Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, January 19, 2011

ခရီးသွားမှတ်တမ်း = နှစ်သစ်ကူးချိန်က

ရှမ်းကလေးတို့ များ ဒီနှစ် စာသိပ်မရေးပါလားလို့  စာဖတ်သူများထင်နေမလားတော့မသိဘူး။ မရေးဖြစ်တာကလဲ
အကြောင်းပြချက်များများမရှိပါဘူးဗျာ။ နှစ်စတာနဲ့ အပျင်းရောဂါ ၀င်နေလို့ ဖြစ်ပါတယ်။ ပြင်းရင် ရေရောသောက်
ပါလားလို့  ပြောကြပေမှာပေါ့။ ဒါပေမယ့် ဒီအပျင်းက လွယ်လွယ်နဲ့  တယ်မပျောက်ဘူးဗျာ။


ကဲဇတ်လမ်းလေးတွေစရမယ်ဆိုရင်တော့ ဒီနှစ်သစ်ကူးမှာ သွားလည်ဖြစ်တဲ့နေရာလေးကို ပြန်ဝေမျှလိုက်တာပါ။ ဒီနှစ်
မှာတော့ အရင်နှစ်တွေလို ဘီယာထဲမှာ မနစ်ပဲ.. မိဘမဲ့ကလေးတွေဆီကို သွားလည်ဖြစ်ပါတယ်။



အပေါ်ပုံကတော့ အဲဒီကျောင်းရဲ့  နာမည်လေးပါပဲ။ မိဘမဲ့ ကလေးများဆိုပေမယ့် ၅ ယောက်ပဲရှိပါတယ်။ ပုံမှန်အားဖြင့်
တော့ အယောက် ၂၀ လောက်ရှိပါသတဲ့။ သွားလိုက်လာလိုက်နဲ့  ၅ ယောက်ပဲကျန်တော့တယ်တဲ့ဗျာ။ အဲမှာရောက်
တုန်းရောက်ခိုက် သူတို့ ရဲ့  သဘာဝ မုန့် ဖုတ်ဖိုကို သဘောကြလို့  ဝေမျှလိုက်ပါတယ်။



ဒီအပေါ်ပုံလေးပါ။



ဒါကတော့ အနီးကပ်လေးပေါ့။



ပို၍နီးကပ်သည့်ပုံ။



ဒီအပေါ်ပုံလေးက သူတို့ ဆီကနေ ခွင့်ပြုချက်မယူပဲနဲ့  ရိုက်လာတဲ့ လုပ်နည်းလေးပါပဲ။



ဒါကတော့ သကြားနဲ့  ထောပတ်ကို ရောသမ မွှေလိုက်တာပါ။



ကြက်ဥလေးနဲ့  ဒီလိုပုံဖြစ်လာတယ်။



ဒီပုံလေးက ပါဝင်တဲ့ ပစ္စည်းလေးတွေပါ။



ထည့်ဝင်ရတဲ့ ပစ္စည်းပါ။ သဘောက ၀ယ်လို့ ရတယ်လို့ ဆိုလိုချင်တာလေ။ ကိုယ်တိုင်လုပ်စရာမလိုဘူးပေါ့။



ဒါကတော့ မပြောလဲသိမယ်ထင်ရဲ့ ။ လိမ္မော်သီးကို ဒီလိုမျိုးအရည်ယူတယ်။ ပြီးတော့ ခုဏက ထောပတ်၊ သကြား၊
ကြည်ဥမွှေထားတဲ့ထဲကို ထည့်လိုက်ရပါတယ်။ ပြီးတော့ ဂျုံမုန့် နဲ့ နယ်လိုက်ပါတယ်။ ဆားနဲနဲ ထည့်ဖို့ တော့ မမေ့
ပါနဲ့ ။



အသင့်ဖြစ်ပြီးရင်တော့ မီးစဖိုလိုက်ရအောင်။



မီးအရှိန်ဒီလောက်ရှိရမယ်။ အဲဒါမှ ရွံ့ မြေက အပူတွေကိုစုပ်ထားနိုင်မှာဖြစ်ပါတယ်။



သုံး/လေး မိနစ်လောက်ရှိရင်တော့ မီးစလေးတွေကို ဒီလိုမျိုးဖြန့် လိုက်တယ်။



ပြီးရင်တော့ ခုဏကလုပ်ထားတဲ့ ဂျုံမုန့် ၊ထောပတ်၊ လိမ္မော်ရည်၊ ဆား၊ သကြား နဲ့ အခြားတွေကို ပုံစံခွက်လေးထဲထည့်
ပြီး ဒီလိုမျိုး ပေါ်က အဆင့်မှာတင်လိုက်ပါတယ်။



ပြီးရင်တော့ မုန့် ဖုတ်ဖိုတို့ ရဲ့  ထုံးစံအတိုင်းဒီလိုမျိုး အပေါက်လေးကိုပိတ်ပေးလိုက်ပါတယ်။ အဲဒါမှ အပူချိန်တွေ
မြန်မြန် မပျောက်/မကျ မှာပေါ့လေ။



ငါး မိနစ်လောက်ကြာတော့ ဒီလိုလေးရလာပါတယ်။



ပူပူနွေးနွေးစားချင်တယ်ဆိုရင်တော့ ဖိုထဲမှာပဲထည့်ထားလို့ ရပါတယ်။ အဲဒီလိုမျိုး ဂိတ်မုန့် မလုပ်ပဲ တခြားဖြစ်တဲ့
Cookie တွေလုပ်ရင်တော့ ၃/၄ မိနစ်လောက်ဆိုရင်ထုတ်လို့ ရပါတယ်။ မထုတ်ရင်တော့ အပေါ်က ပုံလေးလို လှလှ
ပပ မုန့် မရပဲနဲ့  တူးနေတဲ့ မုန့် လေးတွေကိုတာရရှိမှာဖြစ်တယ်ဗျ။


ရှမ်းကလေး

မင်း

မင်း ငါကိုသင်ပေးခဲ့တယ်အချစ်အကြောင်း
မင်း ငါ့ကိုအချစ်ဆုံးပါ
မင်း ငါ့ဘေးမှာ အမြဲရပ်ခဲ့သူ
မင်း ပျော်ရွှင်ခြင်းများဆောင်လာသူ
မင်း ပြည့်စုံခြင်းကိုသယ်ဆောင်ခဲ့သူ။

ခုတော့....

မင်း လမ်းခွဲစကားစပြောသူပါ
မင်း မေ့လို့ မုန်းလဲ
ငါ့အသဲမှာ မင်းသာပထမ
မိုင်တွေဝေးလို့ မင်းမေ့ရင်လဲ
ဒီကဗျာသတ်သေပြုပြီး
ချစ်လို့ လွမ်းနေကြောင်း
ဆုတောင်းပေးလျက်ပါ။

လေပြေ

မ်ꨮး

မ်ꨮးေꨀုꨵသွꨓ်ပꨓ်တꨤင်းꨟꨀ်ꨵ
မ်ꨮးေꨀꨣꨵꨟꨀ်ꨵꨀဝ်တေꨣꨲꨅူဝ်ꨳ
မ်ꨮးေꨀꨣꨵယူꨲꨟိမ်ꨳꨀဝ်ꨀူꨳꨁိင်ꨲ
မ်ꨮး ꨡဝ်တꨤင်ꨳသိုဝ်းပꨓ်ꨀဝ်ꨀူꨳꨁꨤဝ်းယꨤမ်း
မီးမ်ꨮးꨬလꨳ ꨀဝ်လꨯꨳꨅူမ်းသိုဝ်း

မ်ꨮး ပꨱꨓ်ေꨀုꨵလꨤတ်ꨳလိုင်ꨳꨕꨤတ်ꨲ
သူꨕꨤတ်ꨲေꨀုꨳꨀဝ်ꨡမ်ꨲလိုမ်း
ꨀွပ်ꨳဝုꨳꨵꨵꨵꨵ

မ်ꨮးꨡိုꨉ်ꨵꨵꨵ သူယꨤꨓ်ေꨀုꨳ
ꨟꨮ်ꨳဝွꨀ်ꨳꨓꨯꨵလꨤတ်ꨳꨬꨓသူဝုꨳ
်ꨟဝ်ꨳယင်ꨳꨟꨀ်ꨵသူꨬလꨳ
ယွꨓ်ꨳသူးပꨓ်ꨀူꨳꨁꨤဝ်ꨳယꨤမ်ꨳ။

သꨯꨤလူမ်ꨳ

Tuesday, January 18, 2011

မ်ꨮး

မ်ꨮးမုꨳသွꨓ်ပꨓ် ꨀꨮ၊မ်းꨡꨓ်ဝုꨳꨟꨀ်ꨵ
တေꨡမ်ꨲဝꨯ၊ꨲလင် ပွꨯꨲပꨰတ်ꨳꨀꨮုꨲꨓꨯ
တꨤင်းလꨤတ်ꨳလီငꨤမ်ꨳေꨁုꨳꨀꨮꨤမ်ꨳမ်ꨮးꨓꨯꨵ
ထိုင်တေုꨳလꨱဝ်ေꨀုꨳ ꨀဝ်ယꨤင်းယုမ်ꨲယူꨲ။

ꨁꨤဝ်းယꨤမ်းꨟဝ်းꨟုꨳ မꨓ်းꨬꨡꨲသေတုꨵ
တꨤင်ꨳꨅုꨵꨡမ်ꨲမီး မ်ꨮးေꨀုꨳꨅူမ်ꨳသိုဝ်း
ုမိုꨓ်ꨟိုဝ်းလꨯꨓမ်ꨵ တꨤင်းꨟꨀ်ꨵꨁꨰမ်ꨵꨓုꨲ။

မိုဝ်ꨳထိုင်ꨁꨤဝ်းယꨤမ်း ꨟဝ်ꨳလꨯꨳယꨤꨓ်ေꨀုꨳ
်ꨟဝ်းယင်ꨳꨟꨀ်ꨵꨀꨓ်
ꨡမ်ꨲꨡဝ်တꨤင်းယꨓ် ပꨱꨓ်ꨡꨓ်ꨬꨟꨵꨀꨓ်ꨳ။

ထိုင်မိုဝ်ꨳꨁꨤဝ်းꨓꨯꨵ ယူꨲယꨤꨓ်ꨀꨓ်ꨬလꨳ
မ်ꨮးꨉုးမ်ꨮꨲေꨀဳꨳ ေꨁဳꨳꨀꨮꨤမ်ꨳꨁွင်မ်ꨮး
ꨀဝ်တိုꨀ်ꨵတွင်းယူꨲ။

ပꨱꨓ်သင်ေꨀုꨳယုꨲ
သင်ဝုꨳꨟꨀ်ꨵꨟဝ်း ꨡမ်ꨲလꨯꨳသဝ်းေꨀုꨳ
ယင်းတိုꨀ်ꨵꨟꨀ်ꨵꨀိုမ်း တိုꨀ်ꨵတေꨡမ်ꨲလိုမ်း
ꨀꨮꨤမ်ꨳꨬလꨳꨟꨀ်ꨵမ်ꨮး။

သꨯꨤလူမ်ꨳ

Sunday, January 16, 2011

လွှမ်းဆွတ်ခြင်းရဲ့ ည

လွှမ်းဆွတ်ခြင်းရဲ့ ညမှာ
လကိုကြည့်လဲမင်းကိုပဲမြင်
ငါ့ပတ်ဝန်းကျင်မှာ မင်းမျက်နှာလေးတာ
ချာချာဝဲနေလို့ 
လွမ်းဆွတ်ခြင်းရဲ့ မီးစာ
ပိုလို့ တောက်လောက်လှတယ်။

ဝေးဖို့ စကားတွေများ
မခံစားနိုင်လွန်းလို့ 
ငါကြားမိချိန်တိုင်းမှာ အရမ်းကိုနာကျင်လွန်းတယ်ကွာ။

လွှမ်းဆွတ်ခြင်းရဲ့  စိုးမိုးခြင်းကြောင့်
အိပ်မရတဲ့ညတွေဟာ ရေခေါက်လို့ မရအောင်
များပြားလွန်းလှကား
လွှမ်းဆွတ်ခြင်းညများကို ကျော်ဖြတ်ချင်နေပြီ။

လေပြေ

Monday, December 20, 2010

ဆောင်း

ဆောင်း..မင်းရောက်လာပြီလား?
အေးချမ်းခြင်းတဲ့လား..မင်းသယ်လာတာ?
နွေးထွေးမှုလိုတဲ့ ငါ့အတွက်ကတော့
လွှမ်းဆွတ်ခြင်းတွေပဲ မင်းသယ်လာတယ်။

ငါအပြင်ထွက်လိုက်တိုင်းမှာ
ချမ်းဆိမ့်ခြင်းရဲ့ အအေးက
ဟိုးမှာ..မရောက်နိုင်တဲ့နေရာတွေကို
လွှမ်းဆွတ်ဖို့  ပို့ ဆောင်နေတယ်ကွာ။

မင်းကို..မမုန်းပါဘူးကွာ
ဒါပေမယ့်...
နွေးထွေးမှုတော့..ငါရချင်တာပေါ့ကွာ..။


ရှမ်းကလေး

မေ့ပြီလားမေ...

လတွေပြောင်းလို့  နှစ်တွေခြားပြီ
အချိန်လွန်တော့ မင်းမေ့ပြီပေါ့?

ငါ့အနားမှာ ဟာတာနေတဲ့
အချိန်တွေပဲ အဖော်ပြုတယ်။

လွှမ်းဆွတ်ပေမယ့် မပြန်နိုင်တော့
ငါ့မှာမင်းကို ခိုင်လုံလှတဲ့
အကြောင်းပြချက် မပေးရက်ပါ။

မင်းစိတ်နာပြီး မေ့ခဲ့ရင်လေ
တစ်ခုလေးတော့ သိစေချင်တယ်
ငါလေမင်းကို ချစ်စဲပါမေ။

လေပြေ

Wednesday, December 15, 2010

မင်းရှေ့ မှာ...

နာကျင်မှာကြောက်လို့  ငါ့နှလုံးတံခါး
သော့ပေါင်းများစွာနဲ့  အထပ်ထပ်ပိတ်ထား
ခံစားချက်အားလုံး ဘေးကိုချိတ်ထားလို့ 
ငါဖြတ်ကျော်ခဲ့တယ်။

မလာပါနဲ့ မင်း ငါအတင်းတားလဲ
သော့တစ်ခုချင်းဖြုတ် ငါ့နားတိုးရက်တယ်။

ခုတော့ငါ့မှာလေ ခံစားချက်တွေကို
ပြန်လည်ခံစားရင်း မင်းရဲ့အပြုမှာ
ငါကျရှုံးသွားပြီ။

လေပြေ

Tuesday, December 14, 2010

ခွေးထက်တန်ဖိုးမဲ့တဲ့....

“ဟဲ့..ခွေးကောင်..သေနာကောင်..ခွေးမျိုး..ခွေးသူခိုး” ဆိုတဲ့..ဆဲဆိုမှုတွေက နေရာတိုင်းမှာ ကြားနိုင်ပါတယ်။ ကြားရ
ပါများလို့ လားမသိတော့ပါဘူး...ဒီလိုဆဲဆိုသံတွေကြားရင်...ရိုးနေသလိုလိုတောင်ဖြစ်နေပါပြီ။

ဆဲဒါကလဲ..ခွေးကို ဆဲတာမဟုတ်ပါဘူး။ လူကိုဆဲတာပါ။ ကြားနေကြဆဲဆိုသံလေးတွေပေါ့။ ဟိုနေ့ က ခွေးကို...
“ဟဲ့ခွေး...” ဆိုပြီးအော်မိတော့..အတိတ်ကဖြစ်ရပ်တစ်ခုက ဦးနှောက်ထဲကိုပြေးဝင်လာပါတယ်။ အတိတ်ကဖြစ်ရပ်ဆို
ပေမယ့်လဲ..ကြည်နှုးစရာမဟုတ်ပါဘူး။ မမှတ်ပဲနဲ့  အလိုလိုမှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုပါ။ စိတ်နာလို့ လား၊ နာကျဉ်းလို့ 
လားကတော့ ကျနော့်ကိုယ်ကျနော်လဲမသိပါဘူး။

တစ်နေ့ တွင်ရုံးတွင်ထိုင်၍အလုပ်လုပ်နေစဉ်...အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးတစ်ယောက်ရုံးသို့  မျက်နှာသုန်မှုန်
ထိတ်လန့် စွာနှင့်ရောက်လာလေသည်။

ရုံးမ..အစ်မ များကအပြင်ထွက်ကာ..မည်သို့ ဖြစ်လာသည်ကို မေးမြန်းပြောဆိုနေပါသည်။ ရုံးသွင်းထိုင်နေသော ကျနော်
လဲ..ဖြစ်နေကြ အဖြစ်အပျက်များမို့ ..သတိမထားမိပါ။

ခဏ အကြာတွင်..ရုံးမ..အစ်ကို၊ အစ်မ များအားလုံး လိုအပ်သည်များကို ယူဆောင်ကာ ခုန ကရောက်လာသော
အဒေါ်နှင့် ဦးလေးနောက်သို့ လိုက်သွားလေသည်။

ခုချိန်ထိတိုင်..ကျနော့်အတွက်ကတော့ ပုံမှန်ဖြစ်နေကြပါပဲလေ။ နှစ်နာရီ လောက်အကြာတွင် ရုံးမအစ်မများပြန်ရောက်
လာပြီး...ဘာသာပြန်ရမည့် အမှုဖိုင်တွဲကိုပေးပါသည်။

ကျနော်။ ။ “အစ်မ..ဒီနေ့ ကဘာဖြစ်တာလဲ?”

အစ်မ။ ။ “လူသတ်မှု”

ကျနော်။ ။ “ဖြစ်ပြန်ပြီလား?”

အစ်မ။ ။ “ဒီလိုပဲပေါ့ကွာ..သူများနိုင်ငံမှာနေတာ ဆိုတော့.. သူတို့ လုပ်တိုင်းကိုခံနေရတာပေါ့”

ကျနော်။ ။ “ဟူး...ထိုင်းမှာအလုပ်လာလုပ်တဲ့ မြန်မာလူမျိုးတွေရဲ့ အဖြစ်က မလွယ်ပါလား။ ပုရွက်ဆိတ်ထက်တောင်
လူ့ အသက်က တန်ဖိုးမဲ့နေပါလား။ ခုကဘယ်လိုဖြစ်ပြီး လူသတ်မှုဖြစ်ရတာလဲ?”

အစ်မ။ ။ “ရော့..ဒီမှာ စစ်ချက်။ မြန်မာလိုမှတ်တမ်းတင်ပြီးရင်..အင်္ဂလိပ်လိုပါဘာသာပြန်ထားလိုက်”

ကျနော်။ ။ “ဟုတ်ကဲ့..ပါဗျာ”

ကျနော်တို့ အသံက ပုံမှန်ဖြစ်နေလိမ့်မည်ဟုစာဖတ်ပရိတ်သတ်များထင်ပေလိမ့်မည်။ အမှန်မှာ..ဤကဲ့သို့ သောအဖြစ်
မျိုး..ခဏ၊ ခဏ ကြုံတွေ့ ရသဖြင့်..ရင်နာလွန်းလှကား..နာကျင်ဖို့ ရန်ပင်ရင်မကျန်တော့ပါကလား။

အမှုမှတ်တမ်းတင်ခြင်း

သေဆုံးသူအမည်။ ။ မောင်အောင်

အသက်။ ။ 28

အလုပ်အကိုင်။ ။ ခြံစောင့်

အမှုကျူးလွန်သူ။ ။ ရွာသူကြီး

နေ့ စွဲ။ ။ 2004

နေရာ။ ။ မယ်ဆောက်မြို့ 

အချိန်။ ။ နေ့ ခင်း 2 နာရီ

အမှုအကျဉ်း

မောင်အောင်သည် အလုပ်လုပ်ပြီး နေ့ လည် ၂ နာရီခန့် တွင် သူငယ်ချင်းနှင့် အရက်ဖြူသောက်ကြသည်။ အရက်
၁ လုံးကုန်သွားသောအခါ အခါတွင်..မ၀သေးသဖြင့် နောက်ထပ်တစ်လုံးသွားဝယ်လေသည်။ အပြန်တွင် သူကြီး
ခွေးက ကိုက်ရန်မန်ဖီကာ လိုက်ဆွဲသဖြင့် အနားတွင်ရှိသော သစ်ကိုင်းဖြင့် ရိုက်လိုက်သည်။ ထိုအချင်းအရာကို
သူကြီးတွေ့ သောအခါ.. သူ့ ခွေးအားရိုက်ရမည်လားဟု စိတ်တိုကာ မောင်အောင်အား သေနတ်ဖြင့်ပစ်လိုက်လေသည်။
သူကြီးပစ်လိုက်သော သေနတ်ဒါဏ်ရာဖြင့်ပင် မောင်အောင်သည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်။

၎င်းနောက်သူကြီးနှင့် နောက်လိုက်များသည်..မောင်အောင့်သူငယ်ချင်းအား မည်သူမှအားမပြောရန် ရိုက်နှက်ခြိမ်း
ခြောက်လေသည်။ ၄င်းနောက်..မောင်အောင်မိဘများတွေ့ သွားသောအခါ..သူကြီးက မောင်အောင်၏ စာပနာအတွက်
ငွေ ၁၀၀၀၀ ပေး၏။ ၄င်းနောက်မောင်အောင်၏ မိဘများအား လုပ်အားခများပင်မပေးပဲ ခြံမှမောင်းထုတ်လိုက်သည်။

ကျနော်။ ။ “ဟူး...ခွေးကိုရိုက်လို့ ..အသတ်ခံရတာဆိုတော့ လူ့ အသက်က ခွေးလောက်တောင် တန်ဖိုးမရှိတော့ဘူး
လား?။ ”

အစ်မ။ ။ “အေး..ဒီမှာက ဒီလိုပဲ။ နေတတ်စားတတ်မှအသက်ရှည်မှာ”

၎င်းနောက်တွင်..အဖွဲ့ အစည်းများ၏ကြိုးပမ်းမှုနှင့် မောင်အောင်၏ မိဘများနှင့် သူကြီးသည် ရဲစခန်းတွင်သွားရောက်
ညှိနှိုင်းကြသည်။ နောက်ဆုံးရလဒ်မှာ မောင်အောင်၏မိဘများသည် သူကြီးထံမှ ငွေ 200,000 ဘတ်ဖြင့် အမှုကြေ
အေးလိုက်သည်။

ထို့ နောက် မြန်မာပြည်ဖက်သို့ ပြန်သွားကြလေသည်။

အင်း.......မြန်မာပြည်ကအတိုင်းပြောရရင်တော့..အဲလိုဆဲဆိုကြတာက နမ်နှိမ်သလိုမျိုးများဖြစ်နေလား? ဆိုပြီးတော့
စဉ်းစားမိပါတယ်ဗျာ။ တခြားကြုံတွေ့ ရတာတွေလဲရှိပါတယ်။ စိတ်ညစ်အောင်တော့ မလုပ်လိုပါဘူး။ ဒါပေမယ့်လဲ
တစ်ကယ်ဖြစ်တာက ဖြစ်တာပေါ့ဗျာ။ မြို့ ကြီးတွေနဲ့ ဝေးလေ..လူမသိ..သူမသိသေသွားတဲ့လူတွေများလေပါပဲ။

မြို့ ထဲမှာဆိုရင်တော့ သိပ်မလုပ်ရဲကြဘူးလေ။ မြို့ နဲ့ ဝေးရင်တော့..ပိုက်ဆံရှိတဲ့သူတွေက ရဲထက်အာဏာရှိပြီး၊ လုပ်
ချင်သလိုလုပ်ကြပါတယ်။ အဲ..ရဲက အာဏာရှိရင်လဲ ဘာမှသိပ်မကူနိုင်ပါဘူး။ ကိုယ်ကပဲ ပေးနေရတာပေါ့ဗျာ။

လမ်းကြုံလို့ ထပ်ပြောအုန်းမယ်...

ပစ္စည်းပျောက်ခြင်း

တစ်နေ့ တစ်၌ ကျနော်သည်အိပ်ရာမှနိုးသောအခါတွင်..ကျနော့်ပစ္စည်းများပျောက်သွားသဖြင့် ရဲစခန်းသို့ တိုင်တန်း
ခြင်းပြုလုပ်လေသည်။

ရဲစခန်းအရောက်တွင် လိုအပ်သည်များကို ပြုလုပ်ပါသည်။ ရဲမှ သိလိုသောအချက်အလက်များကို မေးမြန်းစစ်ဆေး
ပါသည်။ မေးမြန်းစစ်ဆေးခြင်းများပြီးသွားသောအခါတွင်...

ရဲ။ ။ “အေး..ငါ့ညီ..ဒီမှာက ဒီလိုပဲ။ ပြီးရင်..ရဲကိုလဲနားလည်ရမယ်။ အမှုတွေကအများကြီးပဲကွ။ ပြန်ရမယ်၊ မရက
တော့ မသေချာဘူး။ သူချိုးဘယ်သူမှန်းလဲမသိ..အထီး၊ အမ မှန်းမသိတော့ ခက်လိမ့်မယ်နော်”

ဟုတ်ကဲ့..ကျနော်နားလည်ပါတယ်..အဲနားလည်လိုက်ပါတယ်..ပစ္စည်းရှုံးပြီဆိုတာကို။ ထိုချိန်မှစပြီး ခုချိန်ထိပျောက်
သွားသော ပစ္စည်းများလုံးဝပြန်မရသေးပါ။ (နည်းနည်းတော့ မျှော်လင့်သေးတာပေါ့လေ)။

ဒါတွေက ကျနော့်၏ အတွေ့ အကြုံများသာဖြစ်ပါတယ်။ လူတိုင်းအတွေ့ အကြုံခြင်းမတူနိုင်ပါဘူး။

ရှမ်းကလေး