောအခါ

သူငယ်ချင်း။ ။ ဒါဆိုရင် မင်းအမေ ပြောတတ်တဲ့စကားကို ပြောပါလားကွ။ ငါတို့ ကြားချင်လို့ ပါ။

ထိုအခါ သူငယ်ချင်းသားက သူ့ မေပြောသော စကားကို ပြန်ပြောသည်မှာ

သူငယ်ချင်းသား။ ။ ဟွန်း ဒီကောင်တွေကို အချိန်ကုန်၊ ပိုက်ဆံအကုန်ခံ ပြီးဘာလို့  ထမင်းခေါ်ကျွေးနေလဲမသိဘူး။ တဲ့



ရှမ်းကလေး

ကျိုင်းတုံက ရထားဘူတာ

ကျိုင်းတုံမှ ပြန်လာသော သူငယ်ချင်းတစ်ယောက်ဆီကသိရသည်မှာ ယခုတွင် ကျိုင်းတုံ၌ ရထားဘူတာအား 3 နှစ် စီမံကိန်းဖြင့် ဆောက်လုပ်နေကြောင်းသိရှိရပါသည်။

ထိုရထားဘူတာအား ကျိုးတုံကောလိပ်နှင့် မျက်နှာချင်းဆိုင် နေရာတွင်ဆောက်လုပ်နေပြီး ထိုနေရာ အနီးတစ်ဝိုက်ရှိ လယ်မြေများမှ စိုက်ထားသောစပါးများကို ရိတ်သိမ်းခွင့်ပင်မပေးပဲ မြေဖို့ လိုက်သည်။

ထိုနေရာတွင်နေသော လယ်သမားများသာ ဒုက္ခရောက်သည်မဟုတ်ပဲ ရထားဘူတာဆောက်ရန်အတွက် စီးဆင်းနေသော နမ့်ခိန်ချောင်း ကိုပါ မြေဖို့ လိုက်သဖြင့် ထိုချောင်းကို မှီခိုကာ လယ်မြေလုပ်ကိုင်နေသော လယ်သမားများအားလုံးလိုလိုပင် အခက်တွေ့ နေရပါသည်။

ထိုနည်းသူစွာ ဘူတာဆောက်သော နေရာနှင့် အနီးတစ်ဝိုက်ရှိ တောင်များကိုလည်းဖြိုလိုက်သဖြင့် လေအရမ်းတိုက်သည်ကို အနီးတစ်ဝိုက် နေထိုင်သူများ ကြုံတွေ့ နေရပါပြီး သူခိုးပေါများခြင်းကိုပါ ရင်ဆိုင်နေရပါသည်။

ဘူတာဆောက်သောအလုပ်သမားများသည် အထက်ပိုင်းမှလာသောအလုပ်သမားများဖြစ်ပြီး ဘူတာဆောက်သော အနီးတစ်ဝိုက်တွင် ပင် မိသားစုများဖြင့် နေထိုင်ကြပါသည်။

ထိုဘူတာပြီးပါက စစ်သားရွေ့ ပြောင်းရန်အလွန်လွယ်ကူမည် အပြင် အထက်ပိုင်းမှ အရှေ့ ပိုင်းသို့  လူရွေ့ ပြောင်းမှုများ ပိုမို များပြားလာနိုင်ပြီး အခက်အခဲအမျိုးမျိုး ကြုံတွေ့ နိုင်ကြောင်း။



ရှမ်းကလေး

ကြယ်တစ်ပွင့် နှင့် ဘ၀၊ အချစ်

တောက်ပတဲ့ ကြယ်တစ်ပွင့်
အမှတ်မထင် ငါတွေ့ ခဲ့တဲ့တစ်နေ့ 
ရလိုစိတ်နဲ့  ငါ့လက်ကို ငါဆန့် တန်း

ကောင်းကင်ထက်က ကြယ်တစ်ပွင့်
ငါ့ကို အမှုမထား
ဆက်လက်လို့ သာ တောက်ပနေစဲ။

ကြယ်ကို ငါဆုပ်ကိုင်လိုက်တော့
ကောင်းကင်က ငါ့ထက်ပိုမြင့်နေလို့ 
စိတ်ရှိပေမယ့် မရနိုင်ပါလား။

ငါအခါခါ ဆုပ်ကိုင်လည်း
ငါမိသာက လေကိုပါလား
ခေါင်းငိုက်စိုက်နဲ့  ငါ
စိတ်မပါစွာနဲ့ 
ကြယ်ကို ဥပက္ခာပြုလို့ 
ကျောခိုင်းခဲ့တယ် ယနေ့ ထိ။



ရေးသူ။ ။ လေပြေ

Thursday, June 4, 2009

ကျိုင်းတုံမြို့ လေး




(လေးပုံ တစ်ပုံလောက်တွင်မှ အသံထွက်သည်။ )

ရှမ်းကလေး

ငါနှင့် ငါ့ချစ်သူ

ငါလေအမြဲ အနိုင်ယူခဲ့
စကားလုံးတွေနဲ့  အပြစ်ဖွဲ့ ကာ
မပြောတော့ဟု ဂတိဆိုလည်း
အကျင့်ပါကာ ထပ်ခါပြောခဲ့။

ဘယ်လိုလုပ်မလဲ ငါ့အကျင့်ဆိုးက
သူ့ ကိုစိတ်ညစ် ဖွယ်လည်းဖြစ်။

သူ့ လောက်ချစ်သူ
ငါ့မှာနောက်တစ်ယောက်
ထပ်တွေ့ ရန်မှာ ခက်လိမ်းမည်။

ကလေးဆိုးဟု နာမည်ပေးကာ
သူလေငါ့ကို ဆက်ပြီးချစ်နေ
သိပ်ချစ်တယ် ငါလေသူ့ ကို။

သူနဲ့ ဝေးဖို့ စဉ်းစားတိုင်း
ငါ့မျက်ရည်တွေ ကျမိသည်
ငါ့အကျင့်ဆိုးတွေ ဖျောက်ရမည်
သူပျော်ရွင်စေဖို့  ရည်။



ရေးသူ။ ။ လိပ်ကလေး

ချစ်သူအတွက် လက်ဆောင်

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစ ရည်းစားအသစ်စက်စက်လေး တစ်ယောက်ရှိတယ်။ သူ့အသဲလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး ရင်ကောင်းမလဲလို့ အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။ သူမအတွက်လည်း အသုံးဝင်ရမယ်။ အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။


နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။ မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကိုသွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်။ ဆယ်ကျော်သက် လှလှလေးပါပဲ။

ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။ ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။ ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမကလက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင်ရေးပြီးစာတိုက်ကပို့လိုက်တယ်။

စာကတော့…

အသဲလေး

ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ လမ်းလျှောက်ထွက်တဲ့အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။ ကိုယ်ကနှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။ မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့တိုက်တွန်းတယ်။ ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။

အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်ဝတ်ပြချွတ်ပြသေးတယ်။ အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်းအာမခံတယ်လေ။ ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါနမ်းပစ်မိမှာပဲ။

သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသဲလေးရဲ့

ကို



တင်ပြသူ။ ။ ရှမ်းကလေး (Email မှစာအားပြန်၍တင်ပြခြင်းဖြစ်ပါသည်။)

Wednesday, June 3, 2009

ဝေးနေတယ်လား

မင်းနဲ့ ဝေးသွားတော့
ငါ့မှာ လွမ်းဆွေး
အတွေးပျက်လို့  ပြန်ခဲ့တော့ပေါ့
အချစ်ရယ်။

နောက်တော့ ငါ သံဝေဂရ
ခက်တော့တာပဲ ချစ်သူရယ်
ပြန်တွေ့ ပြီးခွဲတော့
လွမ်းရအုန်းမှာပေါ့။

လက်ထပ်ဖို့ တော့ ငါရည်ရွယ်
ပန်းတိုင်မရောက်သေးတော့ ခက်နေတာပေါ့။

ပန်းတိုင်ရောက်ဖို့  ကြိုးစားရင်း
ပင်ပန်းလွန်းတော့ လက်မှိုင်ကျ
မင်းအလှကို တမ်းတမိတယ်ကွယ်။

အော် မင်းနဲ့ ငါဝေးလဲ
အတွေးတွေနဲ့  နီးစပ်လို့ 
လမင်းကြည့်တိုင်း မင်းကြည့်မယ်လို့ 
ငါပြန်တွေးတော့
မင်းနဲ့ ငါ နဲ့ 
တစ်မိုးအောက် ထဲမှာရှိနေလို့ 
အချစ်တွေလည်း တိုးပွားပါစေကွယ်။


ရေးသူ။ ။ လေပြေ

ငါ့အဖေက အတော်ဆုံး

ကလေးသုံးယောက်သည် သူ့ အဖေကတော်သည်၊ ငါ့ အဖေကတော်သည်နှင့် ပြိုင်နေကြသည်။

ပထမကလေး။ ။ ငါ့ဖေက သူသေနတ်ပစ်လိုက်ရင် ကျဉ်ဆန် ပစ်မှတ်မရောက်ခင် သူက အရင်ရောက်နေတာကွ။

ဒုတိယကလေး။ ။ ဟာ မင်းအဖေလောက်ကတော့ ငါ့အဖေက သနားသေးတယ်ကွ။ ငါ့အဖေဆိုရင် သူ့ ပေါင်ကြားကို ကျောက်ခဲနဲ့ 
ဘယ်လောက်ထုထု မမုဘူးငါ့မောင်။ (ရိုင်းသည်ဟု မထင်လို ဟာသသာ)

တတိယကလေး။ ။ ဟိုး မင်းတို့ အဖေလောက်ကတော့ ငါ့အဖေက ကလေး ကစားစရာပဲမှတ်တယ်တယ်ကွ။ မင်းတို့ မသိသေးလို့ ၊ ဒီမှာ ငါ့အဖေဆိုရင် ငါငယ်ငယ်ထဲက ရေငုတ်လိုက်တာ ခုထိတောင် အသက်မရှူပဲ အောက်မှာ နေ၊နေတုန်းပဲကွတဲ့



ရှမ်းကလေး (ငယ်ငယ်တုန်းက ဖတ်ထားသော ဟာသများအား ပြန်၍တွေးတော တင်လိုက်ပါသည်။ )