Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, August 31, 2009

နိုင်ငံရေး..........

ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ " မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊

ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။ ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊ သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါး ဖွင့်ဝင်ကြည့်ရာမိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။

ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။

နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်"

ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော် သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "


ရှမ်းကလေး (အီးမေးလ် မှစာအားပြန်၍ ဝေမျှလိုက်ပါသည်။ )

Friday, August 28, 2009

ယောင်္ကျားများ အကြောင်း

အော်..ယောက်ျား..ယောက်ျား... ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် .... ' သူ့ကိုကြိတ်ကြိုက်နေတယ် ' ... လို့ အဲလိုမှ မလုပ်ပြန်ရင်လဲ ... ' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့ သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ပဲများနေတာ ' ...လို့ အဲလိုမှ မ၀တ်ပြန်ရင်လဲ ' တိုက်ဂေါ 'တဲ့

သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '...လို့ ငြိမ်နေပြန်တော့လဲ ... 'ငတုံးမလေးပါကွာ.. .ငါလိမ့်ချင်သလို လိမ့်လို့ရပါတယ် '...တဲ့

သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငဖျံမ '...လို့သူကများ ပိုတော်နေရင်တော့လဲ ...' အရည်အချင်းကြောင့် '...တဲ့သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " လက်ဖက်ရည်ဆိုင်မှာ ရေနွေးအိုးတအိုးနဲ့
တစ်နေ့လုံးထိုင်ပြီး...ဒီစော်ကဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကငါနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...
ညာဖြစ်ခဲ့တယ်...အခုမှအထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်

သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့ တရားဝင်အနိုင်ကျင့်လာပါလိမ့်မယ်....
ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' ငါက ပိုင်ပါတယ်ကွာဆိုပြီးနောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....
အဲလို အမူအရာမပြပြန်တော့လဲ ... ' မင်းကတကယ်မချစ်လို့ နောက်တစ်ယောက်ရှာတာ
'...တဲ့

အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ပစိပစပ် '...လို့မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့ '...တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' ယောက်ျားကိုလွှမ်းမိုးမယ့်မိန်းမ ' ...လို့
သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '...တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ကတိမတည်တဲ့မိန်းမ '...လို့
သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့

မိန်းကလေး......... shopping သွားမိရင် ပြောပါလိမ့်မယ် ...'ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့
သူ ပိုကာ ဆွဲတာကျတော့ ...' အပျင်းပြေပါ '...တဲ့

သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ '...လို့ သူအောင်ရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် ... ' အကြင်နာတရားမဲ့တဲ့လူ' ...လို့
သူ့ကြောင့်များ သင်ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် ......၀လာမှာစိုးလို့နည်းနည်းပဲစားတဲ့......
ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် အစားဆိုတာ ကောင်းကောင်းစားရတယ်တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲမလိုက်တစ်ခါ ရှိခဲ့ပါမူ...
သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏( blog တွေလည်း လျှောက်ရေးတတ်၏ ..)တဲ့......

ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......မင်းကို
ချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါတဲ့........(ဗလောင်းဗလဲ
ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)

ဒီစာကို ယောက်ျားတွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ'
...လို့..မပို့ပြန်ရင်လည်း ... ' အတ္တသမားတွေ ' ...တဲ့


ရှမ်းကလေး (အီးမေးလ်မှ ရသောစာအား ပြန်လည်ဝေမျှပါသည်။ )

Monday, August 17, 2009

လေးဖက်လေးတန်

လေးဖက်လေးတန် ထွက်ပေါက်မရှိ
အခန်းလယ်မှာ ငုတ်တုတ်ထိုင်လို့ 
လက်ချိုးရည်ကာ
ကုန်ပါလေတော့ အချိန်တွေရာ။

ငါ့အခန်းမှာ စိမ်းညို့ ညို့ နဲ့ 
အနံ့ တွေသာ အဖော်ပြုသာ
နံရံမှာတော့ ရေးခြစ်ထားတဲ့
တုတ်ချောင်းတွေသာ ပြည့်လို့ နေတယ်။

ပြန်တွေးလိုက်တိုင်း
ကြည်နူးခဲ့တဲ့ ငါ့ရဲ့ ဘဝ
သားနဲ့ သမီး စုံကာညီလို့ 
ကောင်းကင်ကြီးအောက် ပျော်ဖူးခဲ့တယ်။

ဒီခန်းကျဉ်းမှာ ကောင်းကင်မရှိ
နေကမထိ မှောင်ကအတိ
လက်ကောက်တွေက သံချေးတက်လို့ 
ရွေ့ လျားမရ။

လမ်းလျှောက်တိုင်းလဲ ကလောက်ကလင်
ထိုင်လိုက်တိုင်းလဲ တချွင်ချွင်နဲ့ ။

အပြစ်မရှိ ဘာမှမသိ
ငါ့လိုကောင်ကို လူမိုက်တွေကာ
အခန်းထဲထည့် မသေယုံကျွေး
ချထားခဲ့တာ ကြာပြီပေါ့လား။

နှစ်တွေပြည့်တော့ ရက်တွေထပ်တိုး
ပြေနေသေးတယ် ရက်ပေါင်း 3650 ရယ်။

လတွေလည်တိုင်း အိမ်ကလာကြို
သက်ပြင်းချကာ စောင့်နေပါကွာ
3650 ရက်ပါကွာ။

သူတို့ ပြန်တော့ ....
ငါလက်ချိုးကာ တောင်းဆုတွေချွေ
နောင်ဒီချိန်ရယ် မြန်မြန်ရောက်ဖို့ ရယ်။


ကောင်းကင် (ဤကဗျာ ပို့ ပေးသော ကောင်းကင်အား အထူးကျေးဇူးတင်လျက်၊ ရှမ်းကလေး)

ကောင်မလေးတစ်ယောက် နဲ့  ကျနော်

ရပ်ကွက်ထဲက ကောင်မလေးလေး
ဆံပင်ရှည်ရှည် မျက်နှာဝိုင်းဝိုင်း
တွေ့ တိုင်းခိုက်မိ။

လမ်းဖြတ်လျှောက်တိုင်း ကြည့်ခဲ့မိတယ်
အပြုံးတွေခြွေ ငေးမိသေးတယ်။

ရက်တွေကြာတော့ သူလမ်းလျှောက်တိုင်း
အသံလေးပြု သူလေးသိအောင်။

ရှက်ပြုံးလေးငုံ ခေါင်းလေးစိုက်ကာ
ပန်းရောင်ပိုင်ရှင် မင်းမျက်နှာပြင်
သူသိမလား?။

လတွေကြာတော့ အထုပ်လေးပိုက်
ခေါင်းငိုက်စိုက်ကာ တစ်ရွာပြောင်းတော့
ငိုမဲ့မဲ့လေး မင်းရဲ့ မျက်နှာ
မျက်လုံးလေးချင်း ရှောင်ကာခွါတော့
နောက်ဆုံးချိန်လေး မင်းလေးမျက်နှာ
ငါသေချာအောင် မကြည့်ရတော့
ဝမ်းနည်းစွာနဲ့ 
မင်းကျောပြင်သာ ငါငေးစိုက်ကာ
ဝမ်းပန်းမသာ ဖြစ်ခဲ့မိတယ်။

မင်းလေးသွားတော့ နေ့ စဉ်နေ့ တိုင်း
လမ်းလေးဘေးမှာ ငါထိုင်နေကာ
မင်းပြန်လာမလား
စောင့်စားနေတာ ကြာနေပြီကွာ။


လေပြေ

မသိရတဲ့သူ...........

ဖုန်းလေးက ကလောင်ကလောင်
ဘယ်ကောင်လဲဟေ့
အချိန်မတော် ခေါ်ရတာလား
စိတ်တွေကဆိုး
ကြမ်းကြမ်းပြောမယ် ဆုံးဖြတ်တယ်ကွယ်။

ညင်ညင်သာသာ စကားလေးကြား
ဝမ်းသာမိတယ်
မှတ်ထားမိတယ် ဒီဖုန်းနံပတ်။

နေ့ တိုင်းပြောဆို မျှော်လင့်မိတယ်
အချိန်တန်ရင် တမ်းတမိတယ်ပေါ့
ကြည်နူးသံသာ ပြန်ကြားချင်မိတယ်။

ခုတော့ ဖုန်းကမလာ
နံပတ်ကအမှား
ဘယ်ဆီကိုများ သူဆက်နေလဲ
သိချင်မိတယ်
မသိရတဲ့သူလေးရယ်။


လေပြေ

လမ်းထိပ်က ဟိုအတွဲ...

မနက်လင်းချိန်..နေမင်းက အပူသိပ်မပေးသေးသောအချိန်တွင် ကျနော်သည် နံနက်သာဝတ္တရားအရ ၀ရံတာတွင်ကော်ဖီလေး ထိုင်သောက်နေမိသည်။ ထိုသို့ သောက်နေစဉ်တွင် ကျနော့်တိုက် မျက်စောင်းထိုးက သတင်းစာရောင်းသော ဆိုင်သို့  သတင်းစာ လာဝယ်သော ရုပ်ခပ်ချောချော ကောင်လေးကို တွေ့ လိုက်၏။

ကောင်လေးရောက်ပြီး သိပ်မကြာခင်တွင် ၀မ်းဆက်ဝတ်ထားသော ကောင်လေးနှင့် အရွယ်တူ ကောင်မလေးသည်လဲ ထိုဆိုင်နဲ့  စာအုပ်လာဌားလေသည်။ ကောင်လေးနှင့်ကောင်မလေးသည် မျက်လုံးချင်းဆုံတွေ့ ချိန်တွင် တစ်ယောက်နှင့် တစ်ယောက်ပြုံးပြယုံ လေး အချင်းအချင်း အပြုံးဖလှယ်ကြသည်။

ထိုသူငယ်နှင့် ကောင်မလေးသည် သူတို့ ၏ကိစ္စပြီးသည်နှင့် ဆိုင်ရာဆိုင်ရာ ဆန့် ကျင်ဖက် လမ်းသို့ ထွက်သွားကြသည်။ ကျနော်မှာ ထိုသို့ ဖြစ်နေသည်ကို တွေ့ သောအခါ မနေထိ မထိုင်သာဖြစ်သွားရသည်။ အကြောင်းမှာ ဒီမြင်ကွင်းကို ကျနော်တွေ့ နေရသည်မှာ သုံး၊ လေး လပင်ရှိနေပါပြီလေ။

ကျနော်တော့ထင်တယ်လေ ဒီသူငယ်လေးတွေက တစ်ယောက်ကို တစ်ယောက် ကြိုက်နေကြမယ်ဆိုတာ။ ဒါပေမယ့် ထူးဆန်းတာက ကောင်လေးနဲ့  ကောင်မလေးက ဘယ်တော့မှ တစ်ယောက်ကို တစ်ယောက် စကားမပြောကြဘူးဗျ။ အဲဒီထက် ပိုထူးဆန်းတာက သူတို့  နေ့ တိုင်းနေ့ တိုင်း စာအုပ်လာဌား၊ သတင်းစာလာဝယ် တစ်ယောက်ကို တစ်ယောက်ပြုံးပြကြတာ တစ်နေ့ မှ မပျက်ကွက်ကြဘူးဗျ။

အင်းဒီမြင်ကွင်းလေးက ကျနော့်အတွက်တော့ မနက်ကော်ဖီသောက်တိုင်းတွေ့ နေကြလေ။ ဒါကြောင့်ကျနော်က ၀ရံသာမှာ သောက်တာပေါ့။ ဒါကချောင်းသာ မဟုတ်ဘူးလေ။ မြင်ကွင်းလေးထဲ အမှတ်မထင် ကြုံကြိုက်လို့ ဝင်လာတဲ့ မနက်ခင်း ဇာတ်လမ်း လေးပေါ့ဗျာ။

အဲ....ဇာတ်လမ်းပြန်စရအောင်

မှတ်မှတ်ရရ အဲဒီနေ့ က နေကမထွက်ပဲ မိုးအုန့် နေတဲ့နေ့ ပေါ့ဗျာ..........ကျနော်လဲ ထုံးစံအတိုင်းဝရံသာမှာချောင်း..အဲ. ကော်ဖီသောက်နေတာလေ။ ဒီနေ့ တော့ ကောင်လေးက မိန်းကလေးချောချောတစ်ယောက်ကို လက်တွဲပြီး သတင်းစာ လာဝယ်တယ်ဗျာ။ သူတို့  တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကြည်နူးနေကြတယ်ဗျာ။ ကျနော်ကတော့ စာအုပ်လာဌားတဲ့ သူငယ်မလေးအတွက် စိတ်မကောင်းပဲ စိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားတယ်ဗျာ။

အဲဒီအချိန်မှာပဲ အကောင်းစားကားတစ်စီးက ဆိုင်ရှေ့ မှာလာရပ်တယ်။ အဲဒီကားထဲကနေ စာအုပ်လာဌားနေကြ ကောင်မလေးဆင်း လာပါတယ်။ ရှေ့ ဆင့် နောက်ဆင့်ဆိုသလိုပဲ ခပ်ချောချော ကောင်ကလေးတစ်ယောက်ဆင်းလာပါတယ်။ သူတို့ နှစ်ယောက်လဲ တစ်ယောက်ကို တစ်ယောက်တွဲလို့ ။

ကောင်ကလေးက ထုံးစံအတိုင်း သတင်းစာဝယ်တယ်ပေါ့။ ကောင်မလေးကလဲ စာအုပ်ဌားတယ်လေ။ သူတို့ နှစ်ယောက်က ခုဆို တစ်ဦးကို တစ်ဦးပြုံးပြဖို့ မပြောနဲ့  လည်ပင်းညောင်းမှာစိုးလို့ လားမသိဘူးဗျာ... တစ်ယောက်ကို တစ်ယောက်လှည့်တောင် မကြည့်ပါဘူးဆို။

ဆိုင်ရာဆိုင်ရာ လုပ်စရာပြီးတော့ ဆန့် ကျင်ဘက် ထွက်သွားကြလေတယ်ဗျာ။ အဲဒါနဲ့ ကျနော်လဲ..... ‘ဟေ့....နောက်နေ့  ကစပြီး ငါအိမ်ထဲမှာပဲ ကော်ဖီသောက်တော့မယ်‘ ဟုလမ်းပြောလိုက်ပါတယ်။



လေပြေ

ငှက်ကလေးလို

ကောင်းကင်လေးကိုငေးရင်း
ငှက်လိုအတောင်ပံရှိလို့ တော့
ဟိုး....အဝေး ငါပြေးထွက်ချင်တယ်။

တေးဆိုသံကိုကြားတိုင်း
ငှက်ကလေးတွေလို
ပူပင်ကင်းမဲ့ကာ တေးဆိုချင်တယ်။

ငှက်ငယ်လေးတွေက
ပျော်ရွင်ကြည်နူး ၀မ်းသာနေတယ်
အလုပ်တွေရှုပ် မဟုတ်သာတွေလုပ်ကာ
ဝမ်းသာစရာတွေရှာတဲ့ ငါလူသား
ဝမ်းသာစရာမတွေ့ 
တေးမဆိုတဲ့ ပါးစပ်နဲ့ လူတွေကိုကြည့်ရင်း
မပျော်ရွင်တဲ့လူတွေကြားမှာ
ဝမ်းပန်းမသာ ငါအချိန်ကုန်ကာ
ငှက်ကိုသာ မနာလိုဖြစ်နေတယ်
ခုချိန်ထိပေါ့။


လေပြေ

အပြစ်?

ငါဘာလုပ်လုပ် အမှားနဲ့ သာ
စိတ်မချမ်းသာ အပြစ်နဲ့ သာ
လူအလယ်မှာ
ခေါင်းငိုက်စိုက်လို့  နှုတ်ဆိတ်နေကာ
ဝမ်းနည်းစွာနဲ့  စိတ်ထိခိုက်တယ်။

စေတနာနဲ့  ကိုယ်ကျိုးမဲ့ခံ
သူ့ တွက်ရည်မှန်း လုပ်ဆောင်ခဲ့တယ်
ဝေးသွားချိန်မှာ
ပြန်ကြားမိတယ် ဆရာလုပ်တယ်
အပြစ်နဲ့ သာ ငါပြန်ကြုံတွေ့ 
ဆွေ့ ဆွေ့ ခုန်တယ်။

ချစ်သူဘ၀ ဆရာမလုပ်
တိတ်ဆိတ်နေတယ်
ငါမလုပ်သာ မချစ်လို့ ကွာ
အပြစ်တွေဆို ငါ့ကိုပုံချ။

အော်..ငါ့ဘဝ
ဘယ်ဝဠ်ကြွေးက နှိုပ်ဆက်နေလဲ
အပြစ်တွေထဲ တ၀ဲလည်လည်
ခံစားမိတယ်
အပြစ်ရှိသူရည်တဲ့......



လေပြေ

Tuesday, August 11, 2009

အသဲကွဲတဲ့ည

လကိုငေးကြည့်ရင်း ပုလဲဥတွေကြွေ
တမ်းတမိသေးတယ် ဒီအချိန်လေးရယ်
ပျော်ရွင်ကြည်နူးတဲ့ တို့ ချစ်သူဘ၀ရယ်။

မိုင်ထောင်ဝေးနေလဲ တစ်မိုးအောက်ထဲဝယ်
ချစ်ခင်နေမိမယ် ပြောခဲ့တဲ့စကား
မဖော်နိုင်ပါလား။

ရက်များပြောင်းခဲ့လို့  စိတ်ချင်းမနီးနိုင်
အဆက်အသွယ်ပျက်လို့  မခံစားနိုင်တယ်။

ရင်မှာမသေးသိမ် ဝေးတော့ကျန်ရစ်ပေါ့
သူငယ်ချင်းများနဲ့  နှိုင်းရင်မင်းထီးကျန်
မခံချင်လေတော့ အသစ်ထားလေပေါ့
ခံစားရတဲ့သူ ကိုယ့်မှာ........
ကြေကွဲရင်းနဲ့ သာ ငိုနေမှာပါလေ။

ကိုယ့်မှာတော့ကွာ

လကိုကြည့်တိုင်းလဲ ကြယ်ကကြွေတော့
ကောင်းကင်လဲပဲ ကိုယ့်နဲ့ ဝမ်းနည်းနေလား
ထင်ယောင်မိသေးတယ်
ချစ်ပြီးနှစ်ခဲ့တဲ့ မင်းကလေးကတော့
ပူလောင်မှုမသိ ပျော်ရွင်မိပေမယ့်
မင်းရဲ့ ချစ်သူလေး ကိုယ်ကတော့လေကွာ
ရင်မှာပူလောင်ကာ ခံစားရစဲပဲလေ
အချစ်.....လေးရယ်။

လေပြေ

Sunday, August 9, 2009

အိမ်ထောက်သက် ငါးနှစ်မှ ရတဲ့ကလေး

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယား တိုင်းရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ် တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ယောက်ျား တယောက်ကိုစေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့ အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ် မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့ ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ.. အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့ အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန် ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော် လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော် ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်းပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ မခက်ပါဘူးလေ။

အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီးကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။ သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "


"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။ အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။

ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…



ရှမ်းကလေး (အီးမေးလ်မှ ရထားသောစာအား ပြန်၍တင်ပြလိုက်ပါသည်)

Friday, August 7, 2009

မပေါင်းပါရစေနဲ့ ...........................

‘နင်နဲ့  အတူတူနေရပါစေလို့  ငါဆုတောင်းတယ်ဟာ‘ ဟုပြောလိုက်တော့ ‘ငါလဲ နင်နဲ့  အတူတူ နေပါရစေလို့  ဆုတောင်းထား တယ်ဟ‘ဟု ကြယ်ကြွေသည်ကို ကြည့်ရင်း ကျနော်တို့  နှစ်ယောက်ဆုတောင်းမိပါလေသည်။

္ဒ္ဒ‘ဘာ....နင်မြို့ ပေါ်တက်ပြီး အလုပ်လုပ်မယ်ဟုတ်လား..?‘ ဟု သူမကျနော့်ကို အံ့သြစွာမေးသောအခါ ကျနော်က ‘ဟုတ်တယ်လေ.. အဲဒါမှ နင့်အဖေ သူကြီးက ငါနဲ့ သဘောတူမှာပေါ့ဟ။ ငါ ပိုက်ဆံများများစုပြီး ပြန်လာမယ်လေ‘။

‘နင်မြို့ ရောက်ပြီး သွားကဲမနေနဲ့ နော်..။ ငါ...ငါ...နင် မပြန်လာမချင်း စောင့်နေမှာဟ။ ဒါပဲနော်..နင် ကောင်မလေးတွေနဲ့  ရင်းရင်းနီးနီးနေကြည့် ငါမြို့ ပေါ်ထိတက်လာပြီး နင့်ကို အစိတ်စိတ်အမွာမွာ လုပ်လိုက်မယ်။‘

‘အင်းပါဟ..နင်လဲ ငါ့အကြောင်းသိပါတယ်။ ငါ နင့်ကိုတစ်ယောက်ထဲ ချစ်တာပါကွာ။ ဘယ်သူတွေ ဘာပဲပြောပြော ငါနင့်ဆီ အရောက် ပြန်လာခဲ့မယ်ကွာ။

ရှစ်နှစ်လွန်သွားသောအခါ....

ငွေထုတ်ပိုက်ပြီး ပြန်လာသော ကျနော်သည် ရွာလမ်းထိပ်ရောက်သောအခါ သူငယ်ချင်းများနှင့် တွေ့ သဖြင့် ၀မ်းသာအားရဖြင့် နှုတ်ဆက်လိုက်သော်လဲ သူငယ်ချင်းများသည် ကျနော့်နှင့် စကားပင်မပြောပဲ လှည့်ထွက်သွားကြသည်။

ကျနော်မှာ အူကြောင်ကြောင်ဖြင့်သာ ရွာတွင်းသို့  ၀င်ခဲ့သည်။ ရွာလမ်းတစ်လျှောက်တွင် ရွာသူရွာသားများ အ၀တ်အစားကောင်း များဝတ်ကာ သွားလာနေသည်ကို ကျနော်တွေ့ သော အခါ.. ရွာတွင်း၌ အလှူ (၀ါ) ပွဲတစ်ခုခု ရှိနေမည်ကိုရိပ်စားမိ သော်လဲ မိဘများကို တွေ့ ချင်စိတ်ဖြင့် အိမ်သို့ တန်းပြန်ခဲ့သည်။

ကျနော့်ကို တွေ့ သောအခါ မိဘများမှာ ၀မ်းသာအားရဖြင့် ကြိုဆိုကြ၏။ ကျနော့်မိဘများလဲ ၀တ်ကောင်းများဖြင့် အလှူ (၀ါ) ပွဲ သို့ သွားရန် ပြင်ဆင်ထားသည်ကို ကျနော်တွေ့ မိသည်။

သို့ နှင့် ကျနော့် အမေက ‘သား...မင်းပင်ပန်းနေလိမ့်မယ်.. အနားယူလိုက်ပါလား? အမေတို့ တော့ ပွဲသွားအုန်းမယ်ကွယ်။‘ သို့ နှင့် ကျနော်က ‘ဘာပွဲလဲအမေရဲ့ ? ဒီရွာတော့ အရက်ကလိုပဲ စီစီကားကား ရှိတုန်းပဲနော်? ကျနော့် မင်္ဂလာပွဲ ကြရင်လဲ ဒီလိုပဲ စီစီကားကား လုပ်မယ်နော်အမေ?‘

္ဒ‘သေချာတာပေါ့သားရဲ့ ။ မင်းရဲ့ မင်္ဂလာပွဲက သူကြီးသမီးမင်္ဂလာပွဲထက် မသာရင်တောင်မှ အဲလောက် မျက်နှာမငယ်ရအောင်လုပ် မှာပေါ့ကွယ်‘ ဟု ကြားသောအခါ..

ကျနော်သည် သူကြီးအိမ်သို့  တုန်းဆိုင်းကာ ပြေးခဲ့သည်။ ကံအားလျော်စွာ သတို့ သမီး (၀ါ) ကျနော့်ရည်းစားနှင့်တွေ့ သောအခါ ‘နင်..ငါ့ကိုစောင့်မယ်ဆို?‘ ‘ငါနင့်ကို စောင့်ခဲ့ပါတယ်။ ဒါပေမယ့် နင်က ရှစ်နှစ်တောင်ပျောက်သွားတာကိုး..‘

သူကဆက်ပြီး ‘ငါ့..အဖေက သူမသေခင် ငါအိမ်ထောင်ပြုတာမြင်ချင်တယ်ဆိုလို့  အဖေ့ကျေးဇူးဆပ်တဲ့အနေနဲ့  ငါ မင်္ဂလာဆောင်လိုက်တာပါ ဟာ‘

္ဒ‘ဒါဆိုရင် နင်..နင့်ရဲ့ အဖေကို ငါတို့ အကြောင်းမပြောလိုက်ဘူးလားဟာ?‘ ‘ငါအဖေရဲ့  ရောဂါအခြေအနေကြောင့် ငါ...ငါ..မပြောလိုက်ဘူးဟာ။ ငါ့..အဖေ စိတ်ချမ်းသာဖို့ ငါလုပ်သာပါဟာ‘

္ဒ‘နင်..ဒီကောင့်ကိုချစ်လား ? ငါ့ကိုပြောပြ..‘ ဟုကျနော် အသံမြင့်ပြောသောအခါ သူမက ‘ငါသူ့ ကို မချစ်ပါဘူး....အဖေက အတင်းယူခိုင်းလို့  ငါယူတာပါဟာ‘

‘ဒါဆို နင်ငါ့နောက်လိုက်ခဲ့ပါလား? ငါ နင့်ကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးပြုစုမယ်ဟာ။ နင်လိုက်မယ် မဟုတ်လား ဟင်?‘

‘နင်တစ်ကယ်ပြောတာလား?........ ငါအရမ်းဝမ်းသာတယ်ကွာ.....ဒါပေမယ့် ငါ့အဖေ စိတ်ထိခိုက်မှာ ငါမလိုလားဘူးကွာ.. ငါ့ကို ခေါ်တဲ့အတွက်ကျေားဇူးပဲဟာ။ ငါတစ်ကယ်ပဲ စိတ်မကောင်းပါဘူး..နင် ငါ့ကို နားလည်ပေးပါနော်..‘

္ဒ‘နင်ငါ့ကို မချစ်တော့ဘူး..မဟုတ်လား?‘ ဟု ကျနော်ပြောသောအခါ သူမက ‘ဟေ့ ဟိုမှာ ကြယ်ကြွေနေတယ် ငါတို့  ဆုတောင်းရအောင်‘

တို့ နှင့်သူမက ‘ငါချစ်တဲ့ သူနဲ့ အမြဲတမ်းပေါင်းရပါစေလို့  ငါဆုတောင်းတယ်ဟ၊ နင်ကောဘာ ဆုတောင်းလဲ?‘ ‘ငါ ဘာမှ မဆုတောင်းပါဘူး..ဆုတောင်းစရာလဲမလိုပါဘူးဟာ‘

ကျနော်သည် သူမကို ကျောခိုင်းကာ ငါဆုတောင်းတာကတော့ ‘ကျနော့်ကို မချစ်သောသူနဲ့  ဘယ်တော့မှ မပေါင်းပါရစေနဲ့ ‘ ဟု ရေရွက်ရင်း...........



လေပြေ

အချိန်

အသက်ရှင်ရတဲ့ ရက်ကများတော့
စက္ကန့် တိုင်းက ခံစားချက်များ
ငါလွယ်လွယ်နဲ့ မေ့။

ကတိပေးတိုင်း ငါကလိုက်လို့ လုပ်ဆောင်
ကတိမပေးတဲ့ စကားလေးတွေကို
ငါက ပေါ့ပေါ့ထားတော့
ခံစားချက်များ လေမှာလွင့်ကျန်။

ဘ၀တစ်သက်တာ ငါကရှာလို့ ဖွေ
ခဏတာတွေ့ ရတဲ့ လူသားတွေကို
ငါက လျစ်လှူရှုထား
အဓိပ္ပါယ်မရှိပါလားနော်။

စက္ကန့် တိုင်းပြောတဲ့ ငါ့စကား
မင်းသာနားထောင်ရင်တော့
ငါ့နှလုံးသားကို မင်းနားလည်မယ်လို့ 
ငါယုံကြည်မိတယ်။




လေပြေ

ပျောက်ဆုံးသွားသော ဘ၀၏ တစ်စိတ်တစ်ဒေသ......

အထုပ်ကိုပိုက်ရင်းနဲ့  ကျနော်ထွက်လာခဲ့တယ်။ ဒီမှာပဲနေရင် မအောင်မြင်နိုင်ဘူးဆိုသာ ကျနော်က သိနေတယ်လေ။ ဒါကြောင့် မြို့ ကြီးမှာအလုပ်လုပ်မယ်ဆိုရင် ကျနော်မျှော်လင့်တဲ့ အရာတွေဖြစ်လာနိုင်တယ်လို့  ကျနော်ယုံကြည်ခဲ့တယ်။

အဲလိုနဲ့ မြို့ ပေါ်ရောက်တဲ့အခါမှာ အောင်မြင်မယ်လို့ ထင်ရတဲ့ အလုပ်တွေကို ကျနော်လိုက်လုပ်ခဲ့ပါတယ်။ အဲလို လုပ်ရင်းနဲ့  အတော်လေးကြာလာတဲ့ အချိန်မှာ ကျနော်ဟာ ငွေသားတော်တော်လေးစုမိလေရဲ့ ။

ငွေအပြင် ချစ်တဲ့သူကိုပါတွေ့ လေတော့ တော်တော်လေးကို ပျော်ရွင်မှုရခဲ့တယ်ဗျာ။ ၀မ်းသာမှုတွေကို ထွေးပိုက်ရင်းနဲ့  ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်လာခဲ့တဲ့ကျနော်ဟာ.... မြို့ အ၀င်ဝက ညောင်ပင်အောက်မှာ စစ်ဆေးမှုနဲ့ တိုးလို့  ကားအောက်ဆင်းပြီးစောင့် နေရတယ်ဗျာ။

လုပ်စရာမရှိတာနဲ့  ကျနော်လဲ ညောင်ပင်အောက်ကနတ်စင်လေးကို ထိုင်ပြီး ရှိခိုးဦးညွတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျနော့်ရဲ့ ပျောက်ဆုံးနေတဲ့ ဘ၀ တစ်စိတ်တစ်ဒေသကို ပြန်ပြီးသတိရလိုက်တယ်ဗျာ။

ကျနော် မြို့ ပေါ်မသွားခင် ‘အကျင်သူနဲ့  ကတိပေးလို့  ငါးနှစ်အရောက်မှာ ပြန်လာမယ် မင်းနဲ့ ကွယ် နီးဖို့ ရယ်‘ ဆိုတဲ့ စကားလုံးတွေက နားမှာအထပ်ထပ်ပြန်ပြီးကြားနေရတယ်ဗျာ။

အဲဒါနဲ့ အိမ်ကိုပြန်ရောက်တော့ မိဘတွေက ၀မ်းသာအားရနဲ့  ကြိုဆိုတယ်လေ။ ၀မ်းသာလွန်းလို့ ဗျာ ကျနော့် အမေဆို ငိုနေတယ်လေ။ ကျနော့် အမေကိုကြည့်ပြီးဝမ်းနည်း ၀မ်းသာဖြစ်ရတယ်ဗျာ။

နောက်ဆုံးတော့ မိဘနဲ့  ဆွေမျိုးတွေကတိုက်သွန်းတာနဲ့  ကျနော်ကတိပေးထားတဲ့ မိန်းကလေးနဲ့  ကျနော်လက်ထပ်လိုက် ပါတယ်။ လက်ထပ်ပြီးတော့ မကြာခင်မှာပဲ ကျနော် ကလေးလေး တစ်ယောက်ရလိုက်တယ်။ ယောင်္ကျားလေးပါ။

၀၀ လေးနဲ့ ချစ်စရာလေးပါဗျာ။ ဒါပေမယ့် ကျနော်မပျော်ဘူးဗျာ။ ဒီကလေးက ကျနော်နဲ့  ရတဲ့ကလေးလို့  ကျနော်မထင်ဘူး။ ကျနော့် မိန်းမကတော့ ဒီကလေးက ကျနော့်ကလေးပေါ့လေ။ သူ့ ခမျာ လဲ အားမရှိပါဘူး။ ခဏ ခဏဖျားနေတယ်။

ဘာဖြစ်လို့ ကျနော့်ကလေးမှန်း မဟုတ်မုန်းကျနော်ထင်လဲမသိပါဘူး။ ဒါပေမယ့် ကလေးကလဲ ကျနော့်ကို အရမ်းခင်သွယ်တယ်ဗျာ။ ကျနော့်ကို အဖေ အဖေ နဲ့  တစ်ချိုန်လုံးကပ်နေပါတယ်။

မှန်မှန်ပြောရင် ကျနော်က အချစ်စစ်ကို တစ်မြို့ သူနဲ့ ပေးထားသာဗျ။ ခုတော့.....ဘာလုပ်ရမှန်းမသိတော့ပါဘူးဗျာ။ ကွာရှင်းဖို့  ဆိုတာကလဲ မဖြစ်နိုင်ဘူးလေ။ မိဘ နဲ့  အသိုင်းအ၀ိုင်းကိုလဲ ကြည့်ရသေးတယ်ဗျ။

အဲဒါအပြင် မိန်းကလေးရဲ့  ခံစားချက်ကိုလဲ ငဲ့ညာရအုန်းမှာလေ။ ယောင်္ကျားကောင်းပဲ ပြောပြော ငညံ့လို့ ဆိုဆို ကျနော့်မှာ ပြေးပေါက်တော့ မရှိဘူးပဲ။ ကျနော့် ရည်းစားလဲ ကျနော်အိမ်ထောင်ပြုကတည်းက အဆက်အသွယ်ဖျက်သွားတယ်ဗျာ။

‘တစ်ရွာမပြောင်း သူကောင်းမဖြစ်‘ ဆိုတဲ့ စကားပုံလေးများမှားနေလားမသိဘူးပဲ။ ခုတော့ ပျော်ရွင်မှုအတွက် တစ်ရွာပြောင်းတဲ့ ကျနော့်ဘ၀ဟာ မပျော်ရွင်မှု ဘ၀လေးထဲမှာ အမြဲတမ်း နေရမှာလားဗျာ..............?

ကျနော်အိမ်ထောင်ပြုတဲ့ သူ့ ကို ကျနော်မချစ်တာ မဟုတ်ပါဘူး။ သူ့ ထက်ပိုပြီးချစ်ရတဲ့သူကို တွေ့ လိုက်လို့ ပါဗျာ။ သူ့ ကို ချစ်တော့ ချစ်တယ်။ ဒါပေမယ့် ကျနော် မပျော်ဘူးလေဗျာ။

ဒီအတိုင်းဆက်နေမယ်ဆိုရင် ကျနော့်ဘ၀ တစ်လျှောက်လုံး ကြိုးစားခဲ့တာတွေက အသုံးမ၀င်တော့ သလို ကျနော်ခံစားရတယ်လေ။
ဒါကြောင့် ကျနော့်အတွက်တော့..........

အချစ်နောက်လိုက်ရမှာလား..? ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့  မိဘ စကားကိုလိုက်နားထောင်ရမှာလား......? ခက်တယ်ဗျာ... စဉ်းစားမိတိုင်း....


ရှမ်းကလေး