Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, August 6, 2012

တိတ်ဆိတ်ခစား

မျက်ဝန်းနောက်က လွမ်းရိပ်ခြေရာ
ဘယ်ဆီဝေဖြာ တမ်းတနေလဲ
ချစ်ကိုဝေမျှ ခစားနေလဲ
 မင်းမျက်ဝန်းက လွမ်းရိပ်ခြုံကာ
လစ်လှူရှုတော့ .....
တိတ်ဆိတ်ခြေလှမ်း လွမ်းခြင်းပိုက်ကာ
ရင်မှာအောင့်သက် ချစ်မီးမြိုက်လို့ 
ငြိမ်သက်စွာနဲ့  စောင့်နေပါ့မယ်။



လေပြေ


Tuesday, January 3, 2012

ခရီးသွားမှတ်တမ်း၊ ဗီယက်နမ် (၁.၃) အခန်းရှာပုံတော်..

စာဖတ်ပရိတ်သတ်တို့ ရေ.. ခုတစ်လော အရှုပ်တွေလုပ် အလုပ်တွေရှုပ်နေလို့ .. စာသိပ်မရေးဖြစ်သလိုဖြစ် သွားတယ်ဗျာ။ မင်္ဂလာနှစ်သစ်မှာ.. စာဖတ်သူများအားလုံး စိတ်၏ပျော်ရွှင်ခြင်း၊ ကိုယ်၏ချမ်းသာခြင်း များဖြင့် ပြည့်ဝပါစေလို့  ဆုတောင်းပေးပါတယ်ဗျာ။

ကျနော်မျိုး.. ရှမ်းကလေးကတော့ ထုံးစံအတိုင်းပေါ့ဗျာ.. နေရာသစ်ရောက်တော့ နေစရာသစ်ရှာနေရ တယ်လေ။ ဒီမှာက ငွေရှိရင်နေစရာတော့ ရှာရမခက်လှပါဘူး။ ပြောမှလားလို့  မထင်လိုက်ပါနဲ့ ဗျာ။ ဒီက နေစရာတွေကတော့ အများအားဖြင့် မိသားစုနဲ့  ရှယ်ပြီးနေရတဲ့ပုံစံပါ။ ဆိုလိုတာက .. မိသားစု တစ်ခုက အခန်း ၅ ခန်းပါတဲ့.. တိုက်ခန်းကိုပိုင်တယ်ဆိုပါစို့ ။ ကိုယ်က အခန်း ၅ ခန်းထဲက တစ်ခန်းကို ဌားတာပေါ့ဗျာ။ ဘိုလိုပြောရင်တော့ homestay ပေါ့ဗျာ။ ကျနော်တော့ အဲလိုမျိုးကိုမကြိုက်ဘူး.. မလွတ် လပ်ဘူးလေ။ အများအားဖြင့်က ၁၀ နာရီမှပြန်လာရမယ်..ဆိုတာမျိုးကိုး။

အဲလွှတ်လွှတ်လပ်လပ်ကြိုက်ရင်တော့ နိုင်ငံခြားသားတွေနေတဲ့ နေရာတွေမှာဌားရတာပေါ့ဗျာ။ ဒါပေမယ့်လဲ နိုင်ငံခြား သားတွေနေထိုင်တဲ့နေရာဆိုရင်တော့ ဈေးအနဲဆုံးက ဒေါ်လာ ၃၀၀ ဗျ။

အဲဒါကဈေးနှုန်းပေါ့နော်။

ဗီယက်နမ်က.. မြန်မာနိုင်ငံနဲ့ သိပ်မဝေးလို့ ထင်ပါရဲ့ .. ဧည့်စာရင်းတိုင်ရတယ်ဗျာ။ သူတို့ မှာက နိုင်ငံခြား သားတွေနေနိုင်တဲ့နေရာနဲ့ .. နေလို့ မရတဲ့နေရာရယ်လို့ သတ်မှတ်ထားတယ်လေ။ နိုင်ငံခြားသား နေနိုင် တဲ့နေရာဆိုရင်တော့ ပိုပြီးပေးရတော့ပေါ့ဗျာ။ မတိုင်ပဲနေလို့ မရဘူးလားလို့ မေးရင်တော့.. ရပါတယ်။ ဒါပေမယ့် ရဲတွေစစ်လို့ တွေ့ ရင်တော့ .. မောင်းထုတ်ခံရပြီး.. လမ်းမပေါ်မှာအိပ်ရလိမ့်မယ်ဗျ။ နောက်တစ်ခု ကတော့.. နိုင်ငံခြားသားနေထိုင်ခွင့်မပြုပဲ.. လက်ခံရင်.. အိမ်ရှင်က ဒဏ်ငွေဆောင်ရတယ်လေ။ ဒဏ်ငွေ ကတော့ ၅၀၀၀၀၀၀ (၂၅၀ ဒေါ်လာ) ပါ။

အခန်းအတွက်တော့ ကျနော်တော်တော်လေးရှာလိုက်ရပါတယ်။ နောက်ဆုံးတော့ရသွားတာပေါ့ဗျာ။ မြို့ ရဲ့  နဲနဲ အစွန်ဆုံးနေရာမှာပေါ့လေ။ ဈေးကတော့ ၁၉၀၀၀၀၀ (ဒေါ်လာ ၁၀၀ နီးနီး၊ ၂၀၀၀၀၀၀ က ဒေါ်လာ ၁၀၀ ပါ)။ ရေဖိုး၊ မီးဖိုးမပါပေါ့ဗျာ။ အခန်းကတော့ အောက်ကပုံအတိုင်းပါပဲ။ ကုတင်ပေးထားတာပေါ့နော်.. ကျန်တာအားလုံး ၀ယ်ပြီးဖြည့်ရတာပေါ့။ အိမ်တာနဲ့  ရေချိုန်းခန်းကတော့ အခန်းနဲ့ တွဲရက်ပါ။ ရေပူ ရေနွေး မပါဘူး။ (ဒီမှာက အရမ်းအေးတယ်လေ။ ရေနွေးမပါလို့  ရေသိပ်မချိုးဖြစ်ပြန်ရော။ )



ကဲ... လျှို့ ဝှက်ချက်လေးပြောပြမယ်နော်။ ကျနော်နေတဲ့နေရာက နိုင်ငံခြားသားနေလို့ ရမရတော့ မသိဘူး။ ပိုင်ရှင်ကတော့ ရှင်းပါတယ်။ နေလို့ ရတယ်.. ပြီးရင် ရဲစခန်းမှာ ကိုယ့်ဖာသာ ကိုယ်သွားတိုင်ပါတဲ့။ ရှုပ်နေ မှာစိုးလို့  ကျနော့်ဗီယက်နမ်သူငယ်ချင်းက သူ့ နာမည်နဲ့  အခန်းကိုစာချုပ်ချုပ်လိုက်တာပေါ့ဗျာ။

အဲလိုလုပ်တာကတော့ မကောင်းမှန်းသိပေမယ့်.. ဈေးသက်သက်တာတာရဖို့ လုပ်ရတာပေါ့ဗျာ။ ဖြစ်သလို  ပဲနေလို့ ရပါတယ်။ ဒါပေမယ့်.. အလုပ်လုပ်မယ်ဆိုရင် အလုပ်လုပ်ခွင့် work permit လိုတယ်လေ။ အဲဒါ လျောက်ဖို့ က ကိုယ်နေထိုင်တဲ့နေရာက ရဲစခန်းထောက်ခံစာလိုပြန်ရော။ ထောက်ခံစာ မပါပဲနဲ့  အဲဒီ အလုပ်လုပ်ခွင့် work permit လျောက်လို့ မရပြန်ရော။

ခုချိန်ထိတော့.. ဘယ်သူတံခါးခေါက်ခေါက်မဖွင့်ပေးပဲ.. ကြိတ်မှိတ်ပြီးနေနေပါတယ် စာဖတ်ပရိတ်သတ် တို့ ရေ။ နောက်မှ အလုပ်အကိုင်ရယ်... ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြမယ်နော်။

နှစ်သစ်မှာ စာဖတ်ပရိတ်သတ်တွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့  ကျန်းမာပါစေလို့  ထပ်လောင်း ဆုတောင်း ပေးပါတယ်ဗျာ။


ရှမ်းကလေး