Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 11, 2010

ခရီးသွားမှတ်တမ်း = စင်္ကာပူ (၂ - အလုပ်အကိုင်)

ခုခေတ်မှာ အရွယ်ရောက်လို့ ပညာစုံသော်ရှိ၊ မစုံသော်ရှိ..လူငယ်တိုင်းလိုလိုက နိုင်ငံခြားမှာ အလုပ်သွားလုပ်လိုကြပါ
တယ်။ ရန်ကုန် နဲ့ ..တခြားမြို့ တွေမှာနေတဲ့လူငယ်တွေကတော့ စင်္ကာပူကိုအလုပ်သွားလုပ်သလို..ကျန်မြို့ ကလူငယ်
တွေကတော့ နီးစပ်ရာနိုင်ငံဖြစ်တဲ့ ထိုင်း၊ မလေးကိုသွားအလုပ်လုပ်ကြတာပေါ့ဗျာ။

အဲလိုသွားလုပ်ရတာကလဲ..နိုင်ငံခြားကပြန်လာတဲ့သူတွေပြောပြတဲ့ အတွေ့ အကြုံက စိတ်ဝင်စားစရာလဲကောင်း..၀င်ငွေ
လဲကောင်းဆိုတော့ မသွားချင်တဲ့သူမရှိတာမဆန်းပါဘူးလေ။ အများအားဖြင့်..ကျနော်တို့ ကြားရတာကလဲ ဘယ်လောက်
ကောင်းတယ်...ဘယ်လိုဖြစ်တယ်ဆိုတဲ့ကောင်းတဲ့အရာတွေကိုပဲကြားရတာများပါတယ်။ ဘ၀ဆိုတာကလဲ..ခါးတစ်လှည့်.
ချိုတစ်လှည့်ဆိုတာ..တစ်ခါတစ်လေတော့လဲ ကျနော်တို့ ကမေ့တတ်တာကိုး..

(ကဲစကားပလ္လင်မခံတော့ပါဘူး..လိုရင်းတိုရှင်းပဲပြောတော့မယ်..ကျနော်ပြောမယ့်အရာတွေက မကောင်းတာများတယ်
ဗျ..စိတ်မခိုင်ရင်တော့ မဖတ်စေချင်ဘူး..ဒါပဲ)

စင်္ကာပူမသွားခင်ကြိုတင်ပြင်ဆင်ရမည့်အရာများ

ဘာသာစကား

၁) အနဲဆုံးတော့ အင်္ဂလိပ်ကောင်းမွန်စွာပြောတတ်ရမယ်။ အီးရောင်ဝါးဖြစ်ရင်တော့မသွားပါနဲ့ ..ဘာဖြစ်လို့ လဲဆိုရင်
ဟိုမှာက အင်္ဂလိပ်လိုပဲပြောပါတယ်။ အင်္ဂလိပ်ကောင်းရင် အလုပ်ကောင်းကောင်းရပါတယ်။

၂) အင်္ဂလိပ်မရရင်တော့ တရုတ်စကားတတ်ရပါမယ်။ နှစ်ခုလုံးတတ်ရင်တော့ သူများထက်နာတစ်ဖျားသာတာပေါ့ဗျာ။

၃) အတတ်ပညာရှိရပါမယ်။

၎) အလုပ်ကျွမ်းကျင်ကြောင်း၊ ဘာသာစကားကျွမ်းကျင်ကြောင်းပြတဲ့ စာရွှက်စာတမ်းရှိရပါမယ်။ (အတုတော့မရဘူး
ဗျ..အစစ်ပါရပါမယ်။ )

၅) စာရွှက်စာတမ်းမှန်ကန်ကြောင်းထောက်ခံစာရှိရပါမယ်။ ဥပမာ..တက္ကသိုလ်အောင်လက်မှတ်တို့ ပေါ့ဗျာ။ တက္ကသိုလ်
အမှန်ဖြစ်ကြောင်းပေါ့။ တောင်ကြီးတက္ကသိုလ်တို့ ၊ နယ်က တက္ကသိုလ်တို့ ဆိုရင်ပိုပြီးတော့တောင်လိုပါတယ်။ ဟိုကလူ
တွေက ရန်ကုန်နဲ့ ၊ မန္တလေးလောက်ပဲသိတာ။ အဲမှာပဲ တက္ကသိုလ်ရှိတယ်လို့ ထင်တာလေ။

၆) ကြံ့ ခိုင်တဲ့စိတ်ဓါတ်ရှိရမယ်..

ရ) ပိုက်ဆံရှိရပါမယ်။ (ပြောမှလားလို့ တော့မတွေးလိုက်ပါနဲ့ )။ ပေါင်နှံ၊ ချေးဌားပြီးသွားရရင်တော့ ငါးခေါက်လောက်
ပြန်စဉ်းစားစေချင်ပါတယ်။

ဒါကတော့လိုအပ်တဲ့အရာတွေပါ။ ကဲလိုအပ်တာတွေရပြီးရင်တော့...

စင်္ကာပူသွားသည့်လမ်း

တစ်ချို့ ကြတော့ ဆွေမျိုးတွေဆီအလည်သွားရင်းနဲ့  အလုပ်လျှောက်ပြီး အလုပ်ရသွားလို့  ဟိုမှာအလုပ်လုပ်ဖြစ်သွား
တာလဲရှိပါတယ်။ တစ်ချို့ ကြတော့ အလည်သက်သက်သွားရင်းနဲ့ အလုပ်တွေ့ လို့ လျှောက်ရာက အလုပ်ရသွားတာလ
ဲရှိတတ်ပါတယ်။

ဒါပေမယ့်ခုတော့..ပွဲစားနဲ့ သွားတာများသွားပါပြီ။ ပွဲစားနဲ့ သွားပြီးအဆင်ပြေတာရှိသလို..မပြေတာတွေလဲအများကြီး
ပါ။ ကံကောင်းရင်..ကောင်းသလို..မကောင်းရင်လဲ..မကောင်းသလိုပေါ့ဗျာ။ (အပြစ်ပုံချဖို့ လူရှာမတွေ့ ဘူးလေ) ကျနော့်
သူငယ်ချင်းမိန်းကလေးဟာ..ပွဲစားက နေစရာပေးတယ်လို့ ပြောပြီးသွားလိုက်တာ..ယောင်္ကျားအယောက် ၂၀ နေတဲ့
အိမ်မှာသွားတည်းရလို့ ...နောက်တစ်ရက်မှာ..ကိုယ့်ဖာသာအခန်းရှာလိုက်ရပါတယ်။ အဲဒါအပြင်..ကြိုတင်ပေးထား
တဲ့ တစ်လစာအိမ်ခနဲ့  စရံတွေပါရှုံးပြီး၊ ပြန်မရဘူး။ (အဲဒါကြောင့် ပိုက်ဆံရှိရမယ်လို့ ပြောတာပေါ့)

တခြားတစ်ယောက်ကတော့..အလုပ်ရမယ်ဆိုပြီးတော့..ပေါင်နှံပြီးသွားလိုက်တာ..သဘောင်္ကျင်းလဲရောက်ကော..
သင်တန်းနှစ်လလောက်တက်လိုက်ရတယ်။ ပိုက်ဆံလဲမရဘူး။ စားစရိတ်တွေကိုတော့ ကုမ္ပဏီကကြိုတင်ထုတ်ပေး
ပါတယ်။ ပြီးတော့ပြန်ဆပ်ရတာပေါ့ဗျာ။ ပထမတစ်နှစ်နဲ့  ဒုတိယနှစ်ကတော့..သူအလုပ်လုပ်ပြီးအကြွေးဆပ်နေပါတယ်။
(ဒါကြောင့် ပေါင်နှံပြီးသွားရင် ငါးခေါက်လောက်စဉ်းစားပါလို့ ပြောချင်တာပါ..ပိုက်ဆံလဲလိုတာပေါ့ဗျာ)

ဒါတွေက ယေဘူယျအားဖြင့်ကြုံတွေ့ ရတာပါ။

ရှမ်းကလေး (ဆက်လက်ဖော်ပြပါမည်)

No comments: