Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, December 31, 2009

Happy New Year















အပေါ်ပုံကတော့ idea လေးကိုကြိုက်လို့ တင်ထားတာပါ။ တစ်မျိုးမထင်ပါနဲ့ ဗျာ။ :P

နှစ်သစ်မှာ ပျော်နိုင်ကြပါစေဗျာ။ ကျန်းမာချမ်းသာပြီး ပိုက်ဆံလဲ အများ......ကြီး စုနိုင်ပါစေဗျာ။

shankalay

Wednesday, December 30, 2009

ကံမကောင်းတော့

အဲဒီနေ့ က ဒီဇင်ဘာ 24
ပင်ပန်းလွန်းတော့ အခန်းကိုရောက်
မောပန်းလေတော့ ဘီယာလေးသောက်
ရေခဲစိမ်တဲ့ သေတ္တာကပျက်
မမူးခင်မှာ ငါ့စိတ်ကနောက်။

နောက်တစ်နေ့ မှာ

ပျက်နေခဲ့တဲ့ ရေခဲသေတ္တာ
ကားပေါ်တင်ရင်း ဆိုင်ကိုပို့ ခဲ့။

ညမှာစိတ်ညစ် အဖေါ်ညိကာ
ဘီယာဆိုင်သွား
ပြန်ရောက်ချိန်မှာ ကွန်ပြူတာပိတ်
အိပ်ယာဝင်တယ်။

မနက်လင်းတော့ ကွန်ပြူတာဖွင့်
သူကမပေါ်လာ ပျက်ပြန်ပြီပေါ့
ဆိုင်ကိုပြန်သွား ပြန်ပြင်ဖို့ ရာ။

ခရစ္စမတ်မှာ ငါမပျော်တော့
ဒုက္ခများသာ ၀ိုင်းလို့ နေတာ။

ဒီဇင်ဘာ 29 ကွန်ပြူတာရ
ဝမ်းပန်းသာလို့  ပျော်ရွင်ချိန်မှာ
ငါ့ တီဗီက ပျက်ပြန်လေတော့
စိတ်နောက်စွာနဲ့  ဘီယာသောက်တယ်။

ဒီဇင်ဘာ 30မှာ တီဗီကကောင်း
ပျော်ရွင်စွာနဲ့  သောက်ခဲ့မိတယ်။

မနက်ဖြန်ခါ အကြွေးရမှာ
ငါပျော်စွာနဲ့  ကျင်းပအုန်းမယ်
Happy New Year ရယ်။




ရှမ်းကလေး ( ကံမကောင်းတာက များနေလို့  စိတ်အရမ်းညစ်နေပါတယ်ဗျာ။ ဒါပေမယ့် Merry Christmas and Happy New Year Naw စာဖတ်ပရိတ်သတ်များတို့ ရေ)

ဟန်ဆောင်အပြုံး

ချစ်ခဲ့တဲ့နေ့  နောက်မှာကျန်ခဲ့
ချစ်စကားများ ရင်မှာသေသွား။

မေတ္တာမဲ့တဲ့ အပြုံးလေးများ
ဖလှယ်ရင်းနဲ့ 
နှုတ်ဆက်ချိန်ခါ တန်လာမှတော့
မျက်လုံးမှိတ်ကာ ကြိတ်ငိုခဲ့ရင်း။

သူမသိအောင် ဟန်ဆောင်ခဲ့တယ်
နေ့ တနေ့ ရယ်။


လေပြေ

Tuesday, December 8, 2009

ဗမာ အစားအစာများ...

ကျနော်လဲ အလုပ်များနေတာရယ်၊ တင်ဖို့ ကုန်ကြမ်းရှာမတွေ့ တာရယ် ကြောင့် သိပ်ပြီးမတင်နိုင်တာကို တောင်းပန်ပါတယ်။
တစ်ခါတစ်လေတော့လဲ တင်မယ်လုပ်တုန်း အင်တာနက်က မကောင်းတာတွေ စတဲ့ စတဲ့ အကြောင်းအမျိုးမျိုးကလဲ ရှိနေပါတယ်။

လူသားအားလုံးက သွေးနဲ့  သားနဲ့  ဖွဲ့ စည်းထားတာခြင်းအတူတူဆိုပေမယ့် နေရာဒေသနဲ့  နိုင်ငံ သတ်မှတ်မှုတွေကြောင့် တစ်သီး တခြားနေထိုင်ကြတယ်လေ။

ဒါပေမယ့် အစားအစာနဲ့  ပတ်သတ်ခဲ့ရင်တော့ လူတွေကြားမှာ၊ စားကောင်းတာနဲ့  မကောင်းတာ ဆိုတဲ့ စကားလုံးတွေတာရှိပါတယ်။ အစာတွေမှာ နိမ့်ကျတာ၊ ခေတ်မမှီတာ၊ လူတောမတိုးနိုင်တာ (ရှိရင်တော့ရှိမယ်လေ) တွေက မရှိသလောက်ပါပဲ။

ကဲ လျှာရှည်မနေတော့ပါဘူးဗျာ။ စားလိုက်ရအောင်



ဒါလေးကိုတော့ အားလုံးလိုလို က သိမှာပါလေ။ ၀က်သား တုတ်ထိုးလေဗျာ။ ရန်ကုန်မှာ ရောက်တုန်းက ခဏခဏ သွားစားဖြစ်ပါတယ်။ အဲ ၀က်လျှာကိုစားချင်ရင်တော့ နည်းနည်းစောစောသွားရတယ်။ တစ်ချို့ ဆိုင်လေးတွေက ဘီယာဆိုင်နားမှာကပ်ပြီး ရောင်းတာဗျ။ ၀က်သားစားပြီးလို့  ရေငတ်ရင် အဆင်ပြေစေချင်လို့ ထင်ပါတယ်။



ဒါကတော့ အကြော်စုံပေါ့။



အီကြာကွေး



နံပြားလို့ ထင်တာပဲ။



ဒါကတော့ ကြေးအိုးလေ။ စားလို့ အရမ်းကောင်းပါတယ်ဗျာ။



မုန့် ဟင်းခါးပေါ့ဗျာ။ ဒီလိုမျိုးတော့ မစားဖူးဘူး။ ကြက်ဥနဲ့ စားတော့ အကြော်ကမရှိ။ အကြော်နဲ့ စားတော့ ကြက်ဥက ပျောက်ပြန်ရော။



ဒါကတော့ ထိုဖူးသုတ်လေ။ ထိုဖူးကြော်ပါ ပါရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။



မြင်းခွာရွက်သုတ်ပါ။



အုန်းထမင်းနဲ့  ဆီပျံဟင်းလေးတွေပါ။ စားချင်စရာပါဗျာ။ အဲ...စားပြီးရင်တော့ လေဆေးဆောင်ဖို့ မမေ့ပါနဲ့ ။



ဒါကတော့ မစားရတာ တော်တော်လေးကို ကြာပြီဖြစ်တဲ့ ထမင်းနဲ (ထမနဲ) ပါဗျာ။



အပေါ်က ဟင်းတွေကို စားပြီးရင်တော့ အချိုပွဲလေးအဖြစ် ဒီ ဖလူတာ (ရွေရင်အေး) လေးကို သောက်လိုက်ပါ စာဖတ်ပရိသတ်တို့ ရေ။


ရှမ်းကလေး (တစ်ခုမှ မလုပ်တတ်လို့  လုပ်နည်းလေးတွေမပြောပြနိုင်ပါဘူးဗျာ)

Monday, December 7, 2009

မခံနိုင်လို့ ပါ....

အဓိပ္ပါယ်မရှိတဲ့ အချစ်သီချင်းကို
စိတ်မပါစွာနဲ့  နားထောင်နေစဉ်တွင်း
ကောင်းကင်ပေါ်ထက်က တစ်ဝက်သောလကို
ငေးကြည့်မိခဲ့တော့
ငါ့ကိုကဲ့ရဲ့စွာ ပြုံးကြည့်နေလေတယ်
စိတ်တိုစွာနဲ့ လေ ကိုင်ပေါက်ခဲ့မိတယ်
ငါ့ခံစားချက်တွေနဲ့ ။




လေပြေ

Wednesday, December 2, 2009

တီတီနဲ့  ပွမ်ပွမ်..

ကလေးလေးတစ်ယောက်သည် အေ၊ ဘီ ၊ စီ....များကိုဖတ်တိုင်း “တီ” ရောက်လျှင်ရပ်ရပ်သွားသည်။

ထိုအခါ အဖေဖြစ်သူက သားအားအလွယ်တကူ မှတ်မိစေရန် “သားရယ် “တီ”ကို အရမ်းမေ့တတ်တာကိုး။ ကားဟွမ်းသံကို မှတ်ထားပေါ့” ဟု အကြံပေးလေသည်။

ထို့ နှင့် နောက်တစ်နေ့ တွင် ကလေးလေးသည် အေ၊ ဘီ၊ စီ များကို ဖတ်နေစဉ် “တီ” အရောက်တွင် ပြန်ရပ်သွားလေသည်။

ထိုအခါ

အဖေဖြစ်သူကို သားကို “ကား ဟွမ်းသံလေသားရဲ့ ” ဟု လှမ်း၍သတိပေးလိုက်ရာ ကလေးလေးက၊ “ဟာ သားသိပြီ”၊

“ပွမ်၊ ပွမ်”


ရှမ်းကလေး (မြန်မာနိုင်ငံက ကားတော်တော်များများက ပွမ်၊ ပွမ်ပဲ မြည်တာကို။ ကလေး အပြစ်မဟုတ်ပါဘူးလေ)

ထိုင်းမှ ယမမင်း ခေါ်သံ.....

အရင် ၃-၄ လလောက် တုန်းက ကျွန်မ တခါ ဘလော့မှာ သတိပေး ဖူးပါတယ်။ နောက်ဆုံး ဂဏန်း သုံးလုံးက နံပါတ်တူပြီး
စုစုပေါင်း နံပါတ် ၁၃လုံးပါ ဖုန်းနံပါတ်များ လက်ခံ နားထောင်သူ လူလေးဦး မဲဆောက် မြို့မှာ ဦးနှောက် သွေးယို ပြီး သေဆုံးတဲ့ သတင်းလေးပါ။ တကယ်က နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ဆိုရင် ကိုယ့် လက်ကိုင် ဖုန်းမှာ နံပါတ် အများကြီး ပေါ်နိုင် ပေမယ့် ရှေ့ဆုံးမှာ + လက္ခဏာလေး ပါပါတယ်။ ဒါမှ မဟုတ် နံပါတ် မပေါ်ဘဲ လာတတ် ပါတယ်။

ထိုင်း လက်ကိုင်ဖုန်းက နံပါတ် ဆယ်လုံးသာ ပါပြီး အိမ်/ရုံးသုံး လိုင်းဖုန်းက နံပါတ် ကိုးလုံးသာ ပါပါ တယ်။ ဟုတ်ကဲ့။
ကံထူးသူ ကျွန်မ လက်ကိုင်ဖုန်း နံပါတ် တစ်လုံး တည်းကို အဲလို ဖုန်းခေါ်ဆိုမှု ၂ကြိမ် တိတိ လက်ခံ ရရှိ ခဲ့ပါတယ်။ နံပါတ် ၂မျိုးလုံး ဂဏန်း ၁၃လုံး ချည့်ပါ။

ဈေးဆစ်လွန်းလို့ သေမင်းက ငြင်းထားလို့ လား မသိ။ ၂ကြိမ်လုံး missed calls ဖြစ်သွား ခဲ့ပါတယ်။ ကျွန်မနဲ့ ဖုန်း အဆက် အသွယ် ရှိတဲ့ ယောက်ျားလေး သူငယ်ချင်း နောက်တစ်ယောက်လဲ ဒီလို နံပါတ် ၁၃လုံးနဲ့ ဖုန်းခေါ်ဆိုမှု လက်ခံ ရရှိပြီး missed call ပဲ ဖြစ်သွား ခဲ့ပါတယ်။

အာဂ သတ္တိခဲ ကိုယ်တော်က သူ့ဖုန်းကို စပီကာ ဖွင့်ပြီး အဲဒီ နံပါတ် ကို ပြန်ပြီး ဖုန်းခေါ်ကြည့်တော့ ဘယ်သူမှ လာမကိုင်ဘဲ ဖုန်းကတော့ မြည်နေဆဲ ပါတဲ့။ ဒီသတင်းက ထိုင်းမှာ တော်တော် ပြန့်ပါတယ်။ ဘယ်သတင်း ဌာန ကမှ သတင်း မထုတ်ပြန် သလိုဘယ်ရဲစခန်း ကမှလဲ အသံ မထွက် ခဲ့ကြ ပါဘူး။

သေဆုံးသူ ကာယ ကံရှင် မိသားစုများရဲ့ ပါးစပ်သတင်းပဲ ရှိခဲ့ ပါတယ်။

ကျန်ခဲ့တဲ့ ဇွန်လ ထဲမှာတော့ ချင်းမိုင် ညဈေးတန်းမှာ ဈေးသည် တစ်ဦး အဲဒီ ဖုန်း လက်ခံ ကောက်ကိုင် မိလို့ လဲကျတာမို့ ဆေးရုံ အတင်မှာ သေဆုံးပြန်ပါတယ်။ ဆရာဝန်က ဒီ ဖုန်းက ထွက်တဲ့ လှိုင်းကြောင့် ဦးနှောက် သွေးကြောပြတ် သေဆုံးတယ်လို့ အတည်ပြု ပြောကြား ပေမယ့် ရဲစခန်းက ချက်ချင်းလိုက်လာ သတင်းပိတ် ပါတယ်တဲ့။

အများပြည်သူ အထိတ်တလန့် ဖြစ်မှာ စိုးတဲ့ အတွက် သတင်း မထုတ်ပြန်ဖို့၊ သူတို့ အမှုလိုက်မှာ ဖြစ်တဲ့ အကြောင်းနဲ့
မမိခင် အတော အတွင်း ပြည်သူ လူထုကို သွယ်ဝိုက်သော နည်းနဲ့ ပညာပေးဖို့ ကတိပြုကြောင်း ပြောခဲ့ ပါတယ်။

ခုဆိုရင်တော့ ထိုင်း ရုပ်မြင် သံကြားလိုင်း အမှတ် ၃နဲ့ အမှတ် ၅ ကနေပြီးတရစပ် ကြေညာ နေပါပြီ။ လက် ကိုင်ဖုန်း အသုံးပြု သူများ လက်ကိုင်ဖုန်းကို တိုက်ရိုက် နားထောင်ခြင်းမှ ရှောင်ကြဉ်ပြီး နားကြပ် တပ်ဆင်ပြီး အသုံးပြုဖို့ ပညာပေး နေပါပြီ။ ဒါဟာ သွယ်ဝိုက်သော နည်းနဲ့ ၀န်ခံ လိုက်သလိုပါပဲ။

ကျွန်မ ကတော့ လက်ကိုင်ဖုန်း အသံမြည်တိုင်း ကိုယ့်အသိ မဟုတ်ရင် မကိုင်သလိုကိုင်ခါနီးတိုင်းလဲ ဂဏန်း ဘယ်နှစ်လုံးလဲ ရေတွက်ရင်း နားကြပ်လေး ဆောင်ထားတာ အကျင့် တစ်ခု ဖြစ်နေ ပါပြီရှင်…


(အီးမေးလ်မှ စာအား ပြန်၍ဝေမျှလိုက်ပါသည်။ )

Sunday, November 22, 2009

ဘန်ကောက်က ရှမ်းနှစ်သစ်ကူးပွဲတော်..

ဒီနေ့ က 22 ရက်နေ့ လေ။ ရှမ်းနှစ်သက်ကူး 2104 ခုနှစ်မြောက်ပေါ့ဗျာ။ ဒီပွဲကို ဘန်ကောက်မှာ ကြီးကျယ်စွာကျင်းပ ပါတယ်။ ကျင်းပတဲ့ နေရာကတော့ ရှမ်းဘုန်းကြီးကျောင်း ၀တ်မိုင် (၀တ်=monastery၊ ဘုန်းကြီးကျောင်းပေါ့။) (မိုင်ကတော့ = အသစ်) ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

ဘယ်လောက်ကြီးကျယ်လဲဆိုရင် လူပြည့်ကျပ်နေအောင်ပါပဲ။ အဲခက်တာက ဒီနေ့ မှာ ကျနော်က အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့  ဖြစ်တဲ့ ILO အတွက်သွားပြီး စကားပြန်လုပ်ပေးနေရတဲ့အတွက် ပွဲကိုသွားရောက်မလည်ခဲ့ရပါဘူး။

စကားမစပ်ပြောရမယ်ဆိုရင် ကိုယ်က မြန်မာစကားစစ်စစ်ဖြစ်တဲ့ စကားလုံးတွေကို ပြောနေပေမယ့်လဲ၊ ကိုယ်ပြောတဲ့ အဖွဲ့  အစည်းအကြောင်းကို သိမသိတော့ ကိုယ်လဲမသိဘူးလေ။

ဂုဏ်ယူစရာ (ထင်တာပေါ့လေ) တစ်ခုကတော့ မြန်မာအလုပ်သမားလိုလိုက ထိုင်းစကားကို ပြောတတ်သားဗျ။ (မပီတာကလွဲရင်၊ ကျနော်လဲ မပီပါဘူးလေ)။ ကျနော်တို့ နဲ့ ပြောရင်တောင် သူတို့ က ထိုင်းလိုသုတ်တာ။

အဲလိုနဲ့  အလုပ်ပြီးတဲ့အချိန်က ညနေ ၄ နာရီရှိနေပြီလေ။ ထိုင်းမှာဆိုရင် လိုင်းကားတွေက ည 12 နာရီ 59 ထိပဲပြေးတယ်လေ။ နှစ်သစ်ကူးကြိုတာက ည 12 နာရီလေ။ ကျနော်နေတဲ့ နေရာနဲ့  ဘုန်းကြီးကျောင်းက အဝေးသားဗျ။ ဒါကြောင့်မို့  မသွားလိုက်ရပါဘူး။

ဒါပေမယ့် ကိုယ့်ကိုကိုယ်အတွက် ရှမ်းဟင်းလေးတော့ချက်လိုက်ပါတယ်။

လုပ်ပုံကတော့

၁) ကြက်သွန်ဖြူ၊ ကြက်သွန်နီကို (သင့်လျော်တစ်လောက်) အခွံခွါပြီး ရေပြုတ်လိုက်ပါတယ်။
၂) 1၀ မိနစ်လောက်ကြာတဲ့အချိန်မှာ ပြုတ်ထားတဲ့ ကြက်သွန်ဖြူနဲ့  ကြက်သွန်နီကို ရောထောင်းပါတယ်။


ထောင်းနေစဉ်အတွင်းမှာ ပဲပုတ်အမှုန့် နှင့် ငရုတ်သီးအမှုန့် ကို နှစ်သက်သလို ရောထည့်လိုက်ပါတယ်။ ကြေသွားတဲ့အချိန်မှာ ဆား၊ ဟင်းချိုမှုန့်  ကိုထည့်လိုက်မယ်ဆိုရင် ပဲပုတ်ထောင်းကို ရရှိမှာဖြစ်ပါတယ်။ (ပဲပုတ်မရှိရင် တခြားဖြစ်တဲ့ ငါးပိကို အစားထိုးလို့ ရပါတယ်။ ) အဲရှမ်းဟင်းတော့ မဖြစ်သွားဘူးပေါ့လေ)

ဒါနဲ့ ပဲ ဒီနှစ်မှာတော့ ကိုယ့်ဟင်းနဲ့ ကို ကျေနပ်လိုက်ရပါတယ်။



လေးစားစွာဖြင့်



ရှမ်းကလေး

Friday, November 20, 2009

new year with crying heart

One the new year night
There are one candle
one the table
I sat on the side of it
opposite are empty.

The dishes are full of foods
no one would cerebrate with me.

In the darkness with the light of candle
no one would ever understand
the loneliness of mine.

The happiness that I want to joy
who can supply?


The life of loneliness
I will bare in mind
no cry will be
in the new year
I will cheer with my crying heart.


lay phay

နှစ်ကုန်တုန်းက..

နှစ်ကုန်တုန်းက ဈေးတန်းလေးမှာ
ပျော်ရွင်ဖွယ်ရာ သူ့ ကိုတွေ့ ခဲ့။

အပြုံးလေးနဲ့  ငါ့ကိုကြိုဆို
ပြုံးချိုစွာနဲ့  ငါ့ကိုလှိုက်လျော။

သွားခဲ့မိတယ် နေရာနှံ့ ရယ်
ရယ်မောခဲ့ပေါ့ တို့ နှစ်ယောက်ကွယ်။

ပြန်လာခဲ့တော့ မင်းနာမည်လေး
မသိခင်မှာ ပြောခဲ့မိတယ်
နှလုံးပွင့်အံ ချစ်သံစဉ်ရယ်။


မင်းရှက်ရမ်းကာ မျက်လွာချလို့ 
ဒီနေ့ မှတွေ့ တာ မယုံနိုင်ပါ။

ရေစက်မလို အချိန်ကုန်တယ်
ဖူးစာဆုံရာ ငါတို့ တွေ့ တာ
ုငြင်းဆန်နေလဲ ငါတို့ ဖြစ်မှာပဲ။


နောက်ဆုံးချိန်ခါ
ငါတို့ ဖြစ်တော့ ရေစက်ကုန်ကာ
ခွဲခွါချိန်မှာ ပြုံးချိုစွာနဲ့ ။


ကြံကြိုက်ခွဲခွာ လူ့ ဘ၀ပါ
မလွမ်းပါနဲ့  အသစ်ရှာပါ
အားပေးသူပါ။

နောက်ဆုံးချိန်တော့ အချစ်သစ်ရှာ
ငါ့ဘ၀ဟာ မဆုံးနိုင်ပါ။

နှစ်လေးကူးတိုင်း ဈေးတန်းလေးမှာ
စကားပြောကာ အချစ်ရှာရင်း.......





လေပြေ


(နှစ်သစ်ကူးချိန်မှာ ကောင်းတာလေးတွေရေးချင်ပါတယ်။ ဒါပေမယ့် ဒါတွေပဲထွက်လာတော့ မတတ်နိုင်ဘူးလေ)

နှစ်သစ်ကူးချိန်ခါ

ရှမ်းနှစ်သစ်ကူးချိန်မှာ
ပျော်ရွင်စွာနဲ့  အတွဲများလျှောက်ကာ
ရယ်ကာ ပြုံးကာဖြင့် စကားပြောကြတာ။

မမေ့နိုင်စရာ
ဤမြင်ကွင်းဟာ သက်ဆုံးတိုင် မှတ်မိမှာ။

သီချင်းများဆို ကိုယ်လှုပ်ရှားလို့ 
ရွင်မြူးနေတာ ပျော်စရာလေးတွေပါ။

အဖေါ်မဲ့သူတွေတော့
ပွဲတန်းလေးမှာ လိုက်ကာပြောလို့ 
ရေစက်တွေရှာ အဖေါ်လေးစပ်ကာ
ပြုံးနိုင်ရှာတယ်။

ရေစက်ရှားတဲ့ ငါ့ခမျာ
အပြုံးထိုင်ကြည့်ကာ လိုက်ပါရွင်မော
တောင့်တမိတယ် သူတို့ လို ကွယ်။


လေပြေ

ရှမ်းအစားအစာများ အပိုင်း (2)

ရှမ်းနှစ်သစ်ကူး နှစ် 2104 ကို ရောက်ပြီဆိုတော့လဲ ရှမ်းအစားအစာလေးတွေကို ထပ်ဆင့်မျှဝေလိုက်ပါတယ်ဗျာ။ ကိုယ်တိုင် ချက်စားလို့  ရအောင်ဆိုပြီး အရင်က အတိုင်းပဲ လုပ်နည်းလေးတွေပါ ထပ်ဆင့်ဖော်ပြထားပါတယ်ဗျာ။



ဒါလေးက ရှမ်းခေါက်ဆွဲပါ။ အဲ ရန်ကုန်က ရှမ်းခေါက်ဆွဲနဲ့ တော့ နည်းနည်းလေး ကွာပါတယ်။ ရန်ကုန်ရောက်တုန်းကပေါ့လေ သူငယ်ချင်းတွေက ကျနော့်ကို ရှမ်းဆိုပြီးတော့ ရှမ်းခေါက်ဆွဲဆိုင်ခေါ်သွားတယ်လေ။ အဲ ဆိုင်ကိုရောက်တဲ့ အချိန်မှာတော့ ရှမ်းခေါက်ဆွဲ ကိုရောင်းတဲ့ သူက တရုတ်လူမျိုးဖြစ်နေတာကိုး။ ဒါပေမယ့် သူတို့  ခေါ်တဲ့ ရှမ်းခေါက်ဆွဲကို စားလိုက်ပါတယ်။ မဆိုးပါဘူး ဒါပေမယ့် ရှမ်းခေါက်ဆွဲ အစစ်တော့မဟုတ်ဘူးပေါ့။ အဲဒီတုန်းက သွားစားတဲ့ ဆိုင်ကတော့ စာတိုက်လေး မှတ်တိုင်မှာပါ။

ထားပါတော့။ ရှမ်းခေါက်ဆွဲလုပ်နည်းကိုပြောပြရမယ်ဆိုရင်တော့....... ကိုယ်နှစ်သက်တဲ့ အသားကို တောက်တောက်စင်းပြီး ခရမ်းချဉ် သီးနဲ့  ဆီပျံချက်ပါ။ ချက်ပြီးရင်တော့ ဒယ်အိုးနဲ့  ရေနွေးတည်ပါ။ ရေနွေးဆူလာရင် ကိုယ်ချက်ထားတဲ့ အသားကို ရေနွေးတည်ထားတဲ့ အိုးထဲကိုထည့်လိုက်ပါ။ ပြီးရင်တော့ အပေါ့၊ အငံ လေးစမ်းကြည့်ပေါ့လေ။ ရပြီဆိုရင်တော့ ခေါက်ဆွဲကို ပန်းကန်ထဲထည့် ပြီးရင် ခုဏက တည်ထားတဲ့ ဟင်းရည်လေးကို အပေါ်ကထည့်လိုက်တာနဲ့  ရှမ်းခေါက်ဆွဲလေးကို ရရှိမှာဖြစ်ပါတယ်။ (သွေးခဲရှိရင်တော့ ပိုကောင်းပါတယ်။ သွေးခဲကို ဟင်းရည်အိုးထဲထည့်လိုက်ပေါ့ဗျာ။ ) အဲ ပန်းကန်ထဲထည့်ပြီးရင် အပေါ်က နံနံပင်နဲ့  ကြက်သွန်မိတ်လေး ထပ်ထည့်လိုက်ပေါ့ဗျာ။ ဒါပေမယ့် ဆီချက်လေးပါထည့်ရင်တော့ ပိုပြီးစားလို့ ကောင်းပါတယ်။



ဒါကလဲ ရှမ်းခေါက်ဆွဲပါပဲ။ ဒါပေမယ့် နည်းနည်းလေးတော့ ကွာတယ်လေ။ (ရှမ်းခေါက်ဆွဲ တွေက အမျိုးမျိုးရှိတယ်လေ။) ဒီဟာလေးက ပိုပြီးလွယ်ကူသလိုပါပဲ။ ပထမဆုံးတော့ အရိုးကို ရေနဲ့ ပြုတ်လိုက်ပါ။ ပြီးတော့ အပေါ်ကပြောတဲ့အတိုင်းပဲ ကိုယ်နှစ်သက်ရာ အသားကို ဆီပျံချက်လိုက်ပါ။ ကျက်ပြီဆိုရင်တော့ ခေါက်ဆွဲကို ပန်းကန်ထဲထည့်၊ အရိုးပြုတ်ရေကိုထပ်ထည့်လိုက်၊ ပြီးရင်တော့ ချက်ထားတဲ့ အသားကို အပေါ်က တင်လိုက်ရင် ပုံထဲမှာ ပြထားတဲ့ ရှမ်းခေါက်ဆွဲလေးကို ရရှိမှာဖြစ်ပါတယ်ဗျာ။



ဒါကတော့ ၀က်အခေါက်ကို ပြန်ပြီး အချဉ်လုပ်ထားတာလေ။ (လုပ်နည်းတော့မသိဘူး) ထင်တာကတော့ ၀က်ခေါက် အစိမ်းကို စည့်အိုးထဲထည့် ပြီးတော့ ငရုတ်သီး၊ ကြက်သွန်ဖြူ ရောထောင်းတာကို အပေါ်ကထပ်သိပ်လိုက်ပြီး ရေနည်းနည်းထည့်လိုက် မယ်ဆိုရင်တော့ ဒီလို ပုံမျိုးရလာနိုင်ပါတယ်။ (မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လူများအသက်မွေးဝမ်းကျောင်းကို တော့ မထိခိုက်လိုပါဘူးဗျာ)။



ဒါကတော့ အသားလုံးကြော်ပါ။ လွယ်လွယ်လေးပါပဲ။ တောက်တောက်စဉ်းထားတဲ့ အသားကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး ရောထောင်ထားးတာကို အသားနဲ့  ရောမွေလိုက်ပါ။ ပြီးတော့ အလုံးဖြစ်အောင်လုပ်လိုက်ပါ။ နောက်ဆုံးအဆင့်ကတော့ ကြော်တဲ့ အမှုန့် နဲ့  ထပ်နယ်လိုက်ပေါ့။ နယ်ပြီးရင်တော့ ကြော်လိုက်ပါလေ။ ပုံထဲကအတိုင်း ရရှိပါလိမ့်မယ်။



ဒါက မှုန်ညင်းချဉ်ပါ။ လုပ်နည်းကတော့ (ဟင်း.....) မုန်ညင်းလတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေး။ ပြီးတော့ ရေစင်အောင် လှမ်းထားရပါတယ်။ အဲဒါတွေပြီးရင်တော့ အရမ်းအရမ်းကို သန့် ရှင်းတဲ့ ပုလင်း (၀ါ) ဘူး ထဲကို အလွာလိုက်ထည့်ရပါမယ်။ အဲ အလွာတိုင်းဆီမှာတော့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမှန့်  ရောထောင်းထားတာကို သုတ်ပေးရပါတယ်။ အလွာတိုင်း မှာ သုတ်ပေးရမှာဖြစ်တဲ့ အတွက် တော်တော်လေးကို စိတ်ရှည်ရပါတယ်။ ကိုးလီးယား (Kim Ji) လုပ်သလိုပါပဲ။ အဆင့်တိုင်းမှာ သန့် ရှင်း မှုကို ဂရုပြုရမှာဖြစ်ပါတယ်။ အားလုံးထည့်ပြီးရင်တော့ အပေါ်ကနေ အရက်နည်းနည်းဖျန်းပေးပါ။ မြန်မြန် ရအောင်လို့ လေ။ နည်းနည်း လေးပါပဲ။ စားပြီးမူးချင်ရင်တော့ သဘောပေါ့လေ။ (ဟဲဟဲ..........မိန်းမက အရက်သောက်ခွင့် မပြုရင် များများထည့်လိုက်ပေါ့။ အဲဒါ မှ ထမင်းစားရင်း အရက်သောက်ရင်းဖြစ်မှာလေ။ ဒါပေမယ့် အနံ့ တော့ တော်တော်လေးကို စူးမှာနော်... အကြံပေးတာ မဟုတ်ပါဘူး.. ပြောပြတာပါ။ )



ဒါက မုန်ညင်းချဉ်ပါ။ ပုံထဲက အရဆိုရင်တော့ မုန်ညင်းချဉ်ကို ပန်းကန်ထဲထည့်၊ ပြီးတော့ အပေါ်ကနေ ကြက်သွန်နီ၊ ငရုတ်သီး စိမ်းကို ပါးပါးလေးအုပ် လိုက်တာနဲ့  ရှမ်းအစားအစာလေးကို လွယ်လွယ်ရရှိနိုင်ပါပြီ။




ဒါလေးက ရေညှိပါ။ ဒီလိုမျိုးကို ရှမ်းပြည်နယ်မှာ တွေ့ နိုင်ပါတယ်။ သုပ်စားလို့ ပဲဖြစ်ဖြစ်၊ ကြော်စားလို့ ပဲ ဖြစ်ဖြစ် စားလို့ တော့ တော်တော်လေးကို ကောင်းပါတယ်ဗျာ။ (မယုံရင် စမ်းကြည့်ပေါ့။ ရှမ်းပြည်နယ်ရောက်ရင်ပေါ့နော်။ နိုင်ငံခြားမှာတော့ တော်တော် လေးရှားမှာပါ။)



ဒါက မှုန်ညင်းချဉ်ခြောက်ပါ။ မြန်မာပြည်မှာ ဆိုရင်တော့ နေရာတိုင်း၊ ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။ (လုပ်နည်းကတော့ နည်းနည်းလေးမှ ကို မသိတာ)။ စားနည်းကတော့ အဲဒီဟာလေးကို ပန်းကန်ထဲထည့်၊ ငရုတ်သီး (အစိမ်းဆိုရင် ပါးပါးလေးလီး၊ အခြောက်ဆိုရင် အပေါ် က ဖြူး) ထည့်၊ ပြီးတော့ ရေနွေးလေးထည့်လိုက်ရင် ဟင်းချို တစ်ခွက်ကို ရရှိနိုင်ပါတယ်။ ထမင်းနဲ့ ပဲ စားစား၊ အရက်နဲ့ ပဲ မြည်းမြည်းပေါ့ လေ။ ပြောပြတာပါ။ ချဉ်ချဉ်လေးနဲ့  စားလို့  အရမ်းကောင်းပါတယ်။



ဒါကတော့ ပဲပုတ်ထောင်းလို့  ထင်တာပါပဲ။ လုပ်နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံး ခရမ်းချဉ်သီး နဲ့  ကြက်သွန်ဖြူ (အခွံနွာပြီး) ကို ရေနဲ့  ပြုတ်လိုက်ပါ။ ပြီးတဲ့ အချိန်မှာ ငရုတ်သီး (အစိမ်း) ကို ဆီသတ်လိုက်ပါ။ (ငရုတ်သီး အမှုန့် ဆိုရင်တော့ လုပ်စရာ မလိုပါဘူး) ပြီးတော့ အဲဒါတွေကို အားလုံးရော ထောင်းလိုက်ပါ။ ပြီးတော့ ပဲပုတ်အမှုန့် ထည့်လိုက်ပါ။ အပေါ့၊ အငံကို ကြိုက်သလို ထည့်လိုက်ပါ။ အဲဒါဆိုရင်တော့ ပဲပုတ်ထောင်းလေးရရှိမှာဖြစ်ပါတယ်။ (ပဲပုတ်မရှိရင် ငါးပိကို ဆီတတ်ပြီးထည့်ရင်လဲ ငါးပိ ထောင်းလေးရရှိ မှာ ဖြစ်ပါတယ်ဗျာ။ )



ရှမ်းကလေး

Saturday, November 14, 2009

waiting to the end....

I am strong, no wrong can be
I am brave, one can't brake me
I drink beer, no dear near me
I am heart break, nobody date me.

crying in bathroom, alone by myself
without nice and smile, I will be die.

shed the tear and smile
no emotion will be mine.

the usual self, I left in past
haunting the tear I left in past.

how hurt will be
I will just cry
waiting the day, my tear will dry.

Lay Phay

လေပြေ

Thursday, November 12, 2009

ကင်ဆာရောဂါအတွက်....ဆေးတစ်ခွက်

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ
သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။ အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။

သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။

အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့
နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေ
ပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။ သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကိုထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။

ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေး နိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များလက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။



ရှမ်းကလေး (အီးမေးလ် မှသူငယ်ချင်းပို့ ထားသည်ကို ပြန်၍ ဖော်ပြလိုက်ပါတယ်။)

Tuesday, November 10, 2009

ခေတ်သစ်မှာပြောင်းလဲသွားသော သူငယ်တန်းဖတ်စာများ

1) ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား?

(2) "တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။"

(3) "ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ"

(4) "အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။"

(5) "ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။"

(6) "ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။"

(7) " တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။"

(8) "မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း…….."

၉) ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ။

နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်။

ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ
ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀"

၁၀) "ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။" ….ဟင့်…ဟီး..အီး

၁၁) အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း

၁၂) မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။

(သူငယ်ချင်းလုပ်ထားတဲ့ http://tailengtai.blogspot.com/ မှ ကူးယူထားပါသည်။ )

ရှမ်းကလေး

Monday, November 9, 2009

အဖြူရောင်အလံ....

ဘ၀လေးမှာ အချစ်စစ်ရှာ
တွေ့ ချိန်လေးမှာ မယုံကြည်တော့
ကြားကစကား ၀င်ရောက်နှောင့်ယှက်
အပြစ်ပုံခက်။

နောက်ဆုံးချိန်မှာ ကြားမှာလွင့်မြော
မပြောခင်မှာ မင်းကရက်စက်
အပြစ်ပုံရက်။

မသိတဲ့သူ ငါ့မှာတော့ကွာ
အပြစ်ပိုက်လို့  မျက်ရည်များသာ
ဝမ်းနည်းလို့ ကွာ ငိုခဲ့မိတယ်။


လေပြေ

တွေ့ ရှိခြင်းနှင့် ပျောက်ဆုံးခြင်း...

လူ့ ဘ၀က ဟာတာတာပါ
အလုပ်လုပ်လို့  ၀င်ငွေလေးရှာ
ဝမ်းဗိုက်ပြည့်တော့ တစ်ခြားကိုရှာ။

တစ်ကောင်ကြွက်မို့  အထီးကျန်တာ
အဖော်လေးပါ ရှာလိုက်မိတော့
အတုအယောက် ဘ၀ရတာ။

တူတာတွေ့ တော့ မသိခင်မှာ
မင်းလေးပါလား တောင်းတအောင်းမေ့
မျက်စိရှေ့ မှာ ပျောက်ကွယ်သွားလား။


လေပြေ

ဟာတာတာ မျှော်လင့်ချက်..

လမ်းတစ်လျှောက်လုံး ငိုကြွေးခြင်းသာ
ချစ်သူခွဲလို့  ဘ၀ကိုရှာ
ရံဖန်ခါမှာ လွမ်းမောတမ်းတ
ရက်တွေတိုင်းက ငိုခြင်းများသာ။

တောင့်ခံနိုင်အား မရှိချိန်မှာ
အားလုံးမေ့လို့  မင်းရင်ခွင်မှာ
တစ်ခဏတာ ခိုလုံချင်တယ်။

ဒါပေမယ့်

စိတ်ချင်းဝေတော့ ငါ့ခမျာမှာ
ခိုလုံစရာ ရင်ခွင်ဝေးလို့ 
ရေစက်ကိုသာ အပြစ်တင်ရင်း
ဟိုးအဝေးကို ............
မျှော်လင့်ခြင်းနဲ့  စောင့်မျှော်နေမယ်။


လေပြေ

Thursday, October 29, 2009

မိန်းကလေးများအတွက်......ယောင်္ကျားလေးလျို့ ဝှက်ချက်

1) Guys may be flirting around all day, but before they go to sleep, they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့  သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက် တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……

2) Guys are more emotional then you think. If they loved you once, it’ll take them a lot longer then you think to let go in their head, and it hurts every second that they try.
ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်.. သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ပိုကြာတတ်ပါတယ်… Second တိုင်းအမျှ ခံစားရတတ် ပါတယ်…

3) Guys go crazy over a girl’s smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..

4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..

5) If a guy tells you about his problems, he just needs someone to listen to him. You don’t need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့ သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး.. တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ.. :P

6) A usual act that proves that the guy likes you is when he teases you.
ယောင်္ကျားလေးက မိန်းကလေးကို ချစ်နေပြီဆိုတဲ့ သက်သေပြတဲ့ အချိန်ဟာ အဲဒီကောင်မလေးကို ပုံမှန်စနောက်ခြင်းပါပဲ။

7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..

8) Guys use words like hot or cute to describe girls. They rarely use beautiful or gorgeous. If a guy uses that, he loves you or likes you a whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်. ချစ်စရာကောင်းတယ်လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့ သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..

9) If the guy does something stupid in front of the girl, he will think about it for the next couple days or until the next time he spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင် သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..

10) If a guy looks unusually calm and laid back, he’s probably faking it and he’s really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့ သူတို့စိတ်ထဲမှာတစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..

11) When a guy says he is going crazy about the girl, he really is. Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင် သူတို့အမှန်တကယ်ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..

12) When a guy asks you to leave him alone, he’s just actually saying, “Please come and listen to me.”
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့ ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..(ကျနော့်အတွက်တော့ တကယ်ကို ဆိုလိုတာလေ...အင်းလူခြင်းမှ မတူတာပဲလေ)

13) If a guy starts to talk seriously, listen to him. It doesn’t happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..အဲလိုလုပ်ခြင်းအားဖြင့် သင်အခြေအနေ ကိုနားလည် သဘောပေါက်သွားမှာပါ။ ယောင်္ကျားလေးတွေက အဲလိုပြောခဲပါတယ်။

14) When a guy looks at you for longer than a second, he’s definitely thinking something.
တစ်စက္ကန့် ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ တွေးနေလို့ပဲဖြစ်ပါတယ်..

15) Guys really think that girls are strange and have unpredictable decisions and are MAD or confusing, but somehow are drawn even more to them.
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ ကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ ထိုမိန်းကလေးများက မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..

16) No guy can handle all his problems on his own; he’s just too stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး.. သူတို့ဝန်ခံဖို့မရဲတာသာဖြစ်ပါတယ်..

17) When a guy sacrifices his sleep and health just to talk to you, He really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့ သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့ အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..

18) Even if you dumped a guy months ago and he loved you, he probably still does and if he had one wish it would be for you to come back into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင် အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..


source: http://hsarlawla.wordpress.com

ပစ္စည်းပါတာပဲ...မုဒိမ်းပေါ့

တစ်ခါက လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။

တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။

မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။

ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။

“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”

မိန်းကလေးက “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။

“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”

“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”

“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”

“………”

“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”

“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟုမိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။

” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”

အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။

”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

source: http://hsarlawla.wordpress.com

ကူညီပေးပါလား.....

ပန်းခြံထဲမှာ ခုံတန်းလေးပေါ်မှာ ချစ်သူ စုံတွဲ တီတီတာတာ တွက်ထိုးနေသတဲ့။ အဲဒီ စုံတွဲနဲ့ ဘေးကပ်ရပ် ခုံတန်းမှာ အဖိုးကြီးတစ်ယောက်
စာဖတ်နေရင်း ချစ်သူစုံတွဲ တွက်ထိုးသမျှကိုကြားရတယ်ပေါ့။

ကောင်မလေးကပြောတယ်၊ မောင်ရယ်တဲ့ ချစ်ချစ် ခေါင်းမှုသလိုလိုပဲတဲ့။ ဒါနဲ့ ကောင်လေးက နဖူးလေကို ကြင်ကြင်နာ နမ်းရှိုက်ပေးပြီး ခေါင်းမှုးတာသက်သာလားတဲ့ ကောင်မလေကိုမေးတယ်။ သက်သာသွားတယ် မောင်မောင်ရယ်တဲ့။

ကောင်မလေးက ဆက်ပြောတယ်၊ မောင်ရယ်..ချစ်ချစ် ဇက်ကြောတွေတက်လာပြန်ပြီတဲ့။ ဒါနဲ့ ကောင်လေးက ကောင်မလေးရဲ လည်တိုင်ကို မွေးမွေးပေးလိုက်ပြီး သက်သာသွားသလားမေရယ်တဲ့။ အခုမှကောင်းသွားတယ်မောင်ရယ်တဲ့။

ခဏကြာတော့ ကောင်မလေးက ပြောပြန်ရော.. မောင်ရယ်..မေ့ လက်မောင်းတွေ တဆစ်ဆစ်နာကျင်တယ်တဲ့.. ကောင်လေးက ဒါဆို မေရယ် မောင် မေ့ရဲ့ လက်မောင်လေးကို နမ်းပေးမယ်တဲ့….

ချစ်သူစုံတွဲ တွက်ထိုးသမျှကို ကြားရတဲ့ အဖိုးကြီးက ကြာတော့ နားကြားပျင်းကပ်ကပ်ရှိတာနဲ့ ထပြီး ပြောသတဲ့.. ဟေ့ဟေ့ ငါတူ ငါ့လည်းကူညီပေးပါဦး.. ဦးဦးဖင်မှာ လိပ်ခေါင်းပေါက်နေလို့ တဲ့……………

source: http://hsarlawla.wordpress.com

Wednesday, October 28, 2009

သည်းမခံနိုင်သူ

တစ်ခါကတရားရုံးကိုအမှု တစ်ခုရောက်လာသတဲ့ ။အမှုကတော့စပါယ်ယာကခရီးသည် အမျိုးသမီးကြီးတစ်ယောက်ကို ကားပေါ်မှကန်ချတဲ့ အမှုဖြစ်တယ်။

တရားသူကြီးကတရားခံဖြစ်သူကိုမေးလိုက်တယ်။

" မောင်မင်း တရားလိုကပြောနေတယ် မင်းကကားမောင်းနေတုန်းသူ့ ကိုတွန်းချတယ်ဆို ဟုတ်သလား?"

"ဟုတ်ပါတယ်"

" ဘာလို့  တွန်းချတာလဲ?"

" ကျွန်တော့်ဖြစ်ပုံကိုအစအဆုံးရှင်းပြပါရစေ။ ဒီအမျိုးသမီးကြီးဟာ လက်ပွေ့ အိတ်ကြီးတစ်လုံးကိုင်ပြီးတော့
ကားပေါ်တက်လာပါတယ်။ ကျွန်တော်ကားလက်မှတ်ဖြတ်ဖို့ သူ့ နားသွားတော့လက်ပွေ့ အိတ်ကြီးကိုဖွင့်လိုက်ပါတယ်။

အထဲကလက်ကိုင်အိတ်ကိုထုတ်လိုက်ပါတယ်။လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ အထဲက ကတ္တီပါအိတ်ကိုထုတ်ပါတယ်။ပြီးတော့လက်ကိုင်အိတ်ကပိတ်ပါတယ်။

လက်ပွေ့ အိတ်ကိုဖွင့်ပါတယ်။ လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့ အိတ်ကပိတ်ပါတယ်။ ကတ္တီပါအိတ်ကိုဖွင့်လိုက်ပါတယ်။

အဲဒီလိုလုပ်နေတုန်းအရှေ့ခုံကခရီးသည်ကကားခပေးလို့ သွားယူရပါတယ်။ ကျွန်တော်သွားနေတုန်းမှာ သူကကတ္တီပါအိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။

လက်ကိုင်အိတ်ကိုထုတ်ပါတယ်။လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ ကတ္တီပါအိတ်ကိုထည့်ပါတယ်။ လက်ကိုင်အိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။ လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့  အိတ်ကြီးကို ပိတ်လိုက်ပါတယ်။

အဲဒီအချိန်မှာကျွန်တော်သူ့နားကိုပြန်ရောက်လာပါတယ်။ ကျွန်တော်ကထုတ်ပြီးပြီထင်လို့ တောင်းတော့သူက မင်းမယူသေး
ဘူးမှတ်လို့ ပြန်ထည့်လိုက်တယ်ခဏစောင့်ဆိုပြိးတော့

လက်ပွေ့ အိတ်ကြီးကိုဖွင့်လိုက်ပါတယ် အထဲကလက်ကိုင်အိတ်ကိုထုတ်လိုက်ပါတယ်။ လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။
လက်ကိုင်အိတ်ကိုဖွင့်ပါတယ်။ အထဲကကတ္တီပါအိတ်ကိုထုတ်ပါတယ်။ ပြီးတော့လက်ကိုင်အိတ်ကိုပိတ်ပါတယ်။လက်ပွေ့ အိတ်ကို ဖွင့်ပါတယ်။လက်ကိုင်အိတ်ကိုထည့်ပါတယ်။

လက်ပွေ့ အိတ်ကပိတ်ပါတယ်။ ကတ္တီပါအိတ်ကိုဖွင့်လိုက်ပါတယ် အဲဒီအချိန်မှာပဲ နောက်ထပ်ခရီးသည်တစ်ယောက်တက်လာပြီး ပိုက်ဆံလှမ်းပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာသူကစောစောကလိုပဲကတ္တီပါအိတ်ကိုပိတ်ပါတယ်။

လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ် ။လက်ကိုင်အိတ်ကိုထုတ်ပါတယ်။ လက်ပွေ့ အိတ်ကိုပိတ်ပါတယ်။ လက်ကိုင်အိတ် ကိုဖွင့်ပါတယ်။ ကတ္တီပါအိတ်ကိုထည့်ပါတယ် လက်ကိုင်အိတ်ကိုပိတ်ပါတယ်။ လက်ပွေ့ အိတ်ကြီးကိုဖွင့်ပါတယ်။

လက်ကိုင်အိတ်ကိုထည့်ပါတယ်။လက်ပွေ့ အိတ်ကြီးကိုပိတ်လိုက်ပါတယ်။ ကျွန်တော်ပြန်ရောက်လာတော့မင်းမယူသေးဘူး
မှတ်လို့ ဆိုပြီးတော့လက်ပွေ့ အိတ်ကြိးကိုဖွင့်ပါတယ်"

"တော် တော် တော်လောက်ပြီ"

တရားသူကြီးကလက်ကာတားလိုက်ပြီး

"အဲဒီလိုဘယ်နှစ်ခါလုပ်သလဲ"

"လေးခါလုပ်ပါတယ်"

"မင်းမို့ လေးခါထိသည်းခံနေတာ ငါသာဆိုနှစ်ခါလောက်ကတည်းကကန်ချတယ်"

ဟုပြောလိုက်လေသတည်း။

Monday, October 19, 2009

သီတင်းကျွတ်ပွဲတော်

အောက်ကပုံလေးတွေက သီတင်းကျွတ်ရင် ကျနော်တို့ လုပ်တဲ့ ပုံလေးတွေပါ။



သီတင်းကျွတ်ပြီး ဘုန်းကျောင်းတက်တဲ့နေ့ ဆိုရင် စောစောလေးထရပါတယ်။ မျက်နှာလေးသစ်၊ အ၀တ်ကောင်း (သန့် ရှင်းတဲ့အတ၀တ်) ကိုဝတ်ပြီး ဘုန်းကြီးကျောင်းကို 6 နာရီမတိုင်မှီက သွားတယ်လေ။ ရောက်တဲ့အချိန်မှာ အပေါ်ကအတိုင်း စေတီမှာ ဖုရောင်းတိုင်ထွန်း၊ ဆွမ်းတွေကပ်ပြီး ဆုတောင်းပါတယ်။



စေတီကိုမှာ ပူဇော်ပြီးရင်တော့ နတ်စင်မှာ ကိုသွားပါတယ်။ (အိမ်စောင့်နတ်တို့ ၊ ရွာစောင့်နတ်တို့ ကို ကျနော်တို့ က ယုံတယ်လေ။ တစ်ခြား မှာတော့မသိဘူးပေါ့။ ) ပြီေးတာ့ ပူဇော်ဆုတောင်းတယ်လေ။



အဲဒါတွေလုပ်ပြီးတဲ့ နောက်မှာ ဘုန်းကြီးကျောင်းမှာ သီလ လာယူတဲ့ သက်ကြီးရွယ်အိုတွေကို ကျနော်တို့ ကလိုက် ကန်တော့ပါတယ်။ အပြစ်တွေရှိရင် ခွင့်လွတ်ဖို့ နဲ့  ကို့ ပေါ်သွန်သင် ဆုံးမဖူးတဲ့ ကျေးဇူးတွေအတွက် ကန်တော့တာပါ။



ညရောက်တော့၊ ပုံလေးမှာတွေ့ ရတဲ့အတိုင်း ထင်းရှူးပင်ကိုမီးထွန်းညှိပါတယ်။ (ထင်းရှူး နဲ့  ထင်းတွေကို ပေါင်းပြီးအပင်လို ပုံစံလုပ်ထားတာပါ။ ကျနော်တို့ ရွာမှာဆိုရင် နှစ်ပင်လောက်လုပ်တယ်လေ။) မီးထွန်းညှိလိုက်တယ်ဆိုရင်ပဲ တော်တော်လေးကို လင်းထိန်သွားတယ်ဗျ။ ပြီးတော့ ကျနော်တို့  အိုးစည် တွေကို တီးကြပါတယ်။ တော်တော်လေးကို စည်ကားတယ်လေ။ ရွာတိုင်း ရွာတိုင်းလဲလုပ်ပါတယ်။ ပြောမယ်ဆိုရင် ဗုဒ္ဒကင်းကင်ကနေ ဆင်းသက်လာတာကို ကြိုဆိုတာလေ။



အဲလိုလုပ်ပြီးချိန်မှာ ကျနော်တို့ က ကားတွေနဲ့  တခြားရွာက စေတီတွေမှာ မီးလိုက်ထွန်းပါတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာက ဖုရောင်းတိုင် တစ်ထောင် (1000) ထွန်းခြင်းလို့ ခေါ်ပါတယ်။ အဲဒီနေ့ ဆိုရင် မြို့ တွင်း၊ မြို့ ပြင် ထိန်ထိန်ညီးနေအောင် ကို စည်ကားပါတယ်။

ဖရောင်းတိုင်ထွန်းပြီးပြန်လာရင်တော့ မီးပုန်းပျံလေးတွေလွတ်လေ။ အဲဒီနေ့ ဆိုရင် ကလေး၊ လူကြီး၊ အပျို၊ အအို မရွေး ဘုန်းကြီးကျောင်း မှာ ရောက်နေကြတာဗျ။


ရှမ်းကလေး

Thursday, October 15, 2009

ရှမ်းအစားအစာလေးများ....

ဟိုနေ့ တုန်းက အခန်းအနားတစ်ခုအတွက် အစ်ကို ကို သွားကူညီရင်းနဲ့  ရိုက်လာတာလေးတွေပါ။ ပုံတွေ တင်ရင်းနဲ့  စာလေးပါလေး ရေးမယ်လုပ်နေတုန်း အင်တာနက် က မကောင်းတာ နဲ့  မရှင်းပြလိုက်ရတာကို တောင်းပန်ပါတယ်ဗျာ။



ဒါက မုန်ညင်းခြောက်ဖြစ်ဖို့ များပါတယ်။ ဒါကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းချိုမုန့် ထည့်ပြီး ရေနွေးလောင်းထည့် လိုက်ရင် စားလို့ ရပြီလေ။ အရဿာက ခပ်ချဉ်ချဉ်လေးပါ။



ဒါလေးက ထိုဖူး သုတ်လို့ ခေါ်ပါတယ်။ ၀ါဝါလေးက ထိုဖူးလေ။ အပေါ်က ဖြူးထားတာကတော့ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်း နဲ့  ပဲပုတ် ဖျော်ရည်လောင်းထားတာပါ။ အရဿက တော့ ခပ်စပ်စပ်လေးပါ။



ဒီဟာလေးက ရှမ်းပြည်နယ်က ဈေးတန်းလေးပါ။ အစုံရောင်းတယ်လေ။ (စားစရာနော်)



ဒါလေးက ခရမ်းချဉ်သီးထောင်းပါ။ ခရမ်းချည်သီး၊ ကြက်သွန်ဖြူ ကို ပထမဆုံးပြုတ်ရပါတယ်။ ပြီးရင်တော့ ငရုတ်သီး အစိမ်းကို လျှော် (ကြော်)ပါ။ အားလုံးကို စုပြီးထောင်းပါ။ ပြီးတော့ အပေါ့အငံအတွက် ဆား၊ဟင်းချိုမုန့် လေး ထည့်ရုံပါ။



ဒါက အခေါက် (ကျွဲ၊ နွား၊ ၀က်) တွေကို ပြုတ်ပြီး ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  နဲ့ ထောင်းပြီး အချပ်လိုက်လုပ်တယ်လေ။ ပြီးတဲ့ အချိန်လေးမှာ အခြောက်လှမ်းလိုက်တာပေါ့။



ဒါက ထိုဖူးကို ကြော်ထားတဲ့ ပုံလေးပါ။ ကြွပ်ကြွပ်လေးနဲ့  စားလို့  အရမ်းကောင်းတယ်ဗျ။




ဒါက ပဲပုတ်စေ့လေ။ ကျနော်တော့ မကြိုက်ဘူး။ (ဒါကြောင့် အရဿာ မသိတာလေ)



ဒါကလဲ ပဲပုတ်အချပ်ပါ။ ပဲပုတ်ကို ပြုတ်ပြီးထောင်းတယ်လေ။ ပြီးတော့ ဂျင်း၊ ငရုတ်သီး၊ ဆား၊ ဟင်းချိုမုန့်  ထည့်ပြီးရော နှယ်တယ်။ အဲဒါပြီးတော့ ဒီလို မျိုးအချပ်လိုက်လုပ်တယ်လေ။ ဒါကို ကြော်စားရပါတယ်။ နည်းနည်းခါးတယ် ဒါပေမယ့် စားလို့ တော့ ကောင်းပါတယ်။



ရှမ်းပြည်နယ်က ဈေးတန်းလေးပါပဲ။ ပဲပုတ်ချပ်တွေရောင်းနေတာလေ။ ပဲပုတ်က အပေါ်ကလို အတုန်းကြီးရှိသလို (ရှမ်းလူ မျိုးများ သိပ်မစားပါ)၊ ဒီလိုမျိုး အချပ် ပါးပါးလေး (ရှမ်းလူမျိုးတွေ အိမ်မှာ တော်တော်လေးကို သုံးပါတယ်။ မရှိမဖြစ်ကို ဖြစ်တာပါ။) တွေလဲ ရှိပါတယ်။



ဒါက ပဲပုတ်စေ့လေ။ ဒါကို ချက်စားလို့ ရ တလို ပဲပုတ်လုပ်တာကလဲ ဒီဟာနဲ့ ပါပဲဗျာ။



ဒါက ရှမ်းထမင်းချဉ်ပါ။ ခရမ်းချဉ်သီးကို ချက်၊ ပြီးတော့ အာလူးကို ပြုတ်၊ ထောင်းထားတဲ့ ငရုတ်သီးခြောက်ကို လျှော်။ ပြီးတော့ အဲဒီဟာ အားလုံးကို ထမင်းနဲ့ ရောနယ်၊ ဆား၊ ဟင်းချိုမုန့် လေးထည့်လိုက်ရင်ပဲ ရှမ်းထမင်းချဉ်လေးရတာပေါ့။ ဆီချက်လေးလဲ အပေါ်က ဖြူးဖို့  မမေ့လိုက်ပါနဲ့ ။ နံဘေးက အရွက်တွေကတော့ နံနံပင်၊ ကြက်သွန်မိတ် နဲ့  ကျူးမြစ်ဖြစ်ပါတယ်။ (ကျူးမြစ်က အဖြူရောင်ရှိတယ် ဒါပေမယ့် ထိပ်ပိုင်းကြတော့ ရွက်သွန်မိတ်လို အစိမ်းရောင်ရှိပါတယ်။ (ကျနော် တွေ့ ဖူးတဲ့သူ တော်တော်များများ မသိကြပါဘူး။ ))



ဒါလေးကတော့ မပြောလဲ သိမှာပဲနော်။ ငှက်ပြောမုန့် လေးပါ။ (လုပ်နည်းတော့ မသိဘူး)



ဒါက ငှက်ပြောမုန့် လိုပါပဲ။ ထည့်တဲ့ ပစ္စည်းတွေနည်းနည်းလေးကွာသွားတာပါ။ အခုထည့်ထားတာက မြေပဲလေ။




ဒါလဲ အတူတူပါပဲ။



ဒါက ပဲပြားကြော်လေ။



ရှမ်းပြည်ကဈေးတန်းလေးပေါ့။ ဖက်နဲ့ ထုတ်ထားတဲ့ စားစရာလေးကတော့ ထမင်း၊ ၀က်သွေး၊ ၀က်သား ရောပြီး ပေါင်းထားတာပါ။ စားလို့ တော့ တော်တော်လေးကောင်းတယ်။



ဒါကလဲ ဒုတိယ ပုံလိုပါပဲ၊ ထိုဖူးသုပ်လေးပါ။




ဒါလေးက ပဲပုတ်ထောင်းပါ။ ပဲပုတ်ကို ပြုတ်ပြီးတော့ ဆား၊ ဟင်းချိုမုန့် ၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ တွေရောပြီးထောင်းထားတာလေ။
အရဿာကတော့ နည်းနည်းတော့ စပ်တယ် ဒါပေမယ့်တော်တော်လေးကောင်းတယ်။ ဒီဟာကို ကောက်ညှင်းပူပူ လေးနဲ့  စားရင်တော့ ဆွေမျိုးမေ့ လုနီးနီးပါပဲ။




ဒါက ထိုဖူးနှောင်းလို့ ခေါ်တယ်။ လုပ်နည်းတော့ မသိဘူး။ ဒီဖြူဖြူလေးကို သကြား (၀ါ) ကြံသကာ ရည်လေးနဲ့ စားရပါတယ်။ မုန့်  တစ်မျိုးပါပဲ။



ရှမ်းကလေး (ဆက်လက်ဖော်ပြပါမယ်)

Wednesday, October 14, 2009

ပါးစပ်အနံ့  ပျောက်နည်း

လူတိုင်းမှာတော့ ပါးစပ်နံ့ လေးတွေ ရှိကြမယ်။ ဒါကြောင့် အပျို ဘ၀လေးမှာ စားပြီးတိုင်း သွားတိုက်ရတာလဲ အမောလေ။ တချို့  ဆိုရင် တစ်နေ့ ကို 6 ခေါက်လောက်တောင် တိုက်တယ်။

ဒါပေမယ့် ဘယ်လို တိုက်တိုက် အနံ့ က ပျောက်မသွားတာလေးကို ခံစားရပြီး ကသိကအောက် ဖြစ်မိတဲ့ အချိန်လဲ ရှိမယ်လို့  ထင်တယ်။ အထူးသဖြင့် ရည်းစားလေးနဲ့  နမ်းမယ်လုပ်တုန်း xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တာတွေလဲ ရှိမှာပေါ့ နော်။ ( ကိုယ့် ကိုကိုယ် စဉ်းစားကြည့်ပေါ့နော် (မြန်မာပြည်ကလာတယ်ဆိုတော့ censor ဖြတ်တတ်တဲ့ အကျင့်က စွဲနေတယ်လေ))။

ဒါပေမယ့် အခုတော့ ပူစရာမလိုတော့ဘူးပေါ့ဗျာ။

လုပ်တဲ့ နည်းလမ်းကတော့ လွယ်လွယ်လေးပါ။ ကိုယ့် ပါးစပ်အနံ့ ပျောက် ချင်ရင်တော့ ကန်စွန်းရွက် (ရိုးတန်အနီ) ကို မန်ကျဉ်းသီးနဲ့  အချဉ် ဟင်းရည်ချက်ပြီးသောက်ပါ။ တဖြည်းဖြည်းနဲ့  ပျောက်သွားပါလိမ့်မယ်။ (ပျောက်ချင်လွန်းလို့  အရမ်းမလုပ်နဲ့ နော်၊ ချီးပန်းရင် တော့ တာဝန် မယူဘူးဗျို့ )

ဒါမှ မဟုတ်ရင် အစာစားပြီးတိုင်း မန်ကျဉ်းသီး အချဉ် (၀ါ) အချိုကို စားပေးရင်လဲ အနံ့ ပျောက်စေနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ဗျာ။



ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

အစားအစာ စားနည်းလေး

အခုခေတ်မှာဗျာ အသက်ရှင်ဖို့  စားရတယ်ဆိုတာထက် စားဖို့ အသက်ရှင်နေရတဲ့ ခေတ်ရောက်နေတယ်။ ဘာလို့ လဲဆိုတော့ လူက မနက်အစောကြီးထ ပြီးတော့ ၀င်ငွေရဖို့ အရေး အလုပ်တွေကြိုးစားပြီးလုပ်ရတယ်လေ။ ရလာတဲ့ ၀င်ငွေကိုလဲ လောက်င အောင် သုံးနေရတယ်လေ။ ၀င်ငွေမရှိရင် အိမ်က ဆူဆူပူပူ လုပ်တာတို့ ကလဲ မမြင်ချင်အဆုံးပေါ့ဗျာ။ ခုခေတ်က လူတွေက စားစရာရှိရင် တိတ်တိတ်လေးနေပြီး စားစရာမရှိရင် ဆူညံ၊ ဆူညံ လုပ်နေကြလို့  စားဖို့ အသက်ရှင်တဲ့ ခေတ်လို့  ကျနော်တော့ ကောက်ချက် ချတယ်လေ။

ကဲ... အစားအစာ စားတဲ့အခါမှာ ပထမဆုံးအနေနဲ့  ကျေညှက်အောင် ၀ါးစားရပါမယ်။ အဲဒါမှ ကိုယ့်ဝမ်းဗိုက်က သိပ်ပြီး အလုပ်လုပ် ရမှာလေ။ ကိုယ့်အတွက်ကောင်းတာပေါ့။

ဒုတိယ အချက်က ထမင်းစားတဲ့အချိန်နဲ့  အိပ်ချိန်က 3 နာရီ ကွာရမယ်နော်။ မဟုတ်ရင် လူကို ၀စေတယ်ဗျ။ (မယုံမရှိပါနဲ့  ကျနော်လဲ စားပြီးရင် အိပ်တတ်တဲ့ အကျင့်လေးရှိနေတာ အခုဆိုရင် ဆင်ပေါက်စလေးတောင်ဖြစ်နေပြီလေ။ အရင်တုန်းကတော့ model လိုလို၊ ၀ါးခြမ်းပြား အ၀တ်စီးထားသလိုလို ပေါ့ နော်။)

တစ်ခါ တလေတော့လဲ ငယ်ငယ်ကသင်ထားတဲ့ သင်ခန်းစာလေးကို ပြန်မှတ်မိပါတယ်။ ဘာတဲ့........
“အစားအစာ ၀ါးစားပါတဲ့ဗျား”


ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်)

လက်နုနယ်အောင်လုပ်တဲ့နည်း...

လူတွေက အသက်ကြီးလေ ပိုပြီးလှချင်လေတဲ့ဗျ (ကျနော့်အမြင်လေ)၊ ဥပမာအားဖြင့် တစ်ချို့ အပျို ကြီးတွေက ပြောရင်တော့ ပါရမီပါမှ လုပ်နိုင်တာ...(သူတို့ က ကိုယ့်ထက် ပါရမီပိုရှိ သလိုလိုနဲ့ ပေါ့နော်) ဆိုလိုက်ပါသေးတယ်။ ဒါပေမယ့် ကျနော်နဲ့  သူငယ်ချင်းတွေကတော့ ယူမယ့်သူ မရှိလို့  အပျိုကြီးဖြစ်တယ်လို့  ခံယူထားတာလေ (ယောင်္ကျား၊ မိန်းမ မရွေးပေါ့လေ)။

လိုရင်းကို သွားမယ်ဆိုရင်၊ မျက်နှာကို နုနယ်အောင်လုပ်ဖို့ ကြတော့ မိတ်ကပ်တို့ ၊ ပေါင်တာတို့ ၊ အမျိုးမျိုး ရှိနေတယ်လေ။ ယောင်္ကျား လေးတွေကလဲ မျက်နှာကို ကြည့် ပြီးရင် လက်ကို ကြည့်ကြတယ်လေ။ လက်က တွန့် နေရင်တော့ မျက်နှာ ဘယ်လောက်နုနု အဘွားကြီး ပဲ ဖြစ်မယ်ဆို ပြီးကောက်ချက်ချတတ်ပြန်တယ်ဗျ။

အဲ ဒီနေ့ တော့ ကြံကြံဖန်ဖန် ကျနော်လဲ စာအုပ်တစ်အောက်ကို ကောက်ဖတ်တုန်းရတာလေးကို ပြန်ဝေမျှလိုက်ပါတယ်။

နည်းကတော့ လွယ်လွယ်လေးပါ။ ပထမဆုံးအနေနဲ့  လက်ကို ဆပ်ပြာနဲ့  စင်ကြယ်အောင်ဆေးပါလေ။ ပြီးသွားတဲ့ အခါ မှာ လက်ကို သကြား (စားတဲ့ သကြားပေါ့) နဲ့  ပွတ်တိုက်ပေးပါ။ တစ်နေ့ ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ခြင်းအားဖြင့် လက်ရဲ့  နုနယ် မှုကို ခံစား လာရပါလိမ့်မယ်။

သီတင်းကျွတ်ပြီဆိုတော့ အပျို၊ လူပျို လေးတွေလဲ ညားနိုင်ကြပါစေဗျာ။

ရှမ်းကလေး (source: swan နှင့် ဖြည့်ဆည်းဖော်ပြပေးလိုက်ပါသည်။ )

Sunday, October 11, 2009