၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါး သို့  ပြောင်းသွား သဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည် လည်း ဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
အဘိဏှသုတ်
(ကျနော်သည် အချစ်၏ပူလောင်ခြင်းကို ခံစားရ၏။ သို့ သော် ထိုပူလောင်ခြင်းကို မြဲမြံစွာဆက်လက်ကာ စွဲကိုင်ထားလေသည်။ ဒီအချစ်ကိုစွန့် နိုင်ပါက အေးချမ်းသော ဘ၀ရရှိမည်ကိုသိသော်လဲ မိုးခါးရေကို ဆက်လက်ကာ သောက်သုံးနေသည်။ ကျနော်စဉ်းစားသည်မှာ ဒီခံစားချက်များသည် ကျွန်ုပ်အား လူသား ဖြစ်ကြောင်း ဖော်ပြသော အရာများဟု သတ်မှတ်လေကြောင့်ဖြစ်လေသည်။)
သို့ သော်..အဖြစ်ရှိက အပျက်တရားအမြဲရှိသကဲ့သို့  အလွန်အကျွံမဖြစ်အောင်တော့ ထိန်းသိမ်းသင့် ကြောင်းနှလုံးသွင်းမိလေသည်။ ထိုသို့ ထိန်းသိမ်းပါက အချစ်လျော့သွားမည်ကိုစိုးရိမ် ပြန် သဖြင့် ဆက်လက်ကာ မိုးခါးရေသောက်ပါသည်။ သိသိနှင့်လုပ်သောသူကို လူမိုက်ဟု သတ်မှတ်သကဲ့သို့  ကိုယ့်ကိုကိုယ်အား လူမိုက်ပါလားဟု သံဝေဂတမိပါသည်။
နောင်ချိန်ခါတွင် ဤကပ်ညိခြင်းကြောင့် ပျက်ဆီးခြင်းသို့ တိုင်ရောက်နိုင်ကြောင်းသိပါသော်လဲ စွဲစွဲမြဲမြဲချစ် နေဆဲဆိုသည့် ဤလူမိုက်ကား တရားကိုပို၍အားထုတ်ရပေတော့မည်.. သို့ မှသာ ငြိမ်းချမ်းခြင်း အစစ်အမှန်ကို သိပေတော့မည်ဟု တမ်းတမိသဖြင့် အားလုံးအားဝေမျှပေးပါသည်။)
ရှမ်းကလေး