Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 30, 2009

ကံမကောင်းတော့

အဲဒီနေ့ က ဒီဇင်ဘာ 24
ပင်ပန်းလွန်းတော့ အခန်းကိုရောက်
မောပန်းလေတော့ ဘီယာလေးသောက်
ရေခဲစိမ်တဲ့ သေတ္တာကပျက်
မမူးခင်မှာ ငါ့စိတ်ကနောက်။

နောက်တစ်နေ့ မှာ

ပျက်နေခဲ့တဲ့ ရေခဲသေတ္တာ
ကားပေါ်တင်ရင်း ဆိုင်ကိုပို့ ခဲ့။

ညမှာစိတ်ညစ် အဖေါ်ညိကာ
ဘီယာဆိုင်သွား
ပြန်ရောက်ချိန်မှာ ကွန်ပြူတာပိတ်
အိပ်ယာဝင်တယ်။

မနက်လင်းတော့ ကွန်ပြူတာဖွင့်
သူကမပေါ်လာ ပျက်ပြန်ပြီပေါ့
ဆိုင်ကိုပြန်သွား ပြန်ပြင်ဖို့ ရာ။

ခရစ္စမတ်မှာ ငါမပျော်တော့
ဒုက္ခများသာ ၀ိုင်းလို့ နေတာ။

ဒီဇင်ဘာ 29 ကွန်ပြူတာရ
ဝမ်းပန်းသာလို့  ပျော်ရွင်ချိန်မှာ
ငါ့ တီဗီက ပျက်ပြန်လေတော့
စိတ်နောက်စွာနဲ့  ဘီယာသောက်တယ်။

ဒီဇင်ဘာ 30မှာ တီဗီကကောင်း
ပျော်ရွင်စွာနဲ့  သောက်ခဲ့မိတယ်။

မနက်ဖြန်ခါ အကြွေးရမှာ
ငါပျော်စွာနဲ့  ကျင်းပအုန်းမယ်
Happy New Year ရယ်။




ရှမ်းကလေး ( ကံမကောင်းတာက များနေလို့  စိတ်အရမ်းညစ်နေပါတယ်ဗျာ။ ဒါပေမယ့် Merry Christmas and Happy New Year Naw စာဖတ်ပရိတ်သတ်များတို့ ရေ)

No comments: