Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, May 30, 2009

ငါ့အကြောင်း

ငါ့ အရက်ဝိုင်းက စကားလုံး
ပျံ့ နှံ့ နေခဲ့
ဘယ်စီရောက်လို့  ဦးတည်နေလဲ။

ငါပြောတာက အနာဂတ်
ခုချိန်မှာတော့ခက်နေပါလား။

နိုင်ငံရေးကြောင်း သောင်းပြောင်းပြောလည်း
အားမရှိတော့ ခက်ပေါ့ ငါ့ဘ၀။

ချစ်ကြောင်းပြောလဲ
ခက်နေစဲ
ဖူးစာရှာတဲ့ငါ့ဘ၀။

စီးပွားရေးတော့ မခက်ပါ
ငါရှာဖွေတာ စားတာပေါ့။

သူငယ်ချင်းတော့ ရှိတယ်လေ
စိတ်သိတာမရှိပေါ့။

ငါ့ဘ၀အကြောင်း
ပြန်ပြောင်းတော့
ငါ့မှာ ပါမှ မရှိပါလားနော်။


ရေးသူ။ ။ လေပြေ

Sunday, May 24, 2009

သံလွင် နှင့် ငါ

ငါလုပ်ကိုင်တာ တောင်ယာ၊လယ်ပါ
ငါအားချိန်တော့ သားလက်ဆွဲကာ
သံလွင်မြစ်မှာ ငါးမျှားခဲ့တာ။

သံလွင်မြစ်ကို ငါအသုံးပြု
သူပြုစုသော ငါးကိုငါစား
သူကြောင့်ရတဲ့ ၀င်ငွေလေးကြောင့်
ငါကကြီးပွား။

ခုတော့

သံလွင်မြစ်မှာ ဆည်ဆောက်တော့ရာ
မျှော်လင့်မိတယ် ထိန်ထိန်ချိန်လေး။

သူ့ ကျေးဇူးကို ငါကချန်ရစ်
သူ့ ကြောင့်တည်တဲ့ ငါ့အသက်တော့
သူမစီးတော့ သန်းပေါ့မှောင်ရိပ်။



ရေးသူ။ ။ လေပြေ

Friday, May 22, 2009

ချင်းမလေးဆီက ရည်းစားစာလေး

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။

မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။

မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။

တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..

နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ လို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။

မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)..ဆီးပွားရေက အဆင်မပြေဘူးလေး..။

မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်ကချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။

မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)


ရှမ်းကလေး (e-mail မှစာအားပြန်၍ ဖော်ပြလိုက်ပါသည်။ )

ထိုင်းနှင့် မြန်မာ သိစရာ

ယနေ့ ၌ ကျနော်သည် လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားစရာရှိသဖြင့် လမ်းတွင်ဖတ်ရန် ထိုင်းဟာသ မဂ္ဂဇင်းတစ်ခုကို ၀ယ်လိုက်၏။ ထိုသို့ ဖတ်ရင်း တစ်နေရာတွင် သူခိုးများ၊ များလာရခြင်း၏ အကြောင်းကို ရေးသားထား၏။

သူတို့ ရေးသားထားသည်မှာ ‘ ခုတော့ သူခိုးတွေပေါများလာတယ်ဗျာ။ အဲဒါက မြန်မာပြည်က အလုပ်သမားတွေပေါများလာတော့ လဲ သူခိုးတွေပေါများလာတယ်ပေါ့။ သူတို့ က ကျနော်တို့ ပြည်မှာလဲ လာနေသေး မြေပိုင်ရှင်ဖြစ်တဲ့ ထိုင်းလူမျိုးတွေကိုလည်း လာရန်ရှာသေးတယ်ဗျာ။ သူတို့ က ကျေးဇူးရှင်ကို ပြစ်မှားနေတယ်နော်’ ဟု ရေးသားထားသည်။

ထိုအရေးအသားသည် ထိုင်းဖြင့်ရေးသားထားသော်လည်း ထိုင်းစာ ဖတ်တတ်သော ကျနော့် အဖို့ တော့် ထိုစာကိုဖတ်ပြီး အလွန်ကို ၀မ်းနည်းသည့် အပြင့် စာရေးသူ၏ စိတ်ထားသေးသိမ်မှုကို အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။

အကြောင်းမှာ ကျနော်တို့ သည် ထိုင်းလူမျိုးများမလုပ်သော အလုပ်ကို လုပ်ကိုင်ပြီး အန္တရယ်များသော အလုပ်များကို ထိုင်းလူမျိုး များ ကိုယ်စားလုပ်နေသော ကြောင့်ဖြစ်သည်။

သို့ သော်လည်း ရှေးစကားပုံတိုင်း ‘ ငါးတစ်ကောင်ပုပ်လျင် တစ်လှေလုံးပုပ်သည်ဆိုသော စကားပုံကို ပြန်၍ သတိရမိ၏။ ’ ကျနော် တို့ မြန်မာနိုင်ငံသား အနေဖြင့် မကောင်းသည်များကို လုပ်မိလျှင် လုပ်မိလိမ့်မည်။ သို့ သော် အားလုံးကို အကျိုးသက်ရောက်လေသည်။

ထိုနည်းတူစွာ ကျနော်စဉ်းစားမိသည်မှာ လူတစ်ယောက်သည် မကောင်းသော်လည်း ပြန်၍ ပြင်ဆင်နိုင်သည် ဆိုသည့်အတိုင်း သတ်မှတ်ထားသော်လည်း ထိုင်းလူမျိုးများမှာ မြန်မာ မှလာသော လူမျိုးများကို သမိုင်းကြောင်းကြောင့် အလွန်ပင် မုန်းသီးတတ်ကြ၏၊ ( ပညာတတ် များမှ တစ်ပါး)

ထို့ ကြောင့် ထိုင်း၌အလုပ်လာလုပ်သူများ အေးငြိမ်းဖို့ ရာ မြန်မျာအလုပ်သမားများ အနေဖြင့် ရိုးရိုးသားသား လုပ်ဆောင်ရန်နှင့် ပြဿနာ မရှာမိရန် အထူးကို သတိပေးနှိုးဆော်အပ်ပါသည် ခင်ဗျား။


ရှမ်းကလေး အတွေ့ အကြုံ

ဘုန်းကြီးနှင့် ‘လ’

လမုရွာတွင် ကျောင်းထိုင်ဘုန်းကြီးမရှိသဖြင့် ရွာသူကြီးက မြို့ မှ ဘုန်းကြီးတစ်ပါးအား ကျောင်းလာထိုင်ရန် ပင့်လိုက်၏။ သို့ နှင့် ဘုန်းကြီးရောက်လာပြီးနောက်၊ ဘုန်းကြီးသည် သူကြီးအားခေါ်ကာ ရွာပတ်လည်လိုက်လံ ကြည့်ရှူလေသည်။

တစ်နေရာအရောက်တွင် ဘုန်းကြီးက ‘ဒကာ ဒီချောင်းက ဘာချောင်းလဲကွယ့်?’ ဟုမေးလိုက်၏။ ထိုအခါ သူကြီးက ‘လမု’ ချောင်းပါဘုရား’ ဟုပြန်၍ဖြေ၏။

သို့ နှင့် ဆက်လျှောက်သွားသည်တွင် ငှက်တစ်ကောင်ကိုတွေ့ ကာ ‘ဒကာ ဟိုမှာ နားနေတဲ့ ငှက်က ဘာငှက်လဲကွယ့်’ ဟုမေးသော အခါ သူကြီးက ‘လဒ ပါဘုရား’ ဟုပြန်၍ ဖြေလေ၏။

ထို့ နောက် ဘုန်းကြီးက ‘ဒါနဲ့  ဒကာတို့ ရွာနာမည်က ဘာလဲကွယ့် ?’ ဆိုသော်၊ သူကြီးက ‘လမုရွာပါ ဘုရား ’ ဟုပြန်လျှောက်လေ၏။

သို့ နှင့် ဘုန်းကြီးသည် ‘အင်း ဒီရွာက ဒကာ၊ ဒကာမ တွေက ‘လ’ စကားလုံးကို တော်တော်ကြိုက်တာပဲ’ ဟုကောက်နှုတ်ချက် ချလိုက်၏။

တစ်နေ့ တွင် နေမွန်းတည့်တော့မည်ဖြစ်သော်လည်း ဆွမ်းမကပ်သေးသဖြင့် ဘုန်းကြီးက ‘လ’ သံဖြင့် ‘ဟဲ့ လဒကာကြီးရဲ့  လမွန်းတည့်တော့မယ်လေကွာ လဆွမ်းကပ်ပါတော့လား လဒကာကြီးရယ့် ’ ဟု မိန့် ကြားလိုက်လေသတည်း။




ရှမ်းကလေး (သီချင်းအားပြန်၍ ရေးသားထားပါသည်။)

ကွန်တုံး ယူအုံးမလားရှင့်

အရောင်းစာရေးမလေးတစ်ယောက်သည် ကောင်တာကို ကျောပေးကာ ပစ္စည်းများကို စီနေ၏။ ထိုအချိန်တွင် ဆိုင်တွင်းသို့  ပစ္စည်းလာ ၀ယ်သောသူတစ်ယောက် ရောက်လာပြီး ကောင်တာဆီသို့  တိုက်ရိုက်ရှောက်လာကာ ‘ဒေါက် ဒေါက်’ နှင့်ခေါက် လေ၏။

ထိုအခါ အရောင်း စာရေးမလေး သည်နောက်သို့  လှည့်မကြည့် ပဲ၊ နောက်လိုက်အုန်းမည်ဟု တွေးကာ

‘ တခြားစားစရာနဲ့ ၊ အန္တရာယ် ကင်းရအောင် ကွန်တုံးလေးပါယူသွားအုန်းမလားရှင့်’ ဟု လမ်းမေးလိုက်၏။ ထိုအခါ

‘ မယူတော့ပါဘူးကွယ်၊ ဘုန်းဘုန်းက အဲဒါတွေကို မသုံးပါဘူး ဒကာမရယ်’ ဟု ရှူဆေးလာဝယ်သော ဘုန်းကြီးက ပြန်၍ ဖြေလိုက်လေ သတည်း။



ရေးသူ။ ။ ရှမ်းကလေး

Thursday, May 21, 2009

မေလိုးနှင့် ရှမ်းကလေး

တစ်နေ့ တွင် ရှမ်းကလေးသည် မြို့ ပေါ်တက်ရန် ကားတစ်ဆီးဖြင့်လိုက်ပါသွားသည်။ ရန်ကုန်တွင် ကားဆီးသည်မှာ Jame Bond ကားထက်ပင် ပို၍ အသက်အန္တရယ် ကြီးပါသည်။

အကြောင်းမှာ ကားနောက်ဘက်တွင် ကုတ်ကတ်သွယ်စီးရသည်မှာ Spider Man ပင်အရှုံးပေးရပါသည်။ ထိုအချိန်တွင် ကားနောက် သွယ်ဆီးလာသော ဗမာတစ်ယောက်၏ ဦးတုပ် ပြုတ်ကျသွားသောအခါ၊ သူက " မေလိုး" ဟုဆဲလိုက်၏။ ထိုအခါ ဗမာစကား မသိသော ရှမ်းကလေးသည် ဦးထုပ်ကို ဗမာလို မေလိုးဟု ထင်မိသွား၏။

ထို့ ကြေင့်တစ်နေ့ သော အခါ ရှမ်းကလေးသည် မြို့ ပေါ်တက်ကာ ဦးထုပ်ဝယ်ရန်ရှိသဖြင့် အိမ်မှထွက်ခဲ့မည် လုပ်သောအခါ သူ့  မိန်းမက " ရှင် ဘယ်သွားမလို့ လဲ " ဟုမေးသော အခါ ရှမ်းကလေးက " မေလိုးသွားဝယ်မလို့ ကွ " ဟု ပြန်ဖြေသောအခါ

သူ့ မိန်းမက " မေလိုးကဘာလဲရှင့် " ဟုပြန်၍မေး၏။ ထိုအခါ ရှမ်းကလေးက " မိန်းမ မင်းမသိရင် မှတ်ထား၊ မေလိုးဆိုတာက ဗမာလို ဦးထုပ်ကို ပြောတာကွ " ဟုပြန်ဖြေဆို၏။

သို့ နှင့် ရှမ်းကလေးသည် မြို့ ပေါ်တက်ခဲ့၏။ တစ်နေရာတွင် ကုလားမကြီးက ဦးထုပ်ရောင်းသည်ကို တွေ့ သောအခါ ရှမ်းကလေးက " အမကြီး မေလိုး တစ်ခု ဘယ်လောက်လဲ ဗျ " ဟု မေးသောအခါ။


စာဖတ်သူများ စဉ်းစားကြည့် ပါလေ။

ရှမ်းကလေး

Tuesday, May 19, 2009

ချစ်သူဘဝ

မင်းကိုတွေ့ တော့ ငါ့စိတ်မခိုင်
ချစ်ခဲ့မိတော့ ငါမနေနိုင်
ပွင့်အံခဲ့ပေါ့ ငါ့အချစ်ဖိုင်။

မင်းကလက်ခံ ချစ်တုန့် ပြန်တော့
မေ့မရနိုင် ယနေ့ ထက်တိုင်။

ချစ်သူဘ၀ ပျော်ရွင်ခဲ့ကြ
နောက်ပိုင်းရောက်လာ စိတ်ညစ်စရာ
အထင်လွဲမှား စွတ်စွဲပြောဆို
အို.... စိတ်ညစ်တယ်နော်။

မင်းနဲ့ ဝေးတော့ လွမ်းရပြန်ရော
ပြန်တွေ့ ဖို့ ရာ လက်ချိုးရေရာ
မျှော်လင့်တော့တ စောင့်မျှော်ခဲ့ရ။

ပြန်တွေ့ ရတော့ ၀မ်းပန်းတသာ
ကြည်နှူးပြန်ရာ
မမေ့နိုင်စရာ ရက်များသာ။

အချိန်တန်တော့ ဝေးရပြန်ပေါ့
ဘယ်ချိန်ခါဝယ် ပြန်တွေ့ မကွယ်
မျှော်လင့်စောင့်မျှော်
မရေမရာ ဤကမ္ဘာ၀ယ်။


ရေးသူ။ ။ လေပြေ

ကျီးကန်းဗျ ကျီးကန်း

အသက် 80 အဘိုးကြီးသည် သူ၏ ပညာတတ်သား အသက် 45 အရွယ်နှင့် အပြင်ဘက်ထိုင် ခုံတွင်ထိုင်နေ၏။ ထိုအချိန်တွင် ကျီးကန်းတစ်ကောင်သည် ၀ရံသာတွင် လာနားသည်ကို အဘိုးကြီးတွေ့ သောအခါတွင် သူ့ သားအား "အဲဒါ ဘာလဲကွ ?" ဟု မေးသောအခါ သားက ကျီးကန်းလေ ဟုဖြေသည်။

ခဏ အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ထပ်မေးသောအခါ သားက ကျီးကန်းလေ ဟုပြန်ဖြေလေ၏။ နောက် ခဏ အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ဟု ထပ်မေးလေသည်။ ထိုအခါ သားဖြစ်သူသည် စိတ်အနည်းငယ်တိုလာပြီး ကျီးကန်းလေဗျာ ဟု ဒေါသသံဖြင့် ပြန်ဖြေလေသည်။

နောင်အကြာတွင် အဘိုးကြီးက "အဲဒါ ဘာလဲကွ ?" ဟုထပ်မေးသောအခါ သားဖြစ်သူသည် အလွန်စိတ်ဆိုးကာ ကျီးကန်းဗျ ကျီးကန်း ဟု ပြန်ဖြေလေသည်။

ထိုအခါ အဘိုးကြီးသည် အိပ်ခန်းတွင်းသွားကာ သူ၏ ဒိုင်ယာရီစာအုပ်ကိုယူကာ သူ့ သားအားဖတ်စေ၏။ ထိုဒိုင်ယာရီ တွင်ရေးထားသည်မှာ "ကျနော်သည် သားနှင့်ထိုင်နေချိန်တွင် ကျီးကန်းလာနားသောအခါ ကျနော့်သားက "အဲဒါ အဖေ ?" ဟုမေးသောအခါ ကျနော် က ကျီးကန်းလေ" ဟုဖြေ၏။

ခဏ အကြာတွင် ကျနော့်သားသည် ထိုမေးခွန်းကို ထပ်၍မေးပြန်သောအခါ ကျနော်လည်းထပ်ဖြေခဲ့သည်။ ထိုအတိုင်း ကျနော့်သားသည် ထိုမေးခွန်းကို 23 ကြိမ်တိုင်တိုင်မေး၏။ ကျနော်လည်း 23 ကြိမ်တိုင်တိုင် စိတ်မဆိုးပဲဖြေခဲ့သည့်ပြင် ကျနော့်သား၏ ရိုးသားမှုကိုသာ ၀မ်းပန်းတသာနှင့် ကြည့်နေခဲ့၏" ဟု ရေးသားထားသည်။

သို့ သော် သားဖြစ်သူမှာ လေးကြိမ်မျှမေးခံရယုံဖြင့် ဒေါသထွက်လေသည်။



ရေးသူ။ ။ ရှမ်းကလေး

Sunday, May 17, 2009

ဘ၀ တစ်ကွေ့ ကြုံတွေ့ ရသော ပြဿနာ

ကျနော်သည် ထိုင်း၌နေစဉ်အတွင်း ပြဿနာများကြုံတွေ့ ရပြီး ပြန်စဉ်းစားသောအခါတွင် ရယ်စရာနှင့် သင်ခန်းစာရဖွယ် အဖြစ်အပျက် များကိုပြန်လည်သတိရသဖြင့် ပြန်၍မျှဝေလိုက်ပါသည်။

တစ်နေ့ တ၌ ကျနော်သည် အလုပ်ကိစ္စတစ်ခုကြောင့် နယ်သို့ ထွက်ရမည်ဖြစ်သဖြင့် စောစောအိပ်ရာထကာ လုပ်စရာရှိသည်များကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်တော့သည်။

လုပ်ဆောင်ပြီးသောအခါ ချိန်းထားသောနေရာသို့  အရောက်သွားတော့သည်။ ထိုနေရာရောက်ပြီး တခဏတွင် ကျနော့်ဗိုက်သည် ဖော်မပြနိုင်အောင် နာကျင်လာပြီး အိမ်သာသွားရန် အတင်းတိုက်သွန်းနေလေတော့သည်။ ခက်သည်မှာ ကျနော်ရောက်နေသော နေရာသည် ကုန်တိုက်ရှေ့ ဖြစ်သော်လည်း စောလွန်းသဖြင့် ကုန်တိုက် မဖွင့်သေးပါ။ ထို့ ကြောင့် ကျနော်မှာ ကြံရာမရဖြစ်ကာ အောင့်အီးနေလိုက်တော့သည်။

ခဏအကြာတွင် နယ်သို့ သွားမည့်ကား (တက္ကစီ) ရောက်လာသဖြင့် ကျနော်လိုက်ပါသွားတော့သည်။ လမ်းသို့ သွားရာတစ်ရှောက်တွင် ကျနော့်ဗိုက်သည် အလွန်နာကျင်လာသဖြင့် ကျနော်သည် လက်သီးကိုဆုပ် ခြေထောက်ကို ကုတ်ထားသည်မှာ ပိုလီယို ဖြစ်သော သူများထက်ပြင် ပို၍ ကြည့်မကောင်းသော အခြေအနေသို့ ရောက်နေသည်။ (တော်တော် ခံရခက်ပါသည်။ )

ထို့ ကြောင့်ကျနော်သည် အာရုံပြောင်းသောနေဖြင့် စာအုပ်ဖတ်နေသော်လည်း နာကျင်မှုကို မခံနိုင်သဖြင့် စာအုပ်ကိုသာ ဆုပ်ကိုင်နေမိတော့ပါသည်။ ထို့ နောက် ကျနော်သည် ကားအား ဓါတ်ဆီဆိုင်တွင်ရပ်ခိုင်းကာ အိမ်သာတို့ အမြန်ပြေးတော့သည်။ သို့ သော် ကံမကောင်းစွာဖြင့် အိမ်သာမှာ ရေများပြည့်နေပြီး လုံးဝ သုံး၍မရသော အခြေအနေရောက်နေပြန်ပါသည်။ (စဉ်းစားကြည့်ပါဗျာ ဘယ်လောက်ခံစားရမယ်ဆိုသာ ရှေ့ မှာရှိနေပြီး ဟိုဟာလုပ်လို့ မရဖြစ်နေတာ)

ထို့ နောက်ကျနော်သည် ကျိတ်မှိတ်ကာ ကားပေါ်သို့ သာဆက်လက်လိုက်ပါသွားတော့သည်။ ကားရပ်ခိုင်းပြီးဖြစ်သဖြင့် ကျနော်သည် နောက်ထပ် အကြောင်းပြချက် မရှိတော့သဖြင့် ဆက်လက်၍ ခြေကိုကုပ် လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားရပါတော့သည်။

အဲ...နောက်ဆုံးတော့ ကျနော်တို့ သည် နေ့ လည်စာထမင်းစားရန်လမ်းတွင် ရပ်လိုက်တော့မှသာ ကျနော်သည် ဆိုင်ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် ကိစ္စဖြေရှင်းနိုင်တော့သည်။ စဉ်းစားကြည့်လေ မနက်စောစော ကနေ နေ့ လည်ထိ ကျနော်ဘယ်လောက်များ ခံစားရမလဲဆိုတာ။ ဒါကြောင့် ကျနော့် ဘ၀မှာ မေ့မရတဲ့ ကိစ္စပါဗျာ။


ရှမ်းကလေး

စောင့်မျှော်နေမယ်

ခဏတစ်ဖြုတ် တွေ့ ရချိန်မှာ
ကိုယ်မမေ့ပါ မှတ်မိစဲပါ
ကိုယ့်အတွက်တော့ ဓါတ်ပုံလေးပေါ့။

ကိုယ့်ကိုပြောတဲ့ မင်းစကားသံ
ကိုယ်ပြန်အောက်မေ့
နားထဲဆွဲနေ ယနေ့ ထိပေ။

မင်းလေးမေတ္တာ ကိုယ့်ပေါ်ဖြန့် ဖြူး
မမေ့သေးပါ ကိုယ့်စိတ်ထဲမှာ
သတိတရ ရှိနေစဲပါ။

မင်းလေးအပြုံး စကားသံလေး
ကိုယ်မမေ့ပါ
မင်းစေတနာ အောက်မေ့တုန်းပါ
စောင့်မျှော်နေမယ် ပြန်ဆုံဖို့ ရယ်
ထာဝရပါကွယ်။


ရှမ်းကလေး။ ။ ဘာသာပြန် (wok don yong jai (shan poem)) ၍ ဖြည့်စွတ်ထားသည်

Friday, May 15, 2009

လောင်းကစားနိုင်နည်း

လူသားတိုင်းသည် တခါတစ်ရံ လောင်းကစားကလေးများ ကြုံကြိုက်ပါက ကံစမ်းတတ်ပါသည်။ ထိုသို့ စမ်းခြင်းကြောင့်ပင် ပါသမျှ ကုန်သည်များလည်း ဖြစ်သွားပါသည်။ ထို့ ကြောင့် မဖြစ်ရန် ဤနည်းကလေးအား မျှဝေခြင်းဖြစ်သည်။

လေးကောင်ဂျင်နိုင်နည်း

လေးကောင်ဂျင်ထိုး တိုင်းတွင် လူတိုင်းသည် မိမိ နိုင်ရမည်ဟု အမြဲယုံကြည်တတ်ကြသည်။ တစ်ချို့ ဆိုလျှင် ငါဒီနေ့ နိုင်မယ်ကွ ဟု လူသိရှင်ကြားပင် ကျုံးဝါးတတ်သည်။ ထိုသို့ သောသူများသည် အများအားဖြင့် အရှုံးဖြင့်သာ ကြုံတွေ့ ရလေသည်။

ထို့ ကြောင့် လေးကောင်ဂျင်နိုင်ရန်မှာ အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ရမည် (သို့ ) နိုင်မည်ဟု ယုံကြည်သူများကို ပထမ ရှာဖွေရမည်။ တွေ့ ရှိပါက ၄င်းများနှင့် ဆန့် ကျင်၍ထိုးရန်သာဖြစ်သည်။

အကြောင်းမှာ ထိုသူများနှင့် ကိုယ်လိုက်ထိုးမိပါက ကိုယ်လည်း ရှုံးသူများထဲ အပါအ၀င်ဖြစ်သွားလိမ့်မည်။ ထို့ ကြောင့် ထိုသူများနှင့် ဆန့် ကျင်၍ထိုးပါက 80% နိုင်ချေရှိလေသည်။


(ရွှေဥသောင်း စာအုပ်မှ ကြုံကြိုက်၍ တွေ့ သဖြင့် စုဆောင်းတင်ပြလိုက်ပါသည်)

ရှမ်းကလေး

Wednesday, May 13, 2009

ကြယ်တွေ ကြွေတိုင်း.............မှာ

ကြယ်ကြွေတိုင်းမှာ မင်းဆုတောင်းခဲ့တာ
အတူနေရဖို့ တွက် တစ်သက်လုံးတဲ့။

ခုတော့ ကြယ်တွေကြွေတိုင်း ငါတိုင်ငေး
ငါ့နဘေးမှာ မင်းမရှိတော့။

ငါ့ကို သနားတဲ့ကြယ်ရယ်
ငိုနေတာလား ကြွေနေတာလား။

တစ်ခါတလေ ဆုတောင်းမိရဲ့ 
ကြယ်မရှိဖို့ အတွက်

ဒါပေမယ့်

ကြယ်လေးတွေရယ်
တခြား ချစ်သူတွေကို ဖြည့်စွက်ပေးပါကွယ်
သူတို့ တောင်းဆု ပြည့်နိုင်ဖို့ ရယ်။


ရေးသူ။ ။ လေပြေ

စိမ်းစိမ်းလန်းလန်း

တို့ ရဲ့ မြေများ စိမ်းလန်းချေလား
မြင်ကွင်းအဆုံး ဖုံးလွမ်းထားတာ
လယ်ယာမြေများသာ။

မြေကြီးလေးမှ ရွှေသီးပေါက်ကာ
ပျော်ရွှင်ရတယ် တောင်သူကြီးရယ်။

စောင့်စားရတာ တစ်နှစ်လုံးမှာ
ရွှေများသီးမှ ပျော်ရွင်တယ်ဗျ။

ခုတော့

ရွှေသီးသော်လည်း ဆင်းရဲနေစဲ
တောင်သူကြီးရယ် ၀မ်းနည်းပါတယ်။

လယ်မြေအစား အစိမ်းရောင်များ
ပြည့်နှက်နေသာ
ပွမ်ပွမ်မြည်တဲ့ ကားစိမ်းများသာ။

စိမ်းနေစဲပါ ကျွန်ုပ်တို့ ဆီမှာ
လယ်ယာမြေတော့ မဟုတ်တော့ပါ
အစိမ်းရောင်သုတ် ဆိုင်းပုတ်များသာ။


ရေးသူ။ ။ လေပြေ

Tuesday, May 12, 2009

ငါ့ ရဲ့ ခံစားချက်

မင်းနဲ့ ငါကြား မိုင်ပေါင်းခြားထား

လွမ်းတဲ့စိတ်များ မငြိမ်းပါလား။

ရက်ပေါင်းတိုးလေ ပိုပြီးလွမ်းနေ

တွေ့ ချင်စိတ်က တားလို့ မရ။

နှလုံးသားနဲ့  ချစ်မြတ်နိုးတော့

ရုပ်ကခြားလည်း စိတ်ခြင်းကမြဲ။

ကြေးဒြပ်ဂုဏ်ဆောင် ငါမလိုပေါင်

ငါလိုချင်တာ မင်းအနားမှာ။



ရေးသူ။ ။ လေပြေ

Sunday, May 10, 2009

လင်မယား ကွဲကြပုံ

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့ ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့ မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ
တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။
အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက "ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။

Saturday, May 9, 2009

ကျွန်ုပ်၏ ယာခင်း 5 ခင်း

ပထမယာခင်း
လူ အပေါင်းနဲ့  တိုင်းပြည်အတွက်
နေပြည်တော်ဘက် ပို့ ဆောင်မည်။

ဒုတိယ ယာခင်းသည်
ငြိမ်းချမ်းဖို့ ရာ နီးစပ်ရာကို
ဆက်သမည်။

တတိယ ယာခင်းက
နေရပ်ဌာနီ အကျိုးရှိမည်
ထို အကျိုးဆောင်ဖို့ 
သုံးရတယ်ဗို့ ။

စတုတ္ထ ယာခင်းကတော့
အနာဂတ်တွက် ကောင်းမွန်ဖို့ ရာ
ကလေးများကို ကျောင်းထားရမှာ

ပဉ္ခမ ယာခင်းလေးက
နေ့ စဉ်စားသုံးဖို့ ရာ သုံးမှာ

အဲ ပိုးကျလို့ 
ယာခင်းပျက်တော့
လူ့ အကျိုးဆောင် ဖို့ ရာ
အိမ်ကိုပေါင် ရှိသာဆောင်လို့ 
သူရဘွဲ့ အစား
အကြွးများသာ တင်နေမှာ
ကျွန်ုပ်တို့  တောင်သူများပါ။


ရေးစပ်သူ။ ။ လေပြေ

မြန်မာပြည်ရဲ့  ဘွန်း (007)







ရုပ်ရှင်ကြည့် ရန်

ShweO မှယူထားပါသည်။

ရှမ်းကလေး

စိုင်းစိုင်းရဲ့  သီချင်းနဲ့  idea စတိတ်ခုံ

Friday, May 8, 2009

ကြင်ဖော်ရှာနည်းတဲ့

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း

" အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ "

" ကညာမွန် အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ "

" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "

" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "

" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ "

" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ "

" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်* လည်းမရွေးနဲ့ "

" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ "့

" ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "

" အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "

" ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "

" ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း *ကောင်လည်း မရွေးနဲ့ "့ 

" ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ "

" ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "

" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့"

"နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့"

Thursday, May 7, 2009

အကြွေးဆပ်နည်းလေးပေါ့

ကျနော်တို့ ရှမ်းပြည်တွင် ဆောင်းရာသီဆိုလျှင် အလွန့် အလွန်မှ အေးလှပါသည်။ ခြေအိပ်ဝတ် လက်အိပ်ဝတ် အပြင် နင်းကျားဦးထုပ် (မျက်လုံးသာ ပေါ်သောဦးထုပ်)ဆောင်းရလောက်အောင်အေးလွန်းပါသည်။ အဲ မှန်ကြည့်ပါက နိုင်ငံခြား ရုပ်ရှင်ထဲက ဘဏ်ဓါးမြများနှင့် တူပါပေသည်။

တစ်နေ့ တစ်၌အေးလွန်းသဖြင့် အအေးပြေအောင် လက်ဖက်ရည်သောက်ရန်ထွက်လာခဲ့သည်။ ရောက်သောအခါ အကြွေးရှင်နှင့် တွေ့ သဖြင့် တွတ်ပီကဲ့သို့  "ငါ ဒီနေ့ ကံမကောင်းပါလားနော်" ဟုသာတလိုက်ရတော့သည်။

"ဟေ့ ရှမ်းကလေး၊ မင်းအကြွေးဘယ်တော့ ပေးမလဲကွ? မင်းယူထားတာ ရာစုနှစ် 2 ခုလောက်ရှိနေပြီနော်။"

" ဟာဗျာပေါက်ပေါက်ရှာရှာ ခုမှ ကျနော်က ဆယ်ကျော်သက်ပဲရှိသေးတာ ဘယ်နဲ့  ရာစုနှစ် 2 ခုကျော်သွားတာလဲဗျ?"

" ဆယ်ကျော်သက် ဟုတ်လား? မင်းက အဘိုးကြီးကိုလည်း ဆယ်ကျော်သက်လို့ ခေါ်သာပဲကော?"

" အော်ဗျာ တစ်ဆယ်ကျော်ရင် ဆယ်ကျော်တက်ခေါ်တယ်ဟုတ်? အဲဒီတော့ နှစ်ဆယ်လဲ ဖြစ်နိုင်တယ်၊ သုံးဆယ်လဲဖြစ်နိုင်တယ်လေ"

" မင်း ရီးတီးယားတား မလုပ်နဲ့ နော်။ မနက်ဖြန်မင်း အကြွေးမပေးရင် ရွာအနှံ့  မင်းအကြွေးမပေးကြောင်းကြေငြာမယ်နော့်"

အော် ဘ၀ဘ၀၊ ဗေဒင်ဟောတော့ မပင်မပန်းနဲ့  လက်စွမ်းက ပြောင်မယ်တဲ့။ ခုတော့ ပြောင်တာမှ တက်တက်ပါလားနော်။ အင်း ကြံရာမရတော့ အကြွေးရှင်ညီမှာ ငှားပြီးပေးယုံပေါ့လေ ဟဲဟဲ။

နောက်တစ်နေ့ 

" ဒီမှာ ခင်ဗျားအကြွေးတွေနော်။ အတိုးကော အရင်းကောဗျ။ အင်း.... စာရေးစရာကို အထင်မsmall နဲ့ လေဗျာ ဟဲဟဲ"

" မင်းမဆိုးဘူး။ နောက်အကြွေးလိုရင် ငါ့ဆီမှာ ချေးလို့ ရတယ်နော် ရှမ်းကလေး "

ဟဲဟဲ သိတယ်ဟုတ် သူ့ ဆီကချေးပြီး သူ့ ညီကိုပြန်ဆပ်။ သူ့ ညီဆီက ချေးပြီး သူ့ ကိုပြန်ဆပ်ပေါ့ဗျာ။ (လုပ်နေကျလေ ဟားဟား)


ရေးသူ။ ။ ရှမ်းကလေး

Wednesday, May 6, 2009

တဲ့

မျဉ်းပြိုင်နှစ်ကြောင်းက
ဘယ်တော့မှ မဆုံစဉ်းပေမယ့်
ဆုံစည်းခဲ့ရင်တော့
တစ်ကြောင်းတည်း ဖြစ်သွားတယ်တဲ့။ (အချစ်လဲအဲလိုပါပဲ)

ဆန့် ကျင်ဘက်ထွက်သွားတဲ့
လူနှစ်ယောက်တော့
တစ်နေ့ နေ့ မှာ ပြန်ဆုံမယ်တဲ့။

မိုးနဲ့ မြေနဲ့  မဆုံပေမယ့်
တစ်နေ့ တော့ဖြင့်
ဖူးစာ တော့ဆုံမယ်တဲ့။

အိပ်စက်ပြီးတော့ အလုပ်လုပ်
အလုပ်လုပ်တော့ ပင်ပန်း
ပင်ပန်းတော့ အိပ်စက်နဲ့ 
လူ့ ဘ၀က ငြီးငွေ့ စရာတဲ့။

ကိုယ့်ဆုတောင်းပြည့်ဖို့ 
ကြယ်တွေကိုသာ ကြွေကျစေမယ်ဆိုရင်
ညမှာကြည့်ဖို့ 
ကြယ်တွေလည်း မရှိတော့ဘူးတဲ့။

လူအချို့ က သူ့ ဘ၀မှာ
စိတ်အလှုပ်ရှားဆုံး အချိန်
အရမ်းပျော်ခဲ့တဲ့ အချိန်
ဂုဏ်အယူဆုံး အချိန်
ကြောက်စရာ အကောင်းဆုံးအချိန်
ဝမ်းအနည်းဆုံး အချိန်တွေ
ဆုံးရှုံးနေတယ်တဲ့။



လေပြေ


(watch movie)

http://www.supernovatube.com/play.php?viewkey=a59270edd2033372f2f6

အသဲကွဲသမားများနှင့် မေးမြန်းချက် 2

တစ်နေ့ တစ်၌ အသဲကွဲသမားများနှင့် ပြန်တွေ့ ဆုံသောအခါ

ကျော်ကျော်။ ။ ကို ရှမ်းကလေးပါလား။ ကို လေပြေကို မတွေ့ ပါလားဗျ။

ရှမ်းကလေး။ ။ အော်သူလား ခင်ဗျားတို့ ပဲ ဘီယာသောက်တာ နှလုံးသားကို ဖာတေးဖို့ ပါဗျာလို့  ပြောလိုက်တယ်ဆို? ဒါကြောင့် သူလဲ ကုစားနေလေရဲ့ ဗျာ။ ဟာ...ကျော်ကျော် ဆေးလိပ်တွေ ပြန်သောက်နေတယ်ပေါ့? ဖြတ်လိုက်ပြီမဟုတ်လားဗျ?

ကျော်ကျော်။ ။ ကျနော်က ကနော့်ရည်းစားအတွက်ဖြတ်တာပါဗျာ။ သူပြောတယ်လေ "ဆေးလိပ်နဲ့  ကျမ ဘယ်ဟာရွေးမလဲတဲ့"။ ခု သူကျနော့်ကို ဖြတ်သွားတော့ ကျနော် ဆေးလိပ်ကို ပြန်ရွေးတာလေဗျာ။

ရှမ်းကလေး။ ။ 1 go 2 come ပေါ့လေ။ ဆေးလိပ်ရော ရောဂါရော (စိတ်တွင်းကြိတ်၍ ရေရွတ်မိသည်။) နိုင်နိုင် ခုတလေ ဂစ်(ဒ်)တာ တွေလိုက်တီးဖြစ်နေတယ်ဆို? တော်တော်လေးထော နေရောပေါ့။

နိုင်နိုင်။ ။ အင်းဗျာ "သူထားခဲ့ကတည်းက ဂစ်(ဒ်)တာ ပဲလိမ့်တီးနေလိုက်တာ ခုတော့ ဂစ်(ဒ်)တာ တော်တော်တီးတတ်နေပြီ" လေ။ ထောတော့မထောပါဘူး ဒါပေမယ့် စားနိုင်သောက်နိုင်ယုံပါပဲဗျာ။

ရှမ်းကလေး။ ။ အဆိုးထဲက အကောင်းပေါ့ဗျာ။ ဦးကျော်ကကော ဘယ်လိုလဲဗျ?

ဦးကျော်။ ။ ငါ့ philosophy ကတော့ "မင်းကို ငါ အရမ်းချစ်လို့  ရရင့်နဲ့ ပဲ ပြိုမလား ရပင့်နဲ့ ပဲ ပျို မလား ငါစောင့်နေပါ့မယ်" ဆိုတဲ့အတိုင်း စောင့်နေတာလေကွာ။

ရှမ်းကလေး။ ။ အော်အော် သစ္စာရှိလိုက်လေခြင်းဗျာ။


ပြုစုသူ။ ။ ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်။)

Tuesday, May 5, 2009

အသဲကွဲသမားများနှင့် မေးမြန်းချက်

တစ်နေ့ တစ်၌ အသဲကွဲသမားများ ၀ိုင်းဖွဲ့ သည်နှင့် ကြုံကြိုက်သဖြင့် ၍မေးမြန်းခန်းဖြစ်ပေါ်လာရသည်။ (မဖြစ်ချင်ပဲ ဖြစ်တာပေါ့ ရှင်းရှင်းပြောရရင်တော့)

လေပြေ။ ။ ညီညီ ခင်ဗျား ရည်းစားက ခင်ဗျားကို သစ္စာမဲ့သွားတယ်ဆို?

ညီညီ။ ။ ပေါက်ပေါက် ရှာရှာဗျာ "သူကျနော့်ကို သစ္စာမဲ့သွားတာမဟုတ်ပါဘူး သူတခြားတစ်ယောက်ကို သစ္စာပိုရှိသွားတာပါဗျာ" (ခိုးချတာ ခိုးချတာ သူငယ်ချင်းဆီက ဟဲဟဲ)

လေပြေ။ ။ ထားပါတော့လေ။ နိုင်နိုင်ကော အခုတစ်လော ရည်းစားနဲ့ ကွဲပြီးတော့ ဘီယာပဲ ဇွတ်သောက်နေတယ်ဆို?

နိုင်နိုင်။ ။ "သောက်ချင်လို့ သောက်တာ မဟုတ်ပါဘူးဗျာ၊ ဘီယာများ ကျနော့်နှလုံးသားကို ကူညီဖာတေးပေးမလားဆိုတဲ့" ရည်ရွယ်ချက်နဲ့ သောက်နေတာဗျ။

လေပြေ။ ။ အင်းအင်း ဟုတ်ပါပြီဗျာ။ ကျော်ကျော် မင်းကောင်မလေးက မင်းဖုန်းဆက်တိုင်း ချချသွားတယ်ဆိုကွ?

ကျော်ကျော်။ ။ "သူကျနော့်အတွက် အရမ်းစဉ်းစားပေးတာကိုးဗျ။ ကျနော် ဖုန်းခ တက်နေမှာစိုးလို့ တဲ့"

လေပြေ။ ။ ဟုတ်မှာပါ ဟုတ်မှာပါ။ မင်းမင်း မင်းကောင်မလေး လက်ထပ်သွားတယ်ဆိုကွ?

မင်းမင်း။ ။ ဟုတ်တယ်လေ။ သူက "ကျနော့်ဘ၀မှာ သူ့ ထက်ကောင်းတဲ့သူ လာပါစေဆိုတဲ့ စေတနာနဲ့ " လက်ထပ်သွားတယ်ဗျ။

လေပြေ။ ။ တယ်လာတဲ့ စာဆိုပါလားကွ။ ဦးလေးက မိန်းမ အိမ်ပေါ်ကဆင်းတော့ လမ်းစရိတ်တောင်ပေးလိုက်တယ်ဆို ?

ဦးလေး။ ။ "အင်းလေ သူမှမချစ်တော့တာ ငါလဲ ၀မ်းသာတယ်လေ အဲလိုသိရတော့။ ဒါကြောင့်ဝေးဝေးသွားအောင် လမ်းစရိတ်ပါ မစလိုက်တာလေကွာ။ (ဆရာတော် ဦးဇောတိက စာအုပ်မှ ကောက်နှုတ်ထားတာပါ)

လေပြေ။ ။ ဘုရား တရားနဲ့ ပေါ့နော်။ ဦးကျော်က ဘာလို့  မယားငယ်ထားတာလဲဗျ ?

ဦးကျော်။ ။ အော် ထိုင်းသီချင်းလိုပေါ့ " မင်းတို့ နှစ်ယောက် ကြား ငါ့အားမရွေးခိုင်းပါနဲ့  နှစ်ယောက်လုံးကကောင်းတာကိုး " ဆိုတဲ့ အတိုင်းပေါ့ကွာ။ (အတု မခိုးရ ငရဲကျနိုင်သည်)

လေပြေ။ ။ ဒါနဲ့  ဦးကျော်က ဘာလို့ နှစ်ယောက်လုံးနဲ့  ပြတ်ခဲ့တာလဲဗျ?

ဦးကျော်။ ။ အင်း ကိုထီးရဲ့ သီချင်းအတိုင်း "ဖူးစာ မစုံတော့ ကံကိုတာ ပုံချခဲ့ရတယ် မေရယ်" ပေါ့ကွာ။

လေပြေ။ ။ အင်းအင်း၊ ကျနော်လည်း ဘုရားပဲ တရတော့ မယ့်ပုံပဲဗျာ။



ရေးသူ။ ။ လေပြေ (ဆက်လက်ဖော်ပြပါမည်)

ဖွယ်ဖွယ်ရာရာ အချစ်စကားလုံးလေးများ

၁။ ။ everything has the beginning ဆိုတဲ့ စကားလုံးကမှန်ပေမယ့် မင်းကို အဆုံးအစမရှိချစ်တဲ့ ကိုယ့်အချစ်ကသာလို့  မှန်ပါတယ်ကွာ။

၂၊ ။ မင်းနဲ့ ကိုယ်နဲ့ ဝေးတယ်ဆိုတာက မင်းနဲ့ ကိုယ်နဲ့ ထပ်တွေ့ ဖို့ ပါကွာ။

၃။ ။ ကိုယ် ကလေးတွေကို မချစ်တတ်တာက မင်းကိုပေးတဲ့ အချစ်ကို မဝေမျှချင်လို့ ပါကွာ။

၎။ ။ မင်းအချစ်ကို ပုံဖော်မယ့်အစား ငါ့နှလုံးသားကိုသာ ဆေးခြယ်လိုက်ပါ။

၅။ ။ လမင်းနဲ့ ပင်လယ်လိုပဲ မင်းနဲ့ တွေ့ ရင် ငါ့နှလုံးခုန်ချက်တွေ အဆက်မပြတ် တက်လိုက်ကျလိုက် ဖြစ်နေတယ်ကွာ။

၆။ ။ ငါ့မျက်လုံးမှိတ်တိုင်း မင်းပုံရိပ်တွေပဲ စိုးမိုးနေလို့  တရားထိုင်လို့ တောင်မရ ဖြစ်နေတယ်ကွာ။

ရ။ ။ မင်းရဲ့ လှပတဲ့ အပြုံးတွေကြောင့် သူများပြုံးတာ ငိုနေတာလားလို့ တောင်ထင်ရတယ်ဗျာ။

၈။ ။ မင်းရဲ့  ချိုမျှတဲ့ စကားလုံးလေးတွေကြောင့် သီချင်းတောင် နားမထောင်ဖြစ်တော့ဘူးကွာ။

၉။ ။ မင်းချစ်ကို ရတဲ့ညက သိန်းထီပေါက်တာထက် ကိုယ်ပျော်ခဲ့ပါတယ်။



ပြုစုသူ။ ။ လေပြေ

Monday, May 4, 2009

ပုလဲနှင့် ကြယ်ပွင့်

နှုတ်ဆက်ချိန်မှာ မင်းမျက်လုံးက ပုလဲတွေ
လင်းလက်လို့  ကြွေကျခဲ့တာ

တားလို့ မရတဲ့ ငါ့နှလုံးလည်း
ကြယ်ကြွေဖို့  ထွန်းအားပေးနေ
ထိန်းမရတော့ ငါ့ကြယ်လေးလဲ
မင်းကြောင့်ကြွေပေါ့

ကြွေတဲ့ ပုလဲနဲ့  ကြယ်ပွင့်
တစ်ကွေ့ မှာ တွေ့ မှာလား

မျော်လင့်အုန်းမယ်
အသက်ရှိနေသေးသ၍



ရေးသူ။ ။ လေပြေ

Sunday, May 3, 2009

2009's Flu

စတင်ဖြစ်သည့်နေရာ။ ။ Mexico

နာမည်။ ။ H1N1

ပေါ်ပေါက်လာပုံ။ ။ လူ၊ ကြက် နှင့် ၀က်တွင်းရှိ virus များပေါင်းစည်း၍ဖြစ်ပေါ်လာသည်။

ကူးစက်နည်း။ ။ လူ့ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်နိုင်သည်။

ရောဂါလက္ခဏာ။ ။ ရက်ရှည် အဖျားရှိခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးလွန်း၍ ပျို့ အန်ခြင်းများဖြစ်တတ်သည်။

ကာကွယ်နည်း။ ။ လက်အား မကြာခဏ ဆေးကြောပေးခြင်း၊ အစာစားရာတွင် ဇွန်း၊ ခရင်းများအား အသုံးပြု၍စားခြင်းအားဖြင့်
ကာကွယ်နိုင်ပါသည်။



မှတ်ချက်။ ။ သတင်းဌာနများမှ ကောက်နှတ်ထားပါသည်။

Saturday, May 2, 2009

မင်းအမျိုးဘက်ကလေ

လင်မယားနှစ်ယောက် ခရီးထွက်ရင်း လမ်းတွင်ကတောက်ကစ ဖြစ်ကြသည်။ ၄င်းတို့ ကားမောင်းလာစဉ် တစ်နေရာအရောက်တွင် နွားများအစာ စားနေသည်ကို တွေ့ သောအခါ

အမျိုးသမီး။ ။ ဟိုမှာ ရှင့်အမျိုးတွေ မြက်စားနေကြတယ်လေ။

အမျိုးသား။ ။ ဟုတ်တယ်ငါ့ အမျိုးတွေပဲ။ ဒါပေမယ့် မင်းဘက်ကတော်တာလေ။

လွယ်ပါတယ်ဗျာ

၁။ ။ ဟေ့မင်းနိုင်ငံခြားရောက်သွားတော့ မြန်မာပြည်သားတွေကို ရှာရတာလွယ်လားကွ?

၂။ ။ အင်းတော်တော်လေးကိုလွယ်ပါတယ်။

၁။ ။ ဘယ်လိုရှာတာလဲကွ?

၂။ ။ အင်း.... ပထမဆုံး အမှိုက်ပုံကိုကြည့်လိုက်၊ ကွမ်းတံတွေးတွေရှိနေရင် မြန်မာပြည်သားတွေရှိနေသာ သေချာပြီပေါ့ဗျာ။