Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, June 16, 2010

မိဘကျေးဇူးသိတဲ့ သမီးမြတ်လေး

တရုတ်နိုင်ငံမှ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ကိုယ်တစ်ခြမ်းလေဖြတ်နေသည့် သူမရဲ့ ဖခင်ဖြစ်သူကို အချိန်ပြည့် ကြည့် 
ရှုစောင့် ရှောက်နိုင်ဖို့ သူမနှင့် အတူ တက္ကသိုလ်ကျောင်းကိုခေါ်သွားလေ့ ရှိပါတယ်...

အသက် ၂၂ နှစ်အရွယ်ရှိ ရွှီဒါဟွေး ဟာ ၀ူဟန်းဇီဝအင်ဂျင်နီယာတက္ကသိုလ်မှာ စက်မှုနှင့် လျှပ်စစ်အင် ဂျင်နီယာ ဘာသာရပ်တွေကို တက်ရောက်သင်ယူနေတာ ဖြစ်ပါတယ်လို့ ချန်ကျန်းနေ့ စဉ်သတင်းစာက ဖော်ပြခဲ့ ပါတယ်...

နေ့ စဉ်သူမရဲ့ ဖခင်ကိုဂရုစိုက်ပြုစုရ၊ မိသားစုစားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်လည်းလုပ်ရသည့် ကြားထဲကပင် ကျောင်းစာကိုပါလေ့ လာခဲ့ ရတာဖြစ်ပေမယ့် ထူးဆန်းအံ့ သြစရာကောင်းစွာ သူမဟာအတန်းထဲမှာ စာအတော်ဆုံးကျောင်းသူဖြစ်နေပါတယ်...

" ကျွန်မအတွက်တော့ ဘ၀ခရီးဟာ ကြမ်းတမ်းတယ်လို့ မထင်မိပါဘူး...မိသားစုမှာ တစ်ဥိးတည်းသော သားသမီးဖြစ်လို့ ကျွန်မသာ အိမ်ကနေထွက်သွားခဲ့ ယင် ဘယ်သူမှ အဖေ့ ကိုပြုစုမယ့်သူမရှိပါဘူး..."

လို့ သူမကပြောကြားခဲ့ ပါတယ်...
သူမရဲ့ ဖခင်ဖြစ်သူ အသက် ၆၈ နှစ်အရွယ်ရှိ ရွှီချန်ရူ ဟာဦးနှောက်ထဲသွေးယိုပြီး ၎င်းရဲ့ ဘယ်ဘက်ကိုယ် တစ်ခြမ်းလေဖြတ်နေခဲ့ တာ ယခုနှစ်အဆန်းပိုင်းကတည်းကဖြစ်ပါတယ်...


သူမရဲ့ မိခင်ဖြစ်သူဟာလည်း ကျန်းမာရေးမကောင်းတာမို့ သူမကိုယ်သူမပင်အနိုင်နိုင် ပြန်လည်ဂရုစိုက် နေရတာမို့ မိန်းကလေးဟာ သူမရဲ့ ဖခင်ဖြစ်သူကို သူမနှင့် အတူတက္ကသိုလ်သို့ အတူခေါ်ဆောင်သွားဖို့  ဆုံးဖြတ်ခဲ့ ရတာဖြစ်ပါတယ်...

သူမရဲ့ ဖြစ်အင်ကိုစာနာ နားလည်ခဲ့ တဲ့ တက္ကသိုလ်က အခကြေးငွေပေးစရာမလိုပဲ သူမတို့ အတွက်နေစရာအဆောင်ကမ်းလှမ်း
ထောက်ပံ့ ခဲ့ ပါတယ်...

သူမဟာ နေ့ လည်ထမင်းစားနားချိန်တွေမှာ စားသောက်ခန်းမှာ အလုပ်လုပ်ပြီး နေ့ လည်ကျောင်းဆင်း ပြီးတာနဲ့ သုံးနာရီလောက် ရေသန့် ဗူးများနှင့် ဖုံးကဒ်များ ရောင်းရပါတယ်..

သူမဟာ နေ့ စဉ် နံနက် ၅ နာရီမှာအိပ်ယာကထရပြီး စားသောက်ဖို့ ဝယ်ခြမ်းရပါတယ်...ပြီးတာနဲ့ သူမရဲ့ ဖခင်နှင့် အတူ ကျောင်းကိုရောက်ဖို့ တစ်နာရီလောက်ကြာအောင်သွားရပါတယ်...

ညနေအိမ်ပြန်ရောက်တာနဲ့ သူမဟာ ချက်ပြုတ်ပြင်ဆင်ပြီးတာနှင့် ဖခင်ကို မိနစ်သုံးဆယ်လောက်ကြာ အောင် နှိပ်နယ်ပေးပြီး အိပ်ပျော်စေရပါတယ်...

ထိုအရာတွေအားလုံးပြီးမှ သူမရဲ့ ကျောင်းစာများကို ကျက်မှတ်ဖို့ အချိန်ရတော့ တာဖြစ်ပါတယ်...

မိဘကျေးဇူးသိတတ်တဲ့ မိန်းကလေးအကြောင်းဖတ်ရတာ ကြည်နူးရသလို့ သူမရဲ့ ဘ၀ကိုအရှုံးမပေးပဲ ကြိုးစားမှုကိုလည်းလေးစား
မိပါရဲ့ ....

ခေတ်ပေါ်အသုံးအဆောင် ( အ၀တ်အစား၊ မိုဘိုင်း စတာတွေ ) နှင့် အပျော်အပါးကို စိတ်ထဲမှာမထားပဲ လောကဓံကိုကြံ့ ကြံ
့ခံနိုင်တဲ့ သူမရဲ့ စိတ်ဓါတ်ကို ယနေ့ လူငယ်တွေ အတုယူနိုင်ကြပါစေ...ဘ၀မှာ အဲဒီ အသုံးအဆောင်တွေမရှိလည်း ဘာမှမဖြစ်သွားဖူးဆိုတာ သိသူအဖို့ ကတော့ စိတ်ထဲမှာ လိုချင်မှုတွေ နည်းနေမှာ အမှန်ပါပဲ...

ရှမ်းကလေး (အီးမေးလ်က စာပါ။ စာဖတ်သူများအနေနဲ့ လဲ ဘ၀ကို တိုက်ခိုက်ရာမှာ အင်အားဖြစ်စေလို၍တင်ပေးလိုက်ပါတယ်။)

No comments: