Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label Journey. Show all posts
Showing posts with label Journey. Show all posts

Wednesday, January 19, 2011

ခရီးသွားမှတ်တမ်း = နှစ်သစ်ကူးချိန်က

ရှမ်းကလေးတို့ များ ဒီနှစ် စာသိပ်မရေးပါလားလို့  စာဖတ်သူများထင်နေမလားတော့မသိဘူး။ မရေးဖြစ်တာကလဲ
အကြောင်းပြချက်များများမရှိပါဘူးဗျာ။ နှစ်စတာနဲ့ အပျင်းရောဂါ ၀င်နေလို့ ဖြစ်ပါတယ်။ ပြင်းရင် ရေရောသောက်
ပါလားလို့  ပြောကြပေမှာပေါ့။ ဒါပေမယ့် ဒီအပျင်းက လွယ်လွယ်နဲ့  တယ်မပျောက်ဘူးဗျာ။


ကဲဇတ်လမ်းလေးတွေစရမယ်ဆိုရင်တော့ ဒီနှစ်သစ်ကူးမှာ သွားလည်ဖြစ်တဲ့နေရာလေးကို ပြန်ဝေမျှလိုက်တာပါ။ ဒီနှစ်
မှာတော့ အရင်နှစ်တွေလို ဘီယာထဲမှာ မနစ်ပဲ.. မိဘမဲ့ကလေးတွေဆီကို သွားလည်ဖြစ်ပါတယ်။



အပေါ်ပုံကတော့ အဲဒီကျောင်းရဲ့  နာမည်လေးပါပဲ။ မိဘမဲ့ ကလေးများဆိုပေမယ့် ၅ ယောက်ပဲရှိပါတယ်။ ပုံမှန်အားဖြင့်
တော့ အယောက် ၂၀ လောက်ရှိပါသတဲ့။ သွားလိုက်လာလိုက်နဲ့  ၅ ယောက်ပဲကျန်တော့တယ်တဲ့ဗျာ။ အဲမှာရောက်
တုန်းရောက်ခိုက် သူတို့ ရဲ့  သဘာဝ မုန့် ဖုတ်ဖိုကို သဘောကြလို့  ဝေမျှလိုက်ပါတယ်။



ဒီအပေါ်ပုံလေးပါ။



ဒါကတော့ အနီးကပ်လေးပေါ့။



ပို၍နီးကပ်သည့်ပုံ။



ဒီအပေါ်ပုံလေးက သူတို့ ဆီကနေ ခွင့်ပြုချက်မယူပဲနဲ့  ရိုက်လာတဲ့ လုပ်နည်းလေးပါပဲ။



ဒါကတော့ သကြားနဲ့  ထောပတ်ကို ရောသမ မွှေလိုက်တာပါ။



ကြက်ဥလေးနဲ့  ဒီလိုပုံဖြစ်လာတယ်။



ဒီပုံလေးက ပါဝင်တဲ့ ပစ္စည်းလေးတွေပါ။



ထည့်ဝင်ရတဲ့ ပစ္စည်းပါ။ သဘောက ၀ယ်လို့ ရတယ်လို့ ဆိုလိုချင်တာလေ။ ကိုယ်တိုင်လုပ်စရာမလိုဘူးပေါ့။



ဒါကတော့ မပြောလဲသိမယ်ထင်ရဲ့ ။ လိမ္မော်သီးကို ဒီလိုမျိုးအရည်ယူတယ်။ ပြီးတော့ ခုဏက ထောပတ်၊ သကြား၊
ကြည်ဥမွှေထားတဲ့ထဲကို ထည့်လိုက်ရပါတယ်။ ပြီးတော့ ဂျုံမုန့် နဲ့ နယ်လိုက်ပါတယ်။ ဆားနဲနဲ ထည့်ဖို့ တော့ မမေ့
ပါနဲ့ ။



အသင့်ဖြစ်ပြီးရင်တော့ မီးစဖိုလိုက်ရအောင်။



မီးအရှိန်ဒီလောက်ရှိရမယ်။ အဲဒါမှ ရွံ့ မြေက အပူတွေကိုစုပ်ထားနိုင်မှာဖြစ်ပါတယ်။



သုံး/လေး မိနစ်လောက်ရှိရင်တော့ မီးစလေးတွေကို ဒီလိုမျိုးဖြန့် လိုက်တယ်။



ပြီးရင်တော့ ခုဏကလုပ်ထားတဲ့ ဂျုံမုန့် ၊ထောပတ်၊ လိမ္မော်ရည်၊ ဆား၊ သကြား နဲ့ အခြားတွေကို ပုံစံခွက်လေးထဲထည့်
ပြီး ဒီလိုမျိုး ပေါ်က အဆင့်မှာတင်လိုက်ပါတယ်။



ပြီးရင်တော့ မုန့် ဖုတ်ဖိုတို့ ရဲ့  ထုံးစံအတိုင်းဒီလိုမျိုး အပေါက်လေးကိုပိတ်ပေးလိုက်ပါတယ်။ အဲဒါမှ အပူချိန်တွေ
မြန်မြန် မပျောက်/မကျ မှာပေါ့လေ။



ငါး မိနစ်လောက်ကြာတော့ ဒီလိုလေးရလာပါတယ်။



ပူပူနွေးနွေးစားချင်တယ်ဆိုရင်တော့ ဖိုထဲမှာပဲထည့်ထားလို့ ရပါတယ်။ အဲဒီလိုမျိုး ဂိတ်မုန့် မလုပ်ပဲ တခြားဖြစ်တဲ့
Cookie တွေလုပ်ရင်တော့ ၃/၄ မိနစ်လောက်ဆိုရင်ထုတ်လို့ ရပါတယ်။ မထုတ်ရင်တော့ အပေါ်က ပုံလေးလို လှလှ
ပပ မုန့် မရပဲနဲ့  တူးနေတဲ့ မုန့် လေးတွေကိုတာရရှိမှာဖြစ်တယ်ဗျ။


ရှမ်းကလေး

Monday, November 29, 2010

ခရီးသွားမှတ်တမ်း = စင်္ကာပူ (ဇာတ်သိမ်း)

ကျနော်ရောက်နေတဲ့နေရာမှာ ရာသီဥတုကပူတော့ စာတွေရေးရတာသိပ်အဆင်မပြေပါဘူး။ လူကပူတော့ ခေါင်းပူတာ
သိပ်မခံနိုင်ဘူးလေ။

သျှမ်းနှစ်သစ်ကူးဖြစ်မယ့် ၁၄ ဒီဇင်ဘာ နီးလာသလို..သတိရစရာတွေကလဲ များများလာပါတာပေါ့ဗျာ။ ကခဲ့တာတွေ၊
ဆိုခဲ့တာတွေကို..အမြဲလိုလိုပဲ သတိရနေပါပြီ။ စကာင်္ပူရောက်တုန်းကတောင်..ညီ၊အစ်ကို၊ မောင်၊ နှမတွေ အက
တိုက်တာကို မြင်တွေ့ ခဲ့ရပါသေးတယ်။

အခုရေးမှာက အပေါ်ကနဲ့  ဘာမှမဆိုင်ပါဘူး။ လမ်းကြုံလို့  ကြေငြာဝင်တာပါ။

မြန်မာလူမျိုး

မြန်မာ ဘတ်လ်ပို့ လေးတွေကိုင်ပြီးခရီးထွက်ရင်တော့ဗျာ..ဘယ်နိုင်ငံပဲရောက်ရောက် (အာရှနိုင်ငံများ) အထင်အ
အမြင်သေးတာကတော့ ခံရစမြဲ (အမြဲတမ်းခံရတယ်လို့ ပြောရင် အရမ်းမှန်သွားမှာစိုးလို့ ) ပါပဲ။ ဆူးပေါ်ဖက်ကျ၊
ဖက်ပေါ်ဆူးကျ လဲ..ဖက်ကပဲခံရသလိုပါပဲ။ စင်္ကာပူလိုနိုင်ငံမျိုးတွေမှာလဲ အထင်အမြင်သေးတာတွေခံရပါတယ်။

မြန်မာလို့ ပြောလိုက်တာနဲ့  လူတွေစိတ်ထဲမှာ ဗွမ်း (ပွား) ခနဲ့ ပေါ်လာတာက ဆင်းရဲတဲ့နိုင်ငံဖြစ်နေမှာကိုး။ တစ်
ကယ်လဲပဲ ဆင်းရဲလို့ သူတို့ နိုင်ငံမှာလာလုပ်တာပဲလေ။

လ.၀.က (လူဝင်မှုကြီးကြပ်ရေး) ကိုရောက်ပြီဆိုတာနဲ့  မြန်မာဘတ်စ်ပို့ ဆိုရင်တော့ သေသေချာချာကြီးကို စစ်ဆေး
ပါတော့တယ်။ (တခြားရောက်ဖူးတဲ့ နိုင်ငံတွေမှာလဲ အဲလိုပါပဲဗျာ။ အားငယ်နေမှာစိုးလို့ ပါ။ )

အလုပ်အကိုင်လုပ်ပြီဆိုရင်လဲ..မြန်မာကဆိုရင်..သူတို့ က အထင်မကြီး၊ ခပ်ချဉ်ချဉ်လုပ်တတ်ပါသေးတယ်။ အဲ..
အလုပ်လုပ်ပြီးတော့ သက်သေပြနိုင်ရင်တော့ သူတို့ အမြင်တွေပြောင်းရင်ပြောင်းသွားမှာပေါ့ဗျာ။

လစာ

လွန်ခဲ့သော လတုန်းက စင်္ကာပူမှာလုပ်အားခနည်းတာဟာ ကျနော်တို့ မြန်မာတွေက ကိုယ့်ကိုကိုယ် အထင်သေးပြီး
(တင်းသိမ်တတ်တာလေ) မလေးကလူအဲလောက်ရတယ်..ငါဒီလောက်လေးရရင်လဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့  စိတ်
ဓါတ်မျိုးရှိလို့  လစာနည်းပါတယ် ဆိုတဲ့ ဆောင်းပါးတစ်ခုဖတ်ဖြစ်ပါတယ်။

ကျနော်လဲ အဲလိုမြင်ပါတယ်။

တခြားအကြောင်းတွေကတော့.. ကိုယ်က ပေါင်နှံပြီးလာရတာရယ်၊ ပွဲစားခတွေရယ်နဲ့  အကြွေးတွေရှိလာတော့
ရရာကိုလုပ်ရတာပါပဲ။ အဲဒါကြောင့်လဲ လစာတွေနည်းတတ်ပါတယ်။ (ကြိုတင်ပြင်ဆင်မှုလေးတွေရှိရင်တော့ကောင်း
တာပေါ့ဗျာ)

နောက်တစ်ခုက... အများအားဖြင့်ကလဲ..ပြန်မပြောတတ်တဲ့ အကျင့်လေးတွေရှိနေလေတော့ လူများက ပိုပြီးတော့
နိမ်တာတွေကြောင့်လဲ..လစာနည်းတတ်ပါတယ်။ (ပြန်ပြောရင်..အလုပ်ထုတ်မယ်လေ။ အလုပ်ထုတ်ရင်..အကြွေးဆပ်
ဖို့  ဒုက္ခရောက်မယ်။ ဒါတွေကြောင့် အောင့်အီးပြီးနေကြရတာပေါ့ဗျာ။)

ဘာသာစကားမကျွှမ်းကျင်မှု၊ ခိုင်လုံတဲ့ ပညာအရည်အချင်းပြ စာတမ်းတွေမရှိမှု..ဒါတွေကလဲ.. လစာနည်းစေပါ
တယ်ခင်ဗျာ။

အလုပ်အကိုင်များ

လူငယ်တွေကတော့ မြန်မာပြည်မှာ အလုပ်အကိုင်မရှိဘူး...နိုင်ငံခြားသွားပြီးအလုပ်လုပ်မယ်ဆိုတာတွေ တော်
တော်များများကို ရှိလာပါပြီ။ ဒါပေမယ့် ကိုယ်က သွားမယ်ဆိုရင်.. သေသေချာချာပြင်ဆင်မှုတွေရှိသင့်ပါတယ်။

စင်္ကာပူမှာ..အလုပ်ပေါမပေါတော့မသိပါဘူး။ အလုပ်ရှိမရှိဆိုတာထက်..ကျနော်အရင်က ပြောခဲ့တဲ့အရာများတွေ
ရှိမရှိကို အရင်ပြင်ဆင်သင့်ပါတယ်။

စီးပွားရေးရဲ့  သဘောသဘာဝအရဆိုရင်...အလုပ်လုပ်တဲ့သူကများပြီးတော့ အလုပ်ကို မပံ့ပိုးနိုင်ရင်တော့ အဲဒီနိုင်ငံ
မှာအလုပ်အကိုင်ရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အကယ်၍ ကိုယ်က မဖြစ်မနေသွားမယ်ဆိုရင်တော့ ဟိုက အသိမိတ်
ဆွေတွေ၊ သူငယ်ချင်းတွေကိုမေးစေချင်ပါတယ်။

ကျနော့်..အတွေ့ အကြုံအရတော့...အလုပ်သိပ်မရှိတော့ပါဘူး။ အလုပ်ရှိလို့ ရခဲ့ရင်တော့မှ...စိတ်ဖိစီးမှုတွေ...
ကိုခံစားရပါလိမ့်မယ်။ ဟုတ်တယ်လေ..နေ့ တိုင်းလူတွေသွားနေတာ..ကိုယ်က တခုခုအမှားလုပ်မိလို့ ကတော့
အလုပ်ထုတ်ပြီး..အသစ်ကောက်ခန့် ယုံပဲကိုး...အဲလောက်ထိ လူများနေတာအဲဒီမှာ။

ဟောဗျာ....ရေးရင်းရေးရင်းနဲ့  မသွားပါနဲ့ လို့ တားမြစ်သလိုဖြစ်နေပါလား။ ဒုက္ခ။ ကဲကဲ..စာဖတ်သူတို့ ရေ..
တစ်ချို့ ကိစ္စတွေက ကိုယ်တိုင်ကြုံမှယုံရမယ့်အရာတွေလဲ ရှိနေလေတော့...မသွားပါနဲ့ လို့ လဲ မပြောဘူး။
သွားကြပါလို့ လဲ.......မပြောလိုပါဘူးဗျာ။

စာဖတ်သူများအနေနဲ့  ဖတ်ပြီးလို့ ..သွားဖြစ်မယ်ဆိုရင်လဲ...ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်နိုင်လို့  အဆင်ပြေ
သွားရင်လဲ..၀မ်းသာပါတယ်ဗျာ။

ဖတ်ပြီးလို့ ....ဟာ...မဖြစ်နိုင်တာလို့ ထင်ရင်လဲ ကျေးဇူးတင်ပါတယ်။ (ပြီးတဲ့အထိဖတ်လို့ လေ)

အချက်အလက်များ

သြော်...ပြောရအုန်းမယ် အဲ..ရေးရအုန်းမယ်။ ဒီလိုဗျ..ဒီလို။ ခုကျနော်ရေးပြနေတဲ့ စင်္ကာပူက ဖြစ်ရပ်တွေကိုဘယ်
လိုလုပ်ပြီးတော့များ သိနေတာလဲလို့  မေးချင်ကြမယ်ထင်ပါတယ်။ (မမေးချင်လဲပြောမှာပဲ)

ကျနော့်အလုပ်မှာ..ကျနော်က အချက်အလက်စုဆောင်းတဲ့သူဖြစ်ပါတယ်။ ကျနော်ဖေါ်ပြလိုက်တဲ့ အချက်အလက်
တွေကလဲ...စင်္ကာပူမှာအလုပ်လုပ်တဲ့ ညီအစ်ကို၊ မောင်၊နှမ တွေကပြောပြလိုက်တာဖြစ်ပါတယ်။

ကျနော့်အလုပ်ရဲ့  ရည်ရွယ်ချက်ကလဲ လူငယ်လူရွယ်တွေကို သတင်းအမှန်တွေရရှိစေပြီး..ကြိုတင်ပြင်ဆင်မှုတွေ
လုပ်နိုင်ဖို့ ဖြစ်တာပါ။ ပညာပေးပေါ့ဗျာ။ ဘလော့လ်က အလုပ်နဲ့ ဆိုင်လားဆိုရင်မဆိုင်ပါဘူး။ စေတနာ သက်သက်
နဲ့ ဝေမျှတာပါ။ (ကြေငြာတာ..ကြေငြာတာ)

ပြုံးနိုင်ရယ်နိုင်ပါစေဗျာ။


ရှမ်းကလေး (အားလုံး ကောင်းရာလိုအင်ဆန္ဒအားလုံးပြည့်စုံပါစေဗျာ။ သျှမ်းနှစ်သစ်ကူးလေးမှာလဲ..ပျော်ရွှင်
ကြပါစေဗျာ)

Monday, November 8, 2010

ခရီးသွားမှတ်တမ်း = စင်္ကာပူ (၁)

လေယာဉ်ဘီးသည် လှိမ့်ကာလှိမ့်ကာနှင့် စင်္ကပူနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်သွားလေသည်။
အထုတ်အပိုးများကို သယ်ဆောင်ကာ လှေယာဉ်ကွင်းတွင်းသို့  ၀င်ရောက်လာခဲ့လေ၏။

ဝင်ပြီးသိပ်မကြာခင်မှာပင် လက်ဆွဲအိတ်များကို စစ်သည့် နေရာသို့ ရောက်လာသည်။ (အရင်တုန်းကတော့မရှိဘူး)
သို့ နှင့် ရှိသမျှကို အစစ်ဆေးခံလိုက်ပြီးနောက် လ.၀.က သို့ ဖြတ်ရန်သွားခဲ့သည်။

လ.၀.က နိုင်ငံကူးလက်မှတ်စစ်တဲ့နေရာစီစဉ်ထားတာမဆိုးဘူးဗျ။ ပန်းအိုးတွေဘာတွေနဲ့ ။ နည်းနည်းစိမ်းစိမ်းစိုစိုပါပဲ။
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပုံရတယ်။ အရင်တုန်းကတော့ ပန်းအိုးတွေမရှိဘူး။ အဲ..မပြောင်းမလဲပဲရှိတာက
တော့ တန်းစီတဲ့လူတွေတော်တော်များများက မြန်မာနိုင်ငံက လာတဲ့ညီအစ်ကို၊ မောင်နှမတွေပါပဲဗျာ။

လ.၀.က ကိုဖြတ်ကျော်သွားပြီးချိန်မှာ အိတ်တွေကိုသွားယူပါတယ်။ အိတ်ယူပြီးတာနဲ့ ..တာဝန်ရှိတွေက လာခေါ်ပါ
တယ်ဗျာ။ ကျနော့်အိတ်က ကြီးနေလို့ ထင်ပါတယ်။ ဘာတွေအခွန်ဆောင်စရာရှိလဲဆိုပြီးတော့ အိတ်တွေကိုပြန်စစ်
ပါတယ်။ (စစ်လွန်းလို့  စိတ်တောင်နောက်မိလေရဲ့ )

နောက်ဆုံးတော့လဲ လေယာဉ်ကွင်းအပြင်ဘက်ကို ရောက်သွားပါတယ်ဗျာ။ အဲတာနဲ့  လာကြိုတဲ့ကားပေါ်တက်ပြီး
တည်းခိုတဲ့ နေရာကိုသွားခဲ့ပါတယ်။ (အောက်ပုံထဲက ကားပါ)။ လာကြိုတဲ့အတွက် လေယာဉ်ကွင်းကနေ တည်းခိုခန်း
ကို ၁၃ (စင်္ကပူဒေါ်လာပေါ့ဗျာ..သူ့ နိုင်ငံမှာသူ့ ငွေပဲသုံးရတာပေါ့) ပေးရပါတယ်။ ကိုယ်ကကြိုမယ့်ကားမရှိရင်..
ပစ္စည်းကိုယူလို့ ထွက်လာရင် အပေါက်မျက်နှာချင်းဆိုင်မှာ ဘတ်စ်ကားဝန်ဆောင်မှုတွေပေးတာရှိပါတယ်။ တစ်ယောက်
ကို ၉ ဒေါ်လာပေးရပါတယ်။ ကိုယ်နေတဲ့ဟိုတယ်အထိလိုက်ပို့ ပေးပါတယ်။



တည်းခိုခန်းဆိုပေမယ့်..အဆောင်လိုဆိုရင်ပိုပြီးတော့မှန်ပါတယ်ဗျာ။ (ဓါတ်ပုံရိုက်ဖို့ မေ့သွားတယ်) တစ်ညကို ၂၀ ပေးရ
ပါတယ်။ အများနဲ့ ပေါင်းပြီးတော့နေရတာပါ။ အခန်းထဲမှာ နှစ်ထပ်ကုတင်တွေထားထားတယ်။ တစ်ခန်းမှာ လူ ၁၂
ယောက်အိပ်ရပါတယ်။ အဲ..မနက်စာကျွှေးတယ် (ပေါင်မှန့် နဲ့  ကြက်ဥပြုတ် (၂ လုံးရတယ်))။ မနက်စာဆိုပေမယ့် ၁၂
နာရီထိ ထားထားပေးတယ်။

ကိုယ်ပိုင်အခန်းတွေလဲရှိတယ်။ ဒါပေမယ့် ပိုပြီးဈေးကြီးတယ်။ တစ်ညကို ၄၀ ပေးရပါတယ်။ အဲတာလဲ နှစ်ထပ်ကုတင်
နဲ့ ပါပဲ။ လွှတ်လပ်တာပေါ့လေ။ ဘာတွေထားထားပေးလဲဆိုတော့ တီဗွီနဲ့ အောက်စက်ထားထားပေးပါတယ်။ တီဗွီက
လှိုင်းဖမ်းလို့ မရဘူးလေ။ ရုပ်ရှင်ပဲကြည့်လို့ ရတယ်.. (ခွေရှိရင်ပေါ့ဗျာ)။ အဲ..အင်တာနက်ကတော့ အလကား သုံးလို့ 
ရတယ်။

ရောက်တာနဲ့  ကျနော်တို့ လဲ အိတ်တွေထားပြီး မဆိုင်းမတွပဲ..ဘယ်သွားရမယ်မှန်းမသိတာနဲ့  စင်္ကပူက အဓိက
သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုဖြစ်တဲ့ ရထားဆီကိုရောက်လာပါတယ်။



အပေါ်ပုံကတော့ စင်္ကပူရထားလှိုင်းတွေပါ။ ကိုယ်သွားမယ့်နေရာကို ကြည့်၊ ရောက်မယ့်လှိုင်းကိုရွှေးစီးပြီးသွားရတာ
ပေါ့လေ။ ဘယ်သွားရမှန်းမသိတဲ့ ကျနော်တို့ ဟာ..မြန်မာပြည်မှ လူများအများဆုံးသွားရောက်စုစည်းဆုံရာ
ဘန်နီဆိုလာ ဗလာဇာ ကိုသွားဖို့ ဆုံးဖြတ်ပြီးတော့ ချီတက်လိုက်ပါတယ်။



ရထားမစီးခင်မှာ လက်မှတ်ဝယ်ရပါတယ်။ ၇ ဒေါ်လာပေးရတယ်။ ကဒ်ထဲမှာလဲ ၇ ဒေါ်လာရှိတာပေါ့။ အဲဒီကဒ်က
ရထားစီးလို့ လဲရသလို..ဘတ်ကားတွေလဲစီးလို့ ရပါတယ်။ ကိုယ်လျှောက်လည်ပတ်ပြီးရင်လဲ..ကဒ်ထဲမှာ ငွေဘယ်
လောက်ကျန်တာကို စစ်ဖို့ မမေ့ပါနဲ့ ။ ကဒ်ထဲက ပမာဏ စစ်ချင်ရင် အပေါ်ကလို စက်တွေမှာစစ်လို့ ရသလို..ငွေလဲ
ထပ်ဖြည့်လို့ ရပါတယ်။

ကဒ်မှာလဲ နှစ်မျိုးရှိပါတယ်။ တစ်ခါသွားကဒ်ရယ်လို့ လဲ ရှိပါတယ်ဗျာ။ အပေါ်ကပြောသွားတဲ့ကဒ်က ကြိမ်ဖန်များစွာ
သုံးနိုင်တဲ့ကဒ်ပါ။ တစ်ခါသုံးကဒ်ထက်ပိုပြီးဈေးသက်သာတယ်။ ကိုယ်ပြန်ခါနီးမှာ ကဒ်ထဲမှာငွေကျန်နေမှာပူပန်စရာ
မလိုပါဘူးဗျာ။ ကိုယ်ပြန်အပ်ရင်..ပြန်ရပါတယ်(ထင်တာနော်..။မပူပါနဲ့ ဗျာ..ပိုတယ်ဆိုတာက ခပ်ရှားရှားပါ။)




အပေါ်ပုံကတော့ ရထားသွားစီးရာနေရာတွေပါ။ လူတွေတော်တော်များပါတယ်။ ရုံးတက်ချိန်၊ ရုံးဆင်းချိန်ဆိုရင်တော့
လူအရမ်းကြပ်တယ်။ ဘယ်လောက်ကြပ်လဲ ဆိုတော့..မြန်မာနိုင်ငံက ဘတ်စ်ကားတိုးစီးရသလိုပါပဲ။



ကဲအပေါ်ပုံကတော့ စင်္ကာပူနဲ့ ကျွှမ်းဝင်တဲ့သူများသိမှာပါ။ အဲဒါကတော့ ကျနော်တို့ မြန်မာလူမျိုးတွေသွားရောက်ဆုံစည်း
ရာ..ဘန်နီဆိုလာ ဗလာဇာဖြစ်ပါတယ်။



ဘန်နီဆိုလာ ပလာဇာကတွင်းက ဈေးဆိုင်များဖြစ်ပါတယ်။



အပေါ်ပုံကတော့ ဘန်နီဆူလာ ပလာဇာတွင်းက မြင်ကွင်းဖြစ်ပါတယ်။ ဒီလိုမျိုးပါပဲ မြန်မာပစ္စည်းများရောင်းတဲ့ဆိုင်တွေ
နဲ့ စည်စည်ကားကားရှိပါတယ်။ ပစ္စည်းတွေလဲတော်တော်လေးကိုစုံပါတယ်။ ကွမ်းရာ ကအစရရှိနိုင်ပါတယ်ဗျာ။



ဈေးနှုန်းတွေကတော့ နိုင်ငံခြားမှာဆိုတော့လဲ နိုင်ငံခြားလိုပဲပေးရပါတယ်။ ထမင်းတစ်နပ်လောက်စားရင်တော့ ၄-၅
တော့ပေးရပါတယ်။ ကွမ်းရာကတော့ ထွေးချင်တိုင်းမထွေးနိုင်လို့  မ၀ယ်စားဖြစ်တဲ့အတွက် ဈေးနှုန်းမသိပါဘူး။



ကျနော်ရောက်တဲ့အချိန်က တရုတ်ပွဲတော်နဲ့ ကြုံလို့  ဒီလိုမျိုးနဂါးပုံတွေကိုတွေ့ ခဲ့ရပါတယ်။ ခလတ်ကွေ (MRT station)
မှာပါ။ အဲဒီ..နားမှာ ဆိုင်တွေအများကြီးရှိတယ်ဗျ။ ဆိုင်တိုင်းကလဲ ပြင်ဆင်ထားတာတော်တော်လေးကိုလှပပါတယ်။
အတွဲတွေအနေနဲ့ ညစာသွားသောက်ဖို့ ကောင်းတဲ့နေရာလို့ တော့ ကျနော်မှတ်ချက်ချတယ်။ သွားစားဖြစ်ရင်တော့
၁၀၀ ကျော်ကျော်ဆောင်သွားပါလို့  တိုက်သွန်းလိုပါတယ်။



စင်္ကပူမှာ ဘယ်ကိုပဲကြည့်ကြည့်တိုက်ခန်းတွေကိုပဲတွေ့ ရသလို...လွှတ်တဲ့နေရာတွေကလဲ အပေါ်ကပုံလိုပဲ အသစ်
ဆောက်နေတာကို နေရာတိုင်းမှာ ရိုးအီအောင်တွေ့ ရပါတယ်။



အပေါ်နဲ့  အောက်ပုံကလိုပဲ ဘယ်သွားသွား၊ ဘယ်ကြည့်ကြည့် တိုက်တာအခန်းတွေကိုတွေ့ ရပါတယ်။



တိုက်တွေကို အရမ်းတွေ့ ရလို့ ရိုးအီသွားရင် စိတ်တွင်းမှာ ဖြေသိမ့်နိုင်တာကတော့ “သြော်...တစ်နေရာနဲ့  တစ်နေ
ရာက တိုက်တွေအရောင်မတူညီကြဘူးပဲ” ဆိုပြီးတော့ အံ့သြနိုင်ပါတယ်။



အပေါ်ပုံကတော့ စင်္ကာပူနိုင်ငံရဲ့  ကျောက်တိုင်ဖြစ်နိုင်တယ်။ “တိုက်တွင်းမှာမွှေး၊ တိုက်တွင်းမှာ ကြီး၊ တိုက်ထဲမှာပဲ
အလုပ်လုပ်၊ တိုက်ထဲမှာပဲ သေဆုံး” ထင်ပါရဲ့ ။ တစ်ချို့ နေရာမှာဆိုရင်..ပန်းခြံဆိုရင်လဲ တိုက်ပေါ်မှာပဲ လုပ်ထားတယ်။
တိုက်နဲ့ ကားနဲ့ နေချင်တယ်ဆိုရင်တော့ စင်္ကာပူသွားနေပါလို့ ညွှန်ချင်ပါတယ်ဗျာ။

သစ်ပင်တွေလဲရှိပါတယ်။ နေရာတော်တော်များများမှာ သစ်ပင်တွေစိမ်းစိမ်းစိုစိုနဲ့ အရမ်းကိုအေးချမ်းပါတယ်။ စင်္ကာပူ
မှာကျနော်အကြိုက်ဆုံးကတော့ အဲလိုသစ်ပင်စိမ်းစိမ်းစိုစိုရှိနေတာကိုပါပဲ။



အပေါ်ပုံကတော့ SIC ကောလိပ်ဖြစ်ပါတယ်။



အပေါ်ပုံကတော့ ကျနော်သွားစားခဲ့တဲ့ တရုတ်အစားအစာပါ။ ထမင်းနဲ့  ဟင်းနှစ်မျိုးကို ၄ ဒေါ်လာပေးရပါတယ်။ အစား
အစာတွေအများဖြင့်တော့ ပျမ်းမျှအနည်းဆုံး ၄ ဒေါ်လာလောက်တော့ပေးရပါတယ်။



ဒီပုံကတော့ Financial Center လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံရဲ့  အဓိကစီးပွားရေးဗဟိုချက်မပါ။ ဒီနေရာမှာ ဘဏ်တွေ
နဲ့ တခြားငွေကြေးဆိုင်ရာ အဆောက်အအုံများစုစည်းတဲ့နေရာပါ။



စင်္ကာပူရောက်ပြီဆိုရင်တော့၊ သူတို့ နိုင်ငံရဲ့  အမှတ်အသားဖြစ်တဲ့ ဒီ ခြင်္သေ့တစ်ပိုင်း၊ ငါးတစ်ပိုင်း (နာမည်မေ့သွားပြီ)
ကိုမပျက်မကွက်သွားလည်တာပဲဖြစ်ပါတယ်။



ဒီနေရာကတော့ ဓါတ်ပုံလာရိုက်တဲ့သူတွေနဲ့ တော်တော်လေးကိုစည်ကားပါတယ်။



အပေါ်ပုံကတော့ အဝေးကနေရိုက်ထားတာပါ။ စင်္ကာပူရဲ့ ညအလှတွေပေါ့ဗျာ။



ဒါကတော့ NUS (National University of Singapore)၊ စင်္ကာပူနိုင်ငံရဲ့ တက္ကသိုလ်ဖြစ်ပါတယ်။



ကျောင်းဝင်းကတော်တော်လေးကိုကျယ်ပါတယ်။ တစ်နေရာနဲ့  တစ်နေရာကိုသွားဖို့ အတွက် ကားတွေလဲထားပေးပါ
တယ်။ ကိုယ်သွားလို တဲ့အဆောင်ကိုရောက်မယ့် ကားကိုမှတ်တိုင်မှာ (ကျောင်းဝင်းတွင်း)စောင့်စီးရုံပါပဲ။ ပိုက်ဆံလဲ
မပေးရပါဘူး။



ဒီလိုမျိုးကျယ်တဲ့ဘော်လုံးကွင်းရှိတဲ့အတွက်...ဒီတက္ကသိုလ်က ပိုက်ဆံတော်တော်ရှိတယ်လို့ ပြောနိုင်ပါတယ်။ စင်္ကာပူ
မှာက မြေဈေးတွေတော်တော်လေးကိုမြင့်မားပါတယ်။



ဒါကတော့ စင်္ကာပူနိုင်ငံရဲ့ ဘတ်စ်ကားပါ။ ပုံအောက်ဆုံးက ခရမ်းရောင်နဲ့ အ၀ါရောင်စက်က ကဒ်ဖတ်တဲ့စက်ဖြစ်ပါတယ်။
ကဒ်ကတော့ ရထားကဒ်ကိုသုံးရပါတယ်။ ဘတ်စ်ကားစီးမယ်ဆိုရင်...ကားခေါင်းဖက်ပေါက်ကတက်ရပါတယ်။ ကားခေါင်း
ဘက်မှာလဲ ကဒ်ဖတ်တဲ့စက်ရှိပါတယ်။ ကားပေါ်ရောက်တာနဲ့  ကဒ်ဖတ်တဲ့စက်ကို ကဒ်နဲ့ ထိပေးရပါတယ်။ အဲချိန်မှာ
အသံထွက်လာပါမယ်။ ကဒ်မရှိရင်တော့ ကားမောင်းသူကို ကားစရိတ်မေးပြီး၊ သူ့ ပေးက ပုံးမှာအကြွေတွေထည့်ရပါတယ်။

ကျနော်တွေ့ တာတော့ အကြွေတွေထည့်တာပဲတွေ့ တယ်။ အရွက်တွေရမရတော့မသိဘူး။ (ကဒ်ဝယ်ထားရင်ပို အဆင်
ပြေပါလိမ့်မယ်။)

မှတ်တိုင်ရောက်လို့ ကားပေါ်ကဆင်းမယ်ဆိုရင်တော့ ကားရဲ့ အနောက်ပေါက်ကနေဆင်းရပါတယ်။ ကိုယ်မဆင်းခင်မှာ
ကဒ်ဖတ်တဲ့စက်ကို ကဒ်နဲ့ ငွေရှင်းဖို့ မမေ့ပါနဲ့ ။ ကားပေါ်တက်တဲ့တုန်းကအတိုင်းပါပဲ။ ကဒ်ဖတ်တဲ့စက်ကို ကဒ်နဲ့  ထိပေး
လိုက်ရင် အသံထွက်လာမယ်။ ပြီးရင်ကားပေါ်ကနေဆင်းလို့ ရပါပြီဗျာ။ ငွေရှင်းဖို့  မေ့သွားရင်တော့..နောက်ပိုင်းမှာ ဒါဏ်ငွေဆောင်ရပါလိမ့်မယ်။



စင်္ကာပူမှာနေရာတိုင်းကြည့်လိုက်ရင် တိုက်တွေရှိရင်ရှိ မရှိရင်လဲ အပေါ်ပုံကအတိုင်းဆောက်လုပ်နေတဲ့ပုံကိုနေရာတော်
တော်များများမှာတွေ့ ရပါတယ်။



ကျနော်တို့ မြန်မာလူမျိုးတွေက ဘန်နီဆူလာဗလာဇာမှာ သွားပြီးတွေ့ ဆုံကြလို ထိုင်းလူမျိုးတွေကြတော့ Golden Mind
ကိုသွားကြပါတယ်။ ထိုင်းအစားအစာတွေစားချင်တယ်ဆိုရင်တော့ ဒီနေရာကိုသွားရပါတယ်။



ဒါကတော့ ထိုင်းအစားအစာတွေရောင်းတဲ့ဆိုင်တွေပါ။



ထိုင်း ဒီစကို ဆိုပေမယ့်...အပေါ်မှာဘာမှသိပ်မတွေ့ သလိုပဲ။ ကျနော်ကပဲ သတိမထားမိလို့ လားတော့မသိပါဘူး။ သေချာ
တာကတော့ အနှိပ်ခန်းတွေရှိပါတယ်။ (အဲဒါကလဲ နေရာတိုင်းမှာရှိပါတယ်။)



ဒါကတော့ တစ်ခြားကျွန်းကိုစီးသွားတဲ့ယာဉ်ပါ။ ဆန်ဒိုဇာဆိုတဲ့ လူလုပ်ထားတဲ့ကျွန်းကိုသွားရင် ရထားကိုသုံးလို့ ရသလို
အပေါ်ကအတိုင်း..သွားလို့ လဲရပါတယ်။ ရထားနဲ့ သွားရင် ၃ ဒေါ်လာပေးရပါတယ်။



ဒီနေရာကို Harbour Front လို့ ခေါ်ပါတယ်။ ၃ ထပ်မြောက်မှာတော့ ဆန်ဒိုဇာကိုသွားတဲ့ရထားရှိပါတယ်။ ဒီနေရာက
တော့...စတိုးဆိုင်ရဲ့ အပေါ်ဆုံးထပ်ပါ။ ရေကြီးနေတာမဟုတ်ပါဘူး..အလုလုပ်ထားတာပါ။ ရေတွေကစားချင်လဲ
ကစားလို့ ရပါတယ်။ ဒီနေရာကနေ တခြားကျွန်းကိုတွေ့ နိုင်ပါတယ်။ လုပတဲ့ရှုခင်းတွေကိုတွေ့ နိုင်ပါတယ်။



တစ်နေ့ တော့ပျင်းပျင်းနဲ့  ဆန်ဒိုဇာဘက်လစ်လာခဲ့ပါတယ်။ ရထားပေါ်ကနေဆင်းလိုက်တာနဲ့ အပေါ်က လမ်းညွှန်
ဆိုင်းပုဒ်ကြီးကိုတွေ့ ရပါတယ်။



ဒါကတော့ နာမည်ကြီးတဲ့ ယူနီဘာဇယ် ကြီးပေါ့ဗျာ။



အပေါ်ပုံကတော့ ၀င်ခဈေးနှုန်းတွေကိုရေးထားပါတယ်။ (မတွေ့ ရရင် နိပ်လိုက်ပါ၊ ပုံကြီးပေါ်လာပါလိမ့်မယ်) ဈေးကြီး
လို့ မ၀င်ဖြစ်ခဲ့ပါဘူး။ ၀င်တဲ့သူငယ်ချင်းတွေပြောပြတာကတော့ တော်တော်လေးကိုလှပပြီး အရမ်းကို ပျော်စရာကောင်း
ပါတယ်တဲ့ဗျာ။ အကယ်၍ ၀င်ဖို့ စိတ်ကူးထားရင်တော့ စောစောသွားပါ။ အဲဒါမှ အတွင်းမှာရှိတဲ့အရာအားလုံးကို တွေ့ မြင်
ကစားရပါလိမ့်မယ်တဲ့။



ဒါကတော့ ကာစီနို (လောင်းကစားရုံ) အ၀င်ဝပေါ့။ နေရာတိုင်းမှာ လမ်းညွှန်ဆိုင်းပုဒ်တွေရှိတော့ သွားရလာရတာအဆင်
ပြေပါတယ်။ လမ်းမသိရင်လဲ..တွေ့ တဲ့သူကိုမေးနိုင်ပါတယ်။ ကာစီနိုက နိုင်ငံခြားသားဖြစ်ရင် အခမဲ့ဝင်လို့ ရပါတယ်။
ဝင်မယ်ဆိုရင်တော့ ဘောင်းဘီရှည်နဲ့  ဘိုးဖိနပ် (Shoe) ၀တ်ရပါတယ်။ အပေါ်ပိုင်းကတော့ သာမန်အင်္ကျီနဲ့ လဲ ရပါတယ်။
(စွတ်ကြယ်တော့ဘယ်ဟုတ်မလဲ)။ ပြီးတော့ နိုင်ငံကူးစာအုပ်ပြရပါတယ်။

ဒါကြောင့်အတွင်းကိုသွားပြီး စနည်းနာချင်ရင်..အပေါ်က အရာတွေဝတ်ပြီး၊ ပါစရာရှိတာပါသွားဖို့ လိုပါတယ်။ မဟုတ်ရင်
ဝင်ခွင့်မပြုပါဘူး။ အတွင်းမှာတော့ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး။

အများအားဖြင့်ကစားစရာတွေက Slot Machine လို့ ပဲခေါ်မလားမသိဘူး။ ကိုယ်က ပိုက်ဆံထည့်ပြီးနှိပ်လိုက်ရင်
စပြစ်သီးတို့ ၊ 777 တို့ ရှိတဲ့အရာပါ။ ဒီစက်တွေမှာဆော့ချင်ရင် ၁၀ ဒေါ်လာအနည်းဆုံးထည့်ရပါတယ်။ အကြွေ
လှဲစရာလဲမလိုပါဘူး။ အကြွေစေ့ရှိရင်လဲထည့်နိုင်သလို..အကြွေမရှိရင်လဲ..ပိုက်ဆံထည့်တဲ့ခွက်ထဲထည့်ပြီးကစားလို့ 
ရပါတယ်။ ကိုယ်ဆော့လို့ ပြီးသွားရင်..Print ကိုနှိပ်လိုက်ရင်..ကျန်တဲ့ပိုက်ဆံကိုပြန်အန်းတဲ့ စာရွက်ထွက်လာပါတယ်။
အဲဒီစာရွှက်ကိုယူပြီးရင်..refund ဆိုတဲ့စက်မှာထည့်လိုက်ရင်..ပိုက်ဆံတွေထွက်လာပါတယ်။

ဒီလိုစက်နဲ့ မဆော့ချင်ဘူး၊ ၀ိုင်းထိုင်ပြီးဆော့တဲ့ကစားဝိုင်းတွေမှာဆော့ချင်ရင်တော့ စကားချင်တဲ့စားပွဲကိုသွားပြီး
အကြွေ chip လဲလို့ ရပါတယ်။ အများအားဖြင့် သူတို့ ဆော့တာကတော့ ၅ ဒေါ်လာအနည်းဆုံးပါ။ အများအားဖြင
့်တော့ ၂၅၊ ၅၀၊ ၁၀၀ တွေဆော့ကြပါတယ်။

ကျနော်လဲ..အဲဒီနေ့ တုန်းကကံစမ်းလိုက်တာ.. ကံဆိုးမှန်းသိလိုက်ရပါတယ်။ ကောင်းတာကတော့ ဒီလိုပြန်ပြောပြ
နိုင်တာပေါ့ဗျာ။



အပေါ်ပုံက ဟိုတယ်ပါ။ ဘန်နီဆိုလာyလာဇာနဲ့  မျက်နှာချင်းဆိုင်မှာဒီလိုမျိုးတွေ့ ရပါလိမ့်မယ်။ ဒီဟိုတယ်ရယ် ခြင်္သေ့နဲ့  ဒူးရင်းသီးအဆောက်အအုံက ဖိုခုံနောက်ပုံစံတည်ရှိပါတယ်။ ကြားမှာတော့ရေနဲ့ ခြားထားပါတယ်။



ဘန်နီဆိုလာဗလာဇာကနေ ဟိုတယ်ဘက်မျက်နှာမူပြီးလျှောက်လာရင်တော့ ဘော်လုံးကွင်းကိုဖြတ်ရပါတယ်။ ဖြတ်ပြီး
ရင်တော့ဒီမှတ်တိုင်ကို တွေ့ ရပါမယ်။ ဒီမှတ်တိုင်က ကျူးကျော်သူတွေကို တိုက်ခိုက်ပြီးကျဆုံးသွားတဲ့လူတွေကို မြုပ်ထား
တာပါ။



ကျောက်တိုင်ကိုကျော်ပြီး ဘယ်ဖက်ကိုကြည့်ရင်တော့ ဒီလိုမျိုးသစ်ပင်တွေမိုးထားတဲ့လမ်းကိုတွေ့ ရပါလိမ့်မယ်။ ဒီလမ်း
အတိုင်းတည့်တည့်လျှောက်သွားရင်တော့ ဒူးရင်းသီး (Esplannde Theatres) ကိုရောက်ပါတယ်။



ဒါကတော့ စီးပွားရေးဇုံ/ဗဟို ရဲ့နေ့ ခင်းရှုခင်းလေးပါ။



အံ့သြမိလို့ ဓါတ်ပုံရိုက်လာတာပါ။ အစထင်တာက အားကစားလုပ်တဲ့လူတွေလို့ ထင်တာပါ။ နောက်ပိုင်းမှမဟုတ်မှန်း
သိလိုက်ပါတယ်။



နိုင်ငံရေးထက် ဘာသာရေးဆန္ဒပြကြတာပါ။ ဒီလိုပုံတွေခင်းကျင်းပြသပြီး လူတွေကတော့ တရားထိုင်သလိုမျိုးလုပ်ကြ
ပါတယ်။



ဒါကလဲ စီးပွားရေးဇုံပါနဲ့  ခြင်္သေ့ပုံပါ။ ဒီလိုမျိုးတည့်တည့်ကြည့်ရင်တော့ ဘယ်ဖက်မှာ ဒူးရင်းသီးအဆောက်အအုံရှိပါ
တယ်။



ဒါကတော့ ဒူးရင်းသီးအဆောက်အအုံရဲ့ ရှေ့ ကနေပြီး ဘယ်ဖက်ကိုလှည့်လိုက်ရင်တွေ့ ရတဲ့မြင်ကွင်းပါ။ ဒီအဆောက်
အအုံရဲ့ ညာဖက်မှာတော့ ခုဏက သဘောင်္ဟိုတယ်ရှိပါတယ်။ အဲဒီနေ့ တုန်းက လူတွေတော်တော်များများ ဇွန်လွှတ်နေ
ကြပါတယ်။ အနီးကပ်ဆွဲတာအဲလောက်ပဲရပါတယ်။ ပြီးတော့ The Lord of The Ring ရုပ်ရှင်ကားထဲက The Two
Towers ကိုပြေးပြီးသတိရလိုက်တာနဲ့ ရိုက်လာတာပါ။



ကဲဒါကတော့ ဒူးရင်းဒီအဆောက်အအုံကြီးပါ။ ဒီအဆောက်အအုံရဲ့ အပြင်ဖက်မှာတော့ စတိတ်ရှိုးစင်အသေးလေးတွေရှိ
ပြီးတော့ ဖျော်ဖြေမှုတွေလဲရှိပါတယ်။



အပေါ်ပုံကတော့ ဒူးရင်းသီးထဲကမြင်ကွင်းပါ။ လူတွေဝိုင်းဖွဲ့ ပြီးတော့ ဇွန်တွေလုပ်နေကြပါတယ်။



ဒါလဲပဲ..စတိတ်ရှိုးပါပဲ။ တရုတ်သီချင်းတွေဖျော်ဖြေနေပါတယ်။ (အသံမကြားရလဲ..မြင်ယောင်ကြပါရန်)



ဟိုတယ်နဲ့ လကိုရိုက်တာပါ။ စင်္ကာပူမှာတော့လည်စရာဆိုလို့  စတိုးဆိုင်တွေရှိတယ်။ တိုက်တာတွေရှိတယ်။ ဈေးလဲကြီး
ပါတယ်။ ညဆိုရင်လဲ..နေရာတိုင်းလိုလိုမှာ နှိုက်ဂလပ် တွေနေရာတော်တော်များများမှာရှိပါတယ်။ ညပိုင်းမှာဆိုရင်
စင်္ကာပူနိုင်ငံက Vegas လိုမျိုး...ပျော်စရာတွေနဲ့ ပြည့်နေတဲ့မြို့ လိုမျိုးပါပဲ။ နေ့ ပိုင်းကြတော့ အလုပ်သွားလုပ်တဲ့လူတွေ
နဲ့  ရှုပ်ရှပ်ခတ်နေတတ်ပါတယ်။



တွေ့ ပြီးရင်ကွဲ..ရောက်ပြီးရင်လွဲ..ဆိုတဲ့အတိုင်းအချိန်တန်တော့လဲပြန်ရဆိုတဲ့ သဘာဝရဲ့ နိယာမအတိုင်း လေဆိပ်ဆီကို
ထွက်လာခဲ့ပါတယ်။

အဲလိုနဲ့ ပဲ..“သြော်..လူတွေတော်တော်များများလာလည်ချင်တဲ့..စင်္ကာပူနိုင်ငံကြီးကနေပြန်ထွက်ခွာရတော့မှာပဲ..အင်း..
ရောက်ခဲ့တယ်ပေါ့လေ”..လို့ ပဲ...စဉ်းစားမိပါတယ်။



လေဆိပ်ရဲ့ ဝင်ပေါက်ပါ။ နောက်ဆုံးတော့လဲ ထုံးစံအတိုင်းပါပဲ....အထုတ်တွေလွယ်ပိုးပြီး..ဆိုင်ရာဆိုင်ရာကိုပြန်ပါတော့
တယ်ဗျာ။


ရှမ်းကလေး