Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, July 27, 2010

ရင်ထဲခံစားချက်

ရင်ထဲခိုက်ခိုက်တုန်
မျိုသိပ်မရနိုင်
အော်လို့ ငါပြောချင်
နံဘေးကိုကြည့်တော့
ငါကတစ်ယောက်တည်း။

ရင်ထဲခိုက်ခိုက်တုန်
ငုံမထားနိုင်တော့
ရင်ထဲစကားကို
ဖွင့်အန်ကာပြောချင်
ဘယ်သူ့ လဲဆိုတော့
ငါကလဲမသိ။

ရံဖန်ခါတွေများ
ဖေါ်ပြချင်လေရဲ့ 
ရင်ထဲခံစားချက်
ဘယ်သူနားထောင်မလဲ
တစ်ယောက်တည်းချိန်ခါ။

ငါ့ရဲ့ ခံစားချက်
ရံဖန်ချိန်တွေမှာ
ငါလဲနားမလည်
ငါ့ကိုနားလည်သူ
ရှိပါအုန်းမလား?။


လေပြေ

No comments: