Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, December 20, 2010

ဆောင်း

ဆောင်း..မင်းရောက်လာပြီလား?
အေးချမ်းခြင်းတဲ့လား..မင်းသယ်လာတာ?
နွေးထွေးမှုလိုတဲ့ ငါ့အတွက်ကတော့
လွှမ်းဆွတ်ခြင်းတွေပဲ မင်းသယ်လာတယ်။

ငါအပြင်ထွက်လိုက်တိုင်းမှာ
ချမ်းဆိမ့်ခြင်းရဲ့ အအေးက
ဟိုးမှာ..မရောက်နိုင်တဲ့နေရာတွေကို
လွှမ်းဆွတ်ဖို့  ပို့ ဆောင်နေတယ်ကွာ။

မင်းကို..မမုန်းပါဘူးကွာ
ဒါပေမယ့်...
နွေးထွေးမှုတော့..ငါရချင်တာပေါ့ကွာ..။


ရှမ်းကလေး

မေ့ပြီလားမေ...

လတွေပြောင်းလို့  နှစ်တွေခြားပြီ
အချိန်လွန်တော့ မင်းမေ့ပြီပေါ့?

ငါ့အနားမှာ ဟာတာနေတဲ့
အချိန်တွေပဲ အဖော်ပြုတယ်။

လွှမ်းဆွတ်ပေမယ့် မပြန်နိုင်တော့
ငါ့မှာမင်းကို ခိုင်လုံလှတဲ့
အကြောင်းပြချက် မပေးရက်ပါ။

မင်းစိတ်နာပြီး မေ့ခဲ့ရင်လေ
တစ်ခုလေးတော့ သိစေချင်တယ်
ငါလေမင်းကို ချစ်စဲပါမေ။

လေပြေ

Wednesday, December 15, 2010

မင်းရှေ့ မှာ...

နာကျင်မှာကြောက်လို့  ငါ့နှလုံးတံခါး
သော့ပေါင်းများစွာနဲ့  အထပ်ထပ်ပိတ်ထား
ခံစားချက်အားလုံး ဘေးကိုချိတ်ထားလို့ 
ငါဖြတ်ကျော်ခဲ့တယ်။

မလာပါနဲ့ မင်း ငါအတင်းတားလဲ
သော့တစ်ခုချင်းဖြုတ် ငါ့နားတိုးရက်တယ်။

ခုတော့ငါ့မှာလေ ခံစားချက်တွေကို
ပြန်လည်ခံစားရင်း မင်းရဲ့အပြုမှာ
ငါကျရှုံးသွားပြီ။

လေပြေ

Tuesday, December 14, 2010

ခွေးထက်တန်ဖိုးမဲ့တဲ့....

“ဟဲ့..ခွေးကောင်..သေနာကောင်..ခွေးမျိုး..ခွေးသူခိုး” ဆိုတဲ့..ဆဲဆိုမှုတွေက နေရာတိုင်းမှာ ကြားနိုင်ပါတယ်။ ကြားရ
ပါများလို့ လားမသိတော့ပါဘူး...ဒီလိုဆဲဆိုသံတွေကြားရင်...ရိုးနေသလိုလိုတောင်ဖြစ်နေပါပြီ။

ဆဲဒါကလဲ..ခွေးကို ဆဲတာမဟုတ်ပါဘူး။ လူကိုဆဲတာပါ။ ကြားနေကြဆဲဆိုသံလေးတွေပေါ့။ ဟိုနေ့ က ခွေးကို...
“ဟဲ့ခွေး...” ဆိုပြီးအော်မိတော့..အတိတ်ကဖြစ်ရပ်တစ်ခုက ဦးနှောက်ထဲကိုပြေးဝင်လာပါတယ်။ အတိတ်ကဖြစ်ရပ်ဆို
ပေမယ့်လဲ..ကြည်နှုးစရာမဟုတ်ပါဘူး။ မမှတ်ပဲနဲ့  အလိုလိုမှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုပါ။ စိတ်နာလို့ လား၊ နာကျဉ်းလို့ 
လားကတော့ ကျနော့်ကိုယ်ကျနော်လဲမသိပါဘူး။

တစ်နေ့ တွင်ရုံးတွင်ထိုင်၍အလုပ်လုပ်နေစဉ်...အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးတစ်ယောက်ရုံးသို့  မျက်နှာသုန်မှုန်
ထိတ်လန့် စွာနှင့်ရောက်လာလေသည်။

ရုံးမ..အစ်မ များကအပြင်ထွက်ကာ..မည်သို့ ဖြစ်လာသည်ကို မေးမြန်းပြောဆိုနေပါသည်။ ရုံးသွင်းထိုင်နေသော ကျနော်
လဲ..ဖြစ်နေကြ အဖြစ်အပျက်များမို့ ..သတိမထားမိပါ။

ခဏ အကြာတွင်..ရုံးမ..အစ်ကို၊ အစ်မ များအားလုံး လိုအပ်သည်များကို ယူဆောင်ကာ ခုန ကရောက်လာသော
အဒေါ်နှင့် ဦးလေးနောက်သို့ လိုက်သွားလေသည်။

ခုချိန်ထိတိုင်..ကျနော့်အတွက်ကတော့ ပုံမှန်ဖြစ်နေကြပါပဲလေ။ နှစ်နာရီ လောက်အကြာတွင် ရုံးမအစ်မများပြန်ရောက်
လာပြီး...ဘာသာပြန်ရမည့် အမှုဖိုင်တွဲကိုပေးပါသည်။

ကျနော်။ ။ “အစ်မ..ဒီနေ့ ကဘာဖြစ်တာလဲ?”

အစ်မ။ ။ “လူသတ်မှု”

ကျနော်။ ။ “ဖြစ်ပြန်ပြီလား?”

အစ်မ။ ။ “ဒီလိုပဲပေါ့ကွာ..သူများနိုင်ငံမှာနေတာ ဆိုတော့.. သူတို့ လုပ်တိုင်းကိုခံနေရတာပေါ့”

ကျနော်။ ။ “ဟူး...ထိုင်းမှာအလုပ်လာလုပ်တဲ့ မြန်မာလူမျိုးတွေရဲ့ အဖြစ်က မလွယ်ပါလား။ ပုရွက်ဆိတ်ထက်တောင်
လူ့ အသက်က တန်ဖိုးမဲ့နေပါလား။ ခုကဘယ်လိုဖြစ်ပြီး လူသတ်မှုဖြစ်ရတာလဲ?”

အစ်မ။ ။ “ရော့..ဒီမှာ စစ်ချက်။ မြန်မာလိုမှတ်တမ်းတင်ပြီးရင်..အင်္ဂလိပ်လိုပါဘာသာပြန်ထားလိုက်”

ကျနော်။ ။ “ဟုတ်ကဲ့..ပါဗျာ”

ကျနော်တို့ အသံက ပုံမှန်ဖြစ်နေလိမ့်မည်ဟုစာဖတ်ပရိတ်သတ်များထင်ပေလိမ့်မည်။ အမှန်မှာ..ဤကဲ့သို့ သောအဖြစ်
မျိုး..ခဏ၊ ခဏ ကြုံတွေ့ ရသဖြင့်..ရင်နာလွန်းလှကား..နာကျင်ဖို့ ရန်ပင်ရင်မကျန်တော့ပါကလား။

အမှုမှတ်တမ်းတင်ခြင်း

သေဆုံးသူအမည်။ ။ မောင်အောင်

အသက်။ ။ 28

အလုပ်အကိုင်။ ။ ခြံစောင့်

အမှုကျူးလွန်သူ။ ။ ရွာသူကြီး

နေ့ စွဲ။ ။ 2004

နေရာ။ ။ မယ်ဆောက်မြို့ 

အချိန်။ ။ နေ့ ခင်း 2 နာရီ

အမှုအကျဉ်း

မောင်အောင်သည် အလုပ်လုပ်ပြီး နေ့ လည် ၂ နာရီခန့် တွင် သူငယ်ချင်းနှင့် အရက်ဖြူသောက်ကြသည်။ အရက်
၁ လုံးကုန်သွားသောအခါ အခါတွင်..မ၀သေးသဖြင့် နောက်ထပ်တစ်လုံးသွားဝယ်လေသည်။ အပြန်တွင် သူကြီး
ခွေးက ကိုက်ရန်မန်ဖီကာ လိုက်ဆွဲသဖြင့် အနားတွင်ရှိသော သစ်ကိုင်းဖြင့် ရိုက်လိုက်သည်။ ထိုအချင်းအရာကို
သူကြီးတွေ့ သောအခါ.. သူ့ ခွေးအားရိုက်ရမည်လားဟု စိတ်တိုကာ မောင်အောင်အား သေနတ်ဖြင့်ပစ်လိုက်လေသည်။
သူကြီးပစ်လိုက်သော သေနတ်ဒါဏ်ရာဖြင့်ပင် မောင်အောင်သည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်။

၎င်းနောက်သူကြီးနှင့် နောက်လိုက်များသည်..မောင်အောင့်သူငယ်ချင်းအား မည်သူမှအားမပြောရန် ရိုက်နှက်ခြိမ်း
ခြောက်လေသည်။ ၄င်းနောက်..မောင်အောင်မိဘများတွေ့ သွားသောအခါ..သူကြီးက မောင်အောင်၏ စာပနာအတွက်
ငွေ ၁၀၀၀၀ ပေး၏။ ၄င်းနောက်မောင်အောင်၏ မိဘများအား လုပ်အားခများပင်မပေးပဲ ခြံမှမောင်းထုတ်လိုက်သည်။

ကျနော်။ ။ “ဟူး...ခွေးကိုရိုက်လို့ ..အသတ်ခံရတာဆိုတော့ လူ့ အသက်က ခွေးလောက်တောင် တန်ဖိုးမရှိတော့ဘူး
လား?။ ”

အစ်မ။ ။ “အေး..ဒီမှာက ဒီလိုပဲ။ နေတတ်စားတတ်မှအသက်ရှည်မှာ”

၎င်းနောက်တွင်..အဖွဲ့ အစည်းများ၏ကြိုးပမ်းမှုနှင့် မောင်အောင်၏ မိဘများနှင့် သူကြီးသည် ရဲစခန်းတွင်သွားရောက်
ညှိနှိုင်းကြသည်။ နောက်ဆုံးရလဒ်မှာ မောင်အောင်၏မိဘများသည် သူကြီးထံမှ ငွေ 200,000 ဘတ်ဖြင့် အမှုကြေ
အေးလိုက်သည်။

ထို့ နောက် မြန်မာပြည်ဖက်သို့ ပြန်သွားကြလေသည်။

အင်း.......မြန်မာပြည်ကအတိုင်းပြောရရင်တော့..အဲလိုဆဲဆိုကြတာက နမ်နှိမ်သလိုမျိုးများဖြစ်နေလား? ဆိုပြီးတော့
စဉ်းစားမိပါတယ်ဗျာ။ တခြားကြုံတွေ့ ရတာတွေလဲရှိပါတယ်။ စိတ်ညစ်အောင်တော့ မလုပ်လိုပါဘူး။ ဒါပေမယ့်လဲ
တစ်ကယ်ဖြစ်တာက ဖြစ်တာပေါ့ဗျာ။ မြို့ ကြီးတွေနဲ့ ဝေးလေ..လူမသိ..သူမသိသေသွားတဲ့လူတွေများလေပါပဲ။

မြို့ ထဲမှာဆိုရင်တော့ သိပ်မလုပ်ရဲကြဘူးလေ။ မြို့ နဲ့ ဝေးရင်တော့..ပိုက်ဆံရှိတဲ့သူတွေက ရဲထက်အာဏာရှိပြီး၊ လုပ်
ချင်သလိုလုပ်ကြပါတယ်။ အဲ..ရဲက အာဏာရှိရင်လဲ ဘာမှသိပ်မကူနိုင်ပါဘူး။ ကိုယ်ကပဲ ပေးနေရတာပေါ့ဗျာ။

လမ်းကြုံလို့ ထပ်ပြောအုန်းမယ်...

ပစ္စည်းပျောက်ခြင်း

တစ်နေ့ တစ်၌ ကျနော်သည်အိပ်ရာမှနိုးသောအခါတွင်..ကျနော့်ပစ္စည်းများပျောက်သွားသဖြင့် ရဲစခန်းသို့ တိုင်တန်း
ခြင်းပြုလုပ်လေသည်။

ရဲစခန်းအရောက်တွင် လိုအပ်သည်များကို ပြုလုပ်ပါသည်။ ရဲမှ သိလိုသောအချက်အလက်များကို မေးမြန်းစစ်ဆေး
ပါသည်။ မေးမြန်းစစ်ဆေးခြင်းများပြီးသွားသောအခါတွင်...

ရဲ။ ။ “အေး..ငါ့ညီ..ဒီမှာက ဒီလိုပဲ။ ပြီးရင်..ရဲကိုလဲနားလည်ရမယ်။ အမှုတွေကအများကြီးပဲကွ။ ပြန်ရမယ်၊ မရက
တော့ မသေချာဘူး။ သူချိုးဘယ်သူမှန်းလဲမသိ..အထီး၊ အမ မှန်းမသိတော့ ခက်လိမ့်မယ်နော်”

ဟုတ်ကဲ့..ကျနော်နားလည်ပါတယ်..အဲနားလည်လိုက်ပါတယ်..ပစ္စည်းရှုံးပြီဆိုတာကို။ ထိုချိန်မှစပြီး ခုချိန်ထိပျောက်
သွားသော ပစ္စည်းများလုံးဝပြန်မရသေးပါ။ (နည်းနည်းတော့ မျှော်လင့်သေးတာပေါ့လေ)။

ဒါတွေက ကျနော့်၏ အတွေ့ အကြုံများသာဖြစ်ပါတယ်။ လူတိုင်းအတွေ့ အကြုံခြင်းမတူနိုင်ပါဘူး။

ရှမ်းကလေး

ကြေမွသွားသော ပန်းတစ်ပွင့်

အော်…. သူမမှာ မိခင်တော့စိတ်တော့ ရှိသားပဲ။ တကယ်ကတော့ မြန်မာပြည်သားတွေဆင်းရဲမွဲတေတာကြောင့်
လူကုန်ကူးသူတွေ ရဲ့ပစ်မှတ်က မြန်မာပြည်ဖြစ်လာပါတယ်။

ကျမ သူမကို စတွေ့တာက မယ်တော်ဆေးခန်းက HIV လူ နာတွေကိုထားတဲ့ အခန်းမှာပါ။ကျမစိတ်ထဲမှာ ထူးဆန်း
သွားတာက သူမမှာ နေ့စေ့လစေ့ကိုယ်ဝန်နဲ့ မို့လို့ပါ။သူမ ကိုကြည့်ရတာ အသက်လည်းငယ်ပုံရပါတယ်။

သူမမျက်နှာမှာ ငယ်ရွယ်သူတို့သဘာဝ လွတ်လပ်ပျော်ရွှင်မူ ကိုမတွေ့ရပါဘူး။သူမမျက်နှာဟာ ရာသီဥတုဒဏ်ကြောင့်
ညိုးနေတဲ့ ပန်းဖူးနုနုလေးနဲ့ တူပါတယ်။သူမဘာကြောင့်ဒီ လောက် ပူဆွေးနေတာလဲ၊ တကယ်ဆိုရင် သူမအရွယ်က
ပျော်ရွှင်တက်ကြွနေရမှာ။ သူမဘာတွေဖြစ်ခဲ့လဲ ဘ၀ကို ဘယ်လိုဖြတ်သန်းလာရလဲဆိုတာကို သိချင်လာပါတယ်။

ပထမတော့ သူမဖြေချင်ပုံမရပါဘူး။ သူမ ယုံကြည်လာအောင် စည်းရုံးရပါတယ်။ယုံကြည်တော့မှ သူမရဲ့ ဖြတ်သန်းခဲ့
ရတဲ့အကြောင်း ကိုပြောပြပါတယ်။

သူမ ငယ်ငယ်ကတော့ မော်လမြိုင်မှာ နေတယ်တဲ့။ နောက်တော့ရန်ကုန်ကိုပြောင်းလာတယ်။ တောင်ဒဂုံ ၅၆ ရပ်ကွက်
မှာနေတယ်တဲ့။ အခုသူမ အသက်၁၇ နှစ်ပြည့်တော့မယ်။

သူမ ၀မ်းနည်းပမ်းနည်း ပြောပြတာက ရန်ကုန်ရောက်တော့ အဖေကဆောက်လုပ်ရေးတခုမှာ အလုပ်ဝင်လုပ်တယ်။
ပထမပိုင်းတုန်း ကအဆင်ပြေတယ်။နောက်တော့ ကန်ထရိုက်က အိမ်တွေမရောင်းရတော့ ဆိုဒ်တွေကို ရပ်ပြစ်လိုက်
တယ်။

ဒီတော့ အဖေလည်းအ လုပ်ပြုတ်သွားတယ်။ ဒီတော့ အဖေကရပ်ကွက်ထဲမှာပန်းရံတို့လက်သမားတို့ လိုက်လုပ်တယ်။
အမေက ရာသီပေါ်စာတွေရောင်းတယ်။ဒါပေမဲ့ မိသားစုအသုံးစရိတ် မလောက်ငပါဘူး။ ကျမအောက်မှာက မောင်တ
ယောက်ညီမတယောက်ရှိတယ်။ ဒီတော့ကျမ ၇ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။

အဖေက ပိုက်ဆံမလောက်တိုင်း ငွေချေးရတာပေါ့။ အမေ အရင်းပြုတ်ရင်လည်းငွေချေးရတာဘဲ။ ဒီတော့ အကြွေး
ပေါ်အကြွေးထပ် လာတယ်။ အတိုးကလဲ ၂၀ တိုးဆိုတော့ဆပ်မနိုင်တော့ဘူး။ ကျမအဖေကို ငွေချေးတာက ဒုရဲအုပ်တ
ယောက်။

အဖေ မဆပ်နိုင်တော့မှန်းသိတဲ့ ဒုရဲအုပ်က အဖေ့ကိုပြောတယ်။ ကျမကိုတရုတ်ပြည်မှာ အိမ်ဖော်လုပ်မလားတဲ့။ ၁
နှစ်လောက်ဆိုရင် အကြွေးကြေတဲ့အပြင်အရင်းအနှီးတောင်ရမယ်တဲ့။ ကျမ စိတ်ဝင်စားသွားတယ်။ ကျမကကုန်စုံ
ဆိုင်လေးဖွင့်ချင်တာ။ ကျမတို့ရပ် ကွက်က လက်လုပ်လက်စားတွေချည်းပဲ။

သူတို့က အလုပ်ပြန်မှ ဆန်၊ ဆီ၊ ငရုတ်ဝယ်ပြီး ဟင်းချက်ကြတာ။ ကျမတို့စောင့်ရောင်းရင် အရမ်းရောင်းရမှာ။ ဒါ
ကြောင့် ကျမသွားမယ်လို့ အဖေ့ကိုပြောလိုက်တယ်။

အဖေက ကျမသွားမယ်ဆိုတော့ ၀မ်းသာသွားရှာတယ်။ ဘာပဲဖြစ်ဖြစ် အဖေတို့အသက်ရှူချောင်သွားမယ် မဟုတ်
လား။ နောက်တနေ့ ငွေရှင် ဒုရဲအုပ်မိန်းမကကျမကို လာခေါ်တယ်။ သူနဲ့ မြစ်ကြီးနား သွားရမယ်တဲ့။ ကျမမှာမှတ်ပုံ
တင်မရှိဘူး။ ဒါကြောင့်ဒုရဲအုပ်က ခရီး သွားဖို့ ထောက်ခံစာလုပ်ပေးတယ်။

မြစ်ကြီးနားရောက်တော့ အိမ်တအိမ်ကိုခေါ်သွားတယ်။ အဲဒီအိမ်မှာကျမထက်စောရောက်နေတဲ့မိန်းကလေး ၅ ယောက်
ရှိတယ်။ ကျမ ကအငယ်ဆုံး အကြီးဆုံးက ၂၂နှစ်။ အဲဒီအိမ်မှာ ကျမတို့ တညတည်းရတယ်။ နောက်တနေ့ မနက်မှာ
ကျမတို့အားလုံးကို မြန်မာ မနှစ်ယောက်။ တရုတ်တယောက်က လာခေါ်တယ်။

တရုတ်ပြည်ကိုရောက်တော့ ကျမတို့ ၆ ရောက်လုံးကို အခန်းတခုထဲမှာထည့်ပိတ်ထားတယ်။ ကျမကို ပထမဦးဆုံး
လာခေါ်တယ်။ ပြီး တော့ စက်ကြီးတခုထဲကိုဝင်ခိုင်းတယ်။ ကျမကို လာခေါ်တဲ့ ဗမာမက နင့်ကို ၁၅ နှစ် ဟုတ်မဟုတ်
စစ်တာတဲ့။ ကျမအသက်ကိုလည်း စစ်ပြီးရော အသက် ၃၅ နှစ်လောက်ရှိတဲ့တရုတ်တယောက်နဲ့ ထည့်ပေးလိုက်ပါ
တယ်။

ကျမက အိမ်ဖော်လုပ်ဖို့လာခေါ်တယ်လို့ပဲ ထင်ပါတယ်။ အမှန်က ကျမကို မယားအဖြစ်လာခေါ်တာပါ။ သူ့အိမ်ရောက်
တော့ ကျမကို မယားအဖြစ် ပေါင်းသင်းပါတယ်။မင်္ဂလာဆောင်ပြီးတော့ ကျမရဲ့ လက်ဗွေပါတဲ့ ကဒ်ပြားတခုထုတ်ပေး
ပါတယ်။ မနက်ဆိုရင် ၄ နာရီ အိပ်ရာကထရပါတယ်။ အဲဒီအိမ်မှာ ရှိနေတဲ့လူတွေရဲ့ ဝေယျာဝစ္စကိုလုပ်ရပါတယ်။ ညဆို
ရင်လည်း ၁၁ နာရီ ကျော်လောက်မှ အိပ်ခွင့် ရပါတယ်။

ဒီလိုနဲ့ ကျမရောက်တာ ၆ လကျော်လောက်ရှိပါပြီ။ ကျမကိုယ် ကျမသတိမထားမိပါဘူး။ ဒါပေမဲ့ ဆေးစစ်မယ်ဆိုပြီး
ဆေးရုံခေါ်လာ တော့ကျမမှာကိုယ်ဝန်ရှိနေပါတယ်။ ဘာကြောင့် ဆေးစစ်တာမှန်း သေချာမသိပါဘူး။

ကိုယ်ဝန်ရှိနေမှန်းသိတဲ့ အချိန်ကစပြီးကျမကို တလတကြိမ်ဆေးစစ်ပါတယ်။ပြီးတော့ ဘာကြောင့်မှန်းမသိရဘဲ
အရမ်းကိုစောင့်ကြည့် နေပါတယ်။

ကျမနေရတာ အရမ်းကျဉ်းကျပ်နေပါတယ်။ ကျမဆက်ပြီးနေချင်စိတ် မရှိတော့ပါ။ဒီလိုနဲ့ သူတို့လစ်တဲ့ခဏလေးမှာ
ကျမပထမဦးဆုံး အကြိမ်ထွက်ပြေးခဲ့ပါတယ်။လမ်းပေါ်ရောက်တော့ ကျမဘယ်သွားလို့ ဘယ်လာရမှန်းမသိပါဘူး။
အူကြောင်ကြောင်ဖြစ်နေတုန်းတ ရုတ်ရဲရောက်လာပြီး ကျမကိုဖမ်းပါတယ်။ရဲစခန်းမှာရှာဖွေစစ်ဆေးတော့ ကျမဆီ
က သက်သေခံကဒ်ပြားကိုတွေ့ပြီးကျမယောက်ျားအိမ် ကိုပြန်ပို့ပေးပါတယ်။ ကျမအိမ်ကိုပြန်ရောက်တော့သူတို့မိတ်
ဆွေရဲ့မိန်းမ (ဗမာအမျိုးသမီး) ကိုခေါ်ပြီး စကားပြန်လုပ်ခိုင်းပါတယ်။

သူက `ကျမကို ကလေးအရင်မွေးပါ။ ပြီးရင်ထားခဲ့ အဲဒီအချိန်ကျနင်ပြန်ချင်ရင်ပြန်ပို့မယ်´ လို့ပြောပါတယ်။ ကျမလည်း
အခွင့်အရေးရ တုန်းကျမကိုအမနဲ့ ဆက်သွယ်ခွင့်ပေးပါ။ ကျမနေမကောင်းတော့ အားငယ်တယ်´လို့ပြောပြီး အမကို
ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ကိုတောင်းထားလိုက်ပါတယ်။

နောက်တော့ အိမ်ကလူတွေလစ်တိုင်း အမဆီခိုးပြီး ဖုန်းဆက်ပါတယ်။ပထမတော့အဲဒီအမကသူ့ဆီ ဖုန်းဆက်တာကို
မကြိုက်ပါဘူး။ တဖြေးဖြေးနဲ့မှသူကျမကိုသနားလာတော့ ကျမရဲ့အဖြစ်မှန်ကို သူကပြောပြပါတယ်။

ကျမယောက်ျားက HIV ပိုးရှိတဲ့လူတဲ့။ ဒါကြောင့်ကျမကို ဆေးခဏခဏစစ်နေတာတဲ့။အရင်ကလည်း ဗမာမတွေကို
ယူခဲ့ဘူးတယ်။ ရော ဂါကူးရင် သတ်ပစ်လိုက်ရောတဲ့။

HIV ဆိုတာဘာမှန်း ကျမမသိပါဘူး။ ဘယ်လိုကူးလည်း ကျမမသိပါဘူး။ ဒါပေမယ့်ကျမကိုသတ်ပစ်မှာကိုတော့
ကျမကြောက်ပါ တယ်။ ဒါကြောင့် ကျမကိုကူညီဖို့အသနားခံရပါတယ်။ အဲဒီအမကပဲ ကျမမှာရှိတဲ့ကဒ်ကို မီးရှို့ပစ်ဖို့
ထွက်သွားပြီးရင် ရဲစခန်းတခုထဲကို ၀င်ပြီး အကူအညီ တောင်းဖို့တရုတ်စကားနဲနဲပါးပါး သင်ပေးလိုက်ပါတယ်။ ဒီ
နောက်ပိုင်း ကျမအမဆီကိုဖုန်းမဆက်တော့ပါဘူး။ ကျမ ထွက်ပြေးရင် သူပါဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။

ကျမ နောက်ထပ် ထွက်ပြေးတော့ အမပြောတဲ့အတိုင်း လိုက်နာခဲ့ပါတယ်။ ကျမကိုနယ်စပ်ကလူကုန်ကူးမှု ထိန်းသိမ်း
ရေးစခန်းကိုပို့ လိုက်ပါတယ်။အဲဒီစခန်းရောက်တော့ ကျမကိုဆေးစစ်ပါတယ်။ ကျမရဲ့သွေးအဖြေမှာ HIVပိုးရှိနေပြီးတဲ့။ ကျမဗိုက်ထဲကကလေးက ယောက်ျားလေးတဲ့။ ကျမဘာမှမတတ်နိုင်ပါဘူး။ အဲဒီစခန်းမှာ ကျမလိုပဲလူကုန်ကူးခံရတဲ့
မိန်းကလေးတွေ၂၀ လောက်ရှိတယ်။ အဲဒီ စခန်းမှာ ကျမ ၂ ပတ်လောက်နေလိုက်ပါတယ်။ စခန်းထဲမှာကျမတို့မ
ကြာခဏ စစ်ဆေးခံရတယ်။ ပြီးတော့ကျမတို့ကို နေပြည်တော်ကလူကုန်ကူးမှုတွေထားတဲ့ အကျဉ်းစခန်းထဲမှာထား
တယ်။

အဲဒီစခန်းကို စစ်သားတွေကစောင့်တယ်။ စောင့်တဲ့စစ်သားတွေက ကျမတို့ကိုနင်တို့ထောင်ကျနေပြီ ဒီတော့ ငါတို့နဲ့လင်မယားလိုနေကြရအောင်တဲ့။ကျမကကိုယ်ဝန်နဲ့ဆိုတော့ ငြင်းလိုက်တယ်။ တချို့ တွေကတော့ နေကြ
တယ်။စစ်သားတွေနဲ့ပေါင်းတဲ့ မိန်းမတွေကတော့ အနေအစားချောင်ကြတယ်။ကျမကတော့တော်တော်ဒုက္ခရောက်
တယ်။ သူတို့ကျွေးတာကိုကျမ မစားနိုင်ဘူး။

ဒီလိုနဲ့ကျမ ကိုယ်ဝန်လပိုရင့်လာတယ်။ အဲဒီစခန်း ကို အုပ်ချုပ်တဲ့စစ်ဗိုလ်ကကျမကိုပြောတယ် `နင့်ကိုမွေးပေးဖို့
ငါတို့မှာပိုက်ဆံမရှိဘူး။ ဘယ်လက်သည်မှလည်နင့်လို HIV ကိုမွေး ပေးမှာမဟုတ်ဘူး။ ဒီတော့နင့်ကိုငါတို့လွှတ်ပေး
လိုက်မယ်။ နင်ပြေးပေတော့တဲ့။ပြီးရင်မြ၀တီကိုရောက်အောင်သွား မြ၀တီရောက်ရင် တဘက်ကမ်းကိုကူး။ အဲဒီမှာ
မယ်တော်ဆေးခန်းဆိုတာရှိတယ်။ HIV တွေကိုဆေးကုပေးတယ်တဲ့။ ဒါကြောင့်ဒီကိုကျမရောက်လာ တာ။ ကျမ
သိချင်တာလေးကို သူမကို မေးလိုက်ပါတယ်။ `သမီးကမွေးပြီးရင် ကလေးကို ပြန်ခေါ်သွားမှာလား။

ဒီတော့ သူမက `မခေါ်ချင်ဘူး အန်တီ။ ကျမက သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီတော့ကလေးဒုက္ခရောက်မယ်။ ကျမ
အဖေနဲ့အမေသိ ရင်လည်း စိတ်ချမ်းသာမှာမဟုတ်ဘူး။သေချာမွေးမယ့် လူရှိရင်တော့ပေးချင်တယ်။ ကျမကလေးကို
ထားပြီး ထွက်မပြေးပါဘူး။ကလေး ကို ဘယ်သူခေါ်သွားလည်းဆိုတာ သေချာသိချင်ပါတယ်။´

အော်…. သူမမှာ မိခင်တော့စိတ်တော့ ရှိသားပဲ။ တကယ်ကတော့ မြန်မာပြည်သားတွေဆင်းရဲမွဲတေတာကြောင့်

ရောင်ခြည်ဦး အလုပ်သမားရေးရာဂျာနယ်၊ ဖေဖော်ဝါရီလ ၂၀၁၀ ခုနှစ်၊ အတွဲ (၃) ၊အမှတ် (၂) မှ ကူးယူဖေါ်ပြသည်။ .

လူကုန်ကူးသူတွေ ရဲ့ပစ်မှတ်က မြန်မာပြည် ဖြစ်လာပါတယ်။.

http://www.internetchitthu.com/profiles/blog/show?id=2751287%3ABlogPost%3A304452&xgs=1&xg_source=msg_share_post

Monday, December 6, 2010

စမူဆာ..နဲ့ ..ကော်ပြန့် ကြော်လုပ်နည်း

ခုနက ဈေးသွားတုန်း..ကော်ပြန့် ကြော်ရောင်းနေတာကိုတွေ့ လိုက်ပါတယ်။ အဲဒါနဲ့ ...“သြော်..ငါလဲလုပ်တတ်သားပဲ
ဟာ” ဆိုပြီး...လုပ်နည်းလေးတွေမမေ့ခင်မှာပြန်ဝေမျှလိုက်ပါတယ်။

စမူဆာ

လိုပ်အပ်တဲ့ပစ္စည်း။ ။ ၁) အာလူး
၂) ကြည်သွန်နီ

ဒါပါပဲလိုအပ်တဲ့ပစ္စည်းတွေက။

ပထမကတော့ အာလူးကိုကျက်အောင်ပြုတ်ရပါတယ်။ ပြီးရင်အခွံနွှာပြီး သင့်တော်သလို အတုံးသေးသေးလေးတွေ
လုပ်ရပါတယ်။ ကြက်သွန်နီကတော့ ပြုတ်စရာမလိုပါဘူး။ အခွံနွှာပြီးတော့ အတုံးသေးသေးလေးတွေလုပ်ယုံပါပဲ။
ကိုယ်တိုင်လုပ်စားမှာပဲ..အားရပါးရရှိအောင် အတုံးကြီးကြီးလုပ်ရင်လဲလုပ်လို့ ရပါတယ်။ ဒါပေမယ့် ထုပ်တဲ့အခါမှာ
ခက်တာပေါ့နော်။

ရောင်းမယ်ဆိုရင်တော့ အရင်းနဲ့  အမြတ်ကိုလဲကြည့်ရသေးတာကိုး စာဖတ်သူတို့ ရဲ့ ။

အတုံးလေးတွေလုပ်ပြီးရင်တော့ အာလူးနဲ့  ကြက်သွန်နီကိုရောနှယ်ရပါမယ်။ အပေါ့၊ အငန်တွေကိုတော့ နှယ်တဲ့
အချိန်မှာကြိုက်သလိုထည့်နိုင်ပါတယ်။ ကျနော်တို့ လုပ်တုန်းကတော့ ခရုဆီတွေပါထည့်ပါတယ်။ လုပ်ပြီးရင်တော့
အောက်ကပုံအတိုင်းရပါလိမ့်မယ်။



ရလာတဲ့အရာတွေကို ဒီလိုလေးထုပ်လိုက်ယုံပေါ့ဗျာ။



ထုပ်တာကတော့ ဂျူံနဲ့ ပေါ့ဗျာ။ ဒီမှာတော့..ကော်ပြန့် ကြော်ထုပ်တဲ့ဟာဆိုရင်..သူတို့ သိနေတော့ ထုပ်တဲ့ဟာ..ရှာ
ရတာမခက်ပါဘူး။





ကော်ပြန့် ကြော်

လိုအပ်တဲ့ပစ္စည်းများ။ ။ ၁) မုန်လာဥဖြူ
၂) မုန်လာဥနီ
၃) စိမ်းစားဥ

အပေါ်ကပစ္စည်းတွေအားလုံးကို သေးသေးလေးဖြစ်အောင်လှီးပါ။ ပြီးတော့ အားလုံးကိုရောမွှေလိုက်ပါ။ အပေါ့အငံ
ကြိုက်သလိုထည့်ပါ။ အောက်ကပုံအတိုင်းရပါလိမ့်မယ်။ စိမ်းစားဥမရှိရင်လဲ ထည့်စရာမလိုပါဘူး။




ရပြီးသွားရင်တော့ ...ကြော်ရပါတယ်။ မကျက်သကျက်ပေါ့။ ကျက်ရင်လဲရပါတယ်။ ပြီးရင်တော့ အအေးခံပါ။
အအေးမခံရင်..ထုပ်တဲ့အခါမှာ ပူတာပေါ့ဗျာ။ တခြားအကြောင်းမရှိပါဘူး။ (အောက်ပုံ)



ပြီးရင်တော့ ဒီလိုထည့်ပြီးလှိမ့်လိုက်ယုံပါပဲ။ (အောက်ပုံ)



လှိမ်ပြီးရင်တော့ အောက်ကအတိုင်း ရပါလိမ့်မယ်။



ရလာတဲ့အထုပ်လေးတွေကို ကြော်လိုက်ရင်..အသင့်စားသုံးနိုင်တဲ့ စမူဆာနဲ့  ကော်ပြန့် ကြော်ကိုရပါလိမ့်မယ်။

သြော်အပေါ်က ပန်းကန်သေးသေးထဲက ဖြူဖြူအရောင်နဲ့ က ဂျူံရေပါ။ စမူဆာ ထုပ်တဲ့ခါမှာ မကပ်မှာစိုးလို့ ပါ။
ဒါကြောင့်..ဂျူံကိုရေဖျောပြီး..ကပ်ပေးလိုက်တာပါ။ ကော်ပြန့် ကိုလဲအဲလိုပဲလုပ်ပါတယ်။

လူဆိုတာကလဲ..နေရာဘယ်လောက်ဝေးဝေး..တခြားနိုင်ငံမှာ အစားအစာဘယ်လောက်ကောင်းကောင်း..ကိုယ့်
နိုင်ငံကအစားအစာကိုတော့ မက်မောကြပါတယ်။ ကျနော်တို့ ရန်ပုံငွေအဖြစ်ရောင်းတုန်းက..တော်တော်လေးကို
ရောင်းကောင်းပါတယ်။ (မြတ်တာပေါ့လေ)..

ဝင်ငွေရတာက အဲလောက်ဝမ်းမသာပါဘူး။ လာစားတဲ့သူတွေက..မစားရတာတော်တော်လေးကိုကြာနေပြီ.....
နှစ်ပေါင်း ၂၀ တောင်ရှိတော့မယ်။ အရမ်းစားလို့ ကောင်းပါတယ် (ကြွားတာတော့မဟုတ်ပါဘူး)..ကျေးဇူးအရမ်း
တင်ပါတယ်...ဆိုတဲ့စကားတွေက လူကိုအားရှိစေပြီး ၀မ်းသာပီတိဖြစ်ရပါတယ်။ ဟုတ်တယ်လေဗျာ...သူတို့ က
ပိုက်ဆံပေးပြီးဝယ်စားတယ်..ပြီးတော့ ကျေးဇူးလဲတင်တယ်ဆိုတော့..အတိုင်းထက်အလွန်ဝမ်းသာရတာပေါ့ဗျာ။

အမောကတော့ ခဏတစ်ဖြုတ်ပြေတာပေါ့နော်။ မောတော့မောတယ်..ဒါပေမယ့်..မမောဘူးတော့ဘယ်ဟုတ်မလဲ။

ကဲ..မရှည်တော့ပါဘူး။ စာဖတ်သူများလဲ..ကြုံလို့ ရောင်းချင်တယ်ဆိုရင်..စမ်းကြည့်ပေါ့ဗျာ။ ကုသိုလ်လဲရ..၀မ်းလဲ
ဝတဲ့အလုပ်တစ်ခုပါပဲ။ (နိုင်ငံခြားရောက်နေရင်ပေါ့နော်..ကောင်းသည်ရှိမကောင်းသည်ရှိ စားရတာကိုး..အဲပြော
ရင်းကိုယ်လုပ်တာတောင် သံသယဖြစ်လာပြီ။)


ရှမ်းကလေး

Thursday, December 2, 2010

IT နှင့် ပတ်သက်သောဆိုဒ်လေးများ

ဒီကနေ့ သျှမ်းနှစ်သစ်ကူးနဲ့ ပတ်သက်တဲ့ ပုံလေးတွေကို ဖြတ်ကတ်ပြင်ဆင်မယ်လုပ်တော့ လိုအပ်တဲ့ Program တွေ
မရှိပါလားလို့ သိလိုက်တယ်။ အဲဒါနဲ့  ကျနော်အများတမ်းသွားပြီး တောင်းယူနေတဲ့ ဆိုဒ်လေးမှာသွားဒေါင်းဖြစ်ပါတယ်။

ဒေါင်းပြီးသွားတော့..ပို့ လ်ကတ်လေးတွေပိုလှအောင်ဘယ်လိုလုပ်ရမလဲမသိတာနဲ့  အင်တာနက်ပေါ်ပြန်တက်ပြီး နည်း
စနစ်တွေပြန်လေ့လာရတယ်။ အရင်က တတ်ထားတဲ့ အသိပညာတွေကလဲ မသုံးတာကြာလို့ ထင်ရဲ့  မှတ်မိသလိုလိုနဲ့ 
သုံးလို့ မရဘူး။ မသုံးတဲ့ဓါး....မသွေးတဲ့ဓါးက ခုတော့ သံချီးတက်နေယုံမရတော့ဘူး... ချပါစားသွားပြီထင်ရဲ့ ။


အဲလိုနဲ့ ခုလေးတင်ပဲ..အဲဒီ Program နဲ့ ဆိုင်တဲ့အသိပညာစာအုပ်ကိုရှာပြီးထပ်ဒေါင်းပါတယ်။ ဒီချိန်မှာပါပဲ...ငါ့မှာ
အလကားဒေါင်းလို့ ရတဲ့ဆိုဒ်တွေ..အသုံးဝင်တဲ့ဆိုဒ်တွေရှိရဲ့ သားနဲ့  ..ငါ..ဘာလို့ ဝေမျှဖို့ မေ့နေတာလဲ? ဆိုတဲ့
အတွေးဝင်လာတယ်ဗျာ။

နောက်ပိုင်းကျရင်တော့ အသိပညာပိုင်းဆိုင်ရာ စာတွေပါဖြန့် ဖြူးသွားမယ်။ “ပဲစားပြီးတော့ အသဲစကားပြော”
တာတွေလဲများနေပြီဆိုတော့...ကြုံရင်ကြုံသလိုတင်ပြသွားပါမယ် (အတတ်နိုင်ဆုံးတော့ ပညာဒါန လုပ်သွားပါ့မယ်။)

Online Movies link (ဒေါင်းလို့ မရသလိုပဲ..ဒါပေမယ့် ရုံမတင်သေးတဲ့ရုပ်ရှင်တွေတောင်ကြည့်လို့ ရပါတယ်)

http://www.bobthemovieman.com/?genre=Action&sort=release

Movies download links

အခုပေးမယ့် ဆိုဒ်မှာတော့ ရုပ်ရှင်တွေကို ဒေါင်းလို့ ရပါတယ်။ ရုပ်ရှင်မတောင်းခင်မှာ သူ့ ရဲ့  Downloader အရင်
ရှိရပါမယ်။

http://www.utorrent.com/ ဒီလင့်ဒ်က downloader အတွက်ပါ။

http://www.utorrent.com/ ဒါက ရုပ်ရှင်တွေဒေါင်းလို့ ရတဲ့ဆိုဒ်ပါ။ သူ့ ရဲ့  Search မှာကိုယ်ဒေါင်းချင်တဲ့ ရုပ်ရှင်
နာမည်ကိုရေးပြီးရှာလိုက်ရင် ရုပ်ရှင်နာမည်ပေါ်လာပါမယ်။ ကိုယ်က ဒေါင်းချင်ရင်တော့ ဘယ်ဖက်အစွန်ဆုံးက
မြား ကိုနိုပ်လိုက်ရင်ဒေါင်းပါလိမ့်မယ်။ အဲဒါက ခဏလေးပါ။ ပြီးရင်အဲဒီဒေါင်းထားတဲ့ ဖိုင် (အစိမ်းရောင်) ကို နှစ်ချက်
လောက်နှိပ်လိုက်ရင်...downloader မှာပေါ်လာပြီး..သူ့ ဖာသာသူဒေါင်းသွားပါလိမ့်မယ်။

ကိုယ်ဒေါင်းတဲ့ဖိုင်က C:/Document/download ထဲမှာရှိမှာပါ။

အလွန်ကောင်းတဲ့ဆိုဒ်

အခုကျနော်ပေးမယ့်ဆိုဒ်ကတော့ ကျနော်ဝင်ဝင်ပြီးဒေါင်းနေတဲ့ဆိုဒ်ပါ။ အားလုံးရှိတယ်။ ကိုယ်ကြိုက်တာကို
ဒေါင်းယုံပါပဲ။ နာမည်သိရင်ပေါ့ဗျာ။ အားလုံးကလဲ အလကားပဲဒေါင်းလို့ ရပါတယ်။

ဒီဆိုဒ်မှာ Software/ Program, Movie, TV ကအစ..အပြာကားအဆုံးရှိတာပေါ့ဗျာ။ အဲဒီဆိုဒ်ကတော့

http://extratorrent.com/

ဖြစ်ပါတယ်။ ကိုယ်ဒေါင်းချင်တဲ့ခေါင်းစဉ်အလိုက်..Browse Torrents ကို Mouse တင်လိုက်တာနဲ့  ခေါင်းစဉ်
တွေပေါ်လာမယ်ဖြစ်ပြီး ကိုယ်ကြိုက်ရာ ကဏ္ဍကိုသွားပြီးကြည့်နိုင် ဒေါင်းနိုင်ပါတယ်။

(ဒါတွေက အားလုံးလိုလိုကလဲသိမယ်လို့ ကျနော်ထင်ပါတယ်။ )

စာအုပ်ဆိုင်များ

စာအုပ်ဆိုဒ်တွေကတော့အများကြီးရှိပါတယ်။ အများအားဖြင့်ကလဲ..အလကားဖတ်နိုင်တာပါပဲ။ ကျနော့်မှာလဲ
ကျနော်သွားသွားဒေါင်းနေတဲ့ဆိုဒ်လေးနဲနဲပါးပါးရှိပါတယ်။ (သိုင်းဝတ္ထုကြိုက်ရင်တော့ သွားလည်ကြည့်ပေါ့ဗျာ)

http://ebooks.mmblogs.net/

ဒီအပေါ်ကဆိုဒ်လေးမှာတော့ သိုင်းဝတ္ထုတွေ၊ နည်းပညာစာအုပ်တွေရှိပါတယ်။ သိုင်းဝတ္ထုတွေက ရှာရတာ
တော်တော်လေးကိုခက်ပါတယ်။ ဒါပေမယ့် အပေါ်ကဆိုဒ်မှာသွားဒေါင်းနိုင်တယ်နော်။

http://www.sbsangpi.com/2010/09/blog-post_27.html

http://www.nyinaymin.com/

ဒီဆိုဒ်တွေကတော့ ကွန်ပြူတာနဲ့ ဆိုင်တဲ့ဆိုဒ်ပါ။ ကိုညီနေမင်း ဆိုဒ်မှာလဲဒေါင်းချင်တာဒေါင်းလို့ လဲရပါတယ်။

ဂစ်တာစိတ်ဝင်စားသူများအတွက်

ကဲ...ချစ်သူကိုချော့ဖို့ ၊ ပျင်းရင်ကစားဖို့ အတွက် ဂစ်တာလေးနည်းနည်းပါးပါးတီးခေါက်တတ်ချင်တဲ့ သူတွေ
အတွက်ကတော့

http://www.guitarnick.com/fingerpicking-guitar-lessons-1-4-tabs-video.html

ဒီဆိုဒ်က ရုပ်ရှင်လေးနဲ့ ဆိုတော့ မဆိုးပါဘူး။ ကြည့်ပြီးလိုက်တီးလို့ ရတာပေါ့ဗျာ။

စိတ်ညစ်ရင်..ဂစ်တာတီးပါလား “ဒေါင်..ဒေါင်” မလုပ်ချင်ပါဘူး...။ နားငြီးတယ်။ အေးအေးဆေးဆေးနဲ့ စိတ်ငြိမ်
တဲ့အရာများလုပ်ချင်တယ်ဆိုရင်တော့ အောက်က ဆိုဒ်လေးမှာ ပန်းချီဆွဲ သင်နိုင်ပါတယ်ဗျာ။ ပမာဏအဆင့်
ကနေ ဟိုး..အတတ်လွန်အဆင့်ထိရှိပါတယ်။ ဖတ်ပြီးတော့ လိုက်လုပ်ပေတော့ဗျာ။

http://www.drawspace.com/

ဟာ...ဘာမှမလုပ်ချင်ဘူး။ ကာတွန်းကားတွေပဲထိုင်ကြည့်နေချင်တယ်ဆိုရင်တော့....

http://www.animeshippuuden.com/

http://www.animecrazy.net/

မှာသွားပြီးကြည့်နိုင်ပါတယ်ဗျာ။


လေးစားလျက်

ရှမ်းကလေး (သျှမ်းနှစ်သစ်မှာ..မယားသစ်၊ ရည်းစားသစ်မဟုတ်ပဲ... အတွေးသစ်၊ အမြင်သစ်နဲ့  ကောင်းခြင်းများ
အများကြီးရကြပါစေဗျာ။)

Wednesday, December 1, 2010

Pi Mai Tai New Year Message By Venerable Professor Dr. Khammai Dhammasami

It is a great honor to greet all Tai people Happy Pi Mai Tai. We welcome the 2105th Pi Mai Tai, Shan New Year, before we welcome the 2011 AD and the Chinese New Year. Together with this Pi Mai, we celebrate the long, diverse and rich culture of our Tai people who are scattered all over four of the five continents.

To welcome Pi Mai this year, Tai people all over the world, from USA to India, from Britain to Singapore and Malaysia, from Australia to Thailand, from China to Mong Tai and all parts of the Union of Myanmar, gather and hold events to mark the auspicious occasion.

On this auspicious day, more than ever we think of our Tai families spread throughout the world and send our warmest greeting of goodwill, hope and love to all of them: we say Mai-soong Pi Mai Tai, first, to the over seven millions of our brothers and sisters in the Shan State and other parts of the Union of Myanmar where they are known to outsiders as Shan; then, to the millions of our people who are largely known as Dai living in the Sipsongpanna (Xishuangbanna) Dai Autonomous Prefecture and Dehong Dai and Jingpo Autonomous Prefecture, both in southern China; also, to the eighteen million Dai Zhuang (Bouxcuengh/ผู้จ้วง) from the Guangxi Zhuang Autonomous Region, also in southern China, who proudly count among them an Olympic gold medalist and businessman Li Ning (1963- ).

We also send our best Pi Mai wishes to the one million strong our brothers and sisters who are known as Táy in the famous Dien Bien Phu, Hoa Binh, Lai Chau and Son La areas of Vietnam who count among them Nông Đức Mạnh (1941 -), the powerful secretary general of the Vietnamese Communist Party; and to our Tai-Khamti and Tai-Phake siblings in Assam State and Arunachal State in India. Of course, our warmest Pi Mai wishes are also extended to our Pi-nongs in Thailand, Lao and in the Phailin area of Cambodia.

Pi Mai Tai is the occasion when we think of each other more and when our consciousness meets; let this year Pi Mai give us all strength to persevere with hope for peace. Let this year Pi Mai give us strength to enhance both education and wisdom with which our younger generations will make the progress we have been dreaming to realize. And, let us this Pi Mai make us all stronger that we can contribute to the world for the better.

Let me borrow the wise words of our philosopher- composer Dr. Sai Kham Leik who reminds us of the significance of Pi Mai Tai here. Our Pi Mai Tai celebrations are but a start to welcome many New Years. From the New Year of the Tai people in early December we enthusiastically go on to join the celebrations of New Year with people from every part of the world on 1st January, from Pi Mai Tai to a New Year universally celebrated, and then we also celebrate the Chinese New Year.

With this note, may I wish you all a Happy Pi Mai Tai! May this Pi Mai bring us good fortune, happiness, good health and success!

May the blessings of the Buddha be upon and with us all!

Venerable Prof. Dr. Khammai Dhammasami
DPhil (Oxford)

The Shan New Year falls on the First Waxing Day of the First Lunar Month, which, for this year, corresponds with 7 December 2010 – Editor

မစိုးရိမ်ပါနဲ့ ..အမေရယ်

နှစ်သစ်ကူးရောက်တော့မယ်ဆိုတော့ လွှမ်းစရာတွေကများပါတယ်။ ရည်းစားအကြောင်း၊ အစားအစာအကြောင်း၊
အကတွေအကြောင်း... အို...သောင်းပြောင်းထွေလာပေါ့ဗျာ။

အဲထဲမှာမှ မသိတသိနဲ့ လွမ်းမိတာလဲရှိပါတယ်။ အရင်တုန်းကတော့ မိဘ၊ ဘိုးဘွားတွေ ကိုယ်ပြန်အလာကို စောင့်ရင်
“စောင့်စရာမလိုပါဘူး...သားကောင်းကောင်းမွန်မွန်ပြန်လာတတ်ပါတယ်” လို့ ပြောတတ်တာပေါ့ဗျာ။

ခုတော့လဲ..အဲဒီစေတနာလေးတွေ၊ စောင့်မျှော်မှုလေးတွေက ကိုယ့်ကို စိုးရိမ်တယ်ဆိုတာလေးတွေဖော်ပြနေပါလားလို့ 
တစ်နေ့ တခြားပိုပိုလို့ သိလာပါကလား။ အဲဒါနဲ့  ဒီအောက်က ကဗျာလေးကို ရေးဖြစ်ပါတယ်။

ရောင်စုံမီးအောက် မြူးတူးကခုန်
ပျောင်ရွင်ခြင်းရဲ့  လွမ်းမိုးမှုကြား
ဂုဏ်ယူစရာ နှစ်သစ်ကူးမှာ
တက်ကြွစွာနဲ့  ပါဝင်ခဲ့တယ်။


နာရီလွန်လို့  ဆိုင်ရာပြန်တော့
ဘုရားခန်းမှာ မီးစာမငြိမ်း
လင်းထိန်စွာနဲ့  ထိုင်စောင့်နေသူ
မေမေ့ကိုလေ ၀မ်းနည်းမိတယ်။

စိတ်ပူတယ်တဲ့ သူ့ ခမျာလေ
တစ်ညလုံးပဲ စောင့်နေတယ်ဗျာ။

ရာသီလွန်လို့  နေရာပြောင်းတော့
ပြန်ရချင်တာ မေ့မေတ္တာပါ။

ခုချိန်ရောက်တိုင်း အမေ့မေတ္တာ
စဉ်းစားမိပြီး စိတ်မပူပဲ
ပျော်ပျော်နေနော်... အမေနော်။


ချစ်လျက်


ရှမ်းကလေး+လေပြေ


ဟူး...ရေးရင်းအမေ့ကို..အရမ်းကိုသတိရတယ်ဗျာ။